💝 Part - 56 💝
◽◽◽◽◽
"ကလေးတွေ အဆင်ပြေနေကြသားပဲ"
အဖေ့လေသံတိုးဖွဖွကြောင့် သူပြုံးလိုက်မိသလို အစ်ကို့ကိုလည်းတစ်ချက်လှမ်းကြည့်မိသည်။
ညခင်းဘက်မို့ လူငယ်ချိန်ဖြစ်ကာ ပေါ့ပေါ့ပါးပါးရယ်မောသွားလာနေကြပြီး သားပေါက်က သူ့ရဲ့လဂာ်နက်ဝယ်လက်တွေအတွက် Mask partyလုပ်ပေးထားသေး၏။
တချို့ဝယ်လက်တွေက လူသိမခံချင်ကြတာမို့ mask partyက သူတို့တွေအတွက် ပိုအဆင်ပြေကြ၍ ဒီကောင့်ခေါင်းကလည်း အစ်ကို့ကို အမှီလိုက်နိုင်မည့်ခေါင်းဖြစ်သည်။
"အဲ့လောက်ဆို ကျွန်တော်တို့စိတ်ချရပါပြီ သားပေါက်က သိပ်တော်တယ် Leoponကိုရော သက်ထက်ကိုပါ အပြည့်အဝကာကွယ်နိုင်မှာပါ"
"သက်ထက်ကို မြေပြန့်မှာထားမယ်ဆိုရင် အစ်ကိုက ဒီမှာပဲနေမှာလား"
"ငါက လားရှိုးကိုပြန်မှာ"
"ဟေ!"
အဖေရော သူပါ အံ့ဩသွားပေမယ့် အစ်ကိုကတော့ ဆုံးဖြတ်ထားသောမျက်နှာဖြင့် တည်ငြိမ်နေခဲ့သည်။
"ဘာဖြစ်လို့လဲ"
"အဖေတစ်ယောက်တည်း မနေသင့်တော့ဘူး ပြီးတော့ ငါလည်း အိမ်မှာပြန်နေချင်လို့"
အစ်ကို့ပါးစပ်ဖျားက အိမ်ဆိုသည့်စကားကြောင့် စိတ်မကောင်းဖြစ်သွားမိကာ လူတွေဟာအသက်ကြီးလာလေ၊ မွေးရပ်မြေကိုတမ်းတလေဆိုတာ အမှန်တကယ်ဖြစ်လောက်သည်။
အစ်ကို အိမ်ကိုလွမ်းနေမလားဟုလည်း တစ်ခါမှမတွေးဖူးသလို ကိုယ်တိုင်လည်း လွမ်းရကောင်းမှန်းမသိခဲ့။
"သီဟနဲ့နန္ဒကို သားပေါက်နဲ့ထားခဲ့မှာ သားပေါက်အတွက် အစစအရာရာ လွှတ်ထားလို့ရတဲ့အခါမှ အဲ့နှစ်ကောင်ကိုပြန်ခေါ်မယ်"
"အဲ့ဒီနှစ်ယောက်ကလည်း ဇွဲသူရနဲ့ မိုးသူလိုပါပဲလား"
"သူတို့မျိုးဆက်တွေပဲ အဖေရယ်"
ဒါပေမယ့် အခုတော့ ထိုနှစ်ယောက်လုံးမရှိတော့ပြီပဲ။
Leoponကိုရောက်စကတည်းက လက်တွဲခဲ့သည့် မိုးသူညီအစ်ကိုဟာ အစ်ကို့ကိုခွဲခွာချင်ပုံလည်းမရပေမယ့် အစ်ကို့အမိန့်ကိုလည်း မလွန်ဆန်ရဲကြ။
ခမ်းနားသောအရှိန်အဝါဖြင့် အသားကျနေခဲ့သည့် အစ်ကိုကရော သာမာန်ဘဝမှာ နေထိုင်တတ်ပါ့မလား…
"ချစ်ခြင်းကရော"
"သူလည်းငါနဲ့လိုက်မှာ ငါပိုင်တာအဲ့ဒါလေးရှိတော့တယ် ကျန်တာသားပေါက်ကိုအကုန်ပေးခဲ့ပြီးပြီပဲ နောက်ကြောင်းပြန်လှည့်မကြည့်ချင်တော့ဘူး သူ့သဘောသူ့ဆန္ဒနဲ့ပဲ ဆက်အုပ်ချုပ်နေခဲ့လိမ့်မယ်"
"မြေပြန့်က အစ်ကို့ရဲ့ privateကျောင်းတွေနဲ့ ကာစီနိုကရော"
"မင်းလက်ထဲမှာပဲလေ မင်းကြိုက်တာလုပ်ပေါ့"
"မလုပ်ပါဘူး အစ်ကို့အပိုင်ဥစ္စာ"
"အေး.. အဲ့ဒါဆိုလည်း ငါ့အကောင့်ထဲကိုသာ လတိုင်းအပြည့်ထည့်ပေးလိုက်"
သူ ရယ်လျှက်ခေါင်းခါပြမိပြီး ဒီအဖေ၊ ဒီအစ်ကိုနဲ့ ရင်းနှီးနွေးထွေးစွာ နေချင်စိတ်ဖြစ်လာသောကြောင့် အကယ်၍ မြေပြန့်ကိုပြန်ရောက်ခဲ့လျှင် သက်ထက်အတွက်ကိုသာ ဦးစားပေးတော့မည်။
အသက်ကလေး ဒီနယ်ပယ်မှာ ကျွမ်းကျင်ခိုင်မာလာခဲ့လျှင် အဖေနဲ့အစ်ကိုဆီမှာ တစ်လတန်သည်၊ နှစ်လတန်သည် နေရမည်။
ငွေကြေးစည်းစိမ်တွေနောက် လိုက်ခဲ့ပြီးပြီမို့ ဘဝရဲ့အေးချမ်းမှုကို ရှာဖွေဖို့အချိန်ရောက်ပြီဟု သူ ထင်မိသောကြောင့်လည်း ဖြစ်၏။
