အသက်ကို အသက်လိုငြိတွယ်သူမယ်

Od SummerMaung

540K 25.6K 1.7K

ကျွန်တော်ချစ်ရမှာကိုကြောက်တယ် ဘာလို့ဆို ချစ်မိသွားရင် မျက်စိကန်းသွားသလိုပဲ အန္တရာယ်လည်းမသိတော့ဘူး ချောက်ကမ်း... Více

Intro
1
2
3
4
5
6
7
Photo
8
9
10
11
12
13
14
15
16
17
18
19
20
21
22
23
24
25
26
27
28
29
30
31
32
33
34
36
37
38
39
40
41
42
43
44
45
46
47
48
49
50
51
52
53
54
55
56
57
58
59 (ဇာတ်သိမ်းပိုင်း)
Extra 1
Extra 2
Extra 3
Extra 4

35

7.7K 423 33
Od SummerMaung

💝 Part - 35 💝

◽◽◽◽◽

ဆေးညီလာခံကနေအပြန် ပါပါးမျက်နှာသိပ်မကောင်းသလို မာမားကတော့ ရယ်မောနေကာ နေ့ဆံပင်တွေကိုဖြီးပေးနေသည်။
နေကတော့ စာကျက်စရာတွေရှိသေးတာမို့ စာအုပ်နဲ့မျက်နှာမခွာနိုင်…

"သမီး သက်ထက်ဆီကိုသွားတော့ သားပေါက်နဲ့တွေ့ခဲ့သေးလား"

ရင်ထဲဒိန်းခနဲဖြစ်သွားပြီး ဟိုလူကြီး နေ့ကိုအနိုင်ကျင့်သည့်အကြောင်း မာမားပြန်သိနေသလားဟု မာမားကိုပြန်ကြည့်လိုက်မိသည်။
မာမားက နေ့အကြည့်ကိုသိနေသလို ရယ်ဟဟဖြင့် နေ့ခေါင်းကို ဖွဖွလေးခေါက်ကာ…

"ကိုထက်ဘုန်းလျှံက သားပေါက်နဲ့စေ့စပ်ပေးချင်လို့တဲ့ သံလွင့်ဆီဖုန်းဆက်လာတယ်"

"ဟင်!"

"အဲ့ဒါ နောက်နှစ်ရက်လောက်နေရင် သားပေါက်တို့လာကြလိမ့်မယ်"

"သမီးကိုလည်း ဘာမှမပြောဘူး ဘယ်သူကသဘောတူလို့လဲ အဲ့လူကြီးက နေ့ကိုဘာပြောထားတယ်မှတ်လဲ နောက်ခါသူ့ရှေ့ထပ်ရောက်လာရင် ကလီစာတွေထုတ်ပြီး ရောင်းစားပစ်မှာတဲ့ ဟင့်အင်း မယူချင်ပါဘူး"

"ဘယ်လို!"

"သူက နေနေ့ကိုသဘောမကျဘူးလို့ပြောတာ"

"သမီးကတော့ သဘောကျတယ်မလား"

"ဒါပေမယ့်ကြောက်တယ် အဲ့လူကြီးက ဦးဦးလိုပဲ မျက်နှာသေကြီးနဲ့ ပြောသလိုလုပ်မယ့်ရုပ်ကြီး..
မာမားရယ် နေ့ကိုအပြစ်ပေးချင်ရင်လည်း တခြားနည်းနဲ့ပေးပါ အဲ့လိုကြီးတော့မလုပ်ပါနဲ့ နေ့ကိုတကယ်သဝာ်လိမ့်မယ်"

"ဘယ်သူကသဝာ်မှာလဲ နေနေရယ် လူကြီးတွေကတောင် သဘောတူကြည်ဖြူနေကြပြီလေ"

"သိဘူး ယူရဲဘူး"

"မယူခိုင်းသေးပါဘူး စေ့စပ်ပေးမှာ"

ဘယ်လိုဆိုဆို နေ ကြောက်နေမိကာ အေးတိအေးစက်ဖြင့် စူးစူးဝါးဝါးကြည့်သွားသော သူ့မျက်လုံးတွေကိုကြောက်သည်။
နေ့ကိုတွေ့တိုင်း စိတ်ရှုပ်သွားတတ်သော၊ မျက်မှောင်ကုပ်သွားတတ်သော ထိုလူကြီးဟာ မာမားတို့ကွယ်ရာမှ လည်ပင်းညှစ်သဝာ်ပစ်ရင်ရော…
ဒါမှမဟုတ် သူ့ရဲ့ဒရုန်းတွေနဲ့…

"ဘာတွေကြံစည်နေပြန်ပြီပဲ စပ်စလူးမ.. ဒီအဖေနဲ့အမေကိုမျက်နှာပျက်အောင်မလုပ်နဲ့နော် ညည်းပဲ နေရာတကာ ကိုသားပေါက်ကိုပဲမြင်နေရတယ်ဆိုလို့ နေ့ရောညပါမြင်နေရအောင် ဖန်တီးပေးထားတာ
အခုမှဘာဖြစ်ပြန်ပြီလဲ"

"မဟုတ်ပါဘူး"

"တော်!.. ဘာမှမပြောနဲ့ မယူချင်ပါဘူးဆိုပြီးခေါင်းခါလည်း ညည်းကိုဖမ်းချုပ်ပြီး အတင်းပေးစားပစ်မှာတဲ့ ကိုထက်ဘုန်းလျှံအကြောင်းသိတယ်မလား"

နေနေ့အတွက် လမ်းပိတ်သွားပြီဖြစ်ကာ စိတ်ဆိုးနေသည့်မာမားကိုလည်း ပြန်မပြောရဲတော့ဘဲ နှုတ်ခမ်းလေးကိုသာ ဖိကိုက်ထားလိုက်မိတော့သည်။
မာမားဟာ ဒေါသဖြစ်လာသည့်အချိန်တွေဆို တစ်အိမ်လုံးမခံနိုင်အောင် စိတ်ဆိုးပေါက်ကွဲတတ်ကာ ထိုအချိန်တွေတိုင်း ပါပါးကချော့မှသာ စိတ်ပြေသွားတတ်သည်။
အခုအချိန်ဟာ ပါပါး ဆေးရုံကိုသွားနေသည့်အချိန်မို့ မာမားကို ရန်မစသင့်သောအချိန်ဖြစ်၏။

"စာကျက်တော့"

မာမားပြန်ထွက်သွားတော့ နေ နှုတ်ခမ်းကိုက်လျက်ကျန်နေခဲ့ပြီး မကြာခင်သေရတော့မည့်လူလို ခံစားလိုက်ရ၏။
ပါပါးရဲ့ဘာသာလို သရဏဂုံတင်ထားလိုက်ရမလား…
ဒါမှမဟုတ် မာမားရဲ့ဘာသာလို ကိုယ်တော့်ရှေ့မှာ အပြစ်ဝန်ချတောင်းပန်လိုက်ရတော့မလား…

💝💝◽◽◽💝💝

"ဒက်ဒီ ဟိုကောင်မလေးနဲ့ကျွန်တော် မဟုတ်ဘူးလို့ပြောနေတာကို ဘာလို့ဇွတ်လုပ်နေတာလဲ"

စိတ်တိုတိုဖြင့် သူ့လေသံတွေတင်းမာနေကာ ဒက်ဒီ့ကိုလည်း ဒီလိုမျိုးတစ်ခါမှပြန်မပြောခဲ့ဖူး။
ဒက်ဒီပြောသမျှပြီးခဲ့သည့် သူသည် ဒက်ဒီ့ကိုပြန်လည်းခံမပြောဖူးသလို ဒီလိုမျိုးလည်း ဒေါသမဖြစ်ခဲ့ဖူး…
သို့သော် အခုကိစ္စကတော့…

