Destiny
By ShoonLaeYiNaing
1.7M 111K 4K
Cover by _ Colourful crafts ရှိန်းထက်နိုင် ညီမင်းယံ နေမင်းထက်သာ သန့်စင် More
Intro
Ep_1
Ep_2
Ep _ 3
Ep_4
Ep_5
Ep_6
Ep_7
Ep_8
Ep_9
Ep_10
Ep_11
Ep_12
Ep_13
Ep_14
Ep_15
Ep_16
Ep_17
Ep_18
Ep_19
Ep_20
Ep_21
Ep_22
Ep_23
Ep_24
Ep_25
Ep_26
Ep_ 27
Ep_28
Ep_29
Ep_30
Ep _31 (ဇာတ်သိမ်း )
Ep_32
Ep_34
Ep_35
Ep_36
Ep_37
Ep_38
Ep_39
Ep_40 (Final )
Extra_1
Extra_2
Meeting 😷
Trip Special - 1
Trip Special-2
Trip Special _ 3
Bonus Chapter _ 1
Bonus Chapter _ 2
✉✉
1.
2.
3.
4.
5.
6.
7.
8.
9.
10.
11.
12.
13.
14.
15.
16.
17.
18.
19.
20.
21.
22.
23.
24.
25.
26.
27.
28.
29.
30.
31. ဇာတ်သိမ်း
32.
33.
34.
35.
36.
37.
38.
39.
40. Final
Eng translation!
Ep_33
18.5K 1.3K 35
By ShoonLaeYiNaing
Destiny
Ep_33
"ဟယ်လို ရှိန်း ထတော့ အိပ်ပုတ်ကြီး "
"ဘာတွေလာပြောနေတာလဲ သိလို့လား "
"ရှိန်း ရာ စိတ်ဆိုးပြေပါတော့"
"ဒါဘဲ ဖုန်းထပ်မဆက်နဲ့ "
"တီ.... "
ညီမင်းယံ စောစောစီးစီး နှိုးစက်ပေးထားပြီး အစောကြီးနိုးနေသလိုနဲ့ ရှိန်းဆီ ဖုန်းဆက်နေခြင်း ။ လွယ်တော့မလွယ်ဖူး ရိုးသားရတာပေါ့ ။
"ဖုန်းထပ်မဆက်နဲ့တဲ့ အိုခေလေ ညီမင်းယံအကြောင်းကောင်းကောင်း
သိစေရမယ် "
ညစ်ကျယ်ကျယ် တစ်ချက်ပြုံးလိုက်ရင်း ....။
》》》》》》》》
"တင်းတောင် "
"ဒုန်း ဒုန်း ဒုန်း "
"ကျွတ်စ် လူအိပ်ချိန်ကြီး ဘယ်သူလဲကွာ စောစောစီးစီး "
ညက နောက်ကျမှ အိပ်ရလို့ အိပ်ရေးမဝရတဲ့ကြားထဲ ဘလ်သံကြောင့် စိတ်တိုသွားရသည် ။ ဝုန်းခနဲ တံခါးကို ဆွဲဖွင့်လိုက်တော့ ...
