အခန်း (၆၄)

1.3K 166 1
                                    

အရင်ဘဝက သစ္စာဖောက် စစ်သူကြီး​၏ ကိုယ်ဝန်ကို ငါ လွယ်ထားရပြီ

အခန်း ၆၄

ကောင်းကင်သည် မည်းမှောင်နေပြီး အေးစက်သော တိမ်တိုက်များ ထွက်ပေါ်လာသည်။ ကြမ်းကြုတ်သော မြင်းသည် ကဆုန်စိုင်းလာရာ ဆောင်းလေသည် မျက်နှာကို ဖြတ်တိုက်လိုက်သဖြင့် အနည်းငယ် နာကျင်သွားသော်လည်း နီလျဲ့သည် လုံးဝဂရုမစိုက်ပေ။ သူ့ကိုယ်သည် ရှေ့သို့ တစ်ဝက်ကိုင်းနေပြီး သူ​၏ နီရဲနေသော မျက်လုံးများသည် ရှေ့သို့သာ စူးစိုက်နေခဲ့သည်။

မြို့စွန်စခန်းကို ကျယ်ပြောသော နံနက်ခင်းအလင်းရောင်ဖြင့် လွှမ်းခြုံထားသည်။ ကင်းလှည့်တပ်သားများသည် သူတို့၏တပ်မှူး မြင်းကိုကဆုန်စိုင်းစီးလာသည်ကို အဝေးမှ လှမ်းကြည့်ကာ ဦးညွှတ်ရန် ရှေ့သို့ ပြေးသွားကြသည်။

"ဟိတ်...."

ကြမ်းကြုတ်သော မြင်းသည် ရုတ်တရက် ရပ်သွားကာ မြင်း၏ရှေ့ခြေသည် လေထဲတွင် တွဲလောင်းကျနေပြီး မြေပြင်ပေါ်သို့ သက်ဆင်းလိုက်သည်။ နီလျဲ့သည် လျင်မြန်စွာ လှည့်ကာ မြင်းပေါ်မှ ဆင်းလိုက်ပြီး ဇက်ကြိုးကို တပ်သားတစ်ဦးဆီသို့ ပစ်ပေးကာ တဲဆီသို့ အမြန်သွားလိုက်သည်။

ကြီးမားသောအင်အားတစ်ခုက သူ့ကို ကုတင်ပေါ်မှ ဆွဲထူလိုက်သောအခါ ချောင်ကန်းသည် အိပ်နေဆဲဖြစ်သည်။

နီရဲနေသော မျက်လုံးများနှင့် တပ်မှူးကို မြင်သောအခါ ချောင်ကန်းသည် ကြောက်လန့်သွားသည်– "လူ... လူကြီးမင်း?"

နီလျဲ့၏ အသက်ရှုသံသည် ပူလောင်ပြင်းပြနေပြီး သူ့မျက်နှာသည် မကောင်းဆိုးဝါးအလားပင်။ သူသည် သူ့ဝတ်ရုံအဟကို ဆောင့်ဆွဲလိုက်ပြီး- "အဲ့ဒီဧကရာဇ်ချောင်ယွမ်... သူ့ကို ကောင်းကောင်းမြှုပ်နှံခဲ့လား?"

ချောင်ကန်းသည် ခဏလောက် ကြောင်သွားပြီး ပြောလိုက်သည်- "ဘာကိုဆိုလိုတာပါလဲ?"

နီလျဲ့သည် ဒေါသတကြီးနှင့်- "ငါမေးခွန်းမေးတဲ့အခါ မင်းရဲ့အလုပ်က ဖြေဖို့ပဲ"

ချောင်ကန်းသည် သူ့တံတွေးကို မျိုချလိုက်ပြီး အလျင်စလို ပြန်ဖြေလိုက်သည်- "သူ့ကို ဧကရာဇ်ထုံးတမ်းစဉ်လာအရ မြှုပ်နှံခဲ့ပါတယ်"

အရင်ဘဝက ပုန်ကန်ခဲ့တဲ့ စစ်သူကြီးရဲ့ ကိုယ်ဝန်ရသွားပြီ။Where stories live. Discover now