အခန်း (၅)

5.5K 569 5
                                    

အရင်ဘဝက သစ္စာဖောက် စစ်သူကြီး​၏ ကိုယ်ဝန်ကို ငါ လွယ်ထားရပြီ

အခန်း ၅

လီယွမ်မင်သည် သူ့ခြေလှမ်းအရှိန်ကို မြှင့်လိုက်သော်လည်း ထောင့်မှထွက်လာသော ပြတ်သားသည့်အသံကို သူကြားနေရဆဲဖြစ်သည်။ သူ့အသက်ရှူသံတွေ နှေးသွားပြီး ကျုံးချွေ့နန်းဆောင်​၏ အတွင်းအစေခံမှ သံကြိုးတစ်ချောင်းဆွဲလာသည်ကို အဝေးကနေ တွေ့လိုက်ရသည်။ သူ့နောက်မှာ အနီးကပ်လိုက်နေသော "လူ" တစ်ယောက်ပါသည်။


အတိအကျပြောရလျှင် သူ့လည်ပင်းကို သံကြိုးဖြင့် ချည်နှောင်ထားပြီး လေးဘက်ထောက်လျက် တိရစ္ဆာန်တစ်ကောင်လို ဆွဲခေါ်ခြင်းခံလာရသည်။ သူ၏တံတောင်ဆစ်နှင့် ဒူးများသည် မြေပြင်ကြောင့် ပွန်းသွားကာ တဖြည်းဖြည်း သွေးထွက်လာပုံပေါ်သည်။ သို့သော် သူက ဂရုစိုက်ပုံမပေါ်ပါ။ ဗလာမျက်လုံးများဖြင့်သာ ရှေ့သိို့ သွားနေခဲ့သည်။


လီယွမ်မင်သည် အသက်အောင့်လိုက်ကာ လက်သီးများကို ဆုပ်ထားလျက် သူတို့ဖြတ်သွားသည်ကို  မျက်လုံးပင် စွေမကြည့်ခဲ့ပါ။  


အတွင်းအစေခံက နိမိတ်မကောင်းသော လီယွမ်မင်ကို မြင်သော်လည်း မနှုတ်ဆက်ပါ။ သူ့ကို လျစ်လျူရှုပြီး ထုံးစံအတိုင်း ဖြတ်လျှောက်သွားခဲ့သည်။


ခဏအကြာတွင် အဝေးက နန်းတော်တံခါးဆီမှ ဟိန်းဟောက်သံကို ကြားလိုက်ရသည်။ သံလှောင်အိမ်ကြီးနှစ်လုံးကို တွန်းထုတ်လာပြီး သန်မာသောကျားသစ်နှစ်ကောင်သည် သံစည်းရိုးတစ်ဖက်ဆီကနေ အချင်းချင်း ဟိန်းဟောက်နေကြသည်။

ဒူးထောက်နေသော ကောင်လေးသည် ခေါင်းငုံ့ကာ မျက်လုံးများ ငိုက်စိုက်လျက် အတွင်းအစေခံမှ မြေပြင်ပေါ် သို့ ပစ်ချလိုက်သည့် ညစ်ပတ်သော မုန့်ကို ကောက်ယူရန် ပါးစပ်ကို အသုံးပြုလိုက်ပြီး သားရဲတစ်ကောင်လို ကိုက်စားနေသည်။


လီယွမ်မင်သည် စိတ်ရှုပ်ထွေးလျက် အနောက်နန်းဆောင်သို့ ပြန်သွားလေသည်။ သူသည် ထိုနေ့ညတွင် အိပ်မက်ဆိုးများ ထပ်မက်ခဲ့ပြီး ညသန်းခေါင်တွင် အဖျားကြီးလာသည်။ လီယွမ်မင်သည် သူ့ကိုယ်သူ မနှိုးနိုင်ဘဲ ထာဝရ အိပ်မက်ဆိုးကြီးထဲသို့ ရောက်သွားသလို ခံစားရသည်။ သူ့အိမ်မက်ထဲမှာ နီရဲနေသော သံလှောင်အိမ်တစ်လုံးက အမြဲတမ်း ပါသည်။ 

အရင်ဘဝက ပုန်ကန်ခဲ့တဲ့ စစ်သူကြီးရဲ့ ကိုယ်ဝန်ရသွားပြီ။Where stories live. Discover now