အသက်ကို အသက်လိုငြိတွယ်သူမယ်

By SummerMaung

549K 25.9K 1.7K

ကျွန်တော်ချစ်ရမှာကိုကြောက်တယ် ဘာလို့ဆို ချစ်မိသွားရင် မျက်စိကန်းသွားသလိုပဲ အန္တရာယ်လည်းမသိတော့ဘူး ချောက်ကမ်း... More

Intro
1
2
3
4
5
6
7
Photo
8
9
10
11
12
13
14
15
16
17
18
19
20
21
22
23
24
25
26
27
28
29
30
31
32
33
34
35
36
37
38
39
40
41
42
43
44
45
47
48
49
50
51
52
53
54
55
56
57
58
59 (ဇာတ်သိမ်းပိုင်း)
Extra 1
Extra 2
Extra 3
Extra 4

46

8.1K 444 16
By SummerMaung

💝 Part - 46 💝

◽◽◽◽◽

"ဟုတ်လို့လား"

ကိုကြီးရဲ့အသံက ကျယ်လည်းကျယ်သလို ထိုင်ရာမှထကာ ဟိုဘက်လျှောက်ဒီဘက်လျှောက်လိုက် ဖြစ်သွားပြီး ဒါဟာစိတ်မတည်ငြိမ်ခြင်းရဲ့ လက္ခဏာရပ်ဖြစ်သည်။
စတော့ဈေးကွက်ကိုကြည့်နေရင်းမှ ကိုကြီးပုံစံကို အသက် အကဲခတ်နေမိကာ ဘာများဖြစ်လို့လဲဟု သိချင်စိတ်ပြင်းပြသွား၏။

"ဘယ်လိုဖြစ်လို့ ကားAccidentဖြစ်ရမှာလဲ သိမ်မွေ့က တောင်ပေါ်လမ်းတွေကိုသိပ်ကျွမ်းတာ အဲ့ဒီလမ်းတွေဆိုတာ သူသွားနေကျပဲ"

"-------"

"မဖြစ်နိုင်တာ ဘယ်လိုမှကိုမဖြစ်နိုင်တာ"

ဒီလိုဆို မမသိမ်မွေ့ဆုံးသွားပြီလား…
ရုတ်တရက် ဦးဇွဲကိုသတိရလိုက်သော အသက်သည် ဖုန်းကိုလှမ်းယူကာ အခန်းထဲပြန်ဝင်လာခဲ့ပြီး တံခါးကို lockချပစ်လိုက်သည်။
ပိုပြီးစိတ်ချရအောင် ရေချိုးခန်းထဲကိုဝင်လာခဲ့ကာ တံခါးကိုလုံအောင်ပိတ်လိုက်ပြီး ဦးဇွဲဆီဖုန်းခေါ်လိုက်သည်။

တောင်ပေါ်လမ်းတွေကို ကျွမ်းကျင်စွာမောင်းတတ်သော ယာဥ်မောင်းသူတစ်ယောက်ဟာ ဘာကြောင့်သေဆူံးသွားရသလဲ…
အသက်ကိုယ်တိုင်လည်း တောင်ပေါ်မြို့တွေမှာ ကားမောင်းခဲ့သူမို့ Accidentဖြစ်နိုင်ချေနည်းပါးလွန်းကြောင်းတွက်ဆမိသည်။
ဒါဆိုဒါဟာ ဦးဇွဲရဲ့ပယောဂ ကင်းရဲ့လား…

"အင်း အသက်ကလေး"

"မမသိမ်မွေ့ဘယ်မှာလဲ"

"ဘာ!"

ဦးဇွဲအသံက တအံတဩဖြစ်သွားသည့်အသံမို့ အသက် ဇဝေဇဝါဖြစ်သွားမိကာ ဤအသံသည် မမသိမ်မွေ့အကြောင်းအခုမှသိလို့လား။
သို့မဟုတ် အသက်က တည့်တည့်ကြီးမေးလိုက်လို့ သူခိုးလူမိသွားတာလား…

"ဦးဇွဲ.. ဦးဇွဲလက်ချက်မလား"

"အဟွန်း.. ဘယ်လိုလုပ်သိတာလဲ"

"အသက်က ဦးဇွဲရဲ့တူမမို့လေ မြွေမြွေချင်းခြေမြင်တယ်ဆိုပါတော့ ဘာလို့ဒီလိုလုပ်တာလဲ ဒီဘက်မှာမီးလောင်နေပြီ"

