ပြိုင်ဘက်ကင်းသိုင်း၀ိဉာဥ်(ဟော...

بواسطة Azure5549

46.6K 3.4K 22

ပြိုင်ဘက်ကင်းသိုင်းဝိညဉ် သူရဲကောင်းတွေဟာ အချိန်တော်တော်များများမှာအထီးကျန်ဆန်ကျတယ်မလား ။ အထီးကျန်ခြင်းတွေကို... المزيد

မိတ်ဆက် + ရှင်းလင်းချက်
1 - 5
6 - 10
11 - 15
16 - 20
21 - 25
26 - 30
31 - 35
36 - 40
41 - 45
46 - 50
51 - 55
56 - 60
61 - 65
66 - 70
71 - 75
76 - 80
81 - 85
86 - 90
91 - 95
96 - 100
101 - 105
106 - 110
111 - 115
116 - 120
121 - 125
126 - 130
131 - 135
136 - 140
141 - 145
146 - 150
151 - 155
156 - 160
161 - 165
166 - 170
171 - 175
176 - 180
181 - 185
186 - 190
191 - 195
196 - 200
201 - 205
206 - 210
211 - 215
216 - 220
221 - 225
226 - 230
231 - 235
236 - 240
241 - 245
246 - 250
251 - 255
256 - 260
261 - 265
266 - 270
271 - 275
276 - 280
281 - 285
286 - 290
291 - 295
296 - 300
301 - 305
306 - 310
311 - 315
316 - 320
321 - 325
326 - 330
331 - 335
336 - 340
341 - 345
346 - 350
351 - 355
356 - 360
361 - 365
366 - 370
371 - 375
376 - 380
381 - 385
386 - 390
391 - 395
396 - 400
401 - 405
406 - 410
416 - 420
421 - 425
426 - 430
431 - 435
436 - 440
441 - 445
446 - 450
451 - 455
456 - 460
461 - 465
466 - 470
471 - 475
476 - 480
481 - 485
486 - 490
491 - 495
496 - 500
501 - 505
506 - 510
511 - 515
516 - 520
521 - 525
526 - 530
531 - 535
536 - 540
541 - 545
546 - 550
551 - 555
556 - 560
561 - 565
566 - 570
571 - 575
576 - 580
581 - 585
586 - 590
591 - 595
596 - 600
601 - 605
606 - 610
611 - 615
616 - 620
621 - 625
626 - 630
631 - 635
636 - 640
641 - 645
646 - 650
651 - 655
656 - 660
661 - 665
666 - 670
671 - 675
676 - 680
681 - 685
686 - 690
691 - 695
696 - 700
701 - 705
706 - 710
711 - 715
716 - 720
721 - 725
726 - 730
731 - 735
736 - 740
741 - 745
746 - 750
751 - 755
756 - 760
761 - 765
766 - 770
771 - 775
776 - 780
781 - 785
786 - 790
791 - 795
796 - 800
801 - 805
806 - 810
811 - 815
816 - 820
821 - 825
826 - 830
831 - 835
836 - 840
841 - 845
846 - 850
851 - 855
856 -860
861 - 865
866 - 870
871 - 875
876 - 880
881 - 885
886 - 890
891 - 895
896 - 900
901 - 905
906 - 910
911 - 915
916 - 920
921 - 925
926 - 930
931 - 935
936 - 940
941 - 945
946 - 950
951 - 955
956 - 960
961 - 965
966 - 970
971 - 975
976 - 980
981 - 985
986 - 990

411 - 415

204 19 0
بواسطة Azure5549

ပြိုင်ဘက်ကင်းသိုင်းဝိညာဉ်

အပိုင်း ၄၁၁ .....

ချန်ထျန်ချီ၏ မီးတောက်ကမ္ဘာဖောက်ခွဲဖျက်ဆီးခြင်း သိုင်းကွက်က အလွန်ပြင်းထန်သည်ဆိုတာကိုတော့ ရှောင်လုံစိတ်ထဲမှာဘအသိအမှတ်ပြုလိုက်သည်။
အကယ်၍ ထိုသိုင်းကွက်နှင့် ရှောင်လုံသာ ထိမိခဲ့မယ်ဆိုရင် သူ့ခန္ဓာကိုယ်က မည်မျှ မာကျောသည်ဆိုပစေ အသက်ဆုံးရှုံးသွားသည့်အထိ ပြင်းပြင်းထန်ထန်ကို ဒဏ်ရာရသွားစေနိုင်သည်။

သို့သော် ရှောင်လုံဆီမှာက သိုင်းလောက၏နံပါတ်တစ်ကောင်းကင်ရတနာ နတ်တောင်ရွှမ်းမီရှိနေတယ်မဟုတ်လား ....။

ရှောင်လုံက အသက်ဘေးနှင့် ကြုံတွေလာသည့် အခိုက်မှာ နတ်တောင်ရွှမ်းမီအတွင်းသို့ ဝင်၍ ဗုဒ္ဓဆယ်ဆူ အစိအရင်အတွင်းထိုင်ကာ ချန်ထျန်ချီ၏ ဖောက်ခွဲအားကို ကြံကြံခံ ရင်ဆိုင်လိုက်ခြင်းပင် ။

".... ဒါ ဘယ်လိုနည်းနဲ့မှ မဖြစ်နိုင်ဘူး ..."

ချန်ထျန်ချီက အံကြိတ်၍ ဒေါသတကြီး အော်ဟစ်လိုက်သည် ။သူရဲ့ အစွမ်းအထက်ဆုံးသိုင်းကွက်အောက်မှာ ရှောင်လုံအသက်ရှင်နိုင်သေးတယ်ဆိုတာကို ချန်ထျန်ချီတစ်ယောက် ဘယ်လိုမှ မယုံနိုင်အောင် ဖြစ်နေသည် ။

ရှောင်လုံ နှုတ်ခမ်းတွေက အနည်းငယ်တွန့်ကွေးသွားပြီး သူ့လက်ထဲက နတ်ဓားတွေကို နောက်ထပ်တစ်ဖန် လွှဲယမ်းလိုက်သည် ။

ချန်ထျန်ချီကလည်း သူ့လက်ထဲက နတ်သားလှံဖြင့် ရှောင်လုံကို ဆောင့်ထိုးချလိုက်သည်။

".... နတ်သား နိုင်ငံ ...."

ချန်ထျန်ချီလက်ထဲမှာကိုင်ထားသော လှံကနေ ထွက်ပေါ်လာသော အလင်းတန်းတွေက နတ်သားတစ်ယောက် ပုံသဏ္ဍာန်သို့ ပြောင်းလဲသွားပြီး ချာချာလည်ကာ ရှောင်လုံတိုက်ခိုက်မှုတွေကို ထိန်းချုပ်ထားလိုက်သည် ။

ရှောင်လုံကိုယ်က တချက်တုန်သွားပြီးနောက် သူ့ကိုယ်ထဲမှ နဂါးစွမ်းအင် အမျှင်တန်းတွေထွက်ပေါ်လာကို အကုန်လုံး မြင်တွေ့လိုက်ကြသည်။ ထိုကဲ့သို့ ထွက်ပေါ်လာသော စွမ်းအင်အမျှင်တန်းလေးတွေက နတ်နဂါးကြီးများအဖြစ်သို့ ကြောင်းလဲသွားသည် ။

ရေခဲ ၊ မီး ၊ အဖြူ ၊ အနက် ၊ ဗုဒ္ဓ ၊ တောင်ပံ လေးခု စသဖြင့် ကောင်းကင်ကြီးက လင်းလက်တောက်ပနေသော နဂါးကြီး ခြောက်ကောင်၏ အလင်းတန်းများဖြင့် ပြည့်နှက်သွားသည်။
ချန်ထျန်ချီကိုယ်မှ အလင်းတန်းတွေက နဂါးအလင်းတန်းများနှင့် ထိတွေ့မိချိန်မှာတော့ အားပျော့လာပြီး နောက်ဆုံးတွင် ပျောက်ကွယ်သွားသည် ။

ရှောင်လုံလက်တွေက လျင်မြန်စွာ လှုပ်ရှားသွားပြန်သည် ။ သူက ချန်ထျန်ချီ၏ လည်ပင်းအား နောက်တစ်ကြိမ် ခုတ်ပိုင်း လိုက်ပြန်သည်။

အစောပိုင်းတုံးကလည်း ရှောင်လုံ နတ်ဓားတွေက ချန်ထျန်ချီ လည်ပင်းကို ခုတ်ပိုင်းနိုင်ခဲ့သော်လည်း
သူကိုယ်ထဲမှ ကုသသောအားက ရှောင်လုံနတ်ဓားများမှာ ပါဝင်သော နတ်ဆိုးအတွင်းအားကို ပယ်ဖျက်ကာ ဒဏ်ရာကို အလျင်အမြန်သက်သာလာအောင် ကုသပေးလိုက်သည် ။ ထိုကြောင့် ရှောင်လုံ အနေနဲ့ ချန်ထျန်ချီအား ဒုတိယအကြိမ် အခွင့်အရေးပေးလို့မရပေ ။

ယခုတစ်ကြိမ်မှာ ခုတ်ပိုင်းလိုက်သော ရှောင်လုံဓားချက်က ချန်ထျန်ချီအား ခေါင်းတခြားကိုယ်တခြား ဖြစ်သွားစေသည်။ ချန်ထျန်ချီ ခေါင်းက လေထဲတွင် လွင့်ထွက်သွားသည်။

ခေါင်းတခြားကိုယ်တခြား ဖြစ်သွားသော ချန်ထျန်ချီကို ရှောင်လုံက မထီတရီ အပြုံးဖြင့် ကြည့်နေသည် ။

ဒီတစ်ကြိမ်ရော မင်းကိုယ်မင်း ဘယ်လို ပြန်ကုအုံးမလဲ .....!

လေထဲတွင် လွင့်စင်သွားသော ချန်ထျန်ချီ၏ ဦးခေါင်းက နယ်မြေခေါင်းဆောင်များ၏ ခြေရင်းသို့ ပြန်ပြုတ်ကျလာသည်။

".... ဂိုဏ်းချုပ်ချန် ...."

နယ်မြေခေါင်းဆောင်တစ်ယောက် အရှေ့ထွက်ပြီး ချန်ထျန်ချီ ဦးခေါင်းကို ကိုက်ယူဖို့ ကြိုးစားလိုက်စဉ်မှာ လေထဲမှာ ငြိမ်နေသည့် အဆိပ်နောက်ချေးပိုးလေးတွေက စတင်လှုပ်ရှားလာပြီး ထိုနယ်မြေခေါင်းဆောင်ကို ဝိုင်းဝန်းတိုက်ခိုက်ကြသည် ။ တခြားနယ်မြေခေါင်းဆောင်များ၏ ကြောက်လန့်တုန်လှုပ်နေကြသော အကြည့်တွေအောက်မှာ ချန်ထျန်ချီ ဦးခေါင်းကို ကောက်ယူဖို့ ကြိုးစားလိုက်သော နယ်မြေခေါင်းဆောင်က အရိုးဖြူဖြူကြီး ဘဝသို့ မျက်စိတစ်မှိတ်အတွင်း ပြောင်းလဲသွားသည်။

ဤမြင်ကွင်းကိုမြင်တော့ ဘယ်သူမှ သူရဲကောင်းလုပ်ပြီး အရှေ့ထွက်မလာရဲတော့ပေ ။
ရှောင်လုံလည်း ရင်ပြင်ကျယ်ထဲသို့ ဆင်းသက်လာပြီး ချန်ထျန်ချီ ခေါင်းပြတ်ကြီး ရှိနေသောနေရာကို ဖြည်းဖြည်းချင်း လမ်းလျှောက်သွားလိုက်သည် ။ ထိုနောက် အေးစက်စက်အကြည့်ဖြင့် စိုက်ကြည့်လိုက်သည်။

စကြာဝဠာသိုင်းသမားတစ်ယောက်ဟာ သူတို့စိတ်ဝိညာဉ်မပျက်စီးသေးသရွေ့ သေဆုံးခြင်း မရှိပေ ။ ထိုကြောင့် ချန်ထျန်ချီက ခေါင်းပြတ်နေသော်လည်း အသက်ရှင်နေသေးသည် ။ သူ့ခန္ဓာကိုယ် နှင့် ခေါင်းပြတ်ကြီးက ဖြည်းဖြည်းချင် ရွေ့လျားကာ ပြန်လည်ပေါင်းစပ်ဖို့ ကြိုးစားနေသည် ။

ရှောင်လုံက စကားတစ်ခွန်းမှမပြောပဲ သူ့လက်ထဲက နတ်ဓားတွေကို နောက်တစ်ကြိမ်ဝေ့ယမ်းလိုက်သည်။ ရှောင်လုံ ကိုယ်ထဲမှ မီးအဆီအနှစ်များ ပါဝင်နေသော ဓားချက်က ချန်ထျန်ချီ၏ မျက်လုံးနှစ်ခုအကြားသို့ စိုက်ဝင်သွားသည် ။ ကျယ်လောင်သော အော်ဟစ်သံကြီးနှင့်အတူ ချန်ထျန်ချီ ခေါင်းပြတ်ကြီးက ကောင်းကင်ပေါ်သို့ မြောက်တက်သွားပြီး နောက်ဆုံးတွင် အော်သံက တဖြည်းဖြည်း တိမ်ဝင်ပျောက်ကွယ်သွားသည်။

"..... မင်းရဲ့ မီးတောက်ကမ္ဘာဖောက်ခွဲ ဖျက်ဆီးခြင်းသိုင်းကွက်အောက်မှ ငါဘာလို့မသေလဲ ဆိုတာကိုဘယ သိချင်နေတာမဟုတ်လား ...?"

ရှောင်လုံက အသက်ဓတ်တွေ လျင်မြန်စွာ ပျောက်ဆုံးလာနေသော ချန်ထျန်ချီ မျက်လုံးကို တည့်တည့်စိုက်ကြည့်ရင်း ခပ်တိုးတိုးပြောလိုက်သည်။ ချန်ထျန်ချီ၏ မွဲခြောက်ခြောက်မျက်လုံးတွေက ရှောင်လုံစကားက်ု ကြားတော့ နောက်ဆုံးအနေနဲ့ အရောင်တောက်လာသည်။
ချန်ထျန်ချီစိတ်ထဲမှာ ရှောင်လုံဘယ်လိုနည်းနဲ့ သူရဲ့တိုက်ခိုက်မှုကို ရှောင်တိမ်းလိုက်သလဲဆိုတာကို စဉ်းစားလို့မရအောင် ဖြစ်နေသည် ။

"... ဘာကြောင့်လဲဆိုတော့ ငါမှာ နတ်တောင်ရွှမ်းမီ ရှိတယ်လေ ....!"

တိုးတိုးလေးပြောလိုက်သော ရှောင်လုံ အသံက ချန်ထျန်ချီနားထဲသို့ ရောက်ရှိသွားသည် ။
ချန်ထျန်ချီက အံသြမှုကြောင့် မျက်လုံးပြူးသွားပြီး
သူရဲ့ နောက်ဆုံးကျန်ရှိသော အားလေးကို အသုံးချကာ

"... ရွှမ်း...နတ်..... မင်း....မင်းဆီမှာ နတ်....နတ်တောင်ရွှမ်းမီ ရှိနေတာလား ......?!"

ရှောင်လုံဆီက ပြန်ဖြေစကားမကြားရသေးခင်မှာ ချန်ထျန်ချီကမ္ဘာကြီးကို အမှောင်ထုကြီးက ဖုံးလွှမ်းသွားသည် ။ ချန်ထျန်ချီ သေသွားတာကိုမြင်တော့မှ ရှောင်လုံတစ်ယောက် သူ့ရင်ထဲမှာ အနှစ်နှစ်အလလက တစ်ဆို့နေသော အလုံးကြီးတစ်လုံး ပြုတ်ကျသွားသလို ခံစားလိုက်ရပြီး သက်ပြင်းရှည်ကြီးတစ်ခုကိုလည်း မှုတ်ထုတ်လိုက်သည် ။

ရှောင်လုံ နတ်တံခါးဂိုဏ်းချုပ်နေရာကို ဆက်ဆံနိုင်ဖို့အတွက် ချန်ထျန်ချီက အကြီးမားဆုံး
အတားအဆီးကြီး တစ်ခုပဲ ဖြစ်သည်။ ချန်ထျန်ချီသေသွားတာနဲ့ ကျန်ရှိသောအရာအားလုံးကို အလွယ်တကူဖြေရှင်းနိုင်သည် ။

ရှောင်လုံမျက်နှာထားကတော့ တင်းမာနေဆဲပင်
သူက အဆိပ်နောက်ချေးပိုးလေးတွေ စားသုံးဖို့အတွက် ချန်ထျန်ချီ ရုပ်အလောင်းကို လင်းလောင်းရတနာစေတီအတွင်းသို့ ရွေ့ပြောင်းလိုက်သည် ။ ထိုနောက် ရှောင်လုံက ထျန်လေး နံဘေးသို့ ရောက်ရှိသွားသည်။ ထျန်လေးက ချန်ထျန်ချီလက်ချက်နှင့် ဒဏ်ရာပြင်းထန်စွာ ရရှိထားလေသည် ။

"... အကိုကြီး ....!"

