💝 Part - 38 💝
◽◽◽◽◽
မျက်လုံးမဖွင့်ခင်မှာပဲ နှာခေါင်းထဲတိုးလာသော ယောကျာ်းဆန်သည့်အနံ့တစ်ခုကြောင့် ပါပါးအနား ကပ်အိပ်မိသည်ဟု စိတ်ကထင်မှတ်မိသည်။
ပါပါး nightဂျူတီသွားသည့်ညတွေဆို နေနေနဲ့မာမားကအတူအိပ်နေကျဖြစ်ပြီး ပါပါးပြန်ရောက်လာချိန် နေနေတို့မနိုးသေးလျှင် အတူဝင်အိပ်တတ်သည်။
ထို့ကြောင့် ခါတိုင်းလိုထင်မှတ်ပြီး ပါပါးရင်ခွင်ထဲခေါင်းတိုးကာ ခါးကိုတအားဖက်ထားလိုက်မိတော့ ပါပါးဆီက ဆေးနံ့မရချေ။
တခြားသူတွေတော့ ဘယ်လိုနေမလဲမသိပေမယ့် နေနေကတော့ ပါပါးဆီကဆေးနံ့တွေကို အလွန်သဘောကျပြီး ခဏခဏနမ်းမွှေးနေကျ…
"ပါပါး ရေချိုးထားတာလား"
"အေး.. မင်းတို့အိမ်ကိုဖုန်းဆက်ပြီး လှမ်းမေးလိုက်ဦးမယ်"
အေးတိအေးစက်အသံကြီးကြောင့် မျက်လုံးတွေပြူးကျယ်သွားပြီး မော့ကြည့်မိသည့်အခါ နေနေ့ကိုပြန်ငုံ့ကြည့်နေသော လူကြီး။
ဒါ့အပြင် နေနေသည် ပါပါးအမှတ်နှင့်ဖက်ထားမိတာ တင်းတင်းကျပ်ကျပ်ကြီး…
"မမကရော"
"ဒါမင်းမမအခန်းလား"
နေနေ ဆတ်ခနဲထထိုင်လိုက်မိကာ အခန်းကိုဝေ့ကြည့်မိတော့ မမရဲ့အခန်းမဟုတ်၍ နေ အိပ်ပျော်သွားတုန်း ဒီလူကြီးခေါ်လာခြင်းဖြစ်ရမည်။
ဒါဆိုတခြားဘာတွေများ…
ကိုယ့်အတွေးနဲ့ကိုယ် မလုံမလဲဖြစ်သွားပြီး အင်္ကျီကိုငုံ့ကြည့်မိတော့ ခြေရာလက်ရာမပျက်ပေမယ့် စိတ်ထဲကြောက်နေမိဆဲဖြစ်သည်။
နေနေ့ရဲ့ပျာယာခတ်နေပုံကြောင့် သူက ပြုံးစိစိမျက်နှာကြီးဖြစ်သွားကာ ဒါကိုမြင်လိုက်သည့်နေနေသည် ပိုပြီးကြောက်သွားမိ၏။
သူ နေ့ကိုများ…
"ရှင်ကြီးက ဘာလို့ပြုံးနေတာလဲ"
"နည်းနည်းပါးပါးတော့ ထိမိမှာပဲလေ မင်းကငါ့မိန်းမ.. ပြီးတော့လှလည်းလှတဲ့ဥစ္စာ ဥပုသ်မဆောက်နိုင်ပါဘူး"
"ဘာ!"
"နွေးလည်းနွေးတယ် နူးနူးညံ့ညံ့လေးနဲ့"
"ဟင့်! ရှင့်ကိုသဝာ်မယ် လူယုတ်မာကြီး"
ရှက်ကိုးရှက်ကန်းဖြင့် ကိုယ့်ကိုယ်ကိုနှမျောသွား၍ ထိုလူကြီးကိုအတင်းလိုက်ထုရိုက်တော့ သူ့ရယ်သံအကျယ်ကြီးကြောင့် ပိုရှက်သွားမိသည်။
သူဘာလုပ်လိုက်သလဲ နေနေဘာမှမသိသလို ဒီလောက်အထိအိပ်ပုတ်ကြီးရသလားဟုလည်း ကိုယ့်ကိုယ်ကို အခါခါကျိန်ဆဲမိ၏။
"တကယ် ငါစိတ်ထိန်းပါသေးတယ် မရတော့လို့"
"နှာဘူးကြီး အဟင့်! အီးဟီး"
နေနေ အာခေါင်ခြစ်ပြီးအော်ငိုသည့်တိုင် ထိုပြုံးစိစိမျက်နှာကြီးက ပြောင်းလဲမသွားပါဘဲ နေနေ့ကိုစ,စရာအရုပ်လို သတ်မှတ်ထားသလားမသိ။
လက်ပိုက်ထားရင်း တဟားဟားအော်ရယ်နေ၏။
"ဘာဆန်းလို့လဲ လင်မယားတိုင်းဒါမျိုးပဲလေ မဟုတ်ဘူးလား ခုမကြုံ တော်ကြာကြုံမှာပေါ့"
"ကြုံချင်ဘူး နှာဘူးကြီး အီးဟီး!.. စည်းမစောင့်တဲ့လူကြီး"
"စောင့်စရာလား ငါ့မိန်းမပဲလေ မင်းက"
"ယူလည်းမယူရသေးဘဲနဲ့"
"သားရေ"
တံခါးခေါက်သံနှင့်အတူ အန်တီခရာ့အသံထွက်လာတော့ နေနေသည် ဒီလူကြီးရဲ့နှာဘူးကျပုံကို တိုင်ပြောဖို့စိတ်ကူးက ချက်ချင်းဖြစ်တည်၏။
ထို့ကြောင့် မျက်ရည်တွေသုတ်ပစ်ပြီး ထိုင်ရာမှထဖို့ပြင်တော့ သူက နေနေ့ကိုသိမ်းကျုံးဖက်ထားကာ…
"ဗျာ မာမီ"
"ကလေးကဘာလို့ငိုနေတာလဲ"
"သားလိုက်စနေလို့ပါ"
"မဟုတ်ဘူး ရှင်နှာဘူးကျ.. အွန်း!"
