အသက်ကို အသက်လိုငြိတွယ်သူမယ်

By SummerMaung

550K 25.9K 1.7K

ကျွန်တော်ချစ်ရမှာကိုကြောက်တယ် ဘာလို့ဆို ချစ်မိသွားရင် မျက်စိကန်းသွားသလိုပဲ အန္တရာယ်လည်းမသိတော့ဘူး ချောက်ကမ်း... More

Intro
1
2
3
4
5
6
7
Photo
8
9
10
11
12
13
14
15
16
17
18
19
20
21
22
23
24
25
26
27
28
29
30
31
32
33
34
35
36
37
38
39
40
41
42
43
44
45
46
47
48
49
50
51
52
53
55
56
57
58
59 (ဇာတ်သိမ်းပိုင်း)
Extra 1
Extra 2
Extra 3
Extra 4

54

8.8K 465 41
By SummerMaung

💝 Part - 54 💝

◽◽◽◽◽

"လာပါ ဒေါက်တာတို့ မတွေ့ရတာတောင်ကြာပြီ"

"ဟုတ်တယ်ဗျာ ကျွန်တော်လည်း ဆေးညီလာခံလာတုန်းက ကိုယ့်ကိစ္စနဲ့ကိုယ်မို့ မတွေ့ခဲ့ရဘူး အခုမှပဲ"

"ဟုတ်တယ် အခုမှပဲအားလပ်သွားတော့တယ် မဟုတ်ရင်ဆုံဖြစ်ဖို့မလွယ်ဘူး"

"အက္ခရာရော နေကောင်းရဲ့လား ချုပ်ရိုးက ယားနေလို့ဆို"

"ခရာသက်သာသွားပါပြီ ဒေါက်တာ"

ဖက်လှဲတကင်းနှုတ်ဆက်နေကြသော ထိုမိသားစုတွေကိုကြည့်ရင်း စိတ်ထဲအလိုလိုပျော်နေမိကာ Leoponဟာ တကယ်ပဲအင်အားကြီးမိသားစုဖြစ်ကြောင်း တိတ်တဆိတ်လက်ခံလိုက်သည်။
Constructionလောက၊ လက်နဂာ်မှောင်ခိုလောကနှင့် ယခုဆိုဆေးလောကပါ ပါဝင်လာတော့မည်ဖြစ်ကာ ဒါတွေအားလုံးကို ဟိုကောင်ငလျှံက ချုပ်ကိုင်တော့မှာပဲ…
အတွေးဖြင့် ကိုယ့်သူငယ်ချင်းအတွက် ကျေနပ်ဂုဏ်ယူစွာ ပြုံးလိုက်မိသည်။

"အဲ့ဒါက ဒေါက်တာသံလွင်လေ အသက်တို့ရဲ့Family Doctorပေါ့ ဟိုဘက်ကနေနေနဲ့စကားပြောနေတာက နေနေ့ရဲ့အမေ ဒီနိုင်းတဲ့
သူကတော့ အီဂျစ်မြန်မာကပြား.. နေနေလှတယ်ဆိုတာ သူ့အမေကိုမမှီသေးဘူး"

"အင်း"

"ဒေါက်တာသံလွင်က ရာရာ ကားAccidentဖြစ်တုန်းက ခွဲစိပ်ပေးဖူးတယ် အဲ့ဒီတုန်းကတော့ Assistant doctorပေါ့ ဖေဖေ့ကိုလည်းကုပေးဖူးတယ် အသက်ကိုလည်း သူပဲမွေးပေးတာ အများကြီးပါ"

Mineက မပြောရတာကြာပြီဖြစ်သည့်စကားတွေကို အခုမှအတိုးချပြီးပြောနေရလို့လားမသိ။
တစ်ချိန်လုံး သူ့အနားမှာပဲရှိကာ စကားတိုးတိုးလေး ကပ်ပြောနေ၏။

"ဒါနဲ့ခဏနေ ဦးဇွဲတို့ရောက်လာလိမ့်မယ်"

သူ ဖျတ်ခနဲဖြစ်သွားပြီး Mineကိုငုံ့ကြည့်မိတော့ သူမက ချစ်စဖွယ်အပြုံးလေးဖြင့် သူ့ကိုပြုံးပြနေ၏။
ဦးဇွဲတို့ ဆိုတော့…

"ဟုတ်တယ် မမသိမ်မွေ့လည်းပါမှာ"

"မတွေ့ချင်ပါဘူး သိမ်မွေ့ကလူဆိုးမ"

"ဘာဖြစ်လို့လဲ"

"သူ့လူကြီးနဲ့ခွဲပစ်မှာစိုးလို့ ပြန်မလာချင်တာလေ အန်တီကတော့ သူ့စိတ်နဲ့တငိုငိုတရယ်ရယ်"

"အဲ့ဒါဆိုကိုကြီးအိမ်ပေါ်တက်နေလေ ခဏနေရောက်တော့မှာပါဆို"

"တွေ့တော့တွေ့ချင်သေးတာပေါ့"

မျက်စောင်းလေးဝင့်ခနဲဖြစ်လာတော့ သူသဘောတကျရယ်မိကာ Mineလက်ကလေးကို ဖွဖွလေးဆုပ်ကိုင်ထားမိသည်။
ဧည့်ခန်းတစ်ခုလုံး နေနေ့အသံဖြင့်ဆူညံနေကာ အားလုံးကလည်း ဒီဗရုတ်သုတ်ခလေးကို ဘေးမဲ့လွှတ်ထားပုံရ၏။

"မာမား အန်ကယ်ကလာခဲ့မယ်ဆိုပြီး အခုထိမလာသေးဘူးလား"

"လာမှာပေါ့ ဒီရေအလုပ်များတာသိရဲ့သားနဲ့ weddingမှာတွေ့ရရင်ပြီးရောမလား"

"မပြီးပါဘူး အန်ကယ်ကသမီးကို ဖုန်းဝယ်ပေးမယ်လို့ပြောတယ် အဲ့ဒါရော ရမှ"

"အမလေး! ငါ့မောင်လေးကိုနှိပ်စက်နေတာ"

ဒီနိုင်းဆိုသော အမျိုးသမီးကိုတွေ့တော့မှ နေနေဆတ်ဆတ်ကျဲ
ရခြင်းကို နားလည်သွားရပြီး ဒီကလေးမဟာ သူမအမေကိုသွားတူတာပဲ။

"နေနေ့ဦးလေးက ဖေဖေ့ရဲ့business partnerလေ မလေးမှာအနေများတယ် တစ်ခါတစ်လေမှလာတယ် ဦးဦးဒီရေလည်း ကိုကိုနဲ့အလုပ်လုပ်ရတော့မှာပဲ"

"Mineကရော"

"အသက်က လေးဘုန်းနေရာမှာလေ"

"ဘယ်လို!"

"ရာရာက အသက်ကိုမွေးစားဖို့ ဖေဖေ့ဆီတောင်းတယ်လို့ကြားတယ် ကိုကို့Weddingပြီးရင် အသက်မြေပြန့်မှာပဲနေရတော့မှာ"

"တကယ်"

သူ ဟန်မဆောင်နိုင်လောက်အောင် ပျော်သွားမိကာ Mineလက်ကလေးကို ဆွဲခါလိုက်မိသည်အထိ။
ငလျှံအဖေနဲ့အမေက မွေးစားမှတော့ ဒီကလေးမလေးသည် ရှမ်းပြည်ကို တစ်ခါတစ်လေမှသာပြန်ရတော့မည်မလား…

"ကိုကြီးက မိုးကုတ်ကိုပြန်ရမယ်ဆို"

"ခဏပဲ"

"ကြာရင်ကြာမယ်ဆို"

"ကြာရင် ဖေဖေနဲ့ထားခဲ့လိုက်မယ်လေ မဟုတ်လည်း ဖေဖေက မိုးကုတ်မှာပဲအနေများတာ"

"သိနေတယ်နော်"

နှာခေါင်းလေးရှုံ့ပြသော Mineကို အသည်းတယားယားဖြင့် နှာခေါင်းလေးဆွဲညှစ်မိချိန် ကားသံသဲ့သဲ့ကြားလိုက်ရသည်။
ကားတံခါးဖွင့်သံတွေကြားလိုက်ရသောကြောင့် အားလုံးရဲ့အကြည့်တွေဟာ စံအိမ်အဝင်ဝဆီရောက်သွားကြပြီး ပထမဆုံးဝင်လာက Luggageတွေဆွဲထားသောလူတွေဖြစ်၏။
ထိုနောက်မှာမှ…

