💝 Part - 50 💝
◽◽◽◽◽
"လုပ်ရက်လိုက်တာဟယ် ညည်းဘယ်လိုလူကိုမှ သွားကြိုက်မိတာလဲ သိမ်မွေ့ရယ်"
အန်တီမခငိုသံနှင့်အတူ လေးလေးပီယ လက်သီးဆုပ်လိုက်သည်ကို မမြင်မကြားချင်ပါလျက် မြင်နေကြားနေရသည်။
သိမ်မွေ့နဲ့အဆက်အသွယ်ပြန်ရကြောင်း သတင်းကြားလိုက်သောအန်တီတို့ဟာ သူတို့အိမ်ကို ချက်ချင်းရောက်လာ၍ သိမ်မွေ့ကိုဖုန်းဆက်ပေးတာမို့ သိမ်မွေ့အသံကြားသည်နှင့် ဆူးတစ်ချောင်းနစ်ဝင်သွားသလို ခံစားလိုက်ရသည်။
ကိုယ့်မှာတော့ အဆုံးသတ်သွားခဲ့ပြီမလား…
"သမီးတောင်းပန်ပါတယ်"
"ညည်းပြန်လာခဲ့ သိမ်မွေ့ ငါသဘောမတူနိုင်ဘူး ရက်စက်လိုက်တာ ငါ့သမီးကိုသေစာရင်းသွင်းပြီး အပိုင်သိမ်းရတယ်လို့
ကြားလား ပြန်လာခဲ့ ဒီအဖေနဲ့အမေ ညည်းအတွက် ဘယ်လောက်ပူလောင်နေသလဲ ညည်းသိတယ်မလား"
"သမီးပြန်လာရင် ဦးနဲ့သဘောတူမှာမို့လို့လား"
ခေါင်းမာသော သိမ်မွေ့ကလည်း ပြန်လာချင်ပုံမရသလို သိမ်မွေ့ပြန်လာချင်ရင်တောင် ဟိုလူကြီးကပြန်လွှတ်မှာမဟုတ်။
သိမ်မွေ့ကို အပိုင်ယူသွားခဲ့တာမို့ ဘယ်လက်လွှတ်ပေးပါတော့မလဲ…
အခုတောင် Mineကြောင့်သိခွင့်ရခဲ့ခြင်းဖြစ်ကာ…
"နင်တို့နှစ်ယောက်ကိုက အဲ့ဒီမိသားစုနဲ့သွားပတ်သက်တာ အဟင့်! ငါ့သမီးလေးကို ဒီတစ်သက်ထပ်မမြင်ရတော့ဘူးလား မင်းနေရဲ့"
သူ့အင်္ကျီစတွေကိုဆုပ်ဆွဲပြီး သည်းထန်စွာငိုနေသော အန်တီ့ကြောင့် သူပါငိုချင်လာမိ၍ မျက်နှာလွှဲထားလိုက်မိသည်။
သူ့ရင်ထဲမှာလည်း မီးလောင်ပြင်ကြီးလို ပူလောင်နေဆဲဖြစ်ကာ ဒီမီးကို ဘာနဲ့ငြှိမ်းသတ်ရမလဲမသိတော့…
သိမ်မွေ့ဖုန်းချသွားသည်နှင့် လေးလေးပီယက နေရာမှထထွက်သွားသလို အန်တီမခရဲ့ငိုချလိုက်သံက တစ်ခန်းလုံးဖုံးလွှမ်းသွား၏။
"မင်းနေ အဲ့ဒီလူက မင်းကောင်မလေးရဲ့ဦးလေးဆို အဲ့ဒီကောင်မလေးကို ပြောခိုင်းလို့မရဘူးလား"
"တော်ပါတော့ အန်တီရာ"
"ဟင့်အင်း ငါ့သမီးမှမသေသေးတာ ငါတွေ့ချင်တာပေါ့ ပြီးတော့အဲ့ဒီလူ..
ဘာလို့များ ငါတို့အပေါ်ဒီလောက်ထိရက်စက်ရသလဲ ငါသိချင်တယ် ပိုက်ဆံလိုချင်တာဆိုရင်လည်း ငါတို့မှာရှိတာအကုန်ပေးပါ့မယ်လို့"
"အဲ့ဒီလူက သိမ်မွေ့ကိုလိုချင်တာ အန်တီ သူတို့ချင်းလည်းချစ်ကြတာပဲ ဒီအတိုင်းနားလည်ပေးလိုက်ပါတော့"
"ဘာလို့နားလည်ပေးရမှာလဲ နင်ပြောရက်လိုက်တာ မင်းနေရယ် အဲ့ဒါ ငါဝမ်းနဲ့လွယ်ပြီးမွေးထားရတဲ့ ငါ့ကလေးပါ အဲ့ဒါနင့်အစ်မလေ
နင်ပြောတော့ ဒီအစ်မပဲရှိတာဆို နင် သူ့အတွက်ဘာမှမခံစားရဘူးလား"
"မခ စိတ်အေးအေးထားပါဟာ"
"မထားနိုင်ဘူး ခေ နင်တွေ့လား နင့်သားကစိတ်မပူဘူး ပြီးတော့ရှိသေးတယ် နင့်ကောင်မလေးက အဲဲ့ဒီမိသားစုထဲကမလား ငါသဘောမတူဘူးနော် မင်းနေ..
နင်ပါအဲ့လိုသေစာရင်းအသွင်းခံနေရမယ်"
"မခ ငါ့ကိုကြည့်.. ကြည့်စမ်းပါ"
သွေးရူးသွေးတန်းဖြစ်နေသော အန်တီ့ကို မေမေကဆွဲခါပစ်လိုက်၍ အန်တီ့အကြည့်တွေက မေမေ့ဆီပြန်ရောက်သွား၏။
ထိုအခါမှ အသိပြန်ဝင်သွားသောအန်တီက အသံမထွက်တော့ဘဲ မေမေ့ပခုံးပေါ်မှီချကာ တအိအိငိုနေ၍ သူ ထိုနေရာမှထထွက်လာခဲ့လိုက်သည်။
သေဆူံးသွားခဲ့စဥ်ကလည်း သူတို့အားလုံး ဝမ်းနည်းပူဆွေးခဲ့ရသည်။
မသေဆူံးမှန်း သိရပြန်တော့လည်း ရှင်ကွဲကွဲခဲ့ရပြီမို့ တစ်ဖန်ပူဆွေးရပြန်သည်။
ဘယ်သူတွေမှားပြီး ဘယ်သူတွေမှန်နေသလဲဟု စဥ်းစားကြည့်မိတော့လည်း ခေါင်းထဲမှာ ဘာမှမရှိ။
ထိုအချိန် အိမ်ရှေ့သို့ထိုးရပ်လာသည့်ကားတစ်စီးကြောင့် မျက်မှောင်ကုပ်သွားမိကာ အပြင်ကိုထွက်လာခဲ့၏။
"ဘယ်သူနဲ့တွေ့ချင်လို့လဲဗျ"
"မင်းနေရာဆိုတာ.."