"ငယ်လေးကသိပ်ခေါင်းမာတယ် ခုထိလည်းပြန်ပို့ပေးဖို့ပဲ ပြောနေတာ ဒါပေမယ့် ဦးဇွဲမှမခွဲနိုင်တာ ငါ့တူမရယ်"

"အဲ့လိုဆိုတိုင်း ဒီလိုမျိုးဖျောက်ဖျက်ပစ်လို့မရဘူးလေ ဒီဘက်ကမိဘတွေရဲ့အပူကို ဦးဇွဲနားလည်ပါဦး"

"မသိတော့ဘူး ရှေ့တိုးခဲ့ပြီးမှတော့ နောက်မဆုတ်ချင်ဘူး အသက်ကလေး ဒါကိုအသက်ကလေးပဲသိပါစေ ကောင်လေးကိုပြန်မပြောပါနဲ့"

"ဒါပေမယ့်"

"ငယ်လေးကိုပြန်မပေးနိုင်ဘူး သူ့ကိုဆွဲထုတ်ဖို့ကြိုးစားရင် အဲ့ဒီလူကိုအသေသဝာ်ပစ်တော့မှာ အဲ့လောက်ဆို ဦးဇွဲဆန္ဒကိုနားလည်ပြီမလား"

အသက် ဘာမှမပြောနိုင်တော့ဘဲ သက်ပြင်းတစ်ချက်သာ ချလိုက်မိတုန်း ဦးဇွဲကဖုန်းချသွား၏။
ဖေဖေပြောခဲ့သည့်အတိုင်း ဦးဇွဲဟာ ရဲတိုက်ကြီးတစ်ခုလို ကြီးမားခိုင်ခံ့သောစိတ်ဓာတ်မျိုးရှိကာ သူ့ရှေ့မှာကာဆီးပိတ်ပင်သူတိုင်းကို အပြတ်ရှင်းပစ်တတ်သူဖြစ်သည်။
ထို့အပြင် အခုပြောသွားသည့်စကားတွေဟာ စကားသက်သက်မဟုတ်မှန်း အသက်သိနေသည်။

အသက် အပြင်ကိုပြန်ရောက်တော့ ကိုကြီးကဆိုဖာမှာထိုင်လျက်ရှိနေပြီး ခေါင်းငိုက်စိုက်ကျနေ၍ အသက်စိုးထိတ်သွားမိသည်။
ငယ်စဥ်ကတည်းက အတူကြီးပြင်းလာခဲ့မှတော့ ကိုကြီးဟာ ထိုမမကိုသိပ်ချစ်လောက်ပြီး တကယ်မသေဆူံးသေးမှန်း ပြောပြလိုက်ရမလားဟု တွေးမိသေးသည်။
သို့သော် ကိုကြီးသိသွားခဲ့လျှင်လည်း တစ်မိသားစုလုံးသိပြီပဲမို့ ဦးဇွဲအတွက် အန္တရာယ်မကင်း…

"ကိုယ် သူ့စေ့စပ်ပွဲမသွားနိုင်ခဲ့လို့ လက်ထပ်ပွဲကျရင် ဆက်ဆက်သွားဖို့ဆုံးဖြတ်ထားတာ"

"အင်း"

"မယုံနိုင်သေးဘူးအခုထိ.. နောင်ချိုကပြန်လာတုန်းက သူ စိတ်ဆိုးပြီးကျန်နေခဲ့တာ အခုထိမှတ်မိနေသေးတယ် နှုတ်ခမ်းစူပြီးကြိမ်းနေခဲ့တာ
နင့်အလှည့်ကျရင်လည်း ငါမလာဘူးတဲ့"

"ကိုကြီး ငိုချင်ရင်ငိုချလိုက်ပါ အောင့်မထားနဲ့နော်"

ကိုကြီး ပခုံးတွေကိုဖိဆုပ်ရင်း နှစ်သိမ့်ပေးလိုက်တော့ ကိုကြီးကခေါင်းခါပြီး အသက်ကိုဖက်ကာ ဆံပင်တွေထဲမျက်နှာနှစ်ထားရင်း ငြိမ်သက်နေ၏။
အသက် စိတ်မကောင်းဖြစ်မိပေမယ့် မမသိမ်မွေ့ကိစ္စကို ပါးစပ်ပိတ်ထားဖို့သာ ဆုံးဖြတ်လိုက်မိတော့သည်။
မဟုတ်ရင် မိသားစုနှစ်ခုအကြား နာကြည်းစရာတွေ၊ ရန်ငြှိုးရန်စတွေဖြစ်လာနိုင်သည်မလား…

