💝 Part - 26 💝
◽◽◽◽◽
ဒက်ဒီရောက်လာသည့်အခါ ဈာပနကိစ္စကို ဆက်စီစဥ်ကြပြီး ဘွားဘွားရဲ့ဈာပနသည် တခြားဈာပနတွေလို ငိုယိုပူဆွေးနေမည့်သူမရှိ။
ဘွားဘွားကို သိပ်ချစ်သည့်ဘိုးဘိုးကိုယ်တိုင်ကလည်းမငိုသလို ဘွားဘွားနဲ့ကြီးပြင်းခဲ့သော ဒက်ဒီကလည်း ဘွားဘွားလက်ကလေးကိုကိုင်ပြီး တစ်ချက်တစ်ချက်ငုံ့နမ်းနေရုံသာ…
မနေ့ ဘိုးဘိုးပြောခဲ့သလို ဆုံးရှုံးလိုက်ရခြင်းမမည်သော လက်လွှတ်လိုက်ရခြင်းကြောင့်လားတော့မသိ။
ဘွားဘွားရဲ့ဈာပနအပြီးမှာ ဘိုးဘိုးသည် အရင်ကထက်ပိုပြီးနှုတ်ဆိတ်သွားကာ ဘုရားရှိခိုး၊ တရားထိုင်နေရင်းဖြင့်သာ အချိန်ကုန်တတ်လာ၏။
သူတို့အတွက်တော့ ဘိုးဘိုးကိုတစ်ယောက်တည်းထားခဲ့ဖို့ စိတ်မချတာမို့ ဒက်ဒီတို့ညီအစ်ကိုနှစ်ယောက် တိုးတိုးတိတ်တိတ်တိုင်ပင်နေချိန် သူက ဒက်ဒီရှေ့မှာဝင်ထိုင်လိုက်သည်။
"မင်းကဘာလုပ်မလို့လဲ"
"ထားလိုက်ပါတန်ခိုးရာ တစ်နေ့နေ့ သူလည်း ဒီမိသားစုအရေးမှာ ဦးဆောင်ဦးရွက်ပြုရမယ့်သူပဲ သူလည်းနားထောင်ပါစေ"
ဦးယံက ခွင့်ပြုပေးသောကြောင့် ဒက်ဒီကဘာမှထပ်မပြောတော့ဘဲ အစ်ကိုဖြစ်သူကိုပဲကြည့်ကာ…
"ကျွန်တော်တို့ ဘာဆက်လုပ်ကြမလဲအစ်ကို အဖေတစ်ယောက်တည်းစိတ်မချဘူး ကျွန်တော်မြေပြန့်ကိုပဲခေါ်သွားလိုက်မယ်"
"အဖေကလိုက်မှာမဟုတ်ဘူး ငါတို့မိသားစုပဲ ဒီကိုရွှေ့မလားလို့ စိတ်ကူးနေတာ"
"ဒါပေမယ့်တောင်ကြီးစံအိမ်က လွယ်လွယ်နဲ့ပြောင်းလို့ရမယ်မထင်ဘူးနော် Leoponအတွက်တော့ လားရှိုးထက် တောင်ကြီးကအချက်အချာပိုကျတယ်"
"အင်း.. သိတယ် ငါLeoponကို လက်လွှတ်တော့မလို့"
ထင်မှတ်မထားသောဦးယံရဲ့စကားကြောင့် ဒက်ဒီကိုယ်တိုင်လည်းအံ့ဩသွားသလို သူကိုယ်တိုင်လည်း အံ့အားသင့်သွားမိသည်။
ဦးယံဟာ Leoponကိုအုပ်ချုပ်နေခဲ့တာ နှစ်၄၀နီးပါးရှိပြီဖြစ်ကာ Leoponဟာ ဦးယံနဲ့ခွဲခြားလို့မရအောင် တစ်ထပ်တည်းကျနေခဲ့ပြီ။
ရှမ်းပြည်တစ်ခုလုံးကိုတောင် Leoponနယ်မြေအဖြစ် ဖန်တီးပြီးကာမှ ဦးယံဘာကြောင့်စိတ်ပြောင်းသွားတာလဲ…
"အစ်ကို"
"သမီးကိုငါ့လိုဖြစ်မှာစိုးတယ် တန်ခိုး ငါ့မှာရွေးချယ်စရာမရှိလို့ Leoponကိုရောက်လာပေမယ့် တကယ်တမ်း ငါရုန်းမထွက်နိုင်ခဲ့လို့ ဒီလောက်အထိကြာသွားတာ သမီးကိုတော့ သူနေချင်တဲ့ဘဝမျိုးပေးချင်တယ်
ပြီးတော့ မင်းတူမက အရင်လိုမဟုတ်တော့ဘူး ဒီပုံစံအတိုင်းတော့ ငါစိတ်မချနိုင်ဘူး"
"ဒါပေမယ့် သက်ထက်က အစ်ကို့နေရာယူမယ်လို့ကတိပေးခဲ့တယ်ဆို"
"အဲ့ဒါကစကားအရပါ သူ့ကိုယ်သူယုံကြည်မှုမရှိဘူး ခြေမခိုင်တဲ့ကလေးလိုပဲ အစကနေပြန်လေ့ကျင့်ရတော့မှာ အဟွန်း.. ကလေးကို နောက်ထပ်မပင်ပန်းစေချင်တော့ဘူး ပြီးတော့ သက်ထက်က ခေါင်းဆောင်မလုပ်ချင်ဘူး ငါ့ဆန္ဒကြောင့်ပဲနေရာယူချင်ယူမှာ..
