အရင်ဘဝက ပုန်ကန်ခဲ့တဲ့ စစ်သူကြ...
By SN_SwaeNyoe001
260K 24.9K 315
ဇာတ်လိုက်က အရင်ဘဝတုန်းက အပယ်ခံလေးဖြစ်ပြီးတော့ ရုပ်သေးဘုရင် အဖြစ် ဖိအားပေးခံခဲ့ရတယ်။ ပြီးတော့ တော်ဝင်နန်းတော်က... More
Description
အခန်း (၁)
အခန်း (၂)
အခန်း (၃)
အခန်း (၄)
အခန်း (၅)
အခန်း (၆)
အခန်း (၇)
အခန်း (၈)
အခန်း (၉)
အခန်း (၁၀)
အခန်း (၁၁)
အခန်း (၁၂)
အခန်း (၁၃)
အခန်း (၁၄)
တယ်လီဂရု ရရှိကြောင်း ကြေညာချက်...
အခန်း (၁၅)
အခန်း (၁၆)
အခန်း (၁၇)
အခန်း (၁၈)
အခန်း (၁၉)
အခန်း (၂၀)
အခန်း (၂၁)
အခန်း (၂၂)
အခန်း (၂၃)
ပေးဂရုအစအဆုံး ကြေညာချက်
အခန်း (၂၄)
အခန်း (၂၅)
အခန်း (၂၆)
အခန်း (၂၈)
အခန်း (၂၉)
အခန်း (၃၀)
အခန်း (၃၁)
အခန်း (၃၂)
အခန်း (၃၃)
အခန်း (၃၄)
အခန်း (၃၅)
အခန်း (၃၆)
အခန်း (၃၇)
အခန်း (၃၈)
အခန်း (၃၉)
အခန်း (၄၀)
အခန်း (၄၁)
အခန်း (၄၂)
အခန်း (၄၃)
အခန်း (၄၄)
အခန်း (၄၅)
အခန်း (၄၆)
အခန်း (၄၇)
အခန်း (၄၈)
အခန်း (၄၉)
အခန်း (၅၀)
အခန်း (၅၁)
အခန်း (၅၂)
အခန်း (၅၃)
အခန်း (၅၄)
အခန်း (၅၅)
အခန်း (၅၆)
အခန်း (၅၇)
အခန်း (၅၈)
အခန်း (၅၉)
အခန်း (၆၀)
အခန်း (၆၁)
🌤️မေလပရိုမိုးရှင်း🌤️
🌤️May Breeze Promotion နောက်ဆုံးရက်🌤️
အခန်း (၆၂)
အခန်း (၆၃)
အခန်း (၆၄)
အခန်း (၆၅)
Telegram ကို လာခဲ့နော်
အခန်း (၆၆)
အခန်း (၆၇)
မိုးရာသီပရိုမိုးရှင်း
အခန်း (၂၇)
3.2K 349 3
By SN_SwaeNyoe001
အခန်း ၂၇
လီယွမ်မင်သည် ရန်ချွင်းဥယျာဉ်သို့ အမြန်သွားသောအခါ ခန်းမတွင်းရှိ အခြေအနေသည် သူထွက်သွားတုန်းကနှင့် လုံးဝကွာခြားနေခဲ့သည်။ ပြည့်တန်ဆာများအားလုံးကို ထွက်သွားခိုင်းလိုက်ပြီး ခန်းမသည် ခံ့ညားနေသည်။ လူတိုင်း၏ မျက်နှာထားသည် လေးနက်နေလေသည်။
အေးစက်သောမျက်လုံးများဖြင့် နီလျဲ့သည် ခန်းမထဲတွင် ဟော်ကျန်ကို မျက်နှာချင်းဆိုင်လိုက်သည်။
ယွမ်ချုံရှန်းသည် ဖြူဖျော့သောမျက်နှာဖြင့် ဂုဏ်သရေရှိထိုင်ခုံပေါ်တွင် ထိုင်နေကာ အရာရှိများသည် တစ်ဖက်တစ်ချက်စီတွင် လက်နှစ်ဖက်ချကာ မတ်တပ်ရပ်နေကြသည်။ လီယွမ်မင် ဝင်လာသည်ကိုမြင်သော် အမြန်ခေါင်းငုံ့ကာ အကြည့်လွှဲလိုက်ကြသည်။ ပြာနှမ်းနေသော မျက်နှာ၊ ဖူးရောင်နေသော နှာခေါင်းနှင့် ယောက်ျားတစ်ယောက်သည် ခန်းမထဲက ကုလားထိုင်တစ်လုံးပေါ်တွင် ထိုင်နေသည်။ သူသည် 'အားယိုး'ဟု အဆက်မပြတ်အော်နေပြီး သတိလစ်နေပြီဖြစ်သော မြေပြင်ပေါ်တွင် လဲလျောင်းနေသည့် နောက်ထပ်တစ်ယောက်ရှိသည်။ သမားတော်နှင့်တူသော လူများသည် သူတို့ကို ကုသရင်း အလုပ်များနေကြပြီး အရာအားလုံးက ရှုပ်ယှက်ခတ်နေခဲ့သည်။
လီယွမ်မင်သည် နီလျဲ့၏ ခန္ဓာကိုယ်ကို အကြည့်အနည်းငယ်ဖြင့် အကဲခတ်လိုက်ပြီး သူ အဆင်ပြေကြောင်း သိလိုက်ရသဖြင့် စိတ်သက်သာရာရသွားသည်။ ခေတ္တခဏရပ်တန့်ပြီး လူတိုင်းကို တစ်ချက်ကြည့်လိုက်ကာ တည်ငြိမ်စွာ ပြောသည်။
"ငါ အစောကြီးပြန်သွားတုန်းက အကောင်းပါ၊ မျက်စိတစ်မှိတ်အတွင်းမှာ ဘာလို့ဒီလိုဖြစ်သွားရတာလဲ?"