"ဒက်ဒီလည်း ငယ်ရာကနေကြီးလာတာပဲ ဟုတ်မဟုတ် မခွဲခြားတတ်တာတော့မဖြစ်နိုင်ဘူး ဒက်ဒီတမင်လုပ်တာ"

"အင်း"

"ဘာဖြစ်လို့လဲ"

"မင်းကို တောင်ကြီးမှာနေစေချင်လို့"

ဒီစကားဟာ ဒက်ဒီပြောလိုက်တာရော ဟုတ်ရဲ့လားဟု ကယောင်ကတမ်းတွေးမိသွားသည်အထိ ဒက်ဒီ့လေသံကပြတ်သားလှသည်။
အမြဲလို တည်ငြိမ်စွာစူးရဲနေတတ်သော ဒက်ဒီ့မျက်လုံးတွေက ဘယ်လိုအရိပ်အငွှေ့မျိုးမှ စွန်းထင်းမနေတာမို့ အကဲခတ်ဖို့လည်းမလွယ်။

"ဘာဖြစ်လို့လဲ"

"ငါဖြေရဦးမှာလား"

"ဖြေရမှာပေါ့ ဒက်ဒီပဲ ဒီGroupကိုဆက်ခံဖို့ တစ်ချိန်လုံးပြောခဲ့ပြီးမှ ဘာလို့ပြောင်းလဲသွားတာလဲ"

"ဘာလို့လဲဆိုတော့ ဒီအခြေအနေကို မင်းပဲထိန်းသိမ်းနိုင်မှာမို့လို့"

"ကျွန်တော့်ဆန္ဒကိုရော ဘာလို့မမေးတာလဲ"

စေ့စပ်မည့်အကြောင်းရော၊ ဒက်ဒီရွှေ့နေသောအကွက်ကိုပါ သူ အခုမှသိရတာမို့ မခံချင်စိတ်တွေပြင်းထန်နေရပြီး ဘယ်သူ့အပေါ်ပေါက်ကွဲရမှန်းလည်းမသိ။
စိတ်ဓာတ်ပျော့ညံ့သော သက်ထက်ကိုလား…
Leoponကို လက်လွှတ်မည့် ဦးယံကိုလား..
ဒါမှမဟုတ် ဒက်ဒီ့ကိုလား..

"မင်းစိတ်ထဲကိုမြင်နေရတယ် ငါ့သား ဒါကြောင့်မို့ ဘာမှဖုံးကွယ်မထားဘဲ ပွင့်ပွင့်လင်းလင်းပဲပြော"

သူ တစ်ချက်ငြိမ်သက်သွားကာ ဒက်ဒီ့ဆီမှအကြည့်လွှဲလိုက်ရင်း သက်ပြင်းတစ်ချက်ချလိုက်မိသည်။
ထိုနေရာကို သူ ဘယ်တုန်းကမှမမက်မောခဲ့သလို အခြေအနေတွေသာ ဒီလိုတွေပြောင်းလဲမလာခဲ့ရင်…

"ကျွန်တော် အဲ့ဒီနေရာရဲ့ခေါင်းဆောင် ဖြစ်ချင်တယ် ကျွန်တော့်ညီမထွက်ပြေးလာရတာ၊ ဒဏ်ရာတွေကြောင့်ငိုခဲ့ရတာတွေက စုန်းပြူးLeoponတွေကြောင့်မို့ဆိုတဲ့စိတ်နဲ့ အဲ့ဒီနယ်မြေတွေကို မြေလှန်ပစ်ချင်တယ်
ဒါပေမယ့် အဲ့ဒါကဦးယံတစ်ယောက်ပဲလုပ်ခွင့်ရှိတာ အဲ့ဒါကြောင့် ကျွန်တော် ဦးယံလိုဖြစ်ချင်တယ်
ပြီးတော့ ကျွန်တော်သိနေတယ် ဦးယံ Leoponမှာမရှိတော့တဲ့တစ်နေ့ သက်ထက် ထပ်ပြီးလုပ်ကြံခံရဦးမှာ"

"အစ်ကိုစိုးရိမ်နေတာရော ဒက်ဒီစိုးရိမ်နေတာရောအဲ့ဒါပဲ ဒါကြောင့်မို့ အစ်ကိုကLeoponကိုလက်လွှတ်ဖို့ပြောခဲ့တာ"

"ဒက်ဒီ ဒီလိုအကွက်ရွှေ့နေတာ မာမီကရောဘာမှမပြောဘူးလား"

"သူမသိဘူး မင်း ဇွတ်လုပ်သွားရင် စိတ်ဆိုးပြီးကျန်နေခဲ့မှာ ဒါပေမယ့်အမေပဲငါ့သားရာ မင်းဘယ်လောက်စိတ်ဆိုးအောင်လုပ်လုပ် ခွင့်လွှတ်ပေးနိုင်တာပေါ့ ဒါကြောင့်မို့ နေအဉ္ဇရာနဲ့မင်းကို စီစဥ်လိုက်တာ မင်းမဟုတ်မှန်းသိသားပဲ"

"ဒက်ဒီရာ"

"မသိဘဲမပြောစမ်းပါနဲ့ကွာ ယောကျာ်းတစ်ယောက်အတွက် အဲ့ဒါက အကောင်းဆုံးအကြောင်းပြချက်ပဲ"

"ဒါနဲ့ပဲမိန်းမယူရတော့မှာလား"

"ယူလိုက်ပါ ဒေါက်တာသံလွင်ရဲ့သားမက်ဖြစ်လို့ မင်းမှာဆုတ်ယုတ်သွားစရာဘာမှမရှိဘူး သူလည်း ဆေးလောကမှာ နာမည်ကြီးတဲ့သူပဲ စီးပွားတွက် တွက်တတ်ရင် မင်းဆေးရုံတွေတောင်ဝယ်လို့ရတယ်"

ဒက်ဒီဟာ ဘက်ပေါင်းစုံကနေ စဥ်းစားပြီးအကွက်ရွှေ့နေခဲ့တာပဲ…
အတွေးဖြင့် စိတ်မောသွားပြီး ဒက်ဒီ့ကိုပြန်ကြည့်မိတော့ ဒက်ဒီက ပြုံးရုံသာပြုံးကာ…

"မင်းဘယ်လိုသဘောရလဲ"

"ဒက်ဒီကအကုန်တွက်ချက်ထားမှတော့ လိုက်မျှောဖို့ပဲရှိတော့တာပေါ့ ဦးယံနဲ့သက်ထက်သိလား ဒက်ဒီလုပ်နေတာကို"

"အစ်ကိုကတော့ရိပ်မိတယ် ဖွင့်အပြောကိုစောင့်နေတာ သက်ထက်ကတော့မသိသေးဘူး"

"ကျွန်တော် အဲ့ဒီကိုရောက်သွားရင် သက်ထက်ကရော"

"မင်းရဲ့နေရာမှာပေါ့ကွာ အခု သက်ထက်ကိုကုမ္ပဏီကိစ္စတွေသင်ပေးမလို့ သူက ဈေးကွက်စီးပွားရေးကို တော်တော်နားလည်ထားတယ် သက်ထက်သာ ဒါရိုက်တာဖြစ်သွားခဲ့ရင် Min groupက ဒီ့ထက်ပိုမြင့်လာမှာ
အခုတော့ Cashierလုပ်ခိုင်းထားတယ် တဖြည်းဖြည်းချင်းဆွဲယူရုံပဲရှိတော့တယ် သက်ထက်က မထူးချွန်တာမဟုတ်ဘူး သူ ထူးချွန်တဲ့နေရာမှားနေတာ"

