အခန်း (၅၇)

1.5K 154 14
                                    

အရင်ဘဝက သစ္စာဖောက် စစ်သူကြီး​၏ ကိုယ်ဝန်ကို ငါ လွယ်ထားရပြီ

အခန်း ၅၇

ကြီးကျယ်ခမ်းနားသော စီတန်းလှည့်လည်မည့် လူတန်းသည် အိမ်တော်တံခါးမှ ထွက်သွားသည်။ လမ်းပေါ်ရှိ ပြည်သူများသည် ဒီလို တော်ဝင် စီတန်းလှည့်လည်သည့် ပမာဏကို ယခင်က တစ်ခါမျှ မမြင်ဖူးကြသောကြောင့် ကြည့်ရှုရန် ရပ်နေကြသည်။

ပျားပန်းခပ်ရှုပ်နေချိန်တွင် လီယွမ်မင်သည် အိမ်တော်တံခါးဝတွင် ရပ်ကာ အဝေးမှ သေးသေးလေးသာ ကျန်တော့သော အရိပ်ကို ကြည့်နေခဲ့သည်။ သူသည် အသာအယာ မျက်လွှာချလိုက်သည်။ ဆောင်းနေ့လယ်ခင်း၏ အေးစက်သောလေသည် သူ့မျက်နှာပေါ်သို့ ရိုက်ခတ်ရာ ပျော့ပျောင်းသော ဆံမျှင် အနည်းငယ်က ကခုန်ကာ ထူးထူးခြားခြား လှပပြီး ခံ့ညားနေခဲ့သည်။ ခုနလေးက ဘာမှမတော်သော သူသည် ဒီလိုခံ့ညားသော အသွင်အပြင်နှင့် မတူညီသော လူနှစ်ယောက် ဖြစ်နေပုံရသည်။

နီယင်းသည် သူ့ဘေးမှာ ရပ်နေပြီး သူမမျက်နှာသည် အရင်ကလို မကြည်လင်တော့ဘဲ အနည်းငယ် ဖုံးဖိထားသည်။

လီယွမ်မင်သည် နောက်ဆုံးတွင် သူ့မျက်လုံးများကို ပြန်ဖွင့်လိုက်ရာ နီယင်းမျက်လုံးများနှင့် ဆုံသည်။ သူသည် အနည်းငယ် လန့်သွားပြီး ပြုံးကာ- "ငါတို့ နေ့တစ်ဝက်လောက် ပင်ပန်းသွားပြီ၊ ပြန်ကြရအောင်"

နီယင်း၏ မျက်လုံးများသည် ရုတ်တရက် နီရဲလာသည်။

လီယွမ်မင်သည် သက်ပြင်းချလိုက်ပြီး သူမကို နှစ်သိမ့်ရန် သူ့ဝတ်ရုံခါးစည်းနှင့်အတူ ပွေ့ဖက်ကာ- "ဒါက သရုပ်ဆောင်တာတစ်ခုထက်မပိုပါဘူး"

သရုပ်ဆောင်တာ? သရုပ်ဆောင်တာထက် ပိုပါသည်။

ဒါသည် ပုရွက်ဆိတ်တစ်ကောင်လို နှိမ့်ချနေသည့် သူ့ကို ပထမဆုံးအကြိမ် မြင်ဖူးခြင်း ဖြစ်သည်။ မြို့တော်မှ မြင့်မြတ်သော ဧည့်သည်၏ အသွင်အပြင်ကို ကြည့်ရင်း နန်းတွင်းက သူ​၏ အရင်အခြေအနေကို သူမက ဘယ်လိုလုပ် မသိနိုင်ဘဲ နေမှာလဲ... ဒါက ဘယ်လိုလုပ် သရုပ်ဆောင်ရုံပဲ ဖြစ်နိုင်မှာလဲ?

နန်းတော်ထဲတွင် သူမ​၏ အရှင့်သားကောကောသည် ဆိုးရွားသော ကလေးဘဝကို ကြုံတွေ့ခဲ့ရကြောင်း သူမ ယောင်ဝါးဝါး ကြားခဲ့ဖူးသော်လည်း အရင်က သူမ အသက်ရှစ်နှစ်အရွယ်က ထိုအကြောင်းကို အများကြီး မတွေးမိခဲ့ပါ။ သူမသည် ကျောက်ဖန်းဌာနခွဲတွင် နက်နက်ရှိုင်းရှိုင်း ပါဝင်ပတ်သက်ခဲ့ပြီး ဆိုးရွားသောဘဝ ရှိခဲ့သော်လည်း ၎င်းသည် သူမအား အတိတ်ကို လုံးလုံး စွန့်လွှတ်ပြီး လက်ရှိနေ့ရက်တွင် ပျော်ရွှင်စွာ ပျော်မွေ့ခြင်းကို မတားဆီးနိုင်ခဲ့ပါ။ ယခုမူ သူမ​၏ အရှင့်သားကောကောသည် သူမနှင့် မတူကြောင်း ရုတ်တရက် နားလည်သွားပြီး၊ သူသည် အတိတ်ကနေ လုံးဝ မလွတ်မြောက်ခဲ့ဘဲ၊ လင်နန်သည်သာလျှင် ယာယီခိုလှုံရာဖြစ်ပြီး ယာယီငြိမ်းချမ်းမှုအချို့ ပေးစွမ်းနိုင်သည်။

အရင်ဘဝက ပုန်ကန်ခဲ့တဲ့ စစ်သူကြီးရဲ့ ကိုယ်ဝန်ရသွားပြီ။Where stories live. Discover now