💝💝◽◽◽💝💝
"မမလေး မတွေ့ရတာတောင်ကြာပြီ"
ငလျှံ့ရဲ့ပွဲဖြစ်ပေမယ့် Mineကိုလာနှုတ်ဆက်သူတွေလည်းရှိကာ သူမကတော့ Cocktailတစ်ခွက်ကိုင်ကာ ခေါင်းလေးပြန်ညိတ်ပြီးနှုတ်ဆက်၏။
Mineဟာ Leoponရဲ့တစ်ထောင့်တစ်နေရာမှာ ခမ်းနားထည်ဝါသော သူရဲကောင်းတစ်ယောက်ဖြစ်ခဲ့သူမို့ ယခုထက်ထိအရေးပါနေဆဲဖြစ်ပုံရသည်။
ရယ်မောစကားပြောနှုတ်ဆက်ကြရင်း သူမကို တရိုတသေ ခေါင်းညွတ်နှုတ်ဆက်သူတွေတောင် ရှိသေးသည်။
"သူတို့က ချင်းရွှေဟော်နယ်မြေလုပွဲတုန်းက အသက်နဲ့ပါခဲ့တဲ့လူတွေလေ"
"အင်း"
"ဟိုလူကြီးက ကချင်ပြည်နယ်နဲ့ ပြဿနာဖြစ်တုန်းက သူကခေါင်းဆောင်လေ"
သူမ ပြောသည့်နယ်မြေလုပွဲတွေ၊ ဘိန်းစစ်ပွဲတွေအကြောင်းလည်း ဘာမှမသိပေမယ့် ခေါင်းကိုသာညိတ်ပြပြီး နားထောင်နေမိသည်။
Mineကို တစ်ဦးတည်းသောသမီးလေးဖြစ်လင့်ကစား သူမရဲ့ဖေဖေက နုနုရွရွလေးမထားခဲ့မှန်း သူပိုပြီးသိလာခဲ့ကာ Mine ခေါင်းဆောင်ဖြစ်မလာသည့်အတွက် သူမဖေဖေဘယ်လောက်တောင် နှမျောလိမ့်မလဲ…
"Mine"
"အင်း"
"နောက်ထပ် လူမသဝာ်နဲ့တော့နော်"
သူမ လက်မဖဝါးလေးကို ယုယုယယဆုပ်ကိုင်ရင်း ကတိတောင်းလိုက်သည့်အခါ Mineက တွေဝေခြင်းကင်းမဲ့စွာ ခေါင်းလေးညိတ်ပြသည်။
ထိုလက်ဖဝါးလေးကိုပဲ မြဲမြံစွာဆုပ်ကိုင်ပြီး လက်ဖမိုးလေးကိုနမ်းမိတာ အမြတ်တနိုး…
"မင်း ကြီးပြင်းခဲ့တဲ့နယ်ပယ်မှာတော့ ကိုယ်က သောက်သုံးမကျတဲ့ကောင်ဖြစ်နေမယ် ဒါပေမယ့် မြေပြန့်မှာပဲနေတော့မယ်ဆိုရင်တောင် ကိုယ်ကမင်းအတွက် အသုံးဝင်မှာပါ"
"ဘာတွေပြောနေတာလဲ"
"ကိုယ် မင်းကိုအစစအရာရာ တာဝန်ယူချင်တယ် မင်းအဖေလို၊ မင်းအစ်ကိုလို ကာကွယ်မပေးနိုင်ရင်တောင် ကိုယ်တတ်နိုင်သမျှ တတ်စွမ်းသမျှ ကာကွယ်ပေးသွားမှာ
ကိုယ်တို့လက်ထပ်ကြမယ်နော်"
"ဟုတ်"
"ဒီကနေပြန်ရောက်ရင်"
"ကိုကြီးကအရမ်းလောတာပဲ"
မျက်စောင်းလေးတစ်ချက်ချီပြီး သူမ ချွဲနွဲ့စွာနှုတ်ခမ်းလေးစူလာ၍ ပါးနုနုလေးကို အသည်းတယားယားဖြင့် ဆွဲဖဲ့ပစ်လိုက်သည်။
ထိုအချိန် Mineရဲ့ဖုန်းက မက်ဆေ့ဝင်သံကြားလိုက်ရကာ ထိုအသံသည် ၃ခါဆက်တိုက်ဝင်လာ၍ Mineမျက်နှာလေးတည်ငြိမ်သွားကာ ဖုန်းကိုထုတ်ကြည့်၏။
"အလုပ်ကိစ္စလား"
"အင်း"
သူမအလုပ်ကိစ္စကို စိတ်ဝင်စားတာတော့မဟုတ်ပေမယ့် Mineဖွင့်ကြည့်နေသော graphတွေနှင့် အချက်အလက် သေးသေးလေးတွေကို တစ်ချက်လှမ်းကြည့်မိသည်။
မြင်လိုက်ရသည့်ခေါင်းစဥ်က The Grandဆို၍ သူသိသော Constructionတစ်ခုလားဟု တွေးမိသွား၏။
"The Grandနဲ့အလုပ်လုပ်နေတာလား"
"မဟုတ်ပါဘူး အဲ့ဒီက ရှယ်ယာတွေလိုချင်လို့"
"The Grandက နည်းနည်းအန္တရာယ်များတယ် Mine အဲ့ဒီမှာ ခရိုနီတွေရင်းနှီးမြှုပ်နှံကြတာ Min groupနဲ့တင် မင်းအဆင်ပြေတယ်မဟုတ်ဘူးလား"
"မဟုတ်ဘူး Min Groupကလည်း နာမည်ကြီးပါပဲ ဒါပေမယ့် အင်အားကြီးအုပ်စုကြီးဖြစ်ချင်တာ The Grandက သိပ်ချေတယ် ဈေးဘယ်လောက်ပေးပေး မရောင်းဘူး"
