ပြိုင်ဘက်ကင်းသိုင်း၀ိဉာဥ်(ဟော...

Galing kay Azure5549

47K 3.4K 22

ပြိုင်ဘက်ကင်းသိုင်းဝိညဉ် သူရဲကောင်းတွေဟာ အချိန်တော်တော်များများမှာအထီးကျန်ဆန်ကျတယ်မလား ။ အထီးကျန်ခြင်းတွေကို... Higit pa

မိတ်ဆက် + ရှင်းလင်းချက်
1 - 5
6 - 10
11 - 15
16 - 20
21 - 25
26 - 30
31 - 35
36 - 40
41 - 45
46 - 50
51 - 55
56 - 60
61 - 65
66 - 70
71 - 75
76 - 80
81 - 85
86 - 90
91 - 95
96 - 100
101 - 105
106 - 110
111 - 115
116 - 120
121 - 125
126 - 130
131 - 135
136 - 140
141 - 145
146 - 150
151 - 155
156 - 160
161 - 165
166 - 170
171 - 175
176 - 180
181 - 185
186 - 190
191 - 195
196 - 200
201 - 205
206 - 210
211 - 215
216 - 220
221 - 225
226 - 230
231 - 235
236 - 240
241 - 245
246 - 250
251 - 255
256 - 260
261 - 265
266 - 270
271 - 275
276 - 280
281 - 285
286 - 290
291 - 295
296 - 300
301 - 305
306 - 310
311 - 315
316 - 320
321 - 325
326 - 330
331 - 335
336 - 340
341 - 345
346 - 350
351 - 355
356 - 360
361 - 365
366 - 370
371 - 375
376 - 380
381 - 385
386 - 390
391 - 395
396 - 400
401 - 405
406 - 410
411 - 415
416 - 420
421 - 425
426 - 430
431 - 435
436 - 440
441 - 445
446 - 450
451 - 455
456 - 460
461 - 465
466 - 470
471 - 475
476 - 480
481 - 485
486 - 490
491 - 495
496 - 500
501 - 505
506 - 510
511 - 515
516 - 520
521 - 525
526 - 530
531 - 535
536 - 540
541 - 545
546 - 550
551 - 555
556 - 560
561 - 565
566 - 570
571 - 575
576 - 580
581 - 585
586 - 590
591 - 595
596 - 600
601 - 605
606 - 610
611 - 615
616 - 620
621 - 625
626 - 630
631 - 635
636 - 640
641 - 645
646 - 650
651 - 655
656 - 660
661 - 665
666 - 670
671 - 675
676 - 680
681 - 685
686 - 690
691 - 695
696 - 700
701 - 705
706 - 710
711 - 715
716 - 720
721 - 725
726 - 730
731 - 735
736 - 740
741 - 745
746 - 750
751 - 755
756 - 760
761 - 765
766 - 770
771 - 775
776 - 780
781 - 785
786 - 790
791 - 795
796 - 800
801 - 805
806 - 810
811 - 815
816 - 820
821 - 825
826 - 830
831 - 835
836 - 840
846 - 850
851 - 855
856 -860
861 - 865
866 - 870
871 - 875
876 - 880
881 - 885
886 - 890
891 - 895
896 - 900
901 - 905
906 - 910
911 - 915
916 - 920
921 - 925
926 - 930
931 - 935
936 - 940
941 - 945
946 - 950
951 - 955
956 - 960
961 - 965
966 - 970
971 - 975
976 - 980
981 - 985
986 - 990

841 - 845

157 11 0
Galing kay Azure5549

ပြိုင်ဘက်ကင်းသိုင်းဝိညာဥ်

အပိုင်း ၈၄၁ ..... အရိုးသက်တမ်း ကို စစ်ဆေးခြင်း

အပြာရောင်ဝတ်စုံနှင့် လူငယ်သည် အနားသို့ ရောက်ရှိလာသော ဝမ်ဂူကလန်တပည့်အား သတိထားမိသွားသည်။ ထို့နောက် သူက ရှုံ့မဲ့သွားကာ မြေပြင်ပေါ်မှ ဒေါသတကြီး ထလာလေသည်။ သူက ရှောင်လုံ ကို အငြိုးတကြီး ကြည့်လိုက်လေကာ ဝမ်ဂူကလန်တပည့်အား တိုင်တန်းလိုက်လေသည်။

"အစ်ကို ကျင်းစုန့်...ဒီလူက ကျုပ်နေရာကို အင်အားသုံးပြီး လုယူခဲ့တာ...သူက ကျုပ်ကိုတောင် တိုက်ခိုက်ပြီး ဒဏ်ရာရအောင် လုပ်ခဲ့တယ်...ဒီလူရဲ့ ပြိုင်ပွဲဝင်ခွင့် ဖျက်သိမ်းပေးဖို့ အစ်ကိုကျင်းစုန့်ကို ကျုပ် တောင်းဆိုပါတယ်"

ထိုမြင်ကွင်းကို အစအဆုံးတွေ့မြင်နေသော ပတ်ပတ်လည် ရှိ တပည့်များသည် ခေါင်းယမ်းလိုက်ကြပြီး အပြာရောင်ဝတ်စုံနှင့်လူငယ်၏ အရှက်မဲ့မှုကို တိတ်တဆိတ် ကျိန်ဆဲနေကြလေသည်။ သူကသာ တစ်စုံတစ်ယောက်၏ နေရာကို လုယူချင်နေသောသူ ဖြစ်သည်မှာ ထင်ရှားလှသည်။ သို့သော်လည်း သူက အဖြူကို အမည်းပြောင်းကာ အနက်ရောင်ဆံပင်နှင့် လူငယ်အား ပြန်လည် စွပ်စွဲနေလိုက်သေးသည်။

သို့သော်လည်း ဝမ်ဂူကလန်တပည့်သည် အနည်းငယ်မျှပင် လှုပ်ရှားခြင်း မရှိပေ။ ထိုအစား သူက လူငယ်ကို အထင်အမြင်သေးစွာ စိုက်ကြည့်လိုက်သည်။ သူက ထိုလူငယ်ဆီမှ ထိပ်တန်း နတ်ဘုရားအဆင့် စိတ်ဝိညာဉ်ကျောက်တုံး ဆယ်တုံး လက်ခံရရှိထားပေသည်။ သို့သော် ဓားတိုနှင့် လူငယ်သည် ထိပ်တန်း နတ်ဘုရားအဆင့် စိတ်ဝိညာဥ်ကျောက်တုံး ဆယ်တုံးမျှနှင့် သူ့ကို လှံတစ်ချောင်းသဖွယ် အသုံးပြုလိုနေသည်လား။

အဆုံး၌မူ သူတို့နှစ်ယောက်သည် ယနေ့မှ တွေ့ဆုံဖူးခြင်း ဖြစ်ပြီး မည်သို့သော လေးနက်သည့် ဆက်ဆံရေးမှ မရှိပေ။

ဝမ်ဂူကလန်တပည့်က တင်းမာနေသည့် မျက်နှာထားဖြင့် အပြာရောင်ဝတ်စုံနှင့် လူငယ်ကို အော်ငေါက်လိုက်သည်။

"ဘယ်သူက မင်းအစ်ကိုလဲကွ...နတ်ဘုရားအဆင့်လေး တစ်ယောက် ကတောင် အလွယ်တကူ အနိုင်ယူသွားတဲ့ မင်းလို မဟာနတ်ဘုရားအဆင့် ၁ နောက်ပိုင်းအဆင့် အမှိုက်ကများ...ဒီနေရာမှာ အမှန်တရားကို လိမ်ညာလှည့်ဖျားချင်နေသေးတာလား"

အပြာရောင်ဝတ် လူငယ်နှင့် ပတ်ပတ်လည်ရှိ တပည့်များသည် ကြောင်အသွားကြလေသည်။

ထိုလူငယ်၏ မျက်နှာက နီရဲပြာနှမ်းသွားလေပြီး ဘာဖြစ်သွားသည်ကို စဥ်းစားနိုင်စွမ်း မရှိ ဖြစ်နေပေသည်။

"မြန်မြန် ထွက်သွားစမ်း...မင်း ဒီနေရာမှာ ထပ်ပြီး ပြဿနာရှာရဲမယ်ဆိုရင်...မင်းရဲ့ ပြိုင်ပွဲဝင်ခွင့်စာရင်းသွင်းမှုကို ငါ ဖျက်သိမ်းပစ်လိုက်မယ်"

ဝမ်ဂူကလန်တပည့်က ဟိန်းဟောက်လိုက်လေသည်။

ထိုအခါမှသာ အပြာရောင်ဝတ် လူငယ်သည် ကြောက်လန့်တကြား ထွက်ပြေးသွားတော့သည်။

လူအုပ်ကြီးရှေ့တွင် ဝမ်ဂူကလန်တပည့်က သူ့အား ဟိန်းဟောက်လိုက်သောကြောင့် အပြာရောင်ဝတ်လူငယ်သည် အရှက်ရသွားလေပြီး သူ့၏ စိတ်ထဲ၌ အမုန်းတရားများဖြင့် ပြည့်နှက်လာပေသည်။ ဟုတ်ပေသည်...သူက ဝမ်ဂူကလန်တပည့်ကိုမူ မမုန်းတီးရဲပေ။ထို့ကြောင့် သူ့၏ အမုန်းတရားများနှင့် ဒေါသများသည် ရှောင်လုံကိုသာ ဦးတည်လာလေသည်။

လူငယ် ထွက်ခွာသွားသော အချိန်တွင် သူက ရှောင်လုံကို မုန်းတီးစွာ စိုက်ကြည့်လိုက်လေသည်။

ဝမ်ဂူကလန်၏ တပည့်က သူ့၏ နေရာသို့ ပြန်သွားကာ ရှောင်လုံ ကိုမူ လျစ်လျူရှုသွားသည်။

ပတ်ပတ်လည်ရှိ တပည့်များသည် ထိုအဆုံးသတ်ကို မျှော်လင့်မထားမိကြပေ။ တစ်ခဏအကြာ ၌ သူတို့သည် ရှောင်လုံအကြောင်းကို တီးတိုးပြောလိုက်ကြသည်။ ထို နတ်ဘုရားအဆင့် ၁၀ နောက်ပိုင်း အထွတ်အထိပ်အဆင့်သိုင်းပညာရှင်လေးသည် မဟာနတ်ဘုရားအဆင့် ၁ နောက်ပိုင်းအဆင့် သိုင်းပညာရှင် တစ်ယောက်ကို အလွယ်တကူ အနိုင်ယူနိုင်ခဲ့ပေသည်။ အင်အားကြီး ကြယ်စင်စုများရှိ ထိပ်တန်းအင်အားစုများ၊ ဂိုဏ်းများတွင်ပင် ထိုကဲ့သို့သော ကိစ္စများသည် ရှားပါးလှပေသည်။

နတ်ဘုရားအဆင့် ဖြစ်နေချိန်၌ မဟာနတ်ဘုရားအဆင့် သိုင်းပညာရှင်တစ်ယောက် ကို အနိုင်ယူနိုင်ခြင်းသည် မကောင်းဆိုးဝါးဆန်သော ပါရမီရှင်များအကြား ချွန်ထွက်နေသော လူမျိုးသာ ဖြစ်ပေလိမ့်မည်။

ရှောင်လုံနှင့် အနည်းငယ် ဝေးကွာသော လူတန်းရှည်တစ်ခုတွင် မိန်းကလေးတပည့်နှစ်ယောက်သည် ပြိုင်ပွဲစာရင်းသွင်းရန် တန်းစီနေကြသည်။ ထိုအချိန်၌ သူတို့နှစ်ယောက် သည် ရှောင်လုံကို ကြည့်လိုက်ကြကာ အသံပို့လွှတ်ခြင်းနည်းစနစ်ဖြင့် ဆွေးနွေးလိုက်ကြသည်။

'မမ...အဲ့ဒီလူက ဖုံးကွယ်ခြင်းနည်းစနစ်တစ်ခုခု ကျင့်ကြံပြီးတော့...သူ့ ကျင့်စဥ်အမှန်ကို တမင်သက်သက် ဖုံးကွယ်ထားတာများလား'

အဝါဖျော့ရောင်ဝတ်စုံနှင့် မိန်းကလေးက မယုံကြည်နိုင်သည့်အသံဖြင့် မေးလိုက်လေသည်။

မြစိမ်းရောင်ဂါဝန်ကို ဝတ်ဆင်ထားပြီး အနည်းငယ် ရင့်ကျက်ဟန်ရသော မိန်းကလေးက ခေါင်းကို ခါယမ်းပြလိုက်သည်။

'မဟုတ်ဘူး...အဲ့ဒီ ဆံပင်အနက်နဲ့ လူငယ်က...တကယ်ကို နတ်ဘုရားအဆင့် ၁၀ နောက်ပိုင်း အထွတ်အထိပ်အဆင့် ပဲ'

အဝါဖျော့ရောင်ဝတ်စုံနှင့် မိန်းကလေး၏ မျက်လုံးများသည် အံ့အားသင့်စွာ ပြူးကျယ်သွားကြသည်။

'နတ်ဘုရားအဆင့် ၁၀ နောက်ပိုင်း အထွတ်အထိပ်အဆင့် တစ်ယောက်က မဟာနတ်ဘုရားအဆင့် ၁ နောက်ပိုင်းအဆင့် တစ်ယောက် ကို လွယ်လွယ်လေး အနိုင်ယူသွားတာလား...ဒါဆို သူ့ရဲ့ အရည်အချင်း က ညီမတို့ရဲ့ ဂိုဏ်းတူအစ်ကိုကြီးထက် ပိုပြီး မြင့်မားနေတယ်လို့ ဆိုလိုတာတော့မဟုတ်ပါဘူးနော်'

ဂိုဏ်းတူအစ်ကိုကြီးသည် နှစ်တစ်သိန်းအတွင်း ဂိုဏ်း၏ အရည်အချင်းအရှိဆုံး ပါရမီရှင် ဖြစ်ပြီး သူတို့၏  ဂိုဏ်းတည်ထောင်သူဘိုးဘေးနှင့်ပင် ယှဥ်နိုင်စွမ်း ရှိပေသည်။

မြစိမ်းရောင်ဂါဝန်နှင့် မိန်းကလေးက ပြောလိုက်သည်။

'မရေမတွက်နိုင်တဲ့ ကြယ်စင်စုတွေနဲ့ ကျယ်ပြန့်လှတဲ့ စကြာဝဠာ ထဲမှာ...အစ်မတို့ ဂိုဏ်းတူအစ်ကိုကြီး ထက် ပိုပြီး ပါရမီရှိတဲ့သူတွေ သေချာပေါက် ရှိတာပေါ့...ဝမ်ဂူကလန်ရဲ့ ဝမ်ဂူယန်ဟွေ့၊ ကျိုးကလန်ရဲ့ ကျိုးယောင်၊ မုကလန်ရဲ့ မုချင်၊ ကံကြမ္မာဂိုဏ်းရဲ့ ဖန်းချူ၊ ရှေးဟောင်းမှော်ပညာကျောင်းရဲ့ လော်ရှို့ချန်၊ မူလယန်ဂိုဏ်းရဲ့ လူတုန်ဝေ၊ ဂဠုန်ပျံသန်းခြင်းအဖွဲ့ရဲ့ ပန်ရွှယ်ကျောင်း...စသဖြင့် အများကြီးပဲလေ...သူတို့ တစ်ယောက်ချင်းစီတိုင်းက အစ်မတို့ ဂိုဏ်းတူအစ်ကိုကြီး ထက် ပိုပြီးတော့ ပါရမီ မြင့်မားကြတယ်လေ'

အဝါဖျော့ရောင်ဝတ်စုံနှင့် မိန်းကလေးက နှုတ်ခမ်းစူလိုက်လေသည်။

'မမ...ဝမ်ဂူကလန်ရဲ့ ဝမ်ဂူယန်ဟွေ့က ညီမတို့ အစ်ကိုကြီးထက် ပါရမီရှိတာကတော့ ဟုတ်ပါပြီ...ဒါပေမယ့် အခြားလူတွေကတော့ အ့လောက် မဟုတ်လောက်ပါဘူး'

မြစိမ်းရောင်ဂါဝန်နှင့် မိန်းကလေးက ထိုကိစ္စကို ဆက်ပြီး မဆွေးနွေးချင်တော့သည့်နှယ် ခေါင်းယမ်းလိုက်လေသည်။ သူမက ရှောင်လုံ ကို ဆက်ကြည့်နေမိဆဲ ဖြစ်သည်။

'ဒီလူ့ရဲ့ ပါရမီက အရမ်းကို မြင့်မားပေမယ့်... သူ့ခွန်အားက နတ်ဘုရားအဆင့် ၁၀ နောက်ပိုင်းအထွတ်အထိပ်အဆင့် လောက်လေးပဲရှိပြီး နိမ့်ကျလွန်းနေတာတော့ နှမြောစရာပဲ...သူ ဘယ်လောက်ပဲ သန်မာနေပါစေ...ထိပ်ဆုံး အယောက်တစ်ထောင်ထဲ ဝင်နိုင်တော့မှာ မဟုတ်ဘူး'

