အခန်း (၅၄)

1.4K 176 3
                                    

အခန်း ၅၄

"ဘာ!"

ဝေ့ရန်သည် ထိတ်လန့်သွားပြီး မိုးသည်းထဲတွင် ပတ်ပတ်လည် လိုက်ရှာပြီးနောက် သူ့နှလုံးခုန်သံသည် ဗုံသံအလားပင်။ ချီတက်မှုသည် နောက်ထပ် နှောင့်နှေးမနေနိုင်တော့ပါ၊ မဟုတ်ပါက သူတို့သည် ညတိုင်အောင် ရှီးလင်စခန်းသို့ ရောက်နိုင်မည်မဟုတ်ကြောင်း သူသိသည်။ သူသည် ယခုအချိန်တွင် အံကြိတ်ကာ အမိန့်ပေးလိုက်သည်– "ငါ့အမိန့်ကို လက်ဆင့်ကမ်းလိုက်၊ ငါနဲ့အတူ တောင်မှာ ရှာဖွေဖို့ ထိပ်တန်း စစ်သည်ငါးထောင်ကို ဒီနေရာမှာ ထားခဲ့၊ ကျန်တဲ့လူတွေက စီစဉ်ထားတဲ့အတိုင်း ရှေ့ကို ချီတက်ကြ"

သူ ခေတ္တတန့်လိုက်ပြီး သူ့မျက်နှာက လေးနက်သွားသည်– "အခုလေးတင် ဖြစ်ပျက်ခဲ့တဲ့ မငြိမ်မသက်မှုတွေ ထပ်မဖြစ်အောင် ရှေ့တန်းကို တင်းတင်းကျပ်ကျပ် သေချာလုပ်ထားပါ"

"အမိန့်အတိုင်းပါ!"

လက်ထောက်စစ်သူကြီးက အမြန်ထွက်သွားသည်။

ဝေ့ရန်သည် ကောင်းကင်က သည်းထန်စွာ ရွာသွန်းနေသောမိုးကို ကြည့်ပြီး ဒီဖြစ်ရပ်သည် မရှင်းထုတ်ရသေးသော အကြွင်းအကျန် ပင်လယ်ဓားပြများ​၏ လုပ်ရပ်ဟု ကြိုပြီးခန့်မှန်းခဲ့သည်။ ဒီဓားပြများသည် သူတို့အသင့်မဖြစ်သည့် ဒီအချိန်ကို ရွေးပြီး ဒုက္ခပေးလိမ့်မည်ဟု သူ လုံးဝ မထင်မှတ်ခဲ့မိပါ။ ယခုတစ်ကြိမ်တွင် အသေအပျောက်မရှိသော်လည်း ဓားပြများကို စောင့်ကြပ်သည့် စစ်သည်အချို့ ဒဏ်ရာရရှိခဲ့ပြီး အကျဉ်းသားလှည်းများ၏ သံကြိုးများ ပြတ်တောက်ကာ သေဒဏ်ချမှတ်ခံထားရသော အကျဉ်းသားများစွာ လွတ်မြောက်သွားကြသည်။ ဘုရင်ခံလူကြီးမင်းပင် မရှိတော့ပါ၊ ဒါသည် အဆိုးရွားဆုံး ပြဿနာဖြစ်သည်။

သူ့ရင်ထဲတွင် ပိုပိုပြီး စိုးရိမ်လာသည်။ ကံမကောင်းစွာဖြင့် မိုးက သည်းထန်စွာရွာနေပြီး အခုလေးတင် ဖရိုဖရဲဖြစ်ခဲ့သောကြောင့် ဘုရင်ခံလူကြီးမင်းသည် ဓားပြလက်ထဲ ကျသွားတာလား၊ သို့မဟုတ် အခု လုံခြုံသော ချောင်တစ်ချောင်မှာ ပုန်းနေသလားဆိုတာ ဘယ်သူမှ မသိပါ။ ပထမတစ်ခုသာဆိုလျှင်​... သူ့နှလုံးက ပြင်းပြင်းထန်​ထန် ​ခုန်​​နေသည်​။ သူ့မျက်နှာပေါ်က မိုးရေများကို အမြန် သုတ်ရင်း နောက်ထပ် နှောင့်နှေးမနေရဲတော့ပါ။ သူသည် တောင်တန်းများတွင် ရှာဖွေရန် အဆုံးမရှိ သည်းထန်သောမိုးရေထဲတွင် ထိပ်တန်းစစ်သည်ငါးထောင်ကို ဦးဆောင်ရှေ့ဆက်ခဲ့သည်။

အရင်ဘဝက ပုန်ကန်ခဲ့တဲ့ စစ်သူကြီးရဲ့ ကိုယ်ဝန်ရသွားပြီ။Where stories live. Discover now