💝 Part - 32 💝
◽◽◽◽◽
"နင့်ကိုတကယ်နမ်းလိုက်တာလား"
မမမေးလာတော့ နေခေါင်းလေးကိုသာညိတ်ပြရင်း လက်ကလေးတွေဆုပ်ချေနေမိကာ ထိုအချိန်က ကိုသားပေါက်၏မျက်နှာချောချောက ရင်ခုန်ချင်စရာမကောင်းတော့ဘဲ ကြောက်စရာဖြစ်နေ၏။
နေဟာ ဗရုတ်ကျလွန်းပေမယ့် အခုထက်ထိရည်းစားမထားဖူးသလို ဒီလူကြီးကိုမှသဘောကျမိသလို ဒီလူကြီးနဲ့မှလည်း…
"သူက မမပြန်မလာသေးလို့ CCTVတွေကိုစစ်မလို့လုပ်နေတာ ကားပါကင်မှာ CCTVရှိတယ်လေ အဲ့ဒါကြောင့်မို့ နေက သူ့Laptopကိုပိတ်ပစ်ပြီး လိုက်စတဲ့ဥစ္စာ သူက နေ့ကိုတကယ်နမ်းတာ အဟင့်! အီးဟီး.. သူများကိုချစ်လည်းမချစ်ဘဲနဲ့ အသားယူတဲ့လူကြီး
ညကျ အိပ်ရာထဲသေးပေါက်ချမိပါစေ"
"ဟော့တော်"
"ဘောင်းဘီဝတ်ရင်လည်း သူ့ညီလေး ဇစ်ညပ်ပါစေ"
"နေနေ အဲ့လိုတွေမကျိန်ဆဲရဘူးလေ မိန်းကလေးဖြစ်နေပြီး.."
"ဆဲမှာပဲ သူများရဲ့first kissကို အသားယူပြီး ရသွားတာ မမပဲစဥ်းစားကြည့်"
"အေးပါ ဟုတ်ပါတယ်"
"မမကို အန်တီချစ်ခြင်းက သမင်သားအစစ်ရလို့တဲ့ မီးကင်ပြီးပေးလိုက်တာ အဲ့ဒါလာပို့တာ"
"အင်းပါ နင်ကဘယ်နှရက်နေမှာလဲ"
မမက နေနေ့ကိုချော့မော့ပြီး တစ်ရှူးတွေနှင့် မျက်ရည်တွေသုတ်ပေးသောကြောင့် နေ ကျေနပ်လိုက်ပြီး အငိုတိတ်သွားတော့သည်။
စိတ်ထဲမှာ နှမျောနေမိတာက နေနေ့ရဲ့first kissကို နေနေချစ်ရသူသာဖြစ်စေချင်ကာ ကိုသားပေါက်က နေနေ့ကိုမှမချစ်ဘဲ…
"ပါပါးက ရန်ကုန်ကိုဆက်ဆင်းမှာလေ ဆေးညီလာခံရှိလို့တဲ့ နေက ဒီမှာနေခဲ့မှာ ၃ရက်လောက်တော့ကြာမယ်"
"ဦးသံလွင်အိမ်မှာမရှိရင် နင်တစ်ယောက်တည်းမလား ငါနဲ့လာနေပါ့လား"
"မမနဲ့နေချင်တယ် ကိုသားပေါက်ကိုကြောက်တယ် သူက နေ့ကိုကျေနပ်မှာမဟုတ်ဘူး နေ,သိတယ်"
"အာ!! ငါရှိပါတယ်နေနေကလည်း.. ဘာလို့ကြောက်နေမှာလဲ နေအဉ္ဇရာဆိုတာ ခပ်ကဲကဲခပ်ရဲရဲကောင်မလေးပဲဥစ္စာ အဲ့ဒီပုံစံလေးကိုက ချစ်စရာကောင်းနေတဲ့ဟာ"
"ဟင့်!! နေဘူးလို့"
"အေးပါ မနေရင်လည်းတော်တော့ မငိုနဲ့တော့ ကြည့်ပါဦး အီဂျစ်ကပြားမ,တွေက ငိုရင်မလှဘူးတဲ့"
"တကယ်မလှဘူးလား"
"မလှဘူး"
ဒီလိုဆိုတော့လည်း နေသည် အလှမပျက်ချင်တာမို့ မျက်ရည်တွေသုတ်ကာ တစ်ရှူးနှင့်နှပ်ညှစ်လိုက်ချိန် ပါပါးဆီကဖုန်းဝင်လာ၏။
ညစာစားချိန်အမှီပြန်လာခဲ့ဖို့ ခေါ်ခြင်းဖြစ်ကာ မာမားလည်း ရောက်နေပြီဆိုသည်။
"လာပြီ ပါပါး"
နေ ဖုန်းချလိုက်ပြီး မမကိုနှုတ်ဆက်တော့ မမကလိုက်ပို့ပေးရင်းကာ ဓာတ်လှေကားအနားရောက်တော့…
"ရတယ် မမ နေ့ဘာသာပဲသွားလိုက်တော့မယ်"
ဟု မမကိုနှုတ်ဆက်လိုက်၏။
ဓာတ်လှေကားထဲရောက်တော့မှ သက်ပြင်းလေးချမိကာ နံရံမှာမြင်နေရသည့်ကိုယ်မျက်နှာလေးကို ကိုင်ကြည့်မိပြန်သည်။
နှမျောလိုက်တာ သူများရဲ့first kissလေး…
ထိုအချိန် ဓာတ်လှေကားပွင့်သွား၍ နေ အပြေးတပိုင်းထွက်လာခဲ့ကာ ဟိုလူကြီးစောင့်ကြည့်နေမလားဆိုသည့် ကြောက်စိတ်ကြောင့်ဖြစ်သည်။
သူဟာ CCTVတွေကို နေရာပေါင်းစုံကစစ်ဆေးနိုင်သည်မလား…
"ပြန်တော့မှာလား"
"အမေ့!"
နေနေ့ကားကိုမှီပြီး စီးကရက်သောက်နေသော ကိုသားပေါက်ကြောင့် နေ လန့်ဖျပ်သွားပြီး ကားကိုကြည့်လိုက်၊ သူ့ကိုပြန်ကြည့်လိုက်ဖြစ်သွား၏။
ထင်ထားသည့်အတိုင်း နေ့ကိုမကျေနပ်သော ဒီလူကြီးက စောစောကလိုမျိုး နေ့ကိုအနိုင်ကျင့်နေရင်..
"အီးဟီး!! မာမားရေ နေနေ့ကိုကယ်ပါဦး"
"ဟိတ်! တိတ်စမ်း မင်းကိုဘာလုပ်ရသေးလို့ အာပြဲကြီးနဲ့အော်နေတာလဲ"
"လုပ်တော့မှာမလား"
"ဘာ!"
