581 - 585

176 11 0
                                    

ပြိုင်ဘက်ကင်းသိုင်းဝိညာဉ်

အပိုင်း ၅၈၁ ......

ထိုကဲ့သို့ နေ့ရက်ရောက်ရှိရန်လည်း မဝေးကွာတော့ပေ ။ ထိုအချိန်တွင် ရှောင်လုံအနောက်မှ ညင်သာသော ခြေသံတစ်ခု ထွက်ပေါ်လာသည်။ ရှောင်လုံလှည့်ကြည့်လိုက်ချိနိမှာတော့ ရှီရှောင်ဖေး၏ ဆွဲဆောင်မှုရှိသော မျက်နှာလေးကို မြင်လိုက်ရသည်။ အချိန်ခြောက်နှစ် ကုန်လွန်သွားခဲ့သော်လည်း ရှီရှောင်ဖေးမျက်နှာက တစ်စုံတစ်ရာပြောင်းလဲခြင်း မရှိပေ ။

လူနှစ်ယောက်က တိတ်ဆိတ်စွာဖြင့် တစ်ယောက်ကို တစ်ယောက် စိုက်ကြည့်နေကြသည်။ ပတ်ဝန်းကျင်တစ်ခုလုံးတွင် သူတို့နှစ်ယောက်သာရှိနေကြပြီး အရာအားလုံးပျောက်ကွယ်နေသလို ဖြစ်နေသည်။

ထိုနောက် ရှောင်လုံက ရှီရှောင်ဖေးကို သူ့ရင်ခွင်ထဲသို့ ရုတ်တရက် ဆွဲပွေ့လိုက်ပြီး ခြောက်နှစ်ကြာအလွမ်းများကို ဖြေဖျောက်သည့်နှယ် တင်းတင်းကျပ်ကျပ် ဖက်ထားလိုက်သည်။

ရှောင်လုံ၏ နူးညံညင်သာသော စကားသံ ထွက်ပေါ်လာသည်

"... ညီမ ဒီခြောက်နှစ်အတောအတွင်း အဆင်ပြေရဲ့လား ....?"

ရှီရှောင်မေးလည်း မျက်လုံးပြူးပြီး အံ့သြသွားသည်။ ထိုနောက် ပန်းပွင့်ပေါင်းတစ်ရာခန့် တစ်ပြိုင်နက် ဖူးပွင့်လာသလို ရှီရှောင်ဖေးထံမှ သာယာသော ရယ်မောသံ ထွက်ပေါ်လာသည်။ သူမ ရယ်သံ ရေထဲမှ ငါးများပင် ကူးခပ်ရန် မေ့လျော့နေနိုင်သည်။

ရှောင်လုံလည်း သူ့ရင်ခွင်ထဲက အလှဘုရင်မဘေးကို ကြောင်အမ်းအမ်းဖြင့် ကြည့်လိုက်သည်။
ရှောင်လုံ၏ အပြုအမူကိုမြင်ပြီး ရှီရှောင်ဖေး၏ မျက်နှာဖက်တွင် ချိုသာသော အပြုံးတစ်ခု ထပ်မံဖြစ်ပေါ်လာသည်။ ရှောင်လုံ၏ အံ့သြမှင်တက်နေသော အမူအရာလေးက အရမ်းကို ရယ်စရာကောင်းသော်လည်း ယင်းမိသားစု၏ သူရဲကောင်းနှစ်ယောက်ကို ဒေါသတကြီး ဥခွဲခဲ့စဉ်ကထက် ပိုပြီးကြည့်ကောင်းသည်ဟု ရှီရှောင်ဖေးက ထင်လိုက်သည်။

ထိုနောက်  ရှောင်လုံ၏ ကြမ်းတမ်းသော အပြုအမူကို ပြန်လည်မြင်ယောင်ပြီး ရှီရှောင်ဖေး၏ ဆွဲဆောင်မှုရှိသော မျက်နှာလေးက နီရဲတွတ်သွားသည်။

ပြိုင်ဘက်ကင်းသိုင်း၀ိဉာဥ်(ဟောင်ရှောင်လုံ) Book 1Nơi câu chuyện tồn tại. Hãy khám phá bây giờ