ယွမ်ချုံရှန်းသည် သူ့ဒေါသကို ထိန်းထားလိုက်သည်။ သူ့မျက်နှာက အကဲခတ်ရခက်နေသည်- "အစက ကွမ်အန်းဘုရင်က အရမ်းစည်းကမ်းတင်းကျပ်တယ်လို့ ကျွန်တော်မျိုးထင်ထားတာ၊ ဒါပေမဲ့ မမျှော်လင့်ဘဲ အရှင့်သားအိမ်တော်ရဲ့ စစ်သူကြီးက ဒီအရာရှိရဲ့ပွဲကို တကယ်ပဲ ပျက်စီးသွားအောင် လုပ်လိုက်တယ်!"
သူသည် ဒဏ်ရာရသူနှစ်ဦးကို လက်ညှိုးထိုးပြပြီး ဒေါသတကြီးပြောသည်– "သူတို့နှစ်ယောက် အရိုက်ခံထားရတာကို ကြည့်ပါအုန်း!"
အလျင်လိုနေသောကြောင့် လီယွမ်မင်သည် သူတို့နှစ်ယောက်ကို မမှတ်မိခဲ့ပါ။ ဒီအချိန်မှ သူ အနီးကပ်ကြည့်လိုက်ပြီး သူတို့ကို မှတ်မိသွားခဲ့သည်။ မြေပြင်ပေါ်မှာ လဲကျသတိမေ့နေသူမှာ ချောင်ရှန့်ဝေ့ဖြစ်ပြီး ထိုင်နေသူမှာ ဟော်ကျန်​၏ လက်ထောက် ဝေ့ချန်းလင်ဖြစ်သည်။ ထိုသူသည် သူ့ကိုကြည့်ပြီး အပြစ်ရှိစိတ်ဖြင့် ချက်ချင်း အကြည့်လွှဲသွားသည်။
လီယွမ်မင်သည် အနည်းငယ် မျက်မှောင်ကျုံ့ကာ နီလျဲ့ကို စိုက်ကြည့်လိုက်သည်။ တစ်ဖက်လူသည် တည်ငြိမ်ပြီး စိတ်ထိန်းထားသော မျက်နှာထားသာရှိပြီး အကြောင်းအရာများကို ရှင်းပြချင်စိတ် လုံးဝမရှိပေ။
ထို့နောက် ဟော်ကျန်က နီလျဲ့ကို လက်ညှိုးထိုး၍ ကျိန်ဆဲနေသည်ကိုကြားလိုက်ရပြီး "သူတို့က အရက်မူးပြီး ဟာသပြောနေကြတာ၊ ဒါပေမဲ့ စစ်သူကြီးနီရဲ့အံ့သြစရာကောင်းတဲ့ စိတ်ဓာတ်က မမျှော်လင့်ဘဲ ဒီလိုမျိုး ရက်စက်စွာ ပြောင်းလဲသွားတယ်"
ဟော်ကျန်၏ အချိန်မီ တားဆီးမှုသာ မရှိပါက တစ်စုံတစ်ယောက်၏ သေဆုံးမှုကိုပင် ဖြစ်ပေါ်စေနိုင်မည်ကို သူတို့စိုးရိမ်နေကြသည်။
နီလျဲ့သည် မျက်နှာထားကသာလျှင် မည်းမှောင်နေပြီး ဘာမှ မပြောပေ။ ဟော်ကျန်သည် အစကတည်းက သူနှင့် မတည့်ပါ။ မုန်တိုင်းဖြစ်ရသည့် အကြောင်းရင်းကို မသိရပေမယ့် အကြောင်းရင်းကို ရိပ်မိပြီး တမင်သက်သက် ဒေါသပုန်ထကာ ချက်ချင်း အပြစ်ရှာလိုက်သည်။ အရက်သောက်ပြီး ရန်ဖြစ်နေကြသည်ဟု လူတိုင်းက ထင်နေကြပေမယ့် နီလျဲ့က ဒီလိုမျိုး ရက်စက်ကြမ်းကြုတ်စွာ ပြုမူလာသည့်အခါမှာတော့ တစ်ယောက်ပြီး တစ်ယောက် တုန်လှုပ်သွားကြသည်။
အထူးသဖြင့် ယွမ်ချုံရှန်းဖြစ်သည်။ သူသည် အထက်စီးဆန်သူမဟုတ်သော်လည်း သူ့အရင်းအမြစ်များကို လာမထိပါက သူ၏ ငွေတိုက် လီယွမ်မင်ကြောင့် သူ့အား မျက်နှာအနည်းငယ်သာ ပေးလိုစိတ်ရှိပါသည်။ သို့သော် ယနေ့စားသောက်ပွဲသည် လင်နန်သို့ ပြောင်းရွှေ့ပြီးနောက် သူ​၏ ပထမဆုံးကျင်းပသည့်ပွဲဖြစ်သည်။ ဒီလို စိတ်အနှောင့်အယှက်ဖြစ်အောင် ဖန်တီးလိုက်ခြင်းကြောင့် သူ့မျက်နှာမထောက်နိုင်တော့သည်မှာ သိသာပါသည်။ သူသာ အလွယ်တကူ ခြိမ်းခြောက်ခံရပါက၊ အနာဂတ်တွင် လင်နန်၏ အရာရှိလောကတွင် သူ မည်သို့ပါဝင်နိုင်မည်နည်း?