ကွင်းပြင်ဆီမှ တစ်ဖက်လမ်း အဆောက်အဦ တစ်ခုထဲရှိ ဝမ်ဂူကလန် အကြီးအကဲနှစ်ယောက်သည် ရှောင်လုံက အပြာရောင်ဝတ်လူငယ်ကို လက်သီးတစ်ချက်တည်းနှင့် လွင့်စင်သွားစေခဲ့ကြောင်းအား မြင်လိုက်ကြသည်။

"အဲ့ဒီ အနက်ရောင်ဆံပင်နဲ့ လူငယ်က မဆိုးဘူးပဲ...သူ့ရဲ့ ပါရမီက ဝမ်ဂူကလန် ရဲ့ ပင်မတပည့်တွေနဲ့တောင် ယှဥ်နိုင်လုနီးပါး ဖြစ်နေပြီ"

အကြီးအကဲ ဝမ်ဂူရှို့သည် လက်တစ်ဖက်ဖြင့် သူ့၏ မုတ်ဆိတ်မွေးကို သပ်လိုက်ရင်း ရှောင်လုံအား စိတ်ဝင်တစား ကြည့်ကာ ပြောလိုက်သည်။

ဝမ်ဂူကလန် ၌ တပည့်သန်းတစ်ရာကျော် ရှိပေသည်။ ထိုတပည့်များသည် စစ်ဆေးမှုပေါင်းမြောက်မြားစွာကို ကျော်ဖြတ်ပြီးမှသာ ပင်မတပည့်ဟူသော ဂုဏ်ပုဒ်ကို ရရှိနိုင်ပေသည်။ သူတို့တစ်ယောက်ချင်းစီတိုင်းသည် ပါရမီရှင်များ ဖြစ်ကြသည်။

ထို့ကြောင့် သူ ရှောင်လုံကို အကဲဖြတ်လိုက်ခြင်းသည် အသိအမှတ်ပြလိုက်ခြင်းပင် ဖြစ်သည်။

ဝမ်ဂူရှို့၏ ဘေးတွင် ဝမ်ဂူကလန်၏ အကြီးအကဲ နောက်တစ်ယောက် ဖြစ်သော ဝမ်ဂူချန်းချင် ရှိပေသည်။ သူက ပြုံးလိုက်ကာ ပြောလိုက်လေသည်။

"သူက တကယ် မဆိုးပါဘူး...ဒါပေမယ့် သူက ကျုပ်တို့ကလန်ရဲ့ ပင်မတပည့်တွေကို ယှဥ်ပြိုင်နိုင်ဖို့ မလုံလောက်သေးဘူးလေ...ဟုတ်တယ်မလား...သူ ကျင့်ကြံအားထုတ်ခဲ့တာကလည်း နှစ်ပေါင်း တစ်ထောင်အောက် ကျမှာမဟုတ်ဘူး"

ဝမ်ဂူရှို့က ခေါင်းယမ်းလိုက်လေသည်။

"ငါကတော့ နှစ်ပေါင်းငါးရာ ပတ်လည်လောက်လို့ ထင်တယ်"

ဝမ်ဂူချန်းချင် က 'အိုး'ဟု ရေရွတ်လိုက်ကာ ပြောလိုက်လေသည်။

"ဒီလိုဆိုမှတော့...ကျုပ်တို့ လောင်းကြေးထပ်ကြမယ်ဆိုရင်ရော ဘယ်လိုလဲ"

"ဘာကို လောင်းကြေးထပ်ရမှာလဲ"

ဝမ်ဂူရှို့က အနည်းငယ် ခေါင်းမတ်လိုက်မိသည်။

"ကျုပ်တို့ ဆယ်ဘီလီယံကြေး လောင်းကြမယ်လေ...သူ့ရဲ့ အရိုးသက်တမ်း စစ်ဆေးမှုက တစ်ထောင်ထက် မကျော်ဘူးဆိုရင်...ကျုပ်ရှံးပြီ...ငါးရာထက် ကျော်တယ်ဆိုရင်တော့ ကျုပ်နိုင်ပြီ"

ဝမ်ဂူချန်းချင်က ရယ်မောလိုက်သည်။

ဝမ်ဂူရှို့က တွေဝေသွားလေသည်။ အရိုးသားဆုံးပြောရမည်ဆိုလျှင် ရှောင်လုံသည် နှစ်ပေါင်းငါးရာ ပတ်လည်သာ ကျင့်ကြံရသေးလောက်သည်ဟု သူပြောခဲ့ခြင်းမှာ ခန့်မှန်းချက်တစ်ခုမျှသာ ဖြစ်ပြီး ယုံကြည်မှုအပြည့်အဝဖြင့် ပြောခဲ့ခြင်း မဟုတ်ပေ။ ထို့ပြင် ဆယ်ဘီလီယံ ဟူသော ပမာဏကလည်း နည်းပါးခြင်းမရှိပေ။

ဝမ်ဂူချန်းချင်က တောက်ပစွာပြုံးကာ ရန်စလိုက်လေသည်။

"ဘာလဲ...ခင်ဗျား မလောင်းရဲဘူးလား"

ဝမ်ဂူရှို့က အံကြိတ်ကာ လက်ခံလိုက်ရသည်။

"ကောင်းပြီလေ...လောင်းကြတာပေါ့"

ထိုသို့ဖြင့် ဝမ်ဂူကလန် အကြီးအကဲ နှစ်ယောက် သည် ရှောင်လုံ၏ ရလဒ်အပေါ် အသေးစားလောင်းကြေးထပ်လိုက်ကြပြီး ကာယကံရှင်ကမူ သိရှိခြင်း မရှိပေ။

ရှောင်လုံက ထိုလူငယ်ကို လက်သီးတစ်ချက် ဖြင့် လေထဲလွင့်သွားစေပြီးနောက် မည်သူကမှ သူ့နေရာအား လာရောက် လုယူရဲခြင်း မရှိကြတော့ပေ။

နာရီပေါင်းများစွာ ကြာမြင့်သွားပြီးနောက် ရှောင်လုံ၏ ရှေ့ရှိ လူများအားလုံးသည် စာရင်းသွင်းပြီးသွားကြသည်။ နောက်ဆုံးတွင် သူ့အလှည့်သို့ ရောက်ရှိသွားလေသည်။

ရှောင်လုံက စာရင်းသွင်းပေးရန်နှင့် အရိုးသက်တမ်း စစ်ဆေးပေးရန် တာဝန်ကျသည့် တပည့်ဆီသို့ လျှောက်သွားလိုက်သည်။ ထိုတပည့်က ရှောင်လုံကို မည်သည့် ကြယ်စင်စုကဖြစ်ကြောင်း၊ နာမည်နှင့် အစရှိသော အခြေခံ အချက်အလက်များအား မေးမြန်းလေသည်။ ရှောင်လုံ က သူမေးသမျှ အကုန်ပြန်ဖြေလိုက်သည်။

"မင်းရဲ့ အရိုးသက်တမ်းကို စစ်ဆေးဖို့အတွက်...ကြေးမုံရှေ့ကို သွားရပ်ပေးပါ"

ဝမ်ဂူကလန်တပည့်က ဘေးဘက်ရှိ နှစ်မီတာမြင့်ပြီး တစ်မီတာကျယ်သော ကြေးမုံမှန်ကြီးတစ်ခုကို ညွှန်ပြလိုက်သည်။ ထိုကြေးမုံရှေ့၌ ရပ်လိုက်ရုံဖြင့် လူတစ်ယောက်၏ အရိုးသက်တမ်းကို စစ်ဆေး ဖတ်ရှုပေးနိုင်ပေသည်။

ပြိုင်ပွဲ၏ စည်းမျဥ်းများ အရ အရိုးသက်တမ်း နှစ်ထောင် မကျော်ဘဲ နတ်ဘုရားအဆင့် ၉ သို့ ရောက်ရှိနေသူတိုင်း ပြိုင်ပွဲဝင်ခွင့်ရှိပေသည်။

ရှောင်လုံက ထိုတပည့်၏စကားအတိုင်း ကြေးမုံရှေ့သို့ သွားရပ်လိုက်လေသည်။ ထို့နောက် ကြေးမုံဆီမှ တောက်ပသောအလင်းတစ်ချက် ထွက်ပေါ်လာပြီး သူ့အား လွှမ်းခြုံသွားကာ နွေးထွေးသည့်စွမ်းအင်သည် ရှောင်လုံ၏ အရိုးများထဲသို့ ဖြည်းဖြည်းချင်း ပျံသန်း ဝင်ရောက်သွားသည်။

အဝေးရှိ ကြီးမားသော အဆောက်အဦ ထဲရှိ ဝမ်ဂူရှို့နှင့် ဝမ်ဂူချန်းချင်တို့သည် ရှောင်လုံကို မျက်တောင်မခတ်စတမ်း စိုက်ကြည့်နေကြသည်။ သူတို့က ရလဒ်ကို ရင်တုန်တုန်ဖြင့် စောင့်ဆိုင်းနေကြပြီး အထူးသဖြင့် ဝမ်ဂူရှို့ ဖြစ်သည်။ သူက စိတ်လှုပ်ရှားလွန်းသောကြောင့် လက်သီးကို ကျစ်ကျစ်ပါအောင် ဆုပ်ထားနေမိလေသည်။

ဝမ်ရှို့၏ စိုးရိမ် စိတ်လှုပ်ရှားနေသော အမူအရာကြောင့် ဝမ်ဂူချန်းချင် သည် အားပါးတရ ရယ်မောလိုက်သည်။

"ကြည့်ရတာ ခင်ဗျား ကျုပ်ကို ဆယ်ဘီလီယံ ပေးရတော့မယ့်ပုံပဲ...အဲ့ဒီ အနက်ရောင်ဆံပင်နဲ့ ကောင်လေးက သေချာပေါက် အသက် ငါးရာကျော်လိမ့်မယ်လို့...ကျုပ် သေချာတယ်"

ထိုအခိုက်တွင် ဝမ်ဂူရှို့၏ အူများသည် နောင်တကြောင့် တွန့်လိမ်နေပြီ ဖြစ်သည်။ ယခုအခါမူ ရှောင်လုံက အသက်ငါးရာအောက် ဖြစ်နိုင်မည်မဟုတ်ဟု သူတွေးနေမိပေသည်။ နှစ်ပေါင်းငါးရာ ကျင့်ကြံထားသော သူတို့ ဝမ်ဂူမိသားစု၏ ပင်မတပည့်များတွင်ပင် မဟာနတ်ဘုရားအဆင့် ၁ နောက်ပိုင်းအဆင့် ကို အနိုင်ယူနိုင်သည့်သူသည် လက်တစ်ဆုပ်စာမျှသာ ရှိပေသည်။

ကွင်းပြင်ထဲရှိ ကြေးမုံသည် အလင်းတစ်ချက်လက်သွားပြီး စာကြောင်းတစ်ခုကို ထုတ်ဖော်ပြသလာပေသည်။

အရိုးသက်တမ်း - ၂၅၈ နှစ်...။

.....

ပြိုင်ဘက်ကင်းသိုင်းဝိညာဥ်

အပိုင်း ၈၄၂.....ချမ်းသာချင်ယောင် ဆောင်နေတာလား

အရိုးသက်တမ်း ၂၅၈...။

ရှောင်လုံ၏ စာရင်းသွင်းမှုအတွက် တာဝန်ကျသော ဝမ်ဂူ ကလန် တပည့်သည် ကြေးမုံထက်ရှိ စာလုံးများကို ကြောင်အစွာ ကြည့်လိုက်မိလေသည်။

မဟာနတ်ဘုရားအဆင့်သိုင်းပြိုင်ပွဲ အတွက် စာရင်းသွင်း ခြင်း စတင်ခဲ့သည်မှာ တစ်နှစ်နီးပါးရှိနေပြီဖြစ်သည်။ ဤ တစ်နှစ်တာ ကာလအတွင်း သူ့ဆီ ပြိုင်ပွဲဝင်စာရင်း လာသွင်းသော တပည့်အရေအတွက်သည် အနည်းဆုံး တစ်သောင်းကျော် ရှိပြီး ထို့ထက်ပင် ပိုများနိုင်ပေသေးသည်။ သို့သော်လည်း နေရာအနှံ့ရှိ ကြယ်စင်စု များဆီမှ လာရောက်ကြသော ထိုတပည့်များသည် သာမာန်အားဖြင့် အရိုးသက်တမ်း တစ်ထောင်နှင့် အထက်တွင် ရှိပေသည်။ အတိအကျ ဆိုရသော် အများစုသည် သက်တမ်း ၁၅၀၀ နှင့် အထက်တွင် ရှိကြပေသည်။ တစ်ထောင် အောက် သက်တမ်းရှိသော တပည့်အနည်းငယ် ရှိသော်လည်း အနိမ့်ဆုံးမှာ သက်တမ်း ၈၀၀ ဖြစ်ပေသည်။

ဝမ်ဂူကလန် တပည့် သည် အရိုးသက်တမ်း ၅၀၀ အောက်နှင့် ပြိုင်ပွဲဝင် တစ်ယောက်ကို တစ်ခါမှ မတွေ့ဖူးပေ။

သို့သော်လည်း အနက်ရောင် ဆံပင်နှင့် လူငယ်၏ အရိုးသက်တမ်းသည် ၅၀၀ အောက် ဖြစ်နေလေပြီး အတိအကျ ဆိုရသော် နှစ်ရာနှင့် ငါးဆယ့်ရှစ် နှစ် ဖြစ်နေပေသည်။

ပတ်ပတ်လည် ရှိ တပည့် အချို့သည်လည်း ရှောင်လုံကို အာရုံ စိုက်မိသွားကြသည်။ သူတို့က ရလဒ်ကို မြင်လိုက်ကြချိန်တွင် အားလုံးပင် ပါးစပ် အဟောင်းသား ဖြစ်ကာ ကြောင်အ သွားကြပြီး အစောပိုင်းက ရှောင်လုံ အကြောင်း တိတ် တဆိတ် ဆွေးနွေးနေကြသည့် ညီအစ်မ နှစ်ယောက်သည်လည်း ပါဝင်နေကြပေသည်။

ပုံမှန်အားဖြင့် လူတစ်ယောက်သည် အသက်၆ နှစ် အရွယ်တွင် စတင် ကျင့်ကြံရပေသည်။ ဤသို့ ဆိုပါက ရှောင်လုံသည် ယနေ့ထိ တိုင်အောင် နှစ်ပေါင်း ၂၅၂နှစ် သာ ကျင့်ကြံရသေးသည်ဟု ဆိုလိုနေခြင်း ဖြစ်ပေသည်။

နှစ်ပေါင်း ၂၅၈ နှစ်...။

အချို့သော ထိပ်တန်းဂိုဏ်းများတွင်လည်း နှစ်ပေါင်း ၂၀၀ ကျော် ကျင့်ကြံ အားထုတ်ရုံဖြင့်နတ်ဘုရား အဆင့် ၁၀ နောက်ပိုင်း အထွတ် အထိပ် အဆင့်သို့ ရောက်ရှိ လာသည့် ပါရမီရှင်များ ရှိပေသည်။ ထိုကဲ့သို့သော မဟာ ပါရမီရှင် များသည် အရေအတွက် နည်းပါးသော်လည်း တည်ရှိနေကြဆဲဖြစ်သည်။ သို့သော်လည်း  နှစ်ပေါင်း ၃၀၀ အောက် ကျင့် ကြံရုံဖြင့် မဟာနတ်ဘုရားအဆင့် ၁ နောက်ပိုင်းအဆင့် သိုင်းပညာရှင်တစ်ယောက် ကို အလွယ်တကူ အနိုင်ယူ နိုင်စွမ်း ရှိခြင်းသည် မယုံကြည်နိုင်ဖွယ် ဖြစ်ပေသည်။

ဤသို့ စွမ်းဆောင် နိုင်စွမ်းရှိသည့် ထိုလူငယ်၏ ပါရမီ အရည်အချင်းသည် မည်မျှ မကောင်းဆိုးဝါး ဆန်သည်နည်း။

ပတ်ပတ်လည်ရှိ စာရင်း သွင်းရန် စောင့်ဆိုင်းနေကြသော တပည့်များသည် သူတို့မိသားစုများ သို့မဟုတ် ဂိုဏ်း များ၏ ထိပ်တန်း ပါရမီ ရှင်များ ဖြစ်ပေသည်။ သို့သော်  သူတို့ကို သူတို့ ရှောင်လုံနှင့် နှိုင်းယှဥ်ကြည့်မည် ဆိုရင် သူတို့သည် ဝက်ခေါင်း များပမာ နိမ့်ကျသွားပေသည်။

