အခန်း (၅၆)

1.3K 145 3
                                    

အရင်ဘဝက သစ္စာဖောက် စစ်သူကြီး​၏ ကိုယ်ဝန်ကို ငါ လွယ်ထားရပြီ

အခန်း ၅၆

ခြောက်ရက်၊ ခုနစ်ရက်ကြာ ရွာလိုက်တိတ်လိုက် ဖြစ်နေသည့် သည်းထန်သောမိုးသည် နောက်ဆုံးတွင် ရပ်တန့်သွားခဲ့ပြီး ကောင်းကင်သည် လုံးဝ ကြည်လင်လာသည်။

နောက်နှစ်ရက်ကြာပြီး နောက်ဆုံးတွင် ဘုရင်ခံရွှယ်ကို တွေ့ရှိခဲ့သည်။ သူ့အလောင်းသည် ချန်းကျန်းမြစ်​၏ ရေစုန်အတိုင်း မျောပါသွားခဲ့သည်။ တွေ့ရှိချိန်တွင် သူ့အလောင်းအား ခိုင်ခံ့သောကြိုးဖြင့် ချည်နှောင်ထားပြီး သူ့အဝတ်တွင် စုတ်ပြဲပြတ်ရှအရာများ ကျန်ရှိနေသေးသည်။ မြစ်ကမ်းနံဘေးတွင် အမွှေးနံ့သာအိုးများ၊ ဖယောင်းတိုင်များနှင့် အခြားယဇ်ပူဇော်ပစ္စည်းများကို တွေ့ရှိခဲ့ပြီး ယင်းမှာ ပင်လယ်ဓားပြအကြွင်းအကျန်များ၏ သတ်ဖြတ်ခြင်းကို ခံခဲ့ရပြီး သေလူများကို နှစ်သိမ့်ရန် ကောင်းကင်ဘုံသို့ ပူဇော်ခြင်းခံရသည့် အဓိပ္ပာယ်ဖြစ်သည်မှာ ထင်ရှားလှပါသည်။

ရွှယ်ကျိုက်ရှင့်၏အလောင်းသည် ချန်းကျန်းမြစ်​၏ ရွှံ့ရေထဲတွင် နှစ်ရက်ကြာ နစ်နေခဲ့သည်။ သူ့မျက်နှာကို ဘယ်သူမှ မမှတ်မိနိုင်ခဲ့ပါ။ သူ့ခန္ဓာကိုယ်ပေါ်ရှိ ဘုရင်ခံဝတ်စုံသာ မရှိပါက၊ သူ့အိမ်နောက်ဖေးရှိ မောင်းမမိဿံများက သူ့ခန္ဓာကိုယ်ပေါ်ရှိ မွေးရာပါအမှတ် အနည်းငယ်ကို မခွဲခြားနိုင်ခဲ့ပါက ဝက်ကဲ့သို့ ဖောရောင်နေသော ဒီလူသည် အမှန်တကယ်ပင် မြစ်နှစ်စင်းနှင့် ပြည်နယ်သုံးခု​၏ စစ်သည်များကို အုပ်ချုပ်သော အင်ပါယာတရားရုံးတော်အရာရှိ၊ ရွှယ်ကျိုက်ရှင့်ဖြစ်သည်ကို မည်သူမျှ မသိနိုင်ပေ။

ဒီအခြေအနေရောက်မှတော့ ဝေ့ရန်သည် ၎င်းကို ဖုံးကွယ်ရန် သတ္တိမရှိတော့ဘဲ မြို့တော်သို့ စာတစ်စောင် အမြန်ပို့လိုက်သည်။

ကြီးကျယ်ခံ့ညားသော အဆင့်မြင့်အရာရှိသည် ဓားပြလက်တွင် အမှန်တကယ် သေဆုံးသွားသဖြင့် ဧကရာဇ်ဘုရင်သည် ဒေါသအမျက်ချောင်းချောင်း ထွက်သဖြင့် ဧကရာဇ်အမိန့်သည် အလွန်လျင်မြန်စွာ ထွက်ပေါ်လာပြီး ထိုအရေးကိစ္စကို ဖြေရှင်းရန်၊ ညတွင်းချင်း ကျန်းပေစခန်းသို့ အပြေးသွားရန်၊ ဧကရာဇ်တရားရုံးတော်​၏ လက်ဝဲအမတ်ချုပ်ကြီးအား တရားရေးဝန်ကြီးဌာနမှ အရာရှိများနှင့် ပူးပေါင်းရန် အမိန့်ထုတ်ပြန်ခဲ့သည်။ ဤကဲ့သို့သော အရာရှိအဆင့် အရေးကိစ္စများ ပါ၀င်နေသောကြောင့် အိမ်ရှေ့မင်းသား လီယွမ်ချန်သည်ပင် ထိတ်လန့်သွားပြီး တောင်ဘက် ကျင်းကွမ်းအဖွဲ့နောက်သို့ လိုက်သွားခဲ့သည်။

အရင်ဘဝက ပုန်ကန်ခဲ့တဲ့ စစ်သူကြီးရဲ့ ကိုယ်ဝန်ရသွားပြီ။Where stories live. Discover now