"မရောင်းရင်မဝယ်နဲ့တော့လေ"
"ဝယ်မှာ အဲ့ဒီConstructionက အသက်ရမယ့်တင်ဒါတွေ ဖြတ်ဖြတ်လုနေတာကြာပြီ ဟိုတစ်ခါက projectဆို စရံတောင်ပေးပြီးပြီ
သူတို့ဝင်ပါလာတာနဲ့ ပိုင်ရှင်က စရံကိုနှစ်ဆပြန်အမ်းသွားတာ"
"သူတို့ကရန်စတယ်ဆိုလည်း မသိသလိုနေလိုက်ပါ Mineရယ် မင်းအခုလုပ်နေတာက စီးပွားရေးအတွက်မဟုတ်တော့ဘူး လက်စားချေတာဖြစ်နေပြီ"
"ဟုတ်တယ်"
အေးစက်ပြတ်သားသော Mineရဲ့စကားကြောင့် စိတ်ညစ်သွားရပြီး သူမသည် သူဘယ်လောက်တားဆီးနေနေ ဆက်လုပ်မည့်သဘောမှာရှိ၏။
ဒီလောကထဲကို အခုမှရောက်လာသူမို့ ဘယ်လိုနည်းလမ်းဖြင့် The Grandလိုကုမ္ပဏီကိုခြွေချမလဲဟု သိချင်စိတ်လည်းဖြစ်လာရ၍ သူမ လုပ်နေသမျှကိုကြည့်နေလိုက်သည်။
"ရှယ်ယာဈေးကစားဖို့ အချက်အလက်တွေပြင်ဆင်ထားလိုက်တော့ Bloggerတွေဆီ ဖုန်းဆက်ထားတယ် အခုနာရီကစပြီး နောက်၆နာရီကြာရင် ဈေးကွက်အဖွင့်ဈေးကို ခါတိုင်းထက် 5%လောက်လျှော့ထားလိုက်"
"-----"
"ရတယ် ဖြစ်နိုင်ချေတွေ တွက်ပြီးပြီ The Grandဘက်က ငါးစာလာဟပ်တဲ့အချိန်ကျ ငါ့ဆီဖုန်းပြန်ဆက်"
"------"
"Channelတွေက Bloggerတွေရဲ့တာဝန်ပါ လောလောဆယ်အဲ့လောက်ပဲ"
ဖုန်းချပြီး ကြိတ်ပြုံးလိုက်သော Mineမျက်နှာသည် Civil warအသေးစားလေးဖန်တီးထားသော အပြုံးမျိုးနှင့်ဖြစ်သည်။
သေချာတာတစ်ခုက ဒီWarဖြစ်ခဲ့လျှင်လည်း Mineက နိုင်ဖို့သေချာနေသလောက်…
💝💝◽◽◽💝💝
"အဲ့ဒါကဘယ်လိုဖြစ်လာတာလဲ"
တစ်နေ့လုံး တစ်ညလုံး အလုပ်ရှုပ်နေခဲ့သောကြောင့် အခုမှအခန်းကိုပြန်ရောက်ကာ ထိုအခါမှ စိတ်ထဲမှာထင်ထားသမျှ တလွဲတွေဖြစ်နေမှန်း သိလိုက်ရ၏။
သူ့အထင်မှာ နေနေသည် သတို့သမီးတစ်ယောက်၏ ရင်ခုန်စိတ်လှုပ်ရှားနေဟန်လေး၊ ရှက်ကိုးရှက်ကန်းဟန်လေးဖြင့် သူ့ကိုစောင့်မျှော်နေလိမ့်မည်ဟု…
သို့သော်…
"မမ သိလား အေ့! နောက်ဆို ဆိုဂျူနဲ့ တကွီလာကို ရောမသောက်နဲ့ ခွေးဖြစ်ရုံတင်မကဘူး ခွေးအမေကြီးပါဖြစ်သွားမှာ အဟီး!"
"အေးပါ မသောက်ပါဘူး"
"ကိုကိုမလာသေးဘူးလားဟင်"
"ရောက်ပြီ"
"ကိုကိုလာရင် နေနေ့ကိုချီပါဦး"
အသက်ကတော့ ရယ်ချင်နေသောမျက်နှာဖြင့် သူ့ကိုလှည့်ကြည့်လာတော့ သူသည်လည်း စိတ်ဓာတ်ကျသွားပြီး မျက်လုံးတောင်မပွင့်တော့သည့် နေနေ့ကိုပွေ့ချီလိုက်ရ၏။
ဘယ်လောက်ထိသောက်ထားသလဲမသိသော ချစ်ဇနီးချောက သူပွေ့ချီလိုက်မှ တဟီးဟီးရယ်ကာ…
"တွေ့လား ဒေါ်သက်ထက်.. ရှင်ကသာ နေနေ့လိုစပ်စလူးမကို ယောင်းမ မတော်နိုင်ဘူးဆိုပြီး လေကြီးမိုးကြီးနဲ့ ရှင့်ကိုကိုက ကျွန်မယောကျာ်းဖြစ်နေပြီ"
"အေးပါ ငါမှားတာပါ"
"နေနေမ လင်ရပြီသိလား"
"အေး သိတယ် သိတယ်"
"ကိုကိုကရော ဘာလို့စကားမပြောတာလဲဟင် နေနေ့ကိုစိတ်ကုန်နေပြီလား"
"မကုန်ပါဘူး"
"ဟွန့်.. ကုန်ရဲကုန်ကြည့်ပါလား ကိုကို နေနေ့ကိုစိတ်ကုန်သွားရင် ပုန်းညှပ်ပန်းတွေ ဘုရားမှာလှူပြီး ဆုတောင်းမှာသိလား ကိုကိုလည်းပုန်းပါစေ ကိုကို့ပန်းလည်းညှပ်ပါစေဆိုပြီး"
"ဘာ!"
