အသက်ကို အသက်လိုငြိတွယ်သူမယ်

By SummerMaung

540K 25.6K 1.7K

ကျွန်တော်ချစ်ရမှာကိုကြောက်တယ် ဘာလို့ဆို ချစ်မိသွားရင် မျက်စိကန်းသွားသလိုပဲ အန္တရာယ်လည်းမသိတော့ဘူး ချောက်ကမ်း... More

Intro
1
2
3
4
5
6
7
Photo
8
9
10
11
12
13
14
15
16
17
18
19
20
21
22
23
24
25
26
27
28
29
30
31
32
33
34
35
36
37
38
39
40
41
43
44
45
46
47
48
49
50
51
52
53
54
55
56
57
58
59 (ဇာတ်သိမ်းပိုင်း)
Extra 1
Extra 2
Extra 3
Extra 4

42

8.2K 434 31
By SummerMaung

💝 Part - 42 💝

◽◽◽◽◽

"ကို နေနေ့ကိုကြည့်ပါဦး လိုက်သွားတာမှ တစ်ပတ်လောက်ပဲရှိသေးတယ် ဝတုတ်နေလိုက်တာများ"

မာမားက နေနေ့ပါးကိုဆွဲဖဲ့ပြီး မျက်မှောင်ကုပ်ကာပြောတော့ ပါပါးအကြည့်တွေ နေနေ့ဆီရောက်လာသည်။
ထိုအကြည့်တွေက ဆရာဝန်တစ်ယောက်က လူနာတစ်ယောက်အား ရောဂါရှာနေသည့်အကြည့်မျိုးမို့ နေ မလုံမလဲဖြစ်သွားမိသည်။
တချို့တားဆေးတွေက လူနဲ့တည့်လျှင် ဝ,လာတတ်သည်မလား…

"ပါပါး အဲ့လိုမကြည့်နဲ့ နေ ဘာမှမဖြစ်ဘူး"

"ဘယ်လိုကြည့်နေလို့လဲ"

"ပါပါးအကြည့်ကြီးက.."

မာမားဆီက ခွိခနဲရယ်သံထွက်လာတော့ နေနေသည် မျက်နှာကိုဖင်ခုထိုင်ထားချင်လောက်အောင် ရှက်သွားမိကာ နှုတ်ခမ်းလေးစူထော်ပစ်လိုက်သည်။
အိမ်ကိုမရောက်တာကြာလို့ ခဏပြန်လာကာမှ ရှမ်း နွားကြည့်သလိုကြည့်နေသော မာမားကြောင့် ဘယ်လိုနေရမှန်းမသိ။

"ကဲပါ.. ပြောပါဦး မင်္ဂလာပွဲကို ဘယ်လိုစီစဥ်ထားတယ်တဲ့လဲ"

"မသိဘူး အန်တီချစ်ခြင်းပဲစီစဥ်နေတာ ဒါနဲ့လေ ကိုကိုက ခေါင်းဆောင်ဖြစ်တော့မယ်လို့ပြောတယ် ပါပါးသိလားဟင်"

"တကယ်လား ပါပါးမသိဘူးသမီးရဲ့ ဘယ်သူပြောတာလဲ"

"အန်တီချစ်ခြင်းပြောတာပဲ ပြီးတော့ ဟိုတစ်ရက်တုန်းက နယ်မြေခေါင်းဆောင်တွေအားလုံး ဆင့်ခေါ်တယ်ဆိုလား လူတွေအများကြီး စံအိမ်ကိုရောက်လာတာ
အဲ့နေ့ကတည်းက ဦးဦးက တရားဝင်ကြေညာလိုက်တာတဲ့"

"အဲ့ဒါဆိုပိုကောင်းတာပေါ့ သမီးလည်းမြေပြန့်သွားစရာမလိုတော့ဘူး ဒါပေမယ့် သမီးရဲ့ယောက္ခမကတော့ စိတ်ဆိုးမယ်ထင်တယ်"

"ဟင်! ဘယ်သူလဲ"

"အက္ခရာလေ သူကိုယ်တိုင်က သံအမတ်ရဲ့သမီး ရှေ့နေမ.. သူ့သားကို Mafiaတစ်ယောက်အဖြစ်ခံမှာမဟုတ်ဘူး ဒီတော့ သမီးက သူတို့မိသားစုတွေကြား သိပ်ဝင်မပါနဲ့ သူတို့ဘာသာပဲ ဖြေရှင်းကြပါစေ"

"ဟုတ်"

ပါပါးက နေနေ့ခေါင်းလေးကိုပုတ်ကာ ထိုကိစ္စတွေအတွက်စိတ်မချဖြစ်နေပုံဖြင့် သက်ပြင်းတစ်ချက်ချကာ မာမားကိုလှမ်းကြည့်သည်။
မာမားကတော့ ပါပါးလို အေးဆေးစွာဖြေရှင်းမည့်သူမဟုတ်…

"သူတို့ဘာသာ ဘာကြီးတွေပဲဖြစ်နေနေ သမီးကိုဆွဲထည့်လို့ကတော့ နိုင်းက ငြိမ်ခံနေမှာမဟုတ်ဘူးနော် ဘယ်သူပဲဖြစ်နေနေ ဝင်ရန်ဖြစ်ပစ်မှာ"

"နိုင်းကလည်း အဲ့ဒီလူတွေက သူစိမ်းတွေမှမဟုတ်တာ"

"သူစိမ်းမဟုတ်လို့ ပိုလုပ်ရမှာပေါ့ နေနေက သူတို့မျက်စိရှေ့မှာပဲကြီးလာတာ ပြီးတော့ နိုင်း အားနေလို့ မွေးထားတဲ့ကလေးမှမဟုတ်တာ ဘယ်သူအနိုင်ကျင့်တာမှ မကြိုက်ပါဘူး"

"ကဲပါ မာမားကလည်း အဲ့ဒီနေနေကလည်း မာမားဒီနိုင်းရဲ့သမီးပဲဥစ္စာ ငြိမ်မခံပါဘူး"

"ဒါမှ ငါ့သမီး"

မာမားနဲ့နေနေ ပြေလည်ရေးရသွားပြီး လက်သီးချင်းတိုက်ပစ်လိုက်တော့ ပါပါးသည် အရှုံးပေးလိုက်သလို ဆိုဖာကိုမှီချရင်း သက်ပြင်းချ၏။
ထို့နောက် ထုံးစံအတိုင်းရေရွတ်ပြန်သည်…

"ဒုက္ခလှလှရောက်တာပဲ"

💝💝◽◽◽💝💝

"ကိုမင်းနေရာ ရှိလား"

"ရှိပါတယ် ချိန်းထားတာလားရှင့်"

"မချိန်းထားဘူး ဒီအတိုင်းပဲလာတာပါ"

"အဲ့ဒါဆိုမရဘူးရှင့် အစ်ကိုလေးက စာရင်းတွေစစ်ပြီးစိတ်ဆိုးနေတယ် ညီမ သွားလည်းမပြောရဲဘူး"

အသက်ခေါင်းလေးကိုသာ ညိတ်ပြလိုက်ပြီး ရုံးခန်းအရှေ့နားက ထိုင်ခုံလေးတွေမှာထိုင်ချရင်း ကိုကြီးကိုဖုန်းခေါ်ဖို့ ဖုန်းထုတ်လိုက်သည်။

"စိတ်ပျက်ဖို့ကောင်းလိုက်တာ"

