446 - 450

202 15 0
                                    

ပြိုင်ဘက်ကင်းသိုင်းဝိညာဉ်

အပိုင်း ၄၄၆

  ရှီဖန်ထျန်က ဆက်ပြောလိုက်၏

".... ညီလေးက နဂါးမြက်တွေကိုလိုချင်နေမှန်း အခုမှသိတယ် ... ဟုတ်တယ် အကိုတို့ ရတနာသိုက်ထဲမှာ နတ်နဂါးမြတ်တစ်ချိုလရှိတယ်... ဒါပေမယ့် သိပ်အများကြီးတော့ မကျန်တော့ဘူး ... ဆယ့်ခုနှစ်ပင်ပဲ ကျန်တော့တယ် ... ဒီနှစ်တွေအတော်အတွင်းမှာ တစ်ချို့ ဆေးဝါးတွေ ဖော်စပ်ဖို့ အကိုက နဲနဲ သုံးလိုက်တယ် ... ညီလေး လိုချင်တယ်ဆိုတာသာ သိရင် အကိုချန်ထားပါတယ် ..."

ထိုနောက် ရှီဖန်ထျန်က နတ်နဂါးမြက် ဆယ့်ခုနှစ်ပင်ကို သွားယူရန် သူ့လူတစ်ချို့ကို အမိန့်ပေးလိုက်သည်။

ဆယ့်ခုနှစ်ပင် ....!

ရှီဖန်ထျန်က ဆယ့်ခုနှစ်ပင်သာရှိလို့ ဝမ်းနည်းနေသော်လည်း ရှောင်လုံက ပျော်လွန်းလို့ ထကချင်နေသည်။ ရှောင်လုံက ရှီဖန်ထျန်အား ထပ်ခါထပ်ခါ ကျေးဇူးတင်စကားဆိုလိုက်သည်။

ရှီဖန်ထျန်က ပြုံးလိုက်ပြီး

"...  ညီလေးရယ် အကိုပြောပြီးပြီပဲ ...ညီလေးနဲ့ အကိုကြားမှာ ကျေးဇူးတင်စရာမလိုပါဘူး ..."

ထိုနောက် သူက စနောက်သော လေသံဖြင့် ထပ်ပြောလိုက်သည်

"... ညီလေး ..မင်း အကိုကိုယ် တစ်ကယ်ကျေးဇူးတင်ဆယ်ဆိုရင် နတ်နဂါးဆေးလုံး နဲနဲလောက်ပြန်ပေးပေါ့ ...."

ရှိီဖန်ထျန်နှုတ်ဖျားက စကားမဆုံးသေးခင် ရှောင်လုံက သူထံတွင် ကျန်ရှိနေသည့် နတ်ဘုရားအဆင့် ဆေးအလုံးနှစ်ဆယ်ကို ထုတ်လိုက်သည် ။ ရှီဖန်ထျန် စနေမှန်းသိသော်လည်း ရှောင်လုံက သူထံတွင်ရှိသမျှ အကုန်လုံး ထုတ်ပေးလိုက်သည်။

  ရှီဖန်ထျန်က သူ့ကို နတ်နဂါးမြက်အားလုံး ထုတ်ပေးသည်ဆိုမှတော့ ရှောင်လုံအနေနှင့်လည်း နှမြောနေစရာ အကြောင်းမရှိပေ ။

ရှီဖန်ထျန်နှင့် မြင့်မြတ်သော ဗုဒ္ဓအင်ပါရာနိုင်ငံမှ သိုင်းပညာရှင်များဟာ ရှောင်လုံထုတ်ပေးလိုက်သော အဆင့်မြင့် နတ်ဘုရား အဆင့် ဆေးလုံးများကြောင့် ပါးစပ်အဟောင်းသား ဖြစ်သွားကြသည်။

ပြိုင်ဘက်ကင်းသိုင်း၀ိဉာဥ်(ဟောင်ရှောင်လုံ) Book 1Where stories live. Discover now