656 - 660

195 14 0
                                    

ပြိုင်ဘက်ကင်းသိုင်းဝိညာဉ်

အပိုင်း ၆၅၆ ......

".... ပြန်လည်မွေးဖွားခြင်း ရွှေရောင် ယန် လက်ဝါးသိုင်း ...."

သူ့လက်ဝါးကြောင့် ပတ်ဝန်းကျင်မှ လေဟာနယ်မှ ကြွေမွပျက်စီးသွားသည်။ ထိုနောက် ကျောင်းယု၏လက်ဝါးရာနှစ်ခုသည် နေနှစ်စင်းကြွေကျလာသလို ရွှေနဂါးတောင်ထိပ်ပေါ်သို့ ဆင်းသက်လာသည်။ ထိုမြင်ကွင်းကိုကြည့်နေကြသည့် နဂါးအဖွဲ့သားသည် သူတို့မျက်လုံးများကို အပ်ဖြင့်ဆွသကဲ့သို့ စပ်ဖျင်းဖျင်း ခံစားလိုက်ရသည်။

လက်ဝါးရာကြီးနှစ်ခု ထိမှန်တော့မည့်အချိန်တွင် တောင်ထိပ်ပေါ်မှ ကြောက်မက်ဖွယ်ရာ သတ်ဖြတ်ခြင်းအော်ရာ တစ်ခု ထွက်ပေါ်လာသည်။
ရွှေနဂါးတောင်ထိပ်တွင်ရှိနေသည့် ဆယ်ကြိမ်သတ်ဓားဆယ်ချောင်းမှ  ထွက်ပေါ်လာသော အလင်းတန်းများသည် အခင်းအကျင်းတစ်ခု ပုံသဏ္ဍာန်တစ်ခုအဖြစ်ပြောင်းလဲကာ ကျောင်းယု၏ ပြန်လည်မွေးဖွားခြင်း ရွှေရောင် ယန်လက်ဝါးသိုင်းကို ပိတ်ဆို့တားဆီးလိုက်သည်။

"..ဒန် ..ဒန် ....ဒန် ..."
မည်ဟိန်းသံများ အဆက်မပြတ်ထွက်ပေါ်လာသည်။
ထိုနောက် လက်ဝါးရာကြီးနှစ်ခုလည်း ဖျက်ဆီးခံလိုက်ရသည်။ လှုပ်ရှားလာသော ဆယ်ကြိမ်သတ် ဓားများမှ ဓားချီစွမ်းအင်များ ထုတ်လွှတ်ကာ ရွှေနဂါးတောင်ထိပ်တစ်ခုလုံးကို လွှမ်းခြုံလိုက်သည်။

".... ဒါ ဆယ်ကြိမ်သတ်ဓားဆယ်ချောင်း ရှေးဟောင်း အစီအရင်ပဲ ...."

ကျင်းသဲရှန်နှင့်တခြားလူအားလုံး အံ့သြမှင်တက်ကုန်ကြသည်။ ပြိုကွဲပျက်စီးသွားသော သူတိုက်ကွက်ကိုကြည့်ရင်း  ကျောင်းယု မျက်နှာထားကလည်း ရှုံ့မဲ့သွားသည်။

ဆယ်ကြိမ်သတ်ဓား ....?!

ဟောင်ရှောင်လုံက ပျောက်ကွယ်နေတဲ့ ဆယ်ကြိမ်သတ်ဓားတွေကို ရထားတာပါလား .....!

"... ရှေးဟောင်း အစီအရင်ဖြစ်နေတော့ရော ဘာကိုဂရုစိုက်ရမှာလဲ ...?"

ကျောင်းယုရင်ထဲမှ လူသတ်ချင်စိတ်များက ပိုမို ပြင်းထန်လာသည်

"... ဒီနေ့ .... ရွှေနဂါးတောင်ထိပ်ဖျက်ဆီးရခံမယ့်
အရေးကို ဘယ်သူမှ တားဆီးနိုင်မှာ မဟုတ်ဘူး...."

ပြိုင်ဘက်ကင်းသိုင်း၀ိဉာဥ်(ဟောင်ရှောင်လုံ) Book 1Dove le storie prendono vita. Scoprilo ora