16 - 20

422 37 0
                                    

ပြိုင်ဘက်ကင်းသိုင်းဝိညဉ်

အပိုင်း၁၆.......မြေကြီးအဆင့်၄ သူရဲကောင်းဖြစ်ခြင်း

        မျောက်လေးက ပန်းပွင့်ဘာရာမြွေကြီးရဲ့ ပြတ်သွားတဲ့ ခေါင်းပေါ်ကိုတက်ပြီးတော့ အဝါရောင်အစေ့ သေးသေးလေးကို
တူးထုတ်လိုက်သည်။

        ရှောင်လုံလဲ အဝါရောင် အစေ့လေးကိုမြင်တော့ မျက်လုံးပြုးသွားပြီး အံသြစွာနဲ့. " သားရဲအမြူတေ "

        တကယ်တော့ အလယ်အလတ်အဆင့်ရှိတဲ့ ရက်စက်တဲ့ သားရဲကြီးတွေမှာ အမြူတေ ရှိနိုင်တဲ့နှုန်းက အကောင်တထောင်မှ တကောင်ပဲပဲရှိတာမလား။ အဆင့်၇လောက်ရှိတဲ့ သားရဲကြီးတွေကမှ
အမြူတေကို အောင်မြင်စွာ သူတို့ကိုယ်ထဲမှာစုစည်းနိုင်ပြီးတော့ ထူးဆန်းစွာနဲ့ ဒိမြွေကြီးမှာတော့ အမြူတေ ရှိနေလေသည်။

     အဆင့်လေး သားရဲအမြူတေ! တကယ်လို့ အပြင်မှာရောင်းမယ်ဆိုရင် ရွှေဒင်္ဂါးကွိုင် နှစ်ရာ ၊ သုံးရာလောက်ရမှာပဲ။

    အဲ့အချိန်မှာ မျောက်လေးက မြွေကြီးရဲ့ ဝမ်းဗိုက်ကို
သူလက်သည်းနှစ်ဖက် ထပ်ခွဲလိုက်ပြီးတော့ အချွဲအကျိတွေကြားက လက်မလောက်အရွယ်အစားလောက်ရှိတဲ့ သည်းခြေနှစ်ခုကို
ထုတ်လိုက်လေသည်။

      စပါးကျီးသည်းခြေ ...! ရှောင်လုံးမျက်လုံးတွေက တောက်ပ
သွားပြီးတော့ အဆင့်လေးဘာရာမြွေကြီးရဲ့ သည်းခြေဆိုတာကို
တကယ်ကို သိုင်းလေ့ကျင့်တဲ့သူတွေအတွက် အားဖြည့်ပစ္စည်းပဲ ။
သည်းခြေကို မြိုချလိုက်ရင် သိုင်းကျင့်စဉ်ကို တိုးတက်စေယုံမက ခန္ဓာကိုယ်ကိုလဲ ကြံခိုင်စေသည်။

စပါးကြီးသည်းခြေကို တူးထုတ်ပြီးတာနဲ့ မျောက်လေးက ရှောင်လုံကို ပေးလိုက်ပြီးတော့ သူကတော့ သားရဲအမြူတေကို မြိုချလိုက်လေ
သည်။

  "  မင်း...စားလိုက်တယ် " ရှောင်လုံက အံသြစွာပြောလိုက်သည်။

    ရက်စက်တဲ့ သားရဲကြီးတွေရဲ့ အမြူတေဆိုတာ အလွန်စွမ်းအား
ပြင်းထန်ပြီးတော့ သိုင်းသမားတွေတောင် ဆေးဖော်ပြ်ီးမှ
စားလို့ရသည်မဟုတ်လား ဒိအတိုင်းတိုက်ရိုက် စားလိုက်မယ်ဆိုရင်
သားရဲအမြူတေ ပြင်းထန်တဲ့ စွမ်းအားကြောင့် ကိုယ်ခန္ဓာပေါက်ကွဲသွားစေနိုင်သည် ။

ပြိုင်ဘက်ကင်းသိုင်း၀ိဉာဥ်(ဟောင်ရှောင်လုံ) Book 1Where stories live. Discover now