အခန်း (၃၃)

2.8K 306 3
                                    

အခန်း ၃၃

"ဘာ!"

ယွမ်ချုံရှန်း သည် ယနေ့ အိပ်ရာထနောက်ကျသည့်အတွက် အကြံပေးချောင် သတင်းလာပို့သောအခါ ရိုးရိုးအဝတ်အစားများနှင့်ပင် ရှိနေသေးသည်။ သူသည် ထိတ်လန့်သွား၍ သစ်တော်သား ပန်းပွင့်စားပွဲကို ပုတ်လိုက်မိသည်။ စားပွဲပေါ်ရှိ လက်ဖက်ရည်ခွက်သည် လှုပ်သွားပြီး စားပွဲပေါ် ရေများမှောက်ကာ မြေပေါ်သို့ ကျသွားသည်။ ယွမ်သခင်မသည် သူ့ဆံပင်ကို စည်းကူပေးနေရင်း အကြံပေးချောင်ပြောစကားကြောင့် ဖြူဖျော့သွားသည်။

"ငါ့သား ဘေးကင်းရဲ့လား?"

အကြံပေးချောင်က ချက်ချင်းပြောသည်- "စိတ်ချပါ သခင်မ၊ သခင်လေးက အသက်အန္တရာယ် မရှိတော့ပါဘူး။ ပြင်ပဒဏ်ရာ အနည်းငယ်ပဲ ရတာပါ။ သမားတော်တွေကို သွားစစ်ဆေးဖို့ ပြောပြီးသွားပါပြီ"

"အဲ့ဒီကောင်တွေက ဘာလုပ်လိုက်တာလဲ!" ယွမ်ချုံရှန်းသည် ဒေါသတကြီးဖြင့် သူ့အင်္ကျီလက်ကို ဆတ်ခနဲလှုပ်ရှားလိုက်ပြီး- "သူတို့က သူ့ကို တိုက်ရိုက် အေးအေးဆေးဆေး ပြောလို့ရတယ်လေ။ မမြင်ရသေးသရွေ့တော့ အပြစ်ကင်းတယ်လို့ မှတ်ယူရမှာပဲ!"

သခင်မက ငိုကာ- "အရှင်၊ ကျွန်မတို့ ယွမ်မိသားစုမှာ ကလေးက သူတစ်ယောက်တည်းရှိတာ။ သူ တစ်ခုခု ဖြစ်သွားရင် မြို့တော်မှာရှိတဲ့ သခင်မကြီးကို ဘာပြောရမလဲ?"

"ငါတို့ သူ့ကို အပြင်ထွက်ခွင့်ပေးပြီး ပြဿနာရှာခွင့်ပေးရင် ငါတို့ယွမ်မိသားစုက သူ့ကြောင့် ပျက်စီးရလိမ့်မယ်။ သူ့ကို ဖျက်ဆီးနေတာ အမေပဲ!"

ယွမ်ချုံရှန်း၏ မျက်နှာမှာ ဖြူဖျော့နေသည်။ သူ့မှာ ကိုယ်လုပ်တော် အများကြီး ရှိပေမယ့် ဒီနှစ်အားလုံးမှာ တစ်ဦးတည်းသော သားအဖြစ် ယွမ်ဖူသာ ရှိခဲ့သည်။ သခင်မကြီးသည် သူ့ကို အရမ်းချစ်ပြီး အလိုလိုက်သောကြောင့် သူသည် အရှက်ရစရာ ဖြစ်လာခဲ့သည်။ ချက်ချင်းပင် သူ့လက်ကို ဝှေ့ယမ်းကာ သခင်မယွမ်အား အတွင်းခန်းတွင် အနားယူစေရန် အစေခံခေါင်းဆောင်ကို ကူညီခိုင်းခဲ့သည်။

သူ့ဝတ်ရုံကို အမြန်ဝတ်လိုက်ပြီး- "အခု အပြင်မှာ ဘယ်လိုနေလဲ?"

အရင်ဘဝက ပုန်ကန်ခဲ့တဲ့ စစ်သူကြီးရဲ့ ကိုယ်ဝန်ရသွားပြီ။Where stories live. Discover now