"ကျွန်တော်ပါ"
စကားအဆုံးမှာ တချောက်ချောက်အသံတွေ ဆက်တိုက်ထွက်လာကာ သူ့ကိုထိုးချိန်လာသည့် သေနဝာ်ပြောင်းဝတွေ…
💝💝◽◽◽💝💝
ပြောမရဆိုမရသည့်ကိုကိုက သောကြာနေ့မတိုင်မှီ လေယာဥ်တစ်စီးလွှတ်လိုက်၍ အသက် အမြင်ကတ်ကတ်နှင့် ထလိုက်လာခဲ့ရကာ စိတ်လည်းတိုမိ၏။
ကိုယ့်အလုပ်နဲ့ကိုယ် မအားမလပ်ဖြစ်နေကာမှ ဘာထကြောင်နေသလဲမသိ။
"အိုညီး"
လေယာဥ်ပေါ်ကဆင်းကတည်းက အသံပြဲပြဲတစ်ခုထွက်လာကာ ဂါဝန်ရှည်ရှည်ကိုမ,ပြီး အသက်ဆီကိုပြေးထွက်လာသော နေနေ။
ဒါလား.. Leoponအရှင်သခင်ကြီးရဲ့ဇနီး…
"အား! Miss you so"
အသက်ကို ဝမ်းသာအားရပွေ့ဖက်ကာ နှုတ်ဆက်လာတော့ စိတ်မပါသော်ငြား အသက် ပြုံးပြလိုက်သည်။
ဘောင်းဘီအိတ်ထဲလက်နှိုက်ကာ အေးအေးဆေးဆေး လမ်းလျှောက်လာသော ထက်ဘုန်းလျှံလက်သစ် ဘုန်းအာဏာလျှံကတော့ အသက်ကိုရော၊ နေနေ့ကိုပါ ပြုံးပြီးကြည့်နေ၏။
"ငါ့ညီမ အရင်ကနဲ့မတူတော့သလိုပဲ"
အသက် ကိုယ့်ကိုယ်ကို ပြန်ငုံ့ကြည့်မိရင်း တစ်ချက်ပြုံးကာ မျက်မှန်ကိုဆွဲချွတ်လိုက်၏။
ရာရာနဲ့မေမေဝတ်စေချင်သော Dressတွေ မဝတ်ဖြစ်တော့ဘဲ ဟိုးအရင်က သက်ထက်ဘုန်းလျှံရဲ့ပုံစံမို့ ကိုကိုတစ်မျိုးမြင်နေပုံရသည်။
အသက်ဟာ ကိုကို့ကိုပြေးခုန်ဖက်တတ်သည့် မိန်းမငယ်လေးလည်း မဟုတ်တော့ပြီမို့…
"ကိုကိုရောပဲ"
တီရှပ်အနက်တစ်ထည်ကို ဘောင်းဘီအညိုဖြင့် တွဲဝတ်ထား၍ ကိုကို့ပုံစံကသန့်ပြန့်နေကာ ဂိုဏ်းချုပ်ဆိုသည့် ခေါင်းစဥ်ကြောင့် ပိုပြီးထည်ဝါနေသလိုပင်။
ကိုကို့အကြည့်တွေ၊ ကိုကို့အမူအယာတွေကအစ ရင့်ကျက်တည်ငြိမ်သွားတာတော့ ငြင်းလို့မရ..
"လာပါဦး ငါ့ကိုမမြင်ဖူးသလိုကြည့်နေတာ"
ကိုကိုက လက်နှစ်ဖက်ဆန့်တန်းပေးတော့ အသက် တစ်ချက်ရယ်မိကာ ကိုကို့ကိုဖက်ပြီး ကိုကို့ရင်ဘတ်ပေါ်မျက်နှာလေးကပ်ထားလိုက်မိသည်။
ကိုကိုဟာ အသက်အတွက်တော့ Idolတစ်ယောက်မို့ ကိုကို့ရဲ့ပွေ့ဖက်နှစ်သိမ့်ပေးခြင်းကြောင့် အင်အားတွေပြန်ပြည့်လာသလိုပင်။
"အားလုံးပြီးမှပြန်.. အေးအေးလူလူနားရမယ်"
"မအေးမလူပါဘူး ရာရာလာတော့မှာ သိတယ်မလား"
"အန်တီခရာလာရင် နေနေအိမ်ပြန်အိပ်မှာနော် ကိုကို"
နေနေ့အရွှန်းဖောက်စကားကြောင့် ကိုကိုက နှစ်နှစ်ခြိုက်ခြိုက်ပြုံးကာ နေနေ့ခေါင်းလေးကို ဖွဖွလေးပုတ်လိုက်၏။
ပြီးမှစံအိမ်ဘက်ပြန်လျှောက်လာခဲ့ကာ တစ်ဖက်မှာ နေနေ့ကိုဖက်ထားလျက်ရှိပြီး တစ်ဖက်ကတော့ အသက်ကိုဖက်ထား၏။
"အဲ့လောက်ထိမကြောက်ပါနဲ့ မိန်းရယ် မာမီ့အားနည်းချက်ကိုသိထားပါတယ်ဆို"
"သိဘူး ပြန်မှာပဲ"
"ကိုကို ပိုင်မှလုပ်နော် စံအိမ်မှာ နေနေကလွဲရင်အားလုံးကလူသဝာ်ဖူးတဲ့လူတွေချည်းပဲ ရာရာမကျေနပ်ရင် တန်းပြီးဆွဲစိခံရမှာ"
"အဲ့လိုမဖြစ်ပါဘူးဆိုကွာ"
"Sure"(သေချာလား)
"Yeah!!"
အသက်ရော နေနေပါ တစ်ယောက်ကိုတစ်ယောက်ကြည့်ကာ ကိုကို့ကိုမျက်စပစ်ပြီး အသံတိတ်ကျိန်ဆဲမိသည်မှာ ပြိုင်တူဖြစ်၏။
ကိုကိုကတော့ သဘောတကျရယ်နေခဲ့ပြီး ညီမနှင့်မိန်းမကြားမှာ စိတ်အေးလက်အေးဖြစ်နေ၍ အသက်စိတ်ထဲငြိမ်းချမ်းသွားမိသည်။
ဒီလိုမျိုး စိတ်လက်မပေါ့ပါးခဲ့တာ ကြာပြီမဟုတ်လား…
"ဧည့်သည်တစ်ယောက်ဖိတ်ထားသေးတယ်"
"ဘယ်သူလဲ"
"ငါ့ဘော်ဒါပါ"
ဘော်ဒါဆိုတော့ ကိုကြီးကိုသတိရသွားကာ အသက်ရှိနေမှတော့ ကိုကိုက ကိုကြီးကိုမခေါ်လောက်ဟုယုံကြည်လိုက်မိ၍ ဝင်မမေးဖြစ်။
နေနေကတော့ ဘယ်သူလဲဟုဂျီကျနေတာမို့ ထိုအီဂျစ်သူမ,၏အသံက ဆူညံနေချိန် စံအိမ်ဝင်းထဲဝင်လာသော ဗင်ကားတစ်တန်းကြောင့် ၃ယောက်လုံး ခြေလှမ်းတွေရပ်ကြသည်။
"ဟော.. လာပါပြီဗျာ"
"Leoponကကားတွေပဲဥစ္စာ"
"ဧည့်သည်သွားခေါ်ခိုင်းထားတာလေ"
ကိုကို့မျက်နှာပြုံးနေပုံက အနည်းငယ်မျှသောရိုးသားမှုတောင်မရှိချေ။
ကိုကိုဘာလုပ်နေသလဲဟု နေနေ့ကိုမျက်စပစ်ကာမေးတော့လည်း နေနေကခေါင်းခါပြပြီး ဗင်ကားတွေကိုပဲလှမ်းကြည့်နေဆဲ။
စံအိမ်ရှေ့မှာ ဗင်ကားတွေရပ်သွားသည့်အခါ အသက်သိနေသော Leoponတွေက ကိုကို့ကို ဦးခေါင်းညွတ်နှုတ်ဆက်ပြီး ကားနောက်ဖုံးဖွင့်ကာ အထုတ်တစ်ထုတ်ကို မ,ယူလာကြ၏။
"သူ့အိမ်ကိုသေချာပြောခဲ့ရဲ့လား"
"ပြောခဲ့ပါတယ် သခင်"
"အေးအေးဆေးဆေးလိုက်ရဲ့လား"
"မလိုက်ဘူး အဲ့ဒါကြောင့် ကြိုးတုပ်ပြီးခေါ်လာခဲ့ပါတယ်"
ဘယ်သူလဲဟု အသက်ပိုသိချင်သွားကာ ထိုအထုတ်ကြီးကိုပဲ ကြည့်နေမိတော့ Leoponတွေက အထုတ်ကြီးကိုမြက်ခင်းပေါ်ချကာ ဖွင့်ပေး၏။
အထဲမှာပါလာတာက လူတစ်ယောက်ဖြစ်ကာ ထိုလူဟာရုန်းကန်နေဟန်ဖြင့် လှုပ်စိလှုပ်စိဖြစ်နေပြီး ဧည့်သည်ကိုတော့ ဒီလိုမဖိတ်ခေါ်တတ်တာသေချာသည်။
ဒီပုံစံနဲ့ဆွဲခေါ်ခံရမှတော့ သေချာပေါက် သစ္စာဖောက်တစ်ယောက်ဖြစ်ပုံရသည်။
"ကျက်သရေယုတ်"
ပါးစပ်ကတိပ်ကိုခွာပေးလိုက်သည်နှင့် ကိုကို့ကိုဆဲသံနှင့်အတူ အထုတ်ထဲကရုန်းထလာသော ကိုကြီးကိုတွေ့လိုက်ရ၍ အသက်ပါးစပ်အဟောင်းသားဖြစ်ကာ ရင်တွေခုန်သွားမိသည်။
လက်တွေမှာလည်း တိပ်နှင့်စည်းခံထားရသော ကိုကြီးဟာ အဖမ်းခံလာရပုံရကာ အသက်သည် ဒေါသဖြစ်နေသောကိုကြီးကိုတစ်လှည့်၊ ရယ်နေသောကိုကို့ကိုတစ်လှည့် ကြည့်မိသည်။
ကိုကို ဘာတွေလုပ်နေတာလဲ…
"ငါ့မင်္ဂလာပွဲကိုမတက်ဘဲ မင်းက ဘယ်သွားချင်သေးတာလဲ ခွေးကောင် မင်းကိုငါရိုက်ချ်ုးပစ်မှာ"
"မင်း..ငါလူး.."