"ထားလိုက်ပါတော့ဗျာ"

ဒီအကြောင်းတွေကတော့ သူတို့ထက် အသက်ရော၊ဝါပါကြီးသော ဒက်ဒီတို့ကိုလိုက်မှီမှာတော့မဟုတ်။
ထို့ကြောင့် ဒက်ဒီ့ကိုအရှုံးပေးလိုက်ရင်း ခေါင်းထဲရောက်လာတာက သူ့ရဲ့ဒရုန်းတွေ…

"Severကရော"

"မင်း အစ်ကို့နေရာယူမှာသေချာလား ဘုန်းအာဏာလျှံ သေချာရင်ဒက်ဒီအားလုံးစီစဥ်ပေးမယ်"

"ကျွန်တော်တရားရဲ့လား ဒက်ဒီ တကယ်ဆို သက်ထက်က"

"မင်းက သားဦးပဲ ငါ့သား ဒက်ဒီတို့ညီအစ်ကိုမှာ မင်းအရင်မွေးလာတာ ချစ်ခြင်းမိန်းကလေးမွေးတာ ဒုတိယသား, ပျက်ကျသွားတာ နောက်ထပ်ကိုယ်ဝန်မဆောင်နိုင်တော့တာ ဒါတွေအားလုံးက တိုက်ဆိုင်တာမဟုတ်ဘူး မင်းကိုပဲဦးတည်နေတာ
အစ်ကို့တုန်းကလိုပဲ အပြင်လူဖြစ်ခဲ့ပေမယ့် ဖြစ်လာရမယ့်အကြောင်းတွေက အစ်ကို့ကိုဦးတည်နေခဲ့လို့ အစ်ကိုက အဲ့ဒီနေရာကိုရောက်သွားတာ အခုမင်းအလှည့်ပဲ"

ဒက်ဒီ့စကားအဆုံးမှာ စိတ်မောသွားရပြီး သူ ခေါင်းကိုသာညိတ်ပြလိုက်တော့ ဒက်ဒီကတစ်ချက်ပြုံး၏။

"နေအဉ္ဇရာနဲ့က မဖြစ်မနေ လက်ထပ်ရမှာလား"

"ဇွတ်တော့မတိုက်တွန်းပါဘူး ဒါပေမယ့် လက်ထပ်လိုက်ရင်တော့ အကောင်းဆုံးပဲ မင်းတောင်ကြီးမှာနေဖို့ အနီးဆုံးဖြတ်လမ်းပဲ"

သူ တကယ်ပဲစွန့်စားသင့်သလား..
မချစ်ဘဲလက်ထပ်လိုက်ပြီး တစ်ချိန်ကျမှ ကိုယ်ချစ်ရမယ့်သူပေါ်လာရင်ရော..
ကွဲချင်ကွာချင်တဲ့အခါဆိုရင်ရော ဒီကောင်မလေးကရော ကြည်ကြည်ဖြူဖြူနဲ့ လက်ခံပါ့မလား…

သို့သော် အမှောင်လောကသား ဂိုဏ်းခေါင်းဆောင်တစ်ယောက်အနေနဲ့ ကိုယ်မချစ်သောသူကို လက်ထပ်ခြင်းဟာ အန္တရာယ်အကင်းဆုံးဟု သူယူဆ၏။
ဦးယံဆို အန်တီဘေဘီနဲ့ အကြပ်ကိုင်ခံရတာမို့ သူသာ နေအဉ္ဇရာကိုမချစ်ရင် အကြပ်ကိုင်ခံစရာမရှိ…

💝💝◽◽◽💝💝

မနေ့ကတည်းက စိတ်ကောက်ပြီးဖုန်းမကိုင်သော Mineကြောင့် နေမရထိုင်မရဖြစ်ကာ နောင်ချိုကိုရောက်ပြီးကာမှ ဆိုင်ကိုအကြောင်းပြပြီးပြန်ဆင်းလာခဲ့သည်။
မေမေကတော့ မျက်စောင်းချီပေမယ့် ဖေဖေကတော့ ပြုံးရုံသာပြုံးကာဘာမှမပြော။

ထို့ကြောင့် ငလျှံဖိနပ်တစ်ဖက်ကို အိတ်တစ်လုံးဖြင့်သေချာထည့်ပြီး ဒင်းအတွက်ဝယ်ထားသည့် Rolexနာရီကိုပါယူလိုက်သည်။
Mineကတော့ မုန့်ကျွေးပြီးချော့လျှင်ရတာပဲမို့ သူမအတွက်ဝယ်ထားသည့် နားကြပ်လှလှလေးကို အိတ်တစ်လုံးနှင့်သေချာထည့်လိုက်၏။

"ဟ!! အစောကြီးဘာလာလုပ်တာလဲ"

"မင်းငါ့ကိုထိုးမယ်ဆိုလို့ လာအထိုးခံတာ"

"စောစောစီးစီးကွာ"

အိပ်ချင်မူးတူးဖြင့် ငလျှံကရှုံ့မဲ့ကျိန်ဆဲကာ တကယ်ပဲမေးရိုးကို လက်သီးနဲ့လှမ်းထိုးတာမို့ သူ ငြိမ်ခံလိုက်ရသည်။
မောင်နှမနှစ်ယောက်လုံး သူ့ကိုစိတ်ဆိုးနေကြသလို Mineဆိုသည်မှာလည်း ကိုကိုမှကိုကိုပဲမို့ ဒီကောင် မငြိုငြင်ဖို့အဓိက။

"မင်းဖိနပ်ပြန်ယူလာတယ်"

"သိပ်ကျေနပ်သေးတာမဟုတ်ဘူး ခွေးကောင်"

"မင်းကိုလည်း ငါကျေနပ်တယ်မထင်နဲ့ မျိုးမအောင်တဲ့ကောင်တဲ့ ငါ့ကိုများ.. မင်းကျမှမအောင်မှာ A-Bသွေးနဲ့ကောင်"

"မင်းပြန်တော့ကွာ သွား.."

"ဟာ!! မလုပ်ပါနဲ့ယောက်ဖရာ ငါနောင်ချိုရောက်ပြီးမှ ပြန်ဆင်းလာတာ တစ်နေ့လုံးကားမောင်းရသေးတယ် အိမ်ရောက်တော့လည်း မိုးလင်းဖို့ထပ်စောင့်ရတာနဲ့ အိပ်လို့ကိုမရဘူး Mineက ငါ့ကိုတစ်ခါမှစိတ်ကောက်ဖူးတာမဟုတ်ဘူး"

"အပိုတွေကွာ မင်းလားအိပ်မပျော်တာ တခေါခေါနဲ့ဟောက်နေမှာကိုများ"

"တကယ်အိပ်မပျော်တာဟ မင်းအတွက်Rolexနာရီတစ်လုံးယူလာတယ် အဲ့ဒါလေး လက်မှာပတ်ပြီးငါနဲ့Mineကို မသိချင်ယောင်ဆောင်နေလိုက်
ဖယ်စမ်းပါကွာ ငါသူ့ကိုချော့ဦးမယ်"

အခန်းဝမှာကာဆီးနေသော ငလျှံကိုတွန်းဖယ်ပစ်ပြီး ပစ္စည်းတွေကိုလည်း စားပွဲပေါ်ဖြစ်သလိုချကာ Mineအခန်းတံခါးကို ခေါက်လိုက်သည်။
ခဏအကြာမှ တံခါးပွင့်လာကာ အိပ်ချင်မပျယ်သေးသောမျက်နှာလေးဖြင့် မျက်လုံးတွေပွတ်သပ်ကာ ဆံပင်တွေပွယောင်းနေသော သူ့အသက်ကလေး…