"ညီ ! "
အိပ်မက်မက်နေသည်ထင်နေသော်လည်း ကျွန်တော့်ကို ပြုံးပြကာ တစ်ချက်ဝင်တိုက်ပြီး
အထဲဝင်သွားသော ညီ ။
မိုးပြာရောင် တီရှပ်လေးနှင့် အသားရောင် ဘောင်းဘီလေးကြောင့် ပိုပြီး ချစ်ဖို့ကောင်းနေသည် ။
"ညီ ဘယ်ကနေ ဘယ်လို "
"အဟမ်း ရှိန်းဘဲ ဖုန်းထပ်မဆက်နဲ့ဆို "
"အင်းလေ "
"အဲ့တော့ ကျွန်တော်က အိမ်ကိုလိုက်လာရတာပေါ့ "
"မင်းကတော့ကွာ "
မနိုင်ဘူးပုံစံနဲ့ ခေါင်းရမ်းနေသော ရှိန်းပုံစုံက အတော်လေးရယ်ရသည် ။ ခုထိ အိပ်ယာကမထသေးကြောင်း ရှုပ်ပွနေသော ဆံပင်တွေက သက်သေ ။ ဂျေဂျေဘောင်းဘီတိုနှင့် အနည်းငယ် ပေါက်ပြဲနေသော စွပ်ကျယ်ကို တွဲဝတ်ထားသည် ။
"ဒီပုံစံကို ဓာတ်ပုံရိုက်ထားပြီး ရှိန်းကိုကြွေနေတဲ့ ကောင်မလေးတွေကို ပြချင်လိုက်တာ "
"ဘာ ! နေပါဦး မင်းနဲ့ငါနဲ့ ဘာဆိုင်လို့လဲ "
"ရှိန်းကလည်း ညီ့ကို သန့်စင် ခေါ်လို့ပါဗျာ ညီမချော့တတ်ဘူး ရှိန်းရာ စိတ်ဆိုးပြေတော့ဗျာ "
သူ့ကိုယ်သူ ညီလို့ပြောပြီး မျက်လုံးလေး ပုတ်ခတ်ပုတ်ခတ်လုပ်ပြီး သနားစရာပုံစံလေးနဲ့ လာချွဲနေသော ညီ ။
"ချော့ရအောင် စိတ်ကောက်နေတာလည်းမဟုတ်ဘူး စိတ်ဆိုးနေတာ စိတ်ဆိုးနေတာ စိတ်ကောက်ရအောင် ငါက ကလေးလား "
"စိတ်ဆိုးတာနဲ့ စိတ်ကောက်တာ မတူဘူးကိုး"
မျက်လုံးလေ ကလယ်ကလယ်လုပ်ပြီး ညီ အကြီးအကျယ် စဉ်းစားနေသည် ။ ခဏကြာတော့ ရုတ်တရက် ညီ့လက်တွေက ခါးကိုဆွဲဖက်လိုက်ပြီး ကျွန်တော့်ကိုမော့ကြည့်ကာ ပြောလာသည်။
"ညီမှားသွားပါတယ် တောင်းပန်ပါတယ် နောကိမလုပ်တော့ဘူး ကတိပေးတယ် ရှိန်း စိတ်ဆိုးပြေပါတော့နော် "
နီးကပ်လွန်းတဲ့ ညီ့ကိုယ်လုံးလေးက ကျွန်တော့်ရင်ခုန်သံကို ပရမ်းပတာဖြစ်စေသည်။
"ညီ ကိုယ် ... ကိုယ် "
ကျွန်တော့ကို ဆက်ပြောခွင့် မပေးလိုက်သည်မှာကား ဖြည်းညှင်းစွာ ထိကပ်လာသော ညီ့ နှုတ်ခမ်းအိအိလေး ။
နွေးထွေးမှု ချိုမြိန်မှု ပြီးပြည့်စုံမှု တို့ကို တပြိုင်နက်ခံစားလိုက်ရသည် ။
အတန်ကြာ ထိရုံဖိကပ်ထားပြီး အသာအယာ ဆုတ်ခွာသွားသည့် ညီက မျက်လုံးလေးမှေးကာ တစ်ဖက်ဖွင့်ကြည့်နေသည် ။ ချစ်ဖို့ကောင်းအောင် တမင်လုပ်ပြနေတာလား မပြောတတ် ။
"ဘာလို့ပြုံးနေတာလဲ "
ကျွန်တော့်ကို ပြုံးပြီး စိုက်ကြည့်နေသော ရှိန်း ။ ယောက်ျားပီပီ မျက်စောင်းထိုးလိုက်ပြီး လှည့်ထွက်လိုက်တော့ အလျှင်အမြန်ဖမ်းဆွဲလိုက်သော လက်တစ်စုံ။
"ပိုင်နက်ကျူးကျော်လာပြီးမှ ဒါဘယ်ပြေးမလို့လဲ ညီ "
"ဘယ်သူလဲ သိလို့လား စိတ်ဆိုးနေတာဆို ?"