တိုင်ဖို့စကားစရုံဖြင့် နေနေ့ပါးစပ်ကို တင်းတင်းပိတ်ပစ်လိုက်၍ အတင်းပြန်ရုန်းတော့ သူ့အတွက်က မှုလောက်စရာမရှိသလို အေးအေးဆေးဆေးပင်။
တစ်ကိုယ်လုံးအဖက်ခံထားရသည့်အပြင် ပါးစပ်ကိုပါအပိတ်ခံထားရ၍ စိတ်လည်းတို၊ ငိုလည်းငိုချင်ကာ နေ သူ့ရင်ဘတ်ကြီးကို တံတောင်နှင့်တွက်ပစ်လိုက်၏။
"သား ချော့လိုက်ဦးမယ် မာမီ ခဏနေလာခဲ့မယ်"
"အေး အေး"
အန်တီခရာ့အသံပျောက်သွားပေမယ့် လူယုတ်မာကြီးဟာ နေနေ့ကိုလွှတ်မပေးသေးဘဲ ခပ်တည်တည်ကြည့်လာပြန်သည်။
ဒီတစ်ခါအကြည့်တွေက စောစောကလို ပြောင်ချော်ချော်မဟုတ်တော့ဘဲ လေးနက်တည်ငြိမ်နေ၍ ပြန်မရုန်းဖြစ်တော့။
နေနေပြန်မရုန်းတော့၍ သူက ဖက်ထားခြင်းကိုရော၊ ပါးစပ်ပိတ်ထားခြင်းကိုပါ ဖြေလျှော့ပေးပြီး…
"မင်းငါနဲ့လိုက်လျောညီထွေ နေပေးရမယ် အထူးသဖြင့် မာမီ့ရှေ့မှာ ပိုပြီးအဆင်ပြေအောင်နေရမယ် ငါလိုချင်တာအဲ့ဒါပဲ"
"နေနေက ဘာလို့အဲ့လိုလုပ်ရမှာလဲ"
"မင်းအစ်မ သက်ထက်ကို သူ့ဘဲနဲ့သူ ပျော်ပျော်ရွှင်ရွှင်မနေစေချင်ဘူးလား"
"နေစေချင်တယ်"
"အဲ့ဒါဆို သူမြေပြန့်မှာနေရဖို့ ငါဒီမှာနေရမယ် အဲ့ဒီအတွက် မင်းရဲ့အကူအညီလိုတယ် ဒီတော့ မင်းငါ့ကိုကူညီမှာလား"
"မကူညီဘူး"
"မင်း ငါ့ကိုမကြောက်သေးဘူးပဲ"
သူက စကားကိုတမင်ရပ်ပစ်ကာ အကြည့်တွေက နေနေ့ကိုယ်ပေါ်ဝေ့သွား၍ လန့်ဖျပ်သွားမိကာ ကိုယ်လေးကျုံ့သွားမိသည်အထိ။
နေနေထိတ်လန့်နေပုံကို ကျေနပ်နေသောမျက်နှာကြီးဖြင့် တဟွန်းဟွန်းရယ်ရင်း နေနေ့နဖူးကိုအသာလေးတောက်ကာ…
"ငါက ဒါဆိုရင်ခေါင်းညိတ်လိုက် နေအဉ္ဇရာ မင်းကိုတကယ်ထိချင်လာအောင်မလုပ်နဲ့"
"အာ့ဆိုမထိရသေးဘူးပေါ့"
"အေး.. အဲ့ဒါကြောင့်ရန်မစနဲ့ ငါ့စကားကိုနားမထောင်တဲ့နေ့ ငါ့မိန်းမအစစ်ဖြစ်သွားအောင်လုပ်ပစ်မယ်"
ကြက်သီးထဖွယ်စကားကြီးကို ပြောပြီးသည်နှင့် အိပ်ရာပေါ်မှအရင်ထသွားတာမို့ နေ သက်ပြင်းလေးခိုးချလိုက်မိ၏။
ဒါနဲ့ သူ ဒီမှာနေမယ်ဆိုတော့ နေနေက သူ့ကိုမြေပြန့်မပြန်ဖို့ဆွဲထားပေးဖို့ ပြောချင်တာလား…
တကယ်ရော မပြန်တော့ဘူးလား…
💝💝◽◽◽💝💝
စံအိမ်၏ Solar Towerတွေကို ပစ္စည်းအသစ်တွေလဲနေသောကြောင့် လေးဘုန်းရော၊ ကိုကိုပါအလုပ်ရှုပ်နေကာ ထိုသားအဖညီညွတ်နေမှုကို အသက် သံသယဝင်မိသည်။
ခါတိုင်းဆို လေးဘုန်းနဲ့ကိုကိုက တစ်ရက်လုံးနေလို့စကားတစ်ခွန်းမပြောဖြစ်ပါဘဲ အခုတော့ မနက်ကတည်းက ခေါင်းချင်းဆိုင်နေကြသည်။
ရာရာနဲ့မေမေကတော့ ကိုကို့မင်္ဂလာပွဲအတွက် အသေးစိပ်တိုင်ပင်နေကြကာ ဖေဖေကတော့ ထုံးစံအတိုင်း သေနဝာ်ပစ်ကွင်းမှာရှိနေ၏။
နေနေကတော့ အိမ်ပြန်သွားသေးတာမို့ အသက်တစ်ယောက်သာအားလပ်နေပြီး ဘာလုပ်ရမှန်းလည်းမသိ။
"သမီး"
ရာရာ့ခေါ်သံကြောင့် အသက် လှည့်ကြည့်မိတော့ ရာရာက ဖုန်းတစ်လုံးကိုင်ထားပြီး အသက်ကိုလက်ယပ်ခေါ်နေ၏။
တစ်ခုခုပြောချင်ပုံရသော ရာရာ့ပုံစံကြောင့် အသက် ရာရာ့အနားသွားလိုက်တော့…
"ဟုတ်ပြီ ပြီးရင်ကျွန်မကိုပြန်ဆက်"
ရာရာဖုန်းချလိုက်သည်အထိ အသက် တိတ်တဆိတ်စောင့်နေလိုက်ကာ ရာရာ့မျက်လုံးတွေပင့်တက်လာတော့ အသက်ကြောင်အသွားမိ၏။
ဘာများဖြစ်လို့ပါလိမ့်…
"Htun Myanmar Constructionက ရှယ်ယာဈေးတွေကျမယ်ဆိုတာ ဘယ်လိုလုပ်သိသလဲ"
"အဲ့လိုတော့ အသက်ရှင်းမပြတတ်ဘူး ရာရာ ကိုယ့်ဘာသာကိုယ်တော့ နားလည်တယ် လေးဘုန်းကိုရှယ်ယာဝယ်ဖို့ပြောလိုက်သေးတယ် ဝယ်သလားတော့ အသက်မသိဘူး အခုဘာဖြစ်လို့လဲ"
"ရှယ်ယာဈေးတွေကျသွားလို့လေ သူတို့အရှုံးပေါ်ခါနီးအထိဖြစ်သွားတယ် ရှယ်ယာတစ်ခုကို 298ကနေ အခု 120လောက်အထိကျသွားတာ"
"လေးဘုန်းဝယ်ထားလိုက်လား"
"ဝယ်ထားတယ်လေ အဟွန်း.. ရာရာက သမီးပိုအံ့ဩလို့ပါ အချိန်ခဏလောက်လေးနဲ့ ရှယ်ယာဈေး အတက်အကျကို ဘယ်လိုခန့်မှန်းလိုက်တာလဲလို့"
"ဖေဖေနဲ့ဦးဇွဲက လက်နဂာ်ဈေးနဲ့ကမ္ဘာ့ရွှေဈေးကို အမြဲကစားခိုင်းတယ်လေ အဲ့ဒါကြောင့်ထင်တယ်"
"မတူဘူးသမီးရဲ့ လက်နဂာ်ဈေးကွက်ကငြိမ်တယ် ကမ္ဘာ့ရွှေဈေးကတော့ မြန်လွန်းတယ် stockနဲ့ရှယ်ယာတွေက အဲ့ဒီနှစ်ခုကြားမှာပဲရှိတယ် အရမ်းလည်းမငြိမ်သလို အရမ်းလည်းမမြန်ဘူး
သမီးက ရှယ်ယာဈေးကို တစ်ချိန်လုံးစောင့်ကြည့်နေပုံပဲ"
"ဟုတ်"
အသက် ခေါင်းညိတ်ပြလိုက်တော့ ရာရာက ကျေကျေနပ်နပ်ပြုံးကာ အသက်ပခုံးလေးကိုဖက်ထား၏။
ထိုအချိန် ဖုန်းပြန်ဝင်လာ၍ ရာရာကဖုန်းကိုင်လိုက်ကာ တစ်ဖက်က ဘယ်သူရယ်တော့မသိဘဲ ရာရာကလက်ပြပြီး အသက်အနားကပြန်ထွက်သွားသည်။
ရာရာထွက်သွားတော့ လေးဘုန်းကဖုန်းပြောနေလျက် အသက်အနားရောက်လာကာ အသက်ခေါင်းလေးကို ဖွဖွပုတ်သည်။
"ဟုတ်ကဲ့ပါ ကျေးဇူးပါဗျာ ကျွန်တော့်တူမလေးကြောင့်လေ"
"----"
"ဟုတ်ပါပြီ"
ရယ်မောနေရင်း လေးဘုန်းကဖုန်းကိုချကာ အသက်ပခုံးလေးကိုသိမ်းဖက်လိုက်၍ ဘာလဲဟု ထပ်တွေးမိပြန်သည်။
လေးဘုန်းတို့လင်မယား ဘာဖြစ်နေကြတာပါလိမ့်…
"Htun Myanmarကို 50%ရလိုက်တယ် မဆိုးဘူး အဲ့လောက်ဆို ဒါရိုက်တာလုပ်လို့အဆင်ပြေတယ်"
"မလုပ်ချင်ပါဘူး လေးဘုန်းကလည်း"
"ဒါဆိုဘာလုပ်မှာလဲ"
ဖေဖေ့နေရာဟုလည်း အသက်မဖြေနိုင်သလို ဖေဖေဟာ ဆုံးဖြတ်ပြီးရင်မပြင်တတ်သည့်လူ။
ဒါဆို အသက် ဘာလုပ်ရမှာလဲ..