ကွင်းပြင်၏ တစ်ဖက်ရှိ ကြီးမားသော အဆောက်အအုံထဲတွင် အစောပိုင်းက ဝမ်ဂူချန်းချင်နှင့် လောင်းကြေးထပ်ခဲ့သည့်အပေါ် နောင်တရနေသည့် ဝမ်ဂူရှို့သည် ထို စစ်ဆေးမှုရလဒ်ကို ကြည့်ရင်း ကြောင်အ သွားရပေသည်။ သူက အသိစိတ်ကို ထိန်းချုပ်လိုက်ပြီးနောက် ခုန်ထလိုက်မိလေသည်။ ဤသည်မှာ သူက လောင်းကြေးကို အနိုင်ရရှိသွားသောကြောင့် ပျော်ရွှင် သွားခြင်း မဟုတ်ဘဲ အလွန်တရာ တုန်လှုပ်သွားကြောင့် ဖြစ်ပေသည်။ ဝမ်ဂူ ချန်းချင် သည်လည်း တုန်လှုပ်သွားလေပြီး တုန်ယင်စွာ ရေရွတ်လိုက်လေသည်။

"ဒီတစ်ခေါက် မဟာနတ်ဘုရားအဆင့်သိုင်းပြိုင်ပွဲ မှာ... ပြိုင်ဘက် ကင်း ပါရမီရှင် တစ်ယောက် ပေါ်ထွက် လာပြီပဲ"

ထို့နောက်သူက ဝမ်ဂူရှို့ ဘက်သို့ လှည့်လိုက်လေကာ ခါးခါးသီးသီး ပြုံး လိုက်လေသည်။

"ခင်ဗျားရဲ့ အကဲဖြတ်မှုက ကျုပ်ထက် ပိုတော်ပါတယ်... ခင်ဗျား နိုင်သွားပါပြီ"

ဝမ်ဂူရှို့ က အသိမှတ်မဲ့ ခေါင်းညိတ်လိုက်လေပြီး သူ့၏ အကြည့်ကမူ ရှောင်လုံ၏ ပုံရိပ်ပေါ်သို့ ကျရောက်သွားပေသည်။ သူက စကား တစ်ခွန်းမှ ပြောမလာသော်လည်း သူ့၏ မျက်လုံး ထဲတွင် လေးလေးနက်နက် စဥ်းစားနေသော အလင်းတစ်ချက် ဖြတ်ပြေးသွားပေသည်။

"ဘာဖြစ်တာလဲ...ခင်ဗျား စိတ်လှုပ်ရှား သွားပြီလား...တပည့်တစ်ယောက် လက်ခံချင်သွားတာလား"

ဝမ်ဂူချန်းချင်က စနောက်လိုက်လေသည်။

ဝမ်ဂူရှို့ က သူ့၏ ခေါင်းကို လေးလံစွာ ခါယမ်းလိုက်လေသည်။

"ဒီလိုမျိူး မကောင်း ဆိုးဝါး ဆန်တဲ့ ပါရမီရှင် မျိုးကို... ငါတို့ သင်ကြားပေးနိုင်မှာ မဟုတ်ဘူး"

ဝမ်ဂူချန်းချင်က သဘောတူညီဟန်ဖြင့် ခေါင်းညိတ်ပြလိုက်ပြန်သည်။

"ကံမကောင်းစွာနဲ့... ဒီကလေးမှာ မကောင်းဆိုးဝါး ဆန်တဲ့ ပါရမီ ရှိနေတယ် ဆိုပေမယ့်... သူကျင့်ကြံ အားထုတ်ခဲ့တဲ့ အချိန်က အရမ်းတိုတောင်းလွန်းသေးတယ်...ဒီတော့ သူက ဒီတစ်ခေါက် ပြိုင်ပွဲ မှာ ရလဒ်ကောင်းတွေ ရနိုင်မှာ မဟုတ်ဘူး ... သူ့ရဲ့ လက်ရှိ ခွန်အားနဲ့ဆိုရင်... လျှပ်စီးနယ်မြေ နတ်ဘုံကမ္ဘာထဲမှာ အသက်ဆုံးရှုံးသွားနိုင်ချေ ကိုးဆယ်ရာခိုင်းနှုန်း လောက် ရှိနေပြီလေ"

ဝမ်ဂူရှို့ သည်လည်း ထိုကဲ့သို့ပင် ခံစားနေရပေသည်။

"ကျယ်ပြန့်လှတဲ့ စကြာဝဠာ ထဲမှာ မရေမတွက် နိုင်အောင်များပြားတဲ့ ပြိုင်ဘက်ကင်း ပါရမီ ရှင်တွေ ရှိကြတာပဲ...သူတို့ထဲက အနည်းစုပဲ အထွတ်အထိပ် ထိ ရောက်ရှိ နိုင်တာကတော့ သနားဖို့ကောင်းလှတယ်...သူတို့ ဘယ်လောက်ထိ ကောင်းမွန်တဲ့ ပါရမီကို ပိုင်ဆိုင်ထားသည် ဖြစ်ပစေ... သေဆုံး သွားကြတာနဲ့ ဘာမှ အသုံး မဝင်တော့ဘူးလေ"

ကွင်းပြင်ထဲတွင် ရလဒ်ကို မြင်တွေ့သွားသည့် တပည့်များ သည် ဆူညံပွက်လောရိုက်သွားလေသည်။

မှန်ရှေ့၌ အချိန်အတော်ကြာ ရပ်တန့်နေရသော ရှောင်လုံသည် အံ့ဩ မင်သက်နေသည့် ဝမ်ဂူကလန် တပည့်ကို မေးလိုက်လေသည်။

"အခု စစ်ဆေးတာ ပြီးသွားပြီလား"

ထိုအခါမှသာ ဝမ်ဂူကလန် တပည့်သည် အသိစိတ်ပြန်ဝင်သွားပေသည်။ အလျင်အမြန်ပြန်ဖြေလိုက်လေသည်။

"ပြီးပြီ.. စစ်ဆေးပြီးသွားပါပြီ"

သူက ကျောက်စိမ်းပြားတစ်ခုကို အလျှင်အမြန် ထုတ်ယူလိုက်ပြီး ၄င်း၏ မျက်နှာပြင်ပေါ်တွင် ရှောင်လုံ၏ နာမည်နှင့် အနက်ရောင်လိပ် ကြယ်စင်စု ဟူသော နာမည်ကို ရေးသားလိုက်လေသည်။ ထို့နောက် ရှောင်လုံအား ကျောက်စိမ်းပြားပေါ်သို့ သွေးစက်အနည်းငယ် ချ၍ ကျောက်စိမ်းတံဆိပ်ပြား အား ပေါင်းစည်း ချည်နှောင်လိုက်ရန် ပြောလိုက်လေသည်။

ပြိုင်ပွဲ ကျင်းပသည့် အချိန်တွင် သူက ထို ကျောက်စိမ်းတံဆိပ်ပြား ဖြင့် ဝင်ရောက်နိုင်စွမ်း ရှိမည်ဖြစ်သည်။

ရှောင်လုံက ကျောက်စိမ်းပြားပေါ်သို့ သွေးစက်အနည်းငယ် ချကာ နေရာ၌ပင် ပေါင်းစည်းချည်နှောင်လိုက်လေသည်။ ထိုကျောက်စိမ်းပြားထဲရှိ ပြိုင်ပွဲ၏ စည်းမျဥ်းများနှင့် ဆုလာဘ်များ အကြောင်း သတင်းအချက်အလက်များသည် သူ့၏ အသိစိတ်ထဲသို့ ဝင်ရောက် လာပေသည်။

ရှောင်လုံက ကွင်းပြင်ထဲမှ ထွက်ခွာလာချိန်တွင် သူ့၏ နောက်မှ စပ်စုသည့် အကြည့်များ လိုက်ပါလာပေသည်။ ထို့နောက်သူက သူ့၏ ဆရာ ဖုယန်နှင့် အခြားသူများ ရှိရာ ကွင်းပြင်၏ အစွန်ဆီသို့ သွားကာ ထွက်ခွာသွားလိုက်လေသည်။

ပြိုင်ပွဲသို့ ရောက်ရှိရန် တစ်လကျော် အချိန် ကျန်ရှိနေသေးသောကြောင့် သူတို့သည် နေထိုင်ရန် နေရာတစ်ခုကို ရှာဖွေရန် လိုအပ်ပေသည်။

သို့သော်လည်း တည်းခိုရာ နေရာကို ရှာဖွေရခြင်းသည် ရှောင်လုံကို အံ့အား သင့်သွားစေသည်။ အခြားကြယ်စင်စုများဆီမှ များပြားလှသော တပည့်များသည် ရေတွက်၍ မရအောင် များပြားလှသည်။ ထို့ကြောင့် ထာဝရကမ္ဘာ မြို့တော်ထဲတွင် တည်းခိုခန်းမြောက်များစွာ ရှိသော်လည်း ထိုတပည့်များဖြင့် ပြည့်နှက်နေလေပြီး အခန်းလွတ်တစ်ခု ရရန်ပင် ဖြစ်နိုင်ချေ မရှိပေ။

ဆရာ...ကျွန်တော် တို့ အခြားမြို့တော်ကို သွားကြမလား လျှိုယွင် က မေးမြန်းလိုက်လေသည်။

"အနီးနားက မြို့တော်တွေမှာလည်း...ဒီလိုမျိုး ဖြစ်နေမှာပဲလေ"

ရှောင်လုံက သူ့နဖူးသူ ရိုက်လိုက်လေပြီး ဖုယန်ကို ပြောလိုက်လေသည်။

"ဆရာ...ကျွန်တော် တို့ ကုန်သည်အဖွဲ့စျေး ကို သွားလို့ရတာပဲ"

"ကုန်သည်အဖွဲ့စျေးလား"

ဖုယန်နှင့် သူ့၏ တပည့်သုံးယောက်သည် စိတ်ရှုပ်ထွေးသွားကြပေသည်။ သူတို့၏ စိတ်ထဲ၌ အတွေး တစ်ခု ဝင်ရောက််လာပေသည်။ ရှောင်လုံက ဤသို့ လုပ် ဆောင် ချင်နေသည်များ ဖြစ်နေမည်လား။

ဟုတ်ပေသည်...ရှောင်လုံက အိမ်တော်တစ်ခု ဝယ်ယူရန် ကြံစည်နေခြင်းဖြစ်ပေသည်။

ထားဝရကမ္ဘာ မြို့တော်ထဲရှိ အိမ်တော် တစ်ခုသည် နှစ်ဆမက စျေးနှုန်း မြင့်မားလှသော်လည်း ရှောင်လုံ၌ အပေါများဆုံးအရာမှာ ပိုက်ဆံဖြစ်သည်။

ထို့အပြင် ပြိုင်ပွဲကာလသည် နှစ်နှစ်ကျော် ကြာမည်ဖြစ်သည်။ ရှောင်လုံက သူ့ဆရာ၊ သူ့၏ ဆရာတူ အစ်ကိုများနှင့် ဆရာတူ အစ်မကို လမ်းမပေါ်၌ သူ့အား စောင့်ဆိုင်းနေစေလိုခြင်း မရှိပေ။

ထာဝရ ကမ္ဘာ မြို့တော်၏ ကုန်သည် အဖွဲ့ စျေး ရှိရာနေရာကို မေးမြန်းစုံစမ်းလိုက်ပြီးနောက် ရှောင်လုံ ဖုယန်နှင့် အခြားသူများသည် ထိုနေရာသို့ ဦး တည်လိုက်ကြလေသည်။

ထားဝရ မြို့တော်၏ ကုန်သည် အဖွဲ့စျေးသည် သံသယရှိစရာ မလိုအောင် ကြီးမားလှပြီး ဘယ်ဘက် နှင့် ညာဘက်တွင် ဆိုင်ပေါင်းတစ်ထောင်မျှ ရှိနေပေသည်။ ရှောင်လုံက အကြီးဆုံးဖြစ်ဟန်ရသော စျေးဆိုင်တစ်ခုကို ရွေးချယ်လိုက်ပြီး အခြားသူများနှင့်အတူ အထဲသို့ ဝင်ရောက်သွားလေသည်။

သူတို့ အုပ်စုက စျေးဆိုင်ထဲသို့ လှမ်းဝင်လိုက်ချိန်တွင် ဆိုင်အကူတစ်ယောက်သည် နှစ်လိုဖွယ်အပြုံးဖြင့် ယဥ်ယဥ်ကျေးကျေး မေးမြန်းလာလေသည်။

"ဧည်သည့်တော်တို့ ဘာကို ဝယ်ယူချင်ကြပါသလဲ ...ပရိဘောဂပစ္စည်းတွေလား...ဒါမှမဟုတ် အလှဆင်ပစ္စည်းတွေလား ကြိုက်ရာကြည့်လို့ရပါတယ်"

အချို့သော ကုန်သည်ကြီးများသည် အိမ်တော်များ၊ စားသောက်ဆိုင်များနှင့် ခြံဝန်းများကို ရောင်းချရုံသာမက တန်ဖိုးကြီး အဆင့်မြင့် ပရိဘောဂနှင့် အလှဆင်ပစ္စည်းများကိုလည်း ရောင်းချပေသည်။ ထာဝရကမ္ဘာမြို့တော်ကဲ့သို့ ကြီးမားစည်ကားလှသည့် မြို့တော်ကြီးတွင် အိမ်ခြံမြေစျေးနှုန်းများသည် မိုးထိမြင့်မားလှသည်။ ထို့ကြောင့် အိမ်တော်ဝယ်ရန် မေးမြန်းသူများသည် ရှားပါးလှပေသည်။ ထို့ကြောင့် ဆိုင်အကူက ရှောင်လုံတို့အုပ်စုသည် ဤနေရာသို့ ပရိဘောဂပစ္စည်းများ၊ အလှဆင်ပစ္စည်းများ ဝယ်ယူရန် ရောက်ရှိလာခြင်း ဖြစ်သည်ဟု ယူဆထားပေသည်။

ရှောင်လုံက လိုရင်းကိုသာ တိုက်ရိုက်ပြောလိုက်သည်။

"ငါတို့  အိမ်တော်တစ်ခု ဝယ်ချင်တယ်...အဲ့တာက ထာဝရကမ္ဘာမြို့တော်ရဲ့အလယ်မှာ ရှိမယ်ဆိုရင် အကောင်းဆုံးပဲ"

ဆိုင်အကူက ရှောင်လုံကို ကြောင်အစွာ ကြည့်လိုက်လေသည်။ အိမ်တော်တစ်ခု ဝယ်ယူမည့်အပြင် ထာဝရကမ္ဘာမြို့တော်၏ အလယ်၌ တည်ရှိနေသည့် အိမ်တော်ကို ဝယ်ချင်သည်တဲ့လား။

ရှောင်လုံ၏ စကားများကြောင့် ခန်းမထဲရှိ ထာဝရကြယ်စင်စု၏ တပည့်များသည် သူ့ကို လှည့်ကြည့်လာကြသည်။

သန်မာထွားကြိုင်းသော အစိမ်းရောင်ဝတ်စုံနှင့်တပည့်သည် လှောင်ရယ်လိုက်လေသည်။

"ကောင်လေး...မင်းက အခြားကြယ်စင်စုကနေ ဒီနေရာကို ပြိုင်ပွဲအတွက်  ရောက်လာတာမဟုတ်လား...မင်းက ငါတို့ ထာဝရကမ္ဘာမြို့တော်ရဲ့ အလယ်မှာ တည်ဆောက်ထားတဲ့ အိမ်တော်တစ်ခုကို ဝယ်ယူဖို့တတ်နိုင်တာ သေချာရဲ့လားကွာ"

ထို့နောက် သူက သူ့နောက်ရှိ နောက်လိုက် ကို လှည့်ကြည့်လိုက်သည်။

"ရှောင်တုန်...ငါတို့ထာဝရကမ္ဘာမြို့တော်ရဲ့ အိမ်တော် စျေးနှုန်း က ဘယ်လောက်ရှိလဲဆိုတာကို...ဒီလူသိအောင် ပြောပြလိုက်စမ်း"

ထိုနောက်လိုက်က ရိုသေလေးစားစွာဖြင့် နာခံကြောင်းပြလိုက်ပြီးနောက် ရှောင်လုံဘက်သို့ မေးငေါ့ကာ ပြောလိုက်လေသည်။

"မင်း သေချာ နားထောင်ထားစမ်း....ငါတို့ ထာဝရကမ္ဘာမြို့တော်ထဲမှာ...အစွန်အဖျားအရောက်ဆုံးက အစုတ်ချာဆုံး ခြံဝန်းတောင် ၁၀၀ ဘီလီယံကျော် တန်တယ်ကွ...မြို့တော်ရဲ့ အလယ်မှာ ရှိတဲ့ အိမ်တော်တွေဆိုရင်တော့...စျေးအချိုဆုံးဆိုရင် ၈၀၀ ဘီလီယံပဲ...ကောင်းမွန်တဲ့ အိမ်တော်တွေကတော့ ၁ ထရီလီယံ နဲ့အထက် ရှိတယ်"

နောက်လိုက်၏ စကားများကို ကြားလိုက်ရသည်နှင့် အနက်ရောင်သူရဲကောင်းတက္ကသိုလ် ကျောင်းအုပ်ကြီး ဖြစ်သော ဖုယန်သည်ပင် အံ့အားသင့်သွားရလေသည်။

လျှိုယွင်၊ချန်းယန်နှင့်ချီဝမ်တို့သည်လည်း အံ့အားသင့်သွားကြသည်။

ရှောင်လုံကမူ ထိုနောက်လိုက်ကို ဂရုမစိုက်ဘဲ ဆိုင်အကူကိုသာ စကားပြောလိုက်လေသည်။

"ထာဝရကမ္ဘာမြို့တော်ရဲ့ အလယ်မှာ...ဘယ်အိမ်တော်က အကောင်းဆုံးအိမ်တော်လဲ"

ပတ်ပတ်လည်ရှိ ထာဝရကြယ်စင်စု၏ တပည့်များသည် ကြောင်အသွားကြလေသည်။

အစိမ်းရောင်ဝတ် လူငယ်က မကျေမနပ်ဖြင့် နှာခေါင်းရှုံ့လိုက်လေသည်။ သူ့အတွက်မူ ရှောင်လုံ စကား၏ အသံနှုန်းအရ ထိုလူငယ်သည် ထာဝရကမ္ဘာမြို့တော်၏ အလယ်ရှိ အိမ်တော်တစ်ခုကို ဝယ်ယူချင်နေရုံသာမက အကောင်းဆုံးအိမ်တော်ကိုပင် လိုချင်နေသည့် အဓိပ္ပါယ် သက်ရောက်နေပေသည်။

ချမ်းသာချင်ယောင်ဆောင်သော လူပေါင်းမြောက်များစွာကို သူ မြင်တွေ့ဖူးပေသည်။ သို့သော် ဤမျှအထိ ယုံကြည်ချက် အပြည့်အဝဖြင့် ချမ်းသာချင်ယောင်ဆောင်သည့် လူမျိုးကိုမူ ပထမဆုံးအကြိမ် မြင်တွေ့ဖူးခြင်း ဖြစ်သည်။

.......