ကိုကြီးအသံစူးစူးကြီးကြားလိုက်ရ၍ ဘာဖြစ်တာလဲဟု အသက် လည်ပင်းလေးရှည်သွားပြီး မှန်တပ်ထားသောရုံးခန်းကို လှမ်းကြည့်မိ၏။
ဝန်ထမ်းတချို့လည်း အနားမှာရှိနေကာ ကိုကြီးက ဖိုင်ပါးလေးတစ်ထပ်ကိုဖွင့်ကြည့်ရင်း သုန်မှုန်နေသည်။

"ပြော.. ဒီစာရင်းတွေကွာနေတာ ဘယ်သူတာဝန်ယူမှာလဲ ဟမ်! လာမစစ်ရင်ကိုမစစ်သလိုပဲ ဒီဆိုင်မှာ Accountဘယ်နှယောက်ရှိလဲ"

"၄ယောက်ပါ"

"ထွက်ခဲ့ အဲဲ့ဒီ၄ယောက်လုံး"

ဒေါသဖြစ်နေပုံရသည့် ကိုကြီးအသံကို အသက်အံ့ဩသွားမိသည်က ကိုကြီးဟာ အသက်ကွယ်ရာမှာ တခြားတစ်ယောက်လိုဖြစ်နေခဲ့သောကြောင့်။
သူဟာ အသက်နဲ့ဆို အမြဲတမ်းမချိုမချဥ်မျက်နှာမျိုး၊ စပ်ဖြဲဖြဲမျက်နှာမျိုးသာဖြစ်ပြီး သူ့ဆိုင်မှာ ဒီလိုမျိုးကြီးတဲ့လား…

"မင်းတို့ကစာရင်းကိုသေချာမလုပ်တာလား ဒါမှမဟုတ် Cashierကမှားတာလား"

"မဟုတ်ပါဘူး အစ်ကိုလေး ကျွန်မတို့စာရင်းပြန်စစ်.."

"စာရင်းပြန်စစ်မယ် စာရင်းပြန်စစ်မယ် မင်းတို့ Suspend Accတွေဆွဲနေတာ ဘယ်နှလရှိနေပြီလဲ ဘယ်မှာလဲ အဲ့ဒီAccတွေရဲ့ရှင်းတမ်းတွေ"

"အဲ့ဒါက.."

အသက် နှာခေါင်းလေးရှုံ့မိကာ ထိုင်ခုံလေးမှာပဲထိုင်ချလိုက်ရင်း ဖုန်းကိုပြန်သိမ်းလိုက်ကာ ကိုကြီးပြီးမည့်အချိန်ကိုသာ စောင့်နေလိုက်သည်။
ဒီနေ့ အလုပ်စောစောပြီးသောကြောင့် ကိုကြီးနဲ့အချိန်ကုန်ချင်၍ ဆိုင်အထိတကူးတကလိုက်လာခဲ့ကာမှ…

"တောက်!!"

ကိုကြီးရဲ့တက်ခေါက်သံကြီး ထပ်ထွက်လာ၍ စိတ်ဆိုးနေသောထိုမျက်နှာကို မြင်ချင်သွားကာ ရုံးခန်းမှန်အနားကပ်ကာ ချောင်းကြည့်လိုက်သည်။
စာရွက်တွေကို စားပွဲပေါ်ပစ်ချရင်း ခါးထောက်နေသော ကိုကြီးအကြည့်တွေ အသက်ဆီကိုရောက်လာတော့ အသက်ပြုံးပြလိုက်၏။

"Mine"

ရင်ထဲဒိတ်ခနဲဖြစ်သွားကာ စောစောကအထိ သုန်မှုန်နေသော ကိုကြီးမျက်နှာချောချောက အခုတော့ မိုးသားကင်းစင်နေသည့် ကောင်းကင်ကြီးလို။
သူက ဘယ်သူ့ကိုမှဂရုမစိုက်ဘဲ အသက်ဆီကိုတည့်တည့်လျှောက်လာပြီး အသက်ခါးလေးကိုသိုင်းဖက်ကာ…

"ဘယ်အချိန်ကတည်းကရောက်နေတာလဲ"

"ကိုကြီးဆူနေကတည်းက"

"ဝင်လာတာတော့မဟုတ်ဘူး"

"မဝင်ပါဘူး ကိုကြီးစူပုတ်နေတာလေး မြင်ချင်သေးလို့"

အသက် ကိုကြီးပါးကို ဆွဲဖဲ့ပစ်လိုက်တော့ ကိုကြီးကပါးချိုင့်လေးထင်းနေသည်အထိ သဘောတကျရယ်ကာ အသက်ကိုဖက်ထားလျက် ရုံးခန်းထဲပြန်ဝင်၏။
သူ လွှင့်ပစ်ထားခဲ့သည့် စားပွဲပေါ်ကစာရွက်တွေကို စုထပ်ပြီး အခန်းတွင်းရှိ ဝန်ထမ်းအားလုံးကိုမေးဆတ်ကာ…

"သွားတော့ ပြီးမှရှင်းမယ်"

ဟု အမိန့်ပေးသလိုပြောလေသည်။
တကယ်ပဲ ထိုအသံဟာ အသက်ကိုပြောဆိုဆက်ဆံနေကျ လေသံမျိုးမဟုတ်ပါဘဲ မာကျောဩရှနေသည်။
အခန်းထဲလူရှင်းသွားမှ ကိုကြီးက လိုက်ကာတွေပါပိတ်ပစ်ပြီး အသက်ပခုံးပေါ်မျက်နှာအပ်ကာ ခါးကိုသိမ်းကျုံးဖက်ထား၏။

"ပင်ပန်းလိုက်တာကွာ ဆီထည့်ပေးပါဦး"

"ကိုကြီးစောစောကအထိ မာရေကျောရေနဲ့ပါ မထည့်ဘူး ဖယ်ပေး.. အဲ့လိုကြီးဆိုညောင်းတယ်လို့ အား!"

လည်တိုင်ကိုဖိကိုက်ခံလိုက်ရ၍ အသက်နာသွားမိကာ ရယ်ကျဲကျဲဖြစ်​နေသည့် ကိုကြီးကို မျက်စောင်းထိုးပစ်လိုက်၏။
ကိုကြီးကတော့ သူ့အကျင့်အတိုင်း နမ်းချင်လာပြီဆို အသက်ဘယ်လိုတားဆီးနေနေ၊ ငြင်းနေနေ မရမကနမ်းတတ်သည်။
ထိုဇွတ်တရွတ်အကျင့်ကြောင့် အသက် စိတ်ကောက်သည့်အခါမှသာ ပြန်လိုက်ချော့တတ်သူ…

"ဒီနေ့အစောကြီးပါလား"

"အင်း အာ့ကြောင့်ကိုကြီးဆီလာတာ ကိုကြီးကမအားဘူးလား"

"နည်းနည်းတော့မအားသေးဘူး စာရင်းတွေပျောက်နေတာလေ ဒါပေမယ့် ရတယ်"

"ဘာရတာလဲ"

"အားလို့ရတယ်လို့"

"စာရင်းတွေရှင်းရမှာဆို အသက်လည်းကူလုပ်ပေးမယ်လေ နည်းနည်းတော့နားလည်တယ်"

"ပြီးမှလုပ်လည်းရတယ်"

"မရဘူး အခုလုပ်.. အသက်စောင့်ပေးမယ်"

ကိုကြီးက မချိုမချဥ်မျက်နှာကြီးဖြစ်သွားကာ အသက်နှာခေါင်းဖျားကို ဖွဖွလေးကိုက်ပြီး ပါးကိုပါထပ်နမ်း၏။
​ရောက်ကတည်းက တဖွဖွနမ်းနေတာမို့ အမြင်ကတ်ကတ်ဖြင့် ရင်ဘတ်ကြီးကိုဆွဲဆိတ်ပစ်လိုက်တော့…

"ယားတယ် လုပ်ချင်ရင်ထိထိမိမိလုပ်"

"ကိုကြီးဘာဖြစ်နေတာလဲ"

"ယွနေတာလေ ငလျှံတောင်မိန်းမရတော့မယ် ကိုယ်ကအခုချိန်ထိ.."

