106 - 110

337 26 0
                                    

ပြိုင်ဘက်ကင်းသိုင်းဝိညဉ်

အပိုင်း ၁၀၆ ..... ငါကသူရဲ့ အဖေပါကွ

    လွန်းမူက ရှောင်လုံစကားရဲ့ တကယ့် ဆိုလိုရင်းအဓိပ္ပါယ်ကိုနားလည်သွားကာ သူ့ရင်ထဲမှာ ဒေါသတွေအလိပ်လိပ်ထွက်လာပြီး
"...စောက်ကလေး မင်း ငါ့ကို လာကစားနေတာလား... ?"
ရှောင်လုံက အစကတည်းက သူကိုဆော့ကစားနေတယ်ဆိုတာကို လွန်းမူတယောက်နောက်ဆုံးကျမှ သဘောပေါက်သွားတော့သည်။

".... ငါမင်းကို ကစားနေတော့ရော ဘာဖြစ်လဲ... "
ရှောင်လုံက ဂရုမစိုက်တဲ့ပုံစံဖြင့်ဘသူ့ပခုံးနှစ်ဖက်ကိုတွန့်ပြလိုက်၏ ။
အဲ့နောက်ရှောင်လုံက အသံထွက်ပြီးမပြောပေမယ့် နောက်ကိုလှည့်ပြီးဖေးဟိုကိုကြည့်လိုက်ကာ သူ့ အကြည့်တွေနဲ့ ဘာဆက်လုပ်ရမယ်
ဆိုတာပြောလိုက်လေသည်။ ဖေးဟိုကလဲ ရှောင်လုံ တချက်ကြည့်လိုက်တာနဲ့ ဘာလုပ်ရမယ်ဆိုတာကိုနားလည်သွားကာ
ဖေးဟိုရဲ့ပုံရိပ်ကဖျက်ကနဲဆိုသလို မြင်းပေါ်ကနေပျောက်ကွယ်သွားလေသည်။ မြင်းပေါ်ကနေ ပျောက်ကွယ်သွားတဲ့ ဖေးဟိုတယောက် အလွန် လျင်မြန်စွာနဲ့ပဲ လွန်းမူရဲ့ အရှေ့မှာ ပြန်ပေါ်ထွက်လာ၏ ။

အရမ်းကိုမှလျင်မြန်လှတဲ့ ဖေးဟိုကိုကြည့်ရင်းလွန်းမူ တယောက် အရမ်းကိုထိတ်လန့်တုန်လှုပ်သွားလေသည်။ သူရဲ့တုန်လှုပ်နေတဲ့ မျက်လုံးတွေရှေ့မှာပဲဓားတချောင်းထက်ကို ပိုပြီးထက်မြတဲ့ ဖေးဟိုရဲ့ လက်ဝါးက သူ့လည်ပင်းကို ဖြတ်သန်းသွားလေသည်။ ကြောက်လန့်တုန်လှုပ်နေတဲ့ လွန်းမူက သူ့နေရာမှာပဲ မလှုပ်မရှားရပ်တန့်နေသလို ဖေးဟိုကိုယ်တိုင်ကလဲ သူရပ်နေတဲ့နေရာကနေ တလက်မမှ မရွေ့လျားပဲနဲ့ သူ့လက်တွေကို ဝေ့ယမ်းလိုက်၏ ။ လွန်းမူအပါအဝင် သူနောက်ကဓားမြတွေအကုန်လုံး မြေကြီးပေါ်ကိုလဲကျကုန်ပြီး သစ်တောထဲမှာ နာကျင်စွာညည်းတွားသံတွေဖြင့် ဆူညံပွက်လောရိုက်
ကုန်ကြသည်။

သိပ်မကြာခင်မှာပဲ နာကျင်စွာ အော်ဟစ်ညည်းသွားသံတွေအကုန်လုံး တိတ်ဆိတ်ငြိမ်သက်သွားကာ ချန်လီတယောက်ပဲ မတ်တပ်ရပ်လျက်ကျန်ရှိခဲ့ပြီး သူမပတ်ဝန်းကျင်ကဓားမြတွေအကုန်လုံး မြေကြီးပေါ်ကိုလဲကျသေဆုံးကုန်ကြသည်။ ချန်လီကိုယ်တိုင်ကလဲ အံသြတုန်လှုပ်စွာဖြင့် သူမရပ်နေတဲ့နေရာမှာပဲ ကြက်သေသေလျက်ရှိနေသည်။

ပြိုင်ဘက်ကင်းသိုင်း၀ိဉာဥ်(ဟောင်ရှောင်လုံ) Book 1Where stories live. Discover now