ထို့ထက်ပိုထိခိုက်နိုင်တာက အသက်ရဲ့ဦးဇွဲဖြစ်ကာ အတ္တကြီးသည်ပဲဆိုဆို အသက်သည် ဦးဇွဲကိုတော့ အထိခိုက်မခံနိုင်…

💝💝◽◽◽💝💝

"မင်းဖြစ်နေတာကို ငါနားလည်တယ် မင်းနေ ဒါပေမယ့်နောင်ချိုက ငါတို့လူတွေရှိပေမယ့် လူပေါင်းစုံဝင်ထွက်နေတဲ့နေရာ"

"-----"

"မဟုတ်ပါဘူးကွာ မင်းကိစ္စကငါ့ကိစ္စပါပဲ အချိန်နည်းနည်းတော့ပေးကွာ ငါစုံစမ်းပေးမယ်"

"-----"

"အေးပါ"

"------"

"ဦးဇွဲကပင်နဲ့တော့မဆိုင်လောက်ပါဘူး သူကနယ်စပ်မှာနေတဲ့လူကိုး ဦးဇွဲကပင်ပါလာရင်တော့ မင်းရဲ့အသက်ကိုဖြေရှင်းခိုင်းတာ အကောင်းဆုံးပဲ သူကLeoponမဟုတ်လို့ ငါက ပြောပိုင်ခွင့်မရှိဘူး သူတ်ု့ကတူအရီးဆိုတော့"

"-----"

"အေးပါ"

ဖုန်းချလိုက်သည်နှင့် ဟူးခနဲသက်ပြင်းချလိုက်မိကာ ဦးယံရဲ့အကြည့်စူးစူးကလည်း သူ့ဆီရောက်လာ၏။
ဦးယံရဲ့အကြည့်တွေက ဘယ်သူဆက်သလဲ၊ ဘာကြောင့်ဆက်သလဲဟုသိနေဟန်…

"စုံစမ်းမနေနဲ့ အဲ့ဒီကောင်လက်ချက်ပဲ နောင်ချိုမှာ သူ့လူတွေအများကြီးရှိတယ်"

"ဒါပေမယ့် thayသလိုလုပ်ပစ်လိုက်တာကြီးကျ"

"မလုပ်ရင်လည်း အဲ့ဒီကောင်မလေးကို သူနဲ့သဘောတူမှာမို့လို့လား ငါကြားတာတော့ ကောင်မလေးက စေ့စပ်ပြီးပြီဆို"

"ဟုတ်တယ်"

"အဲ့ဒါကြောင့်အဆုံးထိလုပ်ချသွားတာပေါ့ ဇွဲကပင်က သူ့ဘက်ကမသေချာဘဲ ဘာကိုမှတဇွတ်ထိုးမလုပ်ဘူး မင်းကိုယ်တိုင်၊ ငါကိုယ်တိုင် သူ့ဆီလိုက်သွားရင်တောင် ကောင်မလေးကိုတွေ့မှာမဟုတ်ဘူး သေသေချာချာလက်စဖျောက်ထားမှာ"

"ဒါပေမယ့် ကျွန်တော်လွှတ်မထားနိုင်ဘူး ဦးယံ မင်းနေကကျွန်တော့်သူငယ်ချင်းအရင်းအချာကြီး"

"ငါတော်ရမယ့်သားမက်ဆိုလည်းဟုတ်တယ် ဒါပေမယ့် ဇွဲကပင်ကလည်း ငါ့ယောက်ဖပဲ ပြီးတော့Leoponရဲ့စီးပွားဖက်နော် မင်း ဇွဲကပင်နဲ့ပြေလည်မှဖြစ်မယ် သားပေါက်
အဲ့ဒီကောင်က နယ်စပ်တကြောမှာအင်အားအကြီးဆုံးပဲ ပြီးတော့ငါ့ကိုလုပ်ကြံနိုင်တဲ့အထိ ဉာဏ်များတဲ့လူ"

ဦးယံပြောတာလည်းမှန်နေကာ မိတ်ဖက်စီးပွားရေးပါတနာဖြစ်သည့် ဦးဇွဲကပင်ကို သွားရှုပ်လို့မရချေ။
Leoponရဲ့အတွင်းရေးတွေကအစ သေချာသိတတ်နားလည်ထားသူမို့ ဦးဇွဲကိုသွားထိလျှင် ရှုံးမှာများနေသလို အရင်ဆုံးငြိမှာက ကိုယ့်ညီမသက်ထက်…