ပြိုင်ဘက်ကင်းသိုင်းဝိညာဥ်

အပိုင်း ၈၄၃ ..... ဒီမှာ... ၅၀၀ ဘီလီယံ ယူလိုက်

ဆိုင်အကူသည် အမူအရာ မဲ့စွာဖြင့် ရှောင်လုံအား စိုက်ကြည့်နေလေပြီး တိတ်တဆိတ် တွေးတောလိုက်မိနေပေသည်။

' ဒီလူက ဒီနေရာကိုလာပြီး အပြောင်အပျက် လာလုပ်နေတာလား...ပြိုင်ပွဲ ဝင်ဖို့ အတွက်စာရင်းသွင်း အောင် လာတဲ့ တပည့် တစ်ယောက်က ထာဝရ ကမ္ဘာမြို့တော်ရဲ့ အကောင်းဆုံး အိမ်တော်ကို ဝယ်ယူချင်နေတာတဲ့လား '

ထိုနောက်လိုက် ပြောသွားသကဲ့သို့ပင် သူတို့ ထာဝရ ကမ္ဘာ မြို့တော်၏ ကောင်းမွန်လှသော အိမ်တော်များသည် တစ်ထရီလံ နှင့် အထက် တန်ကြေးရှိပေသည်။ အခြားသော ကြယ်စင်စု များမှ အပြင်လူများကို အသာထား၍ ထာဝရ ကြယ်စင်စု များ၏ ထိပ်တန်း အင်အားစုများမှ မဟာအကြီးအကဲ အချို့သည်ပင် မြို့တော်၏ အလယ်၌ အိမ်တော် တစ်ခု ဝယ်ယူနိုင်စွမ်း မရှိပေ။

ထို့အပြင် ရှောင်လုံ၏ ကျင့်စဥ်အရ ဆိုပါက သူသည် နတ်ဘုရားအဆင့် ၁၀ နောက်ပိုင်း အထွတ်အထိပ်အဆင့် ကျင့်ကြံသူ တစ်ယောက်သာ ဖြစ်ပေသည်။

"ကောင်လေး...မင်းက ဒီနေရာကို လာပြီးတော့ တမင်သက်သက် လာကစားနေတာမဟုတ်လား...မဟာ ငြိမ်းချမ်း ခြင်း ကုန်သည် အဖွဲ့ကို ဟာသလာလုပ်ခြင်းရဲ့ အကျိုးဆက်တွေကို မင်းသိရဲ့လား...ဒီနေရာက ထာဝရ ကြယ်စင်စုပဲ...မင်းလာခဲ့တဲ့ နေရာလို တောကြိုအုံကြားမဟုတ်ဘူး"

သန်မာတောင့်တင်းသည့် အစိမ်းရောင် ဝတ်စုံနှင့် လူငယ်က လှောင်ပြောင်လိုက်လေသည်။

ထိုအချိန်တွင် စျေးဆိုင်၏ တံခါးသည် ပွင့်လာလေပြီး လူအုပ်စု တစ်ခု ဝင်ရောက်လာပေသည်။ ရှောင်လုံသည် သူ့နောက်ဆီမှ ဆူညံသံ တစ်ချို့ကို ကြားလိုက်ရပြီးနောက် ထိုဆူညံသံ တစ်ခုကြောင့် အနည်းငယ် ခေါင်းကို ငဲ့ကြည့်လိုက်လေသည်။ ထိုအုပ်စုသည် တခြားသူများ မဟုတ်ဘဲ စကြာဝဠာ အရှင်သခင် မိသားစု၏ ရဲ့လူမိသားစု ဖြစ်ပေသည်။

အထဲသို့ လျှောက်ဝင်လာသော ရဲ့လူထန်းဟော်သည် တိုက်တိုက် ဆိုင်ဆိုင်ပင် ရှောင်လုံ၏ အကြည့်နှင့် တွေ့ဆုံသွားပေသည်။ ခဏမျှ အံ့အား သင့်သွားပြီးနောက် သူ့၏ စိတ်ထဲရှိ အမုန်းတရားများသည် မြင့်တတ်လာလေပြီး ရှောင်လုံအား ညွှန်ပြကာ သူ့နဘေးရှိ အားကောင်းလှသည့် အော်ရာကို ထုတ်လွှတ်နေသော အော်ရာကို လူငယ်အား ပြောလိုက်လေသည်။

"အစ်ကိုကြီး...အဲ့ဒီ ခွေးကောင်က ဟောင်ရှောင်လုံပဲ"

ရဲ့လူထန်းဖန်နှင့် ရဲ့လူ မိသားစု၏ အကြည့်များသည် ရှောင်လုံ အပေါ် ရောက် ရှိလာပေသည်။

ရဲ့လူမိသားစု၏ တပည့်တစ်ယောက်သည် ထိုအုပ်စုထဲမှ လျှောက်ထွက်လာလေသည်။

"ဟောင်ရှောင်လုံ ..ဟီးဟီး...ဘယ်လောက်တောင် တိုက်ဆိုင်လိုက်သလဲ... ငါတို့ မင်းကို ဒီနေရာမှာ တွေ့ရလိမ့်မယ် လို့ ဘယ်သူ ထင်မိမှာလဲ"

ရဲ့လူထန်းဟောင်၏ မျက်လုံးထဲတွင် ချက်ချင်း တိုက်ခိုက်ပစ်ချင်သည့်နှယ် သတ်ဖြတ်လိုစိတ်များ ဖြတ်သန်းသွားပေသည်။

ရဲ့လူထန်းဖန်က လက်တစ်ဖက်ကို မြှောင့်လိုက်လေပြီး ရဲ့လူထန်းဟောင်ကို ရပ်တန့်စေလိုက်ကာ ခံစားချက်မဲ့စွာဖြင့် ပြောလိုက်လေသည်။

"အလျှင် မလိုနဲ့... ဒီကလေးကို ရက်အနည်းငယ်လောက် အသက်ရှင်ခိုင်းထားလိုက်ဦး...ပြိုင်ပွဲ စတင်ပြီးလို့ လျှပ်စီးနယ်မြေ နတ်ဘုံ ကမ္ဘာကို ရောက်သွားမှ လှုပ်ရှားမယ်ဆိုရင်လည်း... နောက်မကျသေးဘူး"

သူတို့ ရဲ့လူ မိသားစုသည် ကြယ်စင်စု တစ်ခု၏ ထိပ်ဆုံးအင်အား စု ဖြစ်သော်လည်း ယခုအချိန်တွင် အခြားသူ၏ ပိုင်နက်ဖြစ်သော ထာဝရကမ္ဘာ၏ မြို့တော်ထဲသို့ ရောက်ရှိ နေပြီး ဖြစ်သည်။

ရဲ့လူထန်းဟောင်က မကျေမနပ်ဖြင့် ရပ်တန့်လိုက်လေပြီး ရှောင်လုံကို ဒေါသတကြီး စိုက်ကြည့်နေလေသည်။

ရဲ့လူထန်းဖန်က ရှောင်လုံကို တစ်ချက်မျှ ကြည့်လိုက်ပြီးနောက် ခေါင်းကို ခါယမ်းလိုက်လေသည်။

"ဟောင်ရှောင်လုံ...မင်းရဲ့ အရည်အချင်းက သိပ်မဆိုးဘူးဆိုတာ ငါသိတယ်...ဒါပေမယ့် နှမျောစရာပဲ...မင်း လျှပ်စီး နယ်မြေ နတ်ဘုံကမ္ဘာ ကို ရောက်သွားတဲ့ အခါကျရင် ပြန်လာနိုင်တော့မှာ မဟုတ်ဘူး"

ရှောင်လုံကလည်း ခံစားချက်မဲ့စွာဖြင့် ပြောလိုက်လေသည်။

" အဲ့ဒီလိုလား... ငါလည်း မင်းကို အဲ့လိုမျိူး ပြောချင်နေတာ"

ရဲ့လူမိသားစု တပည့်များ အားလုံးသည် ရှောင်လုံ၏ စကားများကြောင့် ဒေါသ ထွက်သွားကြလေသည်။

ဖုယန်၏ အရှိန်အဝါက ရဲ့လူထန်းဖန်နှင့် ရဲ့လူမိသားစု တပည့်များကို ချက်ချင်း လွှမ်းခြုံသွားလေပြီး သူတို့ ရုတ်တရက် တိုက်ခိုက်လာမည့် အရေးမှ ကာကွယ်လိုက်လေသည်။

ရဲ့လူထန်းဖန်က ရဲ့လူမိသားစု တပည့်များအား လက်ယမ်းပြလိုက်လေပြီး သူတို့ကို နောက်ဆုတ်ခိုင်းလိုက်ကာ ရှောင်လုံအား တည်ငြိမ်စွာဖြင့် ပြောလိုက်လေသည်။

"မင်းရဲ့ ကျင့်စဥ်က မဟာနတ်ဘုရား အဆင့် ၃ ကို ရောက်နေမယ် ဆိုရင်တော့... ငါ့ရဲ့ပြိုင်ဘက်ဖြစ်ဖို့ အရည်အချင်း ပြည့်မှီလိမ့််မယ်...ဒါပေမယ့်... လက်ရှိမင်းရဲ့ ခွန်အားက အရမ်းအားနည်းလွန်းလို့... ငါ လုံးဝ စိတ်မဝင်စားဘူး"

ထို့နောက် သူက ဆိုင်အကူ ရှိရာ ဘက်သို့ လှည့်လိုက်ကာ မေးလိုက်လေသည်။

"သူလည်း ဒီနေရာကို အိမ်တော် တစ်ခု ဝယ်အောင် လာတာလား "

ထိုဆိုင်အကူက ရဲ့ လူထန်းဟော်၏ အင်အားကြီးမားလှသော အော်ရာကြောင့် မလေးမစား မလုပ်ရဲဘဲ အလျှင်အမြန် ဖြေကြားလိုက်လေသည်။

"ဟုတ်ပါတယ်"

ရဲ့လူ ထန်းဖန်က ပြောလိုလေသည်။

"သူက ဘယ်အိမ်တော်ကို လိုချင်နေတာတဲ့လဲ...ငါအဲ့ဒီ အိမ်တော်ကို ယူမယ်"

သူက ဆိုင်အကူ ဆီသို့ သိုလှောင်လက်စွပ်တစ်ကွင်းပစ်ပေးလိုက်ပြီး ဝင့်ကြွားစွာ ပြောလိုက်လေသည်။

"ဒီမှာရော့... ငါးရာ ဘီလီယံ ယူလိုက်"

ဆိုင်အကူနှင့် ခန်းမထဲရှိ ထာဝရ ကြယ်စင်စု ၏ တပည့်များသည် သိုလှောင်လက်စွပ်ကို အံအားသင့်စွာဖြင့်ကြည့်လိုက်ကြလေသည်။သို့သော် သိုလှောင်လက်စွပ်၏ အတားအဆီးများကို ဖွင့်လှစ်ထားသောကြောင့် လူတိုင်းသည် သိုလှောင်လက်စွပ်ထဲက ဝမ်ဂူ ဒင်္ဂါး တောင်တန်းကြီးများကို မြင်နေရပေသည်။

သို့သော်လည်း ခဏမျှ အံ့အား သင့်သွားပြီးနောက် ဆိုင်အကူသည် ရဲ့လူထန်းဖန်အား ခါးသက်သက် အပြုံးဖြင့် ပြောလိုက်လေသည်။

"ဒါက...သူလိုချင်တဲ့ အိမ်တော်က ကျွန်တော်တို့ ထာဝရ မြို့တော်ရဲ့ အလယ်မှာ ရှိတဲ့ အကောင်းဆုံး အိမ်တော်ကိုပါ...ကျွန်တော်တို့ ကုန်သည်အဖွဲ့ရဲ့ အကောင်းဆုံးအိမ်တော်က ၂.၃ ထရီလီယံ တန်ကြေးရှိပါတယ်... ဒါကြောင့်..... "

ဒါကြောင့် ငါးရာဘီလီယံသည် တကယ့်တန်ကြေးနှင့် ဝေးကွာလွန်းနေပေသေးသည်။

ဆိုင်အကူက သူ့စကားကို အဆုံးထိ မပြောလိုက်သော်လည်း လူတိုင်းသည် နားလည်သွားကြပေသည်။

"ဘာဖြစ်တယ်...၂.၃ ထရီလီယံ ဟုတ်လား"

ရဲ့လူထန်းဟော်နှင့် ရဲ့လူမိသားစု ၏ တပည့် အုပ်စုသည် တုန်လှုပ်သွားကြလေသည်။

ရဲ့လူထန်းဖန်၏ တည်ငြိမ်၍ ခံစားချက် ကင်းမဲ့သည့်အမူ အရာ သည်ပင် အက်ကွဲ သွား ရပေသည်။

ရှောင်လုံက အထင်သေးစွာ နှာခေါင်းရှုံ့လိုက်ပြီးနောက် သူ့၏လက်ကို လေထဲတွင် ဝှေ့ရမ်းလိုက်လေသည်။ မြောက်များစွာသော ထိပ်တန်းအဆင့် စိတ်ဝိညာဉ် ကျောက်တုံးများသည် ကြမ်းပြင် ထက်သို့ ကျဆင်း လာလေပြီး ခန်းမ ထဲတွင် ပြည့်နှက်သွားလေသည်။

တောင်တစ်လုံး ကဲ့သို့ အပုံလိုက် ကျဆင်းလာနေသော များပြားလှသည့် ထိပ်တန်းနတ်ဘုရားအဆင့် စိတ်ဝိညာဉ် ကျောက်တုံး များကို ကြည့် ရင်း ရဲ့ လူမိသားစု တပည့် အုပ်စုနှင့် ထာဝရ ကြယ်စင်စုမိသားစုတပည့်များသည် ပါးစပ် အဟောင်းသား ဖြစ်သွားကြရလေသည်။

ရှောင်လုံက ထိပ်တန်းနတ်ဘုရားအဆင့် စိတ်ဝိညာဉ်ကျောက်တုံး ပုံကြီးကို ညွှန်ပြလိုက်လေပြီး ဆိုင်အကူအား ပြောလိုက်လေသည်။

" ဒီမှာ ထိပ်တန်းအဆင့် စိတ်ဝိညာဉ်ကျောက်တုံး ၄ သောင်းပဲ... ငါ့ကို ထာဝရကမ္ဘာမြို့တော်ထဲက အကောင်းဆုံး အိမ်တော််ရဲ့ သော့တွေ ပေးလိုက်တော့... ပိုတဲ့ဟာကိုတော့ ပရိဘောဂ အချို့နဲ့ အိမ်တော် အလှဆင်တဲ့ ပစ္စည်း တချို့ ပေါင်းထည်လိုက်... အဲ့တာတွေကို နောက်ကျရင် လာပို့လှည့်ပေါ့"

ထိပ်တန်းနတ်ဘုရား အဆင့် စိတ်ဝိညာဉ်ကျောက်တုံး ၄ သောင်းသည် ၃.၂ ထရီလီယံနှင့် ညီမျှပေသည်။ အိမ်တော်၏ တန်ကြေးကို နုတ်ယူပြီး နောက်တွင်ပင် ၉၀၀ဘီလီယံမျှ ကျန်ရှိနေပေလိမ့်မည်။

ဆိုင်အကူသည် စိတ်ဝိညာဉ် ပျောက်ဆုံးသွားသည့် နှယ် ဖြစ်နေလေပြီး သူ့၏ နားထဲ၌ တဝီဝီ မည်သံများသာ ကြားနေရပေသည်။

