အခန်း (၄၇)

1.6K 197 0
                                    

အရင်ဘဝက သစ္စာဖောက် စစ်သူကြီး​၏ ကိုယ်ဝန်ကို ငါ လွယ်ထားရပြီ

အခန်း ၄၇

ကွမ်အန်းဘုရင်အိမ်တော်ရှေ့ရှိ အစောင့်အကြပ်များသည် တည်တည်ကြည်ကြည် ရပ်နေကြသည်။ ကျောက်ခြင်္သေ့ကြီးနှစ်ကောင်အောက်တွင် နားနေသော စာကလေးငှက်လေးများ​၏ ကျည်ကျည်ကျာကျာအော်သံ ကြားနေရပြီး သူတို့သည် လူသံကြားသောအခါ တကျွီကျွီအော်ကာ အဝေးသို့ ပျံသန်းသွားကြသည်။

ရွှယ်ကျိုက်ရှင့်သည် မြင်းပေါ်သို့ တက်ကာ ဇက်ကြိုးကိုဆွဲပြီး မြင်းခေါင်းကိုလှည့်ရန် ကြိုးစားပြီးနောက် တစ်ခုခုကိုတွေးမိကာ နောက်သို့ ပြန်လှည့်လာပြန်သည်။

"နောက်ခြောက်ရက်ကြာရင် ကျွန်တော်မျိုး သားရဲ့ဆယ်နှစ်ပြည့်မွေးနေ့ပါ။ ကျွန်တော်မျိုးအိမ်တော်မှာ မိသားစုစားသောက်ပွဲကျင်းပမှာပါ၊ ကျွန်တော်မျိုးကို ဂုဏ်ပြုပေးတဲ့အနေနဲ့ တက်ရောက်ပေးနိုင်ပါသလား?"

လီယွမ်မင်သည် အနည်းငယ် ပြုံးလိုက်ပြီး- "တက်ရမှာပေါ့"

ရွှယ်ကျိုက်ရှင့်သည် ခေါင်းကို အနည်းငယ်ငုံ့ကာ သူ့အကြည့်များက အဆက်မပြတ်ပြုံးနေသည့် မျက်နှာထက်တွင် အကြိမ်ပေါင်းများစွာ လှည့်ပတ်နေသည်။ သူ့ရင်ထဲက ခံစားချက်သည် ပိုပိုကျယ်ပြန့်လာသည်။ သူသည် သူ့ကိုယ်သူ ထိန်းချုပ်ပြီး သူ့လည်စလုပ်သည် ရွေ့လျားသွားကာ နှုတ်ဆက်ရန် လက်ကို မြှောက်လိုက်ပြီး ထွက်ခွာသွားသည်။

ရှည်လျားသောလမ်း၏အဆုံးတွင် ထိုပုံရိပ်ပျောက်ကွယ်သွားသောအခါ လီယွမ်မင်မျက်နှာပေါ်ရှိ အပြုံးသည် တဖြည်းဖြည်း အေးစက်လာသည်။ သူ့မျက်လုံးများသည် ရေခဲတုံးများကဲ့သို့ ထင်ရပြီး ချက်ချင်းပင် အလျင်အမြန် ခပ်သွက်သွက် ခြေလှမ်းများဖြင့် နောက်ပြန်လှည့်သွားသည်။

သူ့နောက်က အစောင့်များသည်လည်း ချက်ချင်း သူ့နောက်ကလိုက်သွားသည်။

နောက်ဖက်ခန်းမထဲသို့ ဝင်လိုက်သော် အေးစက်စက် အမူအရာ၊ အသက်မပါသော မျက်နှာ၊ ခါးမတ်မတ်နှင့် နီလျဲ့ကို မြေပြင်ပေါ်တွင် ဒူးထောက်လျက်ရှိသည်ကို တွေ့လိုက်ရသည်။

အရင်ဘဝက ပုန်ကန်ခဲ့တဲ့ စစ်သူကြီးရဲ့ ကိုယ်ဝန်ရသွားပြီ။Where stories live. Discover now