"ဦးဇွဲ"

တစ်ခါမြင်ဖူးထားသော ဇွဲကပင်ဆိုသည့်လူက အသက်တို့သားအမိနှင့် အနည်းငယ်ရုပ်ချင်းဆင်ပေမယ့် အသားအရောင်ကတော့ ညိုသည့်ဘက်ရောက်နေ၏။
ထိုလူ့လက်မောင်ကိုဖက်ထားကာ မင်းသမီးတစ်ပါးလို ကြွကြွရွရွလေးလှမ်းဝင်လာသော…

"သိမ်မွေ့"

နည်းနည်းပိန်သွားပေမယ့် အလိုလိုက်ခံထားရမှန်းသိသာစေသော အသွေးအရောင်ဖြင့် ပြောင်းလဲသွားသော သူမ။
တစ်ကိုင်းကြိုးဂါဝန်ရှည်တစ်ထည်ဝတ်ထားပြီး ပန်းနုရောင်အဖျော့မို့ ပိုပြီးလှနေကာ ပေါင်လည်လောက်မှခွဲထားသောကြောင့် နုအုနေသောခြေဖမိုးလေးတွေအစ မြင်နေရ၏။
သိမ်မွေ့ ပိုလှလာတာပဲ…

"ပြန်ပေးသမားလာပြီဟေ့"

အသက်ဖေဖေရဲ့အငေါ်တူးစကားနှင့်အတူ အားလုံးက ရယ်လိုက်ကြကာ သူကတော့ သိမ်မွေ့ကိုကြည့်နေမိရင်း လိုက်မရယ်နိုင်။
သိမ်မွေ့ကတော့ စံအိမ်ထဲရောက်မှ သူ့ကိုတွေ့သွားဟန်ဖြင့် ဦးဇွဲကပင်ကိုလွှတ်ကာ သူ့ရှေ့ကိုရောက်လာသည်။

"ငါ့ကိုသရဲထင်နေတာလား မင်းနေ"

"မထင်ပါဘူး ဘယ်သရဲမှနင်လောက်ရုပ်မဆိုးဘူး"

"ခွေးစုတ်"

သိမ်မွေ့က နှုတ်ခမ်းလေးကိုက်ပြီး သူ့လက်မောင်းကိုဘုန်းခနဲထုနှက်ပစ်ကာ…

"အမေတို့ရော"

"နင့်ကိုတွေ့ချင်နေကြတယ်"

"သူတို့weddingပြီးရင် ငါပြန်လာမှာပါ ဒါနဲ့ နင်တို့နှစ်ယောက် ငါတို့ကိစ္စနဲ့.."

"အေး.. သူကအခုမှပြန်ခေါ်တာ နင့်ကြောင့်မို့ လူဆိုးမ"

သူ သိမ်မွေ့ကိုဖက်ကာ လည်ပင်းကိုတံတောင်နှင့်ညှစ်ထားလိုက်တော့ သိမ်မွေ့ကပြန်ရုန်းရင်း သူ့လက်ကြီးကိုတအားကိုက်ပစ်တာမို့ အရင်ကသဝာ်နေကျ မင်းနေရာနှင့်သိမ်မွေ့မေကျော်ပြန်ဖြစ်သွား၏။
အရင်းအချာမဟုတ်ခဲ့ပေမယ့် တစ်ဦးတည်းသောသားသမီးတွေမို့ သူတို့နှစ်ယောက်ဟာ အရင်းအချာတွေလိုငြိတွယ်ခဲ့ကြတာမလား…

"Sorry.. ကိုယ်တောင်းပန်ပါတယ် ဒီလိုမျိုးလုပ်ကြံမိတဲ့အတွက်ရော အသက်ကလေးနဲ့ပြဿနာဖြစ်စေခဲ့တဲ့အတွက်ရော"

သိမ်မွေ့ကိုပြန်ဆွဲခေါ်ရင်း ဦးဇွဲကပင်က တောင်းပန်စကားပြောလာတော့ သူ အသာအယာခေါင်းခါပြလိုက်သည်။
မကျေနပ်ခဲ့တာအမှန်ဖြစ်ပေမယ့် ဒီဦးလေးယောက်ဖဟာ သိမ်မွေ့ကိုဘယ်လောက်ချစ်သလဲ၊ ဘယ်လောက်ယုယထားသလဲ မျက်မြင်မို့ နောက်ထပ်အပြစ်မတင်ချင်တော့…

"မလိုပါဘူးဗျာ ကျွန်တော့်ကို ခင်ဗျားတူမနဲ့သဘောတူရင်ရပါပြီ ကျွန်တော့်အစ်မကိုလိုချင်ရင် ခင်ဗျားတူမ,ပေးရမယ်"

"ငါဆောင့်ကန်လိုက်ရ"

သိမ်မွေ့ရဲ့မကျေမနပ်အသံလေးနှင့် Mineရဲ့ရှက်ပြုံးလေးကြောင့် သူရယ်မိတော့ အားလုံးကလည်းရယ်ကြသည်။

"အေးလေ တစ်ခုလိုချင်ရင်တစ်ခုပေးရမှာပေါ့"

"မင်းပါးစပ်ပိတ်ထားစမ်း ထက်ဘုန်းလျှံ မင်း ငါ့ညီမကိုခိုးပြေးတုန်းက ငါ့ကိုဘာပြန်ပေးလဲ"

"ဟုတ်သားပဲ" 
"အေးလေ ဘာမှပြန်မပေးဘဲနဲ့"
"အသက်ကလေးကိုမွေးပေးတယ်လို့ပြောလိုက်လေ"

အသက်ဖေဖေက ခေါင်းကုတ်သွားသလို အသက်မေမေကတော့ ရှက်ကိုးရှက်ကန်းဖြင့် ဦးဇွဲကပင်ကိုမျက်စောင်းချီနေ၏။
ထိုလင်မယားအဖြစ်ကို ငလျှံ့မိဘတွေရော၊ ဆရာဝန်လင်မယားကပါ ရယ်မောနေကြ၍ တကယ့်ကြည်နူးစရာ မိသားစုကြီးဖြစ်လေသည်။

ဒီမိသားစုကြီးထဲသို့ ကျောက်မျက်ရတနာလောကပါ ပါဝင်လာရင်တော့ အပြည့်စုံဆုံး…

💝💝◽◽◽💝💝

နာရီကိုကြည့်မိတော့ ၁၁နာရီထိုးခါနီးပြီဖြစ်ကာ ညရောက်တိုင်း နေနေ့ကိုကပ်နေကျ ဘုန်းအာဏာထန်ဟာ ဒီညတော့ဘယ်ရောက်နေသလဲမသိချေ။
ဒီရက်တွေထဲမှာ ကိုကိုသည် နေ့ခင်းတွေဆို စံအိမ်မှာမရှိသလောက်ဖြစ်ကာ ညပိုင်းတုန်းကလည်း ညစာအတူစားရုံသာ စံအိမ်မှာရှိသည်။
ပါပါးနဲ့မာမားပြန်ချိန်မှာတောင် အပြင်ထွက်သွားတာမို့ နေနေ စိတ်ဆိုးမိပေမယ့် ပါပါးကတော့ ပြုံးရုံသာပြုံးကာ…

"ဂိုဏ်းချုပ်တစ်ယောက်ပဲလေ သမီးလည်းနားလည်ပေးရမှာပေါ့ ကိုထက်ဘုန်းလျှံတုန်းကလည်း ဒီအတိုင်းပဲ ဒဏ်ရာရမှခြေငြိမ်တာ ဒီကောင်လေး သူ့ဦးလေးကိုမှီလောက်တယ်"

ဟု ဖြေသိမ့်ပေးသွားခဲ့ပေမယ့် နေ မကျေနပ်။
တကယ်ဆို နေနေ့မိဘတွေကို နှုတ်ဆက်ပြီးမှအပြင်သွားသင့်တာမဟုတ်ဘူးလား။

"ဘယ်နေရာမှာပျောက်သွားတာလဲ"