"ဦးဇွဲ လက်ချက်မှန်း အသက်သိလောက်လား"

"သိတယ်"

"ဒါတောင် ဘာလို့မင်းနေကိုမပြောတာလဲ"

"အဲ့ဒါက မင်းရောငါပါဝင်ပါစရာမလိုဘူး သူတို့မောင်နှမတစ်စုကြားက ကိစ္စဖြစ်သွားပြီ အဓိကက ဇွဲကပင်နဲ့အဲ့ဒီကောင်မလေး ပြေလည်နေပြီဆိုရင် ဘာမှမလိုတော့ဘူး
အချိန်တန်ရင် ကောင်မလေးကိုပြန်ပို့ပေးလိမ့်မယ် ဇွဲအကြောင်းငါသိတယ်"

အေးအေးလူလူဖြစ်နေသော ဦးယံကြောင့် မင်းနေရဲ့စကားတွေကို တစ်ချက်ပြန်ကြားလိုက်ကာ သူသည် Friendshipနှင့် Businessessကြားမှာ လမ်းပျောက်သွား၏။
သို့သော် အသက်တောင်မှ နှုတ်ဆိတ်ငြိမ်သက်နေတာမို့ ဦးယံပြောသလို ဦးဇွဲတို့ကြားကပြဿနာပဲမို့ ဝင်မပါဖို့သာ ဆုံးဖြတ်လိုက်တော့သည်။

"ဒါက Leoponရဲ့နယ်မြေအဆုံးပဲ ဟိုဘက်မှာက တရုတ်တွေရှိတယ် သူတို့တွေက ငါတို့ဘက်ကိုလာပြီး ကုန်သွယ်ကြတယ် ဒီဘက်မှာတော့'ယွမ်'ကိုပဲသုံးတယ်
မင်းသတိထားဖို့က ဒီတရုတ်တွေက လက်နက်သိပ်မသုံးဘူး စီးပွားရေးအရပဲနယ်ချဲ့တတ်တယ်"

"Aww"

"စီးပွားရေးကိစ္စမှာတော့ မင်းက လေ့လာရဦးမယ် ငါသွားရင် သီဟနဲ့နန္ဒကို မင်းအတွက်ထားခဲ့မယ် ဒါမှပဲမင်းနိုင်နင်းမှာ"

"ဦးယံကရော သွေးသောက်ညီအစ်ကိုတွေကို မခေါ်တော့ဘူးလား ကျွန်တော်နဲ့ပဲထားခဲ့မှာလား"

"ခေါ်မှာပေါ့ မင်းဆီထားလို့၂နှစ်ပြည့်ရင် ငါ့ကောင်တွေကိုပြန်ခေါ်မှာ မင်းကိုအဲ့လောက်ပဲအချိန်ပေးမယ်"

"လုံလောက်ပါတယ်ဗျာ"

တူအရီးနှစ်ယောက် အပြုံးကိုယ်စီဖြင့်ခေါင်းညိတ်ပြလိုက်ကြရင်း ဦးယံပြောသည့် စစ်ဆေးမှုတွေဟာ ဘယ်လိုမျိုးလဲဟု သိချင်လာသည်။
Leoponကိုဝင်ထွက်နေပေမယ့် ဒီလောက်ထိ ထဲထဲဝင်ဝင်မနေခဲ့ဖူး၍ ဘယ်လိုတွေစစ်ဆေးမလဲမသိ၊ ဘာတွေကိုစစ်ဆေးမလဲဟုလည်းမသိ။
အသက်ကရော ဒီစစ်ဆေးချက်တွေကို ဖြတ်ကျော်နိုင်ရဲ့လား…

"သက်ထက်ကရော စစ်ဆေးချက်တွေ အားလုံးအောင်မြင်ခဲ့လား ဦးယံ"