"တူလို့လား ကိုကိုကကိုကို ကိုကြီးကကိုကြီး"

"အဲ့ဒါကြောင့် မြည်းကြည့်ခိုင်းနေတာလေ"

"ဘယ်လိုဖြစ်နေတာလဲလို့"

အသက် အမြင်ကတ်ကတ်ဖြင့် သူ့ဆံပင်တွေဆွဲတော့မှ ကိုကြီးကအော်ရယ်ကာ အသက်ဆံပင်တွေကိုဆွဲဖွရင်း ပါးလေးကိုပါဆွဲဖဲ့၏။
ပြီးမှ စားပွဲနောက်ကထိုင်ခုံကို မေးဆတ်ပြရင်း…

"ခဏထိုင်နေဦး မကြာပါဘူး.. နော်?"

"Omm ဒါနဲ့"

လှည့်ထွက်မလိုပြင်ပြီးမှ ကိုကြီးကပြန်လှည့်လာသောကြောင့် အသက်သည် ကိုကြီးဖြုတ်ချထားသည့် ရင်ဘတ်ပေါ်ကကြယ်သီးတွေကို တပ်ပေးလိုက်၏။
ကိုကြီးက ရှပ်အင်္ကျီဝတ်တိုင်း ကြယ်သီးနှစ်လုံးဖြုတ်ထားတတ်ကာ ဟိုတစ်ရက်ကတွေ့ခဲ့သည့် ကိုကြီးရဲ့အဖေကလည်း ဒီလိုဖြုတ်ထားတတ်သည်။

အန်တီခေခေ ဘယ်လိုနေမလဲမသိပေမယ့် အသက်အတွက်တော့ ကိုကြီးက ကြယ်သီးဖြုတ်ထားလျှင် ပိုပြီးဆွဲဆောင်မှုရှိတာမို့ ဘယ်သူမှမကြည့်စေချင်။
ဒါကို သဝန်တိုတယ်ခေါ်မလား…

"မနေတတ်ဘူး Mineရာ ပူတယ်"

"မရဘူး တပ်ထား ဖြုတ်ရဲဖြုတ်ကြည့်.. အသက် ကြယ်သီး၃လုံးဖြုတ်ပြီး ဆိုဒ်ထဲသွားမှာနော်"

"ဟာ! မလုပ်ပါနဲ့ ကိုယ့်ဟာလေးကို"

"အဲ့ဒါဆို အသက်ဟာကိုလည်းဖုံးထား အသက်နဲ့ရှိနေတုန်းပဲဖြုတ် ကျန်တဲ့အချိန်ဆိုတပ်ထား"

"ဟုတ်ကဲ့ခင်ဗျ"

"မြန်မြန်သွားပြီး မြန်မြန်ပြန်လာခဲ့"

ကြယ်သီးပြည့်ဖြင့်ကိုကြီးပြန်ထွက်သွားတော့ အသက်သည် ခုံမှာပြန်ထိုင်လိုက်ကာ ကိုယ့်ချစ်သူ ကိုလူချောကိုပဲ လိုက်ငေးနေမိသည်အထိ။
တစ်ခါတစ်လေ အသက် ဆိုးမိတာတွေရှိပေမယ့် ကိုကြီးကမငြိုငြင်ခဲ့သလို အသက်အတွက် အမြဲအဆင်သင့်ရှိနေခဲ့သူမို့ ပိုပြီးငြိတွယ်မိသည်။

ထို့ကြောင့် ဒီလူကြီးကို အပိုင်ရအောင် ကြံစည်ဖို့ဆိုတာ…

💝💝◽◽◽💝💝

အလုပ်တွေရှုပ်နေသောကြောင့် တောင်ကြီးစံအိမ်ကိုမပြန်ဖြစ်ဘဲ နယ်မြေတွေပတ်သွားနေရကာ ဦးယံကိုယ်တိုင်လည်းပါတာမို့ ညည်းလည်းမညည်းချင်။
အထူးသဖြင့် ဦးယံရဲ့စည်းကမ်းဖြစ်သည့် 'ခေါင်းဆောင်တစ်ယောက်သည် ငယ်သားတွေ၏ပင်မထောက်တိုင်' ဆိုသည့်အတိုင်း လက်အောက်ခံတွေဘယ်လိုနေရသလဲဟု အရင်လေ့လာရသည်။
ထိုလူတွေကို ဘယ်လိုအုပ်ချုပ်ရမလဲ လေ့လာရသည်။
အုပ်ချုပ်ရေးအပိုင်းမှာတော့ ဦးယံရဲ့နည်းလမ်းဟာ အတော်လေးကောင်းမွန်ပြီး ဒါကြောင့်လည်း Leoponတိုင်း ဦးယံကိုချစ်ကြောက်ရိုသေကြတာပဲ…

"ခဏနေ တောင်ကြီးကိုပြန်ရအောင် ဟိုမှာစိတ်မချရတဲ့ကလေးက ကြာလို့တဲ့ နားပူနေပြီ"

"အန်တီဘေဘီလား"

"အင်း"

မပွင့်တပွင့်အပြုံးနှင့် ဖြေနေသောဦးယံကြောင့် သူ သဘောတကျရယ်မိကာ သူ့ကလေးကရော ဘာကြောင့်များနားမပူတာပါလိမ့် ဆိုသည့်အတွေးဖြင့် အူပုတ်သွားမိ၏။
ကိုကို့ကိုလွမ်းလို့ ဘာညာတောင် မက်ဆေ့လည်းမပို့သလို ဖုန်းလည်းမဆက်ချေ။

စံအိမ်ကိုပြန်ရောက်သည့်အခါ အိမ်ရှေ့မှာကားရပ်သည်နှင့် ဦးသီဟအရင်ဆုံးထွက်လာကာ သူတို့တူအရီးကိုကြိုဆိုပြီး ထို့နောက်မှာတော့ အန်တီဘေဘီဖြစ်သည်။
ကျန်စစ်သားဝင်စားသော မယ်မင်းကြီးမလေးကတော့ ဘယ်ရောက်နေသလဲမသိ…

"ကိုကိုကလေ တစ်ခါတစ်ခါသွားရင်ကို ဘယ်နှရက်လောက်ကြာမှန်းမသိဘူး ကိုယ့်ကိုယ်ကို ငယ်ငယ်လေးလို့ပဲထင်နေတုန်းလား သားပေါက်ကိုအကြောင်းပြပြီး ရှင်ခြေဆန့်နေတာ မသိဘူးမှတ်နေလား"

"မဟုတ်ပါဘူးကွာ"