ရှောင်လုံကိုမြင်တော့ ထျန်လေးက ဝမ်းသာအားရ အော်ခေါ်လိုက်သည် ။ ရှောင်လုံ အသက်ရှင်နေခြင်းက ထျန်လေးကို အရမ်း ပျော်ရွှင်သွားစေသည် ။ ထျန်လေးက မီးသမင်သား မစားရတော့သည့် သူ့ဘဝ၏ အနာဂတ်ကို လုံးဝကို မတွေးချင်ပေ ။

ရှောင်လုံက ပြုံးရင်းနှင့်

"... ကောင်လေး .... ဒီအရွက်ကိုးခု ခရမ်းရောင်မြက်ကို မြိုချလိုက် ...."

".... မွှေးလှချည်လား ....."

အရွက်ကိုးခုခရမ်းရောင်မြက်၏ သင်းပျံမွှေးကြောင့် ဆေးအနံကို ရှုရှိုက်မိပြီး ထျန်လေးမျက်လုံးတွေက အရောင်တောက်လာသည် ။ ထိုနောက် ထျန်လေးက အနှစ်သုံးသောင်းလောက် သက်တမ်းရှိနေသောဆေးပင်တစ်ခုကို အချိုပွဲတစ်ခုလို စားသုံးလိုက်လေသည် ။

ထျန်လေးကိစ္စကို ဖြေရှင်းပြီးသည့်နောက် ရှောင်လုံအကြည့်တွေက နတ်တံခါးမှ အကြီးအကဲများနှင့် နယ်မြေခေါင်းဆောင်များပေါ်သို့ ကျရောက်လာသည် ။

ရှောင်လုံ၏ အကြည့်စူးစူးကြောင့် နယ်မြေခေါင်းဆောင်တွေအကုန်လုံး ရင်ထဲမှာ
ဗြောင်းဆန်ကုန်ကြသည် ။ သူတို့ရင်ထဲမှ ကြောက်ရွံမှုတွေက မျက်လုံးထဲမှာ အထင်သားပေါ်
လွင်နေသည်။

ရှောင်လုံက နယ်မြေခေါင်းဆောင်တွေဆီကို တစ်လှမ်းချင်း လျှောက်သွားလိုက်သည် ။ သူတို့ပေါ်သို့ ကျရောက်လာသော ပြင်းထန်သော ဖိအားများကြောင့် အကုန်လုံးမျက်နှာပျက်ကုန်ကြသည် ။

အခြေအနေ က တင်းမာနေစဉ် နယ်မြေခေါင်းဆောင်တစ်ယောက်က ရုတ်တရက် ဒူးထောက်အလေးပြုကာ

"....ကျွန်တော်မျိုးကြီး ဂိုဏ်းချုပ်ကို  ဂါရဝပြုပါတယ် ... နတ်တံခါးဂိုဏ်းချုပ် လောကတစ်ခွင် ပြိုင်ဘက်ကင်းသည် ...."

ထိုအကြီးအကဲ ၏ အပြုအမူကြောင့် အကုန်လုံးက ကြောင်အမ်းအမ်းဖြင့် သူ့ကိုဝိုင်းကြည့်လိုက်ကြသည်။ ထိုနောက် ခဏအကြာတွင် နောက်ထပ်အကြီးအကဲတစ်ယောက်က ရှောင်လုံကို ထပ်ပြီး အရိုအသေပေးလိုက်သည်

"..... ဂိုဏ်းချုပ်ကို ဂါရဝပြုပါတယ် ....."
ထိုနောက်မှာတော့ ရှောင်လုံကို ဒူးထောက်ပြီး ဂါရဝပြုသော အကြီးအကဲတွေက တစ်ယောက်ပြီးတစ်ယောက် ပိုပိုများလာသည်။ သူတို့အားလုံးက  ချန်ထျန်ချီအပေါ်သစ္စာရှိခဲ့သော်လည်း လူသဘာဝအရ လူတိုင်းလိုလိုက သေရမှာကို အကြောက်ဆုံးဖြစ်သည် ။

ထိုအပြင် ယခုအချိန်မှာ ချန်ထျန်ချီကလည်း သေသွားပြီမို့ သူတို့ရဲ့ အသက်တွေကို အသက်သေသွားသူတစ်ယောက်အတွက် ပေးဆပ်ဖို့ မလိုတော့ပေ ။

ထိုအပြင် အဓိကအကျဆုံးအချက်မှာ ရှောင်လုံက နတ်လက်စွပ်နှင့် နတ်ဓားသိုင်းကို ပိုင်ဆိုင်နေခြင်းကြောင့် ဖြစ်သည် ။ ဂိုဏ်း၏ စည်မျဉ်းစည်းကမ်းများအရ ရှောင်လုံကသာ ဂိုဏ်းချုပ်နေရာအတွက် အရည်အချင်းပြည့်မှီသူ တစ်ယောက်ဖြစ်သည်။

ထိုနောက် ချန်ထျန်ချီ၏ သစ္စာရှိလူယုံ ဂူဝမ်အပြင် နတ်တံခါးဂိုဏ်းမှ လူတွေအကုန်လုံးက ရှေညင်လုံရှေ့မှာ ဒူးထောက်ပြီး ဂါရဝပြုလိုက်ကြသည်။

ဂူဝမ်ကလည်း ရှောင်လုံ အရှေ့မှာ ရိုကျိုးသောအမူအရာဖြင့် ဒူးထောက်၍ ဂါရဝပြုနေသည်။
သို့သော် ရှောင်လုံ၏ ရုတ်တရက် တိုက်ခိုက်မှုကြောင့် ဂူဝမ်က အဝေးသို့ လွင့်ထွက်သွားသည် ။

ရုတ်တရက် ဖြစ်ပျက်သွားသောအခြေအနေတွေက လူတွေအကုန်လုံးကို ကြောက်ရွံထိတ်လန့်သွားစေသည် ။

".... ဟောင်ရှောင်လုံ ....မင်း မင်း ...."

ဂူဝမ်က မြေကြီးပေါ်ကနေ ကုန်ရုန်းထလာပြီး ရှောင်လုံကို စိန်းစိန်းဝါးဝါးစိုက်ကြည့်နေသည်။
သူမျက်လုံးထဲမှာ မခံမရပ်နိုင်ဖြစ်မှုနှင့် ဒေါသးတရာတွေ တစ်လှည့်စီဖြစ်ပေါ်နေသည် ။

"..... ဟောင်ရှောင်လုံ ....?"

ရှောင်လုံက လှောင်ပြောင်သရော်လိုက်သည်

".... ခင်ဗျားရင်ထဲမှာ ဘာအကြံအစည်တွေ ရှိနေခည်ှးတလည်း ဆိုတာကို ကျုပ်မသိဘူးများထင်နေတာလား ....? ခင်ဗျားက ကျုပ်ရှေ့မှာတော် ဒူးထောက်ပြီး ဟန်ဆောင်သစ္စာခံနေတယ် ရင်ထှာတော့ နတ်ဘုရားကျောင်းတော်က လူတွေနဲ့ ပူပေါင်းပြီး ကျုပ်ကို ဘယ်လိုသတ်ရမလဲလို့ စဉ်းစားနေတယ်မဟုတ်လား ..."

ရှေးဟောင်းရုပ်သေးရုပ်ထိန်းချုပ်နည်းစနစ်နှင့် စိတ်အာဏာနည်းစနစ်တို့ အဆင့်ငါးသို့ ရောက်ရှိခဲ့ပြီးနောက် ရှောင်လုံစိတ်ဝိညာဉ်စွမ်းအားတွေက အကြီးအကျယ်ကို တိုးတက်လာခဲ့သည်။
အကယ်၍ တခြားတစ်ဖက်က သူ့စိတ်ဝိညာဉ်စွမ်းအားထက် အားနဲနေလျှင် ရှောက်လုံက သူ့စိတ်ကို ဖတ်နိုင်သည်အထိ တိုးတက်လာသည်။

ရှောင်လုံစကားကြားတော့ ဂူဝမ်က အရှိုက်ကို လက်သီးတစ်ချက်မိသွားသလိုမျိုး အသက်မရှုနိုင်အောင်ဖြစ်သွားသည် ။ သို့သော် သူက ရှက်ရမ်းရမ်းရင်း အော်လိုက်သည်

".... ဟောင်ရှောင်လုံ ...အဲ့ဒါက မင်းဆင်ခြေလျှောက်ပေးနေတာမဟုတ်လား .... ငါက ဂိုဏ်းချုပ်ချန်ရဲ့ လက်ရုံးတစ်ယေညက်ဆိုတာကို မင်းသိထားလို့ အခုလိုမျိုး ညဏ်ဆင်ပြီး ငါကိုသတ်ဖို့ ကြိုးစားနေတာမဟုတ်လား ...."

ထိုနောက် ဂူဝမ်က ပတ်ပတ်လည်မှာရှိနေသည့် အကြီးအကဲတွေဘက်သို့ မျက်နှာမူလိုက်ပြီး

".... အားလုံးပဲ ခင်ဗျားတို့မျက်မြင်ကိုယ်တွေ့ပဲနော်.. ကျုပ်က ဟောင်ရှောင်လုံဆီမှာ သစ္စာရှိရှိနဲ့ တာဝန်ထမ်းဆောင်ဖို့ ဆုံးဖြတ်လိုက်တာတောင်မှ
ဟောင်ရှောင်လုံက ကျုပ်ကို သတ်ဖို့ ကြိုးစားနေတယ် .... ကျုပ်တို့အားလုံးပူးပေါင်းပြီး သူ့ကိုတိုက်ခိုက်ဖို့ကြိုးစားမှ အကုန်လုံး အသက်ရှင်နိုင်မယ် ...."

ဂူဝမ် ဆွဲတောင်သိမ်းသွင်းသော စကားအဆုံးတွင် နောက်ထပ်နယ်မြေခေါင်းဆောင်သုံးယောက်က ရှောင်လုံအား ဒေါသတကြီး စိုက်ကြည့်ရင်း မတ်တပ်ထရပ်လိုက်ကြသည် ။

".... ဟောင်ရှောင်လုံ ..မင်းက ငါတို့ဘီအကိုတွေကို မဟုတ်ကဟုတ်က အကြောင်းပြပြီး ရှင်းပြစ်ချင်နေတယ်ပေါ့လေ .... မင်းက ငါတို့ ဂိုဏ်းချုပ်နေရာနဲ့ မထိုက်တန်ဘူးကွ ...."

"... ဟုတ်တယ် ...မင်းလို့ကောင်က ငါတို့နတ်တံခါးဂိုဏ်းချုပ်ဖြစ်ဖို့ မထိုက်တန်ဘူး...."

".... ငါတို့အကုန်လုံး မင်းနဲ့ သူသေကိုယ်သေတိုက်မယ် ...."

ထိုလူသုံးယောက်စလုံးက ကြမ်းတမ်းပြင်းထန်သောသိုင်းကွက်မျိုးအသုံးပြု၍ ရှောင်လုံအား စတင်တိုက်ခိုက်ဖို့ ပြင်ဆင်လိုက်သည် ။

....

ပြိုင်ဘက်ကင်းသိုင်းဝိညာဉ်

အပိုင်း ၄၁၂ ......

ကျောင်းရှု နှင့် ကျန်းဖူက ရှောင်လုံအရှေ့ကနေ ဝင်ရောက်ကာကွယ်ဖို့ ကြိုးစားနေစဉ် ရှောင်လုံပုံရိပ်က အရှေ့သို့ တဟုန်ထိုး တိုးထွက်လာသည်။ ထိုနောက် သူကျောဘက်တွင် လက်လေးဖက် ထပ်မံပေါ်ပေါက်လာသည် ။ ရှောင်လုံက လက်ခြောက်ဖက်နှင့်အတူ နတ်တောင်ရွှမ်းမီသိုင်းကို တစ်ပြိုက်နက်တည်း ထုတ်သုံးလိုက်သည်။

ရှောင်လုံ လက်ခြောက်ဖက်ကနေ လက်ပွားရိပ်တွေအများကြီးထွက်ပေါ်လာခြင်းကြောင့် နယ်မြေခေါင်းဆောင်သုံးယောက်က မည်သည့်လက်ကို ခုခံရမလဲမသိဖြစ်သွားပြီး နောက်ဆုံးမှာတော့ လက်အစစ်၏ ရိုက်ချက်ဖြင့် အဝေးသို့ လွင့်ထွက်ကုန်ကြသည် ။

လက်ခြောက်ဖက် နတ်စစ်သည်တစ်ဦးနှင့်တူသော ရှောင်လုံအားအကုန်လုံးက အံ့သြမှင်သက်စွာ ဝိုင်ကြည့်နေကြသည် ။

ဤသိုင်းပညာက ဘယ်လို သိုင်းပညာမျိုးပါလိမ့်...?

ရှောင်လုံက ချန်ထျန်ချီမသေခင်မှာ နတ်တောင်ရွှမ်းမီအကြောင်းပြောပြခဲ့သော်လည်း လျှို့ဝှက်စကားလမ်းကြောင်းကို အသုံးပြု၍ နှစ်ကိုယ်ကြား ပြောခဲ့တာကြောင့် တခြားလူတွေက ရှောင်လုံဆီမှာ နတ်တောင်ရွှမ်းမီရှိနေတာကို မသိထားကြပေ။ ထိုအပြင် သိုင်းလောက၏ နံပါတ်တစ် ရတနာကို ရှောင်လုံပိုင်ဆိုင်ထားလိမ့်မည်ဟုလည်း မည်သူမှ ထင်ထားကြမှ မဟုတ်ပေ ။

ထိုအခိုက် ဂူဝမ်က မြေကြီးပေါ်ကနေ လူးလဲထပြီး လျင်မြန်စွာ ထွက်ပြေးဖို့ ပြင်လိုက်သည် ။ သို့သော် ရှောင်လုံက ဂူဝမ်အကြံအစည်ကို အစောကြီးထဲက ကြိုမြင်ထားလေသည်။ ထိုကြောင့် ဂူဝမ်ထွက်ပြေးမည့် လမ်းကြောင့်တွင် ရှောင်လုံ၏ နတ်ဆိုးလက်သည်းက ရောက်နှင့်နေသည် ။
ထိုနောက် ရှောင်လုံက နတ်ဆိုးလက်သည်းသိုင်းဖြင့် ဂူဝမ်ကို မြေကြီးပေါ်သို့ ရိုက်ချလိုက်သည် ။

ရှောင်လုံက မြေကြီးပေါ်မှာ သတိလစ်မတတ်ဖြစ်နေသည့် ဂူဝမ်အရှေ့သို့ လမ်းလျှောက်သွားလိုက်သည်။ သိုသော်လည်း သူက ဂူဝမ်ကို မသတ်သေးပေ ။ ရှောင်လုံက ဂူဝမ်ကိုယ်ထဲမှ အတွင်းအားတွေအကုန်လုံးကို ပိတ်ဆို့ကာ သူရဲ့ နတ်ဆိုးအတွင်းအားကို ဂူဝမ်ကိုယ်ထဲသို့ မောင်းသွင်းပေးလိုက်သည်။

ချန်ထျန်ချီ၏ နတ်သားအတွင်းအားက ရှောင်လုံ နတ်ဆိုးအတွင်းအားချီတွေရဲ့ တိုက်စားနိုင်စွမ်းကို မကြောက်ရွံသော်လည်း ဂူဝမ်ကတော့ ချန်ထျန်ချီလိုမျိုး ကံမကောင်းပေ ။ ချက်ချင်းဆိုသလို ဂူဝမ်ဆီက နာကျင်စွာဖြင့် စူးစူးဝါးဝါးအော်ဟစ်သံတွေ ထွက်ပေါ်လာသည်။
ဂူဝမ်က သူ့အကျီတွေကို ဆွဲဖြဲပြီး ခန္ဓာကိုယ်မှ အသားတွေကို ကုန်ဖဲ့ရင်း မြေကြီးပေါ်တွင် လူးလိမ့်နေသည် ။

  ရှောင်လုံ၏ နတ်ဆိုးအတွင်းအားက ဂူဝမ်ကိုယ်ထဲမှ မြင်မြင်သမျှကို တိုက်စားပြစ်နေတာကြောင့် ဂူဝမ်တစ်ယောက် ပုရွက်သိတ်အကောင်တစ်သန်းလောက် ဝိုင်းကိုက်နေသလိုမျိုး ခံစားနေရသည် ။ စိတ်ဓတ် ကြံခိုင်သန်မာသော ဂူဝမ်လိုလူမျိုးတောင်မှ ရှောင်လုံ နတ်ဆိုးအတွင်းအား မွှေနှောက်နေမှုကို မခံစားနိုင်ပေ။

"....ဟောင် ....ဟောင်ရှောင်လုံ ...ငါ့ကိုသတ်ပါ ...ငါကိုအခုချက်ချင်း သတ်လိုက်ပါ ...."