ဖေဖေနေချင်သော သာမာန်ဘဝနဲ့ပဲ တစ်ဘဝလုံး ဆက်နေသွားရတော့မှာလား…
"ပြောရရင် သားက ဒီမှာနေဖို့စိတ်ကူးနေပြီ"
"ဟင်!"
"သမီးပြောသလို ကိုကိုကပိုပြီးထိုက်တန်တယ်ဆိုတာ"
အသက် ဘာမှမပြောနိုင်အောင် ဆွံ့အသွားပြီး လေးဘုန်းကိုမော့ကြည့်မိတာက မယုံနိုင်စိတ်တွေကြောင့်ဖြစ်သည်။
Severရွှေ့ဖို့ အသည်းအသန်ပြင်နေကတည်းက တစ်ခုခုဟုထင်မိပေမယ့် လေးဘုန်းကခိုင်းသည့်ကိစ္စဟုသာထင်ခဲ့မိသည်။
ပြီးတော့ စောစောက ပြင်ဆင်နေသည့် Solar towerတွေက…
"ဒီနေရာက သမီးကိုကိုနဲ့ထိုက်တန်ရင် သမီးရဲ့ထိုက်တန်မှုက ဘယ်မှာလဲ"
"မသိဘူး လေးဘုန်း"
"ဒီမှာ"
လေးဘုန်းထောင်ပြသည့်ဖုန်းသည် စီးပွားရေးChannelတစ်ခုမှ တင်ထားသောသတင်းတစ်ပုဒ်ဖြစ်ပြီး Min groupမှ Htun Myanmar၏ ရှယ်ယာ50%ပိုင်ဆိုင်သွားကြောင်း…
ထို့ကြောင့် Htun Myanmarရဲ့ရှယ်ယာဈေးပြန်တက်လာကြောင်း..
Min Groupရဲ့ရှယ်ယာဈေးတွေသည်လည်း အရင်ကထက်၂ဆနီးပါးမြင့်တက်လာကြောင်း…
"အဲ့ဒါသမီးရဲ့နေရာပဲ အသက်ကလေး"
"ဒါပေမယ့် အသက်မှာ လုပ်ငန်းအတွေ့အကြုံမရှိသေးဘူး ဒီတစ်ခါတည့်သွားပေမယ့် နောက်ထပ်တွေမှာ.."
"စီးပွားရေးဆိုတာ Chessကစားတာပဲ သက်ထက်.. နိုင်တဲ့အခါနိုင်မယ် ရှုံးတဲ့အခါရှုံးမယ် ပြောရရင် လိုချင်တာတစ်ခုကိုရဖို့ ကြိုးစားမယ်ဆိုရင် Winner နဲ့ Loserဆိုပြီးကွဲပြားသွားတယ် တစ်ခုကတော့ ဖြစ်ကိုဖြစ်မှာပဲ
ကိုယ်က ဘာဖြစ်ချင်တာလဲသိဖို့ပဲလိုတာ"
အသက် ဘာဖြစ်ချင်တာလဲ…
တစ်ချိန်လုံး ကိုယ့်ကိုယ်ကိုမမေးခဲ့ဖူးသည့်မေးခွန်းကိုပြန်ထုတ်မိသည့်အခါ ဘာကိုလိုချင်မိသလဲ သိမြင်လာသလိုလို။
အသက်ဟာ ထက်မြက်တဲ့မိန်းကလေးတစ်ယောက်၊ ဖေဖေ့ကိုမျက်နှာမငယ်စေမယ့် သမီးတစ်ယောက် ဖြစ်ချင်ခဲ့တာပဲ…
ဖေဖေ့နေရာက မဟုတ်ဘဲ တခြားနေရာမှာ အသက်လိုချင်တဲ့ဘဝကို ဆက်လျှောက်နိုင်တာပဲ…
သက်ထက်ဘုန်းလျှံဟာ သာမာန်ဘဝမှာပဲ စုံးစုံးမြုပ်သွားစရာအကြောင်းမရှိ…
"အသက် Min groupမှာအလုပ်လုပ်ချင်တယ် လေးဘုန်း cashier ဒါရိုက်တာမရွေးတော့ဘူး အသက်နေရမယ့်နေရာကိုပဲ လေးဘုန်းက ပြပေးပါ
ကိုကို့အတွက် အသက်တစ်ခုခုပြန်လုပ်ပေးနိုင်မှာပါ"
💝💝◽◽◽💝💝
"ကိုယ့်ကိုမလွမ်းဘူးလား"
Laptop screenမှာပေါ်နေသော Mineရဲ့ချစ်စဖွယ်မျက်နှာလေးသည် ရှုံ့တွသွားကာ ခေါင်းလေးခါပြတာမို့ ရင်ဘတ်ကြီးအောင့်သွားမိသည်။
ကိုယ့်မှာတော့ လွမ်းလိုက်ရတာ၊ သူမကတော့..
"မနက်ဖြန်ပြန်ရောက်ပြီလေ ကိုကြီး"
"မလွမ်းဘူးဆို.. မတွေ့တော့ဘူး"
"လွမ်းတယ်လေ ကိုကြီးကလည်း အဲ့ဒါကိုပါးစပ်ကနေထုတ်ပြောရမှာလား"
"ပြောရမှာပေါ့ ကြားချင်လို့မေးနေတာ"
"လွမ်းတယ် အရမ်းလွမ်းတယ် ကိုကြီးနဲ့တွေ့ချင်နေပြီ ဒီမှာကိုကိုနဲ့နေနေက အရမ်းတွဲကြတာပဲသိလား အားငယ်လိုက်တာ"
"ပြောတော့မပြောဘူး ကိုယ်လိုက်လာမှာပေါ့"
"လိုက်လာပြီးရင်.."