ကိုကြီးက အခုမှအသက်ကိုတွေ့သွားဟန်ဖြင့် ကိုကို့ကိုဆဲခါနီးပါးစပ်ကို အချိန်မှီရပ်တံ့ပစ်၏။
အမှတ်တမဲ့ ငေးစိုက်ကြည့်နေမိရင်း အသက်လည်းမျက်နှာလွှဲပစ်လိုက်ကာ ကိုကို့လက်ကိုလွှတ်ပြီး စံအိမ်ဘက်ကိုပြန်လျှောက်လာခဲ့သည်။
နည်းနည်းပိန်သွားသည့် သူ့မျက်နှာကြောင့် အသက် စိတ်ထဲဝမ်းနည်းသွားပေမယ့် သူလိုလူက ခံစားရမှာမို့လို့လား…
"မင်း ငါ့ကိုဘယ်လိုပုံစံကြီးနဲ့ခေါ်တာလဲ ကြိုးဖြေပေးစမ်း ကျက်သရေယုတ်"
"မင်းမှမလာချင်ဘဲ Canadaသွားမှာဆို"
"မိုးကုတ်ကိုခဏပြန်မှာဟ မင်းဘာသာလျှောက်ထင်နေတာ ချီးလိုပဲ"
"ပြောပါ့လား အဲ့ဒီသောက်ပါးစပ်က"
နောက်ပါးက ကပ်ပါလာသောအသံတွေကြောင့် အသက် တစ်ချက်ပြုံးမိပေမယ့် ခြေလှမ်းတွေကိုတော့ အရှိန်မလျှော့ခဲ့။
သူတို့သူငယ်ချင်းနှစ်ယောက်က အရင်လိုအချစ်အခင်မပျက်သေးတာမို့ ဝမ်းသာမိပေမယ့် ကိုကြီးဟာ အသက်နဲ့မဆိုင်တော့သည့်လူ…
💝💝◽◽◽💝💝
"အစ်ကို ဘာလို့မမကိုဖြတ်တာလဲဟင်"
တစ်ညနေလုံး ဒီလူကြီးကိုအမြင်ကတ်ကတ်ဖြင့် ကြည့်နေခဲ့ရပြီး လူလစ်ချိန်ရောက်မှ ကပ်မေးကြည့်မိတော့ ကိုမင်းနေရာက မျက်နှာပျက်သွား၏။
နေနေလှမ်းပေးသော အင်္ကျီနှင့်ဘောင်းဘီတွေကို လှမ်းယူပြီးပြန်မဖြေတာမို့ ပိုပြီးသိချင်စိတ်ပြင်းပြသွားကာ…
"မမကိုမချစ်လို့လား"
"မဟုတ်ပါဘူး"
"အဲ့ဒါဆိုplayတာပေါ့"
"မဟုတ်ဘူး"
"ဘာလို့ဖြတ်တာလဲ"
"ဖြတ်တာမဟုတ်ဘူး ငါတစ်ယောက်တည်းနေချင်လို့ Breakယူရအောင်လို့ပြောလိုက်တာ သူက တမျိုးထင်သွားပုံပဲ"
"အစ်ကိုကရော တကယ်ပဲတစ်ယောက်တည်း နေနိုင်လို့လား"
"မနေနိုင်ပါဘူး သူငိုပြီးကျန်ခဲ့မှန်းသိလို့ ကားပါကင်ကနေပြန်လှည့်လာတာ ငါက ခဏအနားယူဖို့လိုအပ်လို့ပြောမိတာ အဲ့ဒါကပဲအမှားဖြစ်သွားတယ်"
"အစ်ကို့နေရာက စဥ်းစားကြည့်တော့လည်းဟုတ်ပါတယ် လူတစ်ယောက်လုံးသေသလိူဖြစ်သွားလို့ ဝမ်းနည်းပူဆွေးနေကြတာတောင် မမက မသိချင်ယောင်ဆောင်နေတာဆိုတော့"
"ထားလိုက်ပါ သူ့အပြစ်လည်းမဟုတ်ပါဘူး"
ဒီလူကြီးကတော့ ဒီလောက်သာပြောပြီး အခန်းထဲပြန်ဝင်သွားတော့ နေနေလည်း ကိုယ့်အခန်းကိုပြန်လာခဲ့သည်။
ထိုအချိန် မမအခန်းထဲကထွက်လာသော ဦးဦးကြောင့် ထိတ်ခနဲဖြစ်သွားပြီး ကိုမင်းနေရာကိုလုပ်ကြံနေမလားဆိုသည့် ရူးကြောင်ကြောင်အတွေးတွေ ဝင်လာပြန်သည်။
"ဘာလုပ်နေတာလဲ နေနေ"
"ဟို.. ဧည့်သည်ကို အဝတ်အစားလာပေးတာပါ ဦးဦး"
"ဘယ်ကဧည့်သည်လဲ"
"ကိုကို့သူငယ်ချင်းပါ"
ထိုအခါ ဦးဦးက နေနေ့ကိုကျော်ကာ ဧည့်သည်အခန်းကိုတစ်ချက်လှမ်းကြည့်တာမို့ နေနေ ထိတ်လန့်နေမိတာအမှန်ဖြစ်သည်။
ဦးဦးဟာ မမကို ရတနာတစ်ပါးလိုတန်ဖိုးထားသူမို့ မမအသည်းကိုခွဲထားသည့် ဟိုလူကြီးကို လူသားပေါက်စီလုပ်ပစ်လေမလားမသိ။
"သားပေါက်ကရော"
"ကိုကိုက လေ့ကျင့်ရေးကွင်းမှာ trainingလုပ်နေတဲ့သူတွေကို လိုက်စစ်နေတယ်"
"ပြန်ရောက်ရင် ငါ့ဆီခဏလွှတ်လိုက်"
"ဟုတ်"
ဦးဦးလှည့်ထွက်သွားတော့မှ နေနေ သက်ပြင်းချမိသည်။
ကိုကို့ကို လွှဲအပ်သည့်နေ့မှစပြီး ဦးဦးသည် အုပ်ချုပ်ရေးနှင့် ရောင်းဝယ်ရေးကိစ္စတွေမှာ ဝင်မပါတော့ဘဲ ကိုကို့ကိုသာအာဏာကုန်လွှဲအပ်ထားတော့သည်။
ထိုအချိန်ကတည်းက ကိုကိုမအားတော့တာ ဒီနေ့အထိ…
"ဒါဆိုအိပ်တော့နော် အနွေးပေးစက်ဖွင့်ဖို့မမေ့နဲ့ အေးနေပြီ"