"ဘာလို့ဖုန်းမကိုင်တာလဲ"

ခါးလေးကနေစွေ့ခနဲပွေ့ချီပစ်လိုက်၍ Mineမျက်လုံးလေးပြူးသွားပြီး အထိတ်တလန့်ဖြင့် လည်ပင်းကိုသိုင်းဖက်လာ၏။
ကိုယ့်မှာသာအိပ်မရပေမယ့် သူမကတော့အိပ်ပျော်နေတယ်ပေါ့…

"ကိုကြီး"

"ငလျှံကိုချော့လိုက်မယ်လို့ပြောနေတာကို ဘာလို့ကောက်သွားတာလဲ"

"အာ! ဖယ်ပေး ဟိုမှာကိုကိုရှိတယ်"

"ရှိလည်းမျက်လုံးမှိတ်ထားလိမ့်မယ် ကိုယ့်ကိုဆီထည့်ပေး"

"ကိုကြီးနော်"

"ကိုယ့်ဘာသာလုပ်ရမှာလား ရတယ်ဖြစ်တယ်"

သူမ ရှက်ကိုးရှက်ကန်းဖြင့် သူ့မျက်နှာကိုတွန်းဖယ်ပစ်ကာ ငလျှံ့ကိုပဲကြည့်နေ၍ သူလည်းလှမ်းကြည့်မိတော့ ငလျှံက ဧည့်ခန်းမှာရှိနေကာ သူယူလာသောအိတ်တွေကိုဖွင့်ကြည့်နေသည်။
ကြိတ်တွန်းဖယ်ပစ်နေသော Mineကိုယ်လေးကိုပြန်လွှတ်ပေးလိုက်ကာ တမင်သက်သက်လုပ်နေသော ငမိုက်သားကို ကျိန်ဆဲပစ်လိုက်မိသည်။

"ငလျှံ ဖုန်းလာနေတယ် မင်းအခန်းထဲက"

"မနက်၄နာရီမှာ ဘယ်သူမှဖုန်းမဆက်ဘူး ငကျွဲ ငါ့ကိုလာဖောရှောမနေနဲ့"

သူ ကျွတ်ခနဲဖြစ်သွားပြီး ဒီအနားမှာတမင်လာရပ်နေသောဒင်းကိုလည်း ကြွပ်ကြွပ်ကြော်စားပစ်ချင်သွားမိသည်အထိ။
နောက်ထပ်ဘာမှမပြောတော့ဘဲ ငလျှံကိုကွယ်ပစ်လိုက်ပြီး Mineကိုယ်လေးကို ရင်ခွင်ထဲမြုပ်သွားသည်အထိ ဖက်ထားလိုက်၏။
ထို့နောက် စူပုတ်ပုတ်ဖြင့်မော့ကြည့်လာသည့်မျက်နှာလေးကို မေးဖျားမှာဆွဲကိုင်ကာ နဖူးလေးကိုဖိကပ်နမ်းလိုက်သည်။

"ကိုကြီးကလည်း"

"တိုးတိုးနေ ဟိုကောင်ကြားသွားလိမ့်မယ်"

နောက်ထပ် ထပ်မငြင်းအောင် Mineနှုတ်ခမ်းဖျားလေးကို ထိရုံလေးနမ်းကာ ပါးနုနုလေးတွေကို တဖွဖွနမ်းပစ်မိသည်။
ခါတိုင်းလည်း နမ်းနေကျဖြစ်ပေမယ့် ဒီတစ်ခါတော့ ခိုးနမ်းရသောကြောင့်လားမသိဘဲ သူမပါးလေးတွေက ပိုပြီးအိစက်မွှေးပျံ့နေ၏။

"မင်းနေ"

"အင်း"

"မင်းဘာလုပ်နေတာလဲ ဒီဘက်လှည့်စမ်း"

"ငါ့ကောင်မလေးကိုချော့နေတာလေ မင်းကမှဖယ်မပေးတာ တိုးတိုးလေးချော့ရတာပေါ့"

"မင်းဒီဘက်လာစမ်းပါကွာ အသက် နင်ပြန်အိပ်တော့"

"မအိပ်ချင်တော့ဘူး ကိုကို မျက်စိကျယ်သွားပြီ"

"မအိပ်ချင်လည်း ၆ပေလောက်ခွာနေစမ်း နင်မျက်နှာမသစ်ရသေးဘူးမလား"

"ရတယ် ငါမရွံတတ်ဘူး"

Mineမျက်နှာလေး ရယ်ကျဲကျဲဖြစ်သွားတော့ ငလျှံက သူတို့နှစ်ယောက်ကိုဂြိုဟ်ကြည့် ကြည့်နေလေသည်။
အစာမကျေဖြစ်နေသော သူငယ်ချင်းယောက်ဖကို ရယ်ပြလိုက်တော့ အသံတိတ်ကျိန်ဆဲကာ သူ့အခန်းထဲပြန်ဝင်သွား၍ Mineကိုယ်လေးကို ပြန်ဖက်ထားလိုက်၏။

"အနှောင့်အယှက်မရှိတော့ဘူး နမ်းလို့ရပြီမလား"

"အင်း"

ခြေဖျားလေးထောက်ကာ သူ့နှုတ်ခမ်းကို မထိတထိလေးနမ်းလာတော့ သူ့ကမ္ဘာကြီးတစ်ခုလုံး ကမောက်ကမဖြစ်သွားတော့သည်။
အတောမသတ်နိုင်သော ဤရင်ခုန်သံတွေဟာ တစ်ခါမှလည်းမကြုံဖူးသလို သူမကိုနမ်းမိချိန်တိုင်း ဒီရင်ခုန်သံတွေထဲ စီးမျောသွားတတ်မြဲ။
အမြဲလိုလို မြှူဆွယ်ဖျားယောင်းနေတတ်သော နှုတ်ခမ်းတွေကိုလည်း သေလောက်အောင်မက်မောမိကာ သူမကိုပိုင်ဆိုင်ချင်စိတ်တွေက တနင့်တပိုး။
ကိုယ်တကယ်ရူးနေပြီ Mineရယ်…