"ကိုယ့်အချစ်ကလေးကိုဖက်ပြီး အဲ့ကောင်ထက် ၁၀ဆလောက် Roပြလိုက်မယ် ကမ္ဘာကြီးကိုဘယ်လိုပေါင်းလဲလို့မေးရင် စာမတတ် ပေမတတ်တွေက Worldတို့ Earthတို့ပေါင်းပြလိမ့်မယ်
ကိုယ့်အတွက်ကတော့ Mineပဲ"
"ခြွေတတ်လိုက်တာ သူများကိုပိုချစ်အောင်လို့"
"ပြန်လာခဲ့တော့ကွာ"
"မနက်ဖြန်ရောက်ပါပြီဆို ကိုကြီးကအရမ်းသည်းတာပဲ ရည်းစားမထားဖူးတဲ့အတိုင်းကြီး"
"ရည်းစားကထားဖူးတယ် မချစ်ဖူးတာ"
သူမ မျက်စောင်းလေးထိုးတော့ laptop screenကိုပဲ သူမအမှတ်နှင့် အနမ်းတစ်ပွင့်ခြွေချမိသည်။
ဘယ်ဘဝကဆုတောင်းတွေနဲ့ ဒီလောက်တောင် အသည်းယားစရာကောင်းနေပါလိမ့်…
"ဒါနဲ့လေ ကိုကိုကဒီမှာပဲနေခဲ့တော့မှာတဲ့"
"ဟုတ်လား"
"အသက်ကတော့ မြေပြန့်မှာပဲဆက်နေရတော့မယ်ထင်တယ် ကိုကိုက ဖေဖေ့နေရာကိုယူမှာဆိုတော့.."
သူ အံ့ဩသွားမိပေမယ့် ကြာရှည်တော့မဟုတ်ခဲ့။
ငလျှံဟာ ဒီညီမလေးကိုဘယ်လောက်ထိချစ်သလဲ သူအသိဆုံးဖြစ်ကာ Leoponရဲ့အရေးကိစ္စတိုင်းကို ကွယ်ရာမှ တိတ်တဆိတ်ဖြေရှင်းတတ်သူလည်းဖြစ်သည်။
ဒီလောက်ထိမြန်လိမ့်မည်ဟုသာ မထင်ခဲ့မိဘဲ..
"အဲ့ဒါအသက်ကြောင့်မို့ထင်တယ်"
"မင်းကြောင့်လည်းပါသလို သူကိုယ်တိုင်ကလည်း နေချင်လို့ပါ နေနေနဲ့ယူတာလည်း အဲ့ဒါကြောင့်ဖြစ်မယ်ထင်တယ်"
"ဟုတ်လောက်မယ်"
"စိတ်မကောင်းမဖြစ်ပါနဲ့ မင်းအစ်ကိုက အဲ့ဒီနေရာနဲ့အလိုက်ဖက်ဆုံးပါ သူ့ရဲ့နည်းပညာတွေကိုလည်း စိတ်တိုင်းကျစမ်းသပ်ခွင့်ရသွားတာပေါ့
သိတယ်မလား IT engineerဖြစ်နေပြီး အဲ့ဒီနည်းပညာကို တခြားနေရာတွေမှာမသုံးဘဲ M9တွေကိုပဲ တစ်ချိန်လုံးစမ်းသပ်နေခဲ့တာ ငလျှံက လက်နဂာ်တွေကို စိတ်ဝင်စားမှုအပြည့်ရှိတဲ့ကောင်ပါ သူ့ကိုယ်သူသတိမထားမိတာ"
"အင်းနော"
"Mineကရော ဘာလုပ်မှာလဲ"
"ကိုကြီးကောင်မလေး"
ပြုံးစိစိလေးဖြင့် မျက်စပစ်ကာပြောလာသော သူမလေးကြောင့် သူ တစ်ချက်ရယ်လိုက်ရင်း ပစ်စလက်ခတ်အရည်ပျော်ကျသွားမိသည်။
အနေတည်သောMineသည် တစ်ခါတစ်လေမှချွဲတတ်ပြီး ထိုအခါတွေတိုင်း သူ့မှာအရည်ပျော်ကျရစမြဲ။
"ကိုကြီးမိန်းမလုပ်ပါလား"
"ဘာလုပ်ရမှာလဲ အဲ့ဒါက"
"ဘာမှမလုပ်ခိုင်းပါဘူး အိပ်ရာဝင်ရင် ကိုယ့်ရင်ခွင်ထဲတိုးအိပ် မနက်မိုးလင်းရင်ကိုယ့်ကိုနှိုး အလုပ်ကပြန်လာရင်ကြိုပေး နမ်းချင်လာရင်ငြိမ်ငြိမ်လေးနေပေး
ဒီလောက်ပါပဲ"
"အလုပ်မလုပ်ရဘူးလား"
"အင်း ကိုယ့်ကိုပဲချစ်ပေးလေ"
"ယူချင်ဘူး အသက်ကအလုပ်လုပ်ချင်တာ"
"အဲ့ဒါအလုပ်ပေးနေတာပဲလေ ကိုယ်နဲ့နေပေးလို့ ရှာလို့ရသမျှအကုန်အပ်မယ်"
"မယူဘူး"
"ခိုးပြေးမှာနော်"
"မလိုက်ဘူး"
"မချစ်ဘူးလား"
"ချစ်တယ်"
"ကလေးမနော် အသည်းယားအောင်မလုပ်နဲ့ စောစောအိပ်တော့ မနက်ဖြန်ကိုစောစောထပြီး ကိုယ့်ဆီပြန်လာခဲ့"
"ဟုတ်"
သူမက လက်ကလေးပြပြီးနှုတ်ဆက်ကာ fly kissလေးပေးသောကြောင့် အသည်းတယားယားဖြင့် ခေါင်းညိတ်ပြလိုက်ရသည်။
မနက်ဖြန်မှ အယားပြေအောင် အဝနမ်းတော့မယ် ကလေးစုတ်လေး…
💝💝◽◽◽💝💝
Part 39 ဆက်ရန်
စာဖတ်သူတစ်ဦးချင်းစီကိုလေးစားလျက်
#shinthant1141997
~~~~~~~~~~~~~~~~~
💝 Part - 38 💝