ကိုကိုရှိနေတတ်သော Sever controlခန်းကိုရောက်တော့ ကိုကို့အသံကြားလိုက်ရ၍ အခန်းထဲမဝင်သေးဘဲ တံခါးကိုအသာဟကာ ချောင်းကြည့်နေမိသည်။
နေနေရောက်နေတာသိသူတွေက လှည့်ကြည့်လာကြပေမယ့် နေနေကတော့ တိတ်တိတ်နေဖို့ ရှူးခနဲလုပ်ပြလိုက်သည်။
ကိုကို ဘယ်လောက်တော်သလဲ၊ ဘယ်လိုလက်စောင်းထက်သလဲဟု နေနေ ကြည့်ချင်မိသောကြောင့်ဖြစ်သည်။

"မြို့အထွက် ကီလိုမီတာ၂၅၀လောက်မှာပါ"

"အဲ့ဒီဘက်က ဘာကားအမျိုးအစားလဲသိလား"

"Fordပါ"

"မိုးရွာလား"

"မရွာပါဘူး သခင် လေလည်းငြိမ်ပါတယ်"

ထူးဆန်းသောကိုကို့မေးခွန်းတွေကြောင့် နေနေကြောင်သွားမိကာ ထိုလူတွေအနောက်ကိုလိုက်ပြီး ရှင်းပစ်ရမည့်အစား ကိုကိုဘာတွေလုပ်နေသလဲဆိုသည့်အတွေးက ဝင်လာခဲ့သည်။
ကိုကိုက laptopတစ်လုံးဖြင့် တချောက်ချောက်နှိပ်ကာ နှုတ်ဆိတ်နေကာ အတော်ကြာမှ အသံထွက်လာ၏။

"ဒရုန်းတွေကို locationပေးလိုက် မြို့အထွက် ကီလိုမီတာ ၄၀၀"

"ပေးလိုက်ပါပြီ"

Screenပေါ်မှာ ဒရုန်းတွေပြေးနေပုံပေါ်လာပြီး ကီလိုမီတာတွက်နေသော ကိန်းဂဏန်းတွေမြင့်တက်လာကာ 400အရောက်မှာတော့ ကားနှစ်စီးကိုတွေ့လိုက်ရ၏။
ထိုကားတွေကို ကိုကိုကလက်ပိုက်ပြီး စူးစူးကြီးကြည့်နေ၍ Zoomချဲ့လိုက်တော့ စောစောကပြောသည့် Fordကားတွေဖြစ်သည်။

"Woo! ကွက်တိပဲသခင်"

အားလုံးအံ့ဩပျော်ရွှင်သွားကြသလို နေနေလည်းအံ့ဩသွားမိကာ ကိုကိုက ဒါတွေကိုဘယ်လိုတွက်လိုက်တာလဲ။
ကိုကိုကတော့ အေးတိအေးစက်ပြုံးကာ နားကြပ်တစ်ဖက်ကိုကောက်တပ်လိုက်ပြီး စောစောကLaptopရှေ့ ပြန်ရောက်သွား၏။

"Activate weapons"

"Activate weapons is confirmed"

"ဒါပေမယ့် သားလျှံ အခုနေအပြတ်ရှင်းလိုက်ရင် အဲ့ဒီပစ္စည်းတွေပြန်မရတော့ဘူးနော် ကျွန်တော်တို့နှစ်ခါဆုံးရှုံးလိမ့်မယ်"

"အဲ့ဒါကိုထည့်တွက်ဖို့ လိုသေးလို့လား ဦးနန္ဒ  ကျွန်တော့်လူတွေအတွက် လုပ်ကိုလုပ်ရမယ် မျက်လုံးဆုံးရင်မျက်လုံး နားဆုံးရင်နားပဲ"

ကိုကိုက တင်းမာစွာဖြင့်မျက်နှာပြန်လှည့်သွားတော့ အားလုံးနှုတ်ဆိတ်သွားကြကာ ကိုကိုကNo one surviveဆိုသည့်စာကြောင်းတစ်ခုကို ရိုက်ကာ Enterခေါက်လိုက်၏။

"No one survive is confirmed"

ဟု Systemမှအတည်ပြုစကားအဆုံးမှာ အရှိန်ဖြင့်ပြေးလွှားနေသော Fordကားနှစ်စီးသည် ဒယိမ်းဒယိုင်ဖြစ်သွားလေ၏။
မပေါက်ကွဲပေမယ့် လွှတ်အချခံလိုက်ရသည့် ကစားစရာလေးလို ပရမ်းပတာဖြစ်သွားပြီးနောက် ကားထဲကကုန်းရုန်းထွက်လာကြသည့်လူတွေ…
နေနေ နှုတ်ခမ်းတွေကို လက်ဖဝါးနှင့်ဖိအုပ်ပစ်လိုက်ရင်း ကိုကို့ရဲ့ရက်စက်မှုကိုလည်း လန့်ဖျပ်သွားမိသည်။
သူဟာ လက်မှာသွေးမပေဘဲ Enterတစ်ချက်ခေါက်ရုံဖြင့် လူသဝာ်နိုင်သည့်ပုဂ္ဂိုလ်ပါလား…

"ကံကောင်းထောက်မစွာနဲ့ ကားကမပေါက်ကွဲဘူး ပစ္စည်းတွေသွားယူခဲ့"

"ဟုတ်ကဲ့ သခင်"

အမိန့်ပေးပြီး ဒီဘက်လှည့်လာသောကိုကို့ကို နေနေပြူးကြည့်နေမိဆဲဖြစ်ကာ ကိုကိုကတော့ မလုံမလဲဖြစ်သွားဟန်တောင်မရှိ။
သူ့အခန်းကြီးကို တစ်ချက်ပြန်ကြည့်ရင်း နေနေ့ကိုပခုံးတွန့်ပြကာ နေနေ့အနားရောက်လာ၏။

"ကိုကို"

"အင်း"

"ကိုကိုအရမ်းသွေးအေးတာပဲ"

"ဘာမှလည်းမသိဘဲနဲ့ကွာ"

အပြုံးတစ်ချက်ဖြင့် နေနေ့ပခုံးကိုဖက်ကာ ထိုနေရာမှလှည့်ထွက်လာတော့ နေနေသည် ကိုကိုဖက်ထားသည့်အတိုင်း လိုက်လာခဲ့ရသည်။
စိတ်ထဲမှာတော့ ကိုကိုဟာ မမနှင့်ဦးဦးထက်တောင် ရက်စက်သလိုထင်မိ၏။

"ညနေက Leoponတွေအရောင်းအဝယ်သွားကြတယ် ကိုကိုက အိမ်မှာညစာစားဖို့ရှိလို့ကျန်နေခဲ့တာကွာ အဲ့ဒီမှာ Leoponတွေအားလုံးလုပ်ကြံခံရတယ်"

"ဟယ်!"

"၁၂ယောက်မှာ ၂ယောက်ကပဲဒဏ်ရာသိပ်မရတာ ကျန်တဲ့ကောင်တွေက အပြင်းအထန်တွေချည်းပဲ"

ဒါကြောင့်မို့ ကိုကိုဒေါသဖြစ်နေတာပဲ။
ဒီလိုအဖြစ်မျိုးဆို ကိုကို့တုံ့ပြန်ချက်ဟာ သင့်တော်သည်ဟုထင်မိကာ ဦးဦးနဲ့မမတုန်းကရော ဒီလိုတွေပဲတုံ့ပြန်ခဲ့သလား…
ဒါဆို ဦးဦးတို့ရှင်းခဲ့သောသူတွေ လက်ချိုးရေလို့တောင်ရပါ့မလား…

"နောင်တရနေပြီလား မိန်း"

ကိုကိုက နေနေ့ကိုကြည့်ကာ လေးလေးနက်နက်မေးလာတော့ နေနေသည် တွေဝေခြင်းကင်းမဲ့စွာဖြင့် ခေါင်းခါပြလိုက်သည်။
ကိုကို့ခါးကိုဖက်ပြီး ရင်ခွင်ထဲတိုးဝင်ခဲ့တော့ စောစောကပဲ လူသဝာ်ဖို့အမိန့်ပေးထားသော ကိုကို့ရင်ခွင်သည် နွေး၍မွှေးပျံ့နေ၏။

"မရပါဘူး နေ ကိုကို့ကိုချစ်တယ် အန်တီချစ်ခြင်းလိုအချစ်မျိုးနဲ့ ကိုကို့ဘေးမှာပဲရှိနေမှာ အဲ့ဒါကြောင့် ကိုကိုတစ်ခုခုလုပ်တော့မယ်ဆို ဒီမျက်နှာလေးကိုပြေးမြင်"

