အခန်း (၁၉)

4K 489 1
                                    

အရင်ဘဝက သစ္စာဖောက် စစ်သူကြီး​၏ ကိုယ်ဝန်ကို ငါ လွယ်ထားရပြီ

အခန်း ၁၉

လရောင်သည် ကျောက်တုံးပြာပေါ်သို့ ဖျန်းပက်နေသည်။ လမ်းမျက်နှာပြင်သည် ကြည်လင်သော အလင်းရောင် ကန်ထွက်နေပြီး ရထားလုံး​၏ လှုပ်ယမ်းဖိသိပ်မှုကြောင့် လျှပ်တစ်ပြက်အတွင်းတွင် ဖုန်လိမ့်အနည်းငယ် လိမ့်လာခဲ့သည်။

"အရှင့်သား"

တိုးညှင်းသော အသံပြုကာ နီလျဲ့သည် ဝေါယာဉ်ကန့်လန့်ကာကို ဖွင့်ကာ ဝင်လိုက်သည်။

လီယွမ်မင်သည် ဝေါယာဉ်ပြတင်းပေါက်ကို မှီကာ တစ်ရေးအိပ်နေသည်။ နီလျဲ့ကို မြင်သော် လရောင်အောက်က ရေမှုန်ရေမွှားများလို သူ့မျက်ခုံးများက ချက်ချင်း ပြေလျော့သွားသည်။

"အားလျဲ့ပါလား"

နီလျဲ့သည် ခုနစ်နှစ်ကြာအောင် မြင်နေရသော ဒီမျက်နှာက ရုတ်တရက် မျက်လုံးထဲသို့ တိုးဝင်လာသော် အသက်ရှုမဝသလိုပင်ဖြစ်သွားသည်။

လီယွမ်မင်သည် မွေးကတည်းက လှသည်ဆိုတာ သူ အမြဲသိခဲ့ပါသည်။ အသက်ကြီးလာသည်နှင့်အမျှ ဤရင်သပ်ရှုမောဖွယ် အလှသည် ပို၍ပင်လှလာကာ ခြောက်သွေ့အက်ကွဲနေသော သူ့နှလုံးသားထဲတွင် ကြီးထွားလာပြီး မွှေးကြိုင်သော ရနံ့များဖြင့် အဆက်မပြတ် ပွင့်လန်းလာသည်။

သူ့ခြောက်သွေ့မှုကို ပြေပျောက်စေသော ဤမွှေးရနံ့ကို တစ်ခါတစ်ရံတွင် ဤကဲ့သို့ နူးညံ့သိမ်မွေ့လှပပြီး ဆွဲဆောင်မှုမရှိပါစေနဲ့လို့ သူမျှော်လင့်မိသည်။

ဝံပုလွေတွေ အများကြီးရှိသည်လေ။

သူ့အပေါ် နားမလည်နိုင်သော စေ့ဆော်မှုများကို ဖုံးကွယ်ထားသည့် ထိုအကြည့်များကို သူမြင်နေသရွေ့ သူ့နှလုံးသားသည် ကြောက်မက်ဖွယ်ကောင်းသော ဖိနှိပ်ချုပ်ချယ်မှုဖြင့် ပြည့်နှက်နေသည်။

သူတို့ကို စုတ်ဖြဲပစ်ချင်သည်။ သူ့နှလုံးသား တစ်ထောင့်တစ်နေရာက ရိုင်းစိုင်းသော သားရဲသည် ဟိန်းဟောက်နေခဲ့သည်။

သူသည် ငယ်စဉ်ကတည်းက တစ်ကိုယ်တည်းနေထိုင်သော လူထူးလူဆန်းတစ်ဦးအဖြစ် သတ်မှတ်ခံခဲ့ရပြီး ရဲရိုတရားရုံးတွင် ရက်စက်ကြမ်းကြုတ်သော တိရစ္ဆာန်အဖြစ် သတ်မှတ်ခံခဲ့ရသည်။ အမှန်စင်စစ် သူသည် လူသားတစ်ဦးဖြစ်သော်လည်း ရံဖန်ရံခါတွင် သူသည် ရက်စက်ကြမ်းကြုတ်သော တိရစ္ဆာန်တစ်မျိုး ဖြစ်သည်ဟု သူခံစားမိသည်။ တစ်ယောက်ယောက်က သူ့ပန်းကို လိုချင်တပ်မက်လာသည့်အခါတိုင်း သူ့အစွယ်များကို ပြပြီး သူ​၏ အချွန်ထက်ဆုံးသွား၊ အပြင်းထန်ဆုံးသော အားဖြင့် ထိုလူများကို လူမဆန်စွာ တစ်စစီ ဆွဲဖြဲချင်ခဲ့သည်။

အရင်ဘဝက ပုန်ကန်ခဲ့တဲ့ စစ်သူကြီးရဲ့ ကိုယ်ဝန်ရသွားပြီ။Where stories live. Discover now