606 - 610

211 10 0
                                    

ပြိုင်ဘက်ကင်းသိုင်းဝိညာဉ်

အပိုင်း ၆၀၆ ......

ဝမ်နာတို့စုံတွဲ ထွက်သွားပြီး သိပ်မကြာခင်
အနက်ရောင် သူရဲကောင်း တက္ကသိုလ်မှ မဟာအကြီးအကဲ ချန်ယု နှင့် ပေရှင်းလွေ တို့ ရောက်ရှိလာကြသည်။

လျှိုယွင်က ရှောင်လုံကို လျှို့ဝှက်အသံကူးပြောင်းခြင်း နည်းစနစ်ဖြင့် ဆက်သွယ်လိုက်သည်

"... အရင်တစ်ကြိမ်ကတည်းက ကျောင်းအုပ်တစ်ယောက်ကို နှစ်ငါးသောင်းပဲ အုပ်ချုပ်ရမယ်လို့ စည်းကမ်းအသစ် ပြဋ္ဌာန်းလိုက်တာ  .... အဆင့်မြင့် နတ်ဘုရားတွေရဲ့ သိုင်းပြိုင်ပွဲပြီးရင် ဆရာ့ရဲ့ အုပ်ချုပ်ခွင့်သက်တမ်းကုန်ပြီ .... စုန်းမကြီး ဝမ်နာက နောက်လာမဲ့ ကျောင်းအုပ်အသစ်ဖြစ်ဖို့အတွက် ရေပန်းအစားဆုံးပဲ ... ဝမ်နာနဲ့ ဆရာက ဘယ်တုံးကမှ မတည့်ခဲ့ဘူး ... အပေါ်ယံကြည့်မယ်ဆိုရင်တော့ အားလုံး အဆင်ပြေနေတယ်လို့ ထင်နေရပေမဲ့ သူ့တို့စိတ်ထဲမှာ ဘာတွေကြိတ်ကြံထားလည်းဆိုတာ ဘယ်သူမှ မသိနိုင်ဘူးလေ ....ဝမ်နာသာ ကျောင်းအုပ်အသစ်ဖြစ်လာရင် ငါတို့တော့ ခေါင်းကိုက်ရပြီ ...."

လျှိုယွင်၏ မှိုင်းညို့နေသောအမူအရာက သူ့၏ စိုးရိမ်ပူပန်မှုကို ဖော်ပြလျက်ရှိသည်။ အဆင့်မြင့်နတ်ဘုရားများအတွက် သိုင်းပြိုင်ပွဲ ကျင်းပရန် နှစ် နှစ်ရာခန့်သာလိုတော့သည်။

ရှောင်လုံလည်း မျက်မှောင်ကြုတ်လိုက်သည်။
အဆင့်မြင့် နတ်ဘုရား သိုင်းပြိုင်ပွဲပြီးချိန်တွင် သူ့ဆရာ ရာထူးမှ ဆင်းပေးရမည်ဟု ရှောင်လုံ မထင်ထားခဲ့ပေ။

".... အနက်ရောင် သူရဲကောင်း တက္ကသိုလ်ရဲ့ ကျောင်းအုပ်တစ်ယောက်ဖြစ်လာဖို့ ဘာတွေ လိုအပ်လဲ ..."

ရှောင်လုံခေါင်းထဲသို့ အတွေးတစ်ခု ဝင်လာတာကြောင့် လျှိုယွင်ကို မေးလိုက်သည်။
လျှိုယွင်က ရှင်းပြလိုက်သည်

"... အဓိက လိုအပ်ချက်ကတော့ ကျောင်းအုပ်နေရာကို ဝင်ပြိုင်မဲ့လူက လက်ထောက်ကျောင်းအုပ်နေရာကို ရထားဖို့လိုအပ်တယ်... လက်ရှိ ငါတို့ တက္ကသိုလ်မှာ လက်ထောက်ကျောင်းအုပ် သုံးယောက်ရှိတယ် ... တကယ်လို့ ဝမ်နာက ကျောင်းအုပ် အသစ်ဖြစ်ချင်တယ်ဆိုရင် ကျန်တဲ့ လက်ထောက်ကျောင်းအုပ်နှစ်ယောက်ကို အနိုင်ရဖို့ တော့လိုတယ် ... ဒါပေမဲ့ အဲ့ဒါက ပြဿနာဖြစ်နေတာ.... ငါတို့ တက္ကသိုလ်မှာ ဝမ်နာက ငါတို့ဆရာပြီးရင် အစွမ်းအထက်ဆုံးပဲ .... တကယ်လို့ ထူးထူးခြားခြားကိစ္စတွေသာ ဖြစ်မလာဘူးဆိုရင် ကျောင်းအုပ်နေရာက သူအတွက်ပဲ ...."

ပြိုင်ဘက်ကင်းသိုင်း၀ိဉာဥ်(ဟောင်ရှောင်လုံ) Book 1Where stories live. Discover now