"ဒါမှကိုကို့ကို ဘယ်မိန်းမကမှမယူတော့မှာ"
အသက်ဆီက ခွိခနဲအသံထွက်လာတော့ သူ ရှက်သွားပြီး ပေါက်ကရတွေပြောလွန်းသော ဒီဟာလေးကို လွှင့်ပစ်လိုက်ရမလား တွေးမိသေးသည်။
သို့သော် ကိုယ်တိုင်လည်း မလုပ်ရက်တာမို့ ထိုနေရာမှ အလျှင်အမြန်ထွက်ပြေးလာခဲ့ရကာ တဟီးဟီးရယ်နေသော သူမကို မွေ့ရာပေါ်အသာချပေးရင်း သက်ပြင်းချလိုက်မိသည်။
တကယ်ဆို ဒီညဟာ ဇနီးမောင်နှံနှစ်ယောက် ချစ်ကြည်နူးတစ်တီတူးရင်း ပျော်ရွှင်နေရမည့်ည…
ဒီဟာလေးဟာ မူးမနေခဲ့ရင်…
💝💝◽◽◽💝💝
ဘယ်နှနာရီရှိနေပြီလဲမသိပေမယ့် ဆီးအိမ်ကတင်းနေပြီမို့ ဆက်ခွေမနေတော့ဘဲ စောင်ကိုကန်ချပစ်ပြီး အိမ်သာထဲပြေးဝင်လာခဲ့သည်။
ကျွတ်ခနဲအသံကြားလိုက်ရ၍ ကိုကိုပါနိုးသွားပြီမှန်း သိလိုက်ရကာ ခေါင်းတွေလည်းမူးပြီး နေနေ့တစ်ကိုယ်လုံးလည်း နံစော်နေသလိုခံစားရသည်။
နေနေ့ကိုယ်ပေါ်မှာလည်း ညကတည်းကဝတ်ထားသည့် ဝတ်စုံပဲမို့ ထွေထွေထူးထူးမစဥ်းစားတော့ဘဲ တစ်ခါတည်းရေချိုးပစ်လိုက်သည်။
သဘက်ကလေးပတ်ကာ အခန်းထဲပြန်ရောက်လာတော့ ကိုကိုက မွေ့ရာပေါ်မှာပဲရှိနေသေးကာ Laptopနှင့်ဘာတွေလုပ်နေသလဲမသိ။
"မင်းရေချိုးလိုက်တာလား"
"Omm နံစော်နေလို့"
"Aww"
"ခေါင်းတွေလည်းကိုက်တယ်"
"ကိုက်ရုံတင်မကဘူး ပြုတ်ပါပြုတ်ထွက်သွားသင့်တာ"
"ကိုကိုကလည်း"
လေသံကြီးတင်းမာနေသလို ကိုကို့မျက်နှာကလည်း စူပုတ်နေ၍ ညတုန်းက ကိုကို့ကို တော်တော်ရစ်လိုက်သလားဆိုသည့်အတွေးက ခေါင်းထဲပြန်ဝင်လာ၏။
ထိုအခါမှ ကိုကိုက နေနေ့ကိုမေးငေါ့ကာ…
"အရက်သမား နောက်တစ်ခါမူးလာရင် မင်းကိုစံအိမ်အပြင်ဘက်ပစ်ထားမယ်"
"ကိုကိုနေနိုင်လို့လား"
"မင်းဒီလောက်သောင်းကျန်းတာ ပစ်ထားရမှာပေါ့"
"ပြီးရော အာ့ဆိုလည်း အခုကတည်းက နေနေအပြင်ထွက်နေမယ်"
နှုတ်ခမ်းလေးစူထော်ကာ အခန်းအပြင်ထွက်ဖို့ပြင်တော့ ကိုကိုက စွေ့ခနဲပွေ့ချီပစ်လိုက်၍ ကိုကို့လက်မောင်းကြီးကို ဖက်ထားလိုက်ရသည်။
နေနေသိသားပဲ…
ကိုကိုက ပါးစပ်ကသာပြောပြီး နေနေ့အပေါ် ဘယ်တုန်းက တကယ်လုပ်ဖူးလို့လဲ…
"ဒီညကဘာညလဲ"
"အင်္ဂါနေ့ည"
"ဟုတ်လား.. ကိစ္စမရှိပါဘူး ဒီကောင်က မင်းကို Monday to Friday ၅ရက်အပြင် weekendနှစ်ရက်ရော အချိန်မရွေးစားမှာဆိုတော့"
"အာ! ကိုကိုနော်"
"အခုတောင် မိန်းက ကိုယ့်ယောကျာ်းအလိုက်ကိုသိသားပဲ ခူးခပ်ပြီးအုပ်ပေးထားတာဆိုတော့ စားရုံပဲလေ"
"သူများဘာသာရေချိုးထားတာ ကိုကို့ဖို့မဟုတ်ပါဘူး မကိုက်နဲ့လို့"
သူ့မျက်နှာကြီးကို တွန်းဖယ်ပစ်ပေမယ့် ကိုကို့အပြုံးတွေက ပြယ်လွင့်မသွားသည့်အပြင် နေနေ့နှုတ်ခမ်းတွေကို စုပ်ယူနမ်းရှိုက်သွားသောကြောင့် ကိုကို့အင်္ကျီစကိုဆုပ်ကိုင်ထားလိုက်မိသည်။
ရင်တွေခုန်လာမိသလို မူးနေသေးသည့်အရှိန်ကလည်း မပြေသေးသောကြောင့် စိတ်ထဲရဲတင်းနေကာ ကိုကို့အနမ်းတွေကို တုံ့ပြန်နေမိသည်။
သဘက်ကလေးကိုဆွဲဖယ်ပစ်လိုက်ကာ အစမပျိုးဘဲ တိုးဝင်လာသည့်ကိုကို့ကြောင့် ခါးတစ်ခုလုံးအောင့်မျက်သွား၍ နေနေ့မျက်နှာလေးရှုံ့မဲ့သွားသည်။
"တော်တော်ဖြစ်နေတာလား နာတယ်"
"ဟုတ်တယ် တော်တော်ဖြစ်နေလို့"
"ဖြည်းဖြည်းလုပ်လို့"
ကိုကို့ရယ်သံသဲ့သဲ့နှင့်အတူ နေနေ့လက်ကိုဆုပ်ကိုင်ပြီး မွေ့ရာခင်းပေါ်ဖိချခံလိုက်ရကာ လည်တိုင်ပေါ်ကျရောက်လာသည့် အနမ်းနွေးနွေးတွေ…
ဘယ်နှနာရီရှိနေပြီလဲမသိပေမယ့် ကိုကို့အကြင်နာနှင့် အထိအတွေ့တွေကြားမှာ နေနေ မိုးမလင်းချင်ခဲ့…
💝💝◽◽◽💝💝
Part 57 ဆက်ရန်
စာဖတ်သူတစ်ဦးချင်းစီကိုလေးစားလျက်
#shinthant1141997
~~~~~~~~~~~~~~~~~~
💝 Part - 56 💝
◽◽◽◽◽
"ကေလးေတြ အဆင္ေျပေနၾကသားပဲ"
အေဖ့ေလသံတိုးဖြဖြေၾကာင့္ သူႃပံုးလိုက္မိသလို အစ္ကို႔ကိုလည္းတစ္ခ်က္လွမ္းၾကၫ့္မိသည္။
ညခင္းဘက္မို႔ လူငယ္ခ်ိန္ျဖစ္ကာ ေပါ့ေပါ့ပါးပါးရယ္ေမာသြားလာေနၾကၿပီး သားေပါက္က သူ႔ရဲ့လဂာ္နက္ဝယ္လက္ေတြအတြက္ Mask partyလုပ္ေပးထားေသး၏။
တခ်ိဳ႕ဝယ္လက္ေတြက လူသိမခံခ်င္ၾကတာမို႔ mask partyက သူတို႔ေတြအတြက္ ပိုအဆင္ေျပၾက၍ ဒီေကာင့္ေခါင္းကလည္း အစ္ကို႔ကို အမွီလိုက္ႏိုင္မၫ့္ေခါင္းျဖစ္သည္။
"အဲ့ေလာက္ဆို ကၽြန္ေတာ္တို႔စိတ္ခ်ရပါၿပီ သားေပါက္က သိပ္ေတာ္တယ္ Leoponကိုေရာ သက္ထက္ကိုပါ အျပၫ့္အဝကာကြယ္ႏိုင္မွာပါ"
"သက္ထက္ကို ေျမျပန႔္မွာထားမယ္ဆိုရင္ အစ္ကိုက ဒီမွာပဲေနမွာလား"
"ငါက လားရိႈးကိုျပန္မွာ"
"ေဟ!"