"နေ့ကို မကျေနပ်နေတာနဲ့ပဲ စောစောကလို ရိုက်မလို့လားလို့ပြောတာ"
"မင်းစကားကို ရှင်းရှင်းလင်းလင်းပြောလို့မရဘူးလား ဟိုလိုလို ဒီလိုလိုတွေလျှောက်ပြောနေတာ ငါကပဲ လူယုတ်မာကြီး အခွင့်အရေးသမားကြီး
မင်းကိုမတည့်တာ အဲ့ဒါတွေပဲ အမြဲတမ်းလုပ်ချင်ရာလုပ်တယ် ပြောချင်ရာပြောတယ် ဘေးလူဘာဖြစ်သွားသွား စိတ်မဝင်စားဘူး"
လေသံမာမာကြီးဖြင့် နေ့ကိုစူးစူးဝါးဝါးကြည့်ကာ အော်ငေါက်လာတော့ နေသည် သူ့ကိုရော၊ သူ့စကားတွေကိုပါကြောက်ရွံ့သွားမိ၏။
နေ ဒီလိုနေတတ်တာက တမင်လုပ်နေတာမဟုတ်သလို ဘယ်သူကမှလည်း နေ့ကိုအပြစ်မမြင်ခဲ့ပါဘဲ…
"အခုလည်း မင်း ငါ့ရှေ့မှာ ကပ်ပြီးလာထိုင်တာက အပြစ်မဟုတ်ဘူး ထိမိသွားတော့ ငါ့အပြစ်ပေါ့"
"နေနေက တမင်လုပ်တာမဟုတ်ပါဘူး"
"တမင်လုပ်တာ ဟုတ်ဟုတ်မဟုတ်ဟုတ် အခုငါ့အမှားဖြစ်သွားလို့ မင်းကိုတောင်းပန်တယ် ဒါပေမယ့် မင်းက သိပ်ကိုဆိုးဝါးပြီး စည်းကမ်းမရှိလွန်းတဲ့မိန်းကလေး..
မင်းလိုဖျတ်ဖျတ်လူး လွန့်လွန့်ခါနေတဲ့မိန်းကလေးကို စိတ်နဲ့ရော လူနဲ့ရော ပြစ်မှားမှာမဟုတ်ဘူး
မင်းကိုနောက်ထပ်မတွေ့ချင်ဘူး"
"အဲ့ကျ နေက မမဆီမလာရတော့ဘူးလား"
"မင်းတို့ဘာသာ ဘယ်လိုတွေ့တွေ့လေ ငါ မင်းကိုမတွေ့ချင်ဘူးလို့ပြောနေတာ နားမလည်လို့လား"
ခါးထောက်ပြီး စူးစူးရှရှအော်ငေါက်လာတော့ နေ ပိုပြီးကြောက်သွားမိကာ ခေါင်းလေးကို ဆက်တိုက်ညိတ်ပြလိုက်သည်။
ဒီလူကြီးစိတ်ဆိုးနေပုံက ဦးဦးထက်ဘုန်းလျှံစိတ်ဆိုးလာတိုင်း သောင်းကျန်းတတ်ပုံနှင့် အတော်လေးဆင်တူတာမို့ သူဟာလည်း ဦးဦးလိုလူဆိုးကြီးဖြစ်လောက်၏။
"ဟုတ် နားလည်ပါတယ်"
"နောက်တစ်ခါ ငါ့ရှေ့ပြန်ရောက်လာရင် မင်းကို ဒီအတိုင်းလွှတ်ပေးမယ်မထင်နဲ့ မင်းရင်ဘတ်ထဲက ဗိုက်ထဲက ကလီစာတွေကိုတစ်ခုချင်းဆွဲထုတ်ပြီး ရောင်းစားပစ်မှာ ကြားလား"
"ဟုတ်"
ထိုလူကြီး နေ့ရှေ့ကထွက်သွားတော့မှ သက်ပြင်းလေးချမိရင်း တကယ်ကြောက်သွားမိတာကိုတော့ ဝန်ခံရမည်ဖြစ်သည်။
ပါပါးပြောခဲ့ဖူးသော 'Leoponတွေ တကယ်ရက်စက်လာရင် နှစ်ယောက်မရှိဘူး'ဆိုတာ အမှန်အကန်ကြီးဟုလည်း တွေးမိသွားသည်။
Crushကြီးက အမှန်အကန်ချေသည့်အပြင် သွေးအေးအေးဖြင့် လူသဝာ်တတ်မှန်းသိနေ၍ နေနေ ရင်ထဲစိမ့်နေအောင် ကြောက်သွားမိသည်ဆိုလျှင်…
💝💝◽◽◽💝💝
"မနက်ဖြန် ကိုယ်ခရီးထွက်ရမယ် Mineကိုလာကြိုနိုင်မှာမဟုတ်ဘူး"
"ဘယ်သွားရမှာလဲ"
"နောင်ချို.. သိမ်မွေ့စေ့စပ်တော့မယ်တဲ့"
"ဟင်! ကိုကြီးပြောတော့ မမသိမ်မွေ့က ဦးဇွဲနဲ့.."
