အခန်း (၃၅)

2.2K 248 3
                                    

အရင်ဘဝက သစ္စာဖောက် စစ်သူကြီး​၏ ကိုယ်ဝန်ကို ငါ လွယ်ထားရပြီ

အခန်း ၃၅

ညမိုးချုပ်လာသည်။

နေဝင်ချိန်​၏ လက်ကျန် အရိပ်အယောင်လည်း ပျောက်ကွယ်သွားသည်။ ညသည် မှင်အလား ကောင်းကင်ကို မည်းနက်နေစေ၏။

ညနေအစောပိုင်းတွင် ကျူးချွဲ့လမ်းသည် ပုံမှန်အတိုင်း ငြိမ်သက်နေခဲ့သည်။ ကွမ်အန်းဘုရင်အိမ်တော်ဂိတ်တံခါးရှေ့ရှိ ကျောက်ခြင်္သေ့နှစ်ကောင်သည် နှစ်ယောက်စီ ဖြတ်သွားသော ကင်းလှည့်တပ်သားများကို အပေါ်စီးမှ ကြည့်နေပြီး တိတ်ဆိတ်စွာ တည်ရှိနေသည်။ ဟင်္သာပဒါးတံခါးကို ပိတ်ထားသော်လည်း အဟမှတစ်ဆင့် ထိုးထွက်တောက်ပနေသော အလင်းရောင်ကြောင့် တံခါးအတွင်းမှ သက်ဝင်လှုပ်ရှားနေသော အရိပ်အယောင်ကို မြင်နိုင်သည်။

ဒီနေ့သည် ကွမ်အန်းဘုရင်အိမ်တော်တွင် ကျင်းပသည့် စားသောက်ပွဲဖြစ်သည်။

နီလျဲ့ နယ်စပ်စခန်းသို့ သွားရသည့်အတွက် ကျင်းပသည့်ပွဲလည်း ဖြစ်သည်။

စားသောက်ပြီးခါနီးမှာ အများစုသည် အရက်မူးနေပြီး လှုပ်ယမ်းကာ ခွက်ချင်းတိုက်နေကြသည်။

နီလျဲ့၏ ညာဘက်တွင် ထိုင်နေသော ကျိုးသ့ဝူသည်လည်း အရက်အနည်းငယ် ပိုသောက်နေခဲ့သည်။

ထို့ကြောင့် သူသည် ရင်းနှီးသော သူငယ်ချင်းများကဲ့သို့ နီလျဲ့​၏ ပုခုံးကိုဖက်ကာ အသေးအဖွဲကိစ္စအချို့ပြောရန် သူ့ဖက်သို့ ဆွဲထားသည်။

"မင်းအသက်ဆယ့်ရှစ်နှစ်ရှိပြီ၊ မိသားစုတစ်ခုစဖို့အချိန်ရောက်ပြီ" ကျိုးသ့ဝူသည် လေကျယ်လာကာ သူ့မျက်လုံးများက အနည်းငယ် ရီဝေဝေဖြစ်နေပြီး နီလျဲ့ကို ချဉ်းကပ်ကာ- "ပြီးခဲ့တဲ့ တစ်ခေါက်က အဲ့ဒီအကြောင်းမေးတာ... အဲ့ကောင်မလေးကြောင့်မလား၊ နောက်ကျ အစ်ကိုတွေကို သူနဲ့ မိတ်ဆက်ပေးသင့်တယ်"

နီလျဲ့သည် ဘာမှ မပြောပါ၊ သူ စကားပြောစရာ မရှိသည့်အခါတိုင်း သူသည် အမြဲအေးစက်ကာ တင်းမာနေပုံပေါ်သည်။ ကျိုးသ့ဝူသည် သူ့ပင်ကိုယ်စိတ်ထားကိုသာ မသိလျှင် နီလျဲ့သည် မာနကြီးပြီး အဖက်မလုပ်သလို ထင်ရပေမယ့် ဒီလူငယ်သည် ဒီလိုမျိုးလုံးဝမဟုတ်ဘူးဆိုတာ သူသိသည်။

အရင်ဘဝက ပုန်ကန်ခဲ့တဲ့ စစ်သူကြီးရဲ့ ကိုယ်ဝန်ရသွားပြီ။Where stories live. Discover now