76 - 80

367 28 0
                                    

ပြိုင်ဘက်ကင်းသိုင်းဝိညဉ်

အပိုင်း ၇၆ .....နတ်တံခါးဂိုဏ်းဋ္ဌာနချုပ်နေရာ

"..... မင်း...မင်းက ဘယ်သူလဲ.... ဟောင်ရှောင်လုံက ဘယ်ရောက်သွားတာလဲ.... မင်းကရှောင်လုံလား.... ?"
ကျောင်းအုပ်ကြီး စွင်းကျန်းနဲ့ရှောင်းချုးက ရှောင်လုံကို မျက်လုံးပြူးကာမေးကြည့်ရင်းမသဲမကွဲတဲ့ ပုံစံနဲ့မေးလိုက်လေသည်။ ရှောင်လုံတို့ကျောက်တုံးအခန်းထဲမှာ လေ့ကျင့်ခန်းဝင်နေတာ ဆယ့်ငါးရက်ပဲရှိသေးပေမယ့် ရှောင်လုံရဲ့အရပ်က သူ့အရင်ကထက် ခေါင်းတလုံးလောက်ပိုရှည်လာ၏ ။

သူ့ရဲ့ အသားအရေ ၊ သူ့ရဲ့ ပင်ကိုစရိုက် ၊ သူ့ရဲ့ ကိုယ်ရောင်ကိုယ်ဝါတွေကို အရမ်းကိုပြောင်းလဲသွားလေသည်။

သူတို့သာ နဂါးမီးတောက်တောင်ကြားကျောက်ဂူထဲမှာ မဟုတ်ရင် သူတို့ရှောင်လုံကို သေချာမကြည့်ပဲ လုံးဝကိုမှတ်မိနိုင်မှာမဟုတ်တော့ဘူး... ။

တကယ်တော့ ရှောင်လုံအတူတူသိုင်းလေ့ကျင့်နေကျတဲ့ ချန်ချန်း နဲ့ တခြားကျောင်းသားနှစ်ယောက်လဲ ရှောင်လုံ တကယ်တမ်းသူ့ကျောက်တုံးအခန်းထဲကထွက်လာရော သူတို့က ရှောင်လုံကို
လုံးဝကိုမမှတ်မိကျချေ ။

စွင်းးကျန်းနဲ့ရှောင်းချူးတို့ ဖြစ်ပျက်သွားတဲ့အမူအရာကိုကြည့်ရင်း ရှောင်လုံတယောက်ဘာပြေရမှန်းမသိအောင်ဖြစ်သွားကာ သူ့ခေါင်းကိုပဲတွင်တွင်ပါအောင်ညိတ်ပြလိုက်လေသည်။

"....ရှောင်လုံ.... အာ... မင်းဘယ်လိုဖြစ်သွားတာလဲ...
အဆင်မှပြေရဲ့လား..... ?
စွင်ကျန်းက စိုးရိမ်စွာဖြင့်ရှောင်လုံဘေးနားကို ရောက်လာကာ မေးလိုက်သည်။ ရှောင်လုံပုံစံက ဒီလောက်ထိသိသိသာ ပြောင်းလဲသွားမှတော့ သူတိူ့စိုးရိမ်ချင်လဲ စိုးရိမ်စရာပဲ ဖြစ်သည်။ ပြီးတော့ရှောင်လုံက အခုကြယ်စကြာဝဠာ ကျောင်းနဲ့ လူတောင်းနိုင်ငံအတွက် အဖိုးမဖြတ်နိုင်တဲ့ ကျောက်တလုံးဖြစ်နေပြီမဟုတ်လား.....
သူတိူ့ ရှောင်လုံကို ဘယ်လိုနည်းနဲမှအဆုံးရှုံးမခံနိုင်တော့ဘူးလေ။

"... ကျွန်တော်.... ကျွန်တော်ကဘာဖြစ်ရမှာလဲ... ? "
ရှောင်လုံလဲမချိပြုံးပြုံးလိုက်တော့သည်။ သူဘာမှမဖြစ်တဲ့အပြင် အခုအချိန်မှာ သူ့ခန္ဓာကိုယ်က အကောင်းဆုံးဆိုတဲ့ အနေထားကိုရနေတာမဟုတ်လား..... ။ သူ့အခုအချိန် အဆင့်၇ သားရဲးကြ်ိးတွေနဲ့တွေ့ရင်တောင်မှ တချက်ထဲနဲ့အသေသတ်လို့ရနိုင်လောက်အထိကို သူ့ခန္ဓာကိုယ်က သန်မာနေ၏ ။

ပြိုင်ဘက်ကင်းသိုင်း၀ိဉာဥ်(ဟောင်ရှောင်လုံ) Book 1Kde žijí příběhy. Začni objevovat