သူချက်ချင်းထရပ်ပြီး လီယွမ်မင်ဆီသို့ လျှောက်သွားကာ အရိုအသေပေးသော အမူအရာဖြင့် "အစက စစ်သူကြီးနီကို အရှင့်သားနောက် လိုက်ခိုင်းပြီး အိမ်တော်ပြန်ရောက်မှ ဆုံးမခိုင်းမလို့ပါ။ ဒါပေမဲ့ ဒီကိစ္စက သေးသေးလေး မဟုတ်ပါဘူး။ ချောင်ရှန့်ဝေ့က အခုထိသတိမရသေးပါဘူး။ တကယ်လို့ ဒီလုပ်ဖော်ကိုင်ဖက်နှစ်ယောက်ကို သူ သေသေချာချာ မရှင်းပြနိုင်ရင် ဒီလက်အောက်ငယ်သားကလည်း ရွှင်ထိုင်အိမ်တော်မှာ ဘယ်လိုမျက်နှာထားနဲ့ နေရမယ်ဆိုတာ မသိတော့ပါဘူး။ ကွမ်အန်းဘုရင်က နားလည်မယ်လို့ မျှော်လင့်ပါတယ်"
စကားလုံးတိုင်းသည် ရိုးသားသော်လည်း လေသံက ရန်လိုပြီး ညှိနှိုင်းလိုသော သဘောထားမရှိပါ။
လီယွမ်မင်သည် အချိန်အတော်ကြာ နားထောင်နေပြီး အနည်းနှင့်အများဆိုသလို အဖြစ်အပျက်အားလုံးကို သူနားလည်ခဲ့သည်။ နီလျဲ့သည် အရက်မူးနေသော မဆင်မခြင်လူများ​၏ အလွယ်တကူ ရန်စခံခဲ့ရကြောင်း သူသိသည်။ ဒီနေ့ စကားတစ်ခွန်းတောင် မရှင်းပြချင်သော သူ့ကို မြင်ရခြင်းမှာ သူ မရှင်းပြချင်သောကြောင့်ဖြစ်သည်။ လီယွမ်မင်သည် လိမ္မာပါးနပ်သောကြောင့် ခဏအကြာတွင် အကြောင်းပြချက်ကို ခန့်မှန်းပြီးဖြစ်သည်။
သူက သူ​၏ယပ်တောင်ကို ချက်ချင်းပိတ်လိုက်ပြီး သူ့နှုတ်ခမ်းထောင့်များက အပေါ်သို့ တွန့်သွားပြီး- "ငါ့ပေ့အန်းမှာ တင်းကျပ်တဲ့ ဥပဒေတွေ အမြဲရှိတယ်။ ဥပဒေကို ချိုးဖောက်ရင် ပန်ဝမ်အိမ်တော်ရဲ့ အရေးမပါတဲ့ စစ်သူကြီးကို မပြောနဲ့ ဧကရာဇ်ဖြစ်နေရင်တောင်မှ သာမန်လူလိုပဲ တူညီတဲ့ အပြစ်ဒဏ်ခံယူရမယ်"
"အရှင့်သားက ပညာရှိပါပေတယ်" ယွမ်ချုံရှန်းသည် သူ​၏လိမ္မာပါးနပ်မှုကို မြင်လိုက်ရပြီး ထွက်လက်စ ဒေါသများမှာ လျော့ပါးသွားသည်။ လီယွမ်မင်က "နေအုန်း" ဟု သူ့ကို ဟန့်တားသည်ကို ကြားလိုက်ရချိန်တွင် သူသည် အစောင့်များကို ထိုလူအား ခေါ်ဆောင်သွားရန် အမိန့်ပေးမလို့ပြင်စဉ် လက်ကို မြှောက်နေခဲ့သည်။
ယွမ်ချုံရှန်း၏ မျက်နှာသည် အေးစက်လာပြီး သူ့ဒေါသကို ထိန်းကာ- "အရှင့်သား..."