💝💝◽◽◽💝💝

Part 36 ဆက်ရန်

စာဖတ်သူတစ်ဦးချင်းစီကိုလေးစားလျက်
#shinthant1141997

~~~~~~~~~~~~~~~~~

💝 Part - 35 💝

◽◽◽◽◽

ေဆးညီလာခံကေနအျပန္ ပါပါးမ်က္ႏွာသိပ္မေကာင္းသလို မာမားကေတာ့ ရယ္ေမာေနကာ ေန့ဆံပင္ေတြကိုၿဖီးေပးေနသည္။
ေနကေတာ့ စာက်က္စရာေတြရိွေသးတာမို႔ စာအုပ္နဲ႔မ်က္ႏွာမခြာႏိုင္…

"သမီး သက္ထက္ဆီကိုသြားေတာ့ သားေပါက္နဲ႔ေတြ့ခဲ့ေသးလား"

ရင္ထဲဒိန္းခနဲျဖစ္သြားၿပီး ဟိုလူႀကီး ေန့ကိုအႏိုင္က်င့္သၫ့္အေၾကာင္း မာမားျပန္သိေနသလားဟု မာမားကိုျပန္ၾကၫ့္လိုက္မိသည္။
မာမားက ေန့အၾကၫ့္ကိုသိေနသလို ရယ္ဟဟျဖင့္ ေန့ေခါင္းကို ဖြဖြေလးေခါက္ကာ…

"ကိုထက္ဘုန္းလ်ွံက သားေပါက္နဲ႔ေစ့စပ္ေပးခ်င္လို႔တဲ့ သံလြင့္ဆီဖုန္းဆက္လာတယ္"

"ဟင္!"

"အဲ့ဒါ ေနာက္ႏွစ္ရက္ေလာက္ေနရင္ သားေပါက္တို႔လာၾကလိမ့္မယ္"

"သမီးကိုလည္း ဘာမွမေျပာဘူး ဘယ္သူကသေဘာတူလို႔လဲ အဲ့လူႀကီးက ေန့ကိုဘာေျပာထားတယ္မွတ္လဲ ေနာက္ခါသူ႔ေရ႔ွထပ္ေရာက္လာရင္ ကလီစာေတြထုတ္ၿပီး ေရာင္းစားပစ္မွာတဲ့ ဟင့္အင္း မယူခ်င္ပါဘူး"

"ဘယ္လို!"

"သူက ေနေန့ကိုသေဘာမက်ဘူးလို႔ေျပာတာ"

"သမီးကေတာ့ သေဘာက်တယ္မလား"

"ဒါေပမယ့္ေၾကာက္တယ္ အဲ့လူႀကီးက ဦးဦးလိုပဲ မ်က္ႏွာေသႀကီးနဲ႔ ေျပာသလိုလုပ္မယ့္ရုပ္ႀကီး..
မာမားရယ္ ေန့ကိုအျပစ္ေပးခ်င္ရင္လည္း တျခားနည္းနဲ႔ေပးပါ အဲ့လိုႀကီးေတာ့မလုပ္ပါနဲ႔ ေန့ကိုတကယ္သဝာ္လိမ့္မယ္"

"ဘယ္သူကသဝာ္မွာလဲ ေနေနရယ္ လူႀကီးေတြကေတာင္ သေဘာတူၾကည္ျဖဴေနၾကၿပီေလ"

"သိဘူး ယူရဲဘူး"

"မယူခိုင္းေသးပါဘူး ေစ့စပ္ေပးမွာ"

ဘယ္လိုဆိုဆို ေန ေၾကာက္ေနမိကာ ေအးတိေအးစက္ျဖင့္ စူးစူးဝါးဝါးၾကၫ့္သြားေသာ သူ႔မ်က္လံုးေတြကိုေၾကာက္သည္။
ေန့ကိုေတြ့တိုင္း စိတ္ရႈပ္သြားတတ္ေသာ၊ မ်က္ေမွာင္ကုပ္သြားတတ္ေသာ ထိုလူႀကီးဟာ မာမားတို႔ကြယ္ရာမွ လည္ပင္းၫွစ္သဝာ္ပစ္ရင္ေရာ…
ဒါမွမဟုတ္ သူ႔ရဲ့ဒရုန္းေတြနဲ႔…

"ဘာေတြႀကံစည္ေနျပန္ၿပီပဲ စပ္စလူးမ.. ဒီအေဖနဲ႔အေမကိုမ်က္ႏွာပ်က္ေအာင္မလုပ္နဲ႔ေနာ္ ညည္းပဲ ေနရာတကာ ကိုသားေပါက္ကိုပဲျမင္ေနရတယ္ဆိုလို႔ ေန့ေရာညပါျမင္ေနရေအာင္ ဖန္တီးေပးထားတာ
အခုမွဘာျဖစ္ျပန္ၿပီလဲ"

"မဟုတ္ပါဘူး"

"ေတာ္!.. ဘာမွမေျပာနဲ႔ မယူခ်င္ပါဘူးဆိုၿပီးေခါင္းခါလည္း ညည္းကိုဖမ္းခ်ဳပ္ၿပီး အတင္းေပးစားပစ္မွာတဲ့ ကိုထက္ဘုန္းလ်ွံအေၾကာင္းသိတယ္မလား"

ေနေန့အတြက္ လမ္းပိတ္သြားၿပီျဖစ္ကာ စိတ္ဆိုးေနသၫ့္မာမားကိုလည္း ျပန္မေျပာရဲေတာ့ဘဲ ႏႈတ္ခမ္းေလးကိုသာ ဖိကိုက္ထားလိုက္မိေတာ့သည္။
မာမားဟာ ေဒါသျဖစ္လာသၫ့္အခ်ိန္ေတြဆို တစ္အိမ္လံုးမခံႏိုင္ေအာင္ စိတ္ဆိုးေပါက္ကဲြတတ္ကာ ထိုအခ်ိန္ေတြတိုင္း ပါပါးကေခ်ာ့မွသာ စိတ္ေျပသြားတတ္သည္။
အခုအခ်ိန္ဟာ ပါပါး ေဆးရံုကိုသြားေနသၫ့္အခ်ိန္မို႔ မာမားကို ရန္မစသင့္ေသာအခ်ိန္ျဖစ္၏။

"စာက်က္ေတာ့"

မာမားျပန္ထြက္သြားေတာ့ ေန ႏႈတ္ခမ္းကိုက္လ်က္က်န္ေနခဲ့ၿပီး မၾကာခင္ေသရေတာ့မၫ့္လူလို ခံစားလိုက္ရ၏။
ပါပါးရဲ့ဘာသာလို သရဏဂံုတင္ထားလိုက္ရမလား…
ဒါမွမဟုတ္ မာမားရဲ့ဘာသာလို ကိုယ္ေတာ့္ေရ႔ွမွာ အျပစ္ဝန္ခ်ေတာင္းပန္လိုက္ရေတာ့မလား…

💝💝◽◽◽💝💝

"ဒက္ဒီ ဟိုေကာင္မေလးနဲ႔ကၽြန္ေတာ္ မဟုတ္ဘူးလို႔ေျပာေနတာကို ဘာလို႔ဇြတ္လုပ္ေနတာလဲ"

စိတ္တိုတိုျဖင့္ သူ႔ေလသံေတြတင္းမာေနကာ ဒက္ဒီ့ကိုလည္း ဒီလိုမ်ိဳးတစ္ခါမျွပန္မေျပာခဲ့ဖူး။
ဒက္ဒီေျပာသမ်ွၿပီးခဲ့သၫ့္ သူသည္ ဒက္ဒီ့ကိုျပန္လည္းခံမေျပာဖူးသလို ဒီလိုမ်ိဳးလည္း ေဒါသမျဖစ္ခဲ့ဖူး…
သို႔ေသာ္ အခုကိစၥကေတာ့…

"ဒက္ဒီလည္း ငယ္ရာကေနႀကီးလာတာပဲ ဟုတ္မဟုတ္ မခဲြျခားတတ္တာေတာ့မျဖစ္ႏိုင္ဘူး ဒက္ဒီတမင္လုပ္တာ"

"အင္း"

"ဘာျဖစ္လို႔လဲ"

"မင္းကို ေတာင္ႀကီးမွာေနေစခ်င္လို႔"

