အခန်း (၁)

12.9K 860 4
                                    

အခန်း ၁

ကျီဟဲ၏ တတိယမြောက် နှစ်သစ်ကူးအကြိုနေ့၌ မြို့တော်တွင် နှစ်တစ်ရာအတွင်း နှင်းများထူထပ်စွာကျနေခဲ့သည်။ ပေ့အန်းပြည်နယ် အင်ပါယာနန်းတော်ရှိ ခိုင်းယွမ် ဗုဒ္ဓဘာသာဘုရားကျောင်း၏ ခေါင်မိုးမှာ ပေါက်သွားပြီး ပင်မခန်းမဆောင်ရှိ ရှေးဟောင်း ဗုဒ္ဓရုပ်ပွားတော်မှ သွေးနှင့် မျက်ရည်စီးကြောင်းနှစ်ကြောင်း စီးကျလာခဲ့သည်။

ဒီနှစ်သည် မလွဲဧကန် အရှုပ်အထွေးများမည့် နှစ်တစ်နှစ်ဖြစ်လိမ့်မည်။

နှစ်သစ်ကူးပြီးနောက် ဘုရင်ရှစ်ပါး၏ ဆူပူအုံကြွမှုများ စတင်ခဲ့သည်။ လက်အောက်ခံပြည်နယ်အားလုံးမှ ဘုရင်များသည် စတင်ပုန်ကန်ကြသည်။ လအနည်းငယ်အတွင်းမှာ စစ်မီးလျှံများသည် နေရာအနှံ့ပျံ့နှံ့သွားပြီး ပြည်သူများသည် အသက်ရှင်ရပ်တည်ဖို့ ရုန်းကန်ကြရသည်။ သုံးနှစ်မပြည့်ခင်မှာပဲ ပုန်ကန်သူတွေသည် မြို့တော်ကို အောင်နိုင်ခဲ့ပြီး နှစ်ရာချီ တည်ရှိခဲ့သော ပေ့အန်းမင်းဆက်သည် နိဂုံးချုပ်သွားခဲ့သည်။

အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုများ အဆုံးသတ်ခါနီး နေဝင်ချိန်သည် မထင်မရှား နန်းတော်ပေါ်သို့ သွေးများ လောင်းချလိုက်သလိုပင်။

နန်းတော်တံခါးကို ကန်ဖွင့်လိုက်သော် အပျက်အစီးများနှင့် ဖုန်မှုန့်များသည် နီမြန်းသော နေရောင်များကြား အရိုင်းဆန်စွာ ပျံ့လွင့်နေပြီး လေထုသည် သွေးညှီနံ့များ ဖုံးလွှမ်းနေသည်။

ပင်မနန်းတော်ခန်းမ၏ မျက်နှာကျက်တွင် တဖျတ်ဖျတ်လွင့်နေသည့် အဝါရောင်တောက်တောက် ၀တ်ရုံဝတ်ဆင်ထားသော ရုပ်ပုံလွှာတစ်ခုသည် တွဲလောင်းကျနေသည်။ ထိုသူ​၏ ပခုံးကိုကျော်၍ ဆံပင်များမှာ ဖျာကျနေပြီး ခြေဗလာဖြစ်ကာ သွေးစိမ်း တတောက်တောက်ကျနေသည်။

ပုန်ကန်တပ်ဖွဲ့မှ တပ်သားနှစ်ယောက်က တက်ကြွစွာဖြင့် "ဧကရာဇ်ကို တွေ့ပြီ!"

ထိုစဉ် ဓားအိမ်မှ ဓားဆွဲထုတ်သံကို ကြားလိုက်ရပြီးနောက် တွဲလောင်းပုံရိပ်သည် မြေကြီးပေါ်သို့ သွေးစွန်းနေသော အဝတ်စုတ်တစ်စလို အပုံလိုက် ပြုတ်ကျလာသည်။ လျင်မြန်စွာပင် သွေးများသည် မြေပြင်ပေါ်တွင် ချင်းချင်းနီလာသည်။

အရင်ဘဝက ပုန်ကန်ခဲ့တဲ့ စစ်သူကြီးရဲ့ ကိုယ်ဝန်ရသွားပြီ။Where stories live. Discover now