"အင်း.. ဘာဖြစ်လို့လဲတော့မသိဘူး ရုတ်တရက်ကြီးကွာ စေ့စပ်ပေးတော့မယ်ဆိုပြီး လေးလေးပီယကလှမ်းခေါ်တာပဲ ဖေဖေနဲ့မေမေလည်း မိုးကုတ်ကပြန်ဆင်းလာကြပြီ"
"သူတို့ကပြတ်သွားကြတာလားဟင်"
"ပြတ်သွားလို့နေမှာပေါ့"
"အဲ့ဒါဆို အသက် ဦးဇွဲဆီဖုန်းဆက်လိုက်ဦးမယ်"
"အာ! နေပါဦး ကိုယ်နဲ့စကားပြောပါဦး"
"ကိုကြီးကိုချစ်တယ်လို့"
ရယ်သံသဲ့သဲ့ဖြင့် ပြောလာသော Mineအသံလေးကြောင့် စိတ်ဆိုးချင်နေသည့်စိတ်ဟာ အရည်ပျော်ကျသွား၏။
နှုတ်ခမ်းတွေမှာ အလိုလိုနေရာယူလာတာက ကြည်နူးသောအပြုံးတစ်ခုဖြစ်ပြီး ဒီကောင်မလေး ဒီလိုချွဲတတ်မှန်း သူ မသိခဲ့။
"ကိုကြီးပြန်လာရင်လည်း ဆီအပြည့်ထည့်ပေးမယ်"
"အခုရောထည့်မပေးချင်ဘူးလား ခဏတွေ့ရအောင်လေ ဒီနေ့သင်တန်းမသွားရတာနဲ့ပဲ မတွေ့ရဘူး"
"ကိုကိုသိသွားလိမ့်မယ် ဟိုရက်ကတောင် နေနေ့ကြောင့်မမိတာ သိရဲ့သားနဲ့"
"အခုလည်း မမိစေရဘူးဆိုရင်ရော လာတွေ့ရမှာလား"
"အင်း လာခဲ့"
"OK"
သူ ဖုန်းချပစ်လိုက်ကာ နာရီကိုတစ်ချက်လှမ်းကြည့်တော့ ညနေ ၅နာရီထိုးခါနီးပြီဖြစ်ကာ ဒီအချိန်ဆို ငလျှံအိမ်မှာရှိရင်တောင် Severခန်းထဲရောက်နေလောက်သည်။
အကယ်၍ ရုံးကိုရောက်နေခဲ့ရင်တော့ ပြန်လာခါနီးပြီမို့ တစ်ချက်ကြိတ်ပြုံးကာ ငလျှံ့ဆီဖုန်းဆက်လိုက်သည်။
ယောက်ဖအကြောင်း အစအဆုံးသိထားခြင်းဟာလည်း သူ့ညီမနဲ့တွဲသောအခါ အထောက်အကူဖြစ်စေတာပဲမို့…
"အေး ပြော"
"ငါ မင်းဆီလာမလို့ ညကျရင် ဘီယာသွားသောက်ရအောင်ကွာ အပြင်မထွက်ရတာကြာပြီ"
"ငါ စီမံကိန်းထဲရောက်နေတာ ငါပြန်ရောက်ရင်ဖုန်းဆက်လိုက်မယ်"
"အေးပါကွာ"
"ဟေ့ကောင် ငါရောက်မလာသေးလည်း ငါ့အိမ်ကိုမသွားနဲ့နော် မဟုတ်ရင် ဟိုတစ်ခါကလို မင်းမျက်ခွက်စုတ်ပြတ်သွားအောင်ကျွေးမှာ"
"အဟွန်း.. မင်းညီမသာ ငါနဲ့ဖူးစာပါရင် မင်းဘယ်လောက်တားတား ညားကိုညားမှာ ကျက်သတုံးရ"
"မင်းလိုကောင်ကို ယောက်ဖမတော်ဘူး ကျွဲစုတ်"
"မင်းမတော်ချင်နေ မင်းညီမ တော်ချင်ရင်ရပြီ ဒါပဲကွာ"
"အေး သွားရဲသွားကြည့်နော်"
ငလျှံ့အသံကို သေသေချာချာကြားလိုက်ပေမယ့် ပြန်မပြောတော့ဘဲဖုန်းချပစ်လိုက်ကာ ကားသော့ကိုယူပြီး ချက်ချင်းထွက်လာခဲ့သည်။
ကိုယ့်သူငယ်ချင်းအရင်းအချာကြီးကို နှစ်ပေါက်တစ်ပေါက် ရိုက်ရမည့်အဖြစ်အား အလိုလိုနေရင်းရယ်ချင်မိကာ ကားပါကင်ယူပြီးသည်နှင့် CCTVတွေကိုကွယ်ကာ အပေါ်ထပ်ကိုတက်လာခဲ့၏။
"အယ်! ကိုကြီးတကယ်လာတယ်"
အခန်းတံခါးဖွင့်ဖွင့်ချင်းမှာ အံ့ဩပျော်ရွှင်သွားသော Mineမျက်နှာလေးကြောင့် သူမကိုယ်လေးကို ခါးကနေပွေ့ချီပစ်လိုက်သည်။
လည်ပင်းကိုသိုင်းဖက်ကာ သူ့ပခုံးထက်မှာမျက်နှာလေးကပ်ပြီး ချွဲနေသော ကလေးဆိုးလေးကြောင့် အသည်းတယားယားဖြင့် ပါးလေးကိုနမ်းပစ်လိုက်မိသည်။
"ကိုကိုပြန်လာတော့မှာ"
"အင်း ဖုန်းဆက်ထားတယ် မင်းအစ်ကိုက ကြိမ်းသွားသေးတယ်သိလား သူမရှိဘဲအိမ်ကိုလာရင် ကိုယ့်မျက်နှာကိုစုတ်ပြတ်သွားအောင်ထိုးမယ်တဲ့"
"မကြောက်ဘူးပေါ့"
"တန်တယ်လေ"
"ကိုကြီးနော်"
နှုတ်ခမ်းလေးစူကာ သူ့ရင်ဘတ်ကိုထုလာတော့ သူ Mineမျက်နှာလေးကိုမော့ယူကာ နှုတ်ခမ်းတွေကို အပိုင်သိမ်းပစ်လိုက်သည်။
ဒီအသက်ကလေးကို မထိရ၊ မနမ်းရရင် တစ်ခုခုလိုအပ်နေသလိုခံစားရပြီး ဒီမျက်နှာလေးကိုရော၊ ဒီခန္ဓာကိုယ်လေးကိုပါ အချိန်ပြည့်အပိုင်သိမ်းထားချင်သည်။
"ကိုကြီး ဖယ်တော့ သူများကိုအတင်းဖက်နမ်းတာ မွှန်းနေပြီ"
"နမ်းရုံလေးပဲလေ ဘာလဲ ငြိုငြင်တာလား မချစ်တော့လို့လား"
"မဟုတ်ပါဘူး"
"မင်းက ငါချစ်သလောက်မချစ်ပါဘူး"
"ကိုကြီးကလည်း"
စိတ်ဆိုးချင်ယောင်ဆောင်ပြီး သူမကိုပြန်ချပေးလိုက်ကာ တွန်းဖယ်လိုက်တော့ အချစ်နဲ့အခုမှထိတွေ့ဖူးသည့် Mineမျက်နှာလေးငယ်သွား၏။
မဝံ့မရဲပုံစံလေးဖြင့် သူ့ကိုမော့ကြည့်ကာ…
"အဲ့လိုမဟုတ်ပါဘူးဆို ကိုကြီးဖက်ထားတာ အသက်ရှုကြပ်လို့ပါ"
"ရတယ် မဖက်တော့ဘူး"
သူ ဧည့်ခန်းကိုပဲဆက်လျှောက်လာခဲ့တော့ Mineက သူ့နောက်ကကပ်ပါလာပြီး သူထိုင်ချတော့လည်း သူ့အနားကပ်ထိုင်၏။
အမြဲတမ်းလက်ပါပြီး ရဲရင့်ဝံ့ကြွားနေတတ်သည့် သူမသည် အခုအချိန်မှာတော့ ယုန်ဖြူလေးတစ်ကောင်လို ငြိမ်ဝပ်နေ၍ Mineကိုပိုပြီးအသည်းယားသွားမိသည်။
"ကိုကြီးလို့"
"အင်း"
"စိတ်မဆိုးပါနဲ့ဆို"
"မဆိုးပါဘူး စိတ်မကောင်းဖြစ်သွားတာ ကိုယ်ကချစ်လို့ လွမ်းလို့နမ်းတာလေ မင်းကမှ နှာဘူးကောင်ကြီးလိုဆက်ဆံနေတာ"
"မဟုတ်ပါဘူးဆို အသက်ရှူကြပ်သွားလို့ပါဆို"
"တော်ပါ"
ဒီတစ်ခါတော့ Mineက ဘာမှထပ်မပြောတော့ဘဲ နှုတ်ခမ်းကိုဖိကိုက်ပြီး ထိုင်ရာမှထသွားကာ အံဆွဲတစ်ခုကိုဖွင့်ကာ ဘာယူနေသလဲမသိ။
ပြီးမှ သူ့အနားမှာ ဆောင့်ခနဲပြန်ထိုင်ချပြီး…
"မဟုတ်ဘူးလို့ပြောနေတာကို လက်မခံဘူးလား"
"မခံဘူး"
"ထပ်ပြောစမ်း"
ဆိုပြီး သူ့နားထင်ကိုလာထောက်သည့် သေနဝာ်ပြောင်းဝ။
ရုတ်တရက်မို့ လန့်သွားမိသလို Mineရဲ့ချော့နည်းကြောင့် ရယ်လည်းရယ်ချင်သွားပြီး ဟက်ခနဲရယ်ချတော့ ပိုပြီးစူပုတ်သွားသော သူမမျက်နှာလေး…
"ဘဲကိုချော့တာ ဒီလိုနည်းနဲ့လား"
"ဘယ်လိုနည်းနဲ့ပဲချော့ချော့ စိတ်ဆိုးပြေဖို့အဓိကပဲမလား ပြောစမ်းပါဦ စိတ်ဆိုးသေးလား ဟမ်?.."