အဲ့ဒါကြောင့် ငါLeoponကိုပဲလက်လွှတ်လိုက်တော့မှာ"
"မဟုတ်သေးပါဘူး အစ်ကိုရာ"
"အသက်ကိုယ်တိုင်လည်း လုပ်ချင်စိတ်ရှိနေတာပဲ အရင်လိုမဟုတ်ရင်လည်း အရင်လိုပြန်ဖြစ်လာမှာပါ ဦးယံ အလျင်စလိုမဆုံးဖြတ်ပါနဲ့"
သွေးအေးအေးဖြင့်ပြုံးနေသော ဦးယံဟာ တကယ်ပဲဆုံးဖြတ်ထားပြီး တကယ်လုပ်တော့မည့်ဟန်ဖြင့် ဒက်ဒီနဲ့သူ့ကိုကြည့်ပြီး ဘာမှပြန်မပြော။
ဒက်ဒီဘယ်လိုဖြစ်သွားမလဲမသိပေမယ့် သူကတော့ နှမျောတသဖြစ်မိကာ ဦးယံအတွက် ဒီလောက်ပဲလွယ်ကူနေသလား…
ဦးယံလိုလူမျိုးကရော Leoponမှာနောက်ထပ် ထွက်ပေါ်လာနိုင်မှာတဲ့လား…
"အဲ့ဒါမင်းကိုအသိပေးတာ တန်ခိုး မြေပြန့်ကတော့မင်းနယ်မြေမို့ မင်းအဆင်ပြေသလိုပဲလုပ်ပါ ငါကတော့ အမေ့ဈာပနပြီးလို့ တောင်ကြီးကိုပြန်ရောက်ရင် သီဟကိုပဲဖြစ်ဖြစ်၊ နန္ဒကိုပဲဖြစ်ဖြစ် ဒါမှမဟုတ် တခြားနယ်မြေခေါင်းဆောင်တစ်ယောက်ကိုပဲဖြစ်ဖြစ် ပေးထားခဲ့တော့မှာ
သမီးကိုအေးချမ်းစေချင်ပြီ"
ဒက်ဒီ့ပခုံးကိုပုတ်ကာ ဦးယံထသွားသည့်အခါ သူ့ရင်ထဲဆို့နစ်သွားသလို ဒက်ဒီကလည်း ဦးယံကိုလိုက်ကြည့်ရင်း ငြိမ်သက်နေ၏။
စိတ်ရှုပ်ထွေးနေပုံရသော ဒက်ဒီဟာ သူ့ကိုအကြာကြီးစိုက်ကြည့်ပြီးမှ သက်ပြင်းတစ်ချက်ချကာ…
"ဘယ်တတ်နိုင်မလဲ အစ်ကို့စကားကိုပဲ အတည်ယူရမှာပေါ့"
"ဒက်ဒီ"
"Leoponက မင်းကိစ္စမဟုတ်ဘူး ဘုန်းအာဏာလျှံ ဒီတစ်ခါဝင်မပါနဲ့တော့"
💝💝◽◽◽💝💝
"မေ့သမီးလေးမှိုင်နေပါလား ဘာဖြစ်လို့လဲ"
သူလာမည်ဆို၍ အသက်ငိုင်တွေနေမိတုန်း မေမေကအခန်းထဲဝင်လာပြီး brushတစ်ချောင်းလှမ်းယူကာ အသက်ဆံပင်တွေကိုဖြီးပေးသည်။
မြေပြန့်မှာကတည်းက မေမေပြုပြင်ပေးထားခဲ့သည့် အသက်ရဲ့ဆံပင်တွေဟာ ခုထိမပျက်စီးသေးတာမို့ နုအိလှပနေဆဲ။
"သမီး ပစ်မှတ်တွေမထိတော့ဘူး မေမေ"
"ဝေးသွားလို့ပါ နေ့တိုင်းပြန့်လေ့ကျင့်ရင် အရင်လိုပြန်ဖြစ်လာမှာပဲ အဲ့ဒါအတွက်စိတ်ညစ်နေတာလား"
"ဟုတ်"
"ဘာမှစိတ်ညစ်မနေနဲ့ trainingကို မေမေလည်းလိုက်ခဲ့မယ် အတူတူပစ်ကြတာပေါ့ ဟုတ်ပြီလား"
"ဖေဖေသိရင် အသက်ကိုအရမ်းစိတ်ပျက်သွားမလားမသိဘူးနော်"
"အို!! သမီးရယ် ဘာလို့စိတ်ပျက်ရမှာလဲ"