"အခုမဆိုးတော့ဘူး "
"ဖယ်ဗျာ သွား မျက်နှာသွားသစ် ညစ်တီးညစ်ပတ်နဲ့ဆို အနားမကပ်နဲ့ "
"အောင်မာ အဲ့တာကိုယ့်စကားကို "
"အင်းအင်း ခရက်ဒစ် ခရက်ဒစ် ဟုတ်ပြီလား"
ဆွဲထားတာမဖယ်သေးလို့ အတင်းရုန်းပြီး ခြေထောက်ကိုတစ်ချက်ကန်လိုက်သည် ။
"အား သေပါပြီ ညီရာ "
"အဲ့တာဆို မြန်မြန်မျက်နှာသစ် သိုင်းကွက်တွေထုတ်မသုံးချင်ဘူးနော် ဟင်းဟင်း "
ဝုန်းဒိုင်းကြဲကာ ရေချိုးခန်းထဲဝင်သွားသော ရှိန်း ။ ကျွန်တော့် ချစ်ရသူ သည် တစ်ခါလေ အရမ်းကလေးဆန်သည် ။
》》》》》》》》》
ကျွန်တော်နိုးလာတော့ ခေါင်းတွေ အရမ်းကိုက်နေသည် ။ နားထင်ကို လက်နှင့်ထောက်ထားကာ ဘေးကို ကြည့်တော့ ဦးလေးကြီးမရှိ ။ ရေချိုးခန်းထဲက ရေသံကြားနေရသည် ။
သေချာသည် ဦးသာ ရေချိုးနေသည်ဖြစ်မည် ။
သန့်စင် ခြေလှမ်းတွေက ရေချိုးခန်းရှေ့ကို ဦးတည်လိုက်သည် ။
"ချာတိတ် ! မီးပြန်ဖွင့်စမ်း "
ဟားဟား ဖွင့်စရာလား ပိတ်ထားတဲ့ ရေချိုးခန်းတံခါးရှေ့က ပြောင်ပြလိုက်သည်။ ပြီးတာနဲ့ လှစ်ခနဲ အောက်ထပ်ကို ပြေးဆင်းလာသည် ။
"အံမယ် ပြုံးနေပါလား ဘာပျော်စရာကိစ္စတွေရှိလို့လဲ "
"မရှိပါဘူး အမေရာ "
အိမ်ရှေ့ဆိုဖာမှာထိုင်နေရင်း သတင်းစာဖတ်ချင်ယောင် ဆောင်နေလိုက်သည် ။ သိပ်မကြာပါဘူး ရှိုးအပြည့်နဲ့ ဆင်းလာသော ဦးလေးကြီးကို မျက်လုံးထောင့်ကနေမြင်နေရသည် ။
"ချာတိတ် ရေမချိုးဘူးလား "
"ဒီနေ့ မိုးရွာတယ် အေးတယ် မချိုးဘူး "
နေမင်းထက်သာ အပြင်ကို ကြည့်လိုက်တော့ မိုးဖွဲဖွဲလေးကျနေခြင်းသာ ။
"အဲ့တော့ မင်းက မိုးတွင်းတစ်တွင်းလုံး ရေမချိုးဘူးပေါ့  "
"ဘာဗျ ဖြစ်စရာလား လူကိုများ "
"ဟဟ သွားစမ်းပါကွာ ရေသွားချိုးစမ်း အပြင်သွားရအောင် "
"ဘယ်လဲ မချိုးပါဘူး မီးပိတ်မို့မှတ်လား သိသားဘဲ "
"မီးပိတ်ရအောင် ငါ့ကို မင်းမှတ်နေလား ? ကုန်တိုက်သွားချင်လို့ အင်္ကျီဝယ်စရာရှိလို့ "
"ဘာ ! အဟက် ရတယ်လေ ကျွန်တော့်အတွက်ပါ ဝယ်ပေးရင်လိုက်ပေးမယ် "
"လိုချင်ယူလေ မဟုတ်လည်း ငါက တစ်လတစ်ခါ မရှိဆင်းရဲသားတွေ လှူနေကြ "
"ဦးသာ ! "
"ဟားဟားဟား "