"မဆိုးပါဘူး ကိုယ်ကအချော့ခံချင်လို့စိတ်ဆိုးတာပါ ရပြီလား"
"အဲ့လိုမှပေါ့"
ထိုအခါမှ သေနဝာ်ကိုစားပွဲပေါ်ချကာ သူ့လည်ပင်းကိုပြန်ဖက်လာသည့် လက်ကလေးတွေကြောင့် နောက်ထပ် သူမကိုစိတ်မဆိုးဖို့ ကိုယ့်ကိုယ်ကို သတိပေးလိုက်မိသည်။
သို့သော် ဒီMafiaမလေးကတော့ ကြောက်စရာမကောင်းပါဘဲ အချိန်ပြည့် ဆွဲနမ်းပစ်ချင်စရာကောင်းသည့် အသည်းအသက်ကလေး…
💝💝◽◽◽💝💝
စားပွဲပေါ်တင်ထားသည့်လက်စွပ်ကလေးကို အသက်မဲ့စွာငေးရင်း သက်ပြင်းလေးခိုးချမိကာ အသာလေးထိတို့ကြည့်မိသည်။
ကိုယ့်ကိုယ်ကိုမှန်တယ်ဆိုသည့် ယုံကြည်ချက်တွေဖြင့် မာကျောနေခဲ့ပေမယ့် တကယ်တမ်း ဦးကိုမမေ့နိုင်…
ဒါပေမယ့် သိမ်မွေ့ကို အမြဲနောက်မှာချန်ထားသည့် ဦးအနားမှာ ဆက်မနေနိုင်တာသေချာသွားခဲ့ပြီဖြစ်သည်။
"အဲ့လောက်အသက်အရွယ်ကွာတဲ့လူနဲ့ သဘောမတူနိုင်ဘူးနော် သိမ်မွေ့"
"ဟုတ်တယ် ပြီးတော့ လွတ်လွတ်ကင်းကင်းလည်းမဟုတ်ဘူး Mafiaတဲ့ တွေးကြည့်ရုံနဲ့တင်လေ ညည်းလေးကိုသိမ်းကျုံးပြီး ရိုက်ပစ်ချင်တာ"
"အဲ့ဒါတွေပြောမနေနဲ့တော့ လာမယ့်ဗုဒ္ဓဟူးမှာ အဖေ့မိတ်ဆွေရဲ့သားနဲ့ စေ့စပ်ပေးမယ် လက်ခံလား"
ဟု အဖေမေးလာတော့ ခေါင်းညိတ်ခဲ့ခြင်းဖြစ်သည်။
မိဘစကား နားထောင်ရာလည်းရောက်သလို သိမ်မွေ့အပေါ်အမြဲရက်စက်သည့် ဦးအနားကလည်း ထွက်ပြေးဖို့အကောင်းဆုံးနည်းလမ်းပဲမလား…
"ဒီလိုဇာတ်သိမ်းတာပဲကောင်းပါတယ် မဟုတ်ရင် သိမ်မွေ့ရုန်းထွက်နိုင်ဦးမှာမဟုတ်ဘူး ဦးရက်စက်သမျှ ပစ်ခွာထားသမျှ ဝဋ်ကြွေးတစ်ခုလိုခံစားရဦးမှာ"
သိမ်မွေ့ လက်စွပ်ကလေးကို တယုတယကောက်ယူပြီး နှုတ်ခမ်းလေးနှင့် ထိကပ်ကာ နှစ်နှစ်ခြိုက်ခြိုက်နမ်းလိုက်မိ၏။
"ဒါပေမယ့် ဦးကိုအရမ်းချစ်တယ်"
💝💝◽◽◽💝💝
Part 33 ဆက်ရန်
ဦးဇွဲနဲ့ မွေ့မွေ့ကို 'ခခယယချစ်သူ'ဆိုတဲ့ခေါင်းစဥ်နဲ့ သပ်သပ်ရေးပေးမယ်နော် ပေပီတို့
စာဖတ်သူတစ်ဦးချင်းစီကိုလေးစားလျက်
#shinthant1141997
~~~~~~~~~~~~~~~~~
💝 Part - 32 💝
◽◽◽◽◽
"နင့္ကိုတကယ္နမ္းလိုက္တာလား"
မမေမးလာေတာ့ ေနေခါင္းေလးကိုသာညိတ္ျပရင္း လက္ကေလးေတြဆုပ္ေခ်ေနမိကာ ထိုအခ်ိန္က ကိုသားေပါက္၏မ်က္ႏွာေခ်ာေခ်ာက ရင္ခုန္ခ်င္စရာမေကာင္းေတာ့ဘဲ ေၾကာက္စရာျဖစ္ေန၏။
ေနဟာ ဗရုတ္က်လြန္းေပမယ့္ အခုထက္ထိရည္းစားမထားဖူးသလို ဒီလူႀကီးကိုမွသေဘာက်မိသလို ဒီလူႀကီးနဲ႔မွလည္း…
"သူက မမျပန္မလာေသးလို႔ CCTVေတြကိုစစ္မလို႔လုပ္ေနတာ ကားပါကင္မွာ CCTVရိွတယ္ေလ အဲ့ဒါေၾကာင့္မို႔ ေနက သူ႔Laptopကိုပိတ္ပစ္ၿပီး လိုက္စတဲ့ဥစၥာ သူက ေန့ကိုတကယ္နမ္းတာ အဟင့္! အီးဟီး.. သူမ်ားကိုခ်စ္လည္းမခ်စ္ဘဲနဲ႔ အသားယူတဲ့လူႀကီး
ညက် အိပ္ရာထဲေသးေပါက္ခ်မိပါေစ"
"ေဟာ့ေတာ္"
"ေဘာင္းဘီဝတ္ရင္လည္း သူ႔ညီေလး ဇစ္ညပ္ပါေစ"
"ေနေန အဲ့လိုေတြမက်ိန္ဆဲရဘူးေလ မိန္းကေလးျဖစ္ေနၿပီး.."