အေဖေရာ သူပါ အံ့ဩသြားေပမယ့္ အစ္ကိုကေတာ့ ဆံုးျဖတ္ထားေသာမ်က္ႏွာျဖင့္ တည္ၿငိမ္ေနခဲ့သည္။
"ဘာျဖစ္လို႔လဲ"
"အေဖတစ္ေယာက္တည္း မေနသင့္ေတာ့ဘူး ၿပီးေတာ့ ငါလည္း အိမ္မွာျပန္ေနခ်င္လို႔"
အစ္ကို႔ပါးစပ္ဖ်ားက အိမ္ဆိုသၫ့္စကားေၾကာင့္ စိတ္မေကာင္းျဖစ္သြားမိကာ လူေတြဟာအသက္ႀကီးလာေလ၊ ေမြးရပ္ေျမကိုတမ္းတေလဆိုတာ အမွန္တကယ္ျဖစ္ေလာက္သည္။
အစ္ကို အိမ္ကိုလြမ္းေနမလားဟုလည္း တစ္ခါမွမေတြးဖူးသလို ကိုယ္တိုင္လည္း လြမ္းရေကာင္းမွန္းမသိခဲ့။
"သီဟနဲ႔နႏၵကို သားေပါက္နဲ႔ထားခဲ့မွာ သားေပါက္အတြက္ အစစအရာရာ လႊတ္ထားလို႔ရတဲ့အခါမွ အဲ့ႏွစ္ေကာင္ကိုျပန္ေခၚမယ္"
"အဲ့ဒီႏွစ္ေယာက္ကလည္း ဇဲြသူရနဲ႔ မိုးသူလိုပါပဲလား"
"သူတို႔မ်ိဳးဆက္ေတြပဲ အေဖရယ္"
ဒါေပမယ့္ အခုေတာ့ ထိုႏွစ္ေယာက္လံုးမရိွေတာ့ၿပီပဲ။
Leoponကိုေရာက္စကတည္းက လက္တဲြခဲ့သၫ့္ မိုးသူညီအစ္ကိုဟာ အစ္ကို႔ကိုခဲြခြာခ်င္ပံုလည္းမရေပမယ့္ အစ္ကို႔အမိန႔္ကိုလည္း မလြန္ဆန္ရဲၾက။
ခမ္းနားေသာအရိွန္အဝါျဖင့္ အသားက်ေနခဲ့သၫ့္ အစ္ကိုကေရာ သာမာန္ဘဝမွာ ေနထိုင္တတ္ပါ့မလား…
"ခ်စ္ျခင္းကေရာ"
"သူလည္းငါနဲ႔လိုက္မွာ ငါပိုင္တာအဲ့ဒါေလးရိွေတာ့တယ္ က်န္တာသားေပါက္ကိုအကုန္ေပးခဲ့ၿပီးၿပီပဲ ေနာက္ေၾကာင္းျပန္လွၫ့္မၾကၫ့္ခ်င္ေတာ့ဘူး သူ႔သေဘာသူ႔ဆႏၵနဲ႔ပဲ ဆက္အုပ္ခ်ဳပ္ေနခဲ့လိမ့္မယ္"
"ေျမျပန႔္က အစ္ကို႔ရဲ့ privateေက်ာင္းေတြနဲ႔ ကာစီႏိုကေရာ"
"မင္းလက္ထဲမွာပဲေလ မင္းႀကိဳက္တာလုပ္ေပါ့"
"မလုပ္ပါဘူး အစ္ကို႔အပိုင္ဥစၥာ"
"ေအး.. အဲ့ဒါဆိုလည္း ငါ့အေကာင့္ထဲကိုသာ လတိုင္းအျပၫ့္ထၫ့္ေပးလိုက္"
သူ ရယ္လ်ွက္ေခါင္းခါျပမိၿပီး ဒီအေဖ၊ ဒီအစ္ကိုနဲ႔ ရင္းႏွီးေနြးေထြးစြာ ေနခ်င္စိတ္ျဖစ္လာေသာေၾကာင့္ အကယ္၍ ေျမျပန႔္ကိုျပန္ေရာက္ခဲ့လ်ွင္ သက္ထက္အတြက္ကိုသာ ဦးစားေပးေတာ့မည္။
အသက္ကေလး ဒီနယ္ပယ္မွာ ကၽြမ္းက်င္ခိုင္မာလာခဲ့လ်ွင္ အေဖနဲ႔အစ္ကိုဆီမွာ တစ္လတန္သည္၊ ႏွစ္လတန္သည္ ေနရမည္။
ေငြေၾကးစည္းစိမ္ေတြေနာက္ လိုက္ခဲ့ၿပီးၿပီမို႔ ဘဝရဲ့ေအးခ်မ္းမႈကို ရွာေဖြဖို႔အခ်ိန္ေရာက္ၿပီဟု သူ ထင္မိေသာေၾကာင့္လည္း ျဖစ္၏။
💝💝◽◽◽💝💝
"မမေလး မေတြ့ရတာေတာင္ၾကာၿပီ"
ငလ်ွံ႔ရဲ့ပဲြျဖစ္ေပမယ့္ Mineကိုလာႏႈတ္ဆက္သူေတြလည္းရိွကာ သူမကေတာ့ Cocktailတစ္ခြက္ကိုင္ကာ ေခါင္းေလးျပန္ညိတ္ၿပီးႏႈတ္ဆက္၏။
Mineဟာ Leoponရဲ့တစ္ေထာင့္တစ္ေနရာမွာ ခမ္းနားထည္ဝါေသာ သူရဲေကာင္းတစ္ေယာက္ျဖစ္ခဲ့သူမို႔ ယခုထက္ထိအေရးပါေနဆဲျဖစ္ပံုရသည္။
ရယ္ေမာစကားေျပာႏႈတ္ဆက္ၾကရင္း သူမကို တရိုတေသ ေခါင္းၫြတ္ႏႈတ္ဆက္သူေတြေတာင္ ရိွေသးသည္။
"သူတို႔က ခ်င္းေရႊေဟာ္နယ္ေျမလုပဲြတုန္းက အသက္နဲ႔ပါခဲ့တဲ့လူေတြေလ"