ဂူဝမ်က မြေကြီးပေါ်မှာ လူးလိမ့်နေရင်း အသနားခံလိုက်သည် ။ ရှောင်လုံက သူ့အတွင်းအားချီပင်လယ်အား ပိတ်ဆို့ထားတာကြောင့် ဂူဝမ်က သူ့ကိုယ်ထဲမှ အတွင်းအားတွေကို ဖောက်ခွဲပြီး သူကိုယ်သူလည်း  မသတ်သေနိုင်ပဲ ဖြစ်နေသည် ။

"... မင်းကို သတ်ရမယ် ....?"

ရှောင်လုံနှုတ်ခမ်းက မသိမသာလေး တွန့်ကွေးသွားပြီး

"..... နတ်ဘုရားကျောင်းတော်နဲ့ ပူးပေါင်းပြီး နတ်တံခါးဂိုဏ်းကို သစ္စာဖောက်ဖို့ ကြံစည်နေတယ်ဆိုတာကို မင်းဝန်ခံပြီလား ....?"

ဂူဝမ်က တုန့်ဆိုင်းခြင်း မရှိပဲ ချက်ချင်းကို ခေါင်းညိတ်ပြလိုက်သည်

".... ဝန်...ဝန်ခံပါတယ် ... အဲ့လိုမျိုး ကြံစည်မိပါတယ် ... ကျုပ်ကိုသတ်ပါ ..ကျုပ်ကို သတ်ပေးပါ ...."

သူ့မျက်နှာက နာကျင်မှုကြောင့် ရှုံ့တွနေသည်။
ဂူဝမ်၏ စွပ်စွဲမှုကြောင့် ရှောင်လုံကို တိုက်ခိုက်လိုက်ကြသော နယ်မြေခေါင်းဆောင်သုံးယောက်က ဂူဝမ်၏ ဝန်ခံစကားကိုလည်း ကြားရော
မျက်စိပျက်မျက်နှာပျက် ဖြစ်ကုန်ကြသည် ။

"... မင်းကို သတ်ပေးရမယ် ...ဟုတ်လား?"

ရှောင်လုံ၏ အေးစက်စက်အသံ ထွက်ပေါ်လာသည်

"....အေးလေး .မင်းအရမ်းကို သေချင်နေမှတော့ မင်းဆန္ဒကို လိုက်လျောပေးရမှာပေါ့ ..."

ရှောင်လုံစကားကြားတော့ ဂူဝမ်မျက်နှာက ရှောင်လုံကို ကျေးဇူးတင်နေသော ပုံစံတောင် ဖြစ်သွားသည် ။ ယခုလိုအခြေအနေမှာ သူအသက်ရှင်နေရခြင်းက အရှင်လတ်လတ် ငရဲခံရနေသည်နှင့် ဘာမှ မခြားနားပေ ။ သေခြင်းကသာ သူ့အတွက် တစ်ခုတည်းသော ထွက်ပေါက်တစ်ခု ဖြစ်သည် ။

ထိုနောက်မှာတော့ တိမ်ညိုတိမ်မည်းကြီးနှင့်တူသော အဆိပ်နောက်ချေးပိုးအုပ်ကြီးက ဂူဝမ်ကိုယ်ပေါ်သို့ ရောက်ရှိလာသည်။ ဂူဝမ်ပါးစပ်ကနေ ငယ်သံပါအောင် အော်နေသံတွေက တဖြည်းဖြည်းနှင့် တိမ်ဝင်ပျောက်ကွယ်သွားသည်။

ဂူဝမ် အဖြစ်ကိုကြည့်ရင်း တခြားကျန်ရှိနေသောလူတွေအကုန်လုံး၏ မျက်နှာတွေက သွေးမရှိတော့ သယောင် ဖြုဆုတ်ကုန်ကြသည်။  ရှောင်လုံကိကြည့်နေသော သူ့တို့ရဲ့ အကြည့်တွေကပါ ပြောင်းလဲကုန်ကြသည် ။

သူတို့မျက်လုံးထဲမှာတော့ ရှောင်လုံက ငရဲပြည်ကနေ ထိုးထွက်လာသော နတ်ဆိုး တစ်ပါးနှင့်တူနေသည် ။ ရှောင်လုံက ဂူဝမ်အား သက်သက်သာသာနှင့် အမြန်ဆုံး အဆုံးသတ်ပေးလိုက်မည်ဟု သူတို့စိတ်ထဲမှာ ထင်ထားခဲ့သည်။
သို့သော် ရှောင်လုံက ..........

ဂူဝမ်ခန္ဓာကိုယ်ကြီးက အရိုးဖြူဖြူကြီးတွေပဲ ကျန်ရှိတော့သည့်အချိန်မှာ ရှောင်လုံက နယ်မြေခေါင်းဆောင်တွေကို လှမ်းကြည့်လိုက်သည်။ နတ်တံခါးဂိုဏ်းက လူတွေထဲမှာ  ရှောင်လုံနှင့် မျက်လုံးချင်း ထိပ်တိုက်ရင်ဆိုင်ရဲသူမရှိပေ ။ နယ်မြေခေါင်းဆောင်တွေ အကြီးအကဲတွေအကုန်လုံးက ရှောင်လုံနှင့် မျက်နှာချင်းဆိုင်ရမှာကို ကြောက်လို့ ခေါင်းတွေ ငုံ့ထားကြသည်။

".... ကျုပ်က ဆိုးတဲ့လူကို အပြစ်ပေးပြီး တော်တဲ့လူကို ချီမြှင့်တတ်တဲ့လူပဲ .... ကျုပ်တို့ နတ်တံခါးဂိုဏ်းအတွက် သစ္စာရှိရှိနဲ့ တာဝန်ထမ်းဆောင်တဲ့လူအကုန်လုံးကို ဆုလာဘ်တွေအများကြီး ဆုချမယ် ... အေး သစ္စာဖောက် လောက်ကောင် လုပ်ချင်တယ်ဆိုရင်တော့ ခင်ဗျားတို့ရှေ့က လူကို စံနမူနာ ယူထားကြ ...."

ရှောင်လုံ၏ အေးစက်စက်အသံကသာ ရင်ပြင်ကျယ်ကြီးတစ်ခုလုံးကို လွှမ်းခြုံထားလေသည်။

"... ဒါနဲ့ ကျန်တဲ့ အကြီးအကဲတွေကို ချန်ထျန်ချီ ဘယ်နေရာမှာ ဖမ်းထားတာလဲ ....."

ရှောင်လုံက မေးလိုက်သည်။

"... ချန်ထျန်ချီက အကြီးအကဲတွေကို အနောက်ဘက်တောင်အောက်က ပင်လယ်ထောင်ထဲမှာ ဖမ်းထားတာပါ ...."

နယ်မြေခေါင်းဆောင်တစ်ယောက်က ရှေ့ထွက်လာရင်း ရိုရိုသေသေ ပြန်ဖြေလိုက်သည် ။
ရှောင်လုံက ကျောင်းရှုတုိ့ဘက်ကိုလှည့်ကြည့်ရင်စ အကြီးအကဲတွေကို ပြန်လွှတ်ခိုင်းလိုက်သည်။
ကျောင်းရှုတို့က အကျဉ်းထောင်ထဲက အကြီးအကဲတွေကို ခေါ်ထုတ်လာချိန်မှာတော့ ချန်ထျန်ချီနှင့် နတ်ဘုရားကျောင်းတော်က လူတွေရဲ့ နှိပ်စက်မှုအောက်မှာ အကုန်လုံးနီးပါးက ဒုက္ခိတ ဖြစ်နေကြသည် ။ တစ်ကိုယ်လုံး အကောင်းပကတိကျန်ရှိသော လူမှာ ရှာလို့တောင် မတွေ့တော့ပေ ။

တချိုက နားတွေဖြတ်ခံထားရသည် ။ တစ်ချို့က လျှာ ၊ တစ်ချို့က မျက်လုံးတစ်ဖက်ကော်ထုတ်ခံထားရသည် ။ ထိုအပြင် ချန်ထျန်ချီက သူတို့ရဲ့ ချီပင်လယ်တွေကိုပါ ဖျက်ဆီးထားလေသည် ။

သူ့ကိုထောက်ခံကြသော အကြီးအကဲတွေရဲ့ အဖြစ်ဆိုးကြောင့် ရှောင်လုံရင်ထဲက ဒေါသတွေအကုန်လုံး ပေါက်ကွဲသွားသည် ။

"... လီမိုလင်... မြေခွေးအိုမကြီး ... နင်ငါ့လက်ထဲကိုရောက်လာတဲ့ တစ်နေ့ကြရင် အခေါက်တစ်သိန်းလောက် မုဒိန်းကျင့် ဖျက်ဆီးပြီးမှ သတ်ပြစ်မယ် ....."

ကျောင်းရှုက သူ့လူတွေအဖြစ်ကိုကြည့်ပြီး ဒေါသတကြီး ကြိမ်းဝါးလိုက်လေသည်။ ရှောင်လုံက သူ့နတ်လက်စွပ်ထဲမှ အနှစ်သောင်းကျော်နေသော ဆေးပင်ဆေးမြစ်တွေကို ထုတ်ပြီး အကြီးအကဲတွေကို တစ်ယောက်ချင်းကုသပေးလိုက်သည်။
သို့သော် လျှာဖြတ်ခံထားရသူများနှင့် မျက်စိကော်ထုတ်ခံထားရသော အကြီးအကဲတွေကတော့ ကံမကောင်းကြပေ ။ အဲ့ဒီနေရာတွေက အသစ် ပြန်ပေါက်လာနိုင်သော ခန္ဓာကိုယ်အပိုင်းများမဟုတ်ကြပေ ။

  နတ်တံခါးဂိုဏ်း၏ ရင်ပြင်ကျယ်ထဲကနေ လီမိုလင်တို့ နတ်ဘုရားကျောင်းတော်က လူတွေ အမြီးတန်းနေအောင် ထွက်ပြေးခဲ့သည့်သတင်းက သိုင်းလောကတစ်ခုလုံးကို စည်တီးလိုက်သလိုမျိုး အလျင်အမြန် ပျံနှံသွားသည် ။  ထိုအပြင် ချန်ထျန်ချီကို သတ်ပြီး ရှောင်လုံနတ်တံခါးဂိုဏ်း
ချုပ် အသစ်ဖြစ်လာသည့် သတင်းကလည်း တိမ်ကြယ်တာရာတိုင်းပြည်ကြီးတစ်ခုလုံးကို တုန်လှုပ်သွားစေသည်။

ဤသတင်းက တိမ်ကြယ်တာရာတိုင်းပြည်၏ အထောက်တော်များမှ တစ်ဆင့် အရပ်ဆယ်မျက်နှာတိုင်းပြည်နှင့် နှင်းလေ တိုင်းပြည်များကိုပါ ပျံနှံသွားသည် ။

".... ဟောင်ရှောင်လုံက ချန်ထျန်ချီကို ဘယ်သူအားကိုးမှ မပါပဲ သူ့ကိုယ်တိုင် သတ်ခဲ့တာ ဟုတ်လား ....? သူအစွမ်းက အဲ့လောက်ထိအောင် ကြောက်စရာကောင်းနေပြီလား ....? ငါသိရသလောက်တော့ ချန်ထျန်ချီက စကြာဝဠာအဆင့် ၆ သိုင်းသမားကိုတောင် အနိုင်ယူနိုင်စွမ်းရှိတဲ့ စကြာဝဠာအဆင့် ၅ အထွတ်အထိပ် သိုင်းပညာရှင်တစ်ယောက်မဟုတ်လား ...."

".... နောက်ပြီ အဆိပ်နောက်ချေးပိုးတွေ ဆင့်ကဲ ပြောင်းလဲနိုင်စွမ်းရှိတယ်ဆိုတဲ့ သတင်းကရော အမှန်ပဲလား ...."

".... ဟောင်ရှောင်လုံသာ နတ်တံခါးဂိုဏ်းချုပ် ဖြစ်လာပြီဆိုရင် နတ်ဘုရားကျောင်းတော်တော့ ကောင်းကောင်းကြီး ခေါင်းကိုက်တော့မှာပဲ ... 
နတ်ဘုရားကျောင်းတော်ဘက်က ဘယ်လိုတုန့်ပြန်အုံးမလဲဆိုတာကို တကယ်သိချင်တယ် ကွာ ...."

အချိန်တွေက တရွေ့ရွေ့ကုန်ဆုံးသွားသည် ။
ဘာလိုလိုနဲ့ ရင်ပြင်ကျယ်ထဲမှ တိုက်ပွဲ ပြီးဆုံးခဲ့တာက အချိန်ငါးရက်ကျော်ကြာမြင့်သွားသည်။  အခု အချိန်ငါးရက်အတွင်းမှာ ရှောင်လုံက နတ်တံခါးဂိုဏ်း အကြီးအကဲများ၏ ဒဏ်ရာ အားလုံးကို ပြန်လည်ကုသပေးနိုင်ခဲ့သည်။

နတ်တံခါး ...အစည်းအဝေး ခန်းမဆောင်ထဲတွင်...

ရှောင်လုံက အစည်းအဝေး ခန်းမဆောင်၏ ဂိုဏ်းချုပ် ပလ္လင်ထက်တွင် ထိုင်နေပြီး အကြီးအကဲ များက တစ်ဖက် နယ်မြေခေါင်းဆောင်များက တစ်ဖက် ရှောင်လုံ အရှေ့တွင် မတ်တပ်ရပ်နေကြသည် ။ ကျောင်းရှု နှင့် ကျန်းဖူတို့ကတော့ ပလ္လင်၏ ဘယ်ဘက်နှင် ညာဘက်တွင် မတ်တပ်ရပ်နေကြသည် ။

".... ဂိုဏ်းချုပ်ကို ဂါရဝပြုကြ..."

ကျန်းဖူ၏ အောင်မြင်ထည်ဝါသောအသံထွက်ပေါ်လာသည် ။ ကျန်းဖုအသံအဆုံးမှာ နယ်မြေခေါင်းဆောင်များနှင့် အကြီးအကဲများက ဂိုဏ်း၏ အထိမ်းအမှတ်အတိုင်း ရှောင်လုံအရှေ့မှာ ဒူးထောက် ဂါရဝပြုလိုက်ကြသည် ။

"... ဂိုဏ်းချုပ်ကို ဂါရဝပြုပါတယ် ... နတ်တံခါးဂိုဏ်းချုပ် တစ်လောကလုံးတွင် ပြိုင်ဘက်ကင်းသည် ....."

ကျောင်းရှု နှင့် ကျန်းဖူတို့ကတော့ ကိုယ်ရံတော်တွေဖြစ်ကြတာကြောင့် ဂိုဏ်းချုပ်ကို ဒူးထောက်ပြီး ဂါရဝပြုစရာမလိုပဲ ဦးညွတ်၍သာ
ဂါရဝပြုလိုက်ကြသည် ။   ရှောင်လုံက အားလုံးကို ခြုံကြည့်ပြီးနောက် မတ်တပ်ရပ်ဖို့ ပြောလိုက်သည်။

အားလုံးမတ်တပ်ရပ်ပြီးသည့်နောက် ရှောင်လုံက နယ်မြေခေါင်းဆောင်များနှင့် အကြီးအကဲများကို ကြည့်ပြီး

".... ခင်ဗျားတို့ စိတ်ဝိညာဉ်ပင်လယ်ရဲ့ အတားအဆီးတွေကို ဖယ်ရှားပေးပါ ....ကျုပ်က ခင်ဗျားတို့ စိတ်ဝိညာဉ်ပင်လယ်ထဲမှာ စိတ်ဝိညာဉ်အမှတ်အသားလုပ်မယ် ....."