"ဘာလို့"

"ငါဘာပဲလုပ်နေနေ မိန်းကချစ်တယ်လို့လေ"

"ဟား! ချွေတယ်ကွာ"

သဘောတကျပြုံးလိုက်သော ကိုကို့နှုတ်ခမ်းတွေကြောင့် နေနေ တခစ်ခစ်ရယ်မိရင်း ကိုကို့ရင်ဘတ်ကြီးကို တဖွဖွနမ်းပစ်လိုက်၏။
လူတစ်ယောက်ကိုချစ်တယ်ဆိုတာ ကောင်းကွက်ကိုပဲချစ်နေလို့မရ…
သူ့ရဲ့ဆိုးကွက်တွေ၊ Dark sideတွေကိုပါ ချစ်ပေးနိုင်မှသာ အချစ်စစ်…

💝💝◽◽◽💝💝

"ဖဲပွင့်လေး နည်းနည်းရွဲ့နေတယ်"

မှန်ရှေ့ရပ်နေသော သတို့သားကိုကြည့်ရင်း အသက်မေးလေးဆတ်ပြလိုက်တော့ ကိုကိုက ဟူးခနဲသက်ပြင်းချကာ ဖဲပွင့်ကိုပြန်တည့်နေ၏။
သို့သော် ကိုကိုလုပ်လိုက်မှ ပိုရွဲ့သွားတာမို့ အသက်တစ်ချက်ပြုံးကာ ကိုကို့အနားလျှောက်လာခဲ့သည်။

အရပ်ရှည်သည့်အပြင် Body structureမိုက်သောကိုကိုက အနောက်တိုင်းဝတ်စုံအဖြူရောင်ဖြင့် လိုက်ဖက်ခန့်ညားနေသည်။
ကိုကို့ဆံပင်တွေက ခါတိုင်းလို ခပ်ပွပွခပ်အုပ်အုပ်ပဲမို့ လူငယ်ဆန်နေပြီး စိန်နားကပ်အသေးလေးကို ဝတ်ထားသေး၏။
ကိုကို့လက်မှာတော့ Rolexနာရီတစ်လုံးရှိကာ ဒါသည် ကိုကြီးကလက်ဆောင်ပေးထားသော နာရီဖြစ်သည်။

"ကိုကိုတောင် မိန်းမရပြီ"

"နင်ကရော"

"စဥ်းစားဦးမယ် သူက နောက်တစ်ခါကျွဲစိတ်ပေါက်ပြီး Breakမယ်ပြောနေမလားလို့"

"မပြောတော့ပါဘူး အတော်လေးအီစိမ့်သွားလောက်ပါပြီ ထပ်ပြောသေးရင်လည်း ငါ့ကိုလာတိုင်ပေါ့ စံအိမ်ကိုဖိတ်ခေါ်ပြီး ဂရုစိုက်လိုက်ပါ့မယ်"

ဖဲပွင့်လေးကိုတည့်ပေးနေရင်း ကိုကို့စကားကြောင့်ရယ်မိကာ ဘာကြောင့်မှန်းမသိ အသက်မျက်ရည်တွေ ဝဲတက်လာမိ၏။
ကိုကိုက ဒါကိုသိနေသလို အသက်ခေါင်းလေးကို ဖွဖွပုတ်ကာ ရင်ဘတ်ပေါ်ဆွဲကပ်ထားသည်။

"လိုင်နာတွေအရည်ပျော်ကျကုန်မယ်နော် သက်ထက်"

"မငိုပါဘူး"

"အေး.. ငိုလို့လည်းမရပ်ဘူး Leoponရဲ့မင်းသမီးက ဒီနေ့အလှဆုံးဖြစ်နေရမှာ"

"အသက်မှ Leoponနဲ့မဆိုင်တော့တာ"

"Aww အဲ့ဒါဆိုလည်း ကိုကို့ညီမလေးက ဒီနေ့အလှဆုံးဖြစ်ရမှာ ပြပါဦး.. နှာရည်တွေကျနေပြီလားလို့"

"မငိုပါဘူးဆို"

ဝဲတက်လာသည့်မျက်ရည်စတွေကို ဖွဖွလေးသုတ်ပစ်ရင်း ကိုကို့ကိုမော့ကြည့်မိတော့ ကိုကိုက နွေးထွေးနူးညံ့စွာပြုံးပြနေ၏။
နေနေ့ကို အသက်ချစ်ပေမယ့် ဒီလိုနေ့မျိုးရောက်လာသည့်တိုင် နှမျောနေမိဆဲဖြစ်သည်။
ကိုကိုဟာ တခြားအစ်ကိုတွေနဲ့မတူသော အစ်ကိုကောင်းတစ်ယောက်ဖြစ်သလို အသက်ရဲ့Idolတစ်ယောက်ပဲမို့…

"နင်က ငါ့ရဲ့Shieldဖြစ်ပေးမယ်မလား သက်ထက်"

"အသက်ကိုဘာပြန်ပေးမှာလဲ"

"ငကျွဲကိုယူ"

"ကိုကိုနော်"

"ငလျှံ လာလို့ရပြီ"

အခန်းတံခါးဝမှာ ကိုကြီးရောက်လာတော့ ကိုကိုကခေါင်းညိတ်ကာ အသက်,လက်တစ်ဖက်ကိုဆုပ်ကိုင်ပြီး ကိုကြီးဆီလျှောက်လာခဲ့သည်။
ထို့နောက် အသက်,လက်ကို ကိုကြီးလက်ထဲထည့်ပေးကာ…

"မင်းလက်ထဲထည့်လိုက်ပြီနော် ကျွဲကြီး"

"သွားမှာဖြင့်သွားစမ်းပါကွာ"

ကိုကြီးက ကိုကို့ကိုငေါက်လွှတ်လိုက်ကာ ရယ်ကျဲကျဲဖြင့်ကိုကိုထွက်သွားတော့ အသက်လက်ဖမိုးလေးကိုနမ်းပြီး…

"Leoponရဲ့မမလေးခင်ဗျား.. ကျွန်တော်လည်းမိန်းမလိုချင်တာ တစ်ပိုင်းသေနေပြီမို့လို့ မြန်မြန်ယူကြပါစို့ခင်ဗျား"

အသက် တခစ်ခစ်ရယ်မိရင်း ကိုကြီးပါးချိုင့်လေးကို ခြေဖျားထောက်ပြီးမော့နမ်းလိုက်၏။

"ရှင်ဘာတွေလောနေတာလဲ ကိုကျွဲကြီးရဲ့ မကြာတော့ပါဘူး"