"ဟုတ်"
အန်တီချစ်ခြင်းနဲ့ မမလည်းအပြင်ထွက်လာ၍ နေနေသည် မမနဲ့စကားပြောဖို့စိတ်ကူးရသွားပြီး မမအနားသွားရပ်နေလိုက်သည်။
အန်တီချစ်ခြင်းက မမခေါင်းလေးကိုပုတ်ကာ အောက်ထပ်ကိုဆင်းသွားသည်နှင့် မမလက်ကိုဆွဲလှုပ်ပစ်လိုက်ပြီး…
"မမ တစ်ခုခုသိချင်တာမရှိဘူးလား"
မမ မျက်နှာလေးတစ်မျိုးဖြစ်သွားကာ ဧည့်သည်အခန်းဆီ အကြည့်တစ်ချက်ဝေ့သွား၏။
သို့သော် ခေါင်းခါပြတာမို့ နေနေ အားမလိုအားမရဖြစ်သွားမိပြီး မမပါးလေးကိုဆွဲဖဲ့ပစ်လိုက်သည်။
"သူ ထမင်းသိပ်မစားဘူး ရှမ်းစာတွေမစားတတ်လို့လည်းပါမှာပေါ့ အဲ့ဒါကြောင့် ညဘက်ကိုမုန့်တစ်ခုခုပို့ပေးရမလားလို့လေ"
"ပို့လိုက် အဲ့ဒီမုန့်ထဲ ကြွက်သဝာ်ဆေး ၄တောင့်လောက်ထည့်ပြီးတော့"
"ဟာ!! မမကလည်း ချစ်ရဲ့သားနဲ့"
"နေနေနော် နင်ငါ့အစ်ကိုမိန်းမဖြစ်လာပြီဆိုပြီး ငါ့ကိုဆရာလာမလုပ်နဲ့"
"ဘာဖြစ်လဲ နေနေ့ယောကျာ်းက Leoponရဲ့သခင်ပဲ"
"အေး ငါကအဲ့ဒီLeoponသခင်ရဲ့ညီမပဲ"
"တစ်ဝမ်းကွဲလေ"
"နင်လည်း မင်္ဂလာမဆောင်ရသေးဘူးလေ"
"ဆောင်တော့မှာလေ တလောကလုံးလည်းသိနေပြီဥစ္စာ မမနော် ပြန်မပြောနဲ့ နေနေက ကျန်စစ်သားဝင်စားတာ"
"ငါက အနော်ရထာဝင်စားတာ ဟုတ်ပြီလား နင့်ကိုလှံနဲ့ထိုးသဝာ်ပစ်ဦးမယ် ဒီလောက်နားညည်းတာ"
ဂွပ်ခနဲခေါင်းအခေါက်ခံလိုက်ရတော့ နေနေ နှုတ်ခမ်းစူထော်ပစ်ကာ လှည့်ထွက်သွားသောမမကျောပြင်ကို ဖွဖွလေးထုပစ်ဖို့ကြံစည်လိုက်သည်။
သို့သော် နေနေ့လက်ဟာ ဖမ်းယူခံလိုက်ရပြီး ဘယ်သူလဲဟု လှည့်ကြည့်မိတော့ ကိုမင်းနေရာဖြစ်နေ၏။
"ဘာလုပ်မလို့လဲ"
"ထုမလို့လေ နေနေ့ကိုခေါင်းခေါက်သွားတာ အစ်ကိုမကြားဘူးလား"
"ကြားတယ်လေ မင်းဒီလောက်တောင်ဆူပူနေတာ သူကအရင်ဦးအောင်ခေါက်သွားလို့ မဟုတ်ရင် ငါခေါက်မှာ"
"ရှင် စောက်ပိုတွေမလုပ်စမ်းပါနဲ့"
မမလေသံက တင်းမာပြတ်တောက်စွာထွက်လာတော့ နေနေဇက်ပုသွားမိကာ မျက်နှာချင်းဆိုင်ရပ်နေသော ထိုနှစ်ယောက်ကြားမှာ ညပ်သွားသည်။
"မဟုတ်ပါဘူး"
"နေနေက အသက်နဲ့တစ်သက်လုံး အတူတူကြီးပြင်းလာတာ အသက်ကိုနာအောင်မလုပ်ဘူး အသက်ယုံတယ်"
"ငါ့ကိုတော့ မင်းအဲ့လိုမယုံခဲ့ဘူးနော်"
"ရှင်ဘာစကားပြောတာလဲ"
"ဟိုး.. ဟိုးထား"
အခြေအတင်ဖြစ်လာတော့ နေနေ ကြားထဲမှဝင်ရပ်လိုက်ကာ မမလက်ကလေးကိုဆွဲယူရင်းထိုနေရာမှထွက်လာခဲ့သည်။
မမဆီက တက်ခေါက်သံတစ်ချက်ကြားလိုက်ရကာ ဒုန်းခနဲစားပွဲကြီးကိုကန်ပစ်တာမို့ မမသည် အရင်ကထက်ပိုပြီးကြမ်းတမ်းလာသည်ဟု ထင်မိ၏။
"တကယ့်အာရုံပဲ"
"မမကလည်း"
"နင်တွေ့လား ငါကပဲသူ့ကိုမယုံတာတဲ့"
"မဟုတ်လို့လား"
မမ ပြန်မဖြေတော့ဘဲ နေနေ့ကိုသာဝါးစားပစ်တော့မတတ် စူးစူးကြီးကြည့်နေ၍ နေနေလျှာတစ်လစ်ကလေးလုပ်ကာ မမအခန်းထဲကပြန်ထွက်လာခဲ့သည်။
ဒီအတိုင်းဆို ကိုမင်းနေရာနှင့် မမဟာ မျက်နှာချင်းဆိုင်လို့မရလောက်တော့…
💝💝◽◽◽💝💝
Part 51 ဆက်ရန်
စာဖတ်သူတစ်ဦးချင်းစီကိုလေးစားလျက်
#shinthant1141997
~~~~~~~~~~~~~~~~~~
💝 Part - 50 💝
◽◽◽◽◽
"လုပ္ရက္လိုက္တာဟယ္ ညည္းဘယ္လိုလူကိုမွ သြားႀကိဳက္မိတာလဲ သိမ္ေမြ့ရယ္"
အန္တီမခငိုသံႏွင့္အတူ ေလးေလးပီယ လက္သီးဆုပ္လိုက္သည္ကို မျမင္မၾကားခ်င္ပါလ်က္ ျမင္ေနၾကားေနရသည္။