အစောပိုင်းက ရှောင်လုံအား လှောင်ပြောင်ခဲ့သော ကြံ့ခိုင်သန်မာသည့် အစိမ်းရောင်ဝတ် လူငယ်သည် ကြောင်အစွာဖြင့် အကြာကြီး ရပ်တန့်နေပေသည်။

မကြာမှီ ဆိုင်တာဝန်ခံ သိရှိသွားပြီး အပြေးအလွှားရောက်ရှိလာကာ သူတို့ မြို့တော်ထဲရှိ အလယ်၌ တည်ရှိသော အကောင်းဆုံး ခြံဝန်း၏ သော့ကို ရှောင်လုံအား ယဥ်ကျေးစွာ ကမ်းပေးလိုက်လေသည်။ သူက ရိုသေလေးစားစွာဖြင့် ရှောင်လုံ ကို အပေါက်ဝထိ လိုက်လံပို့ဆောင်လိုက်လေပြီး ပရိဘောဂများနှင့် အလှဆင်ပစ္စည်းများ ကို အမြန်ဆုံး နှုန်းဖြင့် ပို့ဆောင် ပေးမည် ဖြစ်ကြောင်း ပြောကြား လိုက်လေသည်။

ဆိုင်တာဝန်ခံ က တောက်ပနေသည့် အပြုံး ဖြင့် ရှောင်လုံအား ယဥ်ကျေးစွာ လိုက်လံ ပို့ဆောင်နေသည်ကို ကြည့်ရင်း ရဲ့လူမိသားစုတပည့်များ၏ မျက်နှာ ထက်တွင် ရုပ် ဆိုးသည့် အမူအရာများ ထွက်ပေါ်လာကြပေသည်။ ရဲ့လူထန်းဖန်၏ အကြည့်မှာ အေးစက် စူးရှနေပေသည်။

ဤ ကဲ့သို့သော မျက်နှာအား ဖြတ်ရိုက်လိုက်မှုသည် ကျယ်လောင်ကာ နာကျင်ရပေသည်။

ရှောင်လုံတို့ အုပ်စု ထွက်သွားပြီးနောက် ဆိုင်တာဝန်ခံ သည် ပြန်လည် ရောက်ရှိ လာပြီး ရဲ့ လူထန်းဖန်အား နွေးထွေးစွာပြောလိုက်လေသည်။

"ဒီက မိတ်ဆွေခင်ဗျာ... ကျွန်တော်တို့မှာ မြို့တော်အလယ်နဲ့ ဝေးဝေးမှာ ရှိပြီး အရမ်းကောင်းမွန်တဲ့ အခြား အိမ်တော် တွေ လဲ ရှိပါတယ်... မိတ်ဆွေ အနေနဲ့ ဝယ်ယူဖို့ စိတ်ဝင်စား တယ် ဆိုရင်...ကျွန်တော်တို့ စျေးဆိုင်က သစ်တော်ပန်းပွင့် အထွတ်အမြတ်သစ်သားနဲ့ လုပ်ထားတဲ့ ပရိဘောဂ သုံးစုံကို လက်ဆောင် အနေနဲ့ ထည့်ပေးပါ့မယ်"

ဆိုင်တာဝန်ခံ က ရဲ့လူထန်းဖန်အား အခြား အိမ်တော်များ အကြောင်းကို နွေးထွေးစွာ ရှင်းပြလိုက်လေသည်။

ထိုအခါမှသာ ရဲ့လူထန်းဖန်၏ တောင့်တင်းနေသည့် မျက်နှာက ပြေလျော့ သွားရပေသည်။

အဆုံး၌ ရဲ့လူထန်းဖန်က အိမ်တော်တစ်ခုကို ဝယ်လိုက်လေသည်။ သို့သော်လည်း ထိုအိမ်တော်သည် ထာဝရကမ္ဘာမြို့တော်၏ အစွန်းဘက်ဆုံး၌ တည်ရှိနေသည့် အိမ်တော် ဖြစ်ပေသည်။ ထို့ပြင် ထိုအိမ်တော်၏ အကျယ်အဝန်းနှင့် တည်ဆောက်ပုံသည် ရှောင်လုံ၏ အိမ်တော်ထက် အလွန်တရာ နိမ့်ကျပေသည်။ စျေးနှုန်းမှာမူ ၄၀၀ ဘီလီယံသာ ရှိလေသည်။

ကုန်သည် အဖွဲ့ အစည်း၏ ဆိုင်တာဝန်ခံသည် ရဲ့လူထန်းဖန်တို့ အုပ်စုကို ဝက်ပေါက်ဆီသို့ ယဥ်ယဥ်ကျေးကျေး လိုက်ပို့ လိုက်လေသည်။

ထားဝရကမ္ဘာမြို့တော်ထဲတွင် နှစ်ပေါင်း တစ်ရာအတွင်း အိမ်တော်တစ်ခု ရောင်းချရန်မှာ ခဲယဥ်းလှပေသည်။ သို့သော် ယခုမူ သူတို့ဆိုင်သည် တစ်နေ့ထဲဖြင့် အိမ်တော် ၂ ခု ရောင်းချခဲ့ရသည်။ဆိုင်တာဝန်ခံသည် ပန်းပွင့်များ ပွင့်လန်းနေသည့်နှယ် အလွန်တရာ ပျော်ရွှင်နေပေသည်။

ရဲ့ လူထန်ဖန်က ရဲ့လူ ထန်းဟော်နှင့် ကျန်သည့် ရဲ့လူမိသားစု တပည့်များအား ဦးဆောင် ထွက်ခွာသွားပြီး ဆိုင်နှင့် အဝေးသို့ ရောက်ရှိသွားချိန်တွင် သူ့၏ အေးစက်စက်အသံ ထွက်ပေါ်လာပေသည်။

"သိုင်းပြိုင်ပွဲ အတွင်းမှာ... လျှပ်စီး နယ်မြေ နတ်ဘုံကမ္ဘာထဲ ဟောင်ရှောင်လုံနဲ့ တိုးတဲ့ ဘယ်သူမဆို... သူ့ကို လွယ်လွယ်ကူကူ သတ်မပစ်လိုက်နဲ့... သူ့ ခန္ဓာကိုယ် က အရိုးတွေကို တစ်ချောင်းချင်းစီ အရင်ဆုံး ချိုးပစ်လိုက်"

ရဲ့လူ မိသားစု တပည့်များ အားလုံးသည် ရဲ့လူ ထန်းဖန်၏ အသံဆီမှ ဖြာထွက်လာသော အေးစက်မှုကြောင့် ကြောက်လန့်သွားကြလေပြီး သူ့၏ အမိန့်ကိုအလျှင်အမြန် နာခံကြောင်း ပြလိုက်ကြလေသည်။

အခြား တစ်နေရာတွင်မူ ဆိုင်အကူတစ်ယောက်က ဦးဆောင် ခေါ်ဆောင်သွားမှုကြောင့် ရှောင်လုံတို့ အုပ်စုသည် သူတို့ ဝယ်ယူထားသည့် အိမ်တော်ဆီသို့ ရောက်ရှိသွားကြလေသည်။

အိမ်တော်၏ နာမည်သည် လှိုင်းတစ်ထောင် အိမ်တော်ဖြစ်ပေသည်။ လမ်းတွင် သူတိုကို လိုက်ပို့သည့် ဆိုင်အကူသည် လှိုင်းတစ်ထောင် အိမ်တော်၏ နေရာများကို အသေးစိတ်ကျကျ မိတ်ဆက်ပေးလိုက်လေသည်။

ထို အိမ်တော်ကို စတုရန်းမီတာ တစ်သောင်းရှိသည့် မြေပေါ်တွင် တည်ဆောက်ထားခြင်းဖြစ်သည်။ ထိုမြေ၏ တစ်လက်မချင်းစီတိုင်းသည် ရွှေ အပြည့်ရှိသည့် တောင်းတစ်တောင်းချင်းစီနှင့် တန်ဖိုးညီမျှကာ စတုရန်းမီတာ တစ်သောင်းကျယ်ဝန်းသည့် မြေကွက်မှာမူ အလွန်တရာ စျေးနှုန်းမြင့်မားပေလိမ့်မည်။

အိမ်တော်ကို ခြံဝန်း ခြောက်ခုဖြင့် ခွဲထားလေပြီး အိပ်ခန်း ၂၀ ကျော် ပါရှိပေသည်။ ထို့အပြင် ဆေးဖော်စပ်ခြင်း အခန်းတစ်ခု၊ စာဖတ်ခန်း တစ်ခု၊ အရှေ့ ခန်းမတစ်ခု၊ အတွင်းခန်းမ တစ်ခု၊ပန်းခြံတစ်ခု၊ ထပ်ခိုးတစ်ခုနှင့် သိုင်းလေ့ကျင့် ရန်အတွက် မြေကွက်လပ် တစ်ခုလည်း ပါရှိနေပေသေးသည်။

ရှောင်လုံက အိမ်တော်၏ သော့ကို ထုတ်ယူလိုက်ကာ အိမ််တော်၏ ခုခံကာကွယ် ခြင်း အစီအရင်များကို ရပ်တန့်လိုက်လေသည်။

လူတိုင်း အထဲသို့ ဝင်ရောက်သွားပြီးနောက် ပေါများ ကြွယ်ဝလှသော စိတ်ဝိညာဉ် စွမ်းအင်သည် သူတို့၏ မျက်နှာကို ဖြတ်သန်းသွားကာ ဆေးပင်များ၏ မွှေးရနံ့သည်လည်း သူတို့ကို သက်သောင့်သက်သာ ဖြစ်သွားစေလေသည်။

ဆိုင်အကူ၏ ပြောစကားအရ အိမ်တော်ထဲတွင် စွမ်းအင်စုစည်းခြင်း အစီအရင်အသေးရှိပြီး အနောက်ဘက်ရှိ ပန်းခြံ၌မူ နှစ်တစ်သိန်းနှင့် အထက်ဖြစ်သော စိတ်ဝိညာဉ်ပန်းပင်များနှင့် သစ်ပင်များ ရှိပေသည်။

လျှောက်လမ်းများ၏ လက်ရန်းများသည်ပင် မြင်တွေ့ရန် ရှားပါးလှသော သတ္ထု စ္စည်းများဖြင့် လုပ်ဆောင်ထားခြင်းဖြစ်ပေသည်။

ဖုယန်၊ လျှိုယွင် ၊ ချန်းယန်နှင့် ချီဝမ်တို့သည် အခန်း၏ အပြင်အဆင် အခင်းအကျင်းများကို ကြည့်ရင်း အံ့အားသင့် မင်သက်သွားလေသည်။ အိမ်တော် ပတ်ပတ်လည်ရှိ စိတ်ဝိညာဉ် ပန်းပင်များ စိတ်ဝိညာဉ် သစ်ပင်များနှင့် စိတ်ဝိညာဉ် သစ်သားများနှင့်ပင် မိုးထိ မြင့်မားလှသော စျေးနှုန်း ကျသင့်နေပြီဖြစ်သည်။ ၂.၃ ထရီလီယံ ကျသင့်ခြင်းသည် တကယ့်ကို ထိုက်တန် လှပေသည်။

သိပ်မကြာမှီ စျေးဆိုင်မှ နေ၍ ပရိဘောဂ ပစ္စည်း များစွာကို လာရောက် ပို့ဆောင်ပြီးနောက် ရိုသေလေးစားစွာဖြင့် ပြန်သွားကြလေသည်။

......

ပြိုင်ဘက်ကင်းသိုင်းဝိညာဥ်

အပိုင်း ၈၄၄ ..... ရှန်းမင်ကျီနှင့် တိပ်တိုက်တွေ့မိသွားခြင်း

အခန်းတိုင်း၌ ယန်ကိုးမျိုး ကျောက်စိမ်း မွေ့ရာ ရှိနေသည်ကို ကြည့်ရင်း လျှိုယွင်သည် ခံစား ချက် အပြည့်ဖြင့် သက်ပြင်း ချလိုက်လေသည်။

"ပိုက်ဆံ ရှိတာက... တကယ်ကောင်းတာပဲ "

လူတိုင်းက သူ့စကားများကြောင့် ရယ်မောလိုက်ကြလေသည်။

ထို့နောက် သူတို့သည် စိတ်ကြိုက် ခြံဝန်းတစ်ခုစီ ရွေးချယ်လိုက်ကြလေသည်။ နေရာ ထိုင်ခင်း ပြဿနာကို ဖြေရှင်း ပြီးသွားပြီမို့ ရှောင်လုံသည် အေးအေးချမ်းချမ်း ကျင့်ကြံအား ထုတ်ကာ ပြိုင်ပွဲ ကျင်းပမည့်နေ့ကို စောင့်ဆိုင်းနေလိုက်ပေသည်။

ရှောင်လုံသည် ကောင်းကင်ဘုံ တောင်တန်းကို ဆင့်ခေါ်လိုက်ပြီး ထိုတောင်တန်းထဲသို့ ပျံသန်းဝင်ရောက်လိုက်ကာ ကောင်းကင် ဘုံ နတ်ဘုရား၏ ကျင့်ကြံခြင်း အိမ်တော်ထဲ၌ ကျင့်ကြံလိုက်ပေသည်။ သူက နီလာ ခရမ်း မိုးရေစက် ဆေးလုံး တစ်လုံးကို ထုတ်သောက်လိုက်ပြီး ကြယ်စင်စု ၃ စု ဆီမှ ကြယ် အင်အား ကို စုပ်ယူ လိုက်ကာ သူ့၏ ခန္ဓာကိုယ်ကို အားဖြည့်လိုက်လေသည်။

ရက်ပေါင်းသုံးဆယ်ကျော်သည် မျက်တောင် တစ်ခတ်အတွင်း ကုန်ဆုံးသွားလေသည်။

ထိုအချိန် တောအတွင်း သူ့၏ ကိုယ်ပိုင် ခြံဝန်းထဲ၌သာ ကျင့်ကြံ အားထုတ်နေပြီး အပြင်ဘက်သို့ ခြေတစ်လှမ်းမှ ထွက် မလာပေ။  သူသည် နီလာခရမ်းမိုရေစက် နတ်ဆေးလုံး မည်မျှအထိ သောက်သုံးခဲ့ ပြီးပြီ ဆိုသည်ကို မရေတွက် နိုင်တော့ပေ။ တစ်လမျှ ကျင့်ကြံ အားထုတ်ပြီး သူ့၏ ခွန်အားကို အနည်းမျှသာ တိုးတတ်စေပေသည်။

ထိုနေ့တွင် လျှိုယွင်နှင့် ချီဝမ်တို့သည် ရှောင်လုံ၏ ခြံဝန်းထဲသို့ ရောက်လာကြပေသည်။

"ဆရာတူ ညီလေး...ပြိုင်ပွဲက ၃ ရက်အတွင်း စတင်လိမ့်မယ်...အစ်ကိုတို့နဲ့အတူ ခဏလောက် စိတ်ပြေလက်ပျောက် အပြင်ထွက်ရင်ရော ဘယ်လိုလဲ... ထာဝရ ကုန်သည် အဖွဲ့ အစည်းက ပြိုင်ပွဲ ဝင်မယ့် မဟာနတ်ဘုရား အဆင့် ၃ နဲ့ အထက် တပည့်တွေရဲ့ နာမည်တွေ သတင်းအချက်အလက်တွေကို စာရင်းပြုစုပြီးတော့ စာအုပ်တစ်အုပ် ထုတ်ဝေထားတယ်လို့... အစ်ကို ကြားခဲ့တယ်"

လျှိုယွင်က ပြောပြလိုက်လေသည်။

"အဲ့ဒီ လူတွေက ထိပ်ဆုံး အယောက် တစ်ထောင်အတွင်း ဝင်ရောက်ဖို့အတွက် အခွင့်အရေး ရှိတယ်တဲ့လေ"

မဟာနတ်ဘုရား အဆင့်၃ နှင့် အထက် ပြိုင်ပွဲဝင်များ၏ အမည်စာရင်း ဖြစ်သည် တဲ့လား။ရှောင်လုံသည် စိတ်ဝင်စား သွားလေပြီး ခေါင်းညိတ်ပြလိုက်လေသည်။

"ကောင်းပြီလေ"

သူက သူ့၏ ကိုယ်ပိုင် ခွန်အားကို ယုံကြည်မှု ရှိသော်လည်း ပြိုင်ပွဲ မဝင်မှီ အချိန်၌ အင်အားကြီး ပြိုင် ဘက်များ၏ အကြောင်းကို နားလည်ထားခြင်း သည်  မကောင်းသည့် ကိစ္စ တစ်ခု မဟုတ်ပေ။

ထို့အပြင် ပြိုင်ပွဲ ကျင်းပရန်သုံးရက်သာ လိုတော့ပြီး နေရာအသစ်က စောင့်ကြိုနေပြီဖြစ်သည်။ ထာဝရ ကမ္ဘာ မြို့တော်သည် ထာဝရ ကြယ်စင်စု ၏ အကြီးမားဆုံး မြို့တော် ဖြစ်သောကြောင့် လျှောက်ပတ် ကြည့်ရှု သင့်ပေသည်။