ရှောင်လုံစကားကြားတော့ အကုန်လုံး မျက်နှာပျက်ကုန်ကြသည် ။

".... စိတ်ဝိညာဉ် အမှတ်အသား ဟုတ်လား ....?"

ခန်းမဆောငိထဲက လူတိုင်းလိုလိုက စိတ်ဝိညာဉ် အမှတ်အသား အကြောင်းကို ကြားဘူးကြသည်။
သို့သော် ရှောင်လုံက ဤကဲ့သို့ ထူးဆန်းသည့် နည်းလမ်းကို တတ်မြောက်နေလိမ့်မည်ဟု သူတို့ထင်မထားကြပေ ။

  ချန်ထျန်ချီကို သစ္စာခံခဲ့ဘူးသော အကြီးအကဲများနှင့် နယ်မြေခေါင်းဆောင်များ၏ မျက်နှာဟန်ပန်အမူအရာ အကုန်လုံး မြင်တော့ ရှောင်လုံက ရင်ထဲမှာပဲ လှောင်ရယ်ရယ်လိုက်သည်။
ရှောင်လုံရင်ထဲမှာ နယ်မြေခေါင်းဆောင်တွေအပေါ်ကို အယုံအကြည်မရှိသေးပေ ။ ထိုကြောင့် စိတ်ဝိညာဉ်အမှတ်အသားပြုလုပ်ထားမှသာ လူတိုင်းကို ယုံကြည်စိတ်ချနိုင်မှာပဲ ဖြစ်သည် ။

နယ်မြေခေါင်းဆောင်များ အနေနဲ့ သူ့အပေါ်ကို မကောင်းကြံမည့် အကြံအစည်းများ မပြုလုပ်ရဲသည်မှာမှန်သော်လည်း နတ်တံခါးဂိုဏ်းကို အပြည့်အဝ ထိန်းချုပ်လိုလျှင် အပြင်နယ်မြေများကို အုပ်ချုပ်ကြသော နယ်မြေခေါင်းဆောင်တွေကို အကုန်လုံးကို ပွဲပြီးမီးသေ နေဖို့လိုသည်။

ရှောင်လုံက နယ်မြေခေါင်းဆောင် တစ်ယောက်ဆီကို အေးစက်စက်စိုက်ကြည့်နေသည်။ ရှောင်လုံအကြည့်ကြောင့် မည်သူမှ ကန်ကွက်စကား မဆိုရဲကြပေ ။ အကယ်၍ တစ်ယောက်ယောက်က ကန့်ကွက်စကားဆိုခဲ့ရင်လည်း ရှောင်လုံက ကန့်ကွက်သည့်လူကို နေရာမှာတင် အပြတ်ရှင်းမယ်ဆိုတာကို နယ်မြေခေါင်းဆောင် အားလုံးက ကောင်းကောင်းကြီး သဘောပေါက်ထားကြသည် ။

  ဟောခန်းမဆောင်ကြီး တစ်ခုလုံးကို တိတ်ဆိတ်ခြင်းက လွှမ်းခြုံထားသည်။ ခန်းမဆောင်ထဲကလူတွေက သူတို့ အသက်ရှုသံကိုတောင် သူတို့နားထဲမှာ အကျယ်ကြီးပြန်ကြားနေရသည်အထိ ခန်းမဆောင်ကြီးကို တိတ်ဆိတ်ခြင်းက မင်းမူထားသည်။

".... ကျွန်တော်မျိုး စိတ်ဝိညာဉ်ပင်လယ် အတားအ
ဆီကို ဖွင့်ပေးဖို့ သဘောတူပါတယ် ...."

ခန်းမဆောင်ထဲမှ လူတွေအကုန်လုံး ရှေ့တိုးရခက် နောက်ဆုတ်ရခက် ချီတုံချတုံ ဖြစ်နေကြစဉ် မျက်နှာမှာ သွေးရောင်ပျောက်ဆုံးပြီး ဖြူဖတ်ဖြူရော် ဖြစ်နေသော နယ်မြေခေါင်းဆောင် တစ်ယောက်က ကြမ်းပြင်ပေါ်သို့ ဒူးထောက်ချလိုက်ပြီး ရှောင်လုံ အကြံအစည်ကို သဘောတူလက်ခံလိုက် သည် ။

ထိုနောက် လက်ခံလိုက်သူတတစ်ယောက်ရှိနေပြီမို့ နောက်ထပ်လက်ခံချင်သူတွေက တစ်ယောက်ပြီး တစ်ယာက်  ပေါ်ပေါက်လာသည် ။ နောက်ဆုံးမှာတော့ နယ်မြေခေါင်းအောင် အားလုံးက ရှောင်လုံအရှေ့မှာ ဒူးထောက်ကာ သူတို့စိတ်ဝိညာဉ်ပင်လယ်ကို ကာကွယ်ပေးထားသည့် အတားအဆီးအား ဖယ်ရှားပေးလိုက်ကြသည် ။ မည်သူမှ ထုတ်မပြောကြသော်လည်း အဆုံးထိ ခုခံငြင်းဆန်နေမယ်ဆိုရင် ဂူဝမ်လိုမျိုး အဆိပ်နောက်ချေးပိုးအစာအဖြစ် အဆုံးသတ်သွားမယ်ဆိုတာကို နယ်မြေခေါင်းဆောင်အကုန်လုံးက ကောင်းကောင်းကြီး သဘောပေါက်ထားကြသည် ။

...

ပြိုင်ဘက်ကင်းသိုင်းဝိညာဉ်

အပိုင်း ၄၁၃ .....

နယ်မြေခေါင်းဆောင်တွေက သူတို့စိတ်ထဲမှာ လက်မခံချင်သော်လည်း နောက်ဆုံးမှာတော့ စိတ်ဝိညာဉ်အတားအဆီးအလွှားအား ဖွင့်ပေးလိုက်ရသည် ။ နယ်မြေခေါင်းဆောင်တွေအကုန်လုံးကို စိတ်ဝိညာဉ်အမှတ်အသား ပြုလုပ်ပြီးချိန်ကြမှ ရှောင်လုံရင်ထဲက အလုံးက ပြုတ်ကျသွားသည် ။

ရှောင်လုံက ကျောင်းရှု ၊ ကျန်းဖူ နှင့် သူ့ကို ထောက်ခံကြသော အကြီးအကဲတွေကိုတော့ စိတ်ဝိညာဉ်အမှတ်အသား ခပ်နှိပ်ခြင်း မရှိပေ ။
ချန်ထျန်ချီနှင့် နတ်ဘုရားကျောင်းတော်က လူတွေဆီက လူမဆန်သော နှိပ်စက်မှုမျိုးစုံနှင့် ရင်ဆိုင်ခဲ့ရတာတောင် သူ့အပေါ်ဆက်ဆံပြီးထောက်နေတယ်ဆိုကတည်းက ထိုအကြီးအကဲတွေ သူ့အပေါ် ထားရှိသော သစ္စာတရားကို ရှောင်လုံ ခံစားမိလိုက်သည် ။

ထိုနောက် ရှောင်လုံက ကျောင်းရှု နှင့် ကျန်းထူအား ဂိုဏ်းတွင်း ပြောင်းလဲမှုတစ်ချို့ကို ကြော်ငြာခိုင်းလိုက်သည် ။ ရှောင်လုံက နတ်တံခါးဂိုဏ်း၏ စည်းကမ်းတစ်ခုဖြစ်သော ဂိုဏ်းချုပ်ကိုတွေ့လျှင် ဂိုဏ်းချုပ် တစ်လောကလုံးတွင် ပြိုင်ဘက်ကင်းသည်ဟု ဂါရဝပြုရသည့် စည်းမျဉ်းကဲ့သို့ စည်းမျဉ်း တစ်ချို့ကို ဖျက်သိမ်းလိုက်သည်။

ထိုအပြင် နတ်တံခါးဂိုဏ်းအပေါ် သစ္စာဖောက်သူ အယုတ်အလတ်အမြတ် မရွေး သူရဲ့ အဆိပ်နောက်ချေးပိုးအစာ အကျွေးခံရမည်ဆိုသော  စည်းမျဉ်းအသစ်တစ်ခုကိုလည်း ရှောင်လုံက ထုတ်ပြန်လိုက်သည် ။

ကျောင်းရှုတို့ စည်းမျဉ်းစည်းကမ်းတွေ အားလုံးကို ကြော်ငြာပြီးသည့်နောက် ရှောင်လုံက နတ်တံခါးဂိုဏ်း၏ အခြေအနေကို မေးမြန်းလိုက်သည်။ နယ်မြေခေါင်းဆောင်များနှင့် အကြီးအကဲတွေက သူတို့တာဝန်ယူထားရသော အပိုင်းတွေကို အသီးသီးရှင်းပြကြသည် ။
နယ်မြေခေါင်းဆောင်များ နှင့် အကြီးအကဲများ ရှင်းပြပြီးသည့်နောက် ရှောင်လုံက နတ်တံခါးဂိုဏ်း၏ အခြေအနေကို အတော်အသင့် ဖမ်းဆုပ်မိသွားသည် ။

လက်ရှိမှာ နတ်တံခါးဂိုဏ်းက နယ်မြေသုံးခုခြောက်ခုကို အုပ်ချုပ်လျက်ရှိသည် ။ ထိုနယ်မြေများထဲတွင် အလယ်နယ်မြေလည်း အပါအဝင်ဖြစ်သည် ။ အလယ်နယ်မြေထဲတွင် နတ်တံခါးဂိုဏ်းခွဲ ခုနှစ်ခု ရှိသည် ။ အလယ်နယ်မြေ၏ အပြင်ဘက်က နယ်မြေကြီး သုံးဆယ့်ငါးခုကိုတော့ နယ်မြေခေါင်းဆောင် သုံးဆယ့်ငါးယောက်က အသီးသီး အုပ်ချုပ်ကြသည် ။

နတ်တံခါးဂိုဏ်း ဋ္ဌာနချုပ်က မိုးကောင်ကင် ဖီးနစ်တောင်တန်း၏ အမြင့်ဆုံးတောင်ထွတ်တွင် တည်ဆောက်ထားခြင်းဖြစ်သည် ။ တခြားတောင်ထွတ်များပေါ်တွင် ဆေးပစ္စည်းဆောင် ၊ အပြစ်ပေးဆောင် ၊ သိုင်းကျမ်းဆောင် ၊ သိုင်းလေ့ကျင့်ဆောင် စသဖြင့် အားလုံးပေါင်း အဆောင်အခုသုံးဆယ်နှစ်ခုရှိသည် ရှိသည်။ ထိုအဆောင် သုံး
ဆယ့်နှစ်ခုကို နတ်တံခါးဂိုဏ်းမှ အကြီးအကဲတွေက အုပ်ချုပ်ကြသည် ။

ဤအရာက နတ်တံခါးဂိုဏ်း၏ တာဝန်ခွဲဝေမှု ဇယားဖြစ်သည် ။ ထိုအပြင် နယ်မြေခေါင်းဆောင်များ၏ သတင်းပို့ချက်များအရ နတ်တံခါးဂိုဏ်း အုပ်ချုပ်နေသော နယ်မြေသုံးဆယ့်ခြောက်ခုထဲတွင် အင်အားကြီး ၊အင်အားသေး သိုင်းမိသားစုပေါင်း များစွာ ရှိနေတယ်ဆိုတာကို ရှောင်လုံ နားလည်လိုက်သည် ။ ထိုသိုင်းမိသားစုအားလုံးက နတ်တံခါးဂိုဏ်းအပေါ်
စိတ်ရင်း အမှန်နှင့် ဆက်ဆံကြခြင်း မရှိပေ ။

အင်အားကြီး သိုင်းမိသားစုများနှင့် စကြာဝဠာနတ်ဘုရား အဖွဲ့အစည်း၊ လေဟာနယ်တံခါးဂိုဏ်း ၊ အဖြူရောင်ဖိးနစ်ဂိုဏ်းအစရှိသဖြင့် တိမ်ကြယ်တာရာတိုင်းပြည်ထဲမှ အင်အားကြီး အဖွဲ့ဆယ့်နှစ်ခု အကြားတွင် ရှုပ်ထွေးသော ပတ်သတ်ဆက်နွယ်မှုတွေ ရှိကြသည် ။

နတ်တံခါးဂိုဏ်းနယ်မြေထဲက တစ်ချို့ သိုင်းမိသားစုတွေက ထိုသိုင်းဂိုဏ်းတွေကို အားကိုးပြီး နတ်တံခါးဂိုဏ်းအပေါ် မထီမဲ့မြင် ပြုလုပ်မှုများပင် ရှိကြသည်။ တစ်ချို့ဆိုရင် ပြင်ပသိုင်းဂိုဏ်းများ အရှိန်အဝါဖြင့် နတ်တံခါးဂိုဏ်းခွဲများအပေါ် ဖိနှိပ်မှုများပင် ရှိသည် ။ အထူးသဖြင့် ဤအဖြစ်တွေက ရှောင်လုံဆရာ နတ်တံခါးဂိုဏ်းချုပ်ဟောင်း ရန်ဝူကောင်း ပျောက်ကွယ်သွားချိန်ကနေ စတင်ခဲ့သည် ။ ရန်ဝုကောင်းပျောက်ကွယ်ပြီး နတ်တံခါးဂိုဏ်းတွင်း အခြေအနေများ မတည်မငြိမ်ဖြစ်နေတာကို အခွင့်ကောင်းယူ၍ တစ်ချို့ သိုင်းမိသားစုတွေက နတ်တံခါးဂိုဏ်းခွဲတွေကို ဆန့်ကျင်ပုန်ကုန်ကြသည် ။

ယခုလက်ရှိအချိန်မှာ နတ်တံခါးဂိုဏ်းကို ဆန့်ကျင်နေသော သိုင်းမိသားစုပေါင်း ဆယ့်ငါးခု ရှိသည်။
နယ်မြေခေါင်းဆောင်၏ ရှင်းလင်တင်ပြချက် အဆုံးမှာ ရှောင်လုံမျက်နှာထားက ရေခဲတုံး တစ်တုံးလို အေးစက်မာကျောသွားသည် ။

ထိုအချိန်မှာ ကျောင်းရှုက ဝင်ပြောလိုက်သည်

".... ဂိုဏ်းချုပ်.... စကြာဝဠာနတ်ဘုရားဂိုဏ်းချုပ်နဲ့ ကျွန်တော်တို့ဂိုဏ်းချုပ်ကြားမှာ ရန်ကြွေးဟောင်းတွေ ရှိကြတယ် ... ပြီးတော့ သူတို့နှစ်ယောက်ကလည်း ဘယ်တုံးကမှ မတည့်ကြဘူး
ကျွန်တော်တို့ ဂိုဏ်းချုပ် ပျောက်ကွယ် သွားတဲ့ အချိန်ကစပြီး စကြာဝဠာနတ်တံခါးဂိုဏ်းက ကျွန်တော်တို့ဂိုဏ်းအပေါ် တဖြည်းဖြည်းနဲ့ စတင်ဖိနှိပ်လာတော့တာပါပဲ ..... အဲ့ဒါကြောင့်လည်း အင်းအားကြီး သိုင်းမိသားစုတွေက ကျွန်တော်တို့ဂိုဏ်းကို မထီမဲ့မြင်လုပ်ရဲတာပါ .... အရင်ကဆို ကျွန်တော်ဂိုဏ်းက အုပ်ချုပ်တဲ့ နယ်မြေပေါင်း ငါးဆယ့် နှစ်ခုအထိရှိပါတယ် .... ဒါပေမယ့် ဂိုဏ်းချုပ်ကြီး ပျောက်ကွယ်သွားချိန်ကစပြီ ......"