ဒီစကားဟာ ဒက္ဒီေျပာလိုက္တာေရာ ဟုတ္ရဲ့လားဟု ကေယာင္ကတမ္းေတြးမိသြားသည္အထိ ဒက္ဒီ့ေလသံကျပတ္သားလွသည္။
အၿမဲလို တည္ၿငိမ္စြာစူးရဲေနတတ္ေသာ ဒက္ဒီ့မ်က္လံုးေတြက ဘယ္လိုအရိပ္အေငႊ့မ်ိဳးမွ စြန္းထင္းမေနတာမို႔ အကဲခတ္ဖို႔လည္းမလြယ္။

"ဘာျဖစ္လို႔လဲ"

"ငါေျဖရဦးမွာလား"

"ေျဖရမွာေပါ့ ဒက္ဒီပဲ ဒီGroupကိုဆက္ခံဖို႔ တစ္ခ်ိန္လံုးေျပာခဲ့ၿပီးမွ ဘာလို႔ေျပာင္းလဲသြားတာလဲ"

"ဘာလို႔လဲဆိုေတာ့ ဒီအေျခအေနကို မင္းပဲထိန္းသိမ္းႏိုင္မွာမို႔လို႔"

"ကၽြန္ေတာ့္ဆႏၵကိုေရာ ဘာလို႔မေမးတာလဲ"

ေစ့စပ္မၫ့္အေၾကာင္းေရာ၊ ဒက္ဒီေရႊ့ေနေသာအကြက္ကိုပါ သူ အခုမွသိရတာမို႔ မခံခ်င္စိတ္ေတျြပင္းထန္ေနရၿပီး ဘယ္သူ႔အေပၚေပါက္ကဲြရမွန္းလည္းမသိ။
စိတ္ဓာတ္ေပ်ာ့ညံ့ေသာ သက္ထက္ကိုလား…
Leoponကို လက္လႊတ္မၫ့္ ဦးယံကိုလား..
ဒါမွမဟုတ္ ဒက္ဒီ့ကိုလား..

"မင္းစိတ္ထဲကိုျမင္ေနရတယ္ ငါ့သား ဒါေၾကာင့္မို႔ ဘာမွဖံုးကြယ္မထားဘဲ ပြင့္ပြင့္လင္းလင္းပဲေျပာ"

သူ တစ္ခ်က္ၿငိမ္သက္သြားကာ ဒက္ဒီ့ဆီမွအၾကၫ့္လႊဲလိုက္ရင္း သက္ျပင္းတစ္ခ်က္ခ်လိုက္မိသည္။
ထိုေနရာကို သူ ဘယ္တုန္းကမွမမက္ေမာခဲ့သလို အေျခအေနေတြသာ ဒီလိုေတြေျပာင္းလဲမလာခဲ့ရင္…

"ကၽြန္ေတာ္ အဲ့ဒီေနရာရဲ့ေခါင္းေဆာင္ ျဖစ္ခ်င္တယ္ ကၽြန္ေတာ့္ညီမထြက္ေျပးလာရတာ၊ ဒဏ္ရာေတြေၾကာင့္ငိုခဲ့ရတာေတြက စုန္းျပဴးLeoponေတြေၾကာင့္မို႔ဆိုတဲ့စိတ္နဲ႔ အဲ့ဒီနယ္ေျမေတြကို ေျမလွန္ပစ္ခ်င္တယ္
ဒါေပမယ့္ အဲ့ဒါကဦးယံတစ္ေယာက္ပဲလုပ္ခြင့္ရိွတာ အဲ့ဒါေၾကာင့္ ကၽြန္ေတာ္ ဦးယံလိုျဖစ္ခ်င္တယ္
ၿပီးေတာ့ ကၽြန္ေတာ္သိေနတယ္ ဦးယံ Leoponမွာမရိွေတာ့တဲ့တစ္ေန့ သက္ထက္ ထပ္ၿပီးလုပ္ႀကံခံရဦးမွာ"

"အစ္ကိုစိုးရိမ္ေနတာေရာ ဒက္ဒီစိုးရိမ္ေနတာေရာအဲ့ဒါပဲ ဒါေၾကာင့္မို႔ အစ္ကိုကLeoponကိုလက္လႊတ္ဖို႔ေျပာခဲ့တာ"

"ဒက္ဒီ ဒီလိုအကြက္ေရႊ့ေနတာ မာမီကေရာဘာမွမေျပာဘူးလား"

"သူမသိဘူး မင္း ဇြတ္လုပ္သြားရင္ စိတ္ဆိုးၿပီးက်န္ေနခဲ့မွာ ဒါေပမယ့္အေမပဲငါ့သားရာ မင္းဘယ္ေလာက္စိတ္ဆိုးေအာင္လုပ္လုပ္ ခြင့္လႊတ္ေပးႏိုင္တာေပါ့ ဒါေၾကာင့္မို႔ ေနအဉၨရာနဲ႔မင္းကို စီစဥ္လိုက္တာ မင္းမဟုတ္မွန္းသိသားပဲ"

"ဒက္ဒီရာ"

"မသိဘဲမေျပာစမ္းပါနဲ႔ကြာ ေယာက်ာ္းတစ္ေယာက္အတြက္ အဲ့ဒါက အေကာင္းဆံုးအေၾကာင္းျပခ်က္ပဲ"

"ဒါနဲ႔ပဲမိန္းမယူရေတာ့မွာလား"

"ယူလိုက္ပါ ေဒါက္တာသံလြင္ရဲ့သားမက္ျဖစ္လို႔ မင္းမွာဆုတ္ယုတ္သြားစရာဘာမွမရိွဘူး သူလည္း ေဆးေလာကမွာ နာမည္ႀကီးတဲ့သူပဲ စီးပြားတြက္ တြက္တတ္ရင္ မင္းေဆးရံုေတြေတာင္ဝယ္လို႔ရတယ္"

ဒက္ဒီဟာ ဘက္ေပါင္းစံုကေန စဥ္းစားၿပီးအကြက္ေရႊ့ေနခဲ့တာပဲ…
အေတြးျဖင့္ စိတ္ေမာသြားၿပီး ဒက္ဒီ့ကိုျပန္ၾကည့္မိေတာ့ ဒက္ဒီက ႃပံုးရံုသာႃပံုးကာ…

"မင္းဘယ္လိုသေဘာရလဲ"

"ဒက္ဒီကအကုန္တြက္ခ်က္ထားမွေတာ့ လိုက္ေမ်ွာဖို႔ပဲရိွေတာ့တာေပါ့ ဦးယံနဲ႔သက္ထက္သိလား ဒက္ဒီလုပ္ေနတာကို"

"အစ္ကိုကေတာ့ရိပ္မိတယ္ ဖြင့္အေျပာကိုေစာင့္ေနတာ သက္ထက္ကေတာ့မသိေသးဘူး"

"ကၽြန္ေတာ္ အဲ့ဒီကိုေရာက္သြားရင္ သက္ထက္ကေရာ"

"မင္းရဲ့ေနရာမွာေပါ့ကြာ အခု သက္ထက္ကိုကုမၸဏီကိစၥေတြသင္ေပးမလို႔ သူက ေဈးကြက္စီးပြားေရးကို ေတာ္ေတာ္နားလည္ထားတယ္ သက္ထက္သာ ဒါရိုက္တာျဖစ္သြားခဲ့ရင္ Min groupက ဒီ့ထက္ပိုျမင့္လာမွာ
အခုေတာ့ Cashierလုပ္ခိုင္းထားတယ္ တျဖည္းျဖည္းခ်င္းဆဲြယူရံုပဲရိွေတာ့တယ္ သက္ထက္က မထူးခၽြန္တာမဟုတ္ဘူး သူ ထူးခၽြန္တဲ့ေနရာမွားေနတာ"

"ထားလိုက္ပါေတာ့ဗ်ာ"

ဒီအေၾကာင္းေတြကေတာ့ သူတို႔ထက္ အသက္ေရာ၊ဝါပါႀကီးေသာ ဒက္ဒီတို႔ကိုလိုက္မွီမွာေတာ့မဟုတ္။
ထို႔ေၾကာင့္ ဒက္ဒီ့ကိုအရႈံးေပးလိုက္ရင္း ေခါင္းထဲေရာက္လာတာက သူ႔ရဲ့ဒရုန္းေတြ…

"Severကေရာ"

"မင္း အစ္ကို႔ေနရာယူမွာေသခ်ာလား ဘုန္းအာဏာလ်ွံ ေသခ်ာရင္ဒက္ဒီအားလံုးစီစဥ္ေပးမယ္"