"နောက်ဆုံးတစ်ခုမှ ရှုံးသွားတာ ငါစီစဥ်ထားတဲ့အခြေအနေကို ဖြတ်ကျော်နိုင်ခဲ့ရဲ့သားနဲ့ ဒီအဖွဲ့အစည်းကနေ ကိုယ်လွတ်ရုန်းပြီးထွက်ပြေးသွားတာ
ခေါင်းဆောင်ကောင်းတစ်ယောက်ဟာ ဘယ်တော့မှ ကိုယ်လွတ်ရုန်းပြီးထွက်မပြေးဘူး ငါ့သမီးသာ ခေါင်းဆောင်ဖြစ်ခဲ့ရင်တောင် ခေါင်းဆောင်ကောင်းဖြစ်မှာမဟုတ်ဘူး
အင်း…သူ့ကိုအတော်လေးမှန်းထားခဲ့တာ"

"ကိုယ်လွတ်ရုန်းတာတော့ မဟုတ်ပါဘူး ဦးယံ သူက သူ့အိမ်မက်ကို အကောင်အထည်ဖော်ချင်ရုံပါ"

"မဟုတ်ဘူး သားပေါက် သက်ထက်က စိတ်ပျော့တယ် trainingတွေကြောင့်မာကျောနေပေမယ့် မင်းရဲ့လောင်းရိပ်အောက်မှာပဲရှိနေတာ
ဒီအတိုင်းဖြစ်သွားတာပဲကောင်းပါတယ် တန်ခိုးရဲ့လက်အောက်ကို ရောက်သွားရင် ဘယ်သူ့လောင်းရိပ်မှ ရှိတော့မှာမဟုတ်ဘူး
ကိုယ်လွတ်ရုန်းသွားတယ်ဆိုရင်တောင် ဘယ်သူ့ကိုမှမထိခိုက်သွားဘူး"

"အဲ့ဒါတော်သေးတာပေါ့"

"မင်းလည်း သိပ်Coverမလုပ်နဲ့ သားပေါက် မင်းညီမက ကလေးမဟုတ်တော့ဘူး"

သူ ရယ်လျက်ခေါင်းညိတ်ပြလိုက်တော့ ဦးယံက ပြန်လှည့်ထွက်သွား၍ Leoponနယ်နိမိတ်အဆုံးမှာ သူတစ်ယောက်တည်းကျန်နေခဲ့သည်။
စိတ်ထဲမှာရှုပ်ထွေးနေမိပေမယ့် ကောင်းကင်ကိုမော့ကြည့်မိသည့်အခါ အသက်ဝဝရှူရင်း သက်ပြင်းတစ်ချက်ရှိုက်လိုက်တော့ နည်းနည်းပြေလျော့သွား၏။
ထိုအချိန် မက်ဆေ့ဝင်လာသံကြောင့် ဖုန်းထုတ်ကြည့်လိုက်တော့ မိန်းဆီက…

"လွမ်းတယ်ကိုကို"

💝💝◽◽◽💝💝

ကိုကိုစံအိမ်မှာမရှိသည့် ၃ရက်လုံး နေနေ အိမ်မှာပဲပြန်နေဖြစ်ကာ ပါပါးနဲ့မာမားအကြားဝင်အိပ်လိုက်၊ ကျောင်းသွားလိုက်။
ကျောင်းကပြန်မည့်အခါတိုင်း ကိုကိုများလာကြိုသလားဟု မျှော်မိပေမယ့် ထိုလူကြီးဟာ တကယ်ပဲ၃ရက်လုံး ပျောက်ဆုံးနေ၏။

နေနေကသာ သတိရတိုင်း၊ လွမ်းတိုင်းစာပို့ရပေမယ့် ကိုကိုက လက်မကြီးပို့ချင်ပို့၊ မပို့လျှင် Ommဟု တစ်လုံးတည်းသာပြန်ပို့တတ်သည်။
Crushဘဝမှ ယောကျာ်းဖြစ်လာသည့်တိုင် ကိုကိုဟာ ချေမိုးနေဆဲ…

"နေနေ ကျောင်းသွားဖို့ပြင်တော့လေ"

မာမားအသံကြောင့် နေနေသည် ဘီးကိုမှန်တင်ခုံပေါ်ချကာ ကိုယ့်မျက်နှာကို မှန်ထဲပြန်ငုံ့ကြည့်ပြီး အောက်ကိုပြေးဆင်းလာခဲ့သည်။
အန်တီချစ်ခြင်းက နေနေ့အတွက် ဒရိုင်ဘာတစ်ယောက်နှင့် ကားတစ်စီးထည့်ပေးလိုက်၍ ခါတိုင်းလို ပါပါးနဲ့ကပ်လိုက်စရာမလိုတော့ချေ။
ထိုမိသားစု တာဝန်ကျေပုံက အတိုင်းထက်လွန်အောင်အထိပင်…