"အင္း"
"ဟိုလူႀကီးက ကခ်င္ျပည္နယ္နဲ႔ ျပႆနာျဖစ္တုန္းက သူကေခါင္းေဆာင္ေလ"
သူမ ေျပာသၫ့္နယ္ေျမလုပဲြေတြ၊ ဘိန္းစစ္ပဲြေတြအေၾကာင္းလည္း ဘာမွမသိေပမယ့္ ေခါင္းကိုသာညိတ္ျပၿပီး နားေထာင္ေနမိသည္။
Mineကို တစ္ဦးတည္းေသာသမီးေလးျဖစ္လင့္ကစား သူမရဲ့ေဖေဖက ႏုႏုရြရြေလးမထားခဲ့မွန္း သူပိုၿပီးသိလာခဲ့ကာ Mine ေခါင္းေဆာင္ျဖစ္မလာသၫ့္အတြက္ သူမေဖေဖဘယ္ေလာက္ေတာင္ ႏွေမ်ာလိမ့္မလဲ…
"Mine"
"အင္း"
"ေနာက္ထပ္ လူမသဝာ္နဲ႔ေတာ့ေနာ္"
သူမ လက္မဖဝါးေလးကို ယုယုယယဆုပ္ကိုင္ရင္း ကတိေတာင္းလိုက္သၫ့္အခါ Mineက ေတြေဝျခင္းကင္းမဲ့စြာ ေခါင္းေလးညိတ္ျပသည္။
ထိုလက္ဖဝါးေလးကိုပဲ ၿမဲျမံစြာဆုပ္ကိုင္ၿပီး လက္ဖမိုးေလးကိုနမ္းမိတာ အျမတ္တႏိုး…
"မင္း ႀကီးျပင္းခဲ့တဲ့နယ္ပယ္မွာေတာ့ ကိုယ္က ေသာက္သံုးမက်တဲ့ေကာင္ျဖစ္ေနမယ္ ဒါေပမယ့္ ေျမျပန႔္မွာပဲေနေတာ့မယ္ဆိုရင္ေတာင္ ကိုယ္ကမင္းအတြက္ အသံုးဝင္မွာပါ"
"ဘာေတြေျပာေနတာလဲ"
"ကိုယ္ မင္းကိုအစစအရာရာ တာဝန္ယူခ်င္တယ္ မင္းအေဖလို၊ မင္းအစ္ကိုလို ကာကြယ္မေပးႏိုင္ရင္ေတာင္ ကိုယ္တတ္ႏိုင္သမ်ွ တတ္စြမ္းသမ်ွ ကာကြယ္ေပးသြားမွာ
ကိုယ္တို႔လက္ထပ္ၾကမယ္ေနာ္"
"ဟုတ္"
"ဒီကေနျပန္ေရာက္ရင္"
"ကိုႀကီးကအရမ္းေလာတာပဲ"
မ်က္ေစာင္းေလးတစ္ခ်က္ခ်ီၿပီး သူမ ခၽဲြႏဲြ႔စြာႏႈတ္ခမ္းေလးစူလာ၍ ပါးႏုႏုေလးကို အသည္းတယားယားျဖင့္ ဆဲြဖဲ့ပစ္လိုက္သည္။
ထိုအခ်ိန္ Mineရဲ့ဖုန္းက မက္ေဆ့ဝင္သံၾကားလိုက္ရကာ ထိုအသံသည္ ၃ခါဆက္တိုက္ဝင္လာ၍ Mineမ်က္ႏွာေလးတည္ၿငိမ္သြားကာ ဖုန္းကိုထုတ္ၾကၫ့္၏။
"အလုပ္ကိစၥလား"
"အင္း"
သူမအလုပ္ကိစၥကို စိတ္ဝင္စားတာေတာ့မဟုတ္ေပမယ့္ Mineဖြင့္ၾကၫ့္ေနေသာ graphေတြႏွင့္ အခ်က္အလက္ ေသးေသးေလးေတြကို တစ္ခ်က္လွမ္းၾကၫ့္မိသည္။
ျမင္လိုက္ရသၫ့္ေခါင္းစဥ္က The Grandဆို၍ သူသိေသာ Constructionတစ္ခုလားဟု ေတြးမိသြား၏။
"The Grandနဲ႔အလုပ္လုပ္ေနတာလား"
"မဟုတ္ပါဘူး အဲ့ဒီက ရွယ္ယာေတြလိုခ်င္လို႔"
"The Grandက နည္းနည္းအႏၲရာယ္မ်ားတယ္ Mine အဲ့ဒီမွာ ခရိုနီေတြရင္းႏွီးၿမွဳပ္ႏွံၾကတာ Min groupနဲ႔တင္ မင္းအဆင္ေျပတယ္မဟုတ္ဘူးလား"
"မဟုတ္ဘူး Min Groupကလည္း နာမည္ႀကီးပါပဲ ဒါေပမယ့္ အင္အားႀကီးအုပ္စုႀကီးျဖစ္ခ်င္တာ The Grandက သိပ္ေခ်တယ္ ေဈးဘယ္ေလာက္ေပးေပး မေရာင္းဘူး"
"မေရာင္းရင္မဝယ္နဲ႔ေတာ့ေလ"
"ဝယ္မွာ အဲ့ဒီConstructionက အသက္ရမယ့္တင္ဒါေတြ ျဖတ္ျဖတ္လုေနတာၾကာၿပီ ဟိုတစ္ခါက projectဆို စရံေတာင္ေပးၿပီးၿပီ
သူတို႔ဝင္ပါလာတာနဲ႔ ပိုင္ရွင္က စရံကိုႏွစ္ဆျပန္အမ္းသြားတာ"
