611 - 615

192 13 0
                                    

ပြိုင်ဘက်ကင်းသိုင်းဝိညာဉ်

အပိုင်း ၆၁၁ .....

ဂူဒူလျန်၏ မေးခွန်းကြောင့် ဝမ်ပြောင်ယွမ်လည်း အနည်းငယ် မှင်တက်သွားသည်။ ထိုနောက် တည်ကြည်လေးနက်သောအသံဖြင့် ပြန်ဖြေလိုက်သည်

"... လွန်ခဲ့တဲ့ တစ်နှစ်ကတော့ သူ့အတွင်းအားတွေက နတ်ဘုရားအဆင့် ၂ စဦးအဆင့်ပဲ ရှိသေးတာ ....  အဲ့တော့ သူရဲ ပင်ကိုယ်စွမ်းရည်က ဘယ်လောက်ပဲ ကြောက်စရာကောင်းတယ်လို့ပြောပြော....  နောက်လေးနှစ်ကြာပြီးရင် အလွန်ဆုံးအနေနဲအ နတ်ဘုရားအဆင့် ၃ လောက်ကိုပဲ ရောက်နိုင်လိမ့်မယ် ထင်တယ်  ...."

အဆုံးသတ်တွင် ဝမ်ပြောင်ယွမ်၏ စကားလုံးများက သေချာမှုများ ကင်းမဲ့နေသည်။
ဂူဒူလျန်က ပြောလိုက်သည်

"....အခု ငါက နတ်ဘုရားအဆင့် ၂ စဦးအဆင့် သိုင်းသမားဆိုရင် ငါးနှစ်အတွင်းမှာ နတ်ဘုရားအဆင့် ၂ နောက်ဆုံးရဲ့ အထွတ်အထိပ် အဆင့်လောက်ကိုပဲ ရောက်နိုင်လိမ့်မယ် ...
ဒါပေမဲ့ ဟောင်ရှောင်လုံလို လူအတွက် နတ်ဘုရား အဆင့် ၃ ဆိုတာ အမြင့်ဆုံး ကန့်သတ်ချက် တစ်ခု မဖြစ်နိုင်ဘူး ...."

ဂူဒူလျန်၏ စကားကြောင့် ဝမ်ပြောင်ယွမ်လည်း မျက်မှောင်ကြုတ်လိုက်သည်။ ထိုနောက် ခနဲ့တဲ့တဲ့ပြောလိုက်သည်

"....  နတ်ဘုရားအဆင့် ၃ နောက်ဆုံးအဆင့်အထိ သူရောက်နိုင်တယ်လို့ မင်းက ပြောချင်တာလား....!
ဒါမှမဟုတ် နတ်ဘုရား အဆင့် ၄ အထိ ရောက်နိုင်တယ်လို့ဆိုလိုချင်လား ....? အဲ့ဒါက တကယ်ပဲ ဖြစ်နိုင်မယ်လို့ ထင်နေတာလား ...?
မင်းစကားတွေက တကယ်ကို ရယ်စရာကောင်းတာပဲကွာ ....! သူ နတ်ဘုရားတစ်ပိုင်း အဆင့်ကနေ နတ်ဘုရား အဆင့် ၂ စဦးအဆင့်အထိ မြန်မြန်ဆန်ဆန်နဲ့ အဆင့်တက်ခဲ့တာကလည်း ငါရှာတွေ့ခဲ့တဲ့ သတ္တုအဆီအနှစ်လိုမျိုး အလွန်ရှားပါးတဲ့ ရတနာတစ်ခုကို ရခဲ့လို့ပဲ .... အဲ့လို ရတနာမျိုး ကို သူနောက်ထပ်တစ်ခါ ထပ်ရလိမ့်မယ်လို့ ငါတော့ မယုံဘူး ...."

ဂူဒူလျန်လည်း ခေါင်းညိတ်လိုက်သည်

".... ဟုတ်တယ်... ကံကောင်းထောက်မပြီး ရှားပါးတဲ့  ရတနာတစ်ချို့ကို နောက်တစ်ကြိမ် ထပ်ရခဲ့လို နတ်ဘုရား အဆင့် ၄ အထိ ကျော်ဖြတ်ရောက်ရှိနိုင်ခဲ့ရင်တောင် သေဆုံးခြင်းကပဲ သူ့ကို စောင့်မျှော်နေမှာ .... ရှောင်းမင်ကျီရဲ့ပင်ကိုယ် စွမ်းရည် ၊ အတွင်းအားနဲ့ဆိုရင် နတ်ဘုရား အဆင့် ၆ သိုင်းပညာရှင်ကတောင် သူ့ကို မယှဉ်နိုင်ဘူး..."

ပြိုင်ဘက်ကင်းသိုင်း၀ိဉာဥ်(ဟောင်ရှောင်လုံ) Book 1Where stories live. Discover now