မေမေက စိုးရိမ်သွားသလိုမျက်နှာလေးဖြင့် အသက်ကိုငုံ့ကြည့်ပြီး အသက်လည်ပင်းလေးကိုဖက်ကာ…
"သမီးဖေဖေက မျှော်လင့်ထားတယ်ဆိုပေမယ့် အဲ့ဒါကိုစိတ်ထဲသိပ်ထည့်မထားပါနဲ့ သမီးမလုပ်ချင်ဘူးလို့သာ ပြောပစ်လိုက်
သူ Leoponကိုပါပစ်ထားခဲ့လိမ့်မယ်"
"မဟုတ်တာ မေမေကလည်း"
"မေ့သမီးလေးက ဦးထက်ဘုန်းလျှံရဲ့အဖိုးတန်လေးပါ သမီးကိုဘာနဲ့မဆို သူ လဲယူနိုင်တယ် အဲ့ဒါကိုတော့ယုံ"
မေမေ့စကားကြောင့် အသက်စိတ်ထဲကြည်နူးသွားရပြီး မေမေ့ပါးလေးကိုမော့နမ်းပစ်လိုက်မိသည်အထိ။
မယုံနိုင်စရာမှ မရှိဘဲလေ…
💝💝◽◽◽💝💝
လားရှိုးကိုရောက်တော့ Leoponရဲ့စံအိမ်ကို တကူးတကကြီးရှာစရာမလိုဘဲ taxiသမားကိုပြောလိုက်ရုံဖြင့် ချက်ချင်းခေါင်းညိတ်သည်။
မှောင်ခိုအဖွဲ့အစည်းကြီးတစ်ခုဟုသာ အကြမ်းဖျင်းသိထားပေမယ့် ဘယ်၍ဘယ်မျှဩဇာအာဏာကြီးမားသလဲတော့မသိဘဲ taxiသမားရဲ့စူးစမ်းသောမေးခွန်းက…
"အခုLeoponမှာ သူတို့ဂိုဏ်းချုပ်ရဲ့အမေ ဈာပနပွဲလုပ်နေတယ် အရေးကြီးကိစ္စမရှိရင် နောက်ရက်မှသွားပါလား"
"ကြီးတယ် အခုသွားမှဖြစ်မှာ"
"Aww ဟုတ်ကဲ့ပါ သခင်လေးက သိပ်ဒေါသကြီးလို့ပြောတာပါ"
မတော်ရသေးသည့်ယောက္ခထီးအကြောင်းပါလာတော့ ငလျှံ့အိမ်မှာတွေ့ခဲ့သည့်လူကြီးကို ပြန်သတိရလိုက်ကာ အသက်ကိုတော့ တော်တော်ချစ်မည့်ပုံပေါ်သည်။
အေးစက်ခက်ထန်နေသောမျက်နှာဟာ တခြားလူတွေအတွက်သာဖြစ်ပြီး အသက်ကိုတော့ အကြည့်တွေကအစ နူးညံ့နေသည့်လူကြီး…
"တိုက်ဆိုင်ချက်ဗျာ ဟိုမှာLeoponရဲ့အိမ်ရှေ့မင်းသမီးက ဘယ်သွားမလို့လဲမသိဘူး"
ဆို၍ ကကမန်းကတန်းလှမ်းကြည့်မိတော့ အသက်ကို ပြိုင်ကားလေးတစ်စီးဖြင့် တစ်ဖက်လမ်းကြောမှာရိပ်ခနဲတွေ့လိုက်ရသည်။
ကိုယ်က သူမဆီလာကာမှ ဒီဟာလေးက ဘယ်တွေဝေ့ဦးမလဲမသိ…
"နောက်တက်လာမယ့်ခေါင်းဆောင်ဆိုတော့ သူ့အဖေကိုအမှီလိုက်နိုင်မလားလို့ အားလုံးစိတ်ဝင်စားနေကြတာ ကလေးမက ထက်မယ့်ပုံပဲ"
"အင်း"
ထက်တာမှ တွေ့တွေ့ချင်းလက်သီးနဲ့ထိုးတာဟု စိတ်ထဲကနေပြောလိုက်မိသည်။
Taxiသမားက စံအိမ်အနားမှာချပေးခဲ့တာမို့ သူသည် ထိုနေရာမှာပဲနေခဲ့လိုက်ကာ အသက်ပြန်အလာကိုသာစောင့်နေလိုက်သည်။