"ဆဲမွာပဲ သူမ်ားရဲ့first kissကို အသားယူၿပီး ရသြားတာ မမပဲစဥ္းစားၾကၫ့္"
"ေအးပါ ဟုတ္ပါတယ္"
"မမကို အန္တီခ်စ္ျခင္းက သမင္သားအစစ္ရလို႔တဲ့ မီးကင္ၿပီးေပးလိုက္တာ အဲ့ဒါလာပို႔တာ"
"အင္းပါ နင္ကဘယ္ႏွရက္ေနမွာလဲ"
မမက ေနေန့ကိုေခ်ာ့ေမာ့ၿပီး တစ္ရႉးေတြႏွင့္ မ်က္ရည္ေတြသုတ္ေပးေသာေၾကာင့္ ေန ေက်နပ္လိုက္ၿပီး အငိုတိတ္သြားေတာ့သည္။
စိတ္ထဲမွာ ႏွေမ်ာေနမိတာက ေနေန့ရဲ့first kissကို ေနေနခ်စ္ရသူသာျဖစ္ေစခ်င္ကာ ကိုသားေပါက္က ေနေန့ကိုမွမခ်စ္ဘဲ…
"ပါပါးက ရန္ကုန္ကိုဆက္ဆင္းမွာေလ ေဆးညီလာခံရိွလို႔တဲ့ ေနက ဒီမွာေနခဲ့မွာ ၃ရက္ေလာက္ေတာ့ၾကာမယ္"
"ဦးသံလြင္အိမ္မွာမရိွရင္ နင္တစ္ေယာက္တည္းမလား ငါနဲ႔လာေနပါ့လား"
"မမနဲ႔ေနခ်င္တယ္ ကိုသားေပါက္ကိုေၾကာက္တယ္ သူက ေန့ကိုေက်နပ္မွာမဟုတ္ဘူး ေန,သိတယ္"
"အာ!! ငါရိွပါတယ္ေနေနကလည္း.. ဘာလို႔ေၾကာက္ေနမွာလဲ ေနအဉၨရာဆိုတာ ခပ္ကဲကဲခပ္ရဲရဲေကာင္မေလးပဲဥစၥာ အဲ့ဒီပံုစံေလးကိုက ခ်စ္စရာေကာင္းေနတဲ့ဟာ"
"ဟင့္!! ေနဘူးလို႔"
"ေအးပါ မေနရင္လည္းေတာ္ေတာ့ မငိုနဲ႔ေတာ့ ၾကၫ့္ပါဦး အီဂ်စ္ကျပားမ,ေတြက ငိုရင္မလွဘူးတဲ့"
"တကယ္မလွဘူးလား"
"မလွဘူး"
ဒီလိုဆိုေတာ့လည္း ေနသည္ အလွမပ်က္ခ်င္တာမို႔ မ်က္ရည္ေတြသုတ္ကာ တစ္ရႉးႏွင့္ႏွပ္ၫွစ္လိုက္ခ်ိန္ ပါပါးဆီကဖုန္းဝင္လာ၏။
ညစာစားခ်ိန္အမွီျပန္လာခဲ့ဖို႔ ေခၚျခင္းျဖစ္ကာ မာမားလည္း ေရာက္ေနၿပီဆိုသည္။
"လာၿပီ ပါပါး"
ေန ဖုန္းခ်လိုက္ၿပီး မမကိုႏႈတ္ဆက္ေတာ့ မမကလိုက္ပို႔ေပးရင္းကာ ဓာတ္ေလွကားအနားေရာက္ေတာ့…
"ရတယ္ မမ ေန့ဘာသာပဲသြားလိုက္ေတာ့မယ္"
ဟု မမကိုႏႈတ္ဆက္လိုက္၏။
ဓာတ္ေလွကားထဲေရာက္ေတာ့မွ သက္ျပင္းေလးခ်မိကာ နံရံမွာျမင္ေနရသၫ့္ကိုယ္မ်က္ႏွာေလးကို ကိုင္ၾကၫ့္မိျပန္သည္။
ႏွေမ်ာလိုက္တာ သူမ်ားရဲ့first kissေလး…
ထိုအခ်ိန္ ဓာတ္ေလွကားပြင့္သြား၍ ေန အေျပးတပိုင္းထြက္လာခဲ့ကာ ဟိုလူႀကီးေစာင့္ၾကၫ့္ေနမလားဆိုသည့္ ေၾကာက္စိတ္ေၾကာင့္ျဖစ္သည္။
သူဟာ CCTVေတြကို ေနရာေပါင္းစံုကစစ္ေဆးႏိုင္သည္မလား…
"ျပန္ေတာ့မွာလား"
"အေမ့!"
ေနေန့ကားကိုမွီၿပီး စီးကရက္ေသာက္ေနေသာ ကိုသားေပါက္ေၾကာင့္ ေန လန႔္ဖ်ပ္သြားၿပီး ကားကိုၾကၫ့္လိုက္၊ သူ႔ကိုျပန္ၾကၫ့္လိုက္ျဖစ္သြား၏။
ထင္ထားသၫ့္အတိုင္း ေန့ကိုမေက်နပ္ေသာ ဒီလူႀကီးက ေစာေစာကလိုမ်ိဳး ေန့ကိုအႏိုင္က်င့္ေနရင္..
"အီးဟီး!! မာမားေရ ေနေန့ကိုကယ္ပါဦး"
"ဟိတ္! တိတ္စမ္း မင္းကိုဘာလုပ္ရေသးလို႔ အာၿပဲႀကီးနဲ႔ေအာ္ေနတာလဲ"
"လုပ္ေတာ့မွာမလား"
"ဘာ!"