လီယွမ်မင်က ပြုံးပြီးပြောသည်- "ဘာမှမဟုတ်ပါဘူး၊ ပန်ဝမ်က ဒီအရေးမပါတဲ့ လက်အောက်ငယ်သားကို ငယ်ငယ်လေးကတည်းက ကိုယ်တိုင်ကိုယ်ကျ သင်ကြားလာခဲ့တာဆိုတော့ သူ့စိတ်နေစိတ်ထားကို သိတယ်။ သူ့အရေးအကြီးဆုံးအရာကို မထိရင် သူက ဒီလိုမျိုး မထိန်းချုပ်နိုင်တာမျိုး ဖြစ်မှာမဟုတ်ဘူး။ ဒါကြောင့် ငါသိချင်တာ"
သူသည် ဖြည်းညှင်းစွာ လျှောက်လာကာ ဝေ့ချန်းလင်၏ ရှေ့သို့ရောက်လာပြီး သူ့နှုတ်ခမ်းထောင့်က လှောင်ပြုံးတစ်ခုဖြင့်- "ဝေ့ချန်းလင်က ရန်ဖြစ်တယ်လို့ ပြောတယ်ဆိုတော့၊ ဘယ်လို ရန်ဖြစ်တာမျိုးလဲ?"
သူ့အသံတိတ်သွားသည်နှင့်တစ်ပြိုင်နက် နောက်ဆုံးတွင် နီလျဲ့၏မျက်နှာသည် ပြောင်းလဲသွားပြီး လက်သီးကို တင်းတင်းဆုပ်လိုက်သည်။
ဝေ့ချန်းလင်သည် အစကတည်းက အပြစ်ရှိသောစိတ်ဖြင့် နှုတ်ဆိတ်နေခဲ့ပြီး ယခုအခိုက်အတန့်တွင် သူ့အမူအရာသည် တန့်နေသည်- "... အရက်မူးနေရင် ပြောတဲ့စကားတွေက အတည်ကြီး မမှတ်သင့်ပါဘူး"
"ဝေ့ချန်းလင်က တရားမျှတမှုကို လိုချင်မှာပဲ၊ ဒါကြောင့် ပန်ဝမ်က အခြေအနေကို ရှင်းရှင်းလင်းလင်း နားလည်ဖို့လိုတယ်" လီယွမ်မင်သည် သူ့အပြုံးကို ဘေးဖယ်ထားပြီး တစ်လုံးချင်းပြောလိုက်သည်-
"ပြော၊ အရက်မူးပြီး ဘာစကားတွေ ပြောခဲ့တာလည်း? ပန်ဝမ် နားထောင်နေတယ်"
တည်ငြိမ်ပြီး လက်ရာမြောက်လှပသော မျက်နှာဖြစ်သော်လည်း သူ့နှလုံးသားအောက်ခြေထိတိုင် အေးစက်နေသော ထိုမျက်လုံးများကို မြင်လိုက်ရသော် ဝေ့ရှန်းလင်၏နှလုံးသားသည် ပြင်းထန်စွာ ခုန်ပေါက်သွားပြီး ချက်ချင်းပင် အထစ်ထစ်အငေါ့ငေါ့ဖြင့် ပြောသည်။
"အဲ့ဒါ...ကျွန်တော်မျိုး... မေ့သွားပါပြီ..."
ထိုအချိန်တွင် ရှိနေသော အရာရှိများသည် သံသယဖြစ်ဖွယ် တစ်စုံတစ်ခုရှိသည်ကို မြင်လိုက်ရသည်။
"မေ့သွားပြီ?" လီယွမ်မင်က လှောင်ပြောင်ပြီး "ဝေ့ချန်းလင် မေ့သွားတာလား ဒါမှမဟုတ် မပြောရဲတာလား?"
သူသည် ယပ်တောင်ကို သူ့လက်နှင့် ရိုက်လိုက်ပြီး အနည်းငယ် မျက်လွှာချလိုက်သည်- "ကိစ္စက ဒီလိုဆိုတော့ ပန်ဝမ်က မင်းကို ဆုံးဖြတ်ချက်ချဖို့ ရွေးချယ်ခွင့်တချို့ ပေးမယ်။ ရွေးချယ်စရာနှစ်ခုရှိတယ်။ ပထမတစ်ခုက ဒီနေရာမှာပဲ ဒီမှာရှိတဲ့ အရာရှိတွေရှေ့မှာ မင်းအရက်မူးနေတယ်လို့ ပြောတုန်းက စကားတွေကို ပြော။ စကားတစ်လုံးမှ မလွဲဘဲ တစ်လုံးချင်း အသေးစိတ်ထုတ်ပြော"
ဝေ့ချန်းလင်သည် ချက်ချင်းပင် အေးစက်သော ချွေးများ စီးကျလာသည်။ ဒီလိုသေစေနိုင်မည့် စကားကို သူက ဘယ်လိုလုပ် ထုတ်ပြောရဲသော သတ္တိရှိမှာလဲ? သူ့ကို မျက်နှာချင်းဆိုင် စော်ကားခဲ့သော နောက်ဆုံးလူသည် နယ်စပ်က မည်သူမျှမသိသောနေရာဆီသို့ တိတ်တဆိတ် ခေါ်သွားခြင်းခံခဲ့ရသည်။ ဒီကွမ်အန်းဘုရင်သည် နူးညံ့သလိုရှိပေမယ့် ဒီမှာရှိနေတာကြာပြီဖြစ်သောလူများကတော့ နောက်ကွယ်က သူ​၏ ခံစားချက်မရှိသော နည်းလမ်းများကို သိကြပါသည်။ ဒီအချိန်မှာ သူ့ဒဏ်ရာများကို ဂရုမစိုက်နိုင်ပါ။ သူသည် ဒုန်းခနဲ ဒူးထောက်ထိုင်ချလိုက်ပြီး "ဒီလက်အောက်ငယ်သားက သေဖို့ ထိုက်တန်ပါတယ်!"
