အခန်း (၃၈)

1.9K 235 0
                                    

အရင်ဘဝက သစ္စာဖောက် စစ်သူကြီး​၏ ကိုယ်ဝန်ကို ငါ လွယ်ထားရပြီ

အခန်း ၃၈

ရွှယ်ကျိုက်ရှင့်သည် မြူးကြွသောအပြုံးဖြင့် ကွမ်အန်းအိမ်တော်တံခါးမှ ဖြည်းညှင်းစွာ ထွက်သွားသည်။

သူ့အစောင့်အကြပ်များသည် ကျောက်ခြင်္သေ့အနားမှာ မြင်းများနှင့်အတူ စောင့်ဆိုင်းနေကြသည်။ သူတို့သခင်ထွက်လာသည်ကို မြင်သော် ဇက်ကြိုးကို အမြန်ဆွဲလိုက်ပြီး မြင်းကို ရှေ့သို့သွားခိုင်းလိုက်သည်။

"အရှင်"

သူသည် ဘေးဘီကိုကြည့်ကာ အနီးသို့ တိုးလာပြီး တီးတိုးပြောသည်- "အရှင့်သားက နောက်ထပ် လျှို့ဝှက်အမိန့် ပို့လိုက်ပါတယ်၊ အကြောင်းပြန်အုန်းမှာပါလား?"

"မပြန်သေးဘူး" ရွှယ်ကျိုက်ရှင့်သည် ခေါင်းယမ်းကာ- "အကြောင်းမပြန်ခင် ရက်နည်းနည်း စောင့်အုန်းမယ်"

ဝမ်ကွေ့ဖေး​၏ အာဏာပြုတ်လုဆဲဆဲကို မြင်ပြီး အကြီးဆုံးအရှင့်သားသည် အနည်းငယ် စိတ်မရှည်ဖြစ်နေသည်။ တိတ်တဆိတ် ကြံစည်နေမှာကို သံသယဝင်နေပြီး အဝေးက လင်နန်မှာရှိသော ဒီအချောအလှလေးကိုပင် ကြောက်နေသည်။

သူသည် ဒီအလုပ်နှင့် အကျွမ်းတဝင်ရှိသည်မှာ ဆယ်နှစ်ကျော်ရှိပြီး သူ​၏ သတင်းကွန်ရက်သည် အနောက်တောင်ဒေသတွင် နက်နက်နဲနဲ အမြစ်တွယ်ထားသည်။ ထိုအလှလေးသည် ကောင်းကင်ကို ကိုင်လှုပ်နိုင်သည့်အစွမ်းကို ထားလို့ ကြီးမားသော ရည်မှန်းချက်ပင်မရှိပါ။ သို့သော် သူသည် အလွယ်တကူ ကိုင်တွယ်လို့ရသည့်လူတော့ မဟုတ်ပါ။ အဆုံးမှာတော့ သူ့ကို လျှော့တွက်မိသည်ကို ဝန်ခံပါသည်။

အခုလေးတင် ထိပ်တိုက်တွေ့ဆုံခဲ့သည်ကို သတိရရင်း ရွှယ်ကျိုက်ရှင့်သည် သူ့နှာခေါင်းကို ထိလိုက်ပြီး ရုတ်တရက် မွှေးရနံ့ပျပျက လျှပ်တစ်ပြက်ပေါ်လာခဲ့သည်။ သူသည် သေသေချာချာ အနံ့ခံရန် ဆန္ဒရှိပေမယ့် ထိုမွှေးရနံ့ပျပျသည် ချက်ချင်းပျောက်ကွယ်သွားသည်။ သူ့မွေးမိခင်တွင်လည်း ညစဉ် အရှင်မင်းကြီးကို ရမ္မက်ထကြွစေသည့် ဒီလိုမွှေးရနံ့မျိုးရှိသည်ဟု ကြားဖူးသည်... သူတို့​၏ ဂုဏ်သတင်းကို သိတာနှင့် လူချင်းတွေ့ဆုံတာက တကယ့်ကို ယှဉ်၍မရပါ။

အရင်ဘဝက ပုန်ကန်ခဲ့တဲ့ စစ်သူကြီးရဲ့ ကိုယ်ဝန်ရသွားပြီ။Donde viven las historias. Descúbrelo ahora