271 - 275

224 19 0
                                    

ပြိုင်ဘက်ကင်းသိုင်းဝိညာဉ်

အပိုင်း ၂၇၁ ......

"... လင်ရှောင် ... ဟူရှန်ဘာဖြစ်လို့လဲမသိဘူး ..မင်းတို့လေးယောက်သွားကြည့်လိုက်ကြစမ်း..."

ဟူဟန်က ခရမ်းရောက်ဝတ်စုံကိုဝတ်ဆင်ထားသည့် အဖိုးအိုအား အမိန့်ပေးလိုက်သည် ။ သူကထပ်ပြောလိုက်သည်

".... တကယ်လို့ ဖြုတ်ဦးနှောက်နဲ့ကောင် တကောင်ကောင်က ငါ့သားကို ထိခိုက်ဒဏ်ရာရအောင်လုပ်ဖို့ကြိုးစားနေတယ်ဆိုရင်တော့ ဘယ်သူပဲဖြစ်ဖြစ် အဲ့ဒိနေရာမှာတင်သတ်လာခဲ့ ....ကြားလား..."

ခရမ်းရောင်ဝတ်စုံနှင့်အဖိုးအိုအပါအဝင် နောက်ထပ်လူသုံးယောက် ကမတ်တပ်ထရပ်လိုက်ပြီး

".... ကောင်းပါပြီ....ဂိုဏ်းချုပ်.... "

"... အင်း အခုချက်ချင်းသွားတော့...."

ဟူဟန်က ထပ်မံအမိန့်ပေးလိုက်သည်။

သူတို့လေးယောက်က ဟူဟန်ကိုအရိုအသေပေးကာ ဟူရှန်အချက်ပြသည့်နေရာသို့ အလျင်အမြန်ထွက်ခွာသွားကြသည် ။

ထိုအခိုက်ရှောင်လုံကတော့ သူဆီသို့ တဟုန်ထိုးပြေးလာကြသော ဘီလူးကိုးကောင်ဂိုဏ်းသားကိုတချက်ကြည့်လိုက်ပြီး လေထဲသို့ခုန်တက်လိုက်သည် ။ဟူရှန်တို့မျက်လုံးရှေ့မှာပင် လေထဲသို့ ခုန်တက်လိုက်သော ရှောင်လုံကိုယ်က အလွန်လျင်မြန်သောအမြန်နှုန်းဖြင့် စတင်လည်လာသည် ။ ထိုလည်ပတ်မှုကနေ ဓားအလင်းတန်းမြောက်မြားစွာထွက်လာသည် ။ ရှောင်လုံ၏ ဓားအလင်းတန်းတွေက မိုးကြိုးခက်ပန်းခက်နွယ်တွေအဖြစ်သို့ ပြောင်းလဲသွားကြသည်။ မိုးကြိုးခက်နွယ်တွေက တဖြည်းဖြည်းသိပ်သည်းလာပြီးနောက် မိုးကြိုးနဂါးငယ်လေးတွေဖြစ်တည်လာပြီး ထိုမိုးကြိုးနဂါးလေးတွေက အရပ်လေးမျက်နှာသို့ ပြန်ကျဲပြီး ထွက်သွားကြသည် ။

ရှောင်လုံက နတ်ဓားသိုင်းကျမ်းမှ စတုတ္ထသိုင်းကွက်ဖြစ်သည့် "... မိုးကြိုးပင်လယ်... " သိုင်းကွက်အား ထုတ်သုံးလိုက်ခြင်းပင်.....

တစက္ကန့်လောက်ကိုမကြာခင်လေးမှာ ကောင်ကင်ဘီလူးဂိုဏ်းသား အယောက်နှစ်ဆယ်ကျော်က မိုးကြိုးနဂါးလေးတွေနဲ့ တိုက်မိကုန်ကြသည် ။ မိုးကြိုးနဂါးလေးတွေနဲ့ ထိပြီးသည့်နောက် သူတို့နောက်မှာဝန်းရံနေကြသည့် သိုင်းဝိညာဉ်တွေပျောက်ဆုံးကုန်ကာ အတွင်းအားချီတွေလဲ လျော့ကျကုန်ကြသည် ။ ထိုနောက် တယောက်ပြီး တယောက် အဝေးသို့ လွင့်စင်ကုန်ကြ၏ ။

ပြိုင်ဘက်ကင်းသိုင်း၀ိဉာဥ်(ဟောင်ရှောင်လုံ) Book 1Where stories live. Discover now