အစက ထိုလူကြီးကို မျက်မှောင်ကုတ်ပြီး ဘုကြည့်ကြည့်နေပေမယ့် .... ရယ်လိုက်တော့ ရုတ်တရက် ငေးကြည့်မိသည် အထိ ချောမောသည် နက်ပြာရောင် ရှပ်အင်္ကျီလက်ရှည်နှင့် စတိုလ်ဘောင်းဘီ အနက် ဝတ်ထားပြီး ဆံပင်တွေကို သေသပ်စွာ သပ်တင်ထားသည် ။ ရှည်လျားလှသည့် အရပ်အမောင်းနှင့် ကျယ်ဝန်းလှသည့် ရင်အုပ်ကြောင့် ကိုယ်ဟန်အနေအထား အချိုးကျနေသည် ။
"ငါအရမ်းချောလို့ အဲ့လောက်ထိ ကြည့်နေတာလား "
"တော်စမ်းပါ အဖိုးကြီး ကျွန်တော့်လောက်တောင် မချောဘဲနဲ့များ "
ခိုးတာလူမိသွားသည့် ကလေးတစ်ယောက်လို ရှက်ရမ်းရမ်းရင်း အိမ်ပေါ်ထပ်ပြေးတတ်သွားသည့် ချာတိတ်။
》》》》》》》》
"ဦးသာ သွားမယ် "
ချာတိတ်က အနီရောင်တီရှပ်နှင့် ဂျင်းနက်ပြာအရှည်ကို လိုက်ဖက်စွာ ဝတ်ထားသည် ။ ခေါင်းလျှော်ထားသဖြင့် ရေစက်လေးတွေက ဆံပင်တွေမှာ တွဲလွဲခိုနေသည် ။ 
ပြောင်ရှင်းနေသော မျက်နှာမှာ ကြည်လင်သည့်အသားအရည်က နေရာယူထားသည် ။ ခုမှသေချာကြည့်မိသည် ချာတိတ်ပါးပြင်မှာ မှည့်နက်လေးတစ်လုံးရှိသည် ။
နက်မှောင်နေသော မျက်ဝန်းတို့က စူးရှနေသည် ။
"မင်းဟာလေ ခုထိ ဆံပင်တွေခြောက်အောင်သုတ်ရမှာ အပျင်းကြီးတုန်းလား "
"ဟင် "
"လာခဲ့ ဒီမှာထိုင် "
ကြောင်ကြည့်နေသော ချာတိတ်ကို ကုတင်ပေါ်ဆွဲထိုင်ခိုင်းလိုက်သည် ။
ဒရိုင်ယာ ယူပြီး ချာတိတ်ဆံပင်တွေကို အသာယာ မှုတ်ပေးနေသည် ။ ဆံပြာရည်နံ့က သင်းသင်းလေး မွှေးနေသည်။ ရှန်ပူအနံ့လေးကလည်း သင်းပျံ့နေသည် ။
"ဦးသာကို သာ လို့ ခေါ်တာဘယ်သူလဲ "
တုံ့ခနဲရပ်တံ့သွားသော လက်တစ်စုံကို ကျန်တော်သတိထားလိုက်မိသည် ။ ထို့နောက် ဘာမှမဖြစ်သလို ဆက်ပြီး လေမှုတ်ပေးနေသည့် ဦးသာ ။
သန့်စင်ဆိုသည်မှာ မူးနေတုန်းသာ လူမှန်းမသိ သူမှန်းမသိ မူးရင်မူးမည် ။ အမူးပြေတာနဲ့ မူးနေတုန်းက အကြောင်းအရာတွေ တစ်ခုမကျန်အကုန်မှတ်မိသည် ။
မနေ့ညက ကြေကွဲနေသော ဦးလေးကြီးရဲ့ပုံရိပ်က ထူးဆန်းသည် ။
"ဦးသာ ကို သာ လို့ခေါ်တဲ့ တစ်ယောက်က ဘယ်သူလဲလို့ "
သိချင်လွန်းလို့ ဒုတိယတစ်ခါ ထပ်ပြီးမေးလိုက်သော်လည်း .....
