46 - 50

374 38 0
                                    

ပြိုင်ဘက်ကင်းသိုင်းဝိညဉ် ( Invincible)

အပိုင်း ၄၆.......နန်းတွင်းမြို့ရဲ့ တိုက်ပွဲ

မူရင်းစာရေးဆရာ.....Shen Jian

ဘာသာပြန်သူ.... Tun Myint Aung

  "... ကြယ်စကြယဝဋ္ဌာကျောင်းမှာ ကျောင်းအပ်ဖို့ဟုတ်လား.."
ရှောင်လုံလဲ အံသြစွာနဲ့ ပြန်မေးလိုက်သည်။

  အဲ့အချိန်မှာပဲ နောက်မှာကျန်နေခဲ့တဲ့  လီလူအဖေ လီချန်နဲ့ ကိုယ်ရံတော်တချိုလဲ  ရှောင်လုံတို့ဆီကိုရောက်လာလေသည်။

"... ဦလေး.. "
ရှောင်လုံက လီချန်ကိုမြင်တော့ လီလူဖက်ထားတဲ့ သူလက်မောင်းကို
ရုန်းဖယ်လိုက်ကာ လီချန်ကို နှုတ်ဆက်လိုက်သည်။

  လီချန်လဲ ရှောင်လုံကို အဓိပ္ပါယ်ပါပါနဲ့ ပြုံးကြည့်ရင်း ပြောလိုက်သည်
  "... ရှောင်လုံ...  မင်းကိုငါမတွေ့တာ လအနဲငယ်ပဲ ရှိသေးတယ်..
မင်းအရပ်တွေတော်တော်ရှည်လာပါလားကွ...  ဒီအတောအတွင်းမှာ
လီလူကလဲ မင်းကိုအရမ်းသတိရနေတာနော် သိလား..."

  ".. အဖေ... ဘာတွေလျှောက်ပြောနေတာတုံး..."
လီလူက ရှက်သွားပြီ မြေကြီးကို ခြေနဲ့ဆောင့်ရင်းပြောလိုက်သည်။

လီချန်လဲ ပြုံးလိုက်ပြီး ဖေးဟိုဘက်ကိုလှည့်ကာ
"... စီနီယာဖေးဟို...  နေကောင်းရဲ့လားဗျ..."

ဖေးဟိုက မြေကြီးအဆင့်၁၀နောက်ဆုံးအဆင့် ဟောင်ကလန် သခင်ကြီးဟောင်ကိုက်ကို အနိုင်ယူလိုက်တယ်ဆိုတဲ့ သတင်းက ကန်ဂလန်မြို့ တခုလုံးကို ပျံနှံနေပြီးသားမဟုတ်လား ။ လီချန်လဲ အဲ့သတင်းကိုကြားတုံးက အရမ်းကိုအံသြသွားလေသည်။

  ဖေးဟိုက မျက်နှာသေနဲ့ ခေါင်းကို အသာညိတ်ပြလိုက်သည်။

".. ရှောင်လုံ..  မင်းနေဖို့နေရာရပြီလား...  မရသေးရင် ငါတို့နဲ့လိုက်နေပါလား...?"
  လီကလန်က ပိုးဖဲအဝတ်တွေနဲ့ ပတ်သတ်လာရင် လုပ်ငန်းတွေအများကြီးရှိလေသည်။ ဒါကြောင့် သူတို့က နန်တွင်းမြို့မှာလဲ သူတို့ဆိုင်တွေနဲ့ အိမ်ဂေဟာလဲရှိသည်။ ဒါပင်မယ့် သူတို့အိမ်ကတော့ နှစ်ရာစကွဲပေ လောက်ပဲ ကျယ်ပြီး ရှောင်လုံဝယ်ထားတဲ့ အိမ်တော်ထက် အရမ်းကိုသေးငယ်လေသည်။

ပြိုင်ဘက်ကင်းသိုင်း၀ိဉာဥ်(ဟောင်ရှောင်လုံ) Book 1Nơi câu chuyện tồn tại. Hãy khám phá bây giờ