"ေန့ကို မေက်နပ္ေနတာနဲ႔ပဲ ေစာေစာကလို ရိုက္မလို႔လားလို႔ေျပာတာ"
"မင္းစကားကို ရွင္းရွင္းလင္းလင္းေျပာလို႔မရဘူးလား ဟိုလိုလို ဒီလိုလိုေတြေလ်ွာက္ေျပာေနတာ ငါကပဲ လူယုတ္မာႀကီး အခြင့္အေရးသမားႀကီး
မင္းကိုမတၫ့္တာ အဲ့ဒါေတြပဲ အၿမဲတမ္းလုပ္ခ်င္ရာလုပ္တယ္ ေျပာခ်င္ရာေျပာတယ္ ေဘးလူဘာျဖစ္သြားသြား စိတ္မဝင္စားဘူး"
ေလသံမာမာႀကီးျဖင့္ ေန့ကိုစူးစူးဝါးဝါးၾကၫ့္ကာ ေအာ္ေငါက္လာေတာ့ ေနသည္ သူ႔ကိုေရာ၊ သူ႔စကားေတြကိုပါေၾကာက္ရြံ႔သြားမိ၏။
ေန ဒီလိုေနတတ္တာက တမင္လုပ္ေနတာမဟုတ္သလို ဘယ္သူကမွလည္း ေန့ကိုအျပစ္မျမင္ခဲ့ပါဘဲ…
"အခုလည္း မင္း ငါ့ေရ႔ွမွာ ကပ္ၿပီးလာထိုင္တာက အျပစ္မဟုတ္ဘူး ထိမိသြားေတာ့ ငါ့အျပစ္ေပါ့"
"ေနေနက တမင္လုပ္တာမဟုတ္ပါဘူး"
"တမင္လုပ္တာ ဟုတ္ဟုတ္မဟုတ္ဟုတ္ အခုငါ့အမွားျဖစ္သြားလို႔ မင္းကိုေတာင္းပန္တယ္ ဒါေပမယ့္ မင္းက သိပ္ကိုဆိုးဝါးၿပီး စည္းကမ္းမရိွလြန္းတဲ့မိန္းကေလး..
မင္းလိုဖ်တ္ဖ်တ္လူး လြန႔္လြန႔္ခါေနတဲ့မိန္းကေလးကို စိတ္နဲ႔ေရာ လူနဲ႔ေရာ ျပစ္မွားမွာမဟုတ္ဘူး
မင္းကိုေနာက္ထပ္မေတြ့ခ်င္ဘူး"
"အဲ့က် ေနက မမဆီမလာရေတာ့ဘူးလား"
"မင္းတို႔ဘာသာ ဘယ္လိုေတြ့ေတြ့ေလ ငါ မင္းကိုမေတြ့ခ်င္ဘူးလို႔ေျပာေနတာ နားမလည္လို႔လား"
ခါးေထာက္ၿပီး စူးစူးရွရွေအာ္ေငါက္လာေတာ့ ေန ပိုၿပီးေၾကာက္သြားမိကာ ေခါင္းေလးကို ဆက္တိုက္ညိတ္ျပလိုက္သည္။
ဒီလူႀကီးစိတ္ဆိုးေနပံုက ဦးဦးထက္ဘုန္းလ်ွံစိတ္ဆိုးလာတိုင္း ေသာင္းက်န္းတတ္ပံုႏွင့္ အေတာ္ေလးဆင္တူတာမို႔ သူဟာလည္း ဦးဦးလိုလူဆိုးႀကီးျဖစ္ေလာက္၏။
"ဟုတ္ နားလည္ပါတယ္"
"ေနာက္တစ္ခါ ငါ့ေရ႔ျွပန္ေရာက္လာရင္ မင္းကို ဒီအတိုင္းလႊတ္ေပးမယ္မထင္နဲ႔ မင္းရင္ဘတ္ထဲက ဗိုက္ထဲက ကလီစာေတြကိုတစ္ခုခ်င္းဆဲြထုတ္ၿပီး ေရာင္းစားပစ္မွာ ၾကားလား"
"ဟုတ္"
ထိုလူႀကီး ေန့ေရ႔ွကထြက္သြားေတာ့မွ သက္ျပင္းေလးခ်မိရင္း တကယ္ေၾကာက္သြားမိတာကိုေတာ့ ဝန္ခံရမည္ျဖစ္သည္။
ပါပါးေျပာခဲ့ဖူးေသာ 'Leoponေတြ တကယ္ရက္စက္လာရင္ ႏွစ္ေယာက္မရိွဘူး'ဆိုတာ အမွန္အကန္ႀကီးဟုလည္း ေတြးမိသြားသည္။
Crushႀကီးက အမွန္အကန္ေခ်သၫ့္အျပင္ ေသြးေအးေအးျဖင့္ လူသဝာ္တတ္မွန္းသိေန၍ ေနေန ရင္ထဲစိမ့္ေနေအာင္ ေၾကာက္သြားမိသည္ဆိုလ်ွင္…
💝💝◽◽◽💝💝
"မနက္ျဖန္ ကိုယ္ခရီးထြက္ရမယ္ Mineကိုလာႀကိဳႏိုင္မွာမဟုတ္ဘူး"
"ဘယ္သြားရမွာလဲ"
"ေနာင္ခ်ိဳ.. သိမ္ေမြ့ေစ့စပ္ေတာ့မယ္တဲ့"
"ဟင္! ကိုႀကီးေျပာေတာ့ မမသိမ္ေမြ့က ဦးဇဲြနဲ႔.."
"အင္း.. ဘာျဖစ္လို႔လဲေတာ့မသိဘူး ရုတ္တရက္ႀကီးကြာ ေစ့စပ္ေပးေတာ့မယ္ဆိုၿပီး ေလးေလးပီယကလွမ္းေခၚတာပဲ ေဖေဖနဲ႔ေမေမလည္း မိုးကုတ္ကျပန္ဆင္းလာၾကၿပီ"
"သူတို႔ကျပတ္သြားၾကတာလားဟင္"
"ျပတ္သြားလို႔ေနမွာေပါ့"
"အဲ့ဒါဆို အသက္ ဦးဇဲြဆီဖုန္းဆက္လိုက္ဦးမယ္"
"အာ! ေနပါဦး ကိုယ္နဲ႔စကားေျပာပါဦး"
"ကိုႀကီးကိုခ်စ္တယ္လို႔"
ရယ္သံသဲ့သဲ့ျဖင့္ ေျပာလာေသာ Mineအသံေလးေၾကာင့္ စိတ္ဆိုးခ်င္ေနသၫ့္စိတ္ဟာ အရည္ေပ်ာ္က်သြား၏။
ႏႈတ္ခမ္းေတြမွာ အလိုလိုေနရာယူလာတာက ၾကည္ႏူးေသာအႃပံုးတစ္ခုျဖစ္ၿပီး ဒီေကာင္မေလး ဒီလိုခၽဲြတတ္မွန္း သူ မသိခဲ့။
"ကိုႀကီးျပန္လာရင္လည္း ဆီအျပၫ့္ထၫ့္ေပးမယ္"