စံအိမ်ကြီးကတော့ ခမ်းနားလွန်းတာမို့ သူမဟာတကယ်ပဲရွှေမင်းသမီးလေးဖြစ်ပြီး တစ်ဦးတည်းသောသမီးမို့ ဘယ်လောက်တောင်အလိုလိုက်ခံရမလဲမသိ…
ဖုန်းဆက်ဖို့သတိရလိုက်ပေမယ့် အံ့ဩသွားမည့်မျက်နှာလေးကို မြင်ချင်သေး၍ စံအိမ်ရှေ့မှာပဲ ဇွဲနပဲနှင့်ထိုင်စောင့်နေလိုက်သည်။
ဒီအနီးတစ်ဝိုက်မှာ လူနေအိမ်သိပ်မရှိပါဘဲ ထင်းရှူးတောနှင့်လက်ဖက်ခြံတွေသာရှိတာမို့ အသွားအလာလည်းသိပ်မရှိဘဲ သီးသန့်ဆန်လွန်းသည်။
အတော်လေးကြာတော့ ပြိုင်ကားသံကြားလိုက်ရ၍ အသံကြားရာဆီလှမ်းကြည့်မိတော့ ခြံကျယ်ကျယ်တွေရဲ့လမ်းထိပ်မှာ စောစောကမြင်လိုက်ရသော အသက်ရဲ့ကားလေးပဲဖြစ်သည်။
သူ တစ်ချက်ပြုံးလိုက်ပြီး လမ်းမပေါ်တက်ကာ အလည်တည့်တည့်မှာရပ်နေလိုက်တော့ အမိုးဖွင့်ပြိုင်ကားလေးက သူနဲ့ခပ်ဝေးဝေးမှာရပ်သွား၏။
သူမသည် မကျေမနပ်ဖြင့်နှုတ်ခမ်းလေးကိုက်ကာ ဂြိုဟ်ကြည့် ကြည့်နေသည်။
"အဲ့ဒါသေချင်လို့လား"
ထိုင်ခုံမှထပြီး ကားမှန်ကိုကိုင်ကာ အော်ငေါက်လာသောအသံလေးကြောင့် သူခေါင်းညိတ်ပြလိုက်ပြီး နေရာကနေမဖယ်ဘဲ ဆက်ရပ်နေဆဲ။
အသက်က စိတ်တိုလာသလို မျက်မှန်ကိုဆွဲဖြုတ်ပစ်ကာ…
"သေချင်လည်းတခြားနေရာသွားသေ.. ဒီနေ့ စိတ်မပါလို့လူမသဝာ်ချင်ဘူး"
"မင်းကိုလည်းမသဝာ်ခိုင်းပါဘူး ကိုယ့်ကားကိုပဲမောင်းစမ်းပါ ငါ့ဘာသာရပ်နေတာ"
"ဖယ်လို့"
"ဖယ်ရင်ငါကြားချင်တဲ့စကားကို ပြောပေးမှာလား"
"ရှင်မဖယ်ရင်တိုက်ချိုးပစ်မှာနော် ကိုမင်းနေရာ"
"သဘောပဲ"
သူမ တကယ်စိတ်ဆိုးသွားပုံဖြင့် ပြန်ထိုင်ချသွားပြီး အံကြိတ်ပစ်လိုက်သည်ကို လှမ်းမြင်လိုက်ရ၏။
ထို့နောက် ကားကိုစက်နှိုးကာ လီဗာကိုဖိနင်းပစ်လိုက်၍ ပြိုင်ကားလေးသည် သူ့ဆီကိုအရှိန်ဖြင့်ပြေးဝင်လာတော့သည်။
လမ်းလေးက ကားတစ်စီးသွားရုံသာရှိတာမို့ သူမရှေ့ဆက်သွားဖို့ဆို ကိုယ့်ကိုတိုက်ချိုးသွားမှ…
လုပ်ပါ မင်းစိတ်ကြိုက်…
💝💝◽◽◽💝💝
"ဖယ်လိုက်စမ်းပါ"
အသက်တစ်ယောက်တည်းတီးတိုးပြေးမိရင်း အရှိန်ကိုလည်းမလျှော့တာမို့ နီးသထက်နီးကပ်လာကာ သူသည် တကယ်ပဲဖယ်မပေးဘဲ လမ်းလေးပေါ်မှာပေကပ်ရပ်နေဆဲဖြစ်သည်။