💝💝◽◽◽💝💝

Part 55 ဆက်ရန်

စာဖတ်သူတစ်ဦးချင်းစီကိုလေးစားလျက်
#shinthant1141997

~~~~~~~~~~~~~~~~~

💝 Part - 54 💝

◽◽◽◽◽

"လာပါ ေဒါက္တာတို႔ မေတြ့ရတာေတာင္ၾကာၿပီ"

"ဟုတ္တယ္ဗ်ာ ကၽြန္ေတာ္လည္း ေဆးညီလာခံလာတုန္းက ကိုယ့္ကိစၥနဲ႔ကိုယ္မို႔ မေတြ့ခဲ့ရဘူး အခုမွပဲ"

"ဟုတ္တယ္ အခုမွပဲအားလပ္သြားေတာ့တယ္ မဟုတ္ရင္ဆံုျဖစ္ဖို႔မလြယ္ဘူး"

"အကၡရာေရာ ေနေကာင္းရဲ့လား ခ်ဳပ္ရိုးက ယားေနလို႔ဆို"

"ခရာသက္သာသြားပါၿပီ ေဒါက္တာ"

ဖက္လွဲတကင္းႏႈတ္ဆက္ေနၾကေသာ ထိုမိသားစုေတြကိုၾကၫ့္ရင္း စိတ္ထဲအလိုလိုေပ်ာ္ေနမိကာ Leoponဟာ တကယ္ပဲအင္အားႀကီးမိသားစုျဖစ္ေၾကာင္း တိတ္တဆိတ္လက္ခံလိုက္သည္။
Constructionေလာက၊ လက္နဂာ္ေမွာင္ခိုေလာကႏွင့္ ယခုဆိုေဆးေလာကပါ ပါဝင္လာေတာ့မည္ျဖစ္ကာ ဒါေတြအားလံုးကို ဟိုေကာင္ငလ်ွံက ခ်ဳပ္ကိုင္ေတာ့မွာပဲ…
အေတြးျဖင့္ ကိုယ့္သူငယ္ခ်င္းအတြက္ ေက်နပ္ဂုဏ္ယူစြာ ႃပံုးလိုက္မိသည္။

"အဲ့ဒါက ေဒါက္တာသံလြင္ေလ အသက္တို႔ရဲ့Family Doctorေပါ့ ဟိုဘက္ကေနေနနဲ႔စကားေျပာေနတာက ေနေန့ရဲ့အေမ ဒီႏိုင္းတဲ့
သူကေတာ့ အီဂ်စ္ျမန္မာကျပား.. ေနေနလွတယ္ဆိုတာ သူ႔အေမကိုမမွီေသးဘူး"

"အင္း"

"ေဒါက္တာသံလြင္က ရာရာ ကားAccidentျဖစ္တုန္းက ခဲြစိပ္ေပးဖူးတယ္ အဲ့ဒီတုန္းကေတာ့ Assistant doctorေပါ့ ေဖေဖ့ကိုလည္းကုေပးဖူးတယ္ အသက္ကိုလည္း သူပဲေမြးေပးတာ အမ်ားႀကီးပါ"

Mineက မေျပာရတာၾကာၿပီျဖစ္သၫ့္စကားေတြကို အခုမွအတိုးခ်ၿပီးေျပာေနရလို႔လားမသိ။
တစ္ခ်ိန္လံုး သူ႔အနားမွာပဲရိွကာ စကားတိုးတိုးေလး ကပ္ေျပာေန၏။

"ဒါနဲ႔ခဏေန ဦးဇဲြတို႔ေရာက္လာလိမ့္မယ္"

သူ ဖ်တ္ခနဲျဖစ္သြားၿပီး Mineကိုငံု႔ၾကၫ့္မိေတာ့ သူမက ခ်စ္စဖြယ္အႃပံုးေလးျဖင့္ သူ႔ကိုႃပံုးျပေန၏။
ဦးဇဲြတို႔ ဆိုေတာ့…

"ဟုတ္တယ္ မမသိမ္ေမြ့လည္းပါမွာ"

"မေတြ့ခ်င္ပါဘူး သိမ္ေမြ့ကလူဆိုးမ"

"ဘာျဖစ္လို႔လဲ"

"သူ႔လူႀကီးနဲ႔ခဲြပစ္မွာစိုးလို႔ ျပန္မလာခ်င္တာေလ အန္တီကေတာ့ သူ႔စိတ္နဲ႔တငိုငိုတရယ္ရယ္"

"အဲ့ဒါဆိုကိုႀကီးအိမ္ေပၚတက္ေနေလ ခဏေနေရာက္ေတာ့မွာပါဆို"

"ေတြ့ေတာ့ေတြ့ခ်င္ေသးတာေပါ့"

မ်က္ေစာင္းေလးဝင့္ခနဲျဖစ္လာေတာ့ သူသေဘာတက်ရယ္မိကာ Mineလက္ကေလးကို ဖြဖြေလးဆုပ္ကိုင္ထားမိသည္။
ဧၫ့္ခန္းတစ္ခုလံုး ေနေန့အသံျဖင့္ဆူညံေနကာ အားလံုးကလည္း ဒီဗရုတ္သုတ္ခေလးကို ေဘးမဲ့လႊတ္ထားပံုရ၏။

"မာမား အန္ကယ္ကလာခဲ့မယ္ဆိုၿပီး အခုထိမလာေသးဘူးလား"

"လာမွာေပါ့ ဒီေရအလုပ္မ်ားတာသိရဲ့သားနဲ႔ weddingမွာေတြ့ရရင္ၿပီးေရာမလား"

"မၿပီးပါဘူး အန္ကယ္ကသမီးကို ဖုန္းဝယ္ေပးမယ္လို႔ေျပာတယ္ အဲ့ဒါေရာ ရမွ"

"အမေလး! ငါ့ေမာင္ေလးကိုႏိွပ္စက္ေနတာ"

ဒီႏိုင္းဆိုေသာ အမ်ိဳးသမီးကိုေတြ့ေတာ့မွ ေနေနဆတ္ဆတ္က်ဲ
ရျခင္းကို နားလည္သြားရၿပီး ဒီကေလးမဟာ သူမအေမကိုသြားတူတာပဲ။

"ေနေန့ဦးေလးက ေဖေဖ့ရဲ့business partnerေလ မေလးမွာအေနမ်ားတယ္ တစ္ခါတစ္ေလမွလာတယ္ ဦးဦးဒီေရလည္း ကိုကိုနဲ႔အလုပ္လုပ္ရေတာ့မွာပဲ"

"Mineကေရာ"

"အသက္က ေလးဘုန္းေနရာမွာေလ"

"ဘယ္လို!"

"ရာရာက အသက္ကိုေမြးစားဖို႔ ေဖေဖ့ဆီေတာင္းတယ္လို႔ၾကားတယ္ ကိုကို႔Weddingၿပီးရင္ အသက္ေျမျပန႔္မွာပဲေနရေတာ့မွာ"

"တကယ္"

သူ ဟန္မေဆာင္ႏိုင္ေလာက္ေအာင္ ေပ်ာ္သြားမိကာ Mineလက္ကေလးကို ဆဲြခါလိုက္မိသည္အထိ။
ငလ်ွံအေဖနဲ႔အေမက ေမြးစားမွေတာ့ ဒီကေလးမေလးသည္ ရွမ္းျပည္ကို တစ္ခါတစ္ေလမွသာျပန္ရေတာ့မည္မလား…

"ကိုႀကီးက မိုးကုတ္ကိုျပန္ရမယ္ဆို"

"ခဏပဲ"

"ၾကာရင္ၾကာမယ္ဆို"

"ၾကာရင္ ေဖေဖနဲ႔ထားခဲ့လိုက္မယ္ေလ မဟုတ္လည္း ေဖေဖက မိုးကုတ္မွာပဲအေနမ်ားတာ"

"သိေနတယ္ေနာ္"

ႏွာေခါင္းေလးရႈံ႔ျပေသာ Mineကို အသည္းတယားယားျဖင့္ ႏွာေခါင္းေလးဆဲြၫွစ္မိခ်ိန္ ကားသံသဲ့သဲ့ၾကားလိုက္ရသည္။
ကားတံခါးဖြင့္သံေတြၾကားလိုက္ရေသာေၾကာင့္ အားလံုးရဲ့အၾကၫ့္ေတြဟာ စံအိမ္အဝင္ဝဆီေရာက္သြားၾကၿပီး ပထမဆံုးဝင္လာက Luggageေတြဆဲြထားေသာလူေတျြဖစ္၏။
ထိုေနာက္မွာမွ…

"ဦးဇဲြ"

တစ္ခါျမင္ဖူးထားေသာ ဇဲြကပင္ဆိုသၫ့္လူက အသက္တို႔သားအမိႏွင့္ အနည္းငယ္ရုပ္ခ်င္းဆင္ေပမယ့္ အသားအေရာင္ကေတာ့ ညိုသၫ့္ဘက္ေရာက္ေန၏။
