56 - 60

365 27 0
                                    

ပြိုင်ဘက်ကင်းသိုင်းဝိညဉ်

အပိုင်း၅၆......  အသက်လေးခါရှုသွင်းရှုထုတ်ယုံလောက်ပဲကြာနိုင် တာလား ...?

မူရင်းစာရေးဆရာ.....Shen Jian

ဘာသာပြန်သူ.... Tun Myint Aung

   အားလုံးမျှော်လင့်ထားသလိုဖြစ်မလာပဲ ဂျန်းတန်ရဲ့တိုက်ခိုက်မှုက ဘာမှမရှိတဲ့ လေထုပေါ်ကိုပဲ ကျရောက်သွားကာ ကြည့်ရှုနေတဲ့လူတွေအကုန်လုံးလဲ အံသြသွားကျလေသည်။ သူတို့အားလုံး လီလူကို ဖက်ပြီးရှောင်သွားတဲ့ လူကိုကြည့်လိုက်တော့ အဲ့လူက ဂျန်းတန်ပြောသလိုဆို သုံးစားမရတဲ့ မိသားစုနောက်ခံနဲ့ ကျောင်းတာတက်တဲ့ ရှောင်လုံ ဖြစ်နေလေသည်။

ရှောင်းမေကွီလဲ စင်ပေါ်တက်လာတဲ့သူကရှောင်လုံဖြစ်နေတာမြင်တော့အရမ်းကိုအံသြသွားတော့သည်။

ရှောင်လုံက သူကိုအံသြတကြီးဝိုင်းကြည့်နေတဲ့ အကြည့်တွေကို လျစ်လျူရှုရင်း လီလူကိုမေးလိုက်
" .... လီလူ... နင်အဆင်ပြေရဲ့လား...? "

ကြောက်လန့်သွားတဲ့ လီလူကတဖြည်းဖြည်းပြန်တည်ငြိမ်လာကာ
ပါးချိုင့်လေးနှစိဖက်ပေါ်လာအောင် ချစ်စဖွယ်ပြုံလိုက်ရင်း
  " .. ရှောင်လုံ...  ငါ..  ငါဘာမှမဖြစ်ပါဘူး... "

"... အင်း... အဲ့ဒါဆို နင်ထပ်မပြိုင်နဲ့တော့ သူကိုငါပဲ ကြည့်ရှင်းလိုက်မယ်... နင်အောက်ဆငိးတော့... "
  ရှောင်လုံကပြောလိုက်သည်။

"... ရှောင်လုံ... နင်..နင်ရပါ့မလား... "
  လီလူက ဂျန်းတန်စွမ်းအားကိုသေချာသိသွားတော့ ရှောင်လုံကိုသိတ်ပူစွာနဲ့မေးလိုက်သည်။

".. ဒီလောက်ကတော့ဟာ.. အေးဆေးပါ.. "
  ရှောင်လုံက သူလက်ကို ဝှေ့ယမ်းပြလိုကိကာ လီလူကို ညင်ညင်သာသာဖေးမရင်း စည်းဝိုင်းအပြင်ဘက်ကိုပို့လိုက်သည်။ အဲ့နောက်မှာတော့ သူကဂျန်းတန်ဘက်ကို ပြန်ပြီးလှည့်ကြည့်လိုက်သည်။

အဲ့အချိန်မှာပဲ သိုင်းပြိုင်ကွင်းရဲ့ အစပ်နားကနေ ကြည့်နေတဲ့ စွင်းကျန်းက ရှောင်လုံ လီလူကို ဂျန်းတန်ရဲ့ တိုက်ခိုက်မှုကနေ ကယ်သွားတာကိုမြင်လိုက်တော့ အရမ်းကိုအံအားသင့်သွားကာ သူ့ဘေးနားက
လက်ထောကိကျောင်းအုပ် ရှောင်းချူးကိုမေးလိုက်လေသည်
  " ... ဒိကျောင်းသားလေးက ဘယ်သူလဲ... "
သူအမြင်မှာတော့ ဂျန်းတန်ရဲ့ တိုက်ခိုက်မှုကနေ ကောင်မလေးကို ကယ်သွားနိုင်တယ်ဆိုထဲက ဒီကျောင်းသားကလဲ တော်ရုံတော့မဟုတ်နိုင်ဘူး မဟုတ်လား။

ပြိုင်ဘက်ကင်းသိုင်း၀ိဉာဥ်(ဟောင်ရှောင်လုံ) Book 1Where stories live. Discover now