တဖြည်းဖြည်းပီသလာသော သူ့မျက်နှာဟာ အသက်ဘာလုပ်လုပ် ငြိမ်ခံနေမည့်ပုံဖြင့်…
ဒါဆိုအသက်ကရော တကယ်ပဲ တိုက်ချိုးပစ်ရမှာလား…
"ဟင့်အင်း"
ခေါင်းလေးခါပစ်လိုက်ရင်း လီဗာကိုလွှတ်ကာ ဘရိတ်ကိုဖိနင်းပစ်လိုက်တော့ အရှိန်မထိန်းနိုင်သည့်ကားလေးက ဟန်ချက်ပျက်သွားပြီး အရှိန်မသေတာမို့ အသက် ကြောက်စိတ်တွေဝင်လာမိတော့သည်။
စတီယာရင်ကို တအားဖိကိုင်ပြီး မျက်စိစုံမှိတ်ထားလိုက်ကာ အသက်ကိုအောင့်ရင်း ဘရိတ်ကိုပဲအားကုန်ဖိနင်းထားလိုက်တော့ ဒရစ်ပ်သံတွေဆူညံသွားတော့၏။
ကားကတုံ့ခနဲရပ်သွားတော့မှ အသက် အသက်ပြန်ရှုမိသလို မရဲတရဲမျက်လုံးဖွင့်ကြည့်မိတော့ ကားနဲ့နီးနီးကပ်ကပ်လေးမှာရှိနေသေးသည့် သူ…
အသက် ခြေတွေလက်တွေတုန်နေပေမယ့် ကားတံခါးကိုဆွဲဖွင့်ကာ သူ့အနားလျှောက်လာခဲ့ပြီး အခုအချိန်ထိငြိမ်နေသေးသော ထိုလူကြီးကို စိတ်ရှိလက်ရှိထုရိုက်မိတော့သည်။
ဘာကိစ္စနဲ့ ဒီလို ကတ်တီးကတ်ဖဲ့လုပ်နေတာလဲ…
"ဘာလို့မဖယ်တာလဲ ရှင်ရူးနေတာလား.. ဟမ်! တကယ်တိုက်မိသွားရင်ဘယ်လိုလုပ်မလဲ တဂာယ်သေချင်နေတာလား"
ရင်တုန်နေတာလည်းမပျောက်သေးသလို ခြေတွေလက်တွေလည်းတုန်ယင်ဆဲမို့ ဒေါသဖြစ်ဖြစ်နှင့်ထုနှက်နေသည့်တိုင် အားကမပါ..
တကယ်တိုက်မိသွားရင် ဘယ်လိုလုပ်မလဲဆိုသည့်အတွေးဖြင့် အသက် ငိုချင်လာသလို သူမဟုတ်သလိုငြိမ်နေသည့်လူကြီးကြောင့် တကယ်ပဲမျက်ရည်ကျလာတော့၏။
အသက် သူ့ကိုအမျိုးမျိုးကျိန်ဆဲနေတာကို ငြိမ်ခံနေသည့် သူက အသက်ငိုချတော့မှ မျက်နှာပြန်မော့လာကာ…
"ကျေနပ်သွားပြီလား"
"မကျေနပ်သေးဘူး အရူးကြီး ရှင်တကယ်ရူးနေတာ"
"အင်း အခုမှသိတာလား"
"မျက်နှာမပြောင်နဲ့ ရှင့်ကိုအခုမှတဂာယ်သဝာ်မှာ"
ကလေးလေးလိုငိုချပြီး သူ့ကိုထုနှက်နေသော ထိုကလေးဆိုးလေးကြောင့် ရယ်ချင်စိတ်တွေသာဖြစ်လာရပြီး သူမခါးလေးကိုဆွဲယူကာ ထိုကိုယ်လေးသေးသေးကို တင်းတင်းဖက်ထားလိုက်၏။
မကျေမနပ်ထုရိုက်နေသေးသော လက်ကလေးတွေနှင့် သူ့ရင်ခွင်ထဲခေါင်းလေးတိုးလာသော အသက်ကလေးကြောင့် စိတ်ထဲပျော်နေမိတာက ဘာနဲ့မှမလဲနိုင်အောင်ပင်…
သူ့ကိုတိုဂာ်မိမှာစိုးပြီး၊ ကြောက်လန့်ပြီး တဂာယ်ငိုနေရှာတာ...