"ဒီနေ့ ကိုကိုပြန်လာမှာနော"

နေနေ့မေးခွန်းကို ကားမောင်းနေသည့်လူကြီးက သဘောမကျသလို မျက်မှောင်ကုပ်သွားပြီး အသာအယာခေါင်းညိတ်ပြသည်။

"အဲ့လိုမမျှော်ကောင်းဘူး သမီးရဲ့ ခရီးဖင့်တတ်တယ်"

"အဲ့လိုလည်းရှိတယ်လား မသိပါဘူး နေနေက ကိုကို့ကိုလွမ်းလို့ဥစ္စာ"

"Aww လူငယ်တွေများ"

"ဟွန့်.. သူများကိုပဲပြောမနေပါနဲ့ ဦးလေးငယ်ငယ်တုန်းကလည်း ဒီလိုဖြစ်ခဲ့မှာပဲ Crushလေးရဲ့အပြုံးတစ်ချက်နဲ့တင် ညအိပ်မရတော့တာမျိုးတွေ"

"ဟာ!!"

ဒရိုင်ဘာလူကြီးက ရှက်သလိုဖြစ်သွားကာ ဘာမှထပ်မပြောတော့တာမို့ နေနေ တခစ်ခစ်ရယ်မိရင်း ကျောင်းရှေ့ရောက်တော့ ကားပေါ်ကဆင်းလိုက်သည်။
တစ်နေ့လုံးလည်းစာထဲစိတ်မပါနိုင်ဘဲ နာရီကိုပဲကြည့်နေမိကာ အချိန်တွေကုန်တာ နှေးကွေးလွန်းတာမို့ ဖြစ်နိုင်လျှင် နာရီလက်တံတွေကိုသာ ဆွဲလှည့်ပစ်လိုက်ချင်မိတော့၏။

ညနေခင်းအတန်းမရှိသောကြောင့် ၂နာရီလောက်မှာ ကျောင်းကဆင်းရပြီး လာကြိုဖို့ဒရိုင်ဘာဦးလေးကြီးဆီ ဖုန်းဆက်ထားလိုက်သည်။
ခဏကြာမှရောက်မှာမို့ ကျောင်းရှေ့အအေးဆိုင်မှာ တစ်ခုခုစားရင်းစောင့်ဖို့စိတ်ကူးဖြင့် အအေးဆိုင်ကိုထွက်လာခဲ့သည်။

"ကယ်ရီ လိုသေးလား ညီမလေး"

ကိုယ့်စိတ်ကူးနဲ့ကိုယ်မို့ လန့်ဖျပ်သွားမိကာ အသံလာရာကိုလှမ်းကြည့်မိတော့ ကားတစ်စီးပေါ်မှာထိုင်နေသော…

"ကိုကို"

လှိုက်ခနဲပျော်သွားစိတ်ဖြင့် နေသည် ကိုကို့ဆီပြေးသွားလိုက်ပြီး တအားဖက်ထားလိုက်တော့ ကိုကို့ရယ်သံကိုကြားလိုက်ရ၏။
တစ်ဆက်တည်းမှာပဲ နေနေ့ကိုပြန်ထွေးပွေ့လာသော လက်တွေကြောင့် ရင်ခွင်ထဲခေါင်းလေးတိုးရင်း…

"ကိုကို နေနေစာပို့တာကို ပြန်လည်းမပို့ဘူး"

"ပို့တယ်လေ"

"အဲ့ဒါလက်မကြီးလေ လက်မ,မဟုတ်ရင် Ommတစ်လုံးတည်းရယ် သူများကသာလွမ်းရတာ သူကျ မက်ဆေ့လေးတောင်ပြန်မပို့ဘူး"

"Billမရှိလို့ လိုရင်းတိုရှင်းလေးပဲပို့လိုက်တာ"

"ကြည့်.. လိမ်တာ အစုတ်ပလုတ်ကြီး"

ကိုကို့ရင်ဘတ်ကြီးကို တဘုတ်ဘုတ်ထုပစ်တော့ ကိုကိုက ရယ်မောနေခဲ့ပြီး နေနေ့လက်တွေကိုကာနေခဲ့သည်။
ဖုန်းBillတောင်မထည့်နိုင်သော ကမ္ဘာ့အဆင်းရဲဆုံးMafiaအဖြစ် ကိုကို့ကိုပြတိုက်ထဲထည့်ထားသင့်၏။
ထိုအချိန် ကျောင်းထဲကထွက်လာသောသူငယ်ချင်းတွေက နေနေ့ကို ပေစောင်းစောင်းကြည့်နေကြ၍ ကိုကိုမျက်မှောင်ကုပ်သွား၏။

