101 - 105

362 25 0
                                    

ပြိုင်ဘက်ကင်းသိုင်းဝိညဉ်

အပိုင်း ၁၀၁ .... မြေကြီးအဆင့်၉သို့ရောက်ရှိခြင်း

   "..... ဂိုဏ်းချုပ်ကိုပြန်ဖြေပါတယ်... ဆရာသတင်းကတော့အခုထိ
ဘာမှကိုမကြားရသေးပါဘူး.... "
ဟောက်ထျန်ကစိုးရိမ်နေသောမျက်နှာထားနဲ့ ပြန်ဖြေလိုက်ကာ
"... ကျွန်တော်မျိုးကြီးကိုအပြစ်ပေးပါ... "

ဒီအချိန်၂နှစ်အတွင်းမှာ ဟောက်ထျန်က ရှောင်လုံ စုံစမ်းခိုင်းထားတဲ့ ယူမင်းအကြောင်းကိုမစုံစမ်းနိုင်ခဲ့ပေ.... ။ ဒါကြောင့်မို့ သူကရှောင်လုံကိုမျက်နှာချင်းဆိုင်ရမှာ ရှက်ရွံနေတာပဲဖြစ်သည် ။

ရှောင်လုံကခေါင်းခါပြလိုက်ရင်းနဲ့
"... ဒီကိစ္စမှာ မင်းကိုအပြစ်မရှိပါဘူး... ထပါ "

"...ဟုတ် ဂိုဏ်းချုပ်ရဲ့ သနားညှာတာမှုကိုကျေးဇူးတင်ပါတယ်... "
ဟောက်ထျန်က မတ်တပ်ရပ်ရင်း လေးစားစွာပြန်ဖြေလိုက်၏ ။

ရှောင်လုံလဲ ယူမင်းကိစ္စကို အလေးအနက်စဉ်းစားလိုက်လေသည်။
အကယ်၍ ဘာမတော်မဆမှုမှသာ မဖြစ်ခဲ့ဘူးဆိုရင် ၂ နှစ်ဆိုတဲ့ အချိန်က ယူမင်းတယောက် တိမ်ကြယ်တာရာတိုင်းက နတ်တံခါးဂိုဏ်းဋ္ဌာနချုပ်ကနေ လူတောင်းနိုင်ငံကို ပြန်လာဖို့အတွက် လုံလောက်တဲ့အချိန်ပဲ မဟုတ်လား.. ။

ဒါပေမယ့် ယူမင်းအခုထိပြန်မလာသေးဘူးဆိုတော့  ယူမင်းတယောက် ပြသနာတချို့နဲ့ ရင်ဆိုင်ကြုံတွေ့နေပြီဆိုတဲ့ အဓိပ္ပါယ်မဟူတ်လား.. ။ ရှောင်လုံက ယူမင်း ပျောက်ဆုံးနေမှုက သူရဲ့ ဆရာတူအကို အဓိကအကြီးအကဲ ချန်ထျန်ချီ နဲ့ ပတ်သတ်နေမလားဆိုတဲ့ အချက်ကို အတည်မပြုနိုင်ပေမယ့် အခုလက်ရှိမှာသေချာနေတဲ့အချက်က ချန်ထျန်ချီအနေနဲ့ ရှောင်လုံအကြောင်းကိုလုံးဝ မသိသေးဘူးဆိုတာပဲ ဖြစ်၏ ။
တကယ်လို့ သူသာ ရှောင်လုံဆီမှာ နတ်လက်စွပ်ရောက်နေတယ်ဆိုတာကိုသာသိသွားရင် သေချာပေါက် သူ့လူတွေကိုလွှတ်ကာ ရှောင်လုံကိုသတ်ပြီး နတ်လက်စွပ်ကိုအရယူဖို့ ကြိုးစားမှာပဲ ဖြစ်လေသည်။

ဒါပေမယ့် သိပ်မကြာတော့တဲ့အချိန်မှာပဲ ချန်ထျန်ချီအနေနဲ့ သူအေ
ကြာင်းကိုသိလာတော့မှာပဲ မဟူတ်လား.. ။ ဒါကြောင့်မို့ ရှောင်လုံအနေနဲ့လဲပြင်ဆင်စရာရှိတာတွေကိုပြင်ဆင်ထားဖို့လိုအပ်လေသည်။

ပြိုင်ဘက်ကင်းသိုင်း၀ိဉာဥ်(ဟောင်ရှောင်လုံ) Book 1Where stories live. Discover now