276 - 280

292 16 0
                                    

ပြိုင်ဘက်ကင်းသိုင်းဝိညာဉ်

အပိုင်း ၂၇၆ ......

    . နတ်ဆိုး ကပ်ဘေးကြုံတွေခြင်း လက်ချောင်းသိုင်း ..."

ဂျန်ထျန်ဟွမ် လက်ညိုးထိုးလိုက်သည့် လေဟာနယ်ကြီးတခုလုံးက ကျယ်လောင်သောအပေါက်ကြီးတခုအဖြစ် ဆုတ်ပြဲသွားလေသည်။ ချက်ချင်းဆိုသလိုပဲ ထိုအပေါက်ကြီးထဲကနေ  ဧရာမလက်ညိုးရာကြီးတခုက လျပ်စီးလက်လိုက်သလို ဟူဟန် ရှိရာသို့ ပြုတ်ကျလာပါတော့သည်။

နတ်ဆိုးကပ်ဘေးလက်ညိုးကြီး သူ့အပေါ်သို့သက်ဆင်းလာတာကိုကြည့်ရင်း ဟူဟန်မျက်နှာက ဖျော့တော့သွားလေသည်။
ဂျန်ထျန်ဟွမ်၏ အစွမ်းအထက်ဆုံးသိုင်းပညာတခုဖြစ်သည့် နတ်ဆိုးကပ်ဘေးလက်ညိုးသိုင်းက ဘယ်လောက်ထိ အစွမ်းထက်တယ်ဆိုတာကို ဟူဟန်က အသိဆုံးပင် ....။ မိစ္ဆာနက်မြို့ထဲမှာ ဟူဟန်ကို အချိန်ခြောက်နိုင်ဆုံးကိစ္စက ဂျန်ထျန်ဟွမ်၏ နတ်ဆိုးကပ်ဘေးကြုံတွေ့ခြင်းလက်ညိုးသိုင်းပဲ ဖြစ်သည်။

ဟူဟန်က သူရဲ့အခုလက်ရှိ ကောင်းကင်အဆင့်၈ အလယ်အဆင့်အတွင်းအားနှင့်တောင်မှ ဂျန်ထျန်ဟွမ်၏ နတ်ဆိုးကပ်ဘေးကြုံတွေ့ခြင်းလက်ညိုးသိုင်းကို ထိပ်တိုက်ရင်မဆိုင်ရဲပေ ...။ အကယ်၍သာထိပ်တိုက်ရင်ဆိုင်ခဲ့မယ်ဆိုရင် နတ်ဆိုးဘက်ညိုးသိုင်းက သူ့ကိုပြင်းပြင်းထန်ထန်ဒဏ်ရရသွားစေနိင်သည်။

ဂျန်ထျန်ဟွမ်၏ လက်ညိုးသိုင်းက သူနှင့်တဖြည်းဖြည်းနီးကပ်လာတာကိုမြင်တော့ ဟူဟန်ဆီကနေ မာန်သွင်းအော်ဟစ်သံတခုထွက်ပေါ်လာလေသည်။ ထိုနောက် သူ့ကိုယ်ထဲမှ ခရမ်းနက်ရောင် အလင်းတန်းတွေ ဖြာထွက်လာသည်။ ထွက်ပေါလာသည့် အလင်းတန်းတွေက ချက်ချင်းပြန်ပြီး အရောင်မှိန်သွားလေသည်။ ထိုနောက် ဟူဟန်ကို ရှာမတွေ့တော့ပေ ..။

နတ်ဆိုးလက်ညိုးသိုင်းက ကြမ်းပြင်ကိုထိမှန်သွားလေသည်။ ခန်းမဆောင်ကြီးတခုလုံး သွက်သွက်လာအောင် လှုပ်ယမ်းသွားလေသည်။ကျိုးပဲ့ရာမှ ထွက်ပေါ်လာသည့် ကျောက်ခဲစတွေ နှင့် ဖုန်မှုန့်တွေက ခန်းမဆောင်တခုလုံးကို ဖုံးလွှမ်းသွားပါသည် ။စုမိန်းမိန်းအပါအဝင် လူတိုင်းလိုလိုက ဂျန်ထျန်ဟွမ်၏ ပြင်းထန်လှသည့် နတ်ဆိုးကပ်ဘေးကြုံတွေ့ခြင်း လက်ညိုးသိုင်းကို  အံသြမှင်သက်စွာဖြင့် ငေးကြည့်နေကြသည်။ စုမိန်းမိန်းကတော့ ကြမ်းပြင်ထက်က ဧရာမအပေါက်ကြီးကိုကြည့်ရင်း ကျောရိုးထဲအထိစိမ့်အောင်ကြောက်လန့်သွားသည်။

ပြိုင်ဘက်ကင်းသိုင်း၀ိဉာဥ်(ဟောင်ရှောင်လုံ) Book 1Where stories live. Discover now