426 - 430

199 16 0
                                    

ပြိုင်ဘက်ကင်းသိုင်းဝိညာဉ်

အပိုင်း ၄၂၆ ....

  ဖန်ကျွမ်းတစ်ယောက် ဟူကျွမ်းသေဆုံးသွားသည့်သတင်းအား ဟူချန်ကို မည်ကဲ့သို့ ရှင်းပြရမလဲဆိုတာတွေးပြီး ဦးနှောက်ခြောက်နေချိန်မှာ  ရတနာမြို့အတွင်းသို့ ရောက်ရှိနေသော
ရှောင်လုံက ခြေဦးတည်ရာလျှောက်ကြည့်နေသည်။

တဖြည်းဖြည်းနှင့် နေဝင်သွားပြီး  ကောင်းကင်ကြီးတစ်ခုလုံးမည်းနက်လာသည်။
ညအမှောင်ထုကြီးက ကြီးစိုးလာသော်လည်း ရတနာမြို့အတွင်းမှ စျေးဆိုင်းများရှေ့တွင် မီးပုံးများကိုယ်စီချိတ်ဆွဲကာ စျေးရောင်းသျေးဝယ်သာများဖြင့် စည်းကားလျက်ပင်ရှိနေသေးသည် ။

ရှောင်လုံက ကျင်းအိမ်တော်အကြောင်းစုံစမ်းလိုက်ပြီး ကျင်းအိမ်တော်ရှိရာသို့ သွားလိုက်သည်။

ကျင်းမိသားစုက ရတနာမြို့အတွင်းမှာတော့ နာမယ်ကြီး မိသားစုတစ်ခုဖြစ်သည်။ ထိုကြောင့် ရှောင်လုံအတွက် ကျင်းအိမ်တော်အကြောင်းကို စုံစမ်းရသည်မှာ မခက်ခဲလှပေ...။

ခဏလောက်ကြာပြီးနောက် ရှောင်လုံက ကျင်းအိမ်တော်အဝသို့ရောက်ရှိလာသည် ။ ထိုနောက် ကျင်းအိမ်တော်ဝတွင် စောင့်ကြပ်နေသည့်အစောင့်အား သူလာရောက်ရခြင်း၏ ရည်ရွယ်ချက်ကိုပြောပြလိုက်သည် ။

".... ခင်ဗျားက ဂိုဏ်းချုပ်နဲ့တွေ့ချင်လို့ဟုတ်လား ...?"

ကျင်းမိသားစု၏ အစောင့်က သံသယဖြင့် ရှောင်လုံအား ခေါင်းအစခြေအဆုံး အကဲခတ်လိုက်ပြီး

".... ဒါဖြင့် ခဏစောင့် ... ကျုပ်သတင်းသွားပို့လိုက်အုံးမယ် ..."

အမှန်တော့ ရှောင်လုံသိုင်းပညာနှင့်ဆိုရင် ကျင်းအိမ်တော်အတွင်းသို့မည်သူမှ သတိမပြုမိခင်မှာ ရောက်အောင် ဝင်နိုင်စွမ်းရှိသည် ။ သို့သော် ရှောင်လုံကျင်းမိသားစုဆီသို့ လာရောက်ရသည့်အဓိကရည်ရွယ်ချက်မှာ နဂါးမြက်ရှစ်ပင်အား ဝယ်ယူဖို့ဖြစ်သည်။

ကျင်းမိသားစု အဓိကခန်းမဆောင်အတွင်း၌....
ကျင်းမိသားစု၏ ဂိုဏ်းချုပ် ကျင်းဂွမ် နှင့် ကျင်းမိသားစု၏ အကြီးအကဲများဟာ တည်ကြည်သောမျက်နှာအနေအထားများဖြင့် ရှိနေကြသည်။
ထိုအပြင် သူတို့ကတစ်ခါတစ်ရံမှာ မျက်မှောင်ကြုတ်သွားလေ့ရှိသည်။ ကျင်းမိသားစုက ယခုအချိန်မှာ အရေးကြီးကိစ္စတစ်ခုနှင့် ရင်ဆိုင်နေရပုံပေါ်သည်။

ပြိုင်ဘက်ကင်းသိုင်း၀ိဉာဥ်(ဟောင်ရှောင်လုံ) Book 1Where stories live. Discover now