816 - 820

168 12 0
                                    

ပြိုင်ဘက်ကင်းသိုင်းဝိညာဥ်

အပိုင်း ၈၁၆ ..... သူက ဆေးဘုရင် ဟောင်ရှောင်လုံ ပဲ

လေလံပွဲ၏ နောက်ဆုံးပစ္စည်းမှာ မိုးကောင်းကင် နတ်ဘုရား၏ နတ်ဘုရားဦးခေါင်းဖြစ်ကြောင်း ကြားလိုက်ရသည်နှင့် ရှောင်လုံသည် ကျောကို အနည်းငယ် ဆန့်ထုတ်လိုက်သည်။

ရဲ့လူထျန်းဟော် နှင့် ပေ့ထျန်းကျီ၊ တံလျှပ်ဘုရင်၊ ကျောင်းဝူဟွမ် နှင့် ကျန်သူများသည် မျှော်လင့်ချက်များဖြင့် ဆူညံသွားကြလေသည်။

လူတိုင်း က အသက်အောင့်လိုက်ရင်း တောက်ပနေသော အနက်ရောင် နတ်ဘုရားဦးခေါင်း အပိုင်းအစကို စိုက်ကြည့်နေကြလေသည်။

ကြည်လင်လှသော အနက်ရောင် နတ်ဘုရားဦးခေါင်း အပိုင်းအစသည် ဖျော့တော့တော့ အနက်ရောင်အလင်းကို ထုတ်လွှတ်နေပေသည်။ ၎င်းသည် တည်ငြိမ်နေသော်လည်း စွမ်းအားမှာမူ အချိန်နှင့် စကြာဝဠာကိုပင် ထွင်းဖောက်နိုင်ဟန်ရသည်။ ကွင်းပြင်ထဲရှိ လူတိုင်းက နတ်ဘုရားဦးခေါင်း အပိုင်းအစ၏ ပုံသဏ္ဍာန်ကို ရှင်းရှင်းလင်းလင်း မြင်နေရပေသည်။ နတ်ဘုရားဦးခေါင်း အပိုင်းအစသည် လက်နှစ်လုံး ပမာဏ ထက် ပိုမကြီးပေ။

ဤသည်မှာ မိုးကောင်းကင်နတ်ဘုရား၏ နတ်ဘုရားဦးခေါင်း အပိုင်းအစဖြစ်သည်။

လူတိုင်းက နတ်ဘုရားဦးခေါင်း၏ အစိတ်အပိုင်းကို စိုက်ကြည့်နေမိကြချိန်တွင် လေလံပွဲတင်ဆက်သူ၏ စိတ်လှုပ်ရှားကာ ကျယ်လောင်လှသော အသံက ကွင်းပြင်တစ်ခွင်သို့ ပျံ့နှံ့သွားလေသည်။

"အမှန်ပါပဲ...ဒါကတော့ ဒီနေ့ လေလံပွဲရဲ့ နောက်ဆုံးပစ္စည်း ဖြစ်တဲ့...မိုးကောင်းကင်နတ်ဘုရားရဲ့ နတ်ဘုရားဦးခေါင်းအပိုင်းအစ ဖြစ်ပါတယ်ခင်ဗျာ"

"လူတိုင်း ကြားဖူးထားခဲ့သလိုပါပဲ...မဟာနတ်ဘုရားအဆင့် ရဲ့အထက် တည်ရှိမှုတွေဟာ အောက်ဘုံနယ်ပယ်ရဲ့ မိုးကောင်းကင်ဥပဒေသကြောင့် တားမြစ်ခံထားရပါတယ်...ဒါကြောင့်လည်း ကျုပ်တို့ ကြယ်စင်စု လေးစုရဲ့ နှစ်သန်းပေါင်းများစွာသော သမိုင်းကြောင်းထဲမှာ မဟာနတ်ဘုရားအဆင့် ရဲ့ အထက်ကို ရောက်သွားတဲ့သိုင်းပညာရှင်က တစ်ယောက်ပဲ ရှိခဲ့ဖူးတယ်လေ...သူကတော့ ကောင်းကင်ဘုံတောင်တန်း ရဲ့ သခင်ဖြစ်ပါတယ်...ပြီးတော့ ဒီ နတ်ဘုရားဦးခေါင်း အပိုင်းအစကလည်း ကောင်းကင်ဘုံတောင်တန်းသခင်ကို မိုးကောင်းကင် ဥပဒေသ အပြစ်ပေးသတ်ဖြတ်ခဲ့စဥ်က ကျန်နေခဲ့တဲ့ ပစ္စည်းဖြစ်ပါတယ်ဗျ"

ပြိုင်ဘက်ကင်းသိုင်း၀ိဉာဥ်(ဟောင်ရှောင်လုံ) Book 1Opowieści tętniące życiem. Odkryj je teraz