◽◽◽◽◽
မ်က္လံုးမဖြင့္ခင္မွာပဲ ႏွာေခါင္းထဲတိုးလာေသာ ေယာက်ာ္းဆန္သၫ့္အနံ႔တစ္ခုေၾကာင့္ ပါပါးအနား ကပ္အိပ္မိသည္ဟု စိတ္ကထင္မွတ္မိသည္။
ပါပါး nightဂ်ူတီသြားသၫ့္ညေတြဆို ေနေနနဲ႔မာမားကအတူအိပ္ေနက်ျဖစ္ၿပီး ပါပါးျပန္ေရာက္လာခ်ိန္ ေနေနတို႔မႏိုးေသးလ်ွင္ အတူဝင္အိပ္တတ္သည္။
ထို႔ေၾကာင့္ ခါတိုင္းလိုထင္မွတ္ၿပီး ပါပါးရင္ခြင္ထဲေခါင္းတိုးကာ ခါးကိုတအားဖက္ထားလိုက္မိေတာ့ ပါပါးဆီက ေဆးနံ႔မရေခ်။
တျခားသူေတြေတာ့ ဘယ္လိုေနမလဲမသိေပမယ့္ ေနေနကေတာ့ ပါပါးဆီကေဆးနံ႔ေတြကို အလြန္သေဘာက်ၿပီး ခဏခဏနမ္းေမႊးေနက်…
"ပါပါး ေရခ်ိဳးထားတာလား"
"ေအး.. မင္းတို႔အိမ္ကိုဖုန္းဆက္ၿပီး လွမ္းေမးလိုက္ဦးမယ္"
ေအးတိေအးစက္အသံႀကီးေၾကာင့္ မ်က္လံုးေတျြပဴးက်ယ္သြားၿပီး ေမာ့ၾကၫ့္မိသၫ့္အခါ ေနေန့ကိုျပန္ငံု႔ၾကည့္ေနေသာ လူႀကီး။
ဒါ့အျပင္ ေနေနသည္ ပါပါးအမွတ္ႏွင့္ဖက္ထားမိတာ တင္းတင္းက်ပ္က်ပ္ႀကီး…
"မမကေရာ"
"ဒါမင္းမမအခန္းလား"
ေနေန ဆတ္ခနဲထထိုင္လိုက္မိကာ အခန္းကိုေဝ့ၾကၫ့္မိေတာ့ မမရဲ့အခန္းမဟုတ္၍ ေန အိပ္ေပ်ာ္သြားတုန္း ဒီလူႀကီးေခၚလာျခင္းျဖစ္ရမည္။
ဒါဆိုတျခားဘာေတြမ်ား…
ကိုယ့္အေတြးနဲ႔ကိုယ္ မလံုမလဲျဖစ္သြားၿပီး အက်ႌကိုငံု႔ၾကၫ့္မိေတာ့ ေျခရာလက္ရာမပ်က္ေပမယ့္ စိတ္ထဲေၾကာက္ေနမိဆဲျဖစ္သည္။
ေနေန့ရဲ့ပ်ာယာခတ္ေနပံုေၾကာင့္ သူက ႃပံုးစိစိမ်က္ႏွာႀကီးျဖစ္သြားကာ ဒါကိုျမင္လိုက္သၫ့္ေနေနသည္ ပိုၿပီးေၾကာက္သြားမိ၏။
သူ ေန့ကိုမ်ား…
"ရွင္ႀကီးက ဘာလို႔ႃပံုးေနတာလဲ"
"နည္းနည္းပါးပါးေတာ့ ထိမိမွာပဲေလ မင္းကငါ့မိန္းမ.. ၿပီးေတာ့လွလည္းလွတဲ့ဥစၥာ ဥပုသ္မေဆာက္ႏိုင္ပါဘူး"
"ဘာ!"
"ေနြးလည္းေနြးတယ္ ႏူးႏူးညံ့ညံ့ေလးနဲ႔"
"ဟင့္! ရွင့္ကိုသဝာ္မယ္ လူယုတ္မာႀကီး"
ရွက္ကိုးရွက္ကန္းျဖင့္ ကိုယ့္ကိုယ္ကိုႏွေမ်ာသြား၍ ထိုလူႀကီးကိုအတင္းလိုက္ထုရိုက္ေတာ့ သူ႔ရယ္သံအက်ယ္ႀကီးေၾကာင့္ ပိုရွက္သြားမိသည္။
သူဘာလုပ္လိုက္သလဲ ေနေနဘာမွမသိသလို ဒီေလာက္အထိအိပ္ပုတ္ႀကီးရသလားဟုလည္း ကိုယ့္ကိုယ္ကို အခါခါက်ိန္ဆဲမိ၏။
"တကယ္ ငါစိတ္ထိန္းပါေသးတယ္ မရေတာ့လို႔"
"ႏွာဘူးႀကီး အဟင့္! အီးဟီး"
ေနေန အာေခါင္ျခစ္ၿပီးေအာ္ငိုသၫ့္တိုင္ ထိုႃပံုးစိစိမ်က္ႏွာႀကီးက ေျပာင္းလဲမသြားပါဘဲ ေနေန့ကိုစ,စရာအရုပ္လို သတ္မွတ္ထားသလားမသိ။
လက္ပိုက္ထားရင္း တဟားဟားေအာ္ရယ္ေန၏။
"ဘာဆန္းလို႔လဲ လင္မယားတိုင္းဒါမ်ိဳးပဲေလ မဟုတ္ဘူးလား ခုမႄကံု ေတာ္ၾကာႄကံုမွာေပါ့"
"ႄကံုခ်င္ဘူး ႏွာဘူးႀကီး အီးဟီး!.. စည္းမေစာင့္တဲ့လူႀကီး"
"ေစာင့္စရာလား ငါ့မိန္းမပဲေလ မင္းက"
"ယူလည္းမယူရေသးဘဲနဲ႔"
"သားေရ"
တံခါးေခါက္သံႏွင့္အတူ အန္တီခရာ့အသံထြက္လာေတာ့ ေနေနသည္ ဒီလူႀကီးရဲ့ႏွာဘူးက်ပံုကို တိုင္ေျပာဖို႔စိတ္ကူးက ခ်က္ခ်င္းျဖစ္တည္၏။
ထို႔ေၾကာင့္ မ်က္ရည္ေတြသုတ္ပစ္ၿပီး ထိုင္ရာမွထဖို႔ျပင္ေတာ့ သူက ေနေန့ကိုသိမ္းက်ဳံးဖက္ထားကာ…
"ဗ်ာ မာမီ"
"ကေလးကဘာလို႔ငိုေနတာလဲ"
"သားလိုက္စေနလို႔ပါ"
"မဟုတ္ဘူး ရွင္ႏွာဘူးက်.. အြန္း!"