သူ ပြုံးလိုက်မိကာ တစ်ခါနမ်းခဲ့ဖူးသော လည်ဂုတ်ဖြူဖြူဥဥလေးကို ထပ်နမ်းမိရင်း သူမနားရွက်ဖျားလေးကိုပါ ဖွဖွလေးကိုက်ပစ်လိုက်၏။
"အဟင့်!! ခွေးစိတ်ပေါက်နေတာ ကျွဲကြီးမဟုတ်ဘူး"
"ဟုတ်တယ် ခွေးဖြစ်နေပြီ"
"တကယ်တိုက်မိသွားရင် ဘယ်လိုလုပ်မလဲလို့"
ဒါကိုပဲ ကလေးလေးသဖွယ်ပြန်ပြောပြီး ရစ်နေသော သူမလေးကို မျက်နှာလေးပြန်ငုံ့ကြည့်မိတော့ သူမက စိတ်ရှိလက်ရှိငိုချနေဆဲ။
"မင်းမတိုက်ပါဘူး ကြိုသိနေတယ်လေ"
"နောက်တစ်ခါ တကယ်ဝင်တိုက်မှာ"
နှုတ်ခမ်းလေးထော်ပြီး ရန်တွေ့နေသော သူမသည် အရည်ပျော်ကျထားသည့် eyelinerတွေဖြင့် သရဲမလေးနှင့်တူနေကာ သူ့မျက်လုံးထဲမှာတော့ အသည်းယားစရာအတိ။
ထိုlinerတွေကို လက်မနှင့်သုတ်ဖယ်ပေးတော့ သူမက မျက်နှာလေးမော့ပေးပြီးငြိမ်နေ၍ နဖူးလေးကိုငုံ့နမ်းပစ်လိုက်သည်။
"နှာဘူးမကျနဲ့ စောစောကလည်း သူများကိုခိုးနမ်းနေတာ"
"နမ်းလို့ရတယ်လေ အခုရည်းစားဖြစ်နေပြီပဲဥစ္စာ"
"မဖြစ်ပါဘူး ကားနဲ့တိုက်မိသေးလားလို့ လာကြည့်တာ အသက်ရဲ့ကား တစ်ခုခုဖြစ်သွားမှာစိုးလို့"
"မင်းရဲ့ကားက မင်းရဲ့ကျောဘက်မှာနော်"
အခုမှ ရှက်ဖို့သတိရသွားသည့် အသက်ကလေးသည် ပါးပြင်လေးတွေရဲတက်လာ၍ ပိုပြီးအသည်းယားသွားကာ ထိုပါးနုနုလေးတွေကို နမ်းပစ်မိတာ နှစ်နှစ်ခြိုက်ခြိုက်။
ဒီနေရာက Leoponအပိုင် နယ်မြေတွေဖြစ်ပုံရပြီး အသွားအလာသိပ်မရှိတာမို့ ကဲချင်တိုင်းကဲခွင့်ရနေကာ ဒါကိုပဲ မျက်စောင်းလေးချီလို့မဆုံး…
"ကိုကိုသိရင် ဘယ်လိုလုပ်မလဲဟင် သူက အသက်ရည်းစားထားတာကိုမကြိုက်ဘူး"
"မသိအောင်ခိုးတွဲမယ်လေ မင်းရဲ့ဦးဇွဲတောင် မမသိမ်မွေ့နဲ့တွဲနေတာ မင်းသိလို့လား"
"သိဘူး"
"အင်း အဲ့လိုပေါ့ ခိုးတွဲရအောင်ပါ အသက်ရယ် ကြိတ်မcrushချင်တော့ဘူး.. နော်!"