"ဘာတွေလဲ"

"နေ့သူငယ်ချင်းတွေပါ သူတို့က နေ ကိုကို့ကိုcrushခဲ့တာသိကြတယ်လေ မနက်ဖြန်ကျ နေနေ့ကိုဝိုင်းစကြတော့မှာ ဟီဟီ.. ကိုကိုကလည်း အဲ့လိုကြီးလိုက်ကြည့်မနေပါနဲ့ အားနာစရာကြီး"

"အဲ့လိုအားနာတတ်ရင် ငါ့ကိုအရင်အားနာ.. အိမ်ကိုတောင်ပြန်မရောက်သေးဘူး မင်းကိုအရင်လာကြိုတာ"

"ပြန်မယ်လေ အဲ့ဒါဆို"

ကိုကို့ရင်ဘတ်ကို ဖွဖွလေးခိုးနမ်းရင်း ပူဆာသလိုပြောလိုက်တော့ ကိုကိုကမျက်မှောင်ကုပ်နေလျက် နေနေ့ကိုပြန်ငုံ့ကြည့်လာသည်။
ထို့ကြောင့် ခြေဖျားလေးထောက်ကာ သူ့နှုတ်ခမ်းကို ထိရုံလေးနမ်းလိုက်သည့်အခါ ပျော်ဆင်းသွားသည့်သူ့ဒေါသတွေ…

"နေနေစုတ်လေး"

"ချစ်လို့ဥစ္စာ အဲ့ဒါကိုLoveလို့ခေါ်တယ်"

"အင်း ပြီးတော့ရော"

"ကိုကို့နှုတ်ခမ်းကိုထိတာက kissလို့ခေါ်တယ်"

"အင်း ပြီးတော့ရော"

"ပြီးတော့ ရေခဲမုန့်သည်ကိုဘယ်လိုခေါ်လဲသိလား"

"Ice-cream sellerလား"

"မဟုတ်ဘူး"

ကိုကိုနှာခေါင်းဖျားကို ဖွဖွလေးဆွဲလိမ်ကာ မလှမ်းမကမ်းမှာရှိနေသော ရေခဲမုန့်သည်ဦးလေးကြီးကို လက်ပြလိုက်ပြီး…

"ဦးလေး လာပါဦး"

"Aww"

ကိုကိုက အံ့ဩသွားဟန်ကိုတမင်လုပ်ပြရင်း ရေခဲမုန့်သည်ဦးလေးကြီးကို ကြည့်ပြီး…

"တကယ်လာတယ်နော် ကြည့်"

"တွေ့လား ရေခဲမုန့်သည်ကို အဲ့လိုခေါ်တယ်"

"ဝေါင်း!.. တကယ်Geniusပါပဲ မိန်းရယ်.. ဒီလိုပညာရှိမျိုးသာ အိမ်ဦးခန်းမှာခေါ်ထားလိုက်ရင် ဘယ်လောက်တောင် ကြွက်ကိုက်လိမ့်မလဲ"

"ကိုကိုနော်"

နေနေ မျက်စောင်းလေးချီတော့ ကိုကိုက နေနေ့ပါးကိုဆွဲဖဲ့ပြီး ရေခဲမုန့်ကို တကယ်ဝယ်ကျွေးတာမို့ ပိုပြီးပျော်သွားမိသည်။
ရေခဲမုန့်ထက်ပိုပြီး အေးမြချိုသာနေတာက ကိုကို့အပြုအမူတွေနှင့် ကိုကို့အပြုံးတွေကြောင့်ဆို နေနေလွန်နေမလား…