ဆုံးဖြတ်ချက် ချပြီး သည်နှင့် ရှောင်လုံ၊ လျှိုယွင် နှင့် ချီဝမ်တို့ သုံးယောက်သည် လှိုင်းတစ်ထောင် အိမ်တော်မှ ထွက်ခွာကာ ထာဝရ ကုန်သည် အဖွဲ့ ရှိရာဆီသို့ ဦးတည်လိုက်လေသည်။

သိုင်းတစ်ထောင် အိမ်တော်သည် ထာဝရ ကမ္ဘာ မြို့တော်၏ အလယ်၌ တည်ရှိသောကြောင့် ထားဝရ ကုန်သည် အဖွဲ့ အစည်း အဆောက်အအုံနှင့် နီးကပ်နေပေသည်။ ထို့ကြောင့် သူတို့ သုံးယောက်သည် ထိုနေရာသို့ အလျှင် အမြန် ရောက်ရှိသွားကြလေသည်။

သူတို့ ထာဝရ ကုန်သည် အဖွဲ့ အစည်းသို့ ရောက်ရှိ သွားချိန်တွင် ထိုနေရာ၌ များပြားလှသော ကြယ်စင်စုများဆီမှ တပည့်များသည် ထိုနေရာသို့ စုဝေး ရောက်ရှိနေကြပေသည်။ သူတို့၏ မျက်နှာ အမူအရာများအရ သူတို့သည်လည်း ထိုစာအုပ်ကို ဝယ်ယူရန်နှင့် သတင်းအချက်အလက်များ ဝယ်ယူရန် လာရောက်ကြခြင်း ဖြစ်သည်။

ရှောင်လုံ၊ လျှိုယွင်နှင့် ချီဝမ်တို့သည်လည်း ခန်းမထဲသို့ ဝင်ရောက်လိုက်ကြလေသည်။

သူတို့သည် ကောင်တာရှိရာ ဆီသို့ သွားလိုက်၍ ရှောင်လုံက သူလိုချင်သည့် အရာကို ပြောလိုက်လေသည်။ အလွန်အကျွံ ဖြစ်သည့် အရာမှာကားမဟာနတ်ဘုရား အဆင့် ၃ နှင့် အထက် ပြိုင်ပွဲ ဝက်များ၏ နာမည်နှင့် အခြားအချက်အလက်များအကြောင်းပါဝင်သော စာအုပ်သည် ဝမ်ဂူ ဒင်္ဂါး သန်း၂၀ ကျသင့်နေသောကြောင့် ဖြစ်ပေသည်။

ရှောင်လုံသည် ကူကယ်ရာ မဲ့စွာဖြင့်  ထိုစျေးနှုန်းကို တောင်းဆိုရဲသည့် ဝမ်ဂူ ကလန်၏ ရဲတင်းမှုကို လေးစား သွားပေသည်။ စာမျက်နှာ အနည်းငယ်မျှသာ ပါသော စာအုပ်ပါးလေး တစ်အုပ်သည် ဝမ်ဂူ ဒင်္ဂါး သန်းနှစ်ဆယ်ကျသင့်နေပြီဖြစ်သည်။

လူ၁၀ယောက်ဝယ်မည်ဆိုလျှင် သန်း၂၀၀၊ လူ အယောက် ၁၀၀ ဝယ်ယူမည်ဆိုလျှင် ၂ ဘီလီယံ၊ လူ အယောက် တစ်ထောင် ဆိုပါက ၂၀ ဘီလီယံ ရရှိသွားပေလိမ့်မည်။

ပြိုင်ပွဲသို့ ဝင်ရောက်ယှဥ်ပြိုင်ရန် ရောက်ရှိ လာသည့် တပည့်အရေ အတွက်သည် အနည်းဆုံး သန်း ၁၀၀ နှင့် ထို့ထက် မက ရှိပေသည်။ သူတို့အားလုံးသာ ဤ စာအုပ်၏ မိတ္တူကို ဝယ်ယူမည်ဆိုလျှင် စာရွက်ပါး အနည်းငယ်ဆီမှ ရရှိမည့် ဝမ်ဂူကလန် ၏ အကျိုးအမြတ်သည် အနက်ရောင် သူရဲကောင်း တက္ကသိုလ်၏ နှစ်သန်း ထောင်ပေါင်းများစွာသော ချမ်းသာ ကြွယ်ဝမှုထက်ပင် ကျော်လွန်သွားပေသည်။

ရှောင်လုံက ထိုစာအုပ် တစ်အုပ်အတွက် ဝမ်ဂူ ဒင်္ဂါး သန်း၂၀ ပေးချေလိုက်လေပြီး သူ့၏ အဇူရာ လက်စွပ်ထဲသို့ ထည့်သွင်းလိုက်လေသည်။ သူက ထိုစာအုပ်ကို နောက်မှ ဖတ်ကြည့်မည်ဖြစ်သည်။

"သခင်လေး အနေနဲ့ ...ချပ်ဝတ်တစ်ခု ဒါမှ မဟုတ် လက်နက် တစ်ခု ဝယ်ယူချင်လားရှင့်"

ဝမ်ဂူကလန် မိန်းကလေး တပည့် တစ်ယောက်သည် ရှောင် လုံ ရှိရာ ဆီသို့ လျှောက်လှမ်းလာကာ အပြုံးဖြင့် မေးမြန်းလိုက်လေသည်။

"ကျွန်မတို့ ထာဝရ ကုန်သည် အဖွဲ့ အစည်းမှာ ချပ်ဝတ်နဲ့ လက်နက်မျိုးစုံ ရှိပါတယ်ရှင့်...အားကောင်းတဲ့ ချပ်ဝတ်နဲ့ လက်နက်ကို  ပိုင်ဆိုင်ထားမယ်ဆိုရင်... သခင်လေး အနေနဲ့ ပြိုင်ပွဲ အတွင်းမှာ ရလဒ်ကောင်းတွေ ရရှိနိုင်ပါလိမ့်မယ်"

ရှောင်လုံက အနည်းငယ် တွေးတော လိုက်လေသည်။ ချပ်ဝတ်နှင့် လက်နက် အတွက်မူ သူ့၌ ရေနတ်ဘုရား၏ ဂုဏ်ကျက်သရေ ချပ်ဝတ်နှင့် လှံရှည် ၊ ကောင်းကင်ဘုံတောင်တန်း နှင့် သူ့ဆရာ ဖုယန်ပေးထားသော ပိုးစာပင်ဓားတို့ ရှိပေသည်။ ထို့ကြောင့် သူ့၌ မည်သည့် အရာမှ လိုအပ်ခြင်း မရှိပေ။ သို့သော် သူသည် ကုသခြင်း ဆေးလုံး အချို့ ဝယ်ယူနိုင်ပေသည်။ သူက နွေဦးဆောင်းဦးအသက်ရာချီ နတ်ဆေးလုံး မြောက်များစွာ ကို သူ့၏ အဇူရာ လက်စွပ်ထဲသို့ ထည့် ထားပြီး ဖြစ်သော်လည်း ထိုကဲ့သို့သော ဆေးလုံးများသည့ များများ ရှိလေ ပိုကောင်းလေ ဖြစ်ပေသည်။

ထို့ကြောင့် ဝမ်ဂူကလန် မိန်းကလေး တပည့်ကိုမေး လိုက်လေသည်။

"မင်းတို့ရဲ့ ထာဝရ ကုန်သည် အဖွဲ့ အစည်းမှ ကုသခြင်း ဆေးလုံးတွေရှိလား...နွေဦးဆောင်းဦးအသက်ရာချီနတ်ဆေးလုံး လိုမျိုးပေါ့"

မိန်းကလေးတပည့်သည် နူးနူးညံ့ညံ့နှင့် တခစ်ခစ် ရယ်မောလိုက်လေသည်။

"ကျွန်မ တို့ ထာဝရကုန်သည်အဖွဲ့အစည်းမှာ နွေဦးဆောင်းဦးအသက်ရာချီနတ်ဆေးလုံး တွေ ရှိပါတယ်ရှင်...အဲ့ဒါထက်ကောင်းတဲ့ ကုသခြင်းဆေးလုံးတွေလည်း ကျွန်မတို့မှာ ရှိပါသေးတယ်...ဧည့်သည်တော် သုံးယောက်ရှင့်...ကျွန်မနောက်က လိုက်ခဲ့ပေးပါ"

သူမက ရှောင်လုံ၊ လျှိုယွင်နှင့်ချီဝမ်တို့ကို ဘေးရှိ ခန်းမဖြစ်သော ဆေးခန်းမသို့ ခေါ်ဆောင်သွားလေသည်။

ရှောင်လုံ၏ မျက်လုံးများက တောက်ပသွားလေသည်။ နွေဦးဆောင်းဦးအသက်ရာချီနတ်ဆေးလုံး ထက် ပိုမိုကောင်းမွန်သော ကုသခြင်းဆေးလုံးများလည်း ရှိနေသည်လား။ ဤသည်မှာ မသေနိုင်သောနတ်ဘုရားဆေးလုံး များ ဖြစ်နိုင်သည်လား။

ဤသည်မှာ မသေနိုင်သော နတ်ဘုရားဆေးလုံး ဖြစ်မည်ဆိုလျှင် ၎င်း၏ ကုသနိုင်စွမ်းသည် နွေဦးဆောင်းဦးအသက်ရာချီနတ်ဆေးလုံး ထက် သေချာပေါက် ပိုမိုကောင်းမွန်ပေလိမ့်မည်။ သို့သော် ထိုကဲ့သို့သော ဒဏ္ဍာရီလာ နတ်ဆေးလုံး ဖြစ်သည့် မသေနိုင်သောနတ်ဘုရားဆေးလုံး ကို ဖော်စပ်ရာ၌ လိုအပ်သည့် ပါဝင်ပစ္စည်းများသည် ရှာဖွေရန် အလွန်တရာ ခက်ခဲပေသည်။ ထို့အပြင် ဆေးသန့်စင်ခြင်းနည်းစနစ်သည်လည်း ကြယ်စင်စုလေးစု၌ ပျောက်ဆုံးသွားခဲ့ပြီမှာ ကြာပြီ ဖြစ်သည်။ ဝမ်ဂူကလန်၌ ထို ဆေးလုံးဖော်စပ်ခြင်းနည်းစနစ် ရှိနေသည်လား။

တစ်ခဏအတွင်း သူတို့သုံးယောက်သည် ဆေးခန်းမသို့ ရောက်ရှိသွားလေသည်။ ထိုခန်းမသည် အရှေ့ခန်းမထက် သေးငယ်သော်လည်း လုံးဝကြီး သေးငယ်နေခြင်း မဟုတ်ပေ။ အတန်းလိုက်စီထားသော ဆေးပုလင်းများသည် လေးဘက်လေးတန်ရှိ ဗီရိုများပေါ်တွင် တိတ်တဆိတ် တည်ရှိနေပြီး သူတို့၏ မျက်လုံးများကိုပင် မူးနောက်သွားစေသည်။

ခန်းမထဲတွင် အနည်းဆုံး ဆေးလုံးအမျိုးအစား တစ်ထောင်ကျော် ရှိပြီး အများစုသည် အထွတ်အမြတ် အဆင့် နတ်ဆေးလုံးများ ဖြစ်သည်။ အချို့ဆိုလျှင် ကြယ်စင်စုလေးစု၌ ပျောက်ဆုံးသွားပြီမှာ ကြာပြီ ဖြစ်သော ဆေးလုံးများ ဖြစ်ပေသည်။

'ကုသခြင်း'ဟု နာမည်တပ်ထားသည့် စင်ထဲတွင် ရှောင်လုံသည် နွေဦးဆောင်းဦးအသက်ရာချီနတ်ဆေးလုံး အတွက် ကတ်ပြားကို မြင်လိုက်သည်။ သို့သော် ၎င်း၏ အထက်တွင် အခြားဆေးလုံးသုံးမျိုး ရှိနေပေသည်။

ဆေးပုလင်းများထဲရှိတစ်ခုကို 'မသေနိုင်သောနတ်ဘုရားဆေးလုံး 'ဆိုသည့် စာလုံးလေးလုံးဖြင့် စာကပ်ထားပေသည်။ မသေနိုင်သော နတ်ဘုရားဆေးလုံး အပြင် ထူးကဲနတ်ဘုရားဆေးလုံးနှင့် ပုံရိပ်ယောင်ကုသခြင်းကောင်းကင်ဘုံဆေးလုံး ဟူသော အခြားဆေးလုံးနှစ်မျိုးကိုလည်း တွေ့လိုက်ရလေသည်။

ရှောင်လုံသည် အရင်က မသေနိုင်သောနတ်ဘုရားဆေးလုံး ကို ကြားဖူးသော်လည်း ကျန်သည့် ဆေးနှစ်မျိုးကိုမူ ကြားဖူးခြင်း မရှိပေ။ သို့သော် ထိုဆေးလုံးနှစ်မျိုးသည် မသေနိုင်သော နတ်ဘုရားဆေးလုံး နှင့်အတူ ထိပ်တန်းအဆင့် ၌ ရပ်တည်နေနိုင်သည်မို့ ၎င်းတို့သည် အဆင့်နိမ့်လိမ့်မည် မဟုတ်ကြောင်းအား ရှောင်လုံ သေချာသိပေသည်။

" ကုသခြင်း ဆေးလုံး တွေ အား လုံး ဒီနေရာမှာ ရှိပါရှင်...ဒီသုံးမျိုးကတော့ နွေဦး ဆောင်းဦးအသက်ရာချီ ဆေးလုံးတွေ ဖြစ်တဲ့... မသေနိုင်သောနတ်ဘုရားဆေးလုံး၊ ထူးကဲနတ်ဘုရားဆေးလုံးနဲ့ ပုံရိပ်ယောင် ကုသခြင်း ကောင်းကင်ဘုံဆေးလုံးတွေပါရှင့် "

ဝမ်ဂူကလန် မိန်းကလေး တပည့်က မေးမြန်လိုက်လေသည်။

"သခင်လေးအနေနဲ့... ဘယ်ဆေးလုံးကိုဘယ်လောက်ထိ ဝယ်ယူချင်ပါသလဲရှင့်"

ရှောင်လုံက ပြောလိုက်လေသည်။

"ဒီနေရာမှာ... မသေနိုင်သော နတ်ဘုရား ဆေးလုံး ၊ ထူးကဲ နတ်ဘုရားဆေးလုံး နှင့် ပုံရိပ်ယောင် ကုသခြင်း ကောင်းကင်ဘုံဆေးလုံးတွေ ဘယ်လောက်ထိ ရှိလဲ...ငါ အကုန်ယူမယ်"

အကုန်ယူမည်တဲ့လား... ။

ဝမ်ဂူကလန်မိန်းကလေး သည် သူမကိုယ်သူမ အံ့အားသင့်သွားမှုမှ ပြန်လည် ထိန်းချုပ် လိုက်ပြီးနောက် အနည်းငယ်ရယ်မောလိုက်ရင်း ပြောလိုက်လေသည်။

"သခင်လေးက လူတွေကို ဘယ်လို စနောက်ရမလဲဆိုတာ တကယ်သိတာပဲ...သခင်လေးအနေနဲ့ မသေနိုင်သော နတ်ဘုရားဆေးလုံး ၊ ထူကဲ နတ်ဘုရားဆေးလုံး နှင့် ပုံရိပ် ယောက် ကုသခြင်း ကောင်းကင်ဘုံဆေးလုံးတွေရဲ့ စျေးနှုန်းကို မသိရှိသေးလို့ ဒီလို ပြောတယ် ထင်ပါတယ်...ဒီဆေး အမျိုးအစား ၃ ခုစလုံးက နွေးဦးဆောင်းဦး အသက်ရာချီ နတ်ဆေးလုံး စျေးနှုန်းထက် အဆပေါင်း မြောက်များစွာ မြင့်မားပါတယ်ရှင့်...ဆေးပုလင်းတစ်လုံးကို ၁၀ ဘီလီယံ နည်းပါး ရှိပါတယ်"

တစ်ပုလင်းကို ၁၀ ဘီလီယံတဲ့လား ။

လျှိုယွင် နှင့် ချီဝမ်တို့သည် ထိုစျေးနှုန်းကို ကြားလိုက်သည်နှင့် တံတွေး မြိုချလိုက်မိကြသည်။

သာမာန်ကျင့်ကြံသူဆိုက ထိုစျေးနှုန်းကို ကြားလိုက်ရသည်နှင့် သေသည်အထိ ထိပ်လန့်သွားပေလိမ့်မည်။ ၁၀ ဘီလီယံ သည် အနက်ရောင်သူရဲကောင်း မြို့တော်ထဲတွင် ကောင်းမွန်သည့်အိမ်တော် ၁၀ ခု ဂယ်ယူရန် လုံလောက်ပြီး ထာဝရ ကမ္ဘာ မြို့တော်ထဲရှိ အချို့သော အိမ်တော်များဆိုလျှင် တစ်ဘီလံ သို့မဟုတ် ၂ ဘီလီယံသာ ကျသင့်ပေသည်။