သိမ္ေမြ့နဲ႔အဆက္အသြယ္ျပန္ရေၾကာင္း သတင္းၾကားလိုက္ေသာအန္တီတို႔ဟာ သူတို႔အိမ္ကို ခ်က္ခ်င္းေရာက္လာ၍ သိမ္ေမြ့ကိုဖုန္းဆက္ေပးတာမို႔ သိမ္ေမြ့အသံၾကားသည္ႏွင့္ ဆူးတစ္ေခ်ာင္းနစ္ဝင္သြားသလို ခံစားလိုက္ရသည္။
ကိုယ့္မွာေတာ့ အဆံုးသတ္သြားခဲ့ၿပီမလား…
"သမီးေတာင္းပန္ပါတယ္"
"ညည္းျပန္လာခဲ့ သိမ္ေမြ့ ငါသေဘာမတူႏိုင္ဘူး ရက္စက္လိုက္တာ ငါ့သမီးကိုေသစာရင္းသြင္းၿပီး အပိုင္သိမ္းရတယ္လို႔
ၾကားလား ျပန္လာခဲ့ ဒီအေဖနဲ႔အေမ ညည္းအတြက္ ဘယ္ေလာက္ပူေလာင္ေနသလဲ ညည္းသိတယ္မလား"
"သမီးျပန္လာရင္ ဦးနဲ႔သေဘာတူမွာမို႔လို႔လား"
ေခါင္းမာေသာ သိမ္ေမြ့ကလည္း ျပန္လာခ်င္ပံုမရသလို သိမ္ေမြ့ျပန္လာခ်င္ရင္ေတာင္ ဟိုလူႀကီးကျပန္လႊတ္မွာမဟုတ္။
သိမ္ေမြ့ကို အပိုင္ယူသြားခဲ့တာမို႔ ဘယ္လက္လႊတ္ေပးပါေတာ့မလဲ…
အခုေတာင္ Mineေၾကာင့္သိခြင့္ရခဲ့ျခင္းျဖစ္ကာ…
"နင္တို႔ႏွစ္ေယာက္ကိုက အဲ့ဒီမိသားစုနဲ႔သြားပတ္သက္တာ အဟင့္! ငါ့သမီးေလးကို ဒီတစ္သက္ထပ္မျမင္ရေတာ့ဘူးလား မင္းေနရဲ့"
သူ႔အက်ႌစေတြကိုဆုပ္ဆဲြၿပီး သည္းထန္စြာငိုေနေသာ အန္တီ့ေၾကာင့္ သူပါငိုခ်င္လာမိ၍ မ်က္ႏွာလႊဲထားလိုက္မိသည္။
သူ႔ရင္ထဲမွာလည္း မီးေလာင္ျပင္ႀကီးလို ပူေလာင္ေနဆဲျဖစ္ကာ ဒီမီးကို ဘာနဲ႔ႃငွိမ္းသတ္ရမလဲမသိေတာ့…
သိမ္ေမြ့ဖုန္းခ်သြားသည္ႏွင့္ ေလးေလးပီယက ေနရာမွထထြက္သြားသလို အန္တီမခရဲ့ငိုခ်လိုက္သံက တစ္ခန္းလံုးဖံုးလႊမ္းသြား၏။
"မင္းေန အဲ့ဒီလူက မင္းေကာင္မေလးရဲ့ဦးေလးဆို အဲ့ဒီေကာင္မေလးကို ေျပာခိုင္းလို႔မရဘူးလား"
"ေတာ္ပါေတာ့ အန္တီရာ"
"ဟင့္အင္း ငါ့သမီးမွမေသေသးတာ ငါေတြ့ခ်င္တာေပါ့ ၿပီးေတာ့အဲ့ဒီလူ..
ဘာလို႔မ်ား ငါတို႔အေပၚဒီေလာက္ထိရက္စက္ရသလဲ ငါသိခ်င္တယ္ ပိုက္ဆံလိုခ်င္တာဆိုရင္လည္း ငါတို႔မွာရိွတာအကုန္ေပးပါ့မယ္လို႔"
"အဲ့ဒီလူက သိမ္ေမြ့ကိုလိုခ်င္တာ အန္တီ သူတို႔ခ်င္းလည္းခ်စ္ၾကတာပဲ ဒီအတိုင္းနားလည္ေပးလိုက္ပါေတာ့"
"ဘာလို႔နားလည္ေပးရမွာလဲ နင္ေျပာရက္လိုက္တာ မင္းေနရယ္ အဲ့ဒါ ငါဝမ္းနဲ႔လြယ္ၿပီးေမြးထားရတဲ့ ငါ့ကေလးပါ အဲ့ဒါနင့္အစ္မေလ
နင္ေျပာေတာ့ ဒီအစ္မပဲရိွတာဆို နင္ သူ႔အတြက္ဘာမွမခံစားရဘူးလား"
"မခ စိတ္ေအးေအးထားပါဟာ"
"မထားႏိုင္ဘူး ေခ နင္ေတြ့လား နင့္သားကစိတ္မပူဘူး ၿပီးေတာ့ရိွေသးတယ္ နင့္ေကာင္မေလးက အဲ့ဒီမိသားစုထဲကမလား ငါသေဘာမတူဘူးေနာ္ မင္းေန..
နင္ပါအဲ့လိုေသစာရင္းအသြင္းခံေနရမယ္"
"မခ ငါ့ကိုၾကၫ့္.. ၾကၫ့္စမ္းပါ"
ေသြးရူးေသြးတန္းျဖစ္ေနေသာ အန္တီ့ကို ေမေမကဆဲြခါပစ္လိုက္၍ အန္တီ့အၾကၫ့္ေတြက ေမေမ့ဆီျပန္ေရာက္သြား၏။
ထိုအခါမွ အသိျပန္ဝင္သြားေသာအန္တီက အသံမထြက္ေတာ့ဘဲ ေမေမ့ပခံုးေပၚမွီခ်ကာ တအိအိငိုေန၍ သူ ထိုေနရာမွထထြက္လာခဲ့လိုက္သည္။
ေသဆူံးသြားခဲ့စဥ္ကလည္း သူတို႔အားလံုး ဝမ္းနည္းပူေဆြးခဲ့ရသည္။
မေသဆူံးမွန္း သိရျပန္ေတာ့လည္း ရွင္ကဲြကဲြခဲ့ရၿပီမို႔ တစ္ဖန္ပူေဆြးရျပန္သည္။
ဘယ္သူေတြမွားၿပီး ဘယ္သူေတြမွန္ေနသလဲဟု စဥ္းစားၾကၫ့္မိေတာ့လည္း ေခါင္းထဲမွာ ဘာမွမရိွ။
ထိုအခ်ိန္ အိမ္ေရ႔ွသို႔ထိုးရပ္လာသၫ့္ကားတစ္စီးေၾကာင့္ မ်က္ေမွာင္ကုပ္သြားမိကာ အျပင္ကိုထြက္လာခဲ့၏။
"ဘယ္သူနဲ႔ေတြ့ခ်င္လို႔လဲဗ်"
"မင္းေနရာဆိုတာ.."