အန်တီဘေဘီ ဆူပူသမျှကို အပြုံးလေးဖြင့်ခေါင်းညိတ်နေသော ဦးယံဟာ မယကလို့ပြောလျှင် ငရဲကြီးမလားတော့မသိပေမယ့် တကယ်ပဲ'မယက'ဖြစ်သည်။
ဘယ်သူတွေအပေါ် ဘယ်လောက်တင်းမာနေနေ မိန်းမကိုတော့ လေသံအေးလေးနှင့်သာဆက်ဆံတတ်သည်မှာ ဒက်ဒီ့အတိုင်း…

"နေနေရော ဦးသီဟ"

"စောစောကမှ ကျောင်းကပြန်ရောက်တာ သားလျှံ မီးဖိုဆောင်မှာထင်တယ်"

ယောကျာ်းပြန်လာတောင် မီးဖိုခန်းကထွက်မလာသည့်ကလေးမကြောင့် အဆူခံနေသောဦးယံကိုကြည့်ရင်း စိတ်ညစ်စွာခေါင်းခါမိသွားသည်။
သူကတော့ ဦးယံနဲ့ဒက်ဒီ့ကို ရှယ်ပလန်နှင့်ကဲ့ရဲ့နေတာတောင် ဝဋ်မလည်နိုင်သေးသည့်ဘဝသာဖြစ်၏။

အစားအသောက်ကိုသာ အာရုံရောက်နေမည့်ကလေးမ,ကိုလည်း စနောက်ချင်သွား၍ သူ ကြိတ်ပြုံးပြီး မီးဖိုဆောင်ဘက်ထွက်လာခဲ့တော့ မီးဖိုခန်းထဲမဝင်ခင်မှာပဲ အသံကြားလိုက်ရ၏။
နေနေက ကျောင်းမှာကြုံခဲ့ရသည့် ဟာသတစ်ခုကိုပြောရင်း အော်ရယ်နေကာ အစေခံတွေကလည်း လိုက်ရယ်နေကြသည်။

"မိန်း"

သူ့အသံကြားလိုက်သည်နှင့် ရယ်သံတွေတိတ်ကျသွားသလို နေနေကလည်းလှည့်ကြည့်လာကာ ဒင်းလေးသည် ထုံးစံမပျက်၊ ပါးစပ်ထဲမှာ မုန့်တစ်ခုရှိနေသည်။
ဘယ်သူ့ကိုခေါ်လိုက်မှန်းမသိသလို ပြူးပြူးပြဲပြဲကြည့်ပြီး နှုတ်ခမ်းတွေကို တစ်ရှူးဖြင့်သုတ်ကာ…

"ဘယ်သူ့ကိုခေါ်တာလဲ"

"မင်းကိုလေ မိန်းရဲ့"

"ဘာမိန်းလဲ မိန်းခလုပ်လား မိန်းဘုတ်လား"

ဟုဘုတောတော့ အစေခံတွေလည်း ပြုံးစိစိဖြစ်လာကြသည်။
သူမက အစေခံတွေကိုဝေ့ကြည့်ရင်း မျက်နှာလေးရဲကာ မီးဖိုခန်းကထွက်ဖို့ပြင်တော့ သူက ခါးလေးကို ပိုင်ပိုင်နိုင်နိုင် ဖက်ပစ်လိုက်သည်။

"လွမ်းနေတာသိလား ကိုယ့်ယောကျာ်းအိမ်ပြန်ရောက်လာတာတောင် လာမကြိုဘူး မိန်းရာ"

"ကြိုပါဘူး သူများတောင် အခုမှကျောင်းကပြန်ရောက်တာ"

"ဘယ်လိုနေနေကွာ မိန်း အိမ်တံခါးနားအထိလာကြိုရင်တောင် အမောပြေဦးမှာ အခုကျအမောမပြေတော့ဘူး ရက်စက်လိုက်တဲ့မိန်း"

"တမိန်း မိန်း နဲ့ ကိုကိုဘာဖြစ်နေတာလဲ"

"ဒုံးဝေးလိုက်တာကွာ ခုခေတ်ကကိုယ့်မိန်းမကို မိန်မိန်းလို့ခေါ်ကြတယ်လေ အဲ့လိုပဲပေါ့ မိန်းရဲ့"

"မခေါ်နဲ့လို့"

"ဘာဖြစ်လို့တုန်း"

"ကိုကို နေ့ကိုကြူးနေတာကြီးကို ရှက်လို့"

ရဲတွတ်နေသောမျက်နှာလေးကိုကြည့်ရင်း သူ သဘောတကျရယ်မိတော့ နေနေကအံကြိတ်ကာ သူ့ဖက်ထားသည့်လက်ကိုဆွဲဆိတ်၏။
မနာသလိုနေလိုက်ပြီး အစေခံတွေကို အပြင်ထွက်ဖို့အချက်ပြလိုက်ကာ အစေခံတွေမရှိတော့မှ သူမက ရင်ဘတ်ကိုတဘုန်းဘုန်းထုတော့သည်။

"ဘာရှက်စရာရှိလို့လဲ နောက်ဆို အဲ့လိုပဲခေါ်တော့မယ် မိန်းရေ မိန်းရယ်ဆိုပြီး"

"အား!! အရှက်မရှိတဲ့လူကြီး"

သူမ ရှက်ပြီးဆူပူဆောင့်အောင့်နေလေ၊ သူ ပိုတိုးစနောက်ချင်လေဖြစ်ပြီး ဒီကလေးမလေးကို တကယ်ပဲအသည်းယားလာတော့သည်။
သက်ထက်ပြောခဲ့သည့်အတိုင်း နေနေနဲ့နေရခြင်းဟာ တကယ်ပဲရယ်မောပျော်ရွင်စရာအတိ။

သူမဟာ တကယ့်Paradiseအသေးစားလေး
သို့မဟုတ်
သူ့ရင်ဘတ်ထဲ မသိမသာတိုက်ခတ်လာသည့် ချစ်ခြင်းတရားရဲ့လေပြေလေးတစ်ခု…