လီယွမ်မင်သည် လှောင်ရယ်လိုက်သော်လည်း သူ့မျက်လုံးများတွင် အပြုံးမရှိပါ- "ဒါဆို ဒုတိယရွေးချယ်မှုပေါ့..."
သူသည် လှောင်ပြောင်သံဖြင့်- "ရွှင်ထိုင်လူကြီးမင်းဆီမှာ မင်းဘာသာမင်း ခွင့်လွှတ်မှုကို သွားတောင်းခံ"
သူက ယွမ်ချုံရှန်းကိုကြည့်ပြီး "ရွှင်ထိုင်လူကြီးမင်း၊ နောက်ဆုံးတော့ ဒီနေ့ကိစ္စတွေအကြောင်း မင်းကို ရှင်းပြဖို့ လူတစ်ယောက်ရှိပြီ။ သူတို့ကို ဘယ်လိုအပြစ်ပေးရမလဲဆိုတာကတော့ ပန်ဝမ်က ဝင်စွက်ဖက်လို့ အဆင်မပြေဘူး၊ အလုပ်ရှုပ်ခံပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်"
လက်ရှိ ရှိနေသောလူများသည် ထိုလူနှစ်ယောက်က လူများနောက်ကွယ်တွင် လျှို့ဝှက်စွာ ပြောဆိုခဲ့သော စကားသည် နီလျဲ့အား ဒီလိုမျိုး သူတို့ကိုရှင်းလင်းစေခဲ့သည်ကို နောက်ဆုံးတော့ သိသွားကြသည်။ ဒီနေရာရှိလူများထဲမှ အမျိုးသမီးတစ်ဦးကဲ့သို့ လှပသောမျက်နှာရှိသည့် ကွမ်အန်းဘုရင်နှင့် စိတ်ကူးယဉ်အိပ်မက်မမက်ဖူးသူ ဘယ်သူများရှိပါလဲ? ချက်ချင်းပင် သူတို့သည် မျက်နှာထားရခက်သွားပြီး သူ့ကိုမကြည့်ဝံ့တော့ပါ။
ယွမ်ချုံရှန်း၏ အမူအရာမှာ ရှုပ်ထွေးပြီး အရောင်များစွာ ပြောင်းသွားသည်။ လီယွမ်မင်က သူ့ကို အထင်အမြင်သေးသည်ထက် ဒီအရာရှိများက သူ့ကို ကြောက်နေလိမ့်မည်ဟု သူ မမျှော်လင့်ထားသည့်အတွက် သူ့စိတ်ထဲတွင် နည်းနည်းတော့ မကျေမနပ်ဖြစ်သွားသည်။
သူသည် နေရာမှာပင် ခြေလှမ်းအနည်းငယ်လှမ်းပြီးနောက် နောက်ဆုံးတွင် ဝေ့ချန်းလင်အား မျက်နှာမည်းမည်းဖြင့် စိုက်ကြည့်ပြီး အော်လိုက်သည်။
"ဒီကောင့်ကို ဆွဲထုတ်သွားကြ!"
ဝုန်းခနဲအသံနှင့်အတူ အစောင့်လေးယောက်က ဝင်လာပြီး သူတို့သည် ဖြူဖျော့နေသော မျက်နှာနှင့်
ဝေ့ချန်းလင်ကို ဆွဲထုတ်သွားကြသည်။
လီယွမ်မင်သည် ဘာမှမဖြစ်သကဲ့သို့ လဲကျနေသောထိုင်ခုံကို ပြန်ထောင်လိုက်ကာ ယွမ်ချုံရှန်းအား လက်ဟန်ပြလိုက်သည်။ သူက အရေးမစိုက်ဟန်ဖြင့် ပြောသည်- "ဒီနေ့ ငါ့အိမ်တော်စစ်သူကြီးရဲ့ တာဝန်မဟုတ်ပေမယ့် နောက်ဆုံးတော့ သူက ရွှင်ထိုင်လူကြီးမင်းရဲ့ စိတ်အေးချမ်းမှုကို နှောင့်ယှက်တဲ့သူဖြစ်ဆဲပဲ။ ပန်ဝမ်က ဒီဘေးခန်းကို သုံးရက်ကြိုတင်စာရင်းသွင်းထားပြီးပါပြီ။ ရွှင်ထိုင်လူကြီးမင်းရဲ့ အားလပ်ချိန်ကို ဒီမှာ အနားယူကုန်ဆုံးဖို့ ကြိုဆိုပါတယ်။ အခုနောက်ကျနေပြီ၊ ဒါကြောင့် ပန်ဝမ် အိမ်တော်ကို အရင်ပြန်လိုက်ပါအုန်းမယ်"
ယွမ်ချုံရှန်းစကားကို မစောင့်ဘဲ နီလျဲ့ထံသို့ ချက်ချင်း လှမ်းလာပြီး စိန်းစိန်းဝါးဝါးကြည့်ကာ "မင်း မလာသေးဘူးလား?"