"ကၽြန္ေတာ္ပါ"
စကားအဆံုးမွာ တေခ်ာက္ေခ်ာက္အသံေတြ ဆက္တိုက္ထြက္လာကာ သူ႔ကိုထိုးခ်ိန္လာသၫ့္ ေသနဝာ္ေျပာင္းဝေတြ…
💝💝◽◽◽💝💝
ေျပာမရဆိုမရသၫ့္ကိုကိုက ေသာၾကာေန့မတိုင္မွီ ေလယာဥ္တစ္စီးလႊတ္လိုက္၍ အသက္ အျမင္ကတ္ကတ္ႏွင့္ ထလိုက္လာခဲ့ရကာ စိတ္လည္းတိုမိ၏။
ကိုယ့္အလုပ္နဲ႔ကိုယ္ မအားမလပ္ျဖစ္ေနကာမွ ဘာထေၾကာင္ေနသလဲမသိ။
"အိုညီး"
ေလယာဥ္ေပၚကဆင္းကတည္းက အသံၿပဲျပဲတစ္ခုထြက္လာကာ ဂါဝန္ရွည္ရွည္ကိုမ,ၿပီး အသက္ဆီကိုေျပးထြက္လာေသာ ေနေန။
ဒါလား.. Leoponအရွင္သခင္ႀကီးရဲ့ဇနီး…
"အား! Miss you so"
အသက္ကို ဝမ္းသာအားရေပြ့ဖက္ကာ ႏႈတ္ဆက္လာေတာ့ စိတ္မပါေသာ္ျငား အသက္ ႃပံုးျပလိုက္သည္။
ေဘာင္းဘီအိတ္ထဲလက္ႏိႈက္ကာ ေအးေအးေဆးေဆး လမ္းေလ်ွာက္လာေသာ ထက္ဘုန္းလ်ွံလက္သစ္ ဘုန္းအာဏာလ်ွံကေတာ့ အသက္ကိုေရာ၊ ေနေန့ကိုပါ ႃပံုးၿပီးၾကၫ့္ေန၏။
"ငါ့ညီမ အရင္ကနဲ႔မတူေတာ့သလိုပဲ"
အသက္ ကိုယ့္ကိုယ္ကို ျပန္ငံု႔ၾကၫ့္မိရင္း တစ္ခ်က္ႃပံုးကာ မ်က္မွန္ကိုဆဲြခၽြတ္လိုက္၏။
ရာရာနဲ႔ေမေမဝတ္ေစခ်င္ေသာ Dressေတြ မဝတ္ျဖစ္ေတာ့ဘဲ ဟိုးအရင္က သက္ထက္ဘုန္းလ်ွံရဲ့ပံုစံမို႔ ကိုကိုတစ္မ်ိဳးျမင္ေနပံုရသည္။
အသက္ဟာ ကိုကို႔ကိုေျပးခုန္ဖက္တတ္သၫ့္ မိန္းမငယ္ေလးလည္း မဟုတ္ေတာ့ၿပီမို႔…
"ကိုကိုေရာပဲ"
တီရွပ္အနက္တစ္ထည္ကို ေဘာင္းဘီအညိုျဖင့္ တဲြဝတ္ထား၍ ကိုကို႔ပံုစံကသန႔္ျပန႔္ေနကာ ဂိုဏ္းခ်ဳပ္ဆိုသၫ့္ ေခါင္းစဥ္ေၾကာင့္ ပိုၿပီးထည္ဝါေနသလိုပင္။
ကိုကို႔အၾကၫ့္ေတြ၊ ကိုကို႔အမူအယာေတြကအစ ရင့္က်က္တည္ၿငိမ္သြားတာေတာ့ ျငင္းလို႔မရ..
"လာပါဦး ငါ့ကိုမျမင္ဖူးသလိုၾကၫ့္ေနတာ"
ကိုကိုက လက္ႏွစ္ဖက္ဆန႔္တန္းေပးေတာ့ အသက္ တစ္ခ်က္ရယ္မိကာ ကိုကို႔ကိုဖက္ၿပီး ကိုကို႔ရင္ဘတ္ေပၚမ်က္ႏွာေလးကပ္ထားလိုက္မိသည္။
ကိုကိုဟာ အသက္အတြက္ေတာ့ Idolတစ္ေယာက္မို႔ ကိုကို႔ရဲ့ေပြ့ဖက္ႏွစ္သိမ့္ေပးျခင္းေၾကာင့္ အင္အားေတျြပန္ျပည့္လာသလိုပင္။
"အားလံုးၿပီးမျွပန္.. ေအးေအးလူလူနားရမယ္"
"မေအးမလူပါဘူး ရာရာလာေတာ့မွာ သိတယ္မလား"
"အန္တီခရာလာရင္ ေနေနအိမ္ျပန္အိပ္မွာေနာ္ ကိုကို"
ေနေန့အရႊန္းေဖာက္စကားေၾကာင့္ ကိုကိုက ႏွစ္ႏွစ္ၿခိဳက္ၿခိဳက္ႃပံုးကာ ေနေန့ေခါင္းေလးကို ဖြဖြေလးပုတ္လိုက္၏။
ၿပီးမွစံအိမ္ဘက္ျပန္ေလ်ွာက္လာခဲ့ကာ တစ္ဖက္မွာ ေနေန့ကိုဖက္ထားလ်က္ရိွၿပီး တစ္ဖက္ကေတာ့ အသက္ကိုဖက္ထား၏။
"အဲ့ေလာက္ထိမေၾကာက္ပါနဲ႔ မိန္းရယ္ မာမီ့အားနည္းခ်က္ကိုသိထားပါတယ္ဆို"
"သိဘူး ျပန္မွာပဲ"
"ကိုကို ပိုင္မွလုပ္ေနာ္ စံအိမ္မွာ ေနေနကလဲြရင္အားလံုးကလူသဝာ္ဖူးတဲ့လူေတြခ်ည္းပဲ ရာရာမေက်နပ္ရင္ တန္းၿပီးဆဲြစိခံရမွာ"
"အဲ့လိုမျဖစ္ပါဘူးဆိုကြာ"
"Sure"(ေသခ်ာလား)
"Yeah!!"
အသက္ေရာ ေနေနပါ တစ္ေယာက္ကိုတစ္ေယာက္ၾကၫ့္ကာ ကိုကို႔ကိုမ်က္စပစ္ၿပီး အသံတိတ္က်ိန္ဆဲမိသည္မွာ ၿပိဳင္တူျဖစ္၏။
ကိုကိုကေတာ့ သေဘာတက်ရယ္ေနခဲ့ၿပီး ညီမႏွင့္မိန္းမၾကားမွာ စိတ္ေအးလက္ေအးျဖစ္ေန၍ အသက္စိတ္ထဲၿငိမ္းခ်မ္းသြားမိသည္။
ဒီလိုမ်ိဳး စိတ္လက္မေပါ့ပါးခဲ့တာ ၾကာၿပီမဟုတ္လား…
"ဧၫ့္သည္တစ္ေယာက္ဖိတ္ထားေသးတယ္"
"ဘယ္သူလဲ"
"ငါ့ေဘာ္ဒါပါ"
ေဘာ္ဒါဆိုေတာ့ ကိုႀကီးကိုသတိရသြားကာ အသက္ရိွေနမွေတာ့ ကိုကိုက ကိုႀကီးကိုမေခၚေလာက္ဟုယံုၾကည္လိုက္မိ၍ ဝင္မေမးျဖစ္။
ေနေနကေတာ့ ဘယ္သူလဲဟုဂ်ီက်ေနတာမို႔ ထိုအီဂ်စ္သူမ,၏အသံက ဆူညံေနခ်ိန္ စံအိမ္ဝင္းထဲဝင္လာေသာ ဗင္ကားတစ္တန္းေၾကာင့္ ၃ေယာက္လံုး ေျခလွမ္းေတြရပ္ၾကသည္။
"ေဟာ.. လာပါၿပီဗ်ာ"
"Leoponကကားေတြပဲဥစၥာ"
"ဧၫ့္သည္သြားေခၚခိုင္းထားတာေလ"
ကိုကို႔မ်က္ႏွာႃပံုးေနပံုက အနည္းငယ္မ်ွေသာရိုးသားမႈေတာင္မရိွေခ်။
ကိုကိုဘာလုပ္ေနသလဲဟု ေနေန့ကိုမ်က္စပစ္ကာေမးေတာ့လည္း ေနေနကေခါင္းခါျပၿပီး ဗင္ကားေတြကိုပဲလွမ္းၾကၫ့္ေနဆဲ။
စံအိမ္ေရ႔ွမွာ ဗင္ကားေတြရပ္သြားသၫ့္အခါ အသက္သိေနေသာ Leoponေတြက ကိုကို႔ကို ဦးေခါင္းၫြတ္ႏႈတ္ဆက္ၿပီး ကားေနာက္ဖံုးဖြင့္ကာ အထုတ္တစ္ထုတ္ကို မ,ယူလာၾက၏။
"သူ႔အိမ္ကိုေသခ်ာေျပာခဲ့ရဲ့လား"
"ေျပာခဲ့ပါတယ္ သခင္"
"ေအးေအးေဆးေဆးလိုက္ရဲ့လား"
"မလိုက္ဘူး အဲ့ဒါေၾကာင့္ ႀကိဳးတုပ္ၿပီးေခၚလာခဲ့ပါတယ္"
ဘယ္သူလဲဟု အသက္ပိုသိခ်င္သြားကာ ထိုအထုတ္ႀကီးကိုပဲ ၾကၫ့္ေနမိေတာ့ Leoponေတြက အထုတ္ႀကီးကိုျမက္ခင္းေပၚခ်ကာ ဖြင့္ေပး၏။
အထဲမွာပါလာတာက လူတစ္ေယာက္ျဖစ္ကာ ထိုလူဟာရုန္းကန္ေနဟန္ျဖင့္ လႈပ္စိလႈပ္စိျဖစ္ေနၿပီး ဧၫ့္သည္ကိုေတာ့ ဒီလိုမဖိတ္ေခၚတတ္တာေသခ်ာသည္။
ဒီပံုစံနဲ႔ဆဲြေခၚခံရမွေတာ့ ေသခ်ာေပါက္ သစၥာေဖာက္တစ္ေယာက္ျဖစ္ပံုရသည္။
"က်က္သေရယုတ္"
ပါးစပ္ကတိပ္ကိုခြာေပးလိုက္သည္ႏွင့္ ကိုကို႔ကိုဆဲသံႏွင့္အတူ အထုတ္ထဲကရုန္းထလာေသာ ကိုႀကီးကိုေတြ့လိုက္ရ၍ အသက္ပါးစပ္အေဟာင္းသားျဖစ္ကာ ရင္ေတြခုန္သြားမိသည္။
လက္ေတြမွာလည္း တိပ္ႏွင့္စည္းခံထားရေသာ ကိုႀကီးဟာ အဖမ္းခံလာရပံုရကာ အသက္သည္ ေဒါသျဖစ္ေနေသာကိုႀကီးကိုတစ္လွၫ့္၊ ရယ္ေနေသာကိုကို႔ကိုတစ္လွည့္ ၾကၫ့္မိသည္။
ကိုကို ဘာေတြလုပ္ေနတာလဲ…
"ငါ့မဂၤလာပဲြကိုမတက္ဘဲ မင္းက ဘယ္သြားခ်င္ေသးတာလဲ ေခြးေကာင္ မင္းကိုငါရိုက္ခ်္ုးပစ္မွာ"
"မင္း..ငါလူး.."