💝💝◽◽◽💝💝

Part 43 ဆက်ရန်

စာဖတ်သူတစ်ဦးချင်းစီကိုလေးစားလျက်
#shinthant1141997

~~~~~~~~~~~~~~~~~

💝 Part - 42 💝

◽◽◽◽◽

"ကို ေနေန့ကိုၾကၫ့္ပါဦး လိုက္သြားတာမွ တစ္ပတ္ေလာက္ပဲရိွေသးတယ္ ဝတုတ္ေနလိုက္တာမ်ား"

မာမားက ေနေန့ပါးကိုဆဲြဖဲ့ၿပီး မ်က္ေမွာင္ကုပ္ကာေျပာေတာ့ ပါပါးအၾကၫ့္ေတြ ေနေန့ဆီေရာက္လာသည္။
ထိုအၾကၫ့္ေတြက ဆရာဝန္တစ္ေယာက္က လူနာတစ္ေယာက္အား ေရာဂါရွာေနသၫ့္အၾကၫ့္မ်ိဳးမို႔ ေန မလံုမလဲျဖစ္သြားမိသည္။
တခ်ိဳ႕တားေဆးေတြက လူနဲ႔တၫ့္လ်ွင္ ဝ,လာတတ္သည္မလား…

"ပါပါး အဲ့လိုမၾကၫ့္နဲ႔ ေန ဘာမွမျဖစ္ဘူး"

"ဘယ္လိုၾကၫ့္ေနလို႔လဲ"

"ပါပါးအၾကၫ့္ႀကီးက.."

မာမားဆီက ခြိခနဲရယ္သံထြက္လာေတာ့ ေနေနသည္ မ်က္ႏွာကိုဖင္ခုထိုင္ထားခ်င္ေလာက္ေအာင္ ရွက္သြားမိကာ ႏႈတ္ခမ္းေလးစူေထာ္ပစ္လိုက္သည္။
အိမ္ကိုမေရာက္တာၾကာလို႔ ခဏျပန္လာကာမွ ရွမ္း ႏြားၾကၫ့္သလိုၾကၫ့္ေနေသာ မာမားေၾကာင့္ ဘယ္လိုေနရမွန္းမသိ။

"ကဲပါ.. ေျပာပါဦး မဂၤလာပဲြကို ဘယ္လိုစီစဥ္ထားတယ္တဲ့လဲ"

"မသိဘူး အန္တီခ်စ္ျခင္းပဲစီစဥ္ေနတာ ဒါနဲ႔ေလ ကိုကိုက ေခါင္းေဆာင္ျဖစ္ေတာ့မယ္လို႔ေျပာတယ္ ပါပါးသိလားဟင္"

"တကယ္လား ပါပါးမသိဘူးသမီးရဲ့ ဘယ္သူေျပာတာလဲ"

"အန္တီခ်စ္ျခင္းေျပာတာပဲ ၿပီးေတာ့ ဟိုတစ္ရက္တုန္းက နယ္ေျမေခါင္းေဆာင္ေတြအားလံုး ဆင့္ေခၚတယ္ဆိုလား လူေတြအမ်ားႀကီး စံအိမ္ကိုေရာက္လာတာ
အဲ့ေန့ကတည္းက ဦးဦးက တရားဝင္ေၾကညာလိုက္တာတဲ့"

"အဲ့ဒါဆိုပိုေကာင္းတာေပါ့ သမီးလည္းေျမျပန္႔သြားစရာမလိုေတာ့ဘူး ဒါေပမယ့္ သမီးရဲ့ေယာကၡမကေတာ့ စိတ္ဆိုးမယ္ထင္တယ္"

"ဟင္! ဘယ္သူလဲ"

"အကၡရာေလ သူကိုယ္တိုင္က သံအမတ္ရဲ့သမီး ေရ႔ွေနမ.. သူ႔သားကို Mafiaတစ္ေယာက္အျဖစ္ခံမွာမဟုတ္ဘူး ဒီေတာ့ သမီးက သူတို႔မိသားစုေတြၾကား သိပ္ဝင္မပါနဲ႔ သူတို႔ဘာသာပဲ ေျဖရွင္းၾကပါေစ"

"ဟုတ္"

ပါပါးက ေနေန့ေခါင္းေလးကိုပုတ္ကာ ထိုကိစၥေတြအတြက္စိတ္မခ်ျဖစ္ေနပံုျဖင့္ သက္ျပင္းတစ္ခ်က္ခ်ကာ မာမားကိုလွမ္းၾကၫ့္သည္။
မာမားကေတာ့ ပါပါးလို ေအးေဆးစြာေျဖရွင္းမၫ့္သူမဟုတ္…

"သူတို႔ဘာသာ ဘာႀကီးေတြပဲျဖစ္ေနေန သမီးကိုဆဲြထၫ့္လို႔ကေတာ့ ႏိုင္းက ၿငိမ္ခံေနမွာမဟုတ္ဘူးေနာ္ ဘယ္သူပဲျဖစ္ေနေန ဝင္ရန္ျဖစ္ပစ္မွာ"

"ႏိုင္းကလည္း အဲ့ဒီလူေတြက သူစိမ္းေတြမွမဟုတ္တာ"

"သူစိမ္းမဟုတ္လို႔ ပိုလုပ္ရမွာေပါ့ ေနေနက သူတို႔မ်က္စိေရ႔ွမွာပဲႀကီးလာတာ ၿပီးေတာ့ ႏိုင္း အားေနလို႔ ေမြးထားတဲ့ကေလးမွမဟုတ္တာ ဘယ္သူအႏိုင္က်င့္တာမွ မႀကိဳက္ပါဘူး"

"ကဲပါ မာမားကလည္း အဲ့ဒီေနေနကလည္း မာမားဒီႏိုင္းရဲ့သမီးပဲဥစၥာ ၿငိမ္မခံပါဘူး"

"ဒါမွ ငါ့သမီး"

မာမားနဲ႔ေနေန ေျပလည္ေရးရသြားၿပီး လက္သီးခ်င္းတိုက္ပစ္လိုက္ေတာ့ ပါပါးသည္ အရႈံးေပးလိုက္သလို ဆိုဖာကိုမွီခ်ရင္း သက္ျပင္းခ်၏။
ထို႔ေနာက္ ထံုးစံအတိုင္းေရရြတ္ျပန္သည္…

"ဒုကၡလွလွေရာက္တာပဲ"

💝💝◽◽◽💝💝

"ကိုမင္းေနရာ ရိွလား"

"ရိွပါတယ္ ခ်ိန္းထားတာလားရွင့္"

"မခ်ိန္းထားဘူး ဒီအတိုင္းပဲလာတာပါ"

"အဲ့ဒါဆိုမရဘူးရွင့္ အစ္ကိုေလးက စာရင္းေတြစစ္ၿပီးစိတ္ဆိုးေနတယ္ ညီမ သြားလည္းမေျပာရဲဘူး"

အသက္ေခါင္းေလးကိုသာ ညိတ္ျပလိုက္ၿပီး ရံုးခန္းအေရ႔ွနားက ထိုင္ခံုေလးေတြမွာထိုင္ခ်ရင္း ကိုႀကီးကိုဖုန္းေခၚဖို႔ ဖုန္းထုတ္လိုက္သည္။

"စိတ္ပ်က္ဖို႔ေကာင္းလိုက္တာ"

ကိုႀကီးအသံစူးစူးႀကီးၾကားလိုက္ရ၍ ဘာျဖစ္တာလဲဟု အသက္ လည္ပင္းေလးရွည္သြားၿပီး မွန္တပ္ထားေသာရံုးခန္းကို လွမ္းၾကၫ့္မိ၏။
ဝန္ထမ္းတခ်ိဳ႕လည္း အနားမွာရိွေနကာ ကိုႀကီးက ဖိုင္ပါးေလးတစ္ထပ္ကိုဖြင့္ၾကၫ့္ရင္း သုန္မႈန္ေနသည္။