တိုင္ဖို႔စကားစရံုျဖင့္ ေနေန့ပါးစပ္ကို တင္းတင္းပိတ္ပစ္လိုက္၍ အတင္းျပန္ရုန္းေတာ့ သူ႔အတြက္က မႈေလာက္စရာမရိွသလို ေအးေအးေဆးေဆးပင္။
တစ္ကိုယ္လံုးအဖက္ခံထားရသၫ့္အျပင္ ပါးစပ္ကိုပါအပိတ္ခံထားရ၍ စိတ္လည္းတို၊ ငိုလည္းငိုခ်င္ကာ ေန သူ႔ရင္ဘတ္ႀကီးကို တံေတာင္ႏွင့္တြက္ပစ္လိုက္၏။
"သား ေခ်ာ့လိုက္ဦးမယ္ မာမီ ခဏေနလာခဲ့မယ္"
"ေအး ေအး"
အန္တီခရာ့အသံေပ်ာက္သြားေပမယ့္ လူယုတ္မာႀကီးဟာ ေနေန့ကိုလႊတ္မေပးေသးဘဲ ခပ္တည္တည္ၾကၫ့္လာျပန္သည္။
ဒီတစ္ခါအၾကၫ့္ေတြက ေစာေစာကလို ေျပာင္ေခ်ာ္ေခ်ာ္မဟုတ္ေတာ့ဘဲ ေလးနက္တည္ၿငိမ္ေန၍ ျပန္မရုန္းျဖစ္ေတာ့။
ေနေနျပန္မရုန္းေတာ့၍ သူက ဖက္ထားျခင္းကိုေရာ၊ ပါးစပ္ပိတ္ထားျခင္းကိုပါ ေျဖေလ်ွာ့ေပးၿပီး…
"မင္းငါနဲ႔လိုက္ေလ်ာညီေထြ ေနေပးရမယ္ အထူးသျဖင့္ မာမီ့ေရ႔ွမွာ ပိုၿပီးအဆင္ေျပေအာင္ေနရမယ္ ငါလိုခ်င္တာအဲ့ဒါပဲ"
"ေနေနက ဘာလို႔အဲ့လိုလုပ္ရမွာလဲ"
"မင္းအစ္မ သက္ထက္ကို သူ႔ဘဲနဲ႔သူ ေပ်ာ္ေပ်ာ္ရႊင္ရႊင္မေနေစခ်င္ဘူးလား"
"ေနေစခ်င္တယ္"
"အဲ့ဒါဆို သူေျမျပန႔္မွာေနရဖို႔ ငါဒီမွာေနရမယ္ အဲ့ဒီအတြက္ မင္းရဲ့အကူအညီလိုတယ္ ဒီေတာ့ မင္းငါ့ကိုကူညီမွာလား"
"မကူညီဘူး"
"မင္း ငါ့ကိုမေၾကာက္ေသးဘူးပဲ"
သူက စကားကိုတမင္ရပ္ပစ္ကာ အၾကၫ့္ေတြက ေနေန့ကိုယ္ေပၚေဝ့သြား၍ လန႔္ဖ်ပ္သြားမိကာ ကိုယ္ေလးက်ဳံ႔သြားမိသည္အထိ။
ေနေနထိတ္လန႔္ေနပံုကို ေက်နပ္ေနေသာမ်က္ႏွာႀကီးျဖင့္ တဟြန္းဟြန္းရယ္ရင္း ေနေန့နဖူးကိုအသာေလးေတာက္ကာ…
"ငါက ဒါဆိုရင္ေခါင္းညိတ္လိုက္ ေနအဉၨရာ မင္းကိုတကယ္ထိခ်င္လာေအာင္မလုပ္နဲ႔"
"အာ့ဆိုမထိရေသးဘူးေပါ့"
"ေအး.. အဲ့ဒါေၾကာင့္ရန္မစနဲ႔ ငါ့စကားကိုနားမေထာင္တဲ့ေန့ ငါ့မိန္းမအစစ္ျဖစ္သြားေအာင္လုပ္ပစ္မယ္"
ၾကက္သီးထဖြယ္စကားႀကီးကို ေျပာၿပီးသည္ႏွင့္ အိပ္ရာေပၚမွအရင္ထသြားတာမို႔ ေန သက္ျပင္းေလးခိုးခ်လိုက္မိ၏။
ဒါနဲ႔ သူ ဒီမွာေနမယ္ဆိုေတာ့ ေနေနက သူ႔ကိုေျမျပန႔္မျပန္ဖို႔ဆဲြထားေပးဖို႔ ေျပာခ်င္တာလား…
တကယ္ေရာ မျပန္ေတာ့ဘူးလား…
💝💝◽◽◽💝💝
စံအိမ္၏ Solar Towerေတြကို ပစၥည္းအသစ္ေတြလဲေနေသာေၾကာင့္ ေလးဘုန္းေရာ၊ ကိုကိုပါအလုပ္ရႈပ္ေနကာ ထိုသားအဖညီၫြတ္ေနမႈကို အသက္ သံသယဝင္မိသည္။
ခါတိုင္းဆို ေလးဘုန္းနဲ႔ကိုကိုက တစ္ရက္လံုးေနလို႔စကားတစ္ခြန္းမေျပာျဖစ္ပါဘဲ အခုေတာ့ မနက္ကတည္းက ေခါင္းခ်င္းဆိုင္ေနၾကသည္။
ရာရာနဲ႔ေမေမကေတာ့ ကိုကို႔မဂၤလာပဲြအတြက္ အေသးစိပ္တိုင္ပင္ေနၾကကာ ေဖေဖကေတာ့ ထံုးစံအတိုင္း ေသနဝာ္ပစ္ကြင္းမွာရိွေန၏။
ေနေနကေတာ့ အိမ္ျပန္သြားေသးတာမို႔ အသက္တစ္ေယာက္သာအားလပ္ေနၿပီး ဘာလုပ္ရမွန္းလည္းမသိ။
"သမီး"
ရာရာ့ေခၚသံေၾကာင့္ အသက္ လွၫ့္ၾကၫ့္မိေတာ့ ရာရာက ဖုန္းတစ္လံုးကိုင္ထားၿပီး အသက္ကိုလက္ယပ္ေခၚေန၏။
တစ္ခုခုေျပာခ်င္ပံုရေသာ ရာရာ့ပံုစံေၾကာင့္ အသက္ ရာရာ့အနားသြားလိုက္ေတာ့…
"ဟုတ္ၿပီ ၿပီးရင္ကၽြန္မကိုျပန္ဆက္"
ရာရာဖုန္းခ်လိုက္သည္အထိ အသက္ တိတ္တဆိတ္ေစာင့္ေနလိုက္ကာ ရာရာ့မ်က္လံုးေတြပင့္တက္လာေတာ့ အသက္ေၾကာင္အသြားမိ၏။
ဘာမ်ားျဖစ္လို႔ပါလိမ့္…
"Htun Myanmar Constructionက ရွယ္ယာေဈးေတြက်မယ္ဆိုတာ ဘယ္လိုလုပ္သိသလဲ"
"အဲ့လိုေတာ့ အသက္ရွင္းမျပတတ္ဘူး ရာရာ ကိုယ့္ဘာသာကိုယ္ေတာ့ နားလည္တယ္ ေလးဘုန္းကိုရွယ္ယာဝယ္ဖို႔ေျပာလိုက္ေသးတယ္ ဝယ္သလားေတာ့ အသက္မသိဘူး အခုဘာျဖစ္လို႔လဲ"
"ရွယ္ယာေဈးေတြက်သြားလို႔ေလ သူတို႔အရႈံးေပၚခါနီးအထိျဖစ္သြားတယ္ ရွယ္ယာတစ္ခုကို 298ကေန အခု 120ေလာက္အထိက်သြားတာ"
"ေလးဘုန္းဝယ္ထားလိုက္လား"
"ဝယ္ထားတယ္ေလ အဟြန္း.. ရာရာက သမီးပိုအံ့ဩလို႔ပါ အခ်ိန္ခဏေလာက္ေလးနဲ႔ ရွယ္ယာေဈး အတက္အက်ကို ဘယ္လိုခန္႔မွန္းလိုက္တာလဲလို႔"
"ေဖေဖနဲ႔ဦးဇဲြက လက္နဂာ္ေဈးနဲ႔ကမ႓ာ့ေရႊေဈးကို အၿမဲကစားခိုင္းတယ္ေလ အဲ့ဒါေၾကာင့္ထင္တယ္"
"မတူဘူးသမီးရဲ့ လက္နဂာ္ေဈးကြက္ကၿငိမ္တယ္ ကမ႓ာ့ေရႊေဈးကေတာ့ ျမန္လြန္းတယ္ stockနဲ႔ရွယ္ယာေတြက အဲ့ဒီႏွစ္ခုၾကားမွာပဲရိွတယ္ အရမ္းလည္းမၿငိမ္သလို အရမ္းလည္းမျမန္ဘူး
သမီးက ရွယ္ယာေဈးကို တစ္ခ်ိန္လံုးေစာင့္ၾကၫ့္ေနပံုပဲ"
"ဟုတ္"
အသက္ ေခါင္းညိတ္ျပလိုက္ေတာ့ ရာရာက ေက်ေက်နပ္နပ္ႃပံုးကာ အသက္ပခံုးေလးကိုဖက္ထား၏။
ထိုအခ်ိန္ ဖုန္းျပန္ဝင္လာ၍ ရာရာကဖုန္းကိုင္လိုက္ကာ တစ္ဖက္က ဘယ္သူရယ္ေတာ့မသိဘဲ ရာရာကလက္ျပၿပီး အသက္အနားကျပန္ထြက္သြားသည္။
ရာရာထြက္သြားေတာ့ ေလးဘုန္းကဖုန္းေျပာေနလ်က္ အသက္အနားေရာက္လာကာ အသက္ေခါင္းေလးကို ဖြဖြပုတ္သည္။
"ဟုတ္ကဲ့ပါ ေက်းဇူးပါဗ်ာ ကၽြန္ေတာ့္တူမေလးေၾကာင့္ေလ"
"----"
"ဟုတ္ပါၿပီ"
ရယ္ေမာေနရင္း ေလးဘုန္းကဖုန္းကိုခ်ကာ အသက္ပခံုးေလးကိုသိမ္းဖက္လိုက္၍ ဘာလဲဟု ထပ္ေတြးမိျပန္သည္။
ေလးဘုန္းတို႔လင္မယား ဘာျဖစ္ေနၾကတာပါလိမ့္…
"Htun Myanmarကို 50%ရလိုက္တယ္ မဆိုးဘူး အဲ့ေလာက္ဆို ဒါရိုက္တာလုပ္လို႔အဆင္ေျပတယ္"
"မလုပ္ခ်င္ပါဘူး ေလးဘုန္းကလည္း"
"ဒါဆိုဘာလုပ္မွာလဲ"
ေဖေဖ့ေနရာဟုလည္း အသက္မေျဖႏိုင္သလို ေဖေဖဟာ ဆံုးျဖတ္ၿပီးရင္မျပင္တတ္သၫ့္လူ။
ဒါဆို အသက္ ဘာလုပ္ရမွာလဲ..