ကိုႀကီးက အခုမွအသက္ကိုေတြ့သြားဟန္ျဖင့္ ကိုကို႔ကိုဆဲခါနီးပါးစပ္ကို အခ်ိန္မွီရပ္တံ့ပစ္၏။
အမွတ္တမဲ့ ေငးစိုက္ၾကၫ့္ေနမိရင္း အသက္လည္းမ်က္ႏွာလႊဲပစ္လိုက္ကာ ကိုကို႔လက္ကိုလႊတ္ၿပီး စံအိမ္ဘက္ကိုျပန္ေလ်ွာက္လာခဲ့သည္။
နည္းနည္းပိန္သြားသၫ့္ သူ႔မ်က္ႏွာေၾကာင့္ အသက္ စိတ္ထဲဝမ္းနည္းသြားေပမယ့္ သူလိုလူက ခံစားရမွာမို႔လို႔လား…
"မင္း ငါ့ကိုဘယ္လိုပံုစံႀကီးနဲ႔ေခၚတာလဲ ႀကိဳးေျဖေပးစမ္း က်က္သေရယုတ္"
"မင္းမွမလာခ်င္ဘဲ Canadaသြားမွာဆို"
"မိုးကုတ္ကိုခဏျပန္မွာဟ မင္းဘာသာေလ်ွာက္ထင္ေနတာ ခ်ီးလိုပဲ"
"ေျပာပါ့လား အဲ့ဒီေသာက္ပါးစပ္က"
ေနာက္ပါးက ကပ္ပါလာေသာအသံေတြေၾကာင့္ အသက္ တစ္ခ်က္ႃပံုးမိေပမယ့္ ေျခလွမ္းေတြကိုေတာ့ အရိွန္မေလ်ွာ့ခဲ့။
သူတို႔သူငယ္ခ်င္းႏွစ္ေယာက္က အရင္လိုအခ်စ္အခင္မပ်က္ေသးတာမို႔ ဝမ္းသာမိေပမယ့္ ကိုႀကီးဟာ အသက္နဲ႔မဆိုင္ေတာ့သၫ့္လူ…
💝💝◽◽◽💝💝
"အစ္ကို ဘာလို႔မမကိုျဖတ္တာလဲဟင္"
တစ္ညေနလံုး ဒီလူႀကီးကိုအျမင္ကတ္ကတ္ျဖင့္ ၾကၫ့္ေနခဲ့ရၿပီး လူလစ္ခ်ိန္ေရာက္မွ ကပ္ေမးၾကည့္မိေတာ့ ကိုမင္းေနရာက မ်က္ႏွာပ်က္သြား၏။
ေနေနလွမ္းေပးေသာ အက်ႌႏွင့္ေဘာင္းဘီေတြကို လွမ္းယူၿပီးျပန္မေျဖတာမို႔ ပိုၿပီးသိခ်င္စိတ္ျပင္းျပသြားကာ…
"မမကိုမခ်စ္လို႔လား"
"မဟုတ္ပါဘူး"
"အဲ့ဒါဆိုplayတာေပါ့"
"မဟုတ္ဘူး"
"ဘာလို႔ျဖတ္တာလဲ"
"ျဖတ္တာမဟုတ္ဘူး ငါတစ္ေယာက္တည္းေနခ်င္လို႔ Breakယူရေအာင္လို႔ေျပာလိုက္တာ သူက တမ်ိဳးထင္သြားပံုပဲ"
"အစ္ကိုကေရာ တကယ္ပဲတစ္ေယာက္တည္း ေနႏိုင္လို႔လား"
"မေနႏိုင္ပါဘူး သူငိုၿပီးက်န္ခဲ့မွန္းသိလို႔ ကားပါကင္ကေနျပန္လွည့္လာတာ ငါက ခဏအနားယူဖို႔လိုအပ္လို႔ေျပာမိတာ အဲ့ဒါကပဲအမွားျဖစ္သြားတယ္"
"အစ္ကို႔ေနရာက စဥ္းစားၾကၫ့္ေတာ့လည္းဟုတ္ပါတယ္ လူတစ္ေယာက္လံုးေသသလိူျဖစ္သြားလို႔ ဝမ္းနည္းပူေဆြးေနၾကတာေတာင္ မမက မသိခ်င္ေယာင္ေဆာင္ေနတာဆိုေတာ့"
"ထားလိုက္ပါ သူ႔အျပစ္လည္းမဟုတ္ပါဘူး"
ဒီလူႀကီးကေတာ့ ဒီေလာက္သာေျပာၿပီး အခန္းထဲျပန္ဝင္သြားေတာ့ ေနေနလည္း ကိုယ့္အခန္းကိုျပန္လာခဲ့သည္။
ထိုအခ်ိန္ မမအခန္းထဲကထြက္လာေသာ ဦးဦးေၾကာင့္ ထိတ္ခနဲျဖစ္သြားၿပီး ကိုမင္းေနရာကိုလုပ္ႀကံေနမလားဆိုသၫ့္ ရူးေၾကာင္ေၾကာင္အေတြးေတြ ဝင္လာျပန္သည္။
"ဘာလုပ္ေနတာလဲ ေနေန"
"ဟို.. ဧၫ့္သည္ကို အဝတ္အစားလာေပးတာပါ ဦးဦး"
"ဘယ္ကဧၫ့္သည္လဲ"
"ကိုကို႔သူငယ္ခ်င္းပါ"
ထိုအခါ ဦးဦးက ေနေန့ကိုေက်ာ္ကာ ဧၫ့္သည္အခန္းကိုတစ္ခ်က္လွမ္းၾကၫ့္တာမို႔ ေနေန ထိတ္လန႔္ေနမိတာအမွန္ျဖစ္သည္။
ဦးဦးဟာ မမကို ရတနာတစ္ပါးလိုတန္ဖိုးထားသူမို႔ မမအသည္းကိုခဲြထားသၫ့္ ဟိုလူႀကီးကို လူသားေပါက္စီလုပ္ပစ္ေလမလားမသိ။
"သားေပါက္ကေရာ"
"ကိုကိုက ေလ့က်င့္ေရးကြင္းမွာ trainingလုပ္ေနတဲ့သူေတြကို လိုက္စစ္ေနတယ္"
"ျပန္ေရာက္ရင္ ငါ့ဆီခဏလႊတ္လိုက္"
"ဟုတ္"
ဦးဦးလွၫ့္ထြက္သြားေတာ့မွ ေနေန သက္ျပင္းခ်မိသည္။
ကိုကို႔ကို လႊဲအပ္သၫ့္ေန့မွစၿပီး ၪီးဦးသည္ အုပ္ခ်ဳပ္ေရးႏွင့္ ေရာင္းဝယ္ေရးကိစၥေတြမွာ ဝင္မပါေတာ့ဘဲ ကိုကို႔ကိုသာအာဏာကုန္လႊဲအပ္ထားေတာ့သည္။