"အခုေရာထၫ့္မေပးခ်င္ဘူးလား ခဏေတြ့ရေအာင္ေလ ဒီေန့သင္တန္းမသြားရတာနဲ႔ပဲ မေတြ့ရဘူး"
"ကိုကိုသိသြားလိမ့္မယ္ ဟိုရက္ကေတာင္ ေနေန့ေၾကာင့္မမိတာ သိရဲ့သားနဲ႔"
"အခုလည္း မမိေစရဘူးဆိုရင္ေရာ လာေတြ့ရမွာလား"
"အင္း လာခဲ့"
"OK"
သူ ဖုန္းခ်ပစ္လိုက္ကာ နာရီကိုတစ္ခ်က္လွမ္းၾကၫ့္ေတာ့ ညေန ၅နာရီထိုးခါနီးၿပီျဖစ္ကာ ဒီအခ်ိန္ဆို ငလ်ွံအိမ္မွာရိွရင္ေတာင္ Severခန္းထဲေရာက္ေနေလာက္သည္။
အကယ္၍ ရံုးကိုေရာက္ေနခဲ့ရင္ေတာ့ ျပန္လာခါနီးၿပီမို႔ တစ္ခ်က္ႀကိတ္ႃပံုးကာ ငလ်ွံ႔ဆီဖုန္းဆက္လိုက္သည္။
ေယာက္ဖအေၾကာင္း အစအဆံုးသိထားျခင္းဟာလည္း သူ႔ညီမနဲ႔တဲြေသာအခါ အေထာက္အကူျဖစ္ေစတာပဲမို႔…
"ေအး ေျပာ"
"ငါ မင္းဆီလာမလို႔ ညက်ရင္ ဘီယာသြားေသာက္ရေအာင္ကြာ အျပင္မထြက္ရတာၾကာၿပီ"
"ငါ စီမံကိန္းထဲေရာက္ေနတာ ငါျပန္ေရာက္ရင္ဖုန္းဆက္လိုက္မယ္"
"ေအးပါကြာ"
"ေဟ့ေကာင္ ငါေရာက္မလာေသးလည္း ငါ့အိမ္ကိုမသြားနဲ႔ေနာ္ မဟုတ္ရင္ ဟိုတစ္ခါကလို မင္းမ်က္ခြက္စုတ္ျပတ္သြားေအာင္ကၽြေးမွာ"
"အဟြန္း.. မင္းညီမသာ ငါနဲ႔ဖူးစာပါရင္ မင္းဘယ္ေလာက္တားတား ညားကိုညားမွာ က်က္သတံုးရ"
"မင္းလိုေကာင္ကို ေယာက္ဖမေတာ္ဘူး ကၽဲြစုတ္"
"မင္းမေတာ္ခ်င္ေန မင္းညီမ ေတာ္ခ်င္ရင္ရၿပီ ဒါပဲကြာ"
"ေအး သြားရဲသြားၾကၫ့္ေနာ္"
ငလ်ွံ႔အသံကို ေသေသခ်ာခ်ာၾကားလိုက္ေပမယ့္ ျပန္မေျပာေတာ့ဘဲဖုန္းခ်ပစ္လိုက္ကာ ကားေသာ့ကိုယူၿပီး ခ်က္ခ်င္းထြက္လာခဲ့သည္။
ကိုယ့္သူငယ္ခ်င္းအရင္းအခ်ာႀကီးကို ႏွစ္ေပါက္တစ္ေပါက္ ရိုက္ရမၫ့္အျဖစ္အား အလိုလိုေနရင္းရယ္ခ်င္မိကာ ကားပါကင္ယူၿပီးသည္ႏွင့္ CCTVေတြကိုကြယ္ကာ အေပၚထပ္ကိုတက္လာခဲ့၏။
"အယ္! ကိုႀကီးတကယ္လာတယ္"
အခန္းတံခါးဖြင့္ဖြင့္ခ်င္းမွာ အံ့ဩေပ်ာ္ရႊင္သြားေသာ Mineမ်က္ႏွာေလးေၾကာင့္ သူမကိုယ္ေလးကို ခါးကေနေပြ့ခ်ီပစ္လိုက္သည္။
လည္ပင္းကိုသိုင္းဖက္ကာ သူ႔ပခံုးထက္မွာမ်က္ႏွာေလးကပ္ၿပီး ခၽဲြေနေသာ ကေလးဆိုးေလးေၾကာင့္ အသည္းတယားယားျဖင့္ ပါးေလးကိုနမ္းပစ္လိုက္မိသည္။
"ကိုကိုျပန္လာေတာ့မွာ"
"အင္း ဖုန္းဆက္ထားတယ္ မင္းအစ္ကိုက ႀကိမ္းသြားေသးတယ္သိလား သူမရိွဘဲအိမ္ကိုလာရင္ ကိုယ့္မ်က္ႏွာကိုစုတ္ျပတ္သြားေအာင္ထိုးမယ္တဲ့"
"မေၾကာက္ဘူးေပါ့"
"တန္တယ္ေလ"
"ကိုႀကီးေနာ္"
ႏႈတ္ခမ္းေလးစူကာ သူ႔ရင္ဘတ္ကိုထုလာေတာ့ သူ Mineမ်က္ႏွာေလးကိုေမာ့ယူကာ ႏႈတ္ခမ္းေတြကို အပိုင္သိမ္းပစ္လိုက္သည္။
ဒီအသက္ကေလးကို မထိရ၊ မနမ္းရရင္ တစ္ခုခုလိုအပ္ေနသလိုခံစားရၿပီး ဒီမ်က္ႏွာေလးကိုေရာ၊ ဒီခႏၶာကိုယ္ေလးကိုပါ အခ်ိန္ျပၫ့္အပိုင္သိမ္းထားခ်င္သည္။
"ကိုႀကီး ဖယ္ေတာ့ သူမ်ားကိုအတင္းဖက္နမ္းတာ မႊန္းေနၿပီ"
"နမ္းရံုေလးပဲေလ ဘာလဲ ၿငိဳျငင္တာလား မခ်စ္ေတာ့လို႔လား"
"မဟုတ္ပါဘူး"
"မင္းက ငါခ်စ္သေလာက္မခ်စ္ပါဘူး"
"ကိုႀကီးကလည္း"
စိတ္ဆိုးခ်င္ေယာင္ေဆာင္ၿပီး သူမကိုျပန္ခ်ေပးလိုက္ကာ တြန္းဖယ္လိုက္ေတာ့ အခ်စ္နဲ႔အခုမွထိေတြ့ဖူးသၫ့္ Mineမ်က္ႏွာေလးငယ္သြား၏။
မဝံ့မရဲပံုစံေလးျဖင့္ သူ႔ကိုေမာ့ၾကၫ့္ကာ…
"အဲ့လိုမဟုတ္ပါဘူးဆို ကိုႀကီးဖက္ထားတာ အသက္ရႈၾကပ္လို႔ပါ"
"ရတယ္ မဖက္ေတာ့ဘူး"