"သူတို႔ကရန္စတယ္ဆိုလည္း မသိသလိုေနလိုက္ပါ Mineရယ္ မင္းအခုလုပ္ေနတာက စီးပြားေရးအတြက္မဟုတ္ေတာ့ဘူး လက္စားေခ်တာျဖစ္ေနၿပီ"
"ဟုတ္တယ္"
ေအးစက္ျပတ္သားေသာ Mineရဲ့စကားေၾကာင့္ စိတ္ညစ္သြားရၿပီး သူမသည္ သူဘယ္ေလာက္တားဆီးေနေန ဆက္လုပ္မၫ့္သေဘာမွာရိွ၏။
ဒီေလာကထဲကို အခုမွေရာက္လာသူမို႔ ဘယ္လိုနည္းလမ္းျဖင့္ The Grandလိုကုမၸဏီကိုႁခြေခ်မလဲဟု သိခ်င္စိတ္လည္းျဖစ္လာရ၍ သူမ လုပ္ေနသမ်ွကိုၾကၫ့္ေနလိုက္သည္။
"ရွယ္ယာေဈးကစားဖို႔ အခ်က္အလက္ေတျြပင္ဆင္ထားလိုက္ေတာ့ Bloggerေတြဆီ ဖုန္းဆက္ထားတယ္ အခုနာရီကစၿပီး ေနာက္၆နာရီၾကာရင္ ေဈးကြက္အဖြင့္ေဈးကို ခါတိုင္းထက္ 5%ေလာက္ေလ်ွာ့ထားလိုက္"
"-----"
"ရတယ္ ျဖစ္ႏိုင္ေခ်ေတြ တြက္ၿပီးၿပီ The Grandဘက္က ငါးစာလာဟပ္တဲ့အခ်ိန္က် ငါ့ဆီဖုန္းျပန္ဆက္"
"------"
"Channelေတြက Bloggerေတြရဲ့တာဝန္ပါ ေလာေလာဆယ္အဲ့ေလာက္ပဲ"
ဖုန္းခ်ၿပီး ႀကိတ္ႃပံုးလိုက္ေသာ Mineမ်က္ႏွာသည္ Civil warအေသးစားေလးဖန္တီးထားေသာ အႃပံုးမ်ိဳးႏွင့္ျဖစ္သည္။
ေသခ်ာတာတစ္ခုက ဒီWarျဖစ္ခဲ့လ်ွင္လည္း Mineက ႏိုင္ဖို႔ေသခ်ာေနသေလာက္…
💝💝◽◽◽💝💝
"အဲ့ဒါကဘယ္လိုျဖစ္လာတာလဲ"
တစ္ေန့လံုး တစ္ညလံုး အလုပ္ရႈပ္ေနခဲ့ေသာေၾကာင့္ အခုမွအခန္းကိုျပန္ေရာက္ကာ ထိုအခါမွ စိတ္ထဲမွာထင္ထားသမ်ွ တလဲြေတျြဖစ္ေနမွန္း သိလိုက္ရ၏။
သူ႔အထင္မွာ ေနေနသည္ သတို႔သမီးတစ္ေယာက္၏ ရင္ခုန္စိတ္လႈပ္ရွားေနဟန္ေလး၊ ရွက္ကိုးရွက္ကန္းဟန္ေလးျဖင့္ သူ႔ကိုေစာင့္ေမ်ွာ္ေနလိမ့္မည္ဟု…
သို႔ေသာ္…
"မမ သိလား ေအ့! ေနာက္ဆို ဆိုဂ်ူနဲ႔ တကီြလာကို ေရာမေသာက္နဲ႔ ေခြးျဖစ္ရံုတင္မကဘူး ေခြးအေမႀကီးပါျဖစ္သြားမွာ အဟီး!"
"ေအးပါ မေသာက္ပါဘူး"
"ကိုကိုမလာေသးဘူးလားဟင္"
"ေရာက္ၿပီ"
"ကိုကိုလာရင္ ေနေန့ကိုခ်ီပါဦး"
အသက္ကေတာ့ ရယ္ခ်င္ေနေသာမ်က္ႏွာျဖင့္ သူ႔ကိုလွၫ့္ၾကၫ့္လာေတာ့ သူသည္လည္း စိတ္ဓာတ္က်သြားၿပီး မ်က္လံုးေတာင္မပြင့္ေတာ့သၫ့္ ေနေန့ကိုေပြ့ခ်ီလိုက္ရ၏။
ဘယ္ေလာက္ထိေသာက္ထားသလဲမသိေသာ ခ်စ္ဇနီးေခ်ာက သူေပြ့ခ်ီလိုက္မွ တဟီးဟီးရယ္ကာ…
"ေတြ့လား ေဒၚသက္ထက္.. ရွင္ကသာ ေနေန့လိုစပ္စလူးမကို ေယာင္းမ မေတာ္ႏိုင္ဘူးဆိုၿပီး ေလႀကီးမိုးႀကီးနဲ႔ ရွင့္ကိုကိုက ကၽြန္မေယာက်ာ္းျဖစ္ေနၿပီ"
"ေအးပါ ငါမွားတာပါ"
"ေနေနမ လင္ရၿပီသိလား"
"ေအး သိတယ္ သိတယ္"
"ကိုကိုကေရာ ဘာလို႔စကားမေျပာတာလဲဟင္ ေနေန့ကိုစိတ္ကုန္ေနၿပီလား"
"မကုန္ပါဘူး"
"ဟြန႔္.. ကုန္ရဲကုန္ၾကၫ့္ပါလား ကိုကို ေနေန့ကိုစိတ္ကုန္သြားရင္ ပုန္းၫွပ္ပန္းေတြ ဘုရားမွာလႉၿပီး ဆုေတာင္းမွာသိလား ကိုကိုလည္းပုန္းပါေစ ကိုကို႔ပန္းလည္းၫွပ္ပါေစဆိုၿပီး"
"ဘာ!"