ကျောင်းရှု စကားက ထိုနေရာတွင် ရပ်တန့်သွားသည်။ သူဆက်မပြောသော်လည်း သူဆို့လိုချင်သည့် အဓိပ္ပါယ်ကတော့  လယ်ကွင်းထဲမှာ ဆင်သွားနေသလိုမျိုး ထင်ရှားနေသည် ။

ယခင်က နတ်တံခါးဂိုဏ်းအုပ်ချုပ်ခဲ့သော နယ်မြေ ငါသဆယ့်နှစ်ခု ထဲက ၁၆ခုဟာ စကြာဝဠာနတ်ဘုရား ဂိုဏ်းထဲသို့ သက်ဆင်းကျရောက်သွားသည်။ ထိုစကားတေ်ိကိုနားထောင်ရင်း ရှောင်လုံမျက်လုံးတွေက တဖိတ်ဖိတ်နှင့် စူးရှရှ အရောင်တွေ လက်နေသည် ။ 

ကျန်းဖူက ထပ်ပြောလိုက်သည်

".... ကျွန်တော်မျိုး သတင်းပို့ချင်တဲ့ ကိစ္စတစ်ခုလည်း ရှိပါသေးတယ် ...."

"... ပြောပါ ....."

"... ဒီလိုပါဂိုဏ်းချုပ် ကျွန်တော်တိမ်ကြယ်တာရာတိုင်းပြည်မှာ အနှစ်တရာပြည့်တိုင်း တစ်ကြိမ်ကျင်းပတဲ့ မဟာသိုင်းပြိူင်ပွဲ တစ်ခုရှိပါတယ် .... အဲ့ဒီ မဟာသိုင်းပြိူင်ပွဲကြီးကို ကျင်းပလာတာ ဆယ့်သုံးကြိမ်တိတိရှိနေပါပြီ .... အဲ့ဒီ မဟာ သိုင်းပြိုင်ပွဲကို တိမ်ကြယ်တာရာတိုင်းပြည်ရဲ့ အင်အားကြီl အဖွဲ့ ဆယ့်နှစ်ခုက ပူးပေါင်းကျင်းပကြတာပါ ...."

".... မဟာ သိုင်းပညာဖလှယ်ပွဲ ဟုတ်လား ...?"+
  ရှောင်လုံက စိတ်ဝင်စားသလိုမျိုး  ကျန်းဖူအား ကြည့်လိုက်သည်။

".... ဟုတ်ပါတယ်ဂိုဏ်းချုပ် ... အနှစ်တစ်ရာပြည့်တိုင်းမှာ သိုင်းဂိုဏ်းကြီး ဆယ့်နှစ်ခုက ဂိုဏ်းချုပ်တွေ အချင်းချင်းသိုင်းပြိုင်ပြီး အင်အားစု ဆယ့်နှစ်ခုအကြားက အဆင့်ကို သတ်မှတ်ကြပါတယ်  .... ကျွန်တော်မျိုး စိုးရိမ်တဲ့အချက်က ဒီတစ်ကြိမ်ကျင်းပမယ့် သိုင်းပြိူင်ပွဲမှာကို အသုံးချပြီး စကြာဝဠာ နတ်ဘုရားဂိုဏ်းချုပ်က ဂိုဏ်းချုပ်ကို အန္တရာယ်ပြုမှာကိုပဲ...."

ကျန်းဖူ က စိုးရိမ်နေသော မျက်နှာဖြင့် ပြောလိုက်သည်။ ကျန်းဖူ ကဲ့သို့ စိုးရိမ်နေသော ကျောင်းရှုကလည်း ဝင်ပြောလိုက်သည်

".... အဲ့ဒီသိုင်းပြိုင်ပွဲမှာ ပြိူင်ပွဲဝင်ဂိုဏ်းချုပ်တွေအားလုံး မဖြစ်မနေ လိုက်နာရတဲ့ စည်းမျဉ်းစည်းကမ်းတွေရှိပါတယ် .... အဲ့ဒီသိုင်းပြိုင်ပွဲမှာ ပြိုင်ပွဲဝင်တွေဟာ ပြင်ပက အကူအညီတွေကို အသုံးပြုခွင့် မရှိပါဘူး ...."

ဤအချက်ကလည်း ကျောင်းရှု အဓိက စိုးရိမ်ရသည့် အချက်ပင် ...။

ပြင်ပက အကူအညီတွေကို အသုံးပြုခွင့်မပေးဘူးဆိုလျှင် ရှောင်လုံအနေနဲ့ သူ့ရဲ့ အဓိကလက်နက်တစ်ခုဖြစ်သော အဆိပ်နောက်ချေးပိုး တွေကို အသုံးပြုခွင့် မရှိသည့်အပြင် သူ့ကိုယ်ပိုင် ခွန်အားကိုသာ အားကိုး၍ ယှဉ်ပြိုင်ရမှာပဲ ဖြစ်သည် ။ သူ့ကိုယ်ပိုင် ခွန်အားကိုသာ အားကိုမယ်ဆိုလျှင် ရှောင်လုံက စကြာဝဠာနတ်ဘုရား ဂိုဏ်းချုပ် ၏ ပြိုင်ဘက်တစ်ယောက် မဟုတ်ပေ။

အခုအချိန်မှာ စကြာဝဠာနတ်ဘုရား ဂိုဏ်းချုပ်ကို အသာထားလို့ လေဟာနယ်တံခါးဂိုဏ်း နဲ့ အဖြူရောင် ဖီးနစ်အိမ်တော်က ဂိုဏ်းချုပ်တွေကတောင် ရှောင်လုံကို လက်ညိုးတစ်ချောင်းထဲနဲ့ အလွယ်တကူ သတ်ဖြတ်နိုင်လေသည် ။

ကျောင်းရှုတို့စကားဆုံးချိန်မှာ ရှောင်လုံက မျက်မှောင်ကြုတ်ရင်း မေးလိုက်သည်

".....နောက်ထပ်သိုင်းပညာ ဖလှယ်ပွဲ ကျင်းပဖို့ အတွက် အချိန်လးဘယ်လောက် လိုသေးလဲ ....?"

".... အခုဆိုရင် အရင် သိုင်းပညာကျင်းပပြီးတာ ဆယ့်ရှစ် ခုနှစ်နှစ်  နီးပါးလောက်ရှိနေပါပြီ ...."

ကျောင်းရှုက ပြန်ဖြေလိုက်သည်.။

ဒါဆိုရင် နောက်တစ်ကြိမ် သိုင်းပညာဖလှယ်ပွဲ ကျင်းပဖို့က ဆယ့်သုံးနှစိလောက်ပဲ လိုတော့တာပေါ......
ရှောင်လုံက စိတ်ထဲမှာ တွက်ချက်လိုက်သည်။
ဆယ့်သုံးနှစ် ......!
ရှောင်လုံ မျက်နှာထားက ပိုပြီး တည်ငြိမ်လေးနက်သွားသည် ။ ဆယ့်သုံးနှစ်အကြာမှာ သိုင်းဂိုဏ်းကြီးများ၏ ဂိုဏ်းချုပ်များနှင့် သိုင်းယှဉ်ပြိုင်ရလိမ့်မယ်လို့ သူလုံးဝ မထင်ထားခဲ့ပေ ။ ဆယ့်သုံးနှစ်ဆိုသော အချိန်ကလည်းညသူ့အတွက် အရမ်းကို နည်းပါးလေသည် ။

ထိုအပြင် စကြာဝဠာသိုင်းပညာရှင်များ အတွက် အချိန်ဆယ့်သုံးနှစ်ဆိုသည်မှာ မျက်စိတစ်မှိတ်လောက်သာ ကြာမြင့်လေသည် ။

အခုအချိန်မှာ ရှောင်လုံ အတွင်းအားက စကြာဝဠာ အဆင့် ၄ ၌သာ ရှိနေသေးသည် ။ စကြာဝဠာ အဆင့် ၄ကနေ စကြာဝဠာ အဆင့် ၁၀ ကို အချိန်ဆယ့်သုံးနှစ်ထဲနဲ့  ကျော်ဖြတ်ရောက်ရှိဖို့ဆိုတာက လေထဲမှာ တိုက်ဆောက်နေသည့် အိမ်မက်တစ်ခုနှင့် ဘာမှ မခြားနားပေ။

ရှောင်လုံက လက်ခါပြရင်း အားလုံးကို ထွက်သွားခိုင်းလိုက်သည် ။ ထိုအချိန်တွင် အပြင်လောကကြီးကို အမှောင်ထုကြီးက တစ်စထက်တစ်စ ကြီးစိုးလာသည် ။ ရှောင်လုံက ငွေစန္ဒာ လမင်းကြီး၏ အလင်းရောင်အောက်တွင် ရပ်ရင်း စကြာဝဠာ အဆင့် ၁၀ သို့ အလျင်အမြန်ရောက်ရှိနိုင်မည့် နည်လမ်းကို စဉ်းစားကြည့်လိုက်သည်။ အချိန်တိုလေး အတွင်းမှာ စကြာဝဠာ အဆင့် ၁၀ သို့ ရောက်လိုလျှင် ရှောင်လုံ အားကိုးရမည့် နည်းလမ်းက တစ်ခုသာရှိသည် ။ သူ့စကြာဝဠာ အဆင့် ၁၀ သို့ ရောက်ချင်သည့် မျှော်လင့်ချက်က ကမ္ဘာဦး နတ်နဂါး ရုပ်အလောင်း ဆယ့်နှစ်ခုခုပေါ်တွင်သာ အလုံးစုံ မူတည်နေသည်။

အကယ်၍ ရှောင်လုံက အချိန်ဆယ့်သုံးနှစ်အတွင်းမှာ ကမ္ဘာဦး နတ်နဂါး ရုပ်အလောင်း ဆယ့်နှစ်ခုဆီက စွမ်းအားတွေကို စုပ်ယူနိုင်ခဲ့မယ်ဆိုရင်တော့ စကြာဝဠာ အဆင့်၁၀ သို့ ရောက်ရှိနိုင်မည့် အခွင့်အရေး ရှိနေသည် ။

သို့သော် ကမ္ဘာဦး နတ်နဂါးရုပ်အလောင်းတွေဆီက စွမ်းအားတွေကို စုပ်ယူဖို့အတွက် ရှောင်လုံဆီမှာ နတ်နဂါးမြက် ရှိဖို့ လိုအပ်သည် ။

အကယ်၍ ရှောင်လုံက နတ်နဂါးမြက်မပါပဲ ကမ္ဘာဦးနတ်နဂါးရုပ်အလောင်းထဲက ပြင်းထန်သော စွမ်းအားတွေကို စုပ်ယူဖို့ ကြိုးစားလိုက်မယ်ဆိုရင်
သူ့အသက်ကို အရင်ဆုံး လောင်ကြေးထပ်ထားရမှာ ပဲ ဖြစ်သည် ။ ကမ္ဘာဦးနတ်နဂါးရုပ်အလောင်းများထဲတွင်ဘရှိနေသည့် ပြင်းထန်သော စွမ်းအားတွေကြောင့် ရှောင်လုံတစ်ကိုယ်လုံး တစ်စစီပေါက်ကွဲသွားနိုင်သည် ။

အကယ်၍ အဲ့ဒီဖြစ်စဉ်မှာ အသက်မသေပဲ အောင်မြင်ခဲ့ရင်တောင် နတ်နဂါးရုပ်အလောင်းများထဲက စွမ်းအားအကုန်လုံးကို စုပ်ယူနိုင်မှာ မဟုတ်ပဲ စွမ်းအားစုစုပေါင်း၏ အလွန်ဆုံး ဆယ်ပုံ နှစ်ပုံလောက်ကိုသာ စုပ်ယူနိုင်မှာ ဖြစ်သည် ။

ထိုကဲ့သို့ပုံစံဖြင့် ကမ္ဘာဦး နတ်နဂါးတွေဆီက စွမ်းအားတွေကို အောင်အောင်မြင်မြင် စုပ်ယူနိုင်ခဲ့မယ်ဆိုရင်တောင် ရှောင်လုံအနေနဲ့ အလွန်ဆုံး စကြာဝဠာ အဆင့် ၇ လောက်ကိုသာ ရောက်ရှိနိုင်မှာပဲ ဖြစ်သည်။

နတ်နဂါးမြက် .....!
ရှောင်လုံက သက်ပြင်းချရင်း ခပ်တိုးတိုး ရေရွတ်လိုက်သည် ။ ယခုအချိန်မှာ သု့အတွက် အရေးအကြီးဆုံးက ဘယ်လိုနည်းနှင့်ဖြစ်စေ နတ်နဂါးမြက်ကို ရှာတွေ့ဖို့ပဲ ဖြစ်သည် ။

ရှောင်လုံက တစ်ခုကို တွေးမိပြီး မျက်လုံးတွေက အရောက်လက်သွားသည် ။ ချန်ထျန်ချီနှင့် နယ်မြေခေါင်းဆောင်တွေကလည်း မူလသစ်တောထဲမှာ ပေါ်ခဲ့သည့် နဂါးသိုက်ထဲသို့ ရောက်ရှိခဲ့သည် မဟုတ်ပါလား .....။
ထိုကြောင့် သူတို့ရဲ့ သိုလှောင်လက်စွပ်ထဲမှာ နတ်နဂါးမြက် တစ်ပင်နှစ်ပင်လောက် ရှိနေနိုင်တယ် မဟုတ်လား....။

ရှောင်လုံက ချန်ထျန်ချီ၏ သိုလှောင်လက်စွပ်ကို ထုတ်လိုက်သည် ။ လွန်ခဲ့သောရက်ပိုင်းမှာ ရှောင်လုံက အကြီးအကဲများ၏ ဒဏ်ရာတွေကို ကုသပေးသည့် လုပ်ငန်းများနှင့် အလုပ်ရှုပ်နေတာကြောင့် အခုချိန်အထိ ချန်ထျန်ချီ သိုလှောင်လက်စွပ်ထဲကို မကြည့်အားသေးပေ ။

ချန်ထျန်ချီ သိုလှောင်လက်စွပ်ထဲကိုမြင်တော့ ရှောင်လုံမျက်လုံးတွေက အံ့သြမှုကြောင့် ဝိုင်းစက်သွားလေသည် ။ ချန်ထျန်ချီ သိုလှောင်လက်စွပ်ထဲမှာ မရေတွက်နိုင်သော ဆေးလုံးတွေက တောင်ပုံရာပုံ ရှိနေကြသည် ။ သိုသော် ထိုအရာတွေက ရှောင်လုံကို အံ့သြသွားစေတာ မဟုတ်ပေ ။ သိုလှောင်လက်စွပ်၏ ထောင့်တစ်နေရာတွင် ရှိနေသော သလင်းကျောက် ရုပ်ထုကြီး တစ်ခုက ရှောင်လုံ စိတ်နှလုံးအား ဖမ်းစားသွားခြင်း ဖြစ်သည် ။ ထိုသလင်းကျောက်ထဲတွင် ကမ္ဘာဦး နတ်နဂါးတစ်ကောင်၏ ရုပ်အလောင်း ရှိနေသည်။

  ......

ပြိုင်ဘက်ကင်းသိုင်းဝိညာဉ်

အပိုင်း ၄၁၄ ....

ကမ္ဘာဦး နတ်နဂါးရုပ်အလောင်းကြီးကို မြင်လိုက်တော့ ရှောင်လုံက အရမ်းကို အံ့သြသွားသလို အရမ်းလည်း ပျော်ရွှင်သွားသည် ။ ချန်ထျန်ချီက အခုအချိန်ထိ နတ်နဂါးရုပ်အလောင်းဆီက စွမ်းအားတွေကို မစုပ်ယူရသေးတာကြောင့် နတ်နဂါးရုပ်အလောင်းကြီးက အကောင်းပကတိအတိုင်းပင်ဘရှိနေသေးသည် ။

"... ကောင်းတယ် အရမ်းကောင်းတာပဲ ...."

