အခန်း (၂၉)

3.3K 294 3
                                    

အရင်ဘဝက သစ္စာဖောက် စစ်သူကြီး​၏ ကိုယ်ဝန်ကို ငါ လွယ်ထားရပြီ

အခန်း ၂၉

အပူလှိုင်းသည် နွေလယ်ခေါင်အလား တဖြည်းဖြည်း မြင့်တက်လာသည်။

နှင်းစက်များတင်ကျန်နေသော ပန်းဖူးလေးသည် ခမ်းနားလှပသော ပန်းတစ်ပွင့်အဖြစ် ပွင့်လန်းကာ စုစည်းထားသော ဝတ်ရည်များနှင့်အတူ မွှေးကြိုင်ချိုမြသော ရနံ့များ ထုတ်လွှတ်ကာ လူများကို ရှုရှိုက်မိစေသည်။

အရသာရှိသော ဘယ်ရီသီးတစ်လုံးကဲ့သို့ ချိုမြိန်ပြီး အရည်ရွှမ်းသော အရည်များ ထွက်လာသည့်တိုင်အောင် အထိန်းအချုပ်မဲ့ ချေမွခံရပြီး တစ်ယောက်သောသူ​၏ ခြောက်သွေ့နေသော စိတ်ဝိညာဉ်ထဲသို့ လောင်းချလိုက်သည်။

လီယွမ်မင်သည် အနည်းငယ်မျှပင် သူ့ကိုယ်သူ မထိန်းနိုင်ဟုသာ ခံစားလိုက်ရသည်။

သူသည် အဆုံးမရှိသော အမှောင်ထုကို မြင်လိုက်ရပြီး မှောင်လွန်းသည်မှာ မှင်ထဲတွင် နစ်မြုပ်နေသည့်အလား သူ့အာရုံများအားလုံးကို ပိတ်ဆို့ထားသည်။ သူသည် အသက်မရှုနိုင်ဘဲ ရေနစ်နေပုံရပြီး ပါးစပ်ကိုသာ ကူကယ်ရာမဲ့စွာ ဖွင့်နိုင်ခဲ့သည်။

အရမ်း ဝမ်းနည်းသည်၊ အရမ်းဝမ်းနည်းစရာကောင်းသည်။

အသက်ရှုကြပ်နေသည့်အခိုက်တွင် သူ့နားထဲတွင် ပေါက်ကွဲသံတစ်ခုကိုကြားလိုက်ရသည်။ တစ်စုံတစ်ခုက ကွဲအက်သွားပြီး သူ့ရှေ့က အဖြူရောင် အလင်းတန်းတစ်ခုသည် အမှောင်ထုတစ်ခုလုံးကို ချက်ချင်း လင်းထိန်သွားစေပြီး ရောင်စုံမီးရှုးမီးပန်းများ ထွက်ပေါ်လာသည်။

သူ၏ စိတ်ဝိညာဉ်သည် လေထဲတွင် ရုတ်တရက် လွင့်မျောသွားသည်။

အချိန်အတော်ကြာအောင် မီးရှုးမီးပန်းများ ပြည့်နှက်နေသော ကောင်းကင်တွင် နီလျဲ့၏ တိုးညှင်းသော အသံဩဩက နူးနူးညံ့ညံ့ စိတ်အားထက်သန်စွာ ခေါ်နေသည်ကို ကြားလိုက်ရသည်။

"အရှင့်သား...အရှင့်သား..."

သူ့အသိစိတ်သည် သူ့ခန္ဓာကိုယ်ထဲ ပြန်ဝင်လာပြီး သူ့အာရုံအားလုံးသည် တဖြည်းဖြည်း ပြန်ကောင်းလာခဲ့သည်။

အရင်ဘဝက ပုန်ကန်ခဲ့တဲ့ စစ်သူကြီးရဲ့ ကိုယ်ဝန်ရသွားပြီ။Where stories live. Discover now