"Omm"
အခုမှပြုံးရယ်လာသည့် ထိုမျက်နှာလေးကို ကြည့်လို့မဝသောကြောင့် တစိမ့်စိမ့်ကြည့်နေမိကာ ဒါကိုပဲ အသက်ကလေးက ရှက်နေပုံရပြီး မျက်နှာလေးလွှဲသွားသည်။
တကယ်ပါ…
သူ့ရင်ဘတ်ကြီးကို မရိုးမရွဖြစ်စေသူဆိုလို့ ဒါလေးတစ်ယောက်သာရှိပြီး ဒါလေးသည်လည်း သူ့အသက်လိုငြိတွယ်ရမည့် မိန်းကလေးသာဖြစ်ပါ၏။
💝💝◽◽◽💝💝
Part 27ဆက်ရန်
စာဖတ်သူတစ်ဦးချင်းစီကိုလေးစားလျက်
#shinthant1141997
~~~~~~~~~~~~~~~~
💝 Part - 26 💝
◽◽◽◽◽
ဒက္ဒီေရာက္လာသၫ့္အခါ ဈာပနကိစၥကို ဆက္စီစဥ္ၾကၿပီး ဘြားဘြားရဲ့ဈာပနသည္ တျခားဈာပနေတြလို ငိုယိုပူေဆြးေနမၫ့္သူမရိွ။
ဘြားဘြားကို သိပ္ခ်စ္သၫ့္ဘိုးဘိုးကိုယ္တိုင္ကလည္းမငိုသလို ဘြားဘြားနဲ႔ႀကီးျပင္းခဲ့ေသာ ဒက္ဒီကလည္း ဘြားဘြားလက္ကေလးကိုကိုင္ၿပီး တစ္ခ်က္တစ္ခ်က္ငံု႔နမ္းေနရံုသာ…
မေန့ ဘိုးဘိုးေျပာခဲ့သလို ဆံုးရႈံးလိုက္ရျခင္းမမည္ေသာ လက္လႊတ္လိုက္ရျခင္းေၾကာင့္လားေတာ့မသိ။
ဘြားဘြားရဲ့ဈာပနအၿပီးမွာ ဘိုးဘိုးသည္ အရင္ကထက္ပိုၿပီးႏႈတ္ဆိတ္သြားကာ ဘုရားရိွခိုး၊ တရားထိုင္ေနရင္းျဖင့္သာ အခ်ိန္ကုန္တတ္လာ၏။
သူတို႔အတြက္ေတာ့ ဘိုးဘိုးကိုတစ္ေယာက္တည္းထားခဲ့ဖို႔ စိတ္မခ်တာမို႔ ဒက္ဒီတို႔ညီအစ္ကိုႏွစ္ေယာက္ တိုးတိုးတိတ္တိတ္တိုင္ပင္ေနခ်ိန္ သူက ဒက္ဒီေရ႔ွမွာဝင္ထိုင္လိုက္သည္။
"မင္းကဘာလုပ္မလို႔လဲ"
"ထားလိုက္ပါတန္ခိုးရာ တစ္ေန့ေန့ သူလည္း ဒီမိသားစုအေရးမွာ ဦးေဆာင္ဦးရြက္ျပဳရမယ့္သူပဲ သူလည္းနားေထာင္ပါေစ"
ဦးယံက ခြင့္ျပဳေပးေသာေၾကာင့္ ဒက္ဒီကဘာမွထပ္မေျပာေတာ့ဘဲ အစ္ကိုျဖစ္သူကိုပဲၾကၫ့္ကာ…
"ကၽြန္ေတာ္တို႔ ဘာဆက္လုပ္ၾကမလဲအစ္ကို အေဖတစ္ေယာက္တည္းစိတ္မခ်ဘူး ကၽြန္ေတာ္ေျမျပန႔္ကိုပဲေခၚသြားလိုက္မယ္"
"အေဖကလိုက္မွာမဟုတ္ဘူး ငါတို႔မိသားစုပဲ ဒီကိုေရႊ့မလားလို႔ စိတ္ကူးေနတာ"
"ဒါေပမယ့္ေတာင္ႀကီးစံအိမ္က လြယ္လြယ္နဲ႔ေျပာင္းလို႔ရမယ္မထင္ဘူးေနာ္ Leoponအတြက္ေတာ့ လားရိႈးထက္ ေတာင္ႀကီးကအခ်က္အခ်ာပိုက်တယ္"
"အင္း.. သိတယ္ ငါLeoponကို လက္လႊတ္ေတာ့မလို႔"
ထင္မွတ္မထားေသာဦးယံရဲ့စကားေၾကာင့္ ဒက္ဒီကိုယ္တိုင္လည္းအံ့ဩသြားသလို သူကိုယ္တိုင္လည္း အံ့အားသင့္သြားမိသည္။
ဦးယံဟာ Leoponကိုအုပ္ခ်ဳပ္ေနခဲ့တာ ႏွစ္၄၀နီးပါးရိွၿပီျဖစ္ကာ Leoponဟာ ဦးယံနဲ႔ခဲြျခားလို႔မရေအာင္ တစ္ထပ္တည္းက်ေနခဲ့ၿပီ။
ရွမ္းျပည္တစ္ခုလံုးကိုေတာင္ Leoponနယ္ေျမအျဖစ္ ဖန္တီးၿပီးကာမွ ဦးယံဘာေၾကာင့္စိတ္ေျပာင္းသြားတာလဲ…
"အစ္ကို"
"သမီးကိုငါ့လိုျဖစ္မွာစိုးတယ္ တန္ခိုး ငါ့မွာေရြးခ်ယ္စရာမရိွလို႔ Leoponကိုေရာက္လာေပမယ့္ တကယ္တမ္း ငါရုန္းမထြက္ႏိုင္ခဲ့လို႔ ဒီေလာက္အထိၾကာသြားတာ သမီးကိုေတာ့ သူေနခ်င္တဲ့ဘဝမ်ိဳးေပးခ်င္တယ္
ၿပီးေတာ့ မင္းတူမက အရင္လိုမဟုတ္ေတာ့ဘူး ဒီပံုစံအတိုင္းေတာ့ ငါစိတ္မခ်ႏိုင္ဘူး"
"ဒါေပမယ့္ သက္ထက္က အစ္ကို႔ေနရာယူမယ္လို႔ကတိေပးခဲ့တယ္ဆို"
"အဲ့ဒါကစကားအရပါ သူ႔ကိုယ္သူယံုၾကည္မႈမရိွဘူး ေျခမခိုင္တဲ့ကေလးလိုပဲ အစကေနျပန္ေလ့က်င့္ရေတာ့မွာ အဟြန္း.. ကေလးကို ေနာက္ထပ္မပင္ပန္းေစခ်င္ေတာ့ဘူး ၿပီးေတာ့ သက္ထက္က ေခါင္းေဆာင္မလုပ္ခ်င္ဘူး ငါ့ဆႏၵေၾကာင့္ပဲေနရာယူခ်င္ယူမွာ..
