301 - 305

233 22 0
                                    

ပြိုင်ဘက်ကင်းသိုင်းဝိညာဉ်

အပိုင်း ၃၀၁ ......

    ရှောင်လုံပုံရိပ်က ဖျက်ကနဲပျောက်ကွယ်သွားပြီး တဲအိမ်လေးတွေနားကိုရောက်ရှိသွားသည်။ရေတံခွန်နားမှာ တဲအိမ်စုစုပေါင်း ၆ အိမ်ရှိလေသည်။ သူတို့တည်ဆောက်ထားပုံက ဖရိုဖရဖြစ်နေပေမယ့် ရှေးခတ်က ဆွဲဆောင်မှုတခုလိုမျိုး ကြည့်ရတာ မျက်စိပဒေသရှိနေသည်။

ရှောင်လုံက အလည်ကတဲထဲကိုအရင်ဆုံးဝင်ဖို့ ဆုံးဖြတ်လိုက်သည်။ တဲအိမ်ထဲကိုဝင်လိုက်တော့ ထူးဆန်းသောအရာတွေပွလန်ကျဲနေသည့် ရှုပ်ပွနေသော မြင်ကွင်းကရှောင်လုံကိုစောင့်ကြိုနေလေသည်။

ရှောင်လုံက တဲအိမ်ထဲကိုရောက်တော့ လက်တချက်ခတ်လိုက်ပြီး ဖုန်မှုန်တွေကိုခါထုတ်လိုက်သည်။ ဖုန်မှုန့်တွေလွင့်စင်ပြီးနောက် စာအုပ်ပုံကြီးတခုပေါလာလေသည်။

ထိုစာအုပ်တွေအတွက် အမျိုးအမည်မသိသော အရာတွေကိုအသုံးပြုထားသည် ။ သူတို့ကနှစ်ပေါင်းထောင်နှင့်ချီ၍ ကြာမြင့်နေသော်လည် အဝါရောင်ဖျော့ဖျော့ ဖြစ်နေတာကလွဲ၍ အကောင်းပကတိရှိနေလေသည်။

ရှောင်လုံလက်ဝါးကနေ စုပ်အားတခုထွက်ပေါလာပြီး စာအုပ်တအုပ်ကိုဆွဲယူလိုက်သည်။
ရှောင်လုံလက်ထဲကိုရောက်ရှိလာသော စာအုပ်၏အလည်၌ ရှေးဟောင်းအက္ခရာဖြင့် စာလုံးလေးလုံးကို ရေးသားထားလေသည်။
ရှောင်လုံက ထိုရှေးဟောင်းစကားလုံးတွေကိုခနလောက် အဓိပ္ပါယ်ကောက်ကြည့်လိုက်သည် ။ ထိုနောက် တလုံးချင်းရေရွတ်လိုက်လေသည်

"..... ဘီလူးရတနာရောင်ပြန်ဟပ်ခြင်း ...."

ထိုနောက် ရှောင်လုံက စာအုပ်ကိုဖွင့်ဖတ်ကြည့်လိုက်သည်။
ရှောင်လုံဖတ်နေသည့် ဘီလူးရတနာရောင်ပြန်ဟပ်ခြင်း စာအုပ်က ရှေးခတ်မှ နတ်ဘုရားမျိုးနွယ်တွေနဲ့ နတ်မိစ္ဆာမျိုးနွယ်စုတွေရဲ့ အဖြစ်အပျက်တွေကို သရုပ်ဖော်ထားသည့် စာအုပ်တအုပ်ပင်ဖြစ်သည်။

ဘီလူးရတနာရှာဖွေခြင်းစာအုပ်ကို ဖတ်ရှုပြီးနောက် ရှောင်လုံက စာအုပ်ပုံထဲမှ တခြားစာအုပ်တအုပ်ကိုထပ်ယူလိုက်သည်။ ထိုစာအုပ်ပုံကထဲစာအုပ်တော်တော်များများက သိုင်းကျမ်းတွေ သိုင်းကျင့်စဉ်တွေမဟုတ်ကြပဲ ရှေးဟောင်းနတ်ဘုရားမျိုးနွယ်စုတွေအကြောင်းကိုရေးသားထားသည့် စာအုပ်တွေပဲ ဖြစ်ကြသည်။

ပြိုင်ဘက်ကင်းသိုင်း၀ိဉာဥ်(ဟောင်ရှောင်လုံ) Book 1Where stories live. Discover now