ထိုလူ႔လက္ေမာင္ကိုဖက္ထားကာ မင္းသမီးတစ္ပါးလို ႂကြၾကြရြရြေလးလွမ္းဝင္လာေသာ…

"သိမ္ေမြ့"

နည္းနည္းပိန္သြားေပမယ့္ အလိုလိုက္ခံထားရမွန္းသိသာေစေသာ အေသြးအေရာင္ျဖင့္ ေျပာင္းလဲသြားေသာ သူမ။
တစ္ကိုင္းႀကိဳးဂါဝန္ရွည္တစ္ထည္ဝတ္ထားၿပီး ပန္းႏုေရာင္အေဖ်ာ့မို႔ ပိုၿပီးလွေနကာ ေပါင္လည္ေလာက္မွခဲြထားေသာေၾကာင့္ ႏုအုေနေသာေျခဖမိုးေလးေတြအစ ျမင္ေနရ၏။
သိမ္ေမြ့ ပိုလွလာတာပဲ…

"ျပန္ေပးသမားလာၿပီေဟ့"

အသက္ေဖေဖရဲ့အေငၚတူးစကားႏွင့္အတူ အားလံုးက ရယ္လိုက္ၾကကာ သူကေတာ့ သိမ္ေမြ့ကိုၾကၫ့္ေနမိရင္း လိုက္မရယ္ႏိုင္။
သိမ္ေမြ့ကေတာ့ စံအိမ္ထဲေရာက္မွ သူ႔ကိုေတြ့သြားဟန္ျဖင့္ ဦးဇဲြကပင္ကိုလႊတ္ကာ သူ႔ေရ႔ွကိုေရာက္လာသည္။

"ငါ့ကိုသရဲထင္ေနတာလား မင္းေန"

"မထင္ပါဘူး ဘယ္သရဲမွနင္ေလာက္ရုပ္မဆိုးဘူး"

"ေခြးစုတ္"

သိမ္ေမြ့က ႏႈတ္ခမ္းေလးကိုက္ၿပီး သူ႔လက္ေမာင္းကိုဘုန္းခနဲထုႏွက္ပစ္ကာ…

"အေမတို႔ေရာ"

"နင့္ကိုေတြ့ခ်င္ေနၾကတယ္"

"သူတို႔weddingၿပီးရင္ ငါျပန္လာမွာပါ ဒါနဲ႔ နင္တို႔ႏွစ္ေယာက္ ငါတို႔ကိစၥနဲ႔.."

"ေအး.. သူကအခုမျွပန္ေခၚတာ နင့္ေၾကာင့္မို႔ လူဆိုးမ"

သူ သိမ္ေမြ့ကိုဖက္ကာ လည္ပင္းကိုတံေတာင္ႏွင့္ၫွစ္ထားလိုက္ေတာ့ သိမ္ေမြ့ကျပန္ရုန္းရင္း သူ႔လက္ႀကီးကိုတအားကိုက္ပစ္တာမို႔ အရင္ကသဝာ္ေနက် မင္းေနရာႏွင့္သိမ္ေမြ့ေမေက်ာ္ျပန္ျဖစ္သြား၏။
အရင္းအခ်ာမဟုတ္ခဲ့ေပမယ့္ တစ္ဦးတည္းေသာသားသမီးေတြမို႔ သူတို႔ႏွစ္ေယာက္ဟာ အရင္းအခ်ာေတြလိုၿငိတြယ္ခဲ့ၾကတာမလား…

"Sorry.. ကိုယ္ေတာင္းပန္ပါတယ္ ဒီလိုမ်ိဳးလုပ္ႀကံမိတဲ့အတြက္ေရာ အသက္ကေလးနဲ႔ျပႆနာျဖစ္ေစခဲ့တဲ့အတြက္ေရာ"

သိမ္ေမြ့ကိုျပန္ဆဲြေခၚရင္း ဦးဇဲြကပင္က ေတာင္းပန္စကားေျပာလာေတာ့ သူ အသာအယာေခါင္းခါျပလိုက္သည္။
မေက်နပ္ခဲ့တာအမွန္ျဖစ္ေပမယ့္ ဒီဦးေလးေယာက္ဖဟာ သိမ္ေမြ့ကိုဘယ္ေလာက္ခ်စ္သလဲ၊ ဘယ္ေလာက္ယုယထားသလဲ မ်က္ျမင္မို႔ ေနာက္ထပ္အျပစ္မတင္ခ်င္ေတာ့…

"မလိုပါဘူးဗ်ာ ကၽြန္ေတာ့္ကို ခင္ဗ်ားတူမနဲ႔သေဘာတူရင္ရပါၿပီ ကၽြန္ေတာ့္အစ္မကိုလိုခ်င္ရင္ ခင္ဗ်ားတူမ,ေပးရမယ္"

"ငါေဆာင့္ကန္လိုက္ရ"

သိမ္ေမြ့ရဲ့မေက်မနပ္အသံေလးႏွင့္ Mineရဲ့ရွက္ႃပံုးေလးေၾကာင့္ သူရယ္မိေတာ့ အားလံုးကလည္းရယ္ၾကသည္။

"ေအးေလ တစ္ခုလိုခ်င္ရင္တစ္ခုေပးရမွာေပါ့"

"မင္းပါးစပ္ပိတ္ထားစမ္း ထက္ဘုန္းလ်ွံ မင္း ငါ့ညီမကိုခိုးေျပးတုန္းက ငါ့ကိုဘာျပန္ေပးလဲ"

"ဟုတ္သားပဲ" 
"ေအးေလ ဘာမျွပန္မေပးဘဲနဲ႔"
"အသက္ကေလးကိုေမြးေပးတယ္လို႔ေျပာလိုက္ေလ"

အသက္ေဖေဖက ေခါင္းကုတ္သြားသလို အသက္ေမေမကေတာ့ ရွက္ကိုးရွက္ကန္းျဖင့္ ဦးဇဲြကပင္ကိုမ်က္ေစာင္းခ်ီေန၏။
ထိုလင္မယားအျဖစ္ကို ငလ်ွံ႔မိဘေတြေရာ၊ ဆရာဝန္လင္မယားကပါ ရယ္ေမာေနၾက၍ တကယ့္ၾကည္ႏူးစရာ မိသားစုႀကီးျဖစ္ေလသည္။

ဒီမိသားစုႀကီးထဲသို႔ ေက်ာက္မ်က္ရတနာေလာကပါ ပါဝင္လာရင္ေတာ့ အျပၫ့္စံုဆံုး…

💝💝◽◽◽💝💝

နာရီကိုၾကည့္မိေတာ့ ၁၁နာရီထိုးခါနီးၿပီျဖစ္ကာ ညေရာက္တိုင္း ေနေန့ကိုကပ္ေနက် ဘုန္းအာဏာထန္ဟာ ဒီညေတာ့ဘယ္ေရာက္ေနသလဲမသိေခ်။
ဒီရက္ေတြထဲမွာ ကိုကိုသည္ ေန့ခင္းေတြဆို စံအိမ္မွာမရိွသေလာက္ျဖစ္ကာ ညပိုင္းတုန္းကလည္း ညစာအတူစားရံုသာ စံအိမ္မွာရိွသည္။
ပါပါးနဲ႔မာမားျပန္ခ်ိန္မွာေတာင္ အျပင္ထြက္သြားတာမို႔ ေနေန စိတ္ဆိုးမိေပမယ့္ ပါပါးကေတာ့ ႃပံုးရံုသာႃပံုးကာ…

"ဂိုဏ္းခ်ဳပ္တစ္ေယာက္ပဲေလ သမီးလည္းနားလည္ေပးရမွာေပါ့ ကိုထက္ဘုန္းလ်ွံတုန္းကလည္း ဒီအတိုင္းပဲ ဒဏ္ရာရမွေျခၿငိမ္တာ ဒီေကာင္ေလး သူ႔ဦးေလးကိုမွီေလာက္တယ္"

ဟု ေျဖသိမ့္ေပးသြားခဲ့ေပမယ့္ ေန မေက်နပ္။
တကယ္ဆို ေနေန့မိဘေတြကို ႏႈတ္ဆက္ၿပီးမွအျပင္သြားသင့္တာမဟုတ္ဘူးလား။

"ဘယ္ေနရာမွာေပ်ာက္သြားတာလဲ"

ကိုကိုရိွေနတတ္ေသာ Sever controlခန္းကိုေရာက္ေတာ့ ကိုကို႔အသံၾကားလိုက္ရ၍ အခန္းထဲမဝင္ေသးဘဲ တံခါးကိုအသာဟကာ ေခ်ာင္းၾကၫ့္ေနမိသည္။
ေနေနေရာက္ေနတာသိသူေတြက လွၫ့္ၾကၫ့္လာၾကေပမယ့္ ေနေနကေတာ့ တိတ္တိတ္ေနဖို႔ ရႉးခနဲလုပ္ျပလိုက္သည္။
ကိုကို ဘယ္ေလာက္ေတာ္သလဲ၊ ဘယ္လိုလက္ေစာင္းထက္သလဲဟု ေနေန ၾကၫ့္ခ်င္မိေသာေၾကာင့္ျဖစ္သည္။