***
ညသန်းခေါင်ကျော်ပြီဖြစ်ပြီး တည်ရှိသမျှ အရာအားလုံးသည် ခြွင်းချက်မရှိ အသံများထွက်နေခဲ့သည်။ လမ်းပေါ်တွင် တစ်ယောက်မှ မရှိတော့ပါ။ ဘယ်သူမှမရှိသော ကျောက်တုံးပြာလမ်းပေါ်တွင် လူ၇ယောက်၊ ၈ယောက်သည် မီးပုံးများပါသော ရထားလုံးကို စောင့်ကြပ်ကာ ကွမ်အန်းဘုရင်အိမ်တော်ဆီသို့ မြင်းစီးသွားကြသည်။
နီလျဲ့သည် ဇက်ကြိုးကိုထိန်းကာ ရထားလုံးနှင့် ဘေးချင်းကပ်လျက်သွားပြီး ပိတ်ထားသော ရထားလုံးပြတင်းပေါက်ကို ရံဖန်ရံခါ ကြည့်လိုက်သည်။
မကြာမီ မဲနယ်ရောင် ဝေါယာဉ်ကန့်လန့်ကာကို မလိုက်ပြီး ဒေါသအနည်းငယ်ထွက်နေသော နှင်းဖြူရောင်မျက်နှာက ပေါ်လာသည်။ သူသည် သူ့ရှေ့တွင် တိတ်တိတ်ဆိတ်ဆိတ် မြင်းစီးနေသော လူငယ်အား "အပေါ်လာခဲ့" ဟု အေးစက်စွာ ပြောလိုက်သည်။
နီလျဲ့သည် သူ့ကို တစ်ချက်ကြည့်ကာ လှည့်၍ မြင်းပေါ်မှဆင်းလိုက်သည်။ သူသည် ဝင်ရိုးပေါ်တွင် ဇက်ကြိုးကို မြဲအောင်ချည်လိုက်ပြီး ရထားလုံးပေါ်သို့ ခုန်တက်လိုက်သည်။
ဝေါယာဉ်ကန့်လန့်ကာကို မလိုက်သည်နှင့်တစ်ပြိုင်နက် အေးမြသောမွှေးရနံ့ပါးပါးက သူ့နှာခေါင်းကို ရန်စနေခဲ့သည်။ နီလျဲ့၏ အသက်ရှုသံများ ပြင်းထန်လာသည်။
ဒီလိုမျိုး အေးစက်သောမွှေးရနံ့ပါးပါးကို အခုဆို သူစိတ်တိုင်းကျ ရှုရှိုက်လို့ရပါပြီ။ အိပ်ခန်းထဲမှာဆိုလျှင် ဒီမွှေးရနံ့သည် နည်းနည်းပိုပြင်းပြီး သူသည် တဖြည်းဖြည်း မခွဲနိုင်မခွာရက်ဖြစ်နေခဲ့သည်။ သူသည် ငိုနေသောပုံစံဖြင့် ခေါင်းကို အမြဲတွန်းထုတ်ပေမယ့် သူက ဘယ်တော့မှ မရပ်ပါ။ သူတစ်ယောက်ထဲသာလျှင် မြင်ဖူးသည့် လှပပြီး အထွတ်အမြတ်ထားအပ်သောနေရာကို မမြင်ကွယ်ရာတွင် မွှေးရနံ့ပါးပါးဖြင့် ချိုမြိန်သော စိမ့်စမ်းရေ တစ်စက်စက်ကျသံထွက်လာသည်အထိ သားရဲတစ်ကောင်အလား စိတ်လှုပ်ရှားစွာ သိမ်းပိုက်ခဲ့သည်။ သူသည် ၎င်းကို ဆာလောင်မွတ်သိပ်စွာ မျိုချလိုက်ပြီးနောက် ယဉ်ပါးပြီး ကြမ်းကြုတ်သောသားရဲတစ်ကောင်ကဲ့သို့ သူ့ကို တိုးဝှေ့ပူးကပ်ကာ သူ့လက်နှစ်ဖက်ထဲတွင် ထိုလူအား တင်းတင်းကျပ်ကျပ် ဖက်ထားလိုက်သည်။
ဒါက အထွတ်အထိပ်ရောက်နေပြီဟု သူထင်ခဲ့သည်။
တစ်ဖက်လူသည် အရင်ကအတိုင်းပဲ မကျေမချမ်းဖြင့် ပြစ်တင်ပြောဆိုနေခဲ့သည်။ သူက မကြားနိုင်တော့ပါ။ သူ့နှလုံးသားက ဆူညံပွက်လောရိုက်နေပြီး ပူလောင်နေခဲ့သည်။ ယနေ့တွင် သူ၏ မဆင်မခြင် အပြုအမူကို သူသိသော်လည်း မတတ်နိုင်ပါ။ ဒေါသဖြစ်ရသည့် အကြောင်းရင်းကို လူတိုင်းရှေ့တွင် မရှင်းပြနိုင်ပါ။ လူနေအိပ်ခန်းတွင် သူမြင်ခဲ့ရသည်များက သူ​၏ဆင်ခြင်တုံတရားများကို ရိုက်ချိုးပစ်လိုက်သည်။ လီယွမ်မင်အပေါ် အခြားသူများ၏ မရိုသေ့စကားအနည်းငယ်ကိုပင် သည်းမခံနိုင်လောက်အောင် စိတ်မရှည်တော့ပါ။ သူသည် နည်းနည်းလေးတောင် ခွင့်မပြုနိုင်ပါ။