ရှောင်လုံသည်လည်း ထိုဆေးလုံးများ၏ စျေးနှုန်းသည် တစ်ပုလင်းကို ၁၀ ဘီလီယံ ကျလိမ့်မည်ဟု မမျှော်လင့် ထားမိသောကြောင့် အံ့အား သင့်သွားပေသည်။ သို့သော် မကြာမှီ သူက ပျော်ရွှင် ဝမ်းမြောက်သွားပေသည်။ စျေးနှုန်းက ပိုမို မြင့်မားလေလေ ထိုဆေး၏ အစွမ်းက ပိုမို မြင့်မားလေလေဟု ဆိုလို နေခြင်း မဟုတ်လား ။သူက စျေးနှုန်း မြင့်မားသည်ကိုကြောက်ရွံခြင်း မရှိပေ။ စျေးနှုန်းက လုံလုံလောက်လောက်  မမြင့်မားသည်ကိုသာ စိုးရိမ်နေရခြင်း ဖြစ်သည်။

ရှောင်လုံသည် သိုလှောင် လက်စွပ် တစ်ကွင်းကို ထုတ်ယူ လိုက်လေပြီး ဝမ်ဂူကလန် မိန်းကလေး တပည့်ကို ပေးလိုက်လေသည်။

"ဒီ အထဲမှာ ထိပ်တန်းနတ်ဘုရား အဆင့် စိတ်ဝိညာဉ်ကျောက်တုံး ၂ သောင်း ရှိတယ်...ဒီ နတ်ဘုရားဆေးလုံး ၃ မျိုးကို ရှိသမျှ အကုန်ယူမယ်"

ထို ဝမ်ဂူကလန်မိန်းကလေး တပည့်သည် တုန်လှုပ် အံ့အား သင့်သွားပေသည်။ ထို့နောက် သူမက သိုလှောင် လက်စွပ် ထဲရှိ ထိပ်တန်း နတ်ဘုရားအဆင့် စိတ်ဝိညာဉ် ကျောက်တုံး ၂ သောင်းကို ကြောင်လန့်တကြား ကြည့် လိုက်မိလေသည်။

ထိပ်တန်း နတ်ဘုရားအဆင့် စိတ်ဝိညာဉ် ကျောက်တုံး ၂ သောင်းသည် ၁.၆ ထရီလီယံ ရှိပေသည်။

ဆေးပုလင်းတစ်လုံးကို ၁၀ ဘီလီယံ ပမာဏ ဖြင့်ဆိုလျှင် ဆေးပုလင်းပေါင်း ၁၆၀ ကို ဝယ်ယူရန် လုံလောက်ပေသည်။

ဝမ်ဂူကလန်မိန်းကလေးတပည့်သည် ကြောက်လန့်တကြား ဖြင့် ဆေးခန်းမ၏ အဆင့်မြင့် ကြီးကြပ်သူကို အလျှင်အမြန်သွားရှာလိုက်လေသည်။ ရှောင်လုံက ထိုဆေးလုံး သုံးမျိုးကို ဝယ်ယူရန် ထိပ်တန်းနတ်ဘုရားအဆင့်စိတ်ဝိညာဉ် ကျောက်တုံး ၂ သောင်း ထုတ်ပေးလာကြောင်း ကြားလိုက်ရချိန်တွင် အဆင့်မြင့် ကြီးကြပ်သူသည်လည်း တုန်လှုပ်သွားပေသည်။ ခဏကြာပြီးနောက် သူသည် ရှောင်လုံ၏ ရှေ့သို့ ရောက်ရှိလာပြီး ဆေးလုံး ၃မျိုး ပါဝင်သည့် ဆေးလုံး ၁၀၀ကို ကိုယ်တိုင် ကိုယ်ကျ ပေးလိုက်လေသည်။

မသေနိုင်သောနတ်ဘုရားဆေးလုံး ကဲ့သို့သော အဆင့်ရှိသည့် ကုသခြင်းဆေးလုံးများမှာ ထာဝရ ကုန်သည်အဖွဲ့ အစည်းတွင်ပင် ပုလင်း တစ်ရာကျော်မျှသာ ရှိပေသည်။

ထို့ကြောင့် ရှောင်လုံက ကျန်ရှိနေသည့် ၅၀၀ဘီလီယံကို နွေဦးဆောင်းဦး အသက်ရာချီ နတ်ဆေးလုံး များကို ဝယ်ယူရန် အသုံးပြု လိုက်လေသည်။

ဆေးလုံးများ ဝယ်ယူပြီးစီး သွားသည်နှင့် ရှောင်လုံး လျှိုယွင် နှင့် ချီဝမ်တို့သည် ဘေးခန်းမမှ ထွက်ခွာကာ ခန်းမထဲသို့ ဝင်ရောက်လိုက်လေသည်။ သို့သော် သူတို့က ဝင်ပေါက်သို့ လျှောက်သွားလိုက်ချိန်တွင် မမျှော်လင့်ထားသော ရင်းနီးသည့် လူတစ်ယောက်သည် သူတို့ရှိရာဆီသို့ လျှောက်လာသည်ကို မြင်လိုက်ရလေသည်။

ရှန်းမင်ကျီ...။

သိသာစွာပင် ရှန်းမင်ကျီသည် ဤနေရာသို့ နာမည်စာရင်းစာအုပ်အား ဝယ်ယူရန် ရောက်ရှိလာခြင်း ဖြစ်ပေသည်။ သူသည်လည်း ရှောင်လုံကို သတိထားမိသွားကာ အံ့အားသင့်သွားရာမှ ပျော်ရွှင်မှုအဖြစ်သို့ ပြောင်းလဲသွားလေပြီး ရှောင်လုံဆီသို့ လျှောက်လာလေသည်။

......

ပြိုင်ဘက်ကင်းသိုင်းဝိညာဥ်

အပိုင်း ၈၄၅.....  ပြိုင်ပွဲ စတင်ပြီ

ရှန်းမင်ကျီ က ရှောင်လုံ၏ အနီးသို့ ရည်ရွယ်ချက်ရှိရှိ ရောက်ရှိလာကာ ခြေဆုံး ခေါင်းဆုံး စေ့စေ့စပ်စပ် ကြည့်ရှုလိုက်ပြီးနောက် စိတ်ပျက်စွာဖြင့် ခေါင်းကို ခါရမ်းလိုက်လေသည်။

နတ်ဘုရားအဆင့် ၁၀ နောက်ပိုင်း အထွတ်အထိပ် အဆင့်တဲ့လား.... ဟောင်ရှောင်လုံ မင်းက ငါ့ကို တကယ်ပဲ စိတ်ပျက်သွားစေတာပဲ...ဒီလောက်နှစ်တွေ အများကြီး ကျင့်ကြံခဲ့တာတောင်... မင်းက မဟာနတ်ဘုရားအဆင့် ကို မဝင်ရောက်နိုင်သေးဘူးလား...အစကတော့ ဒီတစ်ခေါက်ပြိုင်ပွဲမှာ မင်းငါ့ကို နည်နည်းလောက် ဒုက္ခ ပေးနိုင်လိမ့်မယ်လို့ ငါထင်ထားခဲ့တာ...ဒါပေမယ့် အခုတော့... "

ရှန်းမင်ကျီ သည်  အလွန်အမင်း စိတ်ပျက်သည့် အမူအရာကို ပြနေပေသည်။ အမှန်တကယ် ပင် သူက ရှောင်လုံနဲ့ ပက်သက်ပြီး အနည်းငယ် စိတ်ပျက်နေပေသည်။ သူ့၏ ရန်သူသည် မဟာနတ်ဘုရား အဆင့် သို့ပင် မရောက်ရှိသေးပေ။ ရှောင်လုံ၏ ခွန်အားသည် သူ့၏ မျက်လုံးထဲတွင် အားနည်းနေပြီး သူက ရှောင်လုံကို သတ်ဖြတ်လိုက်ရမည်ဆိုလျှင်ပင် သူ့အတွက် ကျေနပ်မှုကို ရရှိနိုင်လိမ့်မည် မဟုတ်ပေ။

ရှောင်လုံကလည်း အဖက်မလုပ်သည့် အမူအရာဖြင့် တုန့်ပြန်လိုက်လေသည်။

" မင်းက ငါ့ကို သတ်နိုင်လိမ့်မယ်လို့...တကယ်ထင်နေတာလား "

သူ့၏ နတ်ဘုရား အာရုံဖြင့် ရှန်းမင်ကျီ မသိအောင် စစ်ဆေးကြည့်လိုက် ချိန်တွင် ရှန်းမင်ကျီသည်မဟာ နတ်ဘုရားအဆင့် ၂ သို့ ရောက်ရှိနေပြီး အဆင့်၂ အလယ်အဆင့်အလယ်အလတ် အထွတ်အထိပ်ကိုပင် ရောက်ရှိနေပြီ ဖြစ်သည်ကို တွေ့လိုက်ရပေသည်။

ထိုကဲ့သို့သော ကျင့်ကြံမှု အမြန်နှုန်းသည် အလွန်တရာ ကြောက်မက်ဖွယ် ကောင်းလှပေသည်။

ရှန်းမင်ကျီ ကို မဟာနတ်ဘုရားအဆင့် ၂ အလယ်ပလတ် အထွတ်အထိပ်အဆင့် သို့ရောက်ရှိ စေသည့် မိုးပြာရောင် နဂါး နတ်မီးတောက် နှင့် သူ့၏ ထူးကဲလျှပ်စီး ဖျက်စီးခြင်း ခန္ဓာကိုယ် တို့ကို ထည့်သွင်းစဥ်စား ကြည့်မည်ဆိုလျှင် ရှန်းမင်ကျီ ၏ ခွန်အားသည် မဟာနတ်ဘုရားအဆင့် ၃ အလယ် အလတ် အထွတ်အထိပ်အဆင့်နှင့် နှိုင်းယှဥ်နိုင်မည်ဖြစ်ပြီး မဟာနတ်ဘုရားအဆင့် ၃ နောက်ပိုင်း သိုင်းပညာ ရှင် တစ်ယောက်နှင့်ပင် နှိုင်းယှဥ် နိုင်စွမ်း ရှိပေသည်။

ရှန်းမင်ကျီ က မဟာနတ်ဘုရားအဆင့်နောက်ပိုင်း အထွတ်အထိပ် အဆင့်တစ်နောက်ပိုင်း တစ်ယောက်ကို မျက်လုံးထဲပင် မထည့်သည်မှာ နားလည်၍ ရပေသည်။

သို့သော်လည်း ရှောင်လုံသည် သူ့၏ စွမ်းအင်များကို နတ်ဘုရား ဦးခေါင်း ဖွဲ့တည် မသွားစေရန် ဖိနှိမ့်ထားခြင်း ဖြစ်သည်။ လွန်ခဲ့သည့် နှစ်များ အတွင်း သူ့၏ ကြောက်မက်ဖွယ် ရာ စုဆောင်းထားသည့် စွမ်းအင်များဖြင့် ဆိုလျှင် မဟာနတ်ဘုရားအဆင့်သို့ ရောက်ရှိသွားသည်နှင့် သေချာပေါက် မဟာနတ်ဘုရားအဆင့် ၂ ထက် ကျော်လွန်သော အဆင့်သို့ ရောက်ရှိသွားမည်ဖြစ်သည်။ သူသည် ရှန်းမင်ကျီ ထက် လုံဝ အားနည်းလိမ့်မည် မဟုတ်ပေ။

ရှောင်လုံသည် မဟာနတ်ဘုရားအဆင့် ၁၀ နောက်ပိုင်း အထွတ်အထိပ်အဆင့် တွင်  နှစ်နှစ်သန်း သက်တမ်းရှိ ကြာပန်းနက်တစ်ပွင့်ကို သန့်စင်ခဲ့ပြီး ကျားဖြူ နတ်မီးတောက်ကိုလည်း ရရှိခဲ့ပေသည်။ ထို့အပြင် နှစ် ၂သန်း သက်တမ်း ရှိ ဆေးပင် ၁၇ ပင်ကိုလည်း သန့်စင် စုပ်ယူခဲ့သေးသည်။ သူသည် ပြီးခဲ့သည့် နှစ်ပေါင်း ၇၀ အတွင်း ကြယ်စင်စု ၃ ခု၏ ကြယ်အင်အားကို တစ်ချိန်လုံး စုပ်ယူ ၍ သူ့၏ ခန္ဓာကိုယ် အား ကြံ့ခိုင်သန်မာ လာစေခဲ့သည်။

ရှောင်လုံ၏ စုဆောင်းထားသော စွမ်းအင် ပမာဏသည် အံ့အားသင့်စရာ ကောင်းသည်ထက် ကျော်လွန် နေပေသေးသည်။

ရှောင်လုံ၏ တုန်ပြန်မှုကြောင့် ရှန်းမင်ကျီ က ရယ်မောလိုက်လေသည်။

"ဟောင်ရှောင်လုံ ...ငါက မင်းကို မသတ်နိုင်ဘူးလို့ ပြောနေတာလား...ငါက မဟာနတ်ဘုရားအဆင့် ၂ အလယ်အလတ် အထွတ်အထိပ်အဆင့် တစ်ယောက်ဖြစ်ပြီးတော့... မဟာနတ်ဘုရားအဆင့် ၂ နောက်ပိုင်းအဆင့်ကို ရောက်ဖို့ ခြေတစ်လှမ်းပဲ လိုတော့တယ် ဆိုတာကို မင်းက သိမှာ မဟုတ်ဘူး... မင်းလိုဘာမဟုတ်တဲ့ နတ်ဘုရား အဆင့် ကျင့်ကြံသူ တစ်ယောက်ကို သတ်ဖြတ် ဖို့ဆိုတာက... လက်တစ်ချောင်းတည်းနဲ့ လုံလောက်တယ်"

သူက အားရ ကျေနပ်စွာဖြင့် ရယ်မောလိုက်လေသည်။

"ဒါပေမယ့် မင်းရဲ့ လက်ရှိ အဆင့် နဲ့ဆိုရင်...ငါ့ရဲ့ ကျင့်ကြံမှုကို မြင်နိုင်စွမ်း ရှိမှာ မဟုတ်ဘူး "

ရှန်းမင်ကျီ က မဟာနတ်ဘုရားအဆင့် ၂ အလယ်အလတ် အထွတ်အထိပ်အဆင့် သို့ ရောက်ရှိသွားပြီဖြစ်ကြောင်း ကြားလိုက်ရချိန်တွင် လျှိုယွင် နှင့်ချီဝမ်တို့သည် ဖြူဖျော့သွားကြလေသည်။
.
ရှန်းမင်ကျီ ၏ မျက်နှာထက်တွင် အားရကျေနပ်နေသည့် အပြုံး ရှိနေဆဲဖြစ်သည်။

"မင်းအနေနဲ့ လျှပ်စီး နယ်မြေ ကမ္ဘာ ထဲမှာ စောစောစီးစီး သေဆုံး မသွားဖို့ ငါ မျှော်လင့်တယ်... မင်းရဲ့ လက်ရှိခွန်အား က အရမ်းအားနည်းနေပေမယ့် မင်းကို ငါ့လက်နဲ့ကိုယ်တိုင်သတ်ရဖို့ မျှော်လင့်ထားတယ်ကွာ"

ထိုသို့ ပြောမိသည်နှင့် ရှန်းမင်ကျီ သည် နောက်သို့ လှည့်ထွက်သွားလေပြီး ခန်းမ အပြင်ဘက်ရှိ လူအုပ်ထဲသို့ ဝင်ရောက်ပျောက်ကွယ်သွားပေသည်။

သို့သော်လည်း သူ လှည့်ထွက်သွားသည့် အခိုက်တွင် ရှောင်လုံက အတွင်းအား အမျှင်တန်းတစ်ခုဖြင့် သူ့၏ ခန္ဓာကိုယ် ပေါ်၌ အမှတ်အသား တစ်ခု ချန်ရစ် ခဲ့သည်အား ရှန်းမင်ကျီ မသိရှိလိုက်ပေ။

"ဆရာတူ အစ်ကိုကြီးနဲ့ ဆရာတူ အစ်မ ၃... ကျွန်တော်တို့ ပြန်ကြရအောင်လေ"

ရှောင်လုံက လျှိုယွင်နှင့် ချီဝမ်ကိုပြောလိုက်လေသည်။

သူတို့ ၃ ယောက်သည် ထာဝရ ကုန်သည် အဖွဲ့အစည်း ခန်းမ အဆောက်အအုံဆီမှ ထွက်ခွာလာခဲ့ပေသည်။

"ဆရာတူ ညီလေး ၄... အဲ့ဒီ ရှန်းမင်ကျီ က မဟာ နတ်ဘုရား အဆင့်၂ အလယ်အလတ် အထွတ်အထိပ်အဆင့် သို့ ရောက်သွားပြီ... ညီလေး လျှပ်စီး နယ်မြေ ကမ္ဘာ ထဲကို ဝင်ရောက်တဲ့ အခါကျရင် ပိုပြီး သတိထားရလိမ့်မယ်"

လျှိုယွင် က ရုတ်တရက် ပြောလိုက်လေသည်။

သူတို့၏ မျက်နှာ များ ထက်ရှိ ဆိုးရိမ် ပူပန်မှုကို မြင်လိုက်ရချိန်၌ ရှောင်လုံသည် သူတို့ကို စိတ်ချလက်ချ ဖြစ်သွားစေရန် ပြုံးပြလိုက်လေသည်။