ထိုအခ်ိန္ကတည္းက ကိုကိုမအားေတာ့တာ ဒီေန့အထိ…
"ဒါဆိုအိပ္ေတာ့ေနာ္ အေနြးေပးစက္ဖြင့္ဖို႔မေမ့နဲ႔ ေအးေနၿပီ"
"ဟုတ္"
အန္တီခ်စ္ျခင္းနဲ႔ မမလည္းအျပင္ထြက္လာ၍ ေနေနသည္ မမနဲ႔စကားေျပာဖို႔စိတ္ကူးရသြားၿပီး မမအနားသြားရပ္ေနလိုက္သည္။
အန္တီခ်စ္ျခင္းက မမေခါင္းေလးကိုပုတ္ကာ ေအာက္ထပ္ကိုဆင္းသြားသည္ႏွင့္ မမလက္ကိုဆဲြလႈပ္ပစ္လိုက္ၿပီး…
"မမ တစ္ခုခုသိခ်င္တာမရိွဘူးလား"
မမ မ်က္ႏွာေလးတစ္မ်ိဳးျဖစ္သြားကာ ဧၫ့္သည္အခန္းဆီ အၾကၫ့္တစ္ခ်က္ေဝ့သြား၏။
သို႔ေသာ္ ေခါင္းခါျပတာမို႔ ေနေန အားမလိုအားမရျဖစ္သြားမိၿပီး မမပါးေလးကိုဆဲြဖဲ့ပစ္လိုက္သည္။
"သူ ထမင္းသိပ္မစားဘူး ရွမ္းစာေတြမစားတတ္လို႔လည္းပါမွာေပါ့ အဲ့ဒါေၾကာင့္ ညဘက္ကိုမုန႔္တစ္ခုခုပို႔ေပးရမလားလို႔ေလ"
"ပို႔လိုက္ အဲ့ဒီမုန႔္ထဲ ႂကြက္သဝာ္ေဆး ၄ေတာင့္ေလာက္ထၫ့္ၿပီးေတာ့"
"ဟာ!! မမကလည္း ခ်စ္ရဲ့သားနဲ႔"
"ေနေနေနာ္ နင္ငါ့အစ္ကိုမိန္းမျဖစ္လာၿပီဆိုၿပီး ငါ့ကိုဆရာလာမလုပ္နဲ႔"
"ဘာျဖစ္လဲ ေနေန့ေယာက်ာ္းက Leoponရဲ့သခင္ပဲ"
"ေအး ငါကအဲ့ဒီLeoponသခင္ရဲ့ညီမပဲ"
"တစ္ဝမ္းကဲြေလ"
"နင္လည္း မဂၤလာမေဆာင္ရေသးဘူးေလ"
"ေဆာင္ေတာ့မွာေလ တေလာကလံုးလည္းသိေနၿပီဥစၥာ မမေနာ္ ျပန္မေျပာနဲ႔ ေနေနက က်န္စစ္သားဝင္စားတာ"
"ငါက အေနာ္ရထာဝင္စားတာ ဟုတ္ၿပီလား နင့္ကိုလွံနဲ႔ထိုးသဝာ္ပစ္ဦးမယ္ ဒီေလာက္နားညည္းတာ"
ဂြပ္ခနဲေခါင္းအေခါက္ခံလိုက္ရေတာ့ ေနေန ႏႈတ္ခမ္းစူေထာ္ပစ္ကာ လွၫ့္ထြက္သြားေသာမမေက်ာျပင္ကို ဖြဖြေလးထုပစ္ဖို႔ႀကံစည္လိုက္သည္။
သို႔ေသာ္ ေနေန့လက္ဟာ ဖမ္းယူခံလိုက္ရၿပီး ဘယ္သူလဲဟု လွၫ့္ၾကၫ့္မိေတာ့ ကိုမင္းေနရာျဖစ္ေန၏။
"ဘာလုပ္မလို႔လဲ"
"ထုမလို႔ေလ ေနေန့ကိုေခါင္းေခါက္သြားတာ အစ္ကိုမၾကားဘူးလား"
"ၾကားတယ္ေလ မင္းဒီေလာက္ေတာင္ဆူပူေနတာ သူကအရင္ဦးေအာင္ေခါက္သြားလို႔ မဟုတ္ရင္ ငါေခါက္မွာ"
"ရွင္ ေစာက္ပိုေတြမလုပ္စမ္းပါနဲ႔"
မမေလသံက တင္းမာျပတ္ေတာက္စြာထြက္လာေတာ့ ေနေနဇက္ပုသြားမိကာ မ်က္ႏွာခ်င္းဆိုင္ရပ္ေနေသာ ထိုႏွစ္ေယာက္ၾကားမွာ ညပ္သြားသည္။
"မဟုတ္ပါဘူး"
"ေနေနက အသက္နဲ႔တစ္သက္လံုး အတူတူႀကီးျပင္းလာတာ အသက္ကိုနာေအာင္မလုပ္ဘူး အသက္ယံုတယ္"
"ငါ့ကိုေတာ့ မင္းအဲ့လိုမယံုခဲ့ဘူးေနာ္"
"ရွင္ဘာစကားေျပာတာလဲ"
"ဟိုး.. ဟိုးထား"
အေျခအတင္ျဖစ္လာေတာ့ ေနေန ၾကားထဲမွဝင္ရပ္လိုက္ကာ မမလက္ကေလးကိုဆဲြယူရင္းထိုေနရာမွထြက္လာခဲ့သည္။
မမဆီက တက္ေခါက္သံတစ္ခ်က္ၾကားလိုက္ရကာ ဒုန္းခနဲစားပဲြႀကီးကိုကန္ပစ္တာမို႔ မမသည္ အရင္ကထက္ပိုၿပီးၾကမ္းတမ္းလာသည္ဟု ထင္မိ၏။
"တကယ့္အာရံုပဲ"
"မမကလည္း"
"နင္ေတြ့လား ငါကပဲသူ႔ကိုမယံုတာတဲ့"
"မဟုတ္လို႔လား"
မမ ျပန္မေျဖေတာ့ဘဲ ေနေန့ကိုသာဝါးစားပစ္ေတာ့မတတ္ စူးစူးႀကီးၾကၫ့္ေန၍ ေနေနလ်ွာတစ္လစ္ကေလးလုပ္ကာ မမအခန္းထဲကျပန္ထြက္လာခဲ့သည္။
ဒီအတိုင္းဆို ကိုမင္းေနရာႏွင့္ မမဟာ မ်က္ႏွာခ်င္းဆိုင္လို႔မရေလာက္ေတာ့…
💝💝◽◽◽💝💝
Part 51 ဆက္ရန္
စာဖတ္သူတစ္ဦးခ်င္းစီကိုေလးစားလ်က္
#shinthant1141997