"ဒါမွကိုကို႔ကို ဘယ္မိန္းမကမွမယူေတာ့မွာ"
အသက္ဆီက ခြိခနဲအသံထြက္လာေတာ့ သူ ရွက္သြားၿပီး ေပါက္ကရေတြေျပာလြန္းေသာ ဒီဟာေလးကို လႊင့္ပစ္လိုက္ရမလား ေတြးမိေသးသည္။
သို႔ေသာ္ ကိုယ္တိုင္လည္း မလုပ္ရက္တာမို႔ ထိုေနရာမွ အလ်ွင္အျမန္ထြက္ေျပးလာခဲ့ရကာ တဟီးဟီးရယ္ေနေသာ သူမကို ေမြ့ရာေပၚအသာခ်ေပးရင္း သက္ျပင္းခ်လိုက္မိသည္။
တကယ္ဆို ဒီညဟာ ဇနီးေမာင္ႏွံႏွစ္ေယာက္ ခ်စ္ၾကည္ႏူးတစ္တီတူးရင္း ေပ်ာ္ရႊင္ေနရမၫ့္ည…
ဒီဟာေလးဟာ မူးမေနခဲ့ရင္…
💝💝◽◽◽💝💝
ဘယ္ႏွနာရီရိွေနၿပီလဲမသိေပမယ့္ ဆီးအိမ္ကတင္းေနၿပီမို႔ ဆက္ေခြမေနေတာ့ဘဲ ေစာင္ကိုကန္ခ်ပစ္ၿပီး အိမ္သာထဲေျပးဝင္လာခဲ့သည္။
ကၽြတ္ခနဲအသံၾကားလိုက္ရ၍ ကိုကိုပါႏိုးသြားၿပီမွန္း သိလိုက္ရကာ ေခါင္းေတြလည္းမူးၿပီး ေနေန့တစ္ကိုယ္လံုးလည္း နံေစာ္ေနသလိုခံစားရသည္။
ေနေန့ကိုယ္ေပၚမွာလည္း ညကတည္းကဝတ္ထားသၫ့္ ဝတ္စံုပဲမို႔ ေထြေထြထူးထူးမစဥ္းစားေတာ့ဘဲ တစ္ခါတည္းေရခ်ိဳးပစ္လိုက္သည္။
သဘက္ကေလးပတ္ကာ အခန္းထဲျပန္ေရာက္လာေတာ့ ကိုကိုက ေမြ့ရာေပၚမွာပဲရိွေနေသးကာ Laptopႏွင့္ဘာေတြလုပ္ေနသလဲမသိ။
"မင္းေရခ်ိဳးလိုက္တာလား"
"Omm နံေစာ္ေနလို႔"
"Aww"
"ေခါင္းေတြလည္းကိုက္တယ္"
"ကိုက္ရံုတင္မကဘူး ျပဳတ္ပါျပဳတ္ထြက္သြားသင့္တာ"
"ကိုကိုကလည္း"
ေလသံႀကီးတင္းမာေနသလို ကိုကို႔မ်က္ႏွာကလည္း စူပုတ္ေန၍ ညတုန္းက ကိုကို႔ကို ေတာ္ေတာ္ရစ္လိုက္သလားဆိုသၫ့္အေတြးက ေခါင္းထဲျပန္ဝင္လာ၏။
ထိုအခါမွ ကိုကိုက ေနေန့ကိုေမးေငါ့ကာ…
"အရက္သမား ေနာက္တစ္ခါမူးလာရင္ မင္းကိုစံအိမ္အျပင္ဘက္ပစ္ထားမယ္"
"ကိုကိုေနႏိုင္လို႔လား"
"မင္းဒီေလာက္ေသာင္းက်န္းတာ ပစ္ထားရမွာေပါ့"
"ၿပီးေရာ အာ့ဆိုလည္း အခုကတည္းက ေနေနအျပင္ထြက္ေနမယ္"
ႏႈတ္ခမ္းေလးစူေထာ္ကာ အခန္းအျပင္ထြက္ဖို႔ျပင္ေတာ့ ကိုကိုက ေစြ့ခနဲေပြ့ခ်ီပစ္လိုက္၍ ကိုကို႔လက္ေမာင္းႀကီးကို ဖက္ထားလိုက္ရသည္။
ေနေနသိသားပဲ…
ကိုကိုက ပါးစပ္ကသာေျပာၿပီး ေနေန့အေပၚ ဘယ္တုန္းက တကယ္လုပ္ဖူးလို႔လဲ…
"ဒီညကဘာညလဲ"
"အဂၤါေန့ည"
"ဟုတ္လား.. ကိစၥမရိွပါဘူး ဒီေကာင္က မင္းကို Monday to Friday ၅ရက္အျပင္ weekendႏွစ္ရက္ေရာ အခ်ိန္မေရြးစားမွာဆိုေတာ့"
"အာ! ကိုကိုေနာ္"
"အခုေတာင္ မိန္းက ကိုယ့္ေယာက်ာ္းအလိုက္ကိုသိသားပဲ ခူးခပ္ၿပီးအုပ္ေပးထားတာဆိုေတာ့ စားရံုပဲေလ"
"သူမ်ားဘာသာေရခ်ိဳးထားတာ ကိုကို႔ဖို႔မဟုတ္ပါဘူး မကိုက္နဲ႔လို႔"
သူ႔မ်က္ႏွာႀကီးကို တြန္းဖယ္ပစ္ေပမယ့္ ကိုကို႔အႃပံုးေတြက ျပယ္လြင့္မသြားသၫ့္အျပင္ ေနေန့ႏႈတ္ခမ္းေတြကို စုပ္ယူနမ္းရိႈက္သြားေသာေၾကာင့္ ကိုကို႔အက်ႌစကိုဆုပ္ကိုင္ထားလိုက္မိသည္။
ရင္ေတြခုန္လာမိသလို မူးေနေသးသၫ့္အရိွန္ကလည္း မေျပေသးေသာေၾကာင့္ စိတ္ထဲရဲတင္းေနကာ ကိုကို႔အနမ္းေတြကို တံု႔ျပန္ေနမိသည္။
သဘက္ကေလးကိုဆဲြဖယ္ပစ္လိုက္ကာ အစမပ်ိဳးဘဲ တိုးဝင္လာသၫ့္ကိုကို႔ေၾကာင့္ ခါးတစ္ခုလံုးေအာင့္မ်က္သြား၍ ေနေန့မ်က္ႏွာေလးရႈံ႔မဲ့သြားသည္။
"ေတာ္ေတာ္ျဖစ္ေနတာလား နာတယ္"
"ဟုတ္တယ္ ေတာ္ေတာ္ျဖစ္ေနလို႔"
"ျဖည္းျဖည္းလုပ္လို႔"
ကိုကို႔ရယ္သံသဲ့သဲ့ႏွင့္အတူ ေနေန့လက္ကိုဆုပ္ကိုင္ၿပီး ေမြ့ရာခင္းေပၚဖိခ်ခံလိုက္ရကာ လည္တိုင္ေပၚက်ေရာက္လာသၫ့္ အနမ္းေနြးေနြးေတြ…
ဘယ္ႏွနာရီရိွေနၿပီလဲမသိေပမယ့္ ကိုကို႔အၾကင္နာႏွင့္ အထိအေတြ့ေတြၾကားမွာ ေနေန မိုးမလင္းခ်င္ခဲ့…
💝💝◽◽◽💝💝
Part 57 ဆက္ရန္
စာဖတ္သူတစ္ဦးခ်င္းစီကိုေလးစားလ်က္
#shinthant1141997