ေဖေဖေနခ်င္ေသာ သာမာန္ဘဝနဲ႔ပဲ တစ္ဘဝလံုး ဆက္ေနသြားရေတာ့မွာလား…
"ေျပာရရင္ သားက ဒီမွာေနဖို႔စိတ္ကူးေနၿပီ"
"ဟင္!"
"သမီးေျပာသလို ကိုကိုကပိုၿပီးထိုက္တန္တယ္ဆိုတာ"
အသက္ ဘာမွမေျပာႏိုင္ေအာင္ ဆြံ႔အသြားၿပီး ေလးဘုန္းကိုေမာ့ၾကၫ့္မိတာက မယံုႏိုင္စိတ္ေတြေၾကာင့္ျဖစ္သည္။
Severေရႊ့ဖို႔ အသည္းအသန္ျပင္ေနကတည္းက တစ္ခုခုဟုထင္မိေပမယ့္ ေလးဘုန္းကခိုင္းသၫ့္ကိစၥဟုသာထင္ခဲ့မိသည္။
ၿပီးေတာ့ ေစာေစာက ျပင္ဆင္ေနသၫ့္ Solar towerေတြက…
"ဒီေနရာက သမီးကိုကိုနဲ႔ထိုက္တန္ရင္ သမီးရဲ့ထိုက္တန္မႈက ဘယ္မွာလဲ"
"မသိဘူး ေလးဘုန္း"
"ဒီမွာ"
ေလးဘုန္းေထာင္ျပသၫ့္ဖုန္းသည္ စီးပြားေရးChannelတစ္ခုမွ တင္ထားေသာသတင္းတစ္ပုဒ္ျဖစ္ၿပီး Min groupမွ Htun Myanmar၏ ရွယ္ယာ50%ပိုင္ဆိုင္သြားေၾကာင္း…
ထို႔ေၾကာင့္ Htun Myanmarရဲ့ရွယ္ယာေဈးျပန္တက္လာေၾကာင္း..
Min Groupရဲ့ရွယ္ယာေဈးေတြသည္လည္း အရင္ကထက္၂ဆနီးပါးျမင့္တက္လာေၾကာင္း…
"အဲ့ဒါသမီးရဲ့ေနရာပဲ အသက္ကေလး"
"ဒါေပမယ့္ အသက္မွာ လုပ္ငန္းအေတြ့အႄကံုမရိွေသးဘူး ဒီတစ္ခါတၫ့္သြားေပမယ့္ ေနာက္ထပ္ေတြမွာ.."
"စီးပြားေရးဆိုတာ Chessကစားတာပဲ သက္ထက္.. ႏိုင္တဲ့အခါႏိုင္မယ္ ရႈံးတဲ့အခါရႈံးမယ္ ေျပာရရင္ လိုခ်င္တာတစ္ခုကိုရဖို႔ ႀကိဳးစားမယ္ဆိုရင္ Winner နဲ႔ Loserဆိုၿပီးကဲြျပားသြားတယ္ တစ္ခုကေတာ့ ျဖစ္ကိုျဖစ္မွာပဲ
ကိုယ္က ဘာျဖစ္ခ်င္တာလဲသိဖို႔ပဲလိုတာ"
အသက္ ဘာျဖစ္ခ်င္တာလဲ…
တစ္ခ်ိန္လံုး ကိုယ့္ကိုယ္ကိုမေမးခဲ့ဖူးသၫ့္ေမးခြန္းကိုျပန္ထုတ္မိသၫ့္အခါ ဘာကိုလိုခ်င္မိသလဲ သိျမင္လာသလိုလို။
အသက္ဟာ ထက္ျမက္တဲ့မိန္းကေလးတစ္ေယာက္၊ ေဖေဖ့ကိုမ်က္ႏွာမငယ္ေစမယ့္ သမီးတစ္ေယာက္ ျဖစ္ခ်င္ခဲ့တာပဲ…
ေဖေဖ့ေနရာက မဟုတ္ဘဲ တျခားေနရာမွာ အသက္လိုခ်င္တဲ့ဘဝကို ဆက္ေလ်ွာက္ႏိုင္တာပဲ…
သက္ထက္ဘုန္းလ်ွံဟာ သာမာန္ဘဝမွာပဲ စံုးစံုးျမဳပ္သြားစရာအေၾကာင္းမရိွ…
"အသက္ Min groupမွာအလုပ္လုပ္ခ်င္တယ္ ေလးဘုန္း cashier ဒါရိုက္တာမေရြးေတာ့ဘူး အသက္ေနရမယ့္ေနရာကိုပဲ ေလးဘုန္းက ျပေပးပါ
ကိုကို႔အတြက္ အသက္တစ္ခုခုျပန္လုပ္ေပးႏိုင္မွာပါ"
💝💝◽◽◽💝💝
"ကိုယ့္ကိုမလြမ္းဘူးလား"
Laptop screenမွာေပၚေနေသာ Mineရဲ့ခ်စ္စဖြယ္မ်က္ႏွာေလးသည္ ရႈံ႔တြသြားကာ ေခါင္းေလးခါျပတာမို႔ ရင္ဘတ္ႀကီးေအာင့္သြားမိသည္။
ကိုယ့္မွာေတာ့ လြမ္းလိုက္ရတာ၊ သူမကေတာ့..