ရှောင်လုံက အားရပါးရရယ်မောလိုက်သည် ။
ရှောင်လုံဆီမှာ မူလကရှိနေသော နတ်နဂါးရုပ်အလောင်း ဆယ့်နှစ်ခုအပြင် အခုနောက်ထပ် ရုပ်အလောင်းတစ်ခုပါ ထပ်မံရရှိလိုက်တာကြောင့် ရှောင်လုံသာ နတ်နဂါးမြက်ကို လုံလုံလောက်လောက် ရှာဖွေနိုင်ခဲ့မယ်ဆိုရင် စကြာဝဠာအဆင့် ၁၀ သို့ရောက်နိုင်မည့် အခွင့်အရေးက ပိုမိုများပြားလာမှာပဲ ဖြစ်သည်။

ထိုအပြင် အခုရှာတွေ့လိုက်သော နတ်နဂါးကြီး၏ ကိုယ်ဟန်အနေအထားကိုပါ ထပ်ပေါင်းလိုက်မယ်ဆိုရင် ရှောင်လုံ တီထွင်ထားသော နတ်နဂါးသိုင်းဆယ့်နှစ်ကွက်ဟာ နတ်နဂါးသိုင်း ဆယ့်သုံးကွက် အဖြစ်သို့ ပြောင်းလဲသွားမှာ ဖြစ်သည် ။ ထိုအခါ နတ်နဂါးသိုင်းဆယ့်သုံးကွက်၏ တိုက်ခိုက်စွမ်းရည်ကလည်း ပိုမိုမြင့်တက်လာမှာ ဖြစ်သည်။

ရှောင်လုံက စိတ်လှုပ်ရှားနေတာကို တည်ငြိမ်အောင် ထိန်း၍ ချန်ထျန်ချီ၏ သိုလှောင်လက်စွပ်အတွင်းကို ဆက်လက်ရှာဖွေလိုက်သည်။ ချန်ထျန်ချီ၏ သိုလှောင်လက်စွပ်ထဲမှာက နတ်နဂါးရုပ်အလောင်းကြီးအပြင် မရေတွက်နိုင်သော ဝိညာဉ်ဆေးလုံးတွေ အမြောက်အမြားရှိနေသည်။ ဆေးလုံးအများစုက ကောင်းကင်အဆင့် ဆေးလုံးတွေဖြစ်ကြပြီး နတ်ဘုရားအဆင့် ဆေးလုံးတစ်ချို့ လည်း တွေ့မြင်ရသည် ။ သို့သော် နတ်ဘုရား အလယ် အဆင့် ဆေးလုံးက ချန်ထျန်ချီသိုလှောင်လက်စွပ်ထဲတွင် အဆင့်အမြင့်ဆုံး ဆေးလုံးဖြစ်သည် ။

ဆေးလုံးများအပြင် အနှစ်တစ်ထောင်ကနေ အနှစ်ကိုးထောင် သက်တမ်းရှိ ဆေးပင်ဆေးမြစ်များကလည်း တောင်ပုံရာပုံရှိနေသည် ။
ထိုအပြင် နတ်သားလှံသိုင်း နှင့် တောက်ပသောအလင်းရောင်ခြည်းသိုင်း ဟူသည့် သိုင်းကျမ်းနှစ်ခုကိုလည်း ရှာတွေ့လိုက်သေးသည်။

ဤသိုင်းကျမ်း နှစ်ခုလုံးဟာ ရှောင်လုံအတွက်တော့ သိပ်ပြီးအသုံးမဝင်လှဆပမယ့် သူတို့ဟောင်မိသားစုထဲက အလင်းဒြပ်စင် သိုင်းဝိညာဉ်ကို ပိုင်ဆိုင်သည့် မျိုးဆက်များအတွက်တော့ များစွာအကျိုးရှိနိုင်သည် ။

ထိုနောက် ရှောင်လုံက နတ်ဘုရားကျောင်းတော်မှ အကြီးအကဲများ၏ သိုလှောင်လက်စွပ်တွေထဲသို့ ထပ်မံရှာဖွေလိုက်သည် ။ သိုသော် အထဲက မြင်ကွင်းကြောင့် ရှောင်လုံလည်း စိတ်ပျက်သွားသည် ။ အကြီးအကဲများ၏ သိုလှောင်လက်စွပ်ထဲတွင် ရှောင်လုံမျှော်လင့်နေသည့် နတ်နဂါးမြက်က တစ်ပင်မှ ရှိမနေပေ ။

ထိုနောက် ရှောင်လုံက သူရှာတွေ့ထားသော နတ်နဂါးရုပ်အလောင်းကို နတ်တောင်ရွှမ်းမီအတွင်းသို့ ရွေ့ပြောင်းလိုက်ပြီး နတ်နဂါးသိုင်းဟန် ဆယ့်သုံးကွက်အား စတင့်လေ့လာတော့သည်။ ရှောင်လုံက တညလုံးကို နတ်နဂါးသိုင်းဟန် ဆယ်သုံးကွက်အား လေ့လာခြင်းဖြင့် ကုန်ဆုံးစေလိုက်သည် ။ နတ်နဂါးတစ်ကောင်၏ ကိုယ်ဟန်ကြောင့် သူရဲ့ နတ်နဂါးသိုင်းဟန် ဆယ့်သုံးကွက်က သိသိသာသာကြီး တိုးတက်လာတာကို ရှောင်လုံခံစားမိလိုက်သည် ။

ညကတော့ တိတ်ဆိတ်ငြိမ်သက်နေဆဲပင် ....

နောက်တစ်နေ့ မနက်ခင်းကိုရောက်တော့ ရှောင်လုံက နတ်တောင်ရွှမ်းမီထဲကနေ ထွက်လာပြီး ကျောင်းရှု နှင့် ကျန်းဖူအား ဆင့်ခေါ်လိုက်သည် ။ထိုနောက် နတ်တံခါးဂိုဏ်းသားအားလုံးတွေကို နတ်နဂါးမြက်ရှာဖွေသည့်နေရာမှာ အာရုံစိုက်ကြဖို့ အမိန့်ပေးလိုက်သည် ။ ထိုအပြင် နတ်နဂါးမြက်နှင့် ပတ်သတ်သော သတင်းအား ရှာဖွေတွေ့ရှိသူတွေကို
ကောင်းကင်အဆင့် ဝိညာဉ်ဆေးလုံး အလုံးတစ်သောင်းနှင့် ရွှေဒင်္ဂါး တစ်ဘီလီယံ ချီးမြှင့်မည်ဟုညကြော်ငြာလိုက်သည် ။

ကောင်းကင်အဆင့် ဝိညာဉ် ဆေးလုံးတစ်သောင်းနဲ့ ရွှေဒင်္ဂါး တစ်ဘီလီယံ ......!

ရှောင်လုံ အမိန့်ကိုကြားတော့ ကျောင်းရှု နှင့် ကျန်းဖူနှစ်ယောက်စလုံး ပါးစပ်အဟောင်းသား ဖြစ်သွားကြသည် ။ သို့သော် သူတို့က ရှောင်လုံကို ပြန်ပြီး မေးခွန်စ မထုတ်ရဲပေ ။

".... ဂိုဏ်းချုပ် .....ကျွန်တော်တို့ နယ်မြေထဲက သိုင်းမိသားစုကြီး ဆယ့်ငါးခုကိုရော ဘယ်လို ဆက်လုပ် ......?"

သူတို့နတ်တံခါးနယ်မြေထဲမှာနေရင်း တခြားသိုင်းဂိုဏ်းများနှင့် ပူးပေါင်း၍ သူတို့ကို ဆန့်ကျင်နေသော သိုင်းမိသားစုတွေကို ရှောင်လုံ ဘယ်လိုမျိုး ကိုင်တွယ်ချင်လဲဟု ကျန်းဖူက ဂရုတစိုက်မေးလိုက်သည် ။

ရှောင်လုံက ခဏလောက်ကြာအောင် စဉ်းစားပြီးနောက် ခေါင်းခါလိုက်ပြီး

".... သူတို့ကို ခဏလောက် လွှတ်ထားလိုက်ပါ..."

ယခုလက်ရှိမှာ ရှောင်လုံအတွက် အရေးအကြီးဆုံးက နတ်နဂါးမြက်ကို အမြန်ဆုံး ရှာဖွေဖို့ပဲ ဖြစ်သည်။ နတ်နဂါးမြက်ကိုရှာတွေ့မှသာ ရှောင်လုံခွန်အားတွေက တဟုန်ထိုးလာပြီး နတ်ဘုရားအဆင့်သို့ တက်လှမ်းနိုင်မှာဖြစ်သည်။

အကယ်၍ ရှောင်လုံသာ နတ်ဘုရာသအဆင့်သို့ တက်လှမ်းနိုင်ခဲ့လျင် နှစ်တစ်ရာမှာ တစ်ခါကျင်းပသည့် သိုင်းဖလှယ်ပွဲ အတွက် စိုးရိမ်နေစရာမလိုတော့ပေ ။

ရှောင်လုံက သိုင်းမိသားစုကြီး ဆယ်ငါးခုကို ထိပ်တိုက်မတွေ့သေးဖို့ ဆုံးဖြတ်လိုက်တာကိုကြားတော့ ကျောင်းရှု နှင့်ကျန်းဖူက လုံးဝကို အံ့သြသင့်သွားသည် ။ ရှောင်လုံလို ဆတ်ဆတ်ထိ မခံလူမျိုးက အခုလိုမျိုး သည်းခံလိမ့်မယ်လို့ သူတို့လုံးဝ ထင်မထားခဲ့ပေ ။

သူတို့စိတ်ထဲမှာ မတင်မကျဖြစ်နေသော်လည်း ကျောင်းရှုတို့က ရှောင်လုံ အမိန့်အတိုင်း ဆောင်ရွက်ရန်အတွက် ထွက်ခွာသွားကြသည် ။
ကျောင်းရှုတို့ ထွက်သွားသည့်နှင့် ရှောင်လုံက သူရဲ့ တံခါးပိတ်သိုင်းလေ့ကျင်မှုကို စတင်လိုက်သည်။

ရှောင်လုံက တစ်နေ့ကို နတ်နဂါးဆေးတစ်လုံး နှင့် ဗုဒ္ဓနတ်တွင်းရေ တစ်စက်သောက်သုံးကာ နတ်တောင်ရွှမ်းမီသိုင်း ၊ နတ်အတွင်းအား နည်းစနစ်နှင့် နတ်နဂါးသိုင်းဟန် ဆယ့်သုံးကွက် တို့ကို အပြင်းအထန် လေ့ကျင့်လေသည် ။

ဤသို့ဖြင့် အချိန်တစ်လ ကုန်ဆုံးသွားသည်။
ရှောင်လုံ၏ တစ်လနီးပါး အပြင်းအထန် လေ့ကျင့်မှုကြောင့် သူ့ရဲ့ နတ်တောင်ရွှမ်းမီသိုင်း ၊ နတ်အတွင်းအား နည်းစနစ်နှင့် နတ်နဂါးသိုင်းဟန် ဆယ့်ကွက်က သိသိသာသာကို တိုးတက်လာသည်။
အထူးတိုးတက်လာတာကတော့ နတ်နဂါးသိုင်းဟန် ဆယ့်သုံးကွက်ဖြစ်သည်။ အခုအခုအချိန်မှာ ရှောင်လုံက နတ်နဂါးသိုင်းဟန် ဆယ့်သုံးကွက်ကို  လုံးဝနားလည်သွားပြီဖြစ်တာကြောင့် သိုင်းလေ့ကျင့်ရာမှာ သလင်းကျောက်ထဲမှာ ပိတ်ဆို့ထားသည့် နတ်နဂါးရုပ်အလောင်းကြီးများ၏ကိုယ်ဟန်အနေအထားကို သွားကြည့်နေစရာမလိုတော့ပေ ။

တစ်လာကြာပြီးနောက်မှာ ရှောင်လုံ အတွင်းအားတွေက စကြာဝဠာ အဆင့်၄ စဦးအဆင့် ကနေ အလယ်အဆင့်သို့ တိုးတက်ချင်သည့် အရိပ်အယောင်တွေပြသလာသည် ။ ရှောင်လုံနှင့် နတ်ဘုရားကျောင်းတော်တို့ ထိပ်တိုက်တွေ့ဆုံခဲ့သော နတ်တံခါးဂိုဏ်းဘရင်ပြင်ကျယ်အရှေ့က တိုက်ပွဲဖြစ်ပြီးခဲ့တာ တစ်လကျော်ကြာမြင့်သွားသော်လည်း တိမ်ကြယ်တာရာတိုင်းပြည်၏ နေရာအနှံတွင် ဤကိစ္စကိုသာ ထပ်ခါထပ်ခါ ပြောဆိုနေကြသည် ။ ရှောင်လုံ၏ နာမယ်ဂုဏ်သတင်းကလည်း နေမင်းကြီးထက်ပင် ပိုမိုတောက်ပနေ၏ ။

နတ်တံခါးဂိုဏ်း၏ နယ်မြေသုံးဆယ်ခြောက်ခုထဲအတွင်းမှီးတင်းနေထိုင်ကြသော သိုင်းမိသားစုတွေက ရှောင်လုံ နတ်တံခါးဂိုဏ်းချုပ် ဖြစ်လာပြီးနောက်မှာ သူတို့ဘက်သို့ မြားဦး လှည့်လာမှာကို စိုးရိမ်ကြောက်လန့်နေကြသည်။

သို့သော် တစ်လာကျော်ကြာလာသည်အထိ ရှောင်လုံတို့ နတ်တံခါးဂိုဏ်းဘက်က တုန့်ပြန်မှု တစ်စုံတစ်ရာ မရှိပေ။ ထိုအခါကြမှ သိုင်းမိသားစုကြီး ဆယ့်ငါးခုက စိတ်သက်သာရာရသွားကြသည် ။

ပဟေဋ္ဌိနယ်မြေက နတ်တံခါးဂိုဏ်း အုပ်ချုပ်သော နယ်မြေသုံးဆယ့်ခြောက်ခု ထဲတွင် အကြီးဆုံး နယ်မြေတစ်ခုဖြစ်သည် ။ ပဟေဋ္ဌိနယ်မြေ နှင့် သိပ်မဝေးသောနေရာတွင် စကြာဝဠာနတ်ဘုရား ဂိုဏ်းက အုပ်ချုပ်သော ရတနာနယ်မြေရှိသည်။

သူတို့နယ်မြေနှစ်ခုက အလွန်အမင်းနီးကပ်နေတာကြောင့် ရတနာနယ်မြေထဲမှ စကြာဝဠာနတ်ဘုရားဂိုဏ်းက လူတွေက ပဟေဋ္ဌိနယ်မြေအတွင်းသို့ မကြာခန ဝင်ထွက်သွားလာကြသည် ။ ပဟေဋ္ဌိနယ်မြေအတွင်းမှာ အခြေစိုက်သော ကျင်းမိသားစုက စကြာဝဠာနတ်ဘုရားဂိုဏ်း၏ နောက်ခံကြောင့် ပဟေဋ္ဌိနယ်မြေထဲက နတ်တံခါးဂိုဏ်းခွဲကို တော်လှန်ပုန်ကုန်ဖို့ ကြိုးစားနေလေသည်။

ကျင်းအိမ်တော်က ပဟေဋ္ဌိနယ်မြေအတွင်းမှ သူဋ္ဌေး ၊ လူချမ်းသာတွေ  နေထိုင်သော လမ်းအတွင်းမှာ တည်ရှိသည်။
ကျင်းမိသားစု၏ ခန်းမဆောင်အတွင်း၌
ကျင်းမိသားစု ဂိုဏ်းချုပ် ကျင်းလဲ့ နှင့် ကျင်းမိသားစုများ အကြီးအကဲများ  အစည်းအဝေး ထိုင်နေကြသည် ။

".... အခုအချိန်ထိ ဟောင်ရှောင်လုံဘက်က တစ်စုံတစ်ရာ လှုပ်ရှားမှုမရှိသေးဘူး .... အဲ့ဒါနဲ့ ပတ်သတ်ပြီး ခင်ဗျားတို့ ဘယ်လို ထင်ကြလဲ ....?"

ကျင်းလဲ့ က ထူးဆန်းနေသော ရှောင်လုံ အပြုအမူကြောင့် မျက်မှောင်ကြုတ်ရင်း မေးလိုက်သည်။ ကျင်းလဲ့ အသံက တည်ငြိမ် ရိုးရှင်းသော်လည်း အင်အားကြီးသော စွမ်းအားတစ်ခု ပါဝင်နေသည်။

".... ကျွန်တော်တို့နောက်မှာ စကြာဝဠာနတ်တံခါးဂိုဏ်းရှိနေတော့ ရှောင်လုံက သူအပြုအမူကို သတိထားနေတယ်လို့ ထင်တယ် .. အဲ့ဒါကြောင့် အခုအချိန်အထိ ကျွန်တော်ဘက်ကို တုန့်ပြန်မှု မလုပ်ရဲသေးတာပေါ့ ...."