"ကျွန်တော် ဂရုစိုက်ပါ့မယ်"

ရှန်းမင်ကျီ နှင့် တွေ့ဆုံလိုက်ရသောကြောင့် သူတို့သည် မြို့တော်ကို လျှောက်ပတ်ကြည့်လို စိတ်ပျောက်ဆုံး သွားလေသည်။ ထို့ကြောင့် သူတို့ ၃ ယောက်သည် လှိုင်းတစ်ထောင် အိမ်တော်ကို ပြန်လိုက်ကြလေသည်။

ရှောင်လုံက သူ့၏ ကိုယ်ပိုင် ခြံဝန်းသို့ ပြန်ရောက်သွားသည်နှင့် ထာဝရ ကုန်သည် ခန်းမမှ သူဝယ်ယူလာခဲ့သော စာအုပ်ကို ထုတ်လိုက်ပြီးနောက် စာရွက်များကို လှန်ကာ စတင်ဖတ်ရှုလိုက်လေသည်။

စာအုပ်၏ ပထမဆုံး စာမျက်နှာတွင် နာမည် ၁၃ ခုသာ ရှိပေသည်။ ထိုနာမည် ၁၃ခုသည် ပြိုင်ပွဲ တွင် ပါဝင်ယှဥ်ပြိုင်မည့် မဟာနတ်ဘုရားအဆင့် ၄ နှင့်အထက်ခွန်အားရှိသော တပည့်များအားလုံး၏ နာမည်များဖြစ်သည်။

စာရင်းပေါ်ရှိ ပထမဆုံး နာမည်သည် အခြားသူမဟုတ်ဘဲ ဝမ်ဂူကလန် ၏ တပည့် ဝမ်ဂူယန်ဟွေ့ ဖြစ်ပြီး သူသည် မဟာနတ်ဘုရားအဆင့် ၄ အစောပိုင်း အထွတ်အထိပ်အဆင့် သိုင်းပညာရှင်တစ်ယောက် ဖြစ်ပေသည်။ စာရင်းပေါ်ရှိ ပထမဆုံးနေရာသည် သူက ပြိုင်ပွဲ အတွင်း ဝင်ရောက်ယှဥ်ပြိုင်သည့် တပည့်များ အကြားတွင် အသန်မာဆုံး ဖြစ်ကြောင်း ဆိုလိုနေခြင်း ဖြစ်သည်။

ဒုတိယ တစ်ယောက်သည် မဟာနတ်ဘုရားအဆင့် ၄ အစောပိုင်း ဖြစ်သော ဖန်းချူ ဖြစ်ပြီး အဆုံးမဲ့ ကြယ်စင်စု၏ ကံကြမ္မာ ဂိုဏ်းတပည့် ဖြစ်သည် ။ တတိယ နေရာတွင် ကျိုးကလန်၏ ကျိုးယောင်ရှိပြီး စတုတ္ထ နေရာ၌ကား မုကလန်၏ မုချီရှိပေသည်။

စာရင်းပေါ်ရှိ အဆင့် ၅ နေရာ၌ ရှေးဟောင်း မှော်ပညာကျောင်း၏ လော်ရှို့ချန် ရှိပြီး အတင့်၆ နေရာ၌မူ မူလ ယန်ဂိုဏ်း၏ လူတုန်ဝေ ရှိပေသည်။ အဆင့်၇ နေရာရှိသူကား ဂဠုန်ပျံသန်းခြင်းအဖွဲ့၏ ပန်ရွှယ်ကျောင်း ဖြစ်ပေသည်။ ထို့အပြင် အဆင့် ၈ သည် အိုးယန်ကလန်ခေါင်းဆောင်၏ သား အိုးယန်ဝမ်ရှောင်း ဖြစ်ပြီး အဆင့်၉ မှာ ဓားမဲ့ဂိုဏ်း၏ ကျန်းရှီရီး ဖြစ်သည်။ အဆင့် ၁၀ရှိ နာမည်သည် ဘီလူးမျိုးနွယ်စုမှ တိုင်ပန် ဖြစ်၍ အဆင့် ၁၁ကမူ အမှောင်နတ်သူငယ်မျိုးနွယ်စု၏ ယွဲ့ဝူယဲ့ ဖြစ်သည်။ နောက်တစ်ယောက်မှာ လေမုန်တိုင်းကျောင်းတော်မှ ကျင်းရှောင်စု ဖြစ်ပြီး သူ့နောက်၌ အသက်မဲ့ကျွန်း၏ ကျွယ့်ရှီစန်းလန်ဟူသော နာမည် ရှိပေသည်။

ဤနာမည်စာရင်း ရှိ နာမည်ဆယ့်သုံးခုတွင် ဝမ်ဂူယန်ဟွေ့မှ လွဲ၍ ကျန်သူများသည် မဟာနတ်ဘုရားအဆင့် ၄ အစောပိုင်းအဆင့် သိုင်းပညာရှင်များ ဖြစ်ကြသည်။ အပေါ်ယံအရဆိုရလျှင် သူတို့အားလုံးသည် ခွန်အားတူညီနေဟန် ရပေသည်။

ဟုတ်ပေသည်...ဤသည်မှာ အပေါ်ယံမျှသာ ဖြစ်ပြီး မည်သူက အမှန်တကယ် သန်မာသည် သို့မဟုတ် အားနည်းသည် ဆိုသည်ကို ဤအချက်လောက်ဖြင့် သတ်မှတ်ရန် ခက်ခဲလှပေသည်။ ထိုသူများ ကျင့်ကြံသည့် နည်းစနစ်၊ သူတို့၏ စွမ်းရည် နှင့် လက်နက်များကို စာအုပ်ထဲ၌ ထည့်သွင်း ဖော်ပြထားခြင်းမရှိပေ။

ထိုလူ ဆယ့်သုံးယောက်အနက် ဝမ်ဂူယန်ဟွေ့၊ ကျိုးယောင်နှင့် မုချီတို့သည် ထာဝရကြယ်စင်စု ဆီမှ ဖြစ်ပြီး ကျန်သူများမှာမူ မတူညီသည့် ကြယ်စင်စုများမှ ဖြစ်သည်။

ရှောင်လုံက နောက်တစ်မျက်နှာကို လှန်ကြည့်လိုက်သည်။

ထိုစာမျက်နှာတွင် မဟာနတ်ဘုရားအဆင့် ၃ နောက်ပိုင်းနှင့် နောက်ပိုင်းအထွတ်အထိပ်အဆင့် အထိ ရှိသော လူပေါင်း ၁၇၆ ယောက်ရှိပေသည်။

အခြားစကားဖြင့် ပြောရမည်ဆိုလျှင် မဟာနတ်ဘုရားအဆင့် ၃ နောက်ပိုင်းအထွတ်အထိပ်အဆင့် သို့ မရောက်ရှိသေးလျှင် ထိပ်တန်း အယောက်တစ်ရာအတွင်း ဝင်ရန် အာမခံချက်မရှိပေ။

ပြိုင်ပွဲ၏ ကြမ်းကြုတ်ရက်စက်မှုအဆင့်သည် ရှောင်လုံ၏ မျှော်လင့်ထားမှုထက် ပိုမိုကျော်လွန်ပေသည်။

စုစုပေါင်းဆိုရသော် မဟာနတ်ဘုရားအဆင့် ၃ နှင့်အထက် ပြိုင်ပွဲဂင်များသည် ၉၃၂ ယောက် ရှိပေသည်။

မဟာနတ်ဘုရားအဆင့် ၂ နောက်ပိုင်းနှင့် နောက်ပိုင်းအထွတ်အထိပ်အဆင့်များ၏ နာမည်စာရင်း မှာမူ လူပေါင်း သုံးထောင်ကျော် ရှိပေသည်။

မဟာနတ်ဘုရားအဆင့် ၂ နောက်ပိုင်းအောက် ကျင့်ကြံမှုနှင့် ပြိုင်ပွဲဝင်များမှာမူ ထိုစာအုပ်ထဲတွင် နာမည်ပါဝင်ခြင်းမရှိပေ။ ဤသည်က ဝမ်ဂူကလန်၏ မျက်လုံးထဲတွင် မဟာနတ်ဘုရားအဆင့် ၂ နှင့်အထက် ခွန်အားရှိသည့် ပြိုင်ပွဲဝင်များသည်သာ ထိပ်ဆုံးအယောက်တစ်ထောင်အတွင်း ဝင်ရောက်နိုင်သည်ဟု ထင်မြင်ကြောင်း ဆိုလိုနေပေသည်။

ကျန်သည့် သူများတွင် မည်သည့်မျှော်လင့်ချက်မှ မရှိသောကြောင့် သူတို့ကို စာရင်းထဲ ထည့်ရန် မလိုအပ်ပေ။ ရှန်းမင်ကျီ ၏ လက်ရှိ ခွန်အားသည် မဟာနတ်ဘုရားအဆင့် ၂ အလယ်အလတ် အထွန်အထိပ်အဆင့် တစ်ယောက် ဖြစ်သောကြောင့် သူ့၏ နာမည်သည် ထိုစာအုပ်ထဲ၌ ပါဝင် နေခြင်း မရှိပေ။ ရှောင်လုံ၏ နာမည်ဆိုလျှင် ပို၍ပင် ပါရှိစရာအကြောင်းမရှိပေ။

စာရင်းသွင်းကာလသည် တစ်ပတ်အကြာ၌ ပြီးဆုံးသွားလေသည်။ နောက်ဆုံးနေ့တွင် ဝမ်ဂူ ကလန်သည် ကြယ်စင်စု  အားလုံးဆီမှ ပြိုင်ပွဲ ဝင်သည့် တပည့်ပေါင်း ၁၇.၆၂ သန်း ကျော် ရှိကြောင်း ကြေညာလိုက်ပေသည်။

လူပေါင်း ၁၇.၆၂ သန်းကျော်...။

ဤသည်သည်မှာ မြို့တော်ကြီးတစ်ခု၏ ပျမ်းမျှ လူဦးရေထက် ကျော်လွန်နေပေသည်။

ရှောင်လုံ၏ လက်ချောင်းထိပ်တွင် အစစ်အမှန် အင်မော်တယ် အဆီအနှစ်မီးတောက် တစ်ခု ပေါ် ထွက်လာလေပြီး စာအုပ်ကို ပြာဖြစ်သွားအောင် လောင်ကျွမ်းသွားလေသည်။ သူ့၏ လက်ရှိ အဆင့်ဖြင့်ဆိုလျှင် စာအုပ်ထဲရှိ သတင်းအချက်အလက်များကို အလွယ်တကူ မှတ်မိနိုင်ပေသည်။

"ရှန်းမင်ကျီ "

ရှောင်လုံက တီးတိုးရေရွတ်လိုက်လေပြီး သူ့၏ မျက်လုံးထဲတွင်ထက်ရဗသည့် အလင်းတစ်ခု ဖြတ်ပြေးသွားလေသည်။

အစော ပိုင်းက သူသည် ရှန်းမင်ကျီ ၏ ခန္ဓာကိုယ် ပေါ်၌ အမှတ်အသား တစ်ခု ချန်ရစ်ခဲ့ပေသည်။ လျှပ်စီး နယ်မြေ ကမ္ဘာ တွင် သူတို့က တောင်တန်းတစ်ခုတည်းသို့ ရောက်ရှိသွားမည်ဆိုလျှင် သူသည်  ရှန်းမင်ကျီ ၏ တည်နေရာကို အာရုံ ခံနိုင်လိမ့်မည်ဖြစ်သည် ။

သူက လျှပ်စီး နယ်မြေကမ္ဘာ ထဲသို့ ဝင်ရောက်လိုက်သည်နှင့် ပထမဆုံး လုပ်ဆောင် ရမည့်အရာမှာ ရှန်းမင်ကျီ ကို သတ်ဖြတ်၍ နတ်မီးတောက် ၄ မျိုး၏ နောက်ဆုံး မီးတောက်ကို ရယူပြီး မဟာနတ်ဘုရားအဆင့် သို့တက်ရောက်ရန်ဖြစ်သည် ။

သူက မဟာနတ်ဘုရားအဆင့် သို့ တက်ရောက်ပြီး အန္တိမ အဆင့် နတ်ဘုရားဦးခေါင်း ကို ဖွဲ့တည်ပြီးသွားသည်နှင့် ရှောင်လုံသည် ပြိုင်ပွဲ ၏ ပထမ နေရာကို ရယူရန် ယုံကြည်မှု ရှိပေသည်။

ပထမ နေရာ... ။ရှောင်လုံက အသက်ပြင်းပြင်း တစ်ချက် ရှုသွင်းလိုက်လေသည်။

ကျန်ရှိသည့် နှစ်ရက် အတွင်း ရှောင်လုံသည် ညအချိန်၌ ကျင့်ကြံပြီး နေ့ဘက်တွင်မူ သူ့ဆရာနှင့် အခြားသူများတို့နှင့် အတူ ထာဝရကမ္ဘာ မြို့တော် တစ်ခွင်သို့ လှည့်ပတ် သွားခဲ့ပေသည်။

နှစ်ရက်တာက ကုန်ဆုံး သွားပေသည်။

ရှောင်လုံက ကောင်းကင်ဘုံ တောင်တန်းထဲမှ ထွက်၍ သူ့၏ အခန်းအပြင် ဘက်သို့ ထွက်ခွာလိုက်လေသည်။ သူက ကောင်းကင် ထက်သို့ ကြည့်လိုက်ချိန်တွင် အရှေ့ အရပ်ဆီမှ နူးညံ့နွေးထွေးသည့် နေရောင်ခြည် အလင်းတန်းများသည်ဖြာကျနေလေပြီး ကြည်လင်သည့် နေသာသော နေ့တစ်နေ့ဖြစ်ကြောင်း တွေ့လိုက်ရပေသည်။

သူက အရှေ့ ခန်းမသို့ ရောက်ရှိသွားချိန်တွင် ဖုယန်နှင့် အခြားသူများသည် သူ့ကို စောင့်ဆိုင်းနေကြပေသည်။

ခဏ အကြာ၌ သူတို့သည် ထာဝရကမ္ဘာ ကွင်းပြင်ရှိရာဆီသို့ ထွက်ခွာလိုက်ကြပေသည်။

လမ်းတစ်လျှောက်တွင် ဖုယန်သည် စိတ်ထဲ၌ အနည်းငယ် လေးလံသလို ခံစား နေရသည်။ ပြိုင်ပွဲအတွင်း ၌ ဝင်ရောက်ယှဥ်ပြိုင်မည့် တပည့်များ၏ ခွန်အား သည် သူမျှော် လင့်ထားသည်ထက် ပိုမို မြင့်မားနေကြောင်း ဖုယန် သိရှိထားပြီးဖြစ်သည်။

ရှောင်လုံ...မင်း လျှပ်စီး နယ်မြေ ကမ္ဘာ ကို ရောက်တဲ့ အခါကျရင်... သေချာပေါက်ဂရုစိုက်ရမယ််နော်... မဟာနတ်ဘုရားအဆင့် ၂ နောက်ပိုင်း အဆင့်ခွန်အားရှိတဲ့ တပည့်တွေနဲ့ တွေ့ခဲ့မယ် ဆိုရင်... မင်း သူတို့ကို ရှောင်ကျဥ်ရမယ်...သူတို့နဲ့ ထိပ်တိုက် တွေ့လို့ မဖြစ်ဘူး...မင်း အသက်ရှင်လျှက် ပြန်လာမယ်ဆိုရင်ကိုပဲ... ဆရာ ကျေနပ်ပါပြီ"

ဖုယန်က ရှောင်လုံအား ထပ်မံ သတိပေးလိုက်လေသည်။

ရှောင်လုံက အနည်းငယ် ကူကယ်ရာမဲ့သွားသော်လည်း ပြန်လည် ဖြေကြားလိုက်လေသည်။

" ကျွန်တော် ဂရုစိုက်ပါ့မယ်... ဆရာ..."

Ipagpatuloy ang Pagbabasa

Magugustuhan mo rin

168K 25.8K 106
"ကျွန်တော် သူ့ကို လက်ထပ်ချင်တယ်" "သခင်လေးဖန် သူက ချမ်းသာတဲ့ ဒုတိယ မျိုးဆက်၊ တည်ထောင်သူမိသားစုရဲ့ တတိယမျိုးဆက် ပြီးတော့ မြို့တော်မှာ မြင့်မြတ်ပြီး ကျေ...
61.6K 1.7K 176
"In a world of pirates and adventure, meet Ryo, a half mink-half human with a tragic past. After losing his parents, Ryo was taken in and trained by...
108K 1.7K 20
bl . Taekook 🔞🔥 បម្រាម:ក្មេងក្រោម18ឆ្នាំ🙏 សូមអភ័យទោសរាល់ពាក្យពេចន៍មិនសមរម្យ🙏🔥
31.9K 1.3K 24
Basically, the sin of sloth got transported to the world of demons, reapers, and angles by her littler brother greed. Let's see how sloth have a new...