"မနက္ျဖန္ျပန္ေရာက္ၿပီေလ ကိုႀကီး"
"မလြမ္းဘူးဆို.. မေတြ့ေတာ့ဘူး"
"လြမ္းတယ္ေလ ကိုႀကီးကလည္း အဲ့ဒါကိုပါးစပ္ကေနထုတ္ေျပာရမွာလား"
"ေျပာရမွာေပါ့ ၾကားခ်င္လို႔ေမးေနတာ"
"လြမ္းတယ္ အရမ္းလြမ္းတယ္ ကိုႀကီးနဲ႔ေတြ့ခ်င္ေနၿပီ ဒီမွာကိုကိုနဲ႔ေနေနက အရမ္းတဲြၾကတာပဲသိလား အားငယ္လိုက္တာ"
"ေျပာေတာ့မေျပာဘူး ကိုယ္လိုက္လာမွာေပါ့"
"လိုက္လာၿပီးရင္.."
"ကိုယ့္အခ်စ္ကေလးကိုဖက္ၿပီး အဲ့ေကာင္ထက္ ၁၀ဆေလာက္ Roျပလိုက္မယ္ ကမ႓ာႀကီးကိုဘယ္လိုေပါင္းလဲလို႔ေမးရင္ စာမတတ္ ေပမတတ္ေတြက Worldတို႔ Earthတို႔ေပါင္းျပလိမ့္မယ္
ကိုယ့္အတြက္ကေတာ့ Mineပဲ"
"ႁခြေတတ္လိုက္တာ သူမ်ားကိုပိုခ်စ္ေအာင္လို႔"
"ျပန္လာခဲ့ေတာ့ကြာ"
"မနက္ျဖန္ေရာက္ပါၿပီဆို ကိုႀကီးကအရမ္းသည္းတာပဲ ရည္းစားမထားဖူးတဲ့အတိုင္းႀကီး"
"ရည္းစားကထားဖူးတယ္ မခ်စ္ဖူးတာ"
သူမ မ်က္ေစာင္းေလးထိုးေတာ့ laptop screenကိုပဲ သူမအမွတ္ႏွင့္ အနမ္းတစ္ပြင့္ႁခြေခ်မိသည္။
ဘယ္ဘဝကဆုေတာင္းေတြနဲ႔ ဒီေလာက္ေတာင္ အသည္းယားစရာေကာင္းေနပါလိမ့္…
"ဒါနဲ႔ေလ ကိုကိုကဒီမွာပဲေနခဲ့ေတာ့မွာတဲ့"
"ဟုတ္လား"
"အသက္ကေတာ့ ေျမျပန႔္မွာပဲဆက္ေနရေတာ့မယ္ထင္တယ္ ကိုကိုက ေဖေဖ့ေနရာကိုယူမွာဆိုေတာ့.."
သူ အံ့ဩသြားမိေပမယ့္ ၾကာရွည္ေတာ့မဟုတ္ခဲ့။
ငလ်ွံဟာ ဒီညီမေလးကိုဘယ္ေလာက္ထိခ်စ္သလဲ သူအသိဆံုးျဖစ္ကာ Leoponရဲ့အေရးကိစၥတိုင္းကို ကြယ္ရာမွ တိတ္တဆိတ္ေျဖရွင္းတတ္သူလည္းျဖစ္သည္။
ဒီေလာက္ထိျမန္လိမ့္မည္ဟုသာ မထင္ခဲ့မိဘဲ..
"အဲ့ဒါအသက္ေၾကာင့္မို႔ထင္တယ္"
"မင္းေၾကာင့္လည္းပါသလို သူကိုယ္တိုင္ကလည္း ေနခ်င္လို႔ပါ ေနေနနဲ႔ယူတာလည္း အဲ့ဒါေၾကာင့္ျဖစ္မယ္ထင္တယ္"
"ဟုတ္ေလာက္မယ္"
"စိတ္မေကာင္းမျဖစ္ပါနဲ႔ မင္းအစ္ကိုက အဲ့ဒီေနရာနဲ႔အလိုက္ဖက္ဆံုးပါ သူ႔ရဲ့နည္းပညာေတြကိုလည္း စိတ္တိုင္းက်စမ္းသပ္ခြင့္ရသြားတာေပါ့
သိတယ္မလား IT engineerျဖစ္ေနၿပီး အဲ့ဒီနည္းပညာကို တျခားေနရာေတြမွာမသံုးဘဲ M9ေတြကိုပဲ တစ္ခ်ိန္လံုးစမ္းသပ္ေနခဲ့တာ ငလ်ွံက လက္နဂာ္ေတြကို စိတ္ဝင္စားမႈအျပၫ့္ရိွတဲ့ေကာင္ပါ သူ႔ကိုယ္သူသတိမထားမိတာ"
"အင္းေနာ"
"Mineကေရာ ဘာလုပ္မွာလဲ"
"ကိုႀကီးေကာင္မေလး"
ႃပံုးစိစိေလးျဖင့္ မ်က္စပစ္ကာေျပာလာေသာ သူမေလးေၾကာင့္ သူ တစ္ခ်က္ရယ္လိုက္ရင္း ပစ္စလက္ခတ္အရည္ေပ်ာ္က်သြားမိသည္။
အေနတည္ေသာMineသည္ တစ္ခါတစ္ေလမွခၽဲြတတ္ၿပီး ထိုအခါေတြတိုင္း သူ႔မွာအရည္ေပ်ာ္က်ရစၿမဲ။
"ကိုႀကီးမိန္းမလုပ္ပါလား"
"ဘာလုပ္ရမွာလဲ အဲ့ဒါက"
"ဘာမွမလုပ္ခိုင္းပါဘူး အိပ္ရာဝင္ရင္ ကိုယ့္ရင္ခြင္ထဲတိုးအိပ္ မနက္မိုးလင္းရင္ကိုယ့္ကိုႏိႈး အလုပ္ကျပန္လာရင္ႀကိဳေပး နမ္းခ်င္လာရင္ၿငိမ္ၿငိမ္ေလးေနေပး
ဒီေလာက္ပါပဲ"
"အလုပ္မလုပ္ရဘူးလား"
"အင္း ကိုယ့္ကိုပဲခ်စ္ေပးေလ"
"ယူခ်င္ဘူး အသက္ကအလုပ္လုပ္ခ်င္တာ"
"အဲ့ဒါအလုပ္ေပးေနတာပဲေလ ကိုယ္နဲ႔ေနေပးလို႔ ရွာလို႔ရသမ်ွအကုန္အပ္မယ္"
"မယူဘူး"
"ခိုးေျပးမွာေနာ္"
"မလိုက္ဘူး"
"မခ်စ္ဘူးလား"
"ခ်စ္တယ္"
"ကေလးမေနာ္ အသည္းယားေအာင္မလုပ္နဲ႔ ေစာေစာအိပ္ေတာ့ မနက္ျဖန္ကိုေစာေစာထၿပီး ကိုယ့္ဆီျပန္လာခဲ့"
"ဟုတ္"
သူမက လက္ကေလးျပၿပီးႏႈတ္ဆက္ကာ fly kissေလးေပးေသာေၾကာင့္ အသည္းတယားယားျဖင့္ ေခါင္းညိတ္ျပလိုက္ရသည္။
မနက္ျဖန္မွ အယားေျပေအာင္ အဝနမ္းေတာ့မယ္ ကေလးစုတ္ေလး…
💝💝◽◽◽💝💝
Part 39 ဆက္ရန္
စာဖတ္သူတစ္ဦးခ်င္းစီကိုေလးစားလ်က္
#shinthant1141997