အခန်း (၁၈)

4.5K 510 2
                                    

အရင်ဘဝက သစ္စာဖောက် စစ်သူကြီး​၏ ကိုယ်ဝန်ကို ငါ လွယ်ထားရပြီ

အခန်း ၁၈

နေဝင်သည်နှင့် နေဝင်ရီတရောအချိန် ကျရောက်လို့ လာလေပြီ။

လီယွမ်မင်သည် စံအိမ်ထဲတွင် နီယင်း၏ ကျည်ကျည်ကျာကျာအသံကို မကြားသည်မှာ အချိန်အတော်ကြာပြီဖြစ်၍ စိတ်ထဲတွင် အနည်းငယ် ထူးဆန်းနေသလို ခံစားလိုက်ရသည်။

ညစာစားပြီးနောက် နီယင်း၏ အရိပ်အယောင်ကို မမြင်ရသေးသည့်အတွက် လီယွမ်မင်သည် အနည်းငယ် စိတ်မသက်မသာဖြစ်ပြီး အစေခံကောင်လေးကို စုံစမ်းရန် ချက်ချင်း စေလွှတ်လိုက်သည်။ ခဏအကြာတွင် အစေခံကောင်လေးမှ နီယင်းနှင့် ကလေးအုပ်စု ပြန်မရောက်သေးကြောင်း စကားပြန်လာသည်။

လီယွမ်မင်သည် မျက်မှောင်မကျုံ့ဘဲ မနေနိုင်တော့ပေ။ နေဝင်နေပြီလေ။ လင်နန်နယ်နိမိတ်တွင် ဓားပြများစွာရှိသည်။ ရွှင်ထိုင်အစိုးရက သတ်မှတ်ချိန်အတွင်း အပြင်မထွက်ရ အမိန့်ထုတ်ပြန်ထားပြီးဖြစ်သည်။ ဘုရားပွဲပြီးသွားသည်မှာ ကြာလောက်ပြီ။ ရိုရှစ်(ညနေ ၅-၇ နာရီ)အချိန်တောင် ကျော်လွန်သွားခဲ့ပြီဖြစ်သည်။ ဒီကလေးများက အခုထိ ပြန်မလာသေးပါ။

သူ့စိတ်ထဲတွင် သံသယစိတ်များ ပေါ်လာပြီး ကျန်းလုံကို အမြန်ခေါ်ကာ အခြေအနေကိုစုံစမ်းရန် အနောက်ဘက်လမ်း ဘုရားပွဲတော်သို့ လူနှစ်ဦးစေလွှတ်ရန် အမိန့်ပေးလိုက်သည်။ သို့သော် သူပြန်လာသောအခါ ဘုရားပွဲတော်သည် ပြီးသွားပြီဖြစ်ကြောင်းနှင့် သူတို့ကို မည်သည့်နေရာမှာမှ မတွေ့ခဲ့ကြောင်း သတင်းပို့လာသည်။ သူတို့နောက်လိုက်ဖို့ ကျိုးသ့ဝူ ထည့်လိုက်သော စစ်သည်လေးယောက်ကိုပင် မတွေ့ခဲ့ရပါ။

ဒီနေ့ရက်များတွင် ဤလူငယ်များသည်လည်း ပျော်ပါးချင်ကြပေမယ့် နီလျဲ့၏ ပြင်းထန်သောပြစ်ဒဏ်ကို တွေးကာ အရမ်းနောက်ကျမနေရဲကြပါ။ လီယွမ်မင်သည် စိတ်ထဲမကောင်းစွာ စိတ်ထင့်နေသောကြောင့် အိမ်ရှေ့ခန်းမဆီသို့ အမြန်သွားပြီး အစောင့်တစ်ဒါဇင်ကို ခေါ်ကာ သတင်းစုံစမ်းရန် သီးခြားစီ စေလွှတ်လိုက်သည်။

အရင်ဘဝက ပုန်ကန်ခဲ့တဲ့ စစ်သူကြီးရဲ့ ကိုယ်ဝန်ရသွားပြီ။Where stories live. Discover now