"ဂွပ် ! "
"အားး သေပါပြီ "
"ယောက်ျားလေးဖြစ်ပြီး စပ်စုလွန်းတယ် "
"ဟာ ဦးသာ ယောက်ျားလေးလည်း လူလေ သိချင်တာပေါ့ဗျ ငိုတုန်းကငိုနေပြီး "
"အဲ့အကြောင်းထပ်မမေးနဲ့ ! သွားမယ် "
မျက်နှာထား တင်းနေအောင် ခပ်မာမာပြောပြီး ထွက်သောသော ဦးလေးကြီး ။ မုန်းစရာကောင်းလိုက်တာ ခေါင်းခေါက်ရတယ်လို့ !
》》》》》》》》》
Junction City သို့ ၂ ယောက်သား ထွက်လာကြရင်း လမ်းမရောက်တော့ အနည်းငယ်ငြိမ်သွားသည့် ချာတိတ် ။
"လာ "
ရုတ်တရက် လက်ဆွဲခေါ်ခံလိုက်ရလို့ လန့်သွားသည်ထင်သည် ။ ကျွန်တော့ကိုမော့ကြည့်ပြီး ရန်တွေ့သည် ။
"အ ဘာလုပ်တာလဲ "
"မင်းလမ်းကူးရမှာ ကြောက်တယ်မှတ်လား ငြိမ်ငြိမ်နေ လက်လွှတ်လိုက်မှာနော် ဒါလမ်းလည်ခေါင် "
ပါးစပ်လေးပိတ်ကာ တိတ်တိတ်လေးလိုက်လာသော ချာတိတ်လက်က အနည်းငယ် တုန်ယင်နေသည် ။
JC ထဲရောက်တော့ အင်္ကျီဝယ်ဖို့လာပါသည်ဆိုကာမှ ချာတိတ်က တော့ပိုကီစားချင်သည်တဲ့လေ။
"နောက်မှ စားပါလားကွာ "
"ဟာ ဦးသာခေါ်လာတာနော် နိုးနိုးချင်းလိုက်လာရတာ ဗိုက်ဆာတယ်ဗျ "
"မရဘူး အင်္ကျီအရင်ဝယ်မယ် ဒါဘဲ "
"ကျွတ်စ် "
ကြုံတုန်းလေး ချာတိတ်ကို  နှိပ်စက်ထားရမည် ။
"ဟင် မိန်းကလေး အင်္ကျီဆိုင်ကြီး ! "
"အင်း ကိုယ့်အသိတစ်ယောက်အတွက် "
"ဩော် "
သေချာကျကျနနရွေးဝယ်ပြီး အတော်ကြာမှ ပြန်ထွက်လာသည် ။ ဗိုက်တွေဆာလို့သေတော့မည်ကို ဒီဦးလေးကြီးတမင်တကာ နှိပ်စက်နေတာ ။
လုပ်နိုင်တိုင်း လုပ်ထားဦးပေါ့ အလှည့်ကျ မနွဲ့စတမ်းဘဲ ။
"ဟာ ဦးသာ တော့ပိုကီပါဆို "
"အင်း အပြန်ကျွေးမယ်လေ အခုအသိနဲ့ချိန်းထားလို့ "
"ဗိုက်ဆာနေပါတယ်ဆိုနေ "
"ကိတ်မုန့်တွေ ဘာတွေစားလေ "
"အချိုတွေ မကြိုက်ဘူး "
"အင်း အအေးသောက် ခဏဘဲ "
Season ထဲ ဝင်သွားတော့ မမလှလှတစ်ဦးထိုင်နေသော ဝိုင်းကို လျှောက်သွားသည့် ဟိုလူကြီး ။
အဲ့မမကတော့ လန်းချက် ကိတ်လိုက်တာဆိုတာ ။
"လဲ့လဲ့ ရောက်နေတာကြာပြီလား "