"ေျပာ.. ဒီစာရင္းေတြကြာေနတာ ဘယ္သူတာဝန္ယူမွာလဲ ဟမ္! လာမစစ္ရင္ကိုမစစ္သလိုပဲ ဒီဆိုင္မွာ Accountဘယ္ႏွေယာက္ရိွလဲ"

"၄ေယာက္ပါ"

"ထြက္ခဲ့ အဲ့ဒီ၄ေယာက္လံုး"

ေဒါသျဖစ္ေနပံုရသၫ့္ ကိုႀကီးအသံကို အသက္အံ့ဩသြားမိသည္က ကိုႀကီးဟာ အသက္ကြယ္ရာမွာ တျခားတစ္ေယာက္လိုျဖစ္ေနခဲ့ေသာေၾကာင့္။
သူဟာ အသက္နဲ႔ဆို အၿမဲတမ္းမခ်ိဳမခ်ဥ္မ်က္ႏွာမ်ိဳး၊ စပ္ၿဖဲျဖဲမ်က္ႏွာမ်ိဳးသာျဖစ္ၿပီး သူ႔ဆိုင္မွာ ဒီလိုမ်ိဳးႀကီးတဲ့လား…

"မင္းတို႔ကစာရင္းကိုေသခ်ာမလုပ္တာလား ဒါမွမဟုတ္ Cashierကမွားတာလား"

"မဟုတ္ပါဘူး အစ္ကိုေလး ကၽြန္မတို႔စာရင္းျပန္စစ္.."

"စာရင္းျပန္စစ္မယ္ စာရင္းျပန္စစ္မယ္ မင္းတို႔ Suspend Accေတြဆဲြေနတာ ဘယ္ႏွလရိွေနၿပီလဲ ဘယ္မွာလဲ အဲ့ဒီAccေတြရဲ့ရွင္းတမ္းေတြ"

"အဲ့ဒါက.."

အသက္ ႏွာေခါင္းေလးရႈံ႔မိကာ ထိုင္ခံုေလးမွာပဲထိုင္ခ်လိုက္ရင္း ဖုန္းကိုျပန္သိမ္းလိုက္ကာ ကိုႀကီးၿပီးမၫ့္အခ်ိန္ကိုသာ ေစာင့္ေနလိုက္သည္။
ဒီေန့ အလုပ္ေစာေစာၿပီးေသာေၾကာင့္ ကိုႀကီးနဲ႔အခ်ိန္ကုန္ခ်င္၍ ဆိုင္အထိတကူးတကလိုက္လာခဲ့ကာမွ…

"ေတာက္!!"

ကိုႀကီးရဲ့တက္ေခါက္သံႀကီး ထပ္ထြက္လာ၍ စိတ္ဆိုးေနေသာထိုမ်က္ႏွာကို ျမင္ခ်င္သြားကာ ရံုးခန္းမွန္အနားကပ္ကာ ေခ်ာင္းၾကည့္လိုက္သည္။
စာရြက္ေတြကို စားပဲြေပၚပစ္ခ်ရင္း ခါးေထာက္ေနေသာ ကိုႀကီးအၾကၫ့္ေတြ အသက္ဆီကိုေရာက္လာေတာ့ အသက္ႃပံုးျပလိုက္၏။

"Mine"

ရင္ထဲဒိတ္ခနဲျဖစ္သြားကာ ေစာေစာကအထိ သုန္မႈန္ေနေသာ ကိုႀကီးမ်က္ႏွာေခ်ာေခ်ာက အခုေတာ့ မိုးသားကင္းစင္ေနသၫ့္ ေကာင္းကင္ႀကီးလို။
သူက ဘယ္သူ႔ကိုမွဂရုမစိုက္ဘဲ အသက္ဆီကိုတၫ့္တည့္ေလ်ွာက္လာၿပီး အသက္ခါးေလးကိုသိုင္းဖက္ကာ…

"ဘယ္အခ်ိန္ကတည္းကေရာက္ေနတာလဲ"

"ကိုႀကီးဆူေနကတည္းက"

"ဝင္လာတာေတာ့မဟုတ္ဘူး"

"မဝင္ပါဘူး ကိုႀကီးစူပုတ္ေနတာေလး ျမင္ခ်င္ေသးလို႔"

အသက္ ကိုႀကီးပါးကို ဆဲြဖဲ့ပစ္လိုက္ေတာ့ ကိုႀကီးကပါးခ်ိဳင့္ေလးထင္းေနသည္အထိ သေဘာတက်ရယ္ကာ အသက္ကိုဖက္ထားလ်က္ ရံုးခန္းထဲျပန္ဝင္၏။
သူ လႊင့္ပစ္ထားခဲ့သၫ့္ စားပဲြေပၚကစာရြက္ေတြကို စုထပ္ၿပီး အခန္းတြင္းရိွ ဝန္ထမ္းအားလံုးကိုေမးဆတ္ကာ…

"သြားေတာ့ ၿပီးမွရွင္းမယ္"

ဟု အမိန႔္ေပးသလိုေျပာေလသည္။
တကယ္ပဲ ထိုအသံဟာ အသက္ကိုေျပာဆိုဆက္ဆံေနက် ေလသံမ်ိဳးမဟုတ္ပါဘဲ မာေက်ာဩရွေနသည္။
အခန္းထဲလူရွင္းသြားမွ ကိုႀကီးက လိုက္ကာေတြပါပိတ္ပစ္ၿပီး အသက္ပခံုးေပၚမ်က္ႏွာအပ္ကာ ခါးကိုသိမ္းက်ဳံးဖက္ထား၏။

"ပင္ပန္းလိုက္တာကြာ ဆီထၫ့္ေပးပါဦး"

"ကိုႀကီးေစာေစာကအထိ မာေရေက်ာေရနဲ႔ပါ မထၫ့္ဘူး ဖယ္ေပး.. အဲ့လိုႀကီးဆိုေညာင္းတယ္လို႔ အား!"

လည္တိုင္ကိုဖိကိုက္ခံလိုက္ရ၍ အသက္နာသြားမိကာ ရယ္က်ဲက်ဲျဖစ္​ေနသၫ့္ ကိုႀကီးကို မ်က္ေစာင္းထိုးပစ္လိုက္၏။
ကိုႀကီးကေတာ့ သူ႔အက်င့္အတိုင္း နမ္းခ်င္လာၿပီဆို အသက္ဘယ္လိုတားဆီးေနေန၊ ျငင္းေနေန မရမကနမ္းတတ္သည္။
ထိုဇြတ္တရြတ္အက်င့္ေၾကာင့္ အသက္ စိတ္ေကာက္သၫ့္အခါမွသာ ျပန္လိုက္ေခ်ာ့တတ္သူ…

"ဒီေန့အေစာႀကီးပါလား"

"အင္း အာ့ေၾကာင့္ကိုႀကီးဆီလာတာ ကိုႀကီးကမအားဘူးလား"

"နည္းနည္းေတာ့မအားေသးဘူး စာရင္းေတြေပ်ာက္ေနတာေလ ဒါေပမယ့္ ရတယ္"

"ဘာရတာလဲ"

"အားလို႔ရတယ္လို႔"

"စာရင္းေတြရွင္းရမွာဆို အသက္လည္းကူလုပ္ေပးမယ္ေလ နည္းနည္းေတာ့နားလည္တယ္"

"ၿပီးမွလုပ္လည္းရတယ္"

"မရဘူး အခုလုပ္.. အသက္ေစာင့္ေပးမယ္"

ကိုႀကီးက မခ်ိဳမခ်ဥ္မ်က္ႏွာႀကီးျဖစ္သြားကာ အသက္ႏွာေခါင္းဖ်ားကို ဖြဖြေလးကိုက္ၿပီး ပါးကိုပါထပ္နမ္း၏။
​ေရာက္ကတည္းက တဖြဖြနမ္းေနတာမို႔ အျမင္ကတ္ကတ္ျဖင့္ ရင္ဘတ္ႀကီးကိုဆဲြဆိတ္ပစ္လိုက္ေတာ့…

"ယားတယ္ လုပ္ခ်င္ရင္ထိထိမိမိလုပ္"