ကျင်းမိသားစု၏ အကြီးအကဲတစိယောက်က ရ်ာမောရင်းပြောလိုက်သည် ။

"... ကျွန်တော်လည်း အဲ့လိုပဲ ထင်တယ် ... ဟောင်ရှောင်လုံက အခုဆိုရင် နတ်ဘုရားကျောင်းတော်နဲ့ ရန်သူဖြစ်နေပြီ .... နတ်ဘုရားကျောင်းတော် တစ်ခုထဲကတောင် သူ့ကို တော်တော်လေး ခေါင်းကိုက်စေမှာ ... အဲ့ဒါကြောင့်ဟောင်ရှောင်လုံက စကြာဝဠာ နတ်ဘုရား ဂိုဏ်းနဲ့ ထပ်ပြီး ရန်သူဖြစ်ချင်မှာ မဟုတ်ဘူး ...."

နောက်ထပ်အကြီးအကဲတစ်ယောက်က သူ့အမြင်ကို ထုတ်ပြောလိုက်သည်

".... ကြည့်ရတာ ဟောင်ရှောင်လုံက ကိုယ်အကြောင်းတော့ ကိုယ်သိတယ်ထင်တယ်...."

ကျင်းလဲက ထိုအကြီးအကဲ၏ စကားကို သဘောတူသမျိုး ခေါင်းညိတ်လိုက်ပြီး

".... အင်း သိုင်းဂိုဏ်းဆယ့်နှစ်ခုက ဂိုဏ်းချုပ်တွေရဲ့ သိုင်းဖလှယ်ပွဲကလည်း နောက်ထပ် ဆယ့်သုံးနှစ်ကြာရင် ကျင်းပတော့မှာ ... အဲ့ဒီ သိုင်းပြိုင်ပွဲမှာ ဟောင်ရှောင်လုံ သေဖို့က သေချာသလောက်ကို ရှိတယ် ...."

".... ဟောင်ရှောင်လုံက စကြာဝဠာနတ်ဘုရားဂိုဏ်းချုပ်ရဲ့ ခြေဖမိုးကို ယက်ပေးမယ်ဆိုရင်တော့ စကြာဝဠာနတ်ဘုရားဂိုဏ်းချုပ်က သူရဲ့ ခွေးလို့ နိမ့်ကျတဲ့ အသက်ကို ချမ်းသာပေးချင် ချမ်းသာပေးမှာပေါ့ ...."

အကြီးအကဲတစ်ယောက်က အရွှမ်းဖောက်လိုက်သည် သည်။ ကျင်းလဲ့ တခြားအကြီးအကဲတွေဆီကလည်း ရယ်သံတွေ တသောသော ထွက်ပေါ်လာသည်။

ကျင်းလဲ့က လေးနက်သောလေသံဖြင့် ထပ်ပြောလိုက်းည်

"... သိုင်းဖလှယ်ပွဲမှာ ဟောင်ရှောင်လုံ သေပြီဆိုတာနဲ့ ငါတို့ကျင်းမိသားစုက ပဟေဋ္ဌိနယ်မြေထဲက နတ်တံခါးဂိုဏ်းခွဲကို ဝင်ရောက်သိမ်းပိုက်မယ် .... ပြီးတာနဲ့ ပဟေဋ္ဌိနယ်မြေကြီးတစ်ခုလုံးက ငါတို့ကျင်းမိသားစုရဲ့ နတ်ဗိမာန်ကြီးတစ်ခု ဖြစ်လာတော့မှာ .... နတ်တံခါးဂိုဏ်းခွဲကို တိုက်ခိုက်သိမ်းပိုက်ပြီးတာနဲ့ နတ်တံခါးဂိုဏ်းသားတွေကလည်း  ငါတို့ကျင်းမိသားစုရဲ့ ကျွန်တွေဖြစ်လာပြီပေါ့  ...."

နတ်တံခါးဂိုဏ်းအရှေ့မှ ရင်ပြင်ကျယ်ထဲတွင် ဖြစ်ပွားခဲ့သော တိုက်ပွဲတွေပြီးကတည်းက ရှောင်လုံတို့ နတ်တံခါးဂိုဏ်းဘက်မှ တုန့်ပြန်မှု တစ်စုံတစ်ရာကို မမြင်ရတာကြောင့်  တခြားသိုင်းမိသာစုကြီး ဆယ့်လေးခုကလည်း ကျင်းလဲ့ ကဲ့သို့ပင် ကောက်ချက်ချလိုက်ကြသည်။

တစ်ခုသော မနက်ခင်း၌ ရှောက်လုံက သူ့ နတ်ဓားသိုင်းကွက်တွေထဲမှ  ဓားပင်လယ် မီးတောင် သိုင်းကွက်ကို လေ့ကျင့်နေတုံး ကျောင်းရှု နှင့် ကျန်းဖူက ရှောင်လုံ သိုင်းလေ့ကျင့်နေသော ခြံဝန်းထဲသို့ သုတ်သုတ်ပြာပြာ ဝင်လာကြသည်။
ထိုနောက် သူတို့က ပြုံးရွှင်နေသော မျက်နှာထားဖြင့် ရှောင်လုံကို သတင်းပို့လိုက်သည်

"....ဂိုဏ်းချုပ် ... ကျွန်တော်တို့ နတ်နဂါးမြက်ကို ရှာတွေ့ခဲ့ပါပြီ ...."

ကျောင်းရှုတို့ကိုမြင်လိုက်တာကြောင့် သိုင်းလေ့ကျင့်မှုကို ရပ်တန့်လိုက်သော ရှောက်လုံက ကျောင်းရှုစကားကိုလည်း ကြားရော ဝမ်သာမှုကြောင့် တစ်ချက်တုန်သွားပြီး မျက်လုံးတွေက အရောင်တောက်လာသည် ။

"... ရတနာနယ်မြေထဲရှိတဲ့ ချန်မိသားစုရဲ့ ဂိုဏ်းချုပ် နတ်နဂါးသိုက်ကိုသွားတုံးက နဂါးသိုက်ထဲကနေ နတ်နဂါးမြက်ရှစ်ခု ကိုရှာတွေ့ခဲ့တယ်လို့ ကျွန်တော်တို့ နတ်တံခါးဂိုဏ်သားတစ်ယောက်က သတင်းပို့လာပါတယ် .... "

ကျန်းဖူက ရယ်မောရင်း စကားဖြတ်ပြောလိုက်သည်။

"... နတ်နဂါးမြက် ရှစ်ခု ဟုတ်လား...."

ရှောင်လုံ မျက်နှာတစ်ခုလုံးမှာ အပြုံးပန်းများ ပွင့်လန်းလာသည် ။

နတ်နဂါးမြက် ရှစ်ခု .....!

သို့သော် နတ်နဂါးမြက်ရှစ်ခုနှင့်ဆိုရင် နတ်နဂါးရုပ်အလောင်းတစ်ခုဆီက စွမ်းအားတွေကိုသာ စုပ်ယူဖုိ့အတွက် လုံလောက်လေသည်။
ကမ္ဘာဦး နတ်နဂါးကြီးတွေ သေဆုံးခဲ့တာက နှစ်ပေါင်းထောင်ကျော် ကြာမြင့်သွားသော်လည်း သူတို့ ခန္ဓာကိုယ်ထဲမှာက  ကြောက်မက်ဖွယ်ရာ စွမ်းအားတွေ ခိုအောင်းလျက်ပင် ရှိနေသေးသည်။ နတ်နဂါးမြက်တစ်ခုက ထိုပြင်းထန်သော စွမ်းအာတွေကို ငြိမ်သက်အောင် လုပ်ပေးနိုင်စွမ်းမရှိပေ ။
ရှေးဟောင်းက ကျမ်းစာများထဲတွင် ကမ္ဘာဦး နတ်တံခါးတစ်ကောင်ဆီမှ စွမ်းအားတွေကို စုပ်ယူလိုလျင် အနည်းဆုံး နတ်နဂါးမြက် ခုနှစ်ခုလောက်ကို အသုံးပြုဖို့လိုအပ်သည့် ဖော်ပြထားကြသည်။

.......

ပြိုင်ဘက်ကင်းသိုင်းဝိညာဉ်

အပိုင်း ၄၁၅ ......

"... သတင်းပေးလာတဲ့ ဂိုဏ်းသားကို ထိုက်ထိုက်တန်တန် ချီးမြှင့်လိုက်ပါ ....."

ရှောင်လုံက ကျောင်းရှုတို့ကို ညွန်ကြားလိုက်သည်။

".... ဂိုဏ်းချုပ် ရတနာနယ်မြေက စကြာဝဠာနတ်ဘုရားဂိုဏ်းရဲ့ အုပ်ချုပ်မှုအောက်မှာရှိတာပါ.... "

ကျောင်းရှုက သူစိုးရိမ်နေသည့် အချက်ကို ထုတ်ပြောလိုက်သည်

".... နောက်ပြီး ချန်မိသားစုဂိုဏ်းချုပ်ကလည်း နတ်နဂါးမြက်တွေကို ထုတ်ရောင်းမရောင်းဆိုတာတော့ မသေချာပါဘူး ....."

ရှောင်လုံကတော့ တည်တည်ငြိမ်ငြိမ်ဖြင့် လက်ထောင်ပြလိုက်ပြီး

".... စိတ်မပူပါနဲ့ ကျုပ်ဘာသာ ကြည့်ကျက်ပြီး စီစဉ်လိုက်ပါ့မယ် ...."

အခုအချိန်မှာ အရေးအကြီးဆုံးက နတ်နဂါးမြက်ရှိနေသည့်နေရာကို သိဖို့ပင်ဖြစ်သည်။ ကျန်တာတွေက သိပ်ပြီး ရှောင်လုံလိုလူမျိုးအတွက် သိပ်ပြီး မခက်ခဲလှပေ ။

နတ်နဂါးမြက်က အလွန်ရှားပါးသော ဆေးပင်တစ်ခုဖြစ်သော်လည်း သူရဲ့ အဓိက အားသာချက်မှာ ကမ္ဘာဦး နတ်နဂါးကြီးများကိုယ်ထဲမှ  သွေးနှင့် အဆီအနှစ် ကဲ့သို့ ကြမ်းတမ်းပြင်းထန်သော စွမ်းအင်တွေကို ကြမ်းတမ်းပြင်းထန်မှု လျော့ကျသွားနိုင်  စွမ်းဆောင်နိုင်ခြင်းဖြစ်သည် ။ ထိုကြောင် ကမ္ဘာဦး နတ်နဂါးကြီးများ၏ ရုပ်အလောင်းမရှိပဲ နတ်တံခါးမြက်ရှိနေခြင်းက ချန်မိသားစုဂိုဏ်းချုပ်အတွက် မျောက်လက်ထဲသို့ ပတ္တမြားတစ်လုံးရောက်နေခြင်းနှင့်အလား သဏ္ဍာန်တူလေသည် ။ ပတ္တမြားက တန်ဖိုးရှိတာမှန်သော်လည်း မျောက်အတွက်တော့ ငှက်ပျော်သီးတစ်လုံးလောက်ပင် အသုံးဝင်ခြင်း မရှိပေ။

ထိုကြောင့် ချန်ဂိုဏ်းချုပ်ကို သူ့ဆီက တန်ဖိုးရှိသောအရာတွေနဲ့သာ ဆွဲဆောင် လိုက်မယ်ဆိုရင် နတ်နဂါးမြက်ရှစ်ခု ရှောင်လုံလက်ထဲသို့ ရောက်မလာမှာကို စိုးရိမ်နေစရာမလိုပေ ။

"... ဟုတ်သားပဲ ...ကျွန်တော်မျိုး ဂိုဏ်းချုပ်ကို သတင်းပို့စရာကိစ္စတစ်ခုရှိပါသေးတယ် ...."
ကျန်းဖူက ရုတ်တရက် ပြောလိုက်သည်

"... အိုး ဘာများပါလိမ့် ....?"

ရှောင်လုံက တည်ကြည်နေသော ကျန်းဖူ၏ မျက်နှာထားကိုမြင်တော့ အံ့သြသွားပြီး ပြန်မေးလိုက်သည် ။

"....သိပ်မကြာခင်လေးကပဲ နှင်းလေ တိုင်းပြည်  မြင့်မြတ်သောဗုဒ္ဓအင်ပါရာနိုင်ငံက သတင်း ပို့သမား တစ်ယောက် ရောက်လာပါတယ် .... သူတို့ရဲ့ မင်းသမီးလေး ရှီရှောင်ဖေးက ကျွန်တော်တို့နောက်ကို ခိုးလိုက်လာ တာ အခုဆိုရင် တိမ်ကြယ်တာရာ တိုင်းပြည်ထဲကို တောင် ရောက်နေပြီလို့ ဆိုပါတယ် ...."

"... ရှီရှောင်ဖေးက တိမ်ကြယ်တာရာတိုင်းပြည်ထဲကို ရောက်နေတယ်ဟုတ်လား ....?"

ရှောင်လုံက ကြားလိုက်ရသော သတင်းကြောင့် မျက်လုံး ပြူးသွားလေသည် ။  ရှောင်လုံ မြင့်မြတ်သော ဗုဒ္ဓ နန်းတော်အတွင်းမှာ နေထိုင်နေစဉ် တိမ်ကြယ်တာရာတိုင်းပြည်သို့ လိုက်လိုကြောင်း ရှိရှောင်ဖေးက သူ့ကို ပူဆာဘူးသည် ။ သို့သော် ရှောင်လုံက မခန့်မှန်းနိုင်သော အန္တရာယ်တွေကြောင့် ငြင်းဆန်ခဲ့သည်။

အလှ နတ်သမီးလေးက သူနောက်ကိုလိုက်လာရင်း တိမ်ကြယ်တာရာတိုင်းပြည်ထဲအထိ ရောက်လာလိမ့်မယ်လို့ ရှောင်လုံ ထင်မထားခဲ့ပေ..။

".... မြင့်မြတ်သော ဗုဒ္ဓအင်ပါရာရဲ့ သတင်းစကားထဲမှာ ရှီရှောင်ဖေး မြင့်မြတ်သောဗုဒ္ဓတိုင်းပြည်ထဲကနေ ထွက်ခွာသွားပြီးကတည်းက အချိန်နှစ်ရက်ဆိုတာနဲ့ သတင်းပြန်ပို့လေ့ ရှိတယ်လို့ ဆိုပါတယ် .... ဒါပေမယ့် အခုဆိုရင် ဆယ်ရက်ကြာသွားတာတောင် ရှီရှောငိဖေးဆီက သတင်းတစ်စုံတစ်ရာ မကြားရဘူးလို့ ဆိုပါတယ် ....."

ကျောင်းရှုက ဆက်ပြောလိုက်သည်။

ရှောင်လုံက မျက်မှောင်ကြုတ်သွားပြီး

"... ဆယ်ရက်ကြာပြီးတာတောင် သတင်းတစ်ခု မရတော့ဘူးဟုတ်လား ....?"

"... အင်းကြည့်ရတာ ရှီရှောင်ဖေး အန္တရာယ်နဲ့ ရင်ဆိုင်နေရပြီထင်တယ် ...."

"... ရှီရှောင်ဖေးနဲ့ မြင့်မြတ်သော ဗုဒ္ဓနန်းတော်အကြားက ဆက်သွယ်မှုက ဘယ်နေရာမှာ နောက်ဆုံး ပြတ်တောက်သွားတာလဲ ....?"

ရှောင်လုံက ရှီရှောင်ဖေး ပျောက်ဆုံးသွားမှုနှင့် ပတ်သတ်ပြီး အရေးအကြီးဆုံး အချက်ကို မေးလိုက်သည် ။

".... မြင့်မြတ်သော ဗုဒ္ဓအင်ပါရာ ရှီဖန်းထျန်ပြောတာတော့ ရှီရှောင်ဖေးဆီက နောက်ဆုံးသတင်းစကားရရှိခဲ့တဲ့နေရာက  တိမ်ကြယ်တာရာတိုင်းပြည်ထဲက ရတနာနယ်မြေထဲမှာပါ ......"

".... ရတနာနယ်မြေ ....."

အဖြစ်အပျက်တွေက အရမ်းကို တိုက်ဆိုင်လွန်နေတာမြင်တော့ ရှောင်လုံလည်း နည်းနည်းတော့ အံ့သြသွားသည်။

"... ရှီဖန်ထျန်က ဗုဒ္ဓအင်ပါရာနိုင်ငံကို ကာကွယ်ရမှာဖြစ်တဲ့ အတွက် နှင်းလေတိုင်းပြည်ထဲကနေ ထွက်လာလို့မရဘူးလို့ ပြောပါတယ်  ...အဲ့ဒါကြောင့်သူက ရှီရှောင်ဖေးကို ရှာပေးဖို့ ဂိုဏ်းချုပ်ဆီမှာညအကူအညီတောင်းခံလိုက်တာပါ ...."