"ၿမိဳ႔အထြက္ ကီလိုမီတာ၂၅၀ေလာက္မွာပါ"

"အဲ့ဒီဘက္က ဘာကားအမ်ိဳးအစားလဲသိလား"

"Fordပါ"

"မိုးရြာလား"

"မရြာပါဘူး သခင္ ေလလည္းၿငိမ္ပါတယ္"

ထူးဆန္းေသာကိုကို႔ေမးခြန္းေတြေၾကာင့္ ေနေန ၾကာင္သြားမိကာ ထိုလူေတြအေနာက္ကိုလိုက္ၿပီး ရွင္းပစ္ရမၫ့္အစား ကိုကိုဘာေတြလုပ္ေနသလဲဆိုသၫ့္အေတြးက ဝင္လာခဲ့သည္။
ကိုကိုက laptopတစ္လံုးျဖင့္ တေခ်ာက္ေခ်ာက္ႏိွပ္ကာ ႏႈတ္ဆိတ္ေနကာ အေတာ္ၾကာမွ အသံထြက္လာ၏။

"ဒရုန္းေတြကို locationေပးလိုက္ ၿမိဳ႔အထြက္ ကီလိုမီတာ ၄၀၀"

"ေပးလိုက္ပါၿပီ"

Screenေပၚမွာ ဒရုန္းေတြေျပးေနပံုေပၚလာၿပီး ကီလိုမီတာတြက္ေနေသာ ကိန္းဂဏန္းေတျြမင့္တက္လာကာ 400အေရာက္မွာေတာ့ ကားႏွစ္စီးကိုေတြ့လိုက္ရ၏။
ထိုကားေတြကို ကိုကိုကလက္ပိုက္ၿပီး စူးစူးႀကီးၾကၫ့္ေန၍ Zoomခ်ဲ႔လိုက္ေတာ့ ေစာေစာကေျပာသည့္ Fordကားေတျြဖစ္သည္။

"Woo! ကြက္တိပဲသခင္"

အားလံုးအံ့ဩေပ်ာ္ရႊင္သြားၾကသလို ေနေနလည္းအံ့ဩသြားမိကာ ကိုကိုက ဒါေတြကိုဘယ္လိုတြက္လိုက္တာလဲ။
ကိုကိုကေတာ့ ေအးတိေအးစက္ႃပံုးကာ နားၾကပ္တစ္ဖက္ကိုေကာက္တပ္လိုက္ၿပီး ေစာေစာကLaptopေရ႔ွ ျပန္ေရာက္သြား၏။

"Activate weapons"

"Activate weapons is confirmed"

"ဒါေပမယ့္ သားလ်ွံ အခုေနအျပတ္ရွင္းလိုက္ရင္ အဲ့ဒီပစၥည္းေတျြပန္မရေတာ့ဘူးေနာ္ ကၽြန္ေတာ္တို႔ႏွစ္ခါဆံုးရႈံးလိမ့္မယ္"

"အဲ့ဒါကိုထၫ့္တြက္ဖို႔ လိုေသးလို႔လား ဦးနႏၵ  ကၽြန္ေတာ့္လူေတြအတြက္ လုပ္ကိုလုပ္ရမယ္ မ်က္လံုးဆံုးရင္မ်က္လံုး နားဆံုးရင္နားပဲ"

ကိုကိုက တင္းမာစြာျဖင့္မ်က္ႏွာျပန္လွၫ့္သြားေတာ့ အားလံုးႏႈတ္ဆိတ္သြားၾကကာ ကိုကိုကNo one surviveဆိုသၫ့္စာေၾကာင္းတစ္ခုကို ရိုက္ကာ Enterေခါက္လိုက္၏။

"No one survive is confirmed"

ဟု Systemမွအတည္ျပဳစကားအဆံုးမွာ အရိွန္ျဖင့္ေျပးလႊားေနေသာ Fordကားႏွစ္စီးသည္ ဒယိမ္းဒယိုင္ျဖစ္သြားေလ၏။
မေပါက္ကဲြေပမယ့္ လႊတ္အခ်ခံလိုက္ရသည့္ ကစားစရာေလးလို ပရမ္းပတာျဖစ္သြားၿပီးေနာက္ ကားထဲကကုန္းရုန္းထြက္လာၾကသၫ့္လူေတြ…
ေနေန ႏႈတ္ခမ္းေတြကို လက္ဖဝါးႏွင့္ဖိအုပ္ပစ္လိုက္ရင္း ကိုကို႔ရဲ့ရက္စက္မႈကိုလည္း လန႔္ဖ်ပ္သြားမိသည္။
သူဟာ လက္မွာေသြးမေပဘဲ Enterတစ္ခ်က္ေခါက္ရံုျဖင့္ လူသဝာ္ႏိုင္သၫ့္ပုဂၢိုလ္ပါလား…

"ကံေကာင္းေထာက္မစြာနဲ႔ ကားကမေပါက္ကဲြဘူး ပစၥည္းေတြသြားယူခဲ့"

"ဟုတ္ကဲ့ သခင္"

အမိန႔္ေပးၿပီး ဒီဘက္လွည့္လာေသာကိုကို႔ကို ေနေနျပဴးၾကၫ့္ေနမိဆဲျဖစ္ကာ ကိုကိုကေတာ့ မလံုမလဲျဖစ္သြားဟန္ေတာင္မရိွ။
သူ႔အခန္းႀကီးကို တစ္ခ်က္ျပန္ၾကၫ့္ရင္း ေနေန့ကိုပခံုးတြန႔္ျပကာ ေနေန့အနားေရာက္လာ၏။

"ကိုကို"

"အင္း"

"ကိုကိုအရမ္းေသြးေအးတာပဲ"

"ဘာမွလည္းမသိဘဲနဲ႔ကြာ"

အႃပံုးတစ္ခ်က္ျဖင့္ ေနေန့ပခံုးကိုဖက္ကာ ထိုေနရာမွလွၫ့္ထြက္လာေတာ့ ေနေနသည္ ကိုကိုဖက္ထားသၫ့္အတိုင္း လိုက္လာခဲ့ရသည္။
စိတ္ထဲမွာေတာ့ ကိုကိုဟာ မမႏွင့္ဦးဦးထက္ေတာင္ ရက္စက္သလိုထင္မိ၏။

"ညေနက Leoponေတြအေရာင္းအဝယ္သြားၾကတယ္ ကိုကိုက အိမ္မွာညစာစားဖို႔ရိွလို႔က်န္ေနခဲ့တာကြာ အဲ့ဒီမွာ Leoponေတြအားလံုးလုပ္ႀကံခံရတယ္"

"ဟယ္!"

"၁၂ေယာက္မွာ ၂ေယာက္ကပဲဒဏ္ရာသိပ္မရတာ က်န္တဲ့ေကာင္ေတြက အျပင္းအထန္ေတြခ်ည္းပဲ"

ဒါေၾကာင့္မို႔ ကိုကိုေဒါသျဖစ္ေနတာပဲ။
ဒီလိုအျဖစ္မ်ိဳးဆို ကိုကို႔တံု႔ျပန္ခ်က္ဟာ သင့္ေတာ္သည္ဟုထင္မိကာ ဦးဦးနဲ႔မမတုန္းကေရာ ဒီလိုေတြပဲတံု႔ျပန္ခဲ့သလား…
ဒါဆို ဦးဦးတို႔ရွင္းခဲ့ေသာသူေတြ လက္ခ်ိဳးေရလို႔ေတာင္ရပါ့မလား…

"ေနာင္တရေနၿပီလား မိန္း"

ကိုကိုက ေနေန့ကိုၾကၫ့္ကာ ေလးေလးနက္နက္ေမးလာေတာ့ ေနေနသည္ ေတြေဝျခင္းကင္းမဲ့စြာျဖင့္ ေခါင္းခါျပလိုက္သည္။
ကိုကို႔ခါးကိုဖက္ၿပီး ရင္ခြင္ထဲတိုးဝင္ခဲ့ေတာ့ ေစာေစာကပဲ လူသဝာ္ဖို႔အမိန႔္ေပးထားေသာ ကိုကို႔ရင္ခြင္သည္ ေနြး၍ေမႊးပ်ံ႔ေန၏။

"မရပါဘူး ေန ကိုကို႔ကိုခ်စ္တယ္ အန္တီခ်စ္ျခင္းလိုအခ်စ္မ်ိဳးနဲ႔ ကိုကို႔ေဘးမွာပဲရိွေနမွာ အဲ့ဒါေၾကာင့္ ကိုကိုတစ္ခုခုလုပ္ေတာ့မယ္ဆို ဒီမ်က္ႏွာေလးကိုေျပးျမင္"

"ဘာလို႔"

"ငါဘာပဲလုပ္ေနေန မိန္းကခ်စ္တယ္လို႔ေလ"

"ဟား! ခၽြေတယ္ကြာ"