"ကိုႀကီးဘာျဖစ္ေနတာလဲ"

"ယြေနတာေလ ငလ်ွံေတာင္မိန္းမရေတာ့မယ္ ကိုယ္ကအခုခ်ိန္ထိ.."

"တူလို႔လား ကိုကိုကကိုကို ကိုႀကီးကကိုႀကီး"

"အဲ့ဒါေၾကာင့္ ျမည္းၾကည့္ခိုင္းေနတာေလ"

"ဘယ္လိုျဖစ္ေနတာလဲလို႔"

အသက္ အျမင္ကတ္ကတ္ျဖင့္ သူ႔ဆံပင္ေတြဆဲြေတာ့မွ ကိုႀကီးကေအာ္ရယ္ကာ အသက္ဆံပင္ေတြကိုဆဲြဖြရင္း ပါးေလးကိုပါဆဲြဖဲ့၏။
ၿပီးမွ စားပဲြေနာက္ကထိုင္ခံုကို ေမးဆတ္ျပရင္း…

"ခဏထိုင္ေနဦး မၾကာပါဘူး.. ေနာ္?"

"Omm ဒါနဲ႔"

လွၫ့္ထြက္မလိုျပင္ၿပီးမွ ကိုႀကီးကျပန္လွၫ့္လာေသာေၾကာင့္ အသက္သည္ ကိုႀကီးျဖဳတ္ခ်ထားသၫ့္ ရင္ဘတ္ေပၚကၾကယ္သီးေတြကို တပ္ေပးလိုက္၏။
ကိုႀကီးက ရွပ္အက်ႌဝတ္တိုင္း ၾကယ္သီးႏွစ္လံုးျဖဳတ္ထားတတ္ကာ ဟိုတစ္ရက္ကေတြ့ခဲ့သၫ့္ ကိုႀကီးရဲ့အေဖကလည္း ဒီလိုျဖဳတ္ထားတတ္သည္။

အန္တီေခေခ ဘယ္လိုေနမလဲမသိေပမယ့္ အသက္အတြက္ေတာ့ ကိုႀကီးက ၾကယ္သီးျဖဳတ္ထားလ်ွင္ ပိုၿပီးဆဲြေဆာင္မႈရိွတာမို႔ ဘယ္သူမွမၾကၫ့္ေစခ်င္။
ဒါကို သဝန္တိုတယ္ေခၚမလား…

"မေနတတ္ဘူး Mineရာ ပူတယ္"

"မရဘူး တပ္ထား ျဖဳတ္ရဲျဖဳတ္ၾကၫ့္.. အသက္ ၾကယ္သီး၃လံုးျဖဳတ္ၿပီး ဆိုဒ္ထဲသြားမွာေနာ္"

"ဟာ! မလုပ္ပါနဲ႔ ကိုယ့္ဟာေလးကို"

"အဲ့ဒါဆို အသက္ဟာကိုလည္းဖံုးထား အသက္နဲ႔ရိွေနတုန္းပဲျဖဳတ္ က်န္တဲ့အခ်ိန္ဆိုတပ္ထား"

"ဟုတ္ကဲ့ခင္ဗ်"

"ျမန္ျမန္သြားၿပီး ျမန္ျမန္ျပန္လာခဲ့"

ၾကယ္သီးျပၫ့္ျဖင့္ကိုႀကီးျပန္ထြက္သြားေတာ့ အသက္သည္ ခံုမွာျပန္ထိုင္လိုက္ကာ ကိုယ့္ခ်စ္သူ ကိုလူေခ်ာကိုပဲ လိုက္ေငးေနမိသည္အထိ။
တစ္ခါတစ္ေလ အသက္ ဆိုးမိတာေတြရိွေပမယ့္ ကိုႀကီးကမၿငိဳျငင္ခဲ့သလို အသက္အတြက္ အၿမဲအဆင္သင့္ရိွေနခဲ့သူမို႔ ပိုၿပီးၿငိတြယ္မိသည္။

ထို႔ေၾကာင့္ ဒီလူႀကီးကို အပိုင္ရေအာင္ ႀကံစည္ဖို႔ဆိုတာ…

💝💝◽◽◽💝💝

အလုပ္ေတြရႈပ္ေနေသာေၾကာင့္ ေတာင္ႀကီးစံအိမ္ကိုမျပန္ျဖစ္ဘဲ နယ္ေျမေတြပတ္သြားေနရကာ ဦးယံကိုယ္တိုင္လည္းပါတာမို႔ ညည္းလည္းမညည္းခ်င္။
အထူးသျဖင့္ ဦးယံရဲ့စည္းကမ္းျဖစ္သၫ့္ 'ေခါင္းေဆာင္တစ္ေယာက္သည္ ငယ္သားေတြ၏ပင္မေထာက္တိုင္' ဆိုသၫ့္အတိုင္း လက္ေအာက္ခံေတြဘယ္လိုေနရသလဲဟု အရင္ေလ့လာရသည္။
ထိုလူေတြကို ဘယ္လိုအုပ္ခ်ဳပ္ရမလဲ ေလ့လာရသည္။
အုပ္ခ်ဳပ္ေရးအပိုင္းမွာေတာ့ ဦးယံရဲ့နည္းလမ္းဟာ အေတာ္ေလးေကာင္းမြန္ၿပီး ဒါေၾကာင့္လည္း Leoponတိုင္း ဦးယံကိုခ်စ္ေၾကာက္ရိုေသၾကတာပဲ…

"ခဏေန ေတာင္ႀကီးကိုျပန္ရေအာင္ ဟိုမွာစိတ္မခ်ရတဲ့ကေလးက ၾကာလို႔တဲ့ နားပူေနၿပီ"

"အန္တီေဘဘီလား"

"အင္း"

မပြင့္တပြင့္အႃပံုးႏွင့္ ေျဖေနေသာဦးယံေၾကာင့္ သူ သေဘာတက်ရယ္မိကာ သူ႔ကေလးကေရာ ဘာေၾကာင့္မ်ားနားမပူတာပါလိမ့္ ဆိုသၫ့္အေတြးျဖင့္ အူပုတ္သြားမိ၏။
ကိုကို႔ကိုလြမ္းလို႔ ဘာညာေတာင္ မက္ေဆ့လည္းမပို႔သလို ဖုန္းလည္းမဆက္ေခ်။

စံအိမ္ကိုျပန္ေရာက္သၫ့္အခါ အိမ္ေရ႔ွမွာကားရပ္သည္ႏွင့္ ဦးသီဟအရင္ဆံုးထြက္လာကာ သူတို႔တူအရီးကိုႀကိဳဆိုၿပီး ထို႔ေနာက္မွာေတာ့ အန္တီေဘဘီျဖစ္သည္။
က်န္စစ္သားဝင္စားေသာ မယ္မင္းႀကီးမေလးကေတာ့ ဘယ္ေရာက္ေနသလဲမသိ…

"ကိုကိုကေလ တစ္ခါတစ္ခါသြားရင္ကို ဘယ္ႏွရက္ေလာက္ၾကာမွန္းမသိဘူး ကိုယ့္ကိုယ္ကို ငယ္ငယ္ေလးလို႔ပဲထင္ေနတုန္းလား သားေပါက္ကိုအေၾကာင္းျပၿပီး ရွင္ေျခဆန႔္ေနတာ မသိဘူးမွတ္ေနလား"

"မဟုတ္ပါဘူးကြာ"

အန္တီေဘဘီ ဆူပူသမ်ွကို အႃပံုးေလးျဖင့္ေခါင္းညိတ္ေနေသာ ဦးယံဟာ မယကလို႔ေျပာလ်ွင္ ငရဲႀကီးမလားေတာ့မသိေပမယ့္ တကယ္ပဲ'မယက'ျဖစ္သည္။
ဘယ္သူေတြအေပၚ ဘယ္ေလာက္တင္းမာေနေန မိန္းမကိုေတာ့ ေလသံေအးေလးႏွင့္သာဆက္ဆံတတ္သည္မွာ ဒက္ဒီ့အတိုင္း…

"ေနေနေရာ ဦးသီဟ"

