အခန်း (၄၁)

1.9K 222 0
                                    

အရင်ဘဝက သစ္စာဖောက် စစ်သူကြီး​၏ ကိုယ်ဝန်ကို ငါ လွယ်ထားရပြီ

အခန်း ၄၁

မထင်မှတ်ဘဲ ဒီလိုမျိုး ဖြစ်သွားတာကိုး!

ချောင်ကန်း​၏ လက်ဆယ်ချောင်းသည် သူ့ရှေ့က ရေညှိများကို ခပ်တင်းတင်းဖျစ်ညှစ်လိုက်သည်။

သူ့စိတ်ထဲတွင် အရင်ကတည်းက သံသယဝင်နေခဲ့ပြီး သူတို့နှစ်ယောက်ကြားက အရာအားလုံးကို သေသေချာချာ အာရုံစိုက်ခဲ့သည်။ အခြားသူများက သဲလွန်စကို မမြင်နိုင်ပေမယ့် ချောင်ကန်းက ဘယ်လိုလုပ် မမြင်နိုင်ဘဲနေမှာလဲ? လူတစ်ယောက်သည် လူလူချင်း တွေ့ကြုံဆက်ဆံရာတွင် ပြောင်းလဲသွားရင်တောင်မှ သူ​၏ မူလစိတ်နေစိတ်ထားက အနည်းနှင့်အများတော့ ဆက်လက်ကျန်ရှိနေဆဲဖြစ်သည်။ သူ့အရင်ဘဝတွင် သူ့နောက်သို့ လိုက်ခဲ့သည်မှာ ဆယ်နှစ်ကျော်ကြာခဲ့သဖြင့် ကျားနီဘုရင်သည် စိတ်အခြေအနေအပြောင်းအလဲဖြစ်လျှင် ဘယ်လို တုန့်ပြန်တတ်သည်ကို ဘယ်သူကမှ သူ့ထက်ပို၍မသိနိုင်ပါ။

သူသည် နက်နက်နဲနဲ စိတ်ပူနေပြီး သူတို့နှစ်ယောက် တစ်ယောက်ပြီးတစ်ယောက် စခန်းဆီမှ မြင်းစီးထွက်သွားသည်ကို မြင်၍ သူသည် သူတို့သွားရာနောက် နောက်ယောင်ခံလိုက်ခဲ့သည်။ မြင်းခွာရာများနောက်လိုက်ပြီးနောက် ဒါသည် သူမြင်လိုက်ရသည့် မြင်ကွင်းဖြစ်သည်။

သူသည် စိုးရိမ်ကြောင့်ကြမှုနှင့်အတူ ဆွဲဖြဲခံလိုက်ရသလိုပင်။

သူ​၏ ဉာဏ်ပညာသည် တောင့်တင်းခိုင်မာ၊ သန့်စင်ပြီး ချင့်ချိန်တတ်သည်။ သူသည် ထိုကဲ့သို့ တစ်စုံတစ်ယောက်​၏ စကတ်အောက်တွင် နစ်မြုပ်နေမည့် ယောက်ျားတစ်ယောက်မဟုတ်ခဲ့ပါ။ သို့သော် သူ့ရှေ့က မြင်ကွင်းကို ကြည့်ပြီး ကျားနီဘုရင်သည် အရေးကြီးဆုံးအရာပေါ်တွင် စူးစိုက်နေပြီး သူ့နှလုံးသားနှင့် စိတ်ဝိညာဉ်ပျောက်ဆုံးကာ ရှုပ်ထွေးနေသည်ကို သူ တိတ်တဆိတ် တွေးနေမိသည်။ သို့သော် နေ့အချိန်တွင် သန့်စင်သော ကျောက်စိမ်းကဲ့သို့ ဖြောင့်မတ်ပြီး ထူးခြားသော ထိုအသွင်အပြင်သည် မထင်မှတ်ဘဲ သူ့ကို ဆွဲဆောင်နိုင်သည့်ဘက်ခြမ်းလည်း ရှိနေခဲ့သည်။ ကျားနီဘုရင်​၏ အသိစိတ်ပျောက်သလို အရူးအမူးစွဲလမ်းနေပုံပေါ်သည့် အသွင်အပြင်ကို ကြည့်ရင်း ထိုလူသာ သူ့ကို သွားသေဟုပြောလျှင် တကယ်ပင် သွားသေလောက်မည်ကို သူစိုးရွံ့မိသည်။

အရင်ဘဝက ပုန်ကန်ခဲ့တဲ့ စစ်သူကြီးရဲ့ ကိုယ်ဝန်ရသွားပြီ။Where stories live. Discover now