36 - 40

389 34 0
                                    

ပြိုင်ဘက်ကင်းသိုင်းဝိညဉ်

အပိုင်း ၃၆.... လူတောင်းနန်တွင်းမြို့တော်

မူရင်းစာရေးဆရာ.....Shen Jian

ဘာသာပြန်သူ.... Tun Myint Aung

  ရတနာမြေပုံရဲ့ရှေ့မှာ တကယ်ကိုမျောက်ပုံဆွဲထားတာပဲ.. !

  ရှောင်လုံရဲ့ ရတနာမြေပုံပေါ်က မျောက်ပုံကိုကြည့်ပြီး စဉ်းစားနေတုံး
ခရမ်းရောင်မျောက်လေးက သူဆီကိုပြေးလာပြီးတော့ မျောက်လေးကိုကြည့်ရတာ အရမ်းကိုစိတ်လှုပ်ရှားနေပုံရတာကို တွေ့လိုက်ရသည်။
မျောက်လေးရဲ့ အမူအရာကိုတွေ့လိုက်တော့ ရှောင်လုံလဲ ပိုပြီးအံသြ
သွားလေသည်။

  ဒီရတနာမြေပုံက မျောက်လေးနဲ့ တကယ်ဆက်စပ်နေတာလား....!

  အဲ့နောက်ရှောင်လုံလဲ ရုတ်တရက် နာနာကျငိကျင် အော်သံတခုကိုကြားလိုက်ပြီး သူလှည့်ကြည့်လိုက်တော့ ဖေးဟိုကသူရဲ့ ငွေရောင်မြစ်
သိုင်းဝိညဉ်ထဲကနေ ချန်ဖန်ကို လက်သီးချက်တချက်ထိုးလိုက်ပြီး
ချန်ဖန်လဲကျသွားတာကို တွေ့လိုက်ရသည်။

  အဲ့နောက် စက္ကန့်ပိုင်းလောက်အတွင်းမှာပဲ ငွေရောင်မြစ်သိုင်းဝိညဉ်ထဲကနေ ဓားတချောင်းထွက်လာသည်။ အဲ့ဓားက ချန်ဖန်လည်ချောင်းဆီကို ဦးတည်ပြီးသွားလေသည်။

  ချန်ဖန်ကြောင်ပြီးငေကြည့်နေတုံး ဓားကသူလည်ပင်းကို ထိုးဖောက်သွားလေသည်။ သွေးစက်တွေက မြေကြ်ိးပေါ်ကို ပြန့်ကျဲကုန်ကျလေသည်။

  ချန်ဖန်လဲ ဖေးဟိုက မယုံကြည်နိုင်သလိုကြည့်ရင်း ဖေးဟိုဆီကို ပြေးလာဖို့ ပြင်နေတုံး ခြေလှမ်းနှစ်လှမ်းလောက် လှမ်းပြ်ိးတာနဲ့ တကိုယ်လုံး တုန်ပြီး မြေကြီးပေါ်ကို လဲကျသွားလေသည်။

ဖေးဟိုက ချန်ဖန်ကို အေးစက်စက်ကြည့်ပြီးမှ ရှောင်လုံဆိကို လမ်း
လျှောက်လာလိုက်သည်။ ဖေးဟိုက ရှောင်လုံ လက်ထဲက မြေပုံကိုမြင်တော့ အံသြသွားတဲ့ လေသံနဲ့ ".. ဂိုဏ်းချုပ် ဒီရတနာမြေပုံက အစွမ်းထက်တဲ့မိစ္ဆာသားရဲသိုင်း လေ့ကျင့်တဲ့သူ ချန်ထားခဲ့တဲ့ မြေပုံပဲ.. "

".. မိစ္ဆာသားရဲသိုင်းလေ့ကျင့်သူ.. " ရှောင်လုံလဲ အံသြသွားသည်။

ပြိုင်ဘက်ကင်းသိုင်း၀ိဉာဥ်(ဟောင်ရှောင်လုံ) Book 1Dove le storie prendono vita. Scoprilo ora