"ကိုမင်းထက် လာလေ ထိုင် လဲ့လဲ့လည်း ခုဘဲရောက်တာ "
"မတွေ့တာကြာလို့လားမသိ ပိုလှလာတယ် "
"အာ ကိုမင်းထက်ကလည်း "
မမလှလှရဲ့အသံက လူနဲ့မလိုက်အောင်ချွဲပစ်နေသည် ။ ရုံးပတေသီးတောင် သူ့လောက်ချွဲမယ်မထင်။  ခဏဆိုပြီး စကားဖောင်ဖွဲ့နေလိုက်ကြတာ တစ်မျိုးလုံးတစ်ဆွေလုံးအကြောင်းတွေပါ ပါသည် ။ အကြည်ဆိုက် နေကြသည်မှာလည်း မပြီးတော့ ။
"လဲ့လဲ့ ခဏနော် ကိုယ်အအေးထပ်မှာပေးမယ် "
"အို ရပါတယ် ကိုမင်းထက်ရဲ့ "
"မဟုတ်တာ ကိုယ်မှာပေးမယ်နော် ခဏ "
"အင်းအင်း ကျေးဇူး "
ကျေးဇူးပြောပြီး ရှက်ပြုံးလေးပြုံးကာ ခေါင်းငုံ့လိုက်သည်က မိန်းမမာယာများ ။
ဒီလောက်ကတော့ သန့်စင်တို့ကရိုးနေပြီ ။
ဒီထက်လန်းပြီး ဒီ့ထက် မာယာကြွယ်သည့် စကီတွေမှ ကိုယ့်မှာပေါလွန်းလို့ ။
တွေ့မယ် ဦးလေးကြီး ။ ခင်များ အကြည်ဆိုက်စရာ မရှိတော့အောင် ကျွန်တော့်ကျွမ်းကျင်မှုတွေ ထုတ်သုံးပြရတော့မှာပေါ့ ။
" မ နာမည်က လဲ့လဲ့တဲ့လား မ လို့ဘဲ ခေါ်လို့ရမလား "
တမင်တကာ အကြည့်ချင်းဆုံစေပြီး ကျွန်တော့်ဖက်က စူးစူးစိုက်စိုက်ကြည့်လိုက်တော့ ထိုမိန်းမလှလေးကလည်း ရွှန်းရွှန်းစားစားပြန်ကြည့်လေသည် ။
》》》》》》》》》
Continue Reading
You'll Also Like
378K 14.8K 43
ကိုယ်ဟာ ကြိုးဝိုင်းထဲမှာ ကိုယ့်ကိုစိန်ခေါ်လာသမျှကောင်တွေအကုန် ထိုးရဲတယ် သတ်ရဲတယ် ကိုယ်နိုင်မယ်ဆိုတဲ့ယုံကြည်မှုရှိတယ် ကိုယ်မလုပ်ရဲတာဘာမှမရှိဘူးလို့ထင...
1.9M 122K 73
# Scribe _ Aster_Rain # Start Date [ 5.1.2021] # End Date [ 26.5.2021] # Total Chapters _ [52 ]- Extra [15 ] Complete # Cv photo credit to orginal...
4.7M 526K 58
{Both Zg&Uni} အသေမခွီးရတောင် တစ်ချက်တော့ပြုံးမိဖို့ အာမခံပါတယ် ..💚 Start - { 11,8,2020 } End - { 25,11,2020 } အသေမခွီးရတောင် တစ်ချက်တော့ပြုံးမိဖို့...
946K 81.1K 89