ကျန်းဖူ ပြောလိုက်သည်။
ရှောင်လုံကခေါင်းညိတ်ပြလိုက်သည်  ။ မြက့်မြတ်သောဗုဒ္ဓနိုင်ငံ၏ ဘုရင်မင်းမြတ် ရှီဖန်ထျန်က သူ့ရဲ့ ဆရာတူ အကိုဖြစ်သည် ။ ထိုအပြင် ရှီရှောင်ဖေးတိမ်ကြယ်တာရာတိုင်းပြည်ထဲမှ ပျောက်ဆုံးသွားတာကလည်း သူတာဝန်မကင်းလှပေ ။
အကြောင်းပြချက်ကြောင့်ဖြစ်စေ ပတ်သတ်မှုကြောင့်ဖြစ်စေ ရှောက်လုံဆီမှာ ရှီရှောင်ဖေးကို ရှာပေးဖို့ တာဝန်ရှိနေသည် ။

".... ရှီရှောင်ဖေး ကိစ္စကို စိတ်မပူဖို့ အကိုကြီး ရှီဖန်ထျန်ဆီကို သတင်းပြန်ပို့လိုက်ပါ  ...."
ရှောင်လုံက တည်ကြည်လေးနက်စွာ ပြောလိုက်သည်။

"...အဲ့ဒါဆို  ကျုပ် ရတနာနယ်မြေကို သွားတော့မယ် ... ကျုပ်မရှိတုံး နတ်တံခါးဂိုဏ်းအုပ်ချုပ်ထားဖို့ကတော့ ခင်ဗျားတို့နှစ်ယောက်ကိုပဲ ဒုက္ခပေးရအုံးမှာပဲ..."

ရှောင်လုံက ထပ်ပြောလိုက်သည်။  ရှောင်လုံက ရတနာနယ်မြေသို့  အခုချက်ချင်းသွားဖို့ စီစဉ်ထားတာကိုကြားတော့ ကျောင်းရှု နှင့် ကျန်းဖူတို့နှစ်ယောက်လုံး အံ့သြသွားကြသည်။ 
ထိုအပြင် ရှောင်လုံက ဒိတစ်ကြိမ်မှာ တစ်ယောက်တည်းသွားဖို့ ဆုံးဖြတ်ထားတာပဲ ဖြစ်သည်။
ကျန်းဖူက ရှောင်လုံလုံခြုံရေးအတွက် စိုးရိမ်ပြီး သူ့ကိုပါ တပါတည်းခေါ်သွားဖို့ ရှောင်လုံအား တောင်းဆိုလိုက်သည်။

ရှောင်လုံက ခေါင်းခါပြီးပြောလိုက်သည်

".... ဒီကိစ္စက ကျုပ်တစ်ယောက်တည်းနဲ့ လုံလောက်ပါတယ် .. ကျုပ်တို သုံးယောက်လုံးမရှိရင် နတ်တံခါးဂိုဏ်းကို ဘယ်သူက အုပ်ချုပ်မှာလဲ ...?
လူတွေများနေရင် ကျုပ်တို့ကိုပိုပြီး အာရုံစိုက်နေကြလိမ့်မယ် ...  ကျုပ်တို့ လူများများသွားလေ စကြာဝဠာနတ်ဘုရားဂိုဏ်းဘက်က ပိုပြီးသတိထားမိလေ ဖြစ်နေမယ် ...."

ရှောင်လုံ စကားကြားတော့ ကျန်းဖူတို့က လက်မခံသော်လည်း နောက်ဆုံးမှာတော့ အရှုံးပေး လိုက်ရသည်။ ရှောင်လုံက သူမရှိစဉ် ကျန်းဖူတို့ အာရုံစိုက်ထားရမယ့် ကိစ္စတွေကို မှာကြားလိုက်သည် ။

ကျန်းဖူတုိ့နှစ်ယောက် ထွက်ခွာသွားပြီးနောက် ရှောင်လုံက တစ်စုံတစ်ရာကို စဉ်းစားနေသလိုမျိုး မလှုပ်မရပ်ဖြင့် ငြိမ်သက်နေသည် ။ ထိုနောက် အခန်းထဲမှ သူ့ပုံရိပ်က ပျောက်ကွယ်သွားပြီး မိုးကောင်ကင် ဖီးနစ်တောင်တန်းကြီး၏ မြောက်ဘက်ပိုင်းတွင် ပြန်ပေါ်လာသည်။ မိုးကောင်းကင်ဖီးနစ်တောင်တန်း၏ မြောက်ဘက်တွင် နတ်တံခါးဂိုဏ်း၏ ရတနာသိုက် အဆောက်အဦး တည်ရှိသည်။

လွန်ခဲ့သောရက်တွေက ရှောင်လုံသိုင်းလေ့ကျင့်ရင်း အလုပ်ရှုပ်နေတာကြောင့် နတ်တံခါးဂိုဏ်း၏ ရတနာသိမ်းဆည်းရာ အဆောက်အဦးကို တစ်ကြိမ်မှ မရောက်ခဲ့ပေ ။ သူ့ဆရာရန်ဝူကောင်က သူ့အတွက် လက်ဆောင်ရတနာတစ်ခုကို နတ်တံခါးဂိုဏ်း၏ ရတနာသိုက်ထဲမှာ ချန်ထားပေးခဲ့သည်ဟု နတ်အတွင်းအားသိုင်းကျမ်းထဲမှာ ရေးသားထားသည် ။

ထိုကြောင့်လည်း ရှောင်လုံက သူ ရတနာနယ်မြေသို့ မသွားရသေးခင်မှာ သူ့ဆရာ သူ့အတွက် ချန်ထားခဲ့သော ရတနာလက်ဆောင်အား သွားကြည့်ဖို့ ဆုံးဖြတ်လိုက်သည် ။

"... ဂိုဏ်းချုပ်ကို ဂါရဝပြုပါတယ် ...."
ရှောင်လုံကိုမြင်လိုက်တော့ ရတနာဆောင်ကို စောင့်ကြပ်နေသော အကြီးအကဲတွေက ရှောင်လုံအရှေ့သို့ အလျင်အမြန်ရောက်လာကြပြီး ရိုရိုသေသေ နှုတ်ဆက်လိုက်ကြသည်။

"... တခမ်းတနားကြီး ဂါရဝပြုနေဖို့ မလိုပါဘူး ထကြပါ ..."
ရှောင်လုံက အကြီးအကဲတွေကို ကြည့်ပြီးပြောလိုက်သည်။ ထိုနောက် ရှောက်လုံက အကြီးအကဲတွေကို ပုံမှန်အတိုင်း ရတနာအဆောင်ကို စောင့်ကြပ်နေကြဖို့ မှာကြားပြီး ရတနာအဆောင်၏ ဝင်ပေါက်ဆီသို့ လမ်းလျှောက်သွားလိုက်သည် ။

နတ်တံခါးဂိုဏ်းရတနာအဆောက်အဦး၏ ဝင်ပေါက်တံခါးက မီတာတစ်ရာမြင့်မားပြီး မီတာ သုံးဆယ်နီးပါး ကျယ်ပြန့်သည် ။ ရှောင်လုံက မည်းနက်နေသော တံခါးကြီးကိုမြင်မြင်ချင်းမှာ မည်သည့်အရာဝတ္ထုဖြင့် တည်ဆောက်ထားသလဲဆိုတာကို မခန့်မှန်းနိုင်အောင် ဖြစ်နေသည် ။ မည်းနက်နေသော တံခါးကြီးက  နေရောင်အောက်မှာ အနက်ရောင်များ တဖိတ်ဖိတ်တောက်ပနေသည်။ သို့သော် တံခါးနှင့် နီးကပ်လာသည်နှင့်အမျှ အရိုးထဲအထိ ဖောက်ထွင်းသွားတော့မတတ် အေးစက်နေသော အအေးဓတ်က တဖြည်းဖြည်း ပြင်းထန်လာသည်။

အလွန်အေးသော အအေးဓတ်က ရှောင်လုံလည်း နည်းနည်းတော့ အံ့အားသင့်သွားသည်။  သူလိုမျိုး စကြာဝဠာအဆင့် ၄ သိုင်းပညာရှင်ကို ဤအအေးဓတ်က ဒုက္ခမပေးနိုင်သော်လည်း ကောင်းကင်သိုင်းသမားတွေကတော့ ဒီတံခါးနားကိုတောင် ကပ်နိုင်မှာ မဟုတ်ပေ ။

ရှောင်လုံက တံခါးအရှေ့ကိုရောက်တော့ တံခါးပတ်ဝန်းကျင်ကို တစ်ချက်အကဲခတ်ကြည့်လိုက်သည် ။ မကြာခင်မှာ သူ့မျက်လုံးတွေက တံခါး၏ ဘယ်ဘက်နားမှာ  လက်ဝါးရာတစ်ခုရှိနေတာကို သတိပြုမိလိုက်သည်။

ရှောင်လုံက သူ့ညာလက်အား တံခါးပေါ်မှ လက်ဝါးရာပေါ်တွင် ဖိကပ်ပြီး နတ်အတွင်းအား နည်းစနစ်အတိုင်း သွေးတွေကို ခန္ဓာကိုယ်ထဲမှာ လှည့်ပတ် စီးဆင်းစေလိုက်သည် ။ ရှောင်လုံ လက်ဝါးမှထွက်ပေါ်လာသေည နတ်အတွင်းအားတွေ တံခါးပေါ်မှ လက်ဝါးရာထဲသို့ စီးဝင်သွားချိန်တွင် တံခါးကြီးက အလင်းရောင်များဖြင့် တောက်ပလင်းလက်လာပြီး ဖြည်းဖြည်းချင်း ပွင့်သွားသည်။

နတ်တံခါးဂိုဏ်း၏ ရတနာသိုက်၏ တံခါးကို နတ်အတွင်းအားနှင့်သာ ဖွင့်လှစ်နိုင်သည် ။
ထိုကြောင့် သူ့ဆရာရန်ဝူကောင်း သူ့အတွက် ချန်ထားခဲ့သောရတနာပစ္စည်းက ချန်ထျန်ချီ လက်ထဲရောက်ရှိနေမှာကို ရှောင်လုံက နည်းနည်းလေးမှ စိုးရိမ်ခြင်း မရှိပေ ။

ရှောင်လုံ ရတနာအဆောက်အဦးထဲကို ဝင်လိုက်သော အင်အားကြီးသော အော်ရာတစ်ခုက သူ့တစ်ကိုယ်လုံးကို လွှမ်းခြုံသွားတာကို ခံစားလိုက်ရသည်။ ထိုနောက် အခန်းကျယ်ကြီး၏ အလယ်မှာ ယဇ်ပလ္လင် တစ်ခုရှိနေတာကို ရှောင်လုံ သတိပြုမိလိုက်သည် ။ ထိုယဇ်ပလ္လင်ထက်တွင် လူနှင့်တူသော သတ္တဝါ တစ်ကောင်အား သံကြိုးများစွာဖြင့် တုပ်နှောင်ထားတာကို ရှောင်လုံ မြင်လိုက်သည်။ထို သတ္တဝါကြီးအားတုပ်နှောင်ထားသော သံကြိုးထူထူများပေါ်တွင် ထူးခြားသောရှေးဟောင်းစာသာများကို ရေသားထားသည် ။ ထိုရှေးဟောင်း စားသားတွေက အလင်းရောင် တလက်လက်တောက်ပနေ၏ ။

ထူးဆန်းသော သတ္တဝါကြီး၏ ဦးခေါင်းထက်တွင် ဦးချိုတိုတိုလေး နှစ်ခုရှိသည်။ သူ၏ လက် ၊ ခြေထောက် ၊ ခန္ဓာကိုယ်နှင့် တခြားအစိတ်အပိုင်းများကို အကြေးခွံများက ဖုံးအုပ်ထားသည်။ သူ့မျက်လုံးတွေက မီးကျီခဲလို ရဲရဲနီနေပြီး လက်ဆယ်ချောင်းလုံးမှ လက်သည်းတွေကလည်း သွေးများဖြင့် နီရဲနေသည် ။

".... ဒါ....ဒါက ငရဲက နတ်ဆိုးလား ....?"

ရှောင်လုံက ဖြစ်နိုင်ခြေတစ်ခုကို စဉ်းစားမိလိုက်ပြီး မျက်လုံးပြူးသွားသည် ။

ငရဲမှ နတ်ဆိုးမိစ္ဆာ ....?!

နတ်တံခါးဂိုဏ်းရဲ့ ရတနာအဆောက်အဦးထဲမှာ
အသက်ရှင်ရက်ရှိနေတဲ့ နတ်ဆိုးတစ်ကောင် ရှိနေတာပါလား ......။

ငရဲမှ နတ်ဆိုးကြီးကိုကြည့်ရင်း ရှောင်လုံ အရမ်းကို အံ့သြတုန်လှုပ်သွားလေသည် ။ နတ်ဆိုးကြီး ကိုယ်မှ ထွက်ပေါ်နေသော စွမ်းအားတွေကို ရှောင်လုံခံစားမိလိုက်သည် ။ ပြင်းထန်သော အတွင်းအားလှိုင်းများအရ နတ်ဆိုးကြီးက  စကြာဝဠာအဆင့် ၁၀ သိုင်းပညာရှင် နီးပါးလောက်ကို  စွမ်းအားရှိနေသည် ။

".... ဒီလို စွမ်းအားကြီးတဲ့ နတ်ဆိုးကြီးကို ဆရာဘယ်လိုလုပ်ပြီး ရှာတွေ့ခဲ့တာလဲ မသိဘူး ...."

ရှောင်လုံဆီက အာမေထိတ်အသံ ထွက်ပေါ်လာသည်။ ထိုနောက် ရှောင်လုံက တစ်စုံတစ်ရာကိုတွေးမိလိုက်သည်။

ဒါဆိုရင်  ဆရာက ငရဲပြည်ကို ရောက်ခဲ့ပြီးပြီလားမသိဘူး ......။

သူဆရာ ငရဲပြည်သို့ ရောက်ခဲ့ခြင်းကြောင့်သာ ငရဲမှာသာ ကျက်စားတတ်သည့် နတ်ဆိုးကြီးကို နတ်တံခါးဂိုဏ်းဆီသို့ အခုလိုမျိုး  ဖမ်းခေါ်လာနိုင်ခဲ့တာ မဟုတ်ပါလား ....။

သံကြိုးများဖြင့် တုပ်နှောင်ခံထားရသော နတ်ဆိုးကြီးက ရှောင်လုံရောက်လာတာကို သတိပြုမိသွားပြီးနောက် သူ့မျက်လုံးတွေက မီးထွက်လုမတတ် ရဲရဲနီလာပြီး သူကိုယ်ထဲမှ  လူသတ်ချင်စိတ်တွေ ကြမ်းတမ်းစွာ ထွက်ပေါ်လာသည်။ နတ်ဆိုးကြီးက ထူးခြားဆန်းကြယ်သော ရှေးဟောင်းစာသားများရေးသားထားသော သံကြိုးများဖြင့် ဖိနှိပ်ချုပ်နှောင်ခံထားရတာတောင် ဤမျှ ကြမ်းတမ်းသော ကိုယ်ရောင်ကိုယ်ဝါတွေကို ထုတ်ဖော်နိုင်သေးတာမြင်တော့ အကယ်၍ နတ်ဆိုးကြီးအား တုပ်နှောင်ထားသော သံကြိုး တွေသာ ပြုတ်ထွက်သွားခဲ့ရင်ဆိုသော အတွေးဖြင့် ရှောင်လုံ နှလုံးသားတစ်ခုလုံး အေးစက်သွားသည် ။

အပိုင်း ၄၁၆  ....

واصل القراءة

ستعجبك أيضاً

76.1K 3.5K 89
Y/N, a once valiant warrior, is losing himself to a malevolent curse, and Jingliu is unwavering in her determination to save him. As they grapple wit...
25.4K 634 108
النوع: شونين اي ، مأنها ، كوميديا ، دراما ، الحياه المدرسيه العمل: مستمر -القصه- "يوما يحكى قصه مرحه عن الحياة...
15.4K 654 27
In this story A boy named The same as the protagonist's name in his previous life a Boy named Satoru Mikami is and ordinarily Otaku High schooler H...
20.7K 435 42
What If Chloe lukasiak has a twin sister who is the favorite?