အခန်း (၂)

7.4K 789 4
                                    

အခန်း ၂

သူ့မျက်နှာပေါ် ဗြန်းခနဲ ရေခဲရေနှင့် အပက်ခံလိုက်ရသည်။ အလွန်တရာ အေးစက်လှသည်။

လီယွမ်မင်သည် ခေါင်းကွဲမတတ် ခေါင်းကိုက်နေပြီး ယောင်ဝါးဝါးဖြင့် မျက်လုံးများကို ဖွင့်လိုက်သည်။

သူ့အား အစေခံ နှစ်ဦးမှ စောင့်ကြပ်ပေးနေသည်။ ခမ်းနားထည်ဝါသော ၀တ်စုံနှင့် သရဖူဆောင်းထားသော တော်ဝင်လူငယ်နှစ်ဦးသည် သူ့မျက်စိရှေ့တွင် ရပ်နေပြီး အနည်းငယ် အရပ်ရှည်သော လူငယ်၏ နှုတ်ခမ်းထောင့်သည် အေးစက်စက် လှောင်ပြုံးတစ်ခုကဲ့သို့ ရက်စက်ဟန်ဖြင့် အပေါ်တွန့်သွားကာ ကျန်တစ်ဦးသည် ဒေါသအပြည့်နှင့်ဖြစ်နေသည်-

"ငါ့ကို အစ်ကိုတော်ကို ရှုံးအောင်လုပ်တာ ဒီမျိုးစေ့မမှန်တဲ့ကောင်ကြောင့်ပဲ"

လီယွမ်မင်က ခေါင်းခါလိုက်သည်။ ဧကရာဇ်ဖြစ်လာကတည်းက ဒီလိုအရှက်ရမှုတွေ ရပ်တန့်သွားသည်မှာ နှစ်ပေါင်းများစွာကြာပြီ ဖြစ်သည်။ သူသည် ရေအေးများကို ပါးစပ်မှ ထွေးထုတ်လိုက်ပြီး စိတ်ထဲတွင် ရှုပ်ထွေးမှုများ မြင့်တက်လာသည်။

စကားပြောနေသူမှာ စတုတ္ထမြောက်မင်းသား လီယွမ်ရွှိ့ဖြစ်သည်။ နောက်တစ်ယောက်ကတော့ ဒုတိယမင်းသား လီယွမ်လန်ဖြစ်သည်။

သူတို့နှစ်ဦးလုံးက ပုန်ကန်မှုမှာ သေသွားကြပြီ မဟုတ်ဘူးလား။ ဘယ်လိုလုပ် ငါ့ရှေ့မှာ ရှိနေကြပြီး ဒီလောက်ငယ်ရွယ်နေကြတာလဲ။

ငါ.. .အသက်ပြန်ရှင်လာတာလား?

ရင်းနှီးပြီး ရင်းနှီးကျွမ်းဝင်မှုမရှိသော ပတ်ဝန်းကျင်ကို မြင်လိုက်ရတော့ လီယွမ်မင်၏ ခေါင်းသည် တဆစ်ဆစ်ကိုက်လာပြီး အရိုးထိတိုင်အောင် အေးစက်လှသည့် ကြောက်မက်ဖွယ်ရာ အတွေးတစ်ခုက ပေါ်ပေါက်လာသည်။

လီယွမ်ရွှိ့သည် စကားမပြောဘဲ တောင့်တင်းပြီး ငူငူကြီးလုပ်နေသောသူ့ကို မြင်လိုက်ရသော် ပိုလို့ပင် ဒေါသထွက်လာကာ သူ့တစ်ကိုယ်လုံးရွှဲသွားသည်အထိ ရေတွေ ထပ်ခါထပ်ခါ ပက်လိုက်သည်။

ယနေ့တွင် လီယွမ်ရွှိ့သည် အကြီးဆုံး အစ်ကိုတော် လီယွမ်ချန်နှင့်အတူ လေးပစ်ပြိုင်ပွဲတွင် ပါဝင်ခဲ့သည်။ မင်းညီမင်းသားများ စိတ်ကျေနပ်မှုရစေရန်အတွက် အတွင်းတော်အစေခံများသည် ရဲရိုနန်းဆောင်မှ အဆင့်နိမ့်ကျွန်များကို ခေါ်ဆောင်လာခဲ့သည်။ သက်ရှိပစ်မှတ်သည် သက်မဲ့ထက် များစွာ စိတ်ဝင်စားစရာကောင်းသည်လေ။ သူတို့နှစ်ဦးစလုံးသည် စိတ်ဓာတ်တက်ကြွစွာဖြင့် မည်သူမျှနောက်ကောက်ကျမနေဘဲ ပြိုင်ပွဲမှာ ပြင်းထန်နေသည်။ သေဆုံးသွားသော ကျွန်များမှာ သရေဖြစ်နေသည်။

အရင်ဘဝက ပုန်ကန်ခဲ့တဲ့ စစ်သူကြီးရဲ့ ကိုယ်ဝန်ရသွားပြီ။Where stories live. Discover now