သူ​၏ နှလုံးသားထဲက ခြောက်သွေ့၊ လောင်ကျွမ်းပြီး အက်ကွဲနေသော ဝေဒနာကို မည်သူမျှ မခံစားနိုင်ပါ။
သူ့လည်စလုပ်သည် ရွေ့လျားသွားပြီး သူ့နှလုံးခုန်သံနှင့် စိတ်ဝိညာဉ်ကို အနှောင့်အယှက်ဖြစ်စေသောတစ်ဖက်လူ၏ ထူးခြားလှပသောမျက်နှာကို ကြည့်လိုက်သည်။
သူ​၏ ဗောဓိသတ်၊ သူတစ်ယောက်တည်းကသာလျှင် သူ့ကို ကယ်တင်နိုင်ခဲ့သည်။
လီယွမ်မင်က သူ့စိတ်ထဲရှိ ဝရုန်းသုန်းကားဖြစ်နေမှုကို ဘယ်လိုလုပ် သိနိုင်မှာလဲ? အခုမှသာလျှင် သူသည် အခြေအနေကို သတိရသွားပြီး ဒေါသမထွက်ဘဲ မနေနိုင်တော့ပါ- "မင်း ဘာလို့ ဒီလူတွေနဲ့ ခွန်အားချင်းယှဉ်နေတာလဲ!"
ရထားလုံးထဲတွင် မှောင်နေပြီး နီလျဲ့၏ မျက်လုံးများထဲက အမှောင်လှိုင်းများကို သူ မမြင်နိုင်ပါ။
သူ သက်ပြင်းချရင်း "ဒီလိုဒေါသမထိန်းနိုင်တာမျိုး၊ မင်းကိုယ်မင်း အသက်၁၀နှစ်ပဲ ရှိသေးတယ်လို့ထင်လား?"
ယခုအချိန်တွင် သူသည် လိုရင်းသို့မရောက်ဘဲ အဆုံးမရှိ စကားပြောနေခဲ့သည်- "သူတို့က ငါ့ရှေ့မှာ ဒီလိုအရာတွေ ပြောဝံ့သလား? အခု ဝေ့ချန်းလင်ရဲ့ပုံစံကိုပဲကြည့်၊ သူက ဝံပုလွေအရည်ခြုံထားတဲ့ နိမ့်ကျတဲ့သိုးတစ်ကောင်ထက် မပိုဘူး။ သူတို့က ငါတို့နောက်ကွယ်မှာ ပြောနေတာပဲ၊ ပြောပါစေ။ မင်း သူတို့နဲ့ ဘာအတွက် ငြင်းနေတာလဲ? တစ်လောကလုံးက လူတွေရဲ့ ပါးစပ်တွေကို မင်းထိန်းချုပ်နိုင်ဖို့ရာ ဖြစ်နိုင်ပါ့မလား? အကြောင်းရင်းမရှိဘဲ အနှောင့်အယှက်ဖြစ်စေတယ်..."
နီလျဲ့က ရုတ်တရက် ပြောသည်- "ကျွန်တော်မျိုး မြင်လိုက်တယ်"
လီယွမ်မင်သည် သူ့ကြောင့် ခဏလောက် စိတ်ရှုပ်သွားပြီး "မင်းဘာမြင်တာလဲ... မင်းငါ့ပြောတာကို နားထောင်နေရဲ့လား..."
နီလျဲ့သည် ရုတ်တရက် နီးကပ်လာသည်။ သူသည် လူကို လက်နှစ်ဖက်ကြားတွင် ချုပ်ထားကာ သူ့မျက်လုံးများက အလွန်နက်မှောင်နေသည်။
"အဲ့ဒီအိပ်ခန်းထဲမှာ ကျွန်တော်မျိုး မြင်လိုက်တယ်"
လီယွမ်မင်၏ နှလုံးခုန်သံက ပြင်းထန်လာသည်။ တစ်စို့နေသလိုမျိုး သူ့တံတွေးကို မျိုချလိုက်သည်။ တစ်ခုခုပြောချင်သော်လည်း သူ ဘာမှပြန်မပြောနိုင်ပါ။
သူ့ရင်ဘတ်ထဲသို့သာ ကျုံ့ဝင်သွားခဲ့သည်။ ကွမ်အန်းဘုရင်၏ တစ်ယောက်ယောက်ကို သွန်သင်ဆုံးမနေသော ခပ်တန်းတန်းအသွင်အပြင်မှာ လုံးဝပျောက်ကွယ်သွားခဲ့သည်။ သူက ညင်ညင်သာသာဖြင့် သနားစရာကောင်းစွာ ပြောလိုက်သည်- "အားလျဲ့... မင်းလုပ်လို့မရဘူး..."