"ေစာေစာကမွ ေက်ာင္းကျပန္ေရာက္တာ သားလ်ွံ မီးဖိုေဆာင္မွာထင္တယ္"

ေယာက်ာ္းျပန္လာေတာင္ မီးဖိုခန္းကထြက္မလာသၫ့္ကေလးမေၾကာင့္ အဆူခံေနေသာဦးယံကိုၾကၫ့္ရင္း စိတ္ညစ္စြာေခါင္းခါမိသြားသည္။
သူကေတာ့ ဦးယံနဲ႔ဒက္ဒီ့ကို ရွယ္ပလန္ႏွင့္ကဲ့ရဲ့ေနတာေတာင္ ဝဋ္မလည္ႏိုင္ေသးသၫ့္ဘဝသာျဖစ္၏။

အစားအေသာက္ကိုသာ အာရံုေရာက္ေနမၫ့္ကေလးမ,ကိုလည္း စေနာက္ခ်င္သြား၍ သူ ႀကိတ္ႃပံုးၿပီး မီးဖိုေဆာင္ဘက္ထြက္လာခဲ့ေတာ့ မီးဖိုခန္းထဲမဝင္ခင္မွာပဲ အသံၾကားလိုက္ရ၏။
ေနေနက ေက်ာင္းမွာႄကံုခဲ့ရသၫ့္ ဟာသတစ္ခုကိုေျပာရင္း ေအာ္ရယ္ေနကာ အေစခံေတြကလည္း လိုက္ရယ္ေနၾကသည္။

"မိန္း"

သူ႔အသံၾကားလိုက္သည္ႏွင့္ ရယ္သံေတြတိတ္က်သြားသလို ေနေနကလည္းလွၫ့္ၾကၫ့္လာကာ ဒင္းေလးသည္ ထံုးစံမပ်က္၊ ပါးစပ္ထဲမွာ မုန႔္တစ္ခုရိွေနသည္။
ဘယ္သူ႔ကိုေခၚလိုက္မွန္းမသိသလို ျပဴးျပဴးၿပဲျပဲၾကၫ့္ၿပီး ႏႈတ္ခမ္းေတြကို တစ္ရႉးျဖင့္သုတ္ကာ…

"ဘယ္သူ႔ကိုေခၚတာလဲ"

"မင္းကိုေလ မိန္းရဲ့"

"ဘာမိန္းလဲ မိန္းခလုပ္လား မိန္းဘုတ္လား"

ဟုဘုေတာေတာ့ အေစခံေတြလည္း ႃပံုးစိစိျဖစ္လာၾကသည္။
သူမက အေစခံေတြကိုေဝ့ၾကၫ့္ရင္း မ်က္ႏွာေလးရဲကာ မီးဖိုခန္းကထြက္ဖို႔ျပင္ေတာ့ သူက ခါးေလးကို ပိုင္ပိုင္ႏိုင္ႏိုင္ ဖက္ပစ္လိုက္သည္။

"လြမ္းေနတာသိလား ကိုယ့္ေယာက်ာ္းအိမ္ျပန္ေရာက္လာတာေတာင္ လာမႀကိဳဘူး မိန္းရာ"

"ႀကိဳပါဘူး သူမ်ားေတာင္ အခုမွေက်ာင္းကျပန္ေရာက္တာ"

"ဘယ္လိုေနေနကြာ မိန္း အိမ္တံခါးနားအထိလာႀကိဳရင္ေတာင္ အေမာေျပဦးမွာ အခုက်အေမာမေျပေတာ့ဘူး ရက္စက္လိုက္တဲ့မိန္း"

"တမိန္း မိန္း နဲ႔ ကိုကိုဘာျဖစ္ေနတာလဲ"

"ဒံုးေဝးလိုက္တာကြာ ခုေခတ္ကကိုယ့္မိန္းမကို မိန္မိန္းလို႔ေခၚၾကတယ္ေလ အဲ့လိုပဲေပါ့ မိန္းရဲ့"

"မေခၚနဲ႔လို႔"

"ဘာျဖစ္လို႔တုန္း"

"ကိုကို ေန့ကိုၾကဴးေနတာႀကီးကို ရွက္လို႔"

ရဲတြတ္ေနေသာမ်က္ႏွာေလးကိုၾကၫ့္ရင္း သူ သေဘာတက်ရယ္မိေတာ့ ေနေနကအံႀကိတ္ကာ သူ႔ဖက္ထားသၫ့္လက္ကိုဆဲြဆိတ္၏။
မနာသလိုေနလိုက္ၿပီး အေစခံေတြကို အျပင္ထြက္ဖို႔အခ်က္ျပလိုက္ကာ အေစခံေတြမရိွေတာ့မွ သူမက ရင္ဘတ္ကိုတဘုန္းဘုန္းထုေတာ့သည္။

"ဘာရွက္စရာရိွလို႔လဲ ေနာက္ဆို အဲ့လိုပဲေခၚေတာ့မယ္ မိန္းေရ မိန္းရယ္ဆိုၿပီး"

"အား!! အရွက္မရိွတဲ့လူႀကီး"

သူမ ရွက္ၿပီးဆူပူေဆာင့္ေအာင့္ေနေလ၊ သူ ပိုတိုးစေနာက္ခ်င္ေလျဖစ္ၿပီး ဒီကေလးမေလးကို တကယ္ပဲအသည္းယားလာေတာ့သည္။
သက္ထက္ေျပာခဲ့သၫ့္အတိုင္း ေနေနနဲ႔ေနရျခင္းဟာ တကယ္ပဲရယ္ေမာေပ်ာ္ရြင္စရာအတိ။

သူမဟာ တကယ့္Paradiseအေသးစားေလး
သို႔မဟုတ္
သူ႔ရင္ဘတ္ထဲ မသိမသာတိုက္ခတ္လာသၫ့္ ခ်စ္ျခင္းတရားရဲ့ေလေျပေလးတစ္ခု…

💝💝◽◽◽💝💝

Part 43 ဆက္ရန္

စာဖတ္သူတစ္ဦးခ်င္းစီကိုေလးစားလ်က္
#shinthant1141997

Continue Reading

You'll Also Like

43.7M 1.3M 37
"You are mine," He murmured across my skin. He inhaled my scent deeply and kissed the mark he gave me. I shuddered as he lightly nipped it. "Danny, y...
3.6M 231K 96
What will happen when an innocent girl gets trapped in the clutches of a devil mafia? This is the story of Rishabh and Anokhi. Anokhi's life is as...
71.2K 1.5K 41
Clara Lily was born almost exactly nine months before Harry. She wasn't born a Potter though. Lily kept her secret until a few nights before she died...
10.7M 248K 60
𝐅𝐫𝐨𝐦 𝐄𝐧𝐞𝐦𝐢𝐞𝐬 𝐭𝐨 𝐋𝐨𝐯𝐞𝐫𝐬 Enzo Mariano is known for being nothing but ruthless. He is feared by all in the Italian mafia. He kills on...