အခန်း (၅၁)

1.9K 196 0
                                    

အရင်ဘဝက သစ္စာဖောက် စစ်သူကြီး​၏ ကိုယ်ဝန်ကို ငါ လွယ်ထားရပြီ

အခန်း ၅၁

မနေ့ညက သူတို့သည် အချစ်ကို ပြင်းပြင်းပြပြ ဖော်ဆောင်ရာတွင် စိတ်အလိုလိုက်ခဲ့ကြသည်။ လီယွမ်မင်သည် နေ့လည်စာစားချိန်အထိ အိပ်ခဲ့သည်။ သူသည် အမြဲတစေ ကိုယ့်စည်းကိုယ့်ကမ်းနှင့်နေသူ ဖြစ်သည်။ ရံဖန်ရံခါ ပျင်းတတ်သော်လည်း ရှားပါသည်။ မနက် ၅ နာရီကနေ ၇ နာရီအထိ မထသေးဘူးဆိုလျှင် စုန်းကျူက သူ့ကို နိုးရန် တံခါးလာခေါက်လိမ့်မည်ဖြစ်သည်။ ဒါသည် သူ့အသက်ဆယ့်လေးနှစ်က လုပ်ခဲ့သော စည်းကမ်းဖြစ်သည်။

မွန်းတည့်ချိန်နီးနေပြီဖြစ်ပြီး မည်သူကမျှ လာမနိုးသည်ကို မြင်ပြီး တွေးကြည့်သော် နီလျဲ့က အထူးညွှန်ကြားထားခြင်း ဖြစ်နိုင်သည်ဟု နားလည်လိုက်သည်။

သူသည် နီလျဲ့အား အမြဲတစေ နက်နက်ရှိုင်းရှိုင်း ယုံကြည်ကိုးစားကြောင်း အိမ်တော်ရှိလူတိုင်း သိကြသည်။ ထို့ကြောင့် တစ်ခါတစ်ရံတွင် အထက်လူကြီးတစ်ယောက်က လုံးဝ ခွင့်မပြုနိုင်လောက်သည့်အရာဖြစ်သည့် သူ့ဆန္ဒကိုပင် ဆန့်ကျင်ပြီး နီလျဲ့အမိန့်ကို လိုက်နာကြသည်။ သို့သော် ဒီကိစ္စတွင် လီယွမ်မင်သည် ကန့်သတ်ချက် နည်းနည်းလေးပင် မထားထားပါ။

ကြိမ်ဖန်များစွာ ဆင်ခြင်တုံတရားဖြင့် ပြတ်ပြတ်သားသား သဘောပေါက်သော်လည်း သူသည် ဦးနှောက်မရှိသည့်အလား သူ့ကို အမြဲအလိုလိုက်သည်။ တံခါးဖွင့်သံ ကျွီခနဲ ကြားလိုက်ရသောအခါ လီယွမ်မင်သည် ခါးခါးသီးသီး ပြုံးနေခဲ့သည်။

ဒီခြေလှမ်းမှန်မှန်​၏ ပိုင်ရှင်သည် ဘယ်သူလဲဆိုတာ သိရန် ကြည့်စရာပင် မလိုပါ။

ကန့်လန့်ကာမှတဆင့် ဖြည်းညှင်းစွာ ချဉ်းကပ်လာသော အရပ်ရှည်ရှည်ပုံရိပ်ကို ကြည့်ရင်း မနေ့က မွန်းကြပ်နေခဲ့သော အကြောက်တရား​၏ နောက်ဆက်တွဲသည် တဖြည်းဖြည်း ပျောက်ကွယ်သွားပုံရသည်။ လီယွမ်မင်သည် ဘာပဲဖြစ်ဖြစ် သူ့ကို မဆုံးရှုံးနိုင်ဘူး၊ သူသာလျှင် သူ့ကို အညစ်အကြေးထဲမှ ကယ်တင်နိုင်သည်ဟု တွေးမိသည်။

အရင်ဘဝက ပုန်ကန်ခဲ့တဲ့ စစ်သူကြီးရဲ့ ကိုယ်ဝန်ရသွားပြီ။Where stories live. Discover now