သေဘာတက်ႃပံုးလိုက္ေသာ ကိုကို႔ႏႈတ္ခမ္းေတြေၾကာင့္ ေနေန တခစ္ခစ္ရယ္မိရင္း ကိုကို႔ရင္ဘတ္ႀကီးကို တဖြဖြနမ္းပစ္လိုက္၏။
လူတစ္ေယာက္ကိုခ်စ္တယ္ဆိုတာ ေကာင္းကြက္ကိုပဲခ်စ္ေနလို႔မရ…
သူ႔ရဲ့ဆိုးကြက္ေတြ၊ Dark sideေတြကိုပါ ခ်စ္ေပးႏိုင္မွသာ အခ်စ္စစ္…

💝💝◽◽◽💝💝

"ဖဲပြင့္ေလး နည္းနည္းရဲြ႔ေနတယ္"

မွန္ေရ႔ွရပ္ေနေသာ သတို႔သားကိုၾကည့္ရင္း အသက္ေမးေလးဆတ္ျပလိုက္ေတာ့ ကိုကိုက ဟူးခနဲသက္ျပင္းခ်ကာ ဖဲပြင့္ကိုျပန္တၫ့္ေန၏။
သို႔ေသာ္ ကိုကိုလုပ္လိုက္မွ ပိုရဲြ႔သြားတာမို႔ အသက္တစ္ခ်က္ႃပံုးကာ ကိုကို႔အနားေလ်ွာက္လာခဲ့သည္။

အရပ္ရွည္သည့္အျပင္ Body structureမိုက္ေသာကိုကိုက အေနာက္တိုင္းဝတ္စံုအျဖဴေရာင္ျဖင့္ လိုက္ဖက္ခန႔္ညားေနသည္။
ကိုကို႔ဆံပင္ေတြက ခါတိုင္းလို ခပ္ပြပြခပ္အုပ္အုပ္ပဲမို႔ လူငယ္ဆန္ေနၿပီး စိန္နားကပ္အေသးေလးကို ဝတ္ထားေသး၏။
ကိုကို႔လက္မွာေတာ့ Rolexနာရီတစ္လံုးရိွကာ ဒါသည္ ကိုႀကီးကလက္ေဆာင္ေပးထားေသာ နာရီျဖစ္သည္။

"ကိုကိုေတာင္ မိန္းမရၿပီ"

"နင္ကေရာ"

"စဥ္းစားဦးမယ္ သူက ေနာက္တစ္ခါကၽဲြစိတ္ေပါက္ၿပီး Breakမယ္ေျပာေနမလားလို႔"

"မေျပာေတာ့ပါဘူး အေတာ္ေလးအီစိမ့္သြားေလာက္ပါၿပီ ထပ္ေျပာေသးရင္လည္း ငါ့ကိုလာတိုင္ေပါ့ စံအိမ္ကိုဖိတ္ေခၚၿပီး ဂရုစိုက္လိုက္ပါ့မယ္"

ဖဲပြင့္ေလးကိုတၫ့္ေပးေနရင္း ကိုကို႔စကားေၾကာင့္ရယ္မိကာ ဘာေၾကာင့္မွန္းမသိ အသက္မ်က္ရည္ေတြ ဝဲတက္လာမိ၏။
ကိုကိုက ဒါကိုသိေနသလို အသက္ေခါင္းေလးကို ဖြဖြပုတ္ကာ ရင္ဘတ္ေပၚဆဲြကပ္ထားသည္။

"လိုင္နာေတြအရည္ေပ်ာ္က်ကုန္မယ္ေနာ္ သက္ထက္"

"မငိုပါဘူး"

"ေအး.. ငိုလို႔လည္းမရပ္ဘူး Leoponရဲ့မင္းသမီးက ဒီေန့အလွဆံုးျဖစ္ေနရမွာ"

"အသက္မွ Leoponနဲ႔မဆိုင္ေတာ့တာ"

"Aww အဲ့ဒါဆိုလည္း ကိုကို႔ညီမေလးက ဒီေန့အလွဆံုးျဖစ္ရမွာ ျပပါဦး.. ႏွာရည္ေတြက်ေနၿပီလားလို႔"

"မငိုပါဘူးဆို"

ဝဲတက္လာသၫ့္မ်က္ရည္စေတြကို ဖြဖြေလးသုတ္ပစ္ရင္း ကိုကို႔ကိုေမာ့ၾကၫ့္မိေတာ့ ကိုကိုက ေနြးေထြးႏူးညံ့စြာႃပံုးျပေန၏။
ေနေန့ကို အသက္ခ်စ္ေပမယ့္ ဒီလိုေန့မ်ိဳးေရာက္လာသၫ့္တိုင္ ႏွေမ်ာေနမိဆဲျဖစ္သည္။
ကိုကိုဟာ တျခားအစ္ကိုေတြနဲ႔မတူေသာ အစ္ကိုေကာင္းတစ္ေယာက္ျဖစ္သလို အသက္ရဲ့Idolတစ္ေယာက္ပဲမို႔…

"နင္က ငါ့ရဲ့Shieldျဖစ္ေပးမယ္မလား သက္ထက္"

"အသက္ကိုဘာျပန္ေပးမွာလဲ"

"ငကၽဲြကိုယူ"

"ကိုကိုေနာ္"

"ငလ်ွံ လာလို႔ရၿပီ"

အခန္းတံခါးဝမွာ ကိုႀကီးေရာက္လာေတာ့ ကိုကိုကေခါင္းညိတ္ကာ အသက္,လက္တစ္ဖက္ကိုဆုပ္ကိုင္ၿပီး ကိုႀကီးဆီေလ်ွာက္လာခဲ့သည္။
ထို႔ေနာက္ အသက္,လက္ကို ကိုႀကီးလက္ထဲထၫ့္ေပးကာ…

"မင္းလက္ထဲထၫ့္လိုက္ၿပီေနာ္ ကၽဲြႀကီး"

"သြားမွာျဖင့္သြားစမ္းပါကြာ"

ကိုႀကီးက ကိုကို႔ကိုေငါက္လႊတ္လိုက္ကာ ရယ္က်ဲက်ဲျဖင့္ကိုကိုထြက္သြားေတာ့ အသက္လက္ဖမိုးေလးကိုနမ္းၿပီး…

"Leoponရဲ့မမေလးခင္ဗ်ား.. ကၽြန္ေတာ္လည္းမိန္းမလိုခ်င္တာ တစ္ပိုင္းေသေနၿပီမို႔လို႔ ျမန္ျမန္ယူၾကပါစို႔ခင္ဗ်ား"

အသက္ တခစ္ခစ္ရယ္မိရင္း ကိုႀကီးပါးခ်ိဳင့္ေလးကို ေျခဖ်ားေထာက္ၿပီးေမာ့နမ္းလိုက္၏။

"ရွင္ဘာေတြေလာေနတာလဲ ကိုကၽဲြႀကီးရဲ့ မၾကာေတာ့ပါဘူး"

💝💝◽◽◽💝💝

Part 55 ဆက္ရန္

စာဖတ္သူတစ္ဦးခ်င္းစီကိုေလးစားလ်က္
#shinthant1141997

Continue Reading

You'll Also Like

24.1K 263 8
𝑊𝐴𝑅𝑁𝐼𝑁𝐺𝑆: 𝑆𝐸𝑋 𝑉𝐼𝑂𝐿𝐸𝑁𝐶𝐸 𝐺𝑂𝑅𝐸 (𝐾𝐼𝑁𝐷𝐴) 𝑆𝐸𝑋𝑈𝐴𝐿 𝐴𝑆𝑆𝑈𝐴𝐿𝑇 𝐸𝑇𝐶. 𝘍𝘦𝘮𝘢𝘭𝘦 𝘙𝘦𝘢𝘥𝘦𝘳 𝘉𝘺 𝘵𝘩𝘦 𝘸𝘢𝘺. �...
2.9M 54.4K 17
"Stop trying to act like my fiancée because I don't give a damn about you!" His words echoed through the room breaking my remaining hopes - Alizeh (...
785K 65.6K 34
"Excuse me!! How dare you to talk to me like this?? Do you know who I am?" He roared at Vanika in loud voice pointing his index finger towards her. "...
1M 79.9K 39
"Why the fuck you let him touch you!!!"he growled while punching the wall behind me 'I am so scared right now what if he hit me like my father did to...