"ကၽြန္ေတာ္တရားရဲ့လား ဒက္ဒီ တကယ္ဆို သက္ထက္က"

"မင္းက သားဦးပဲ ငါ့သား ဒက္ဒီတို႔ညီအစ္ကိုမွာ မင္းအရင္ေမြးလာတာ ခ်စ္ျခင္းမိန္းကေလးေမြးတာ ဒုတိယသား, ပ်က္က်သြားတာ ေနာက္ထပ္ကိုယ္ဝန္မေဆာင္ႏိုင္ေတာ့တာ ဒါေတြအားလံုးက တိုက္ဆိုင္တာမဟုတ္ဘူး မင္းကိုပဲဦးတည္ေနတာ
အစ္ကို႔တုန္းကလိုပဲ အျပင္လူျဖစ္ခဲ့ေပမယ့္ ျဖစ္လာရမယ့္အေၾကာင္းေတြက အစ္ကို႔ကိုဦးတည္ေနခဲ့လို႔ အစ္ကိုက အဲ့ဒီေနရာကိုေရာက္သြားတာ အခုမင္းအလွၫ့္ပဲ"

ဒက္ဒီ့စကားအဆံုးမွာ စိတ္ေမာသြားရၿပီး သူ ေခါင္းကိုသာညိတ္ျပလိုက္ေတာ့ ဒက္ဒီကတစ္ခ်က္ႃပံုး၏။

"ေနအဉၨရာနဲ႔က မျဖစ္မေန လက္ထပ္ရမွာလား"

"ဇြတ္ေတာ့မတိုက္တြန္းပါဘူး ဒါေပမယ့္ လက္ထပ္လိုက္ရင္ေတာ့ အေကာင္းဆံုးပဲ မင္းေတာင္ႀကီးမွာေနဖို႔ အနီးဆံုးျဖတ္လမ္းပဲ"

သူ တကယ္ပဲစြန႔္စားသင့္သလား..
မခ်စ္ဘဲလက္ထပ္လိုက္ၿပီး တစ္ခ်ိန္က်မွ ကိုယ္ခ်စ္ရမယ့္သူေပၚလာရင္ေရာ..
ကဲြခ်င္ကြာခ်င္တဲ့အခါဆိုရင္ေရာ ဒီေကာင္မေလးကေရာ ၾကည္ၾကည္ျဖဴႁဖူနဲ႔ လက္ခံပါ့မလား…

သို႔ေသာ္ အေမွာင္ေလာကသား ဂိုဏ္းေခါင္းေဆာင္တစ္ေယာက္အေနနဲ႔ ကိုယ္မခ်စ္ေသာသူကို လက္ထပ္ျခင္းဟာ အႏၲရာယ္အကင္းဆံုးဟု သူယူဆ၏။
ဦးယံဆို အန္တီေဘဘီနဲ႔ အၾကပ္ကိုင္ခံရတာမို႔ သူသာ ေနအဉၨရာကိုမခ်စ္ရင္ အၾကပ္ကိုင္ခံစရာမရိွ…

💝💝◽◽◽💝💝

မေန့ကတည္းက စိတ္ေကာက္ၿပီးဖုန္းမကိုင္ေသာ Mineေၾကာင့္ ေနမရထိုင္မရျဖစ္ကာ ေနာင္ခ်ိဳကိုေရာက္ၿပီးကာမွ ဆိုင္ကိုအေၾကာင္းျပၿပီးျပန္ဆင္းလာခဲ့သည္။
ေမေမကေတာ့ မ်က္ေစာင္းခ်ီေပမယ့္ ေဖေဖကေတာ့ ႃပံုးရံုသာႃပံုးကာဘာမွမေျပာ။

ထို႔ေၾကာင့္ ငလ်ွံဖိနပ္တစ္ဖက္ကို အိတ္တစ္လံုးျဖင့္ေသခ်ာထၫ့္ၿပီး ဒင္းအတြက္ဝယ္ထားသၫ့္ Rolexနာရီကိုပါယူလိုက္သည္။
Mineကေတာ့ မုန႔္ကၽြေးၿပီးေခ်ာ့လ်ွင္ရတာပဲမို႔ သူမအတြက္ဝယ္ထားသၫ့္ နားၾကပ္လွလွေလးကို အိတ္တစ္လံုးႏွင့္ေသခ်ာထည့္လိုက္၏။

"ဟ!! အေစာႀကီးဘာလာလုပ္တာလဲ"

"မင္းငါ့ကိုထိုးမယ္ဆိုလို႔ လာအထိုးခံတာ"

"ေစာေစာစီးစီးကြာ"

အိပ္ခ်င္မူးတူးျဖင့္ ငလ်ွံကရႈံ႔မဲ့က်ိန္ဆဲကာ တကယ္ပဲေမးရိုးကို လက္သီးနဲ႔လွမ္းထိုးတာမို႔ သူ ၿငိမ္ခံလိုက္ရသည္။
ေမာင္ႏွမႏွစ္ေယာက္လံုး သူ႔ကိုစိတ္ဆိုးေနၾကသလို Mineဆိုသည္မွာလည္း ကိုကိုမွကိုကိုပဲမို႔ ဒီေကာင္ မၿငိဳျငင္ဖို႔အဓိက။

"မင္းဖိနပ္ျပန္ယူလာတယ္"

"သိပ္ေက်နပ္ေသးတာမဟုတ္ဘူး ေခြးေကာင္"

"မင္းကိုလည္း ငါေက်နပ္တယ္မထင္နဲ႔ မ်ိဳးမေအာင္တဲ့ေကာင္တဲ့ ငါ့ကိုမ်ား.. မင္းက်မွမေအာင္မွာ A-Bေသြးနဲ႔ေကာင္"

"မင္းျပန္ေတာ့ကြာ သြား.."

"ဟာ!! မလုပ္ပါနဲ႔ေယာက္ဖရာ ငါေနာင္ခ်ိဳေရာက္ၿပီးမွ ျပန္ဆင္းလာတာ တစ္ေန့လံုးကားေမာင္းရေသးတယ္ အိမ္ေရာက္ေတာ့လည္း မိုးလင္းဖို႔ထပ္ေစာင့္ရတာနဲ႔ အိပ္လို႔ကိုမရဘူး Mineက ငါ့ကိုတစ္ခါမွစိတ္ေကာက္ဖူးတာမဟုတ္ဘူး"

"အပိုေတြကြာ မင္းလားအိပ္မေပ်ာ္တာ တေခါေခါနဲ႔ေဟာက္ေနမွာကိုမ်ား"

"တကယ္အိပ္မေပ်ာ္တာဟ မင္းအတြက္Rolexနာရီတစ္လံုးယူလာတယ္ အဲ့ဒါေလး လက္မွာပတ္ၿပီးငါနဲ႔Mineကို မသိခ်င္ေယာင္ေဆာင္ေနလိုက္
ဖယ္စမ္းပါကြာ ငါသူ႔ကိုေခ်ာ့ဦးမယ္"

အခန္းဝမွာကာဆီးေနေသာ ငလ်ွံကိုတြန္းဖယ္ပစ္ၿပီး ပစၥည္းေတြကိုလည္း စားပဲြေပၚျဖစ္သလိုခ်ကာ Mineအခန္းတံခါးကို ေခါက္လိုက္သည္။
ခဏအၾကာမွ တံခါးပြင့္လာကာ အိပ္ခ်င္မပ်ယ္ေသးေသာမ်က္ႏွာေလးျဖင့္ မ်က္လံုးေတြပြတ္သပ္ကာ ဆံပင္ေတြပြေယာင္းေနေသာ သူ႔အသက္ကေလး…

"ဘာလို႔ဖုန္းမကိုင္တာလဲ"

ခါးေလးကေနေစြ့ခနဲေပြ့ခ်ီပစ္လိုက္၍ Mineမ်က္လံုးေလးျပဴးသြားၿပီး အထိတ္တလန႔္ျဖင့္ လည္ပင္းကိုသိုင္းဖက္လာ၏။
ကိုယ့္မွာသာအိပ္မရေပမယ့္ သူမကေတာ့အိပ္ေပ်ာ္ေနတယ္ေပါ့…

"ကိုႀကီး"