ဘာလို့ မရတာလဲ? သူက ဘယ်လိုလုပ် မရတာလဲ?
နှလုံးသားထဲတွင် ရေးထွင်းထားသောလူက သူ့ရှေ့မှာရှိသည်။ လီယွမ်မင်သည် ဤကဲ့သို့ သဘောထားကြီးစွာ သူ့ကိုယ်သူ အမြဲတမ်း ခွင့်လွှတ်ခဲ့သည်။ ထိုကဲ့သို့ မှောင်မိုက်ညစ်ညမ်းပြီး စက်ဆုပ်ရွံရှာဖွယ်ကောင်းသော အတ္တရှိသည့် သူသည် သူ့အား ခွင့်လွှတ်ရန်၊ လိုက်လျောရန်၊ မငြိမ်မသက်လှုပ်ရှားနေသော သူ့စိတ်ဝိညာဉ်ကို နှစ်သိမ့်ရန် ထိုမွှေးကြိုင်သင်းပျံ့သော နှလုံးသားကို အသုံးပြုခဲ့သည်။
သူသည် သူ့လက်ကောက်ဝတ်ကို ဇွတ်ဆုပ်ကိုင်ကာ သူ​၏ ပြင်းထန်စွာခုန်နေသော နှလုံးအပေါ်သို့ ဖိထားလိုက်ပြီး လောင်ကျွမ်းနေသောမီးထဲသို့ ခန်းခြောက်သွားသော သူ၏ ပြင်းပြသောဆန္ဒကို သူနားလည်စေရန် ကြိုးစားလိုက်သည်။
"အရှင့်သား..."ဟူ၍ သူသည် နာကျင်စွာ၊ စိတ်အားထက်သန်စွာဖြင့် ခေါ်လိုက်ပြီး သူ့ပါးပြင်ပေါ်သို့ အပူငွေ့များ တဟုန်ထိုး ပြေးဝင်လာကာ "အရှင့်သား..."
ရထားလုံးသည် ကြယ်ရောင်နှင့်အပြိုင် တောက်ပနေသော လရောင်အောက်ရှိ ကျောက်တုံးပြာလမ်းပေါ်သို့ ဖြတ်သွားစဉ် လှုပ်ယမ်းသွားပြီး ဖုန်မှုန့်အနည်းငယ် လိမ့်လာကာ တဖန် ငြိမ်သက်သွားပြန်သည်။
လီယွမ်မင်သည် ထိုတောင့်တင်းသော ရင်ဘတ်တွင် တင်းတင်းကျပ်ကျပ် ပွေ့ဖက်ခံနေရပြီး တစ်ဖက်လူ၏ နှလုံးသည် သူ့နားရွက်ဘေးတွင် ပြင်းထန်စွာ ခုန်နေသည်။ ရုတ်​တရက်​ပင်​ သူ့တွင်​ မည်​သည့်​အားမျှ မရှိတော့ပေ။
လီယွမ်မင်သည် သူ့အပေါ် အကြွေးတင်နေသည်ဟု ဝမ်းနည်းမှု​၏ အတွေးနက်နက်ထဲမှ တွေးနေမိသည်။ အရင်ဘဝက သူသည် သူ့အပေါ် အကြွေးတင်နေခဲ့သည်။
Telegram မှာ အပြီးအထိ တင်ပြီးပါပြီနော်။
အရင်ဘဝက သစ္စာဖောက် စစ်သူကြီး​၏ ကိုယ်ဝန်ကို ငါ လွယ်ထားရပြီ
Continue Reading
You'll Also Like
4.3K 249 18
4.7M 526K 58
{Both Zg&Uni} အသေမခွီးရတောင် တစ်ချက်တော့ပြုံးမိဖို့ အာမခံပါတယ် ..💚 Start - { 11,8,2020 } End - { 25,11,2020 } အသေမခွီးရတောင် တစ်ချက်တော့ပြုံးမိဖို့...
38.3K 5.2K 6
နတ်ဆိုးလေးတစ်ကောင်က ကျင့်ကြံသူလေးရဲ့နောက်ကို တကောက်ကောက်လိုက်ပြီး သူနဲ့အိပ်ဖို့ ပြောနေတယ်။ I am just Translator and this precious story is not belong...
229K 20.6K 90
Translation work of Best Novels Collection Team- BNC Team U can search 'Best Novels Collection Team' on Fb💛 BL love novel (We have PaidGP) 💛💙💜💚❤...