သူ ဧၫ့္ခန္းကိုပဲဆက္ေလ်ွာက္လာခဲ့ေတာ့ Mineက သူ႔ေနာက္ကကပ္ပါလာၿပီး သူထိုင္ခ်ေတာ့လည္း သူ႔အနားကပ္ထိုင္၏။
အၿမဲတမ္းလက္ပါၿပီး ရဲရင့္ဝံ့ႂကြားေနတတ္သၫ့္ သူမသည္ အခုအခ်ိန္မွာေတာ့ ယုန္ျဖဴေလးတစ္ေကာင္လို ၿငိမ္ဝပ္ေန၍ Mineကိုပိုၿပီးအသည္းယားသြားမိသည္။
"ကိုႀကီးလို႔"
"အင္း"
"စိတ္မဆိုးပါနဲ႔ဆို"
"မဆိုးပါဘူး စိတ္မေကာင္းျဖစ္သြားတာ ကိုယ္ကခ်စ္လို႔ လြမ္းလို႔နမ္းတာေလ မင္းကမွ ႏွာဘူးေကာင္ႀကီးလိုဆက္ဆံေနတာ"
"မဟုတ္ပါဘူးဆို အသက္ရႉၾကပ္သြားလို႔ပါဆို"
"ေတာ္ပါ"
ဒီတစ္ခါေတာ့ Mineက ဘာမွထပ္မေျပာေတာ့ဘဲ ႏႈတ္ခမ္းကိုဖိကိုက္ၿပီး ထိုင္ရာမွထသြားကာ အံဆဲြတစ္ခုကိုဖြင့္ကာ ဘာယူေနသလဲမသိ။
ၿပီးမွ သူ႔အနားမွာ ေဆာင့္ခနဲျပန္ထိုင္ခ်ၿပီး…
"မဟုတ္ဘူးလို႔ေျပာေနတာကို လက္မခံဘူးလား"
"မခံဘူး"
"ထပ္ေျပာစမ္း"
ဆိုၿပီး သူ႔နားထင္ကိုလာေထာက္သၫ့္ ေသနဝာ္ေျပာင္းဝ။
ရုတ္တရက္မို႔ လန႔္သြားမိသလို Mineရဲ့ေခ်ာ့နည္းေၾကာင့္ ရယ္လည္းရယ္ခ်င္သြားၿပီး ဟက္ခနဲရယ္ခ်ေတာ့ ပိုၿပီးစူပုတ္သြားေသာ သူမမ်က္ႏွာေလး…
"ဘဲကိုေခ်ာ့တာ ဒီလိုနည္းနဲ႔လား"
"ဘယ္လိုနည္းနဲ႔ပဲေခ်ာ့ေခ်ာ့ စိတ္ဆိုးေျပဖို႔အဓိကပဲမလား ေျပာစမ္းပါဦ စိတ္ဆိုးေသးလား ဟမ္?.."
"မဆိုးပါဘူး ကိုယ္ကအေခ်ာ့ခံခ်င္လို႔စိတ္ဆိုးတာပါ ရၿပီလား"
"အဲ့လိုမွေပါ့"
ထိုအခါမွ ေသနဝာ္ကိုစားပဲြေပၚခ်ကာ သူ႔လည္ပင္းကိုျပန္ဖက္လာသၫ့္ လက္ကေလးေတြေၾကာင့္ ေနာက္ထပ္ သူမကိုစိတ္မဆိုးဖို႔ ကိုယ့္ကိုယ္ကို သတိေပးလိုက္မိသည္။
သို႔ေသာ္ ဒီMafiaမေလးကေတာ့ ေၾကာက္စရာမေကာင္းပါဘဲ အခ်ိန္ျပၫ့္ ဆဲြနမ္းပစ္ခ်င္စရာေကာင္းသၫ့္ အသည္းအသက္ကေလး…
💝💝◽◽◽💝💝
စားပဲြေပၚတင္ထားသၫ့္လက္စြပ္ကေလးကို အသက္မဲ့စြာေငးရင္း သက္ျပင္းေလးခိုးခ်မိကာ အသာေလးထိတို႔ၾကၫ့္မိသည္။
ကိုယ့္ကိုယ္ကိုမွန္တယ္ဆိုသၫ့္ ယံုၾကည္ခ်က္ေတျြဖင့္ မာေက်ာေနခဲ့ေပမယ့္ တကယ္တမ္း ဦးကိုမေမ့ႏိုင္…
ဒါေပမယ့္ သိမ္ေမြ့ကို အၿမဲေနာက္မွာခ်န္ထားသၫ့္ ဦးအနားမွာ ဆက္မေနႏိုင္တာေသခ်ာသြားခဲ့ၿပီျဖစ္သည္။
"အဲ့ေလာက္အသက္အရြယ္ကြာတဲ့လူနဲ႔ သေဘာမတူႏိုင္ဘူးေနာ္ သိမ္ေမြ့"
"ဟုတ္တယ္ ၿပီးေတာ့ လြတ္လြတ္ကင္းကင္းလည္းမဟုတ္ဘူး Mafiaတဲ့ ေတြးၾကၫ့္ရံုနဲ႔တင္ေလ ညည္းေလးကိုသိမ္းက်ဳံးၿပီး ရိုက္ပစ္ခ်င္တာ"
"အဲ့ဒါေတြေျပာမေနနဲ႔ေတာ့ လာမယ့္ဗုဒၶဟူးမွာ အေဖ့မိတ္ေဆြရဲ့သားနဲ႔ ေစ့စပ္ေပးမယ္ လက္ခံလား"
ဟု အေဖေမးလာေတာ့ ေခါင္းညိတ္ခဲ့ျခင္းျဖစ္သည္။
မိဘစကား နားေထာင္ရာလည္းေရာက္သလို သိမ္ေမြ့အေပၚအၿမဲရက္စက္သၫ့္ ဦးအနားကလည္း ထြက္ေျပးဖို႔အေကာင္းဆံုးနည္းလမ္းပဲမလား…
"ဒီလိုဇာတ္သိမ္းတာပဲေကာင္းပါတယ္ မဟုတ္ရင္ သိမ္ေမြ့ရုန္းထြက္ႏိုင္ဦးမွာမဟုတ္ဘူး ဦးရက္စက္သမ်ွ ပစ္ခြာထားသမ်ွ ဝဋ္ႂကြေးတစ္ခုလိုခံစားရဦးမွာ"
သိမ္ေမြ့ လက္စြပ္ကေလးကို တယုတယေကာက္ယူၿပီး ႏႈတ္ခမ္းေလးႏွင့္ ထိကပ္ကာ ႏွစ္ႏွစ္ၿခိဳက္ၿခိဳက္နမ္းလိုက္မိ၏။
"ဒါေပမယ့္ ဦးကိုအရမ္းခ်စ္တယ္"
💝💝◽◽◽💝💝
Part 33 ဆက္ရန္
ဦးဇဲြနဲ႔ ေမြ့ေမြ့ကို 'ခခယယခ်စ္သူ'ဆိုတဲ့ေခါင္းစဥ္နဲ႔ သပ္သပ္ေရးေပးမယ္ေနာ္ ေပပီတို႔
စာဖတ္သူတစ္ဦးခ်င္းစီကိုေလးစားလ်က္
#shinthant1141997