"ငလ်ွံကိုေခ်ာ့လိုက္မယ္လို႔ေျပာေနတာကို ဘာလို႔ေကာက္သြားတာလဲ"

"အာ! ဖယ္ေပး ဟိုမွာကိုကိုရိွတယ္"

"ရိွလည္းမ်က္လံုးမိွတ္ထားလိမ့္မယ္ ကိုယ့္ကိုဆီထၫ့္ေပး"

"ကိုႀကီးေနာ္"

"ကိုယ့္ဘာသာလုပ္ရမွာလား ရတယ္ျဖစ္တယ္"

သူမ ရွက္ကိုးရွက္ကန္းျဖင့္ သူ႔မ်က္ႏွာကိုတြန္းဖယ္ပစ္ကာ ငလ်ွံ႔ကိုပဲၾကၫ့္ေန၍ သူလည္းလွမ္းၾကၫ့္မိေတာ့ ငလ်ွံက ဧၫ့္ခန္းမွာရိွေနကာ သူယူလာေသာအိတ္ေတြကိုဖြင့္ၾကၫ့္ေနသည္။
ႀကိတ္တြန္းဖယ္ပစ္ေနေသာ Mineကိုယ္ေလးကိုျပန္လႊတ္ေပးလိုက္ကာ တမင္သက္သက္လုပ္ေနေသာ ငမိုက္သားကို က်ိန္ဆဲပစ္လိုက္မိသည္။

"ငလ်ွံ ဖုန္းလာေနတယ္ မင္းအခန္းထဲက"

"မနက္၄နာရီမွာ ဘယ္သူမွဖုန္းမဆက္ဘူး ငကၽဲြ ငါ့ကိုလာေဖာေရွာမေနနဲ႔"

သူ ကၽြတ္ခနဲျဖစ္သြားၿပီး ဒီအနားမွာတမင္လာရပ္ေနေသာဒင္းကိုလည္း ႂကြပ္ႂကြပ္ေၾကာ္စားပစ္ခ်င္သြားမိသည္အထိ။
ေနာက္ထပ္ဘာမွမေျပာေတာ့ဘဲ ငလ်ွံကိုကြယ္ပစ္လိုက္ၿပီး Mineကိုယ္ေလးကို ရင္ခြင္ထဲျမဳပ္သြားသည္အထိ ဖက္ထားလိုက္၏။
ထို႔ေနာက္ စူပုတ္ပုတ္ျဖင့္ေမာ့ၾကၫ့္လာသၫ့္မ်က္ႏွာေလးကို ေမးဖ်ားမွာဆဲြကိုင္ကာ နဖူးေလးကိုဖိကပ္နမ္းလိုက္သည္။

"ကိုႀကီးကလည္း"

"တိုးတိုးေန ဟိုေကာင္ၾကားသြားလိမ့္မယ္"

ေနာက္ထပ္ ထပ္မျငင္းေအာင္ Mineႏႈတ္ခမ္းဖ်ားေလးကို ထိရံုေလးနမ္းကာ ပါးႏုႏုေလးေတြကို တဖြဖြနမ္းပစ္မိသည္။
ခါတိုင္းလည္း နမ္းေနက်ျဖစ္ေပမယ့္ ဒီတစ္ခါေတာ့ ခိုးနမ္းရေသာေၾကာင့္လားမသိဘဲ သူမပါးေလးေတြက ပိုၿပီးအိစက္ေမႊးပ်ံ႔ေန၏။

"မင္းေန"

"အင္း"

"မင္းဘာလုပ္ေနတာလဲ ဒီဘက္လွၫ့္စမ္း"

"ငါ့ေကာင္မေလးကိုေခ်ာ့ေနတာေလ မင္းကမွဖယ္မေပးတာ တိုးတိုးေလးေခ်ာ့ရတာေပါ့"

"မင္းဒီဘက္လာစမ္းပါကြာ အသက္ နင္ျပန္အိပ္ေတာ့"

"မအိပ္ခ်င္ေတာ့ဘူး ကိုကို မ်က္စိက်ယ္သြားၿပီ"

"မအိပ္ခ်င္လည္း ၆ေပေလာက္ခြာေနစမ္း နင္မ်က္ႏွာမသစ္ရေသးဘူးမလား"

"ရတယ္ ငါမရြံတတ္ဘူး"

Mineမ်က္ႏွာေလး ရယ္က်ဲက်ဲျဖစ္သြားေတာ့ ငလ်ွံက သူတို႔ႏွစ္ေယာက္ကိုၿဂိဳဟ္ၾကၫ့္ ၾကၫ့္ေနေလသည္။
အစာမေက်ျဖစ္ေနေသာ သူငယ္ခ်င္းေယာက္ဖကို ရယ္ျပလိုက္ေတာ့ အသံတိတ္က်ိန္ဆဲကာ သူ႔အခန္းထဲျပန္ဝင္သြား၍ Mineကိုယ္ေလးကို ျပန္ဖက္ထားလိုက္၏။

"အေနွာင့္အယွက္မရိွေတာ့ဘူး နမ္းလို႔ရၿပီမလား"

"အင္း"

ေျခဖ်ားေလးေထာက္ကာ သူ႔ႏႈတ္ခမ္းကို မထိတထိေလးနမ္းလာေတာ့ သူ႔ကမ႓ာႀကီးတစ္ခုလံုး ကေမာက္ကမျဖစ္သြားေတာ့သည္။
အေတာမသတ္ႏိုင္ေသာ ဤရင္ခုန္သံေတြဟာ တစ္ခါမွလည္းမႄကံုဖူးသလို သူမကိုနမ္းမိခ်ိန္တိုင္း ဒီရင္ခုန္သံေတြထဲ စီးေမ်ာသြားတတ္ၿမဲ။
အၿမဲလိုလို ၿမွူဆြယ္ဖ်ားေယာင္းေနတတ္ေသာ ႏႈတ္ခမ္းေတြကိုလည္း ေသေလာက္ေအာင္မက္ေမာမိကာ သူမကိုပိုင္ဆိုင္ခ်င္စိတ္ေတြက တနင့္တပိုး။
ကိုယ္တကယ္ရူးေနၿပီ Mineရယ္…

💝💝◽◽◽💝💝

Part 36 ဆက္ရန္

စာဖတ္သူတစ္ဦးခ်င္းစီကိုေလးစားလ်က္
#shinthant1141997

Pokračovat ve čtení

Mohlo by se ti líbit

1.3M 30.9K 46
When young Diovanna is framed for something she didn't do and is sent off to a "boarding school" she feels abandoned and betrayed. But one thing was...
69K 1K 40
This is the sequel to my Bryce Hall and Addison Rae Love Story. You don't have to read the first one to understand this one at all! INSTAGRAM AND SO...
178K 4.9K 100
COMPLETED MTL Author: Ling Xin Status: Completed ( 100 Chapters ) Raw Link: http://www.jjwxc.net/onebook.php?novelid=3408779 DESCRIPTION The Quick We...
10.7M 249K 60
𝐅𝐫𝐨𝐦 𝐄𝐧𝐞𝐦𝐢𝐞𝐬 𝐭𝐨 𝐋𝐨𝐯𝐞𝐫𝐬 Enzo Mariano is known for being nothing but ruthless. He is feared by all in the Italian mafia. He kills on...