166 - 170

338 27 0
                                    

ပြိုင်ဘက်ကင်းသိုင်းဝိညဉ်

အပိုင်း ၁၆၆...... မစုံစမ်းနိုင်သေးဘူး ဟုတ်လား... ?

  မြို့တံတိုင်းပေါ်ကသာ တက်ကြည်မယ်ဆိုရင် အောက်ခြေမှာ ဖြတ်သန်းသွားလာနေကြသော လူတွေကို ပုရွက်စိတ်သာသာလောက်သာ မြင်တွေ့ရမှာပဲ ဖြစ်သည်။  ဒေါင်ရမ်းနန်တွင်းမြို့တော်ရဲ့ မြို့အဝင်တံခါးကြီးကို ငေးကြည့်ရင်း ရှောင်လုံစိတ်ထဲမှာ သူအရမ်းသေးငယ်သွားသလိူမျိုး ခံစားလိုက်ရသည်။

ရှောင်လုံတင်အဲ့လိုမျိုးခံစားနေရတာမဟုတ်ပဲ သူ့နဘေးမှာရှိနေသော ဖေးဟိုကလဲ ရှောင်လုံကဲ့သို့ ခံစားနေရလေသည်။ အခုတကြိမ်နဲ့ဆိုရင် ဖေးဟိုက ဒေါင်ရမ်းနန်းတွင်းမြို့တော်ရဲ့ မြို့အဝင်တံခါးကြီးကိုမြင့်တွေ့ခဲ့ရတာ နှစ်ကြိမ်မြောက်ရှိနေပြီပဲ ဖြစ်သည်။ ဒါပေမယ့်
မြို့တံခါးကြီးရဲ့ ကြီးကျယ်ခမ်းနားအနုပညာမြောက်ပုံကိုမြင်တွေ့လိုက်တိုင်း ဖေးဟိုတယောက် သူစိတ်ထဲက အံသြဘနန်းခံစားရမှုတွေကို မထိန်းချုပ်နိုင်သေးပေ.... ။

   ရှောင်လုံနဲ့ ဖေးဟိုထက်စာရင် ကျောင်းရှုနဲ့ ယူမင်းတို့ကပိုပြီး တည်တည်ငြိမ်ငြိမ် ရှိနေသည်။ သူတို့က မသိရင်သူတို့ရှေ့က ကြီးကျယ်ခန်းနားလက်ရာမြောက်လှသော မြို့တံတိုင်းကြီးကို မမြင်သကဲ့သို့
တည်ငြိမ်စွာရှိနေသည်။

နတ်တံခါးဂိုဏ်းရဲ့ ဋ္ဌာနချုပ်ကိုပဲ ဥပမာအဖြစ်ပြောရမယ်ဆိုရင် နတ်တံခါးဂိုဏ်းကို ကာရံထားသောတံတိုင်းက အခုထက်ပိုမိုမြင့်မားလေသည် ။ ဒါကြောင့်မို့ ကျောင်းရှုနဲ့ ယူမင်းတို့က ဒေါင်ရမ်းအင်ပါရာနိုင်ငံက မြို့တံတိုင်းအပေါ် သိပ်ပြီးအံသြတဲ့ အမူအရာမပြသတာပဲ ဖြစ်သည်။

ရှောင်လုံလဲ သူငေးမောမျောလွင့်နေရာကနေ နိုးထလာကာ အသက်ပြင်းပြင်းတချက်ရှုသွင်းလိုက်သည် ။ အဲ့နောက် ခေါင်းညိတ်ပြလိုက်ပြီး
".. အထဲဝင်ကြစို့... "
ရှောင်လုံက ဒေါင်ရမ်းနန်တွင်းမြို့တော်ထဲသို့ ခြေတလှမ်းစဝင်ဖို့ကြိုးစားလိုက်တာနဲ့ သူတကိုယ်လုံးက သွေးတွေအကုန်လုံးပွက်ပွက်ဆူသလာသလိုမျိုး စိတ်အားတွေတက်ကြွလာလေသည်။

ပြိုင်ဘက်ကင်းသိုင်း၀ိဉာဥ်(ဟောင်ရှောင်လုံ) Book 1Where stories live. Discover now