💝💝◽◽◽💝💝

Part 47 ဆက်ရန်

ကိုကို့ကိုBillထည့်ပေးလိုက်ကြပါဦး ဆမ်းမားတို့ရေ😁

စာဖတ်သူတစ်ဦးချင်းစီကိုလေးစားလျက်
#shinthant1141997

~~~~~~~~~~~~~~~~~

💝 Part - 46 💝

◽◽◽◽◽

"ဟုတ်လို့လား"



"-------"




"အင်း အသက်ကလေး"

"မမသိမ်မွေ့ဘယ်မှာလဲ"

"ဘာ!"




"အသက်က ဦးဇွဲရဲ့တူမမို့လေ မြွမြွေချေင်းခြေမြင်တယ်ဆိုပါတော့ ဘာလို့ဒီလိုလုပ်တာလဲ ဒီဘက်မှာမီးလောင်နေပြီ"




"ဒါပေမယ့်"

"ငယ်လေးကိုပြန်မပေးနိုင်ဘူး သူ့ကိုဆွဲထုတ်ဖို့ကြိုးစားရင် အဲ့ဒီလူကိုအသေသဝ်ာပစ်တော့မှာ အဲ့လောက်ဆို ဦးဇွဲဆန္ဒကိုနားလည်ပြီမလား"




"အင်း"



မဟုတ်ရင် မိသားစုနှစ်ခုအကြား နာကြည်းစရာတွေ၊ ရန်ငြှိုးရန်စတြွေဖစ်လာနိုင်သည်မလား…

ထို့ထက်ပိုထိခိုက်နိုင်တာက အသက်ရဲ့ဦးဇွဲဖြစ်ကာ အတ္တြကီးသည်ပဲဆိုဆို အသက်သည် ဦးဇွဲကိုတော့ အထိခိုက်မခံနိုင်…

💝💝◽◽◽💝💝


"-----"


"-----"

"အေးပါ"

"------"


"-----"

"အေးပါ"





"ဟုတ်တယ်"



"ငါတော်ရမယ့်သားမက်ဆိုလည်းဟုတ်တယ် ဒါပေမယ့် ဇွဲကပင်ကလည်း ငါ့ယောက်ဖပဲ ပြီးတော့Leoponရဲ့စီးပွားဖက်နော် မင်း ဇွဲကပင်နဲ့ပြေလည်မြှဖစ်မယ် သားပေါက်



"သိတယ်"


"အဲ့ဒါက မင်းရောငါပါဝင်ပါစရာမလိုဘူး သူတို့မောင်နှမတစ်စုကြားက ကိစ္စြဖစ်သွားပြီ အဓိကက ဇွဲကပင်နဲ့အဲ့ဒီကောင်မလေး ပြေလည်နေပြီဆိုရင် ဘာမှမလိုတော့ဘူး



"Aww"




"လုံလောက်ပါတယ်ဗျာ"






"အဲ့ဒါတော်သေးတာပေါ့"



"လွမ်းတယ်ကိုကို"

💝💝◽◽◽💝💝









"Aww လူငယ်တွေများ"


"ဟာ!!"





"ကိုကို"



"ပို့တယ်လေ"





"ဘာတွေလဲ"



"ပြန်မယ်လေ အဲ့ဒါဆို"


"နေနေစုတ်လေး"


"အင်း ပြီးတော့ရော"


"အင်း ပြီးတော့ရော"


"Ice-cream sellerလား"

"မဟုတ်ဘူး"


"ဦးလေး လာပါဦး"

"Aww"


"တကယ်လာတယ်နော် ကြည့်"



"ကိုကိုနော်"


💝💝◽◽◽💝💝

Part 47 ဆက်ရန်


#shinthant1141997

Continue Reading

You'll Also Like

1M 77.2K 38
"Why the fuck you let him touch you!!!"he growled while punching the wall behind me 'I am so scared right now what if he hit me like my father did to...
20.3K 695 11
အချစ်တွေက အေးစက်စက်နိုင်ပေမဲ့ နက်ရှိုင်းတဲ့နေရာကနေလာခဲ့တာပါ ငယ်သာသေချာကြည့်ရင် ဘယ်လောက် ချစ်မိနေလဲဆိုတာကို မြင်နိုင်ပါလိမ့်မယ် ~~~ စဝ်တံခွန်ထူ ~~~ Yo...
1.2M 108K 41
✫ 𝐁𝐨𝐨𝐤 𝐎𝐧𝐞 𝐈𝐧 𝐑𝐚𝐭𝐡𝐨𝐫𝐞 𝐆𝐞𝐧'𝐬 𝐋𝐨𝐯𝐞 𝐒𝐚𝐠𝐚 𝐒𝐞𝐫𝐢𝐞𝐬 ⁎⁎⁎⁎⁎⁎⁎⁎⁎⁎⁎ She is shy He is outspoken She is clumsy He is graceful...
1.3M 32.4K 46
When young Diovanna is framed for something she didn't do and is sent off to a "boarding school" she feels abandoned and betrayed. But one thing was...