အဲ့ဒါေၾကာင့္ ငါLeoponကိုပဲလက္လႊတ္လိုက္ေတာ့မွာ"
"မဟုတ္ေသးပါဘူး အစ္ကိုရာ"
"အသက္ကိုယ္တိုင္လည္း လုပ္ခ်င္စိတ္ရိွေနတာပဲ အရင္လိုမဟုတ္ရင္လည္း အရင္လိုျပန္ျဖစ္လာမွာပါ ဦးယံ အလ်င္စလိုမဆံုးျဖတ္ပါနဲ႔"
ေသြးေအးေအးျဖင့္ႃပံုးေနေသာ ဦးယံဟာ တကယ္ပဲဆံုးျဖတ္ထားၿပီး တကယ္လုပ္ေတာ့မၫ့္ဟန္ျဖင့္ ဒက္ဒီနဲ႔သူ႔ကိုၾကၫ့္ၿပီး ဘာမျွပန္မေျပာ။
ဒက္ဒီဘယ္လိုျဖစ္သြားမလဲမသိေပမယ့္ သူကေတာ့ ႏွေမ်ာတသျဖစ္မိကာ ဦးယံအတြက္ ဒီေလာက္ပဲလြယ္ကူေနသလား…
ဦးယံလိုလူမ်ိဳးကေရာ Leoponမွာေနာက္ထပ္ ထြက္ေပၚလာႏိုင္မွာတဲ့လား…
"အဲ့ဒါမင္းကိုအသိေပးတာ တန္ခိုး ေျမျပန႔္ကေတာ့မင္းနယ္ေျမမို႔ မင္းအဆင္ေျပသလိုပဲလုပ္ပါ ငါကေတာ့ အေမ့ဈာပနၿပီးလို႔ ေတာင္ႀကီးကိုျပန္ေရာက္ရင္ သီဟကိုပဲျဖစ္ျဖစ္၊ နႏၵကိုပဲျဖစ္ျဖစ္ ဒါမွမဟုတ္ တျခားနယ္ေျမေခါင္းေဆာင္တစ္ေယာက္ကိုပဲျဖစ္ျဖစ္ ေပးထားခဲ့ေတာ့မွာ
သမီးကိုေအးခ်မ္းေစခ်င္ၿပီ"
ဒက္ဒီ့ပခံုးကိုပုတ္ကာ ဦးယံထသြားသၫ့္အခါ သူ႔ရင္ထဲဆို႔နစ္သြားသလို ဒက္ဒီကလည္း ဦးယံကိုလိုက္ၾကၫ့္ရင္း ၿငိမ္သက္ေန၏။
စိတ္ရႈပ္ေထြးေနပံုရေသာ ဒက္ဒီဟာ သူ႔ကိုအၾကာႀကီးစိုက္ၾကၫ့္ၿပီးမွ သက္ျပင္းတစ္ခ်က္ခ်ကာ…
"ဘယ္တတ္ႏိုင္မလဲ အစ္ကို႔စကားကိုပဲ အတည္ယူရမွာေပါ့"
"ဒက္ဒီ"
"Leoponက မင္းကိစၥမဟုတ္ဘူး ဘုန္းအာဏာလ်ွံ ဒီတစ္ခါဝင္မပါနဲ႔ေတာ့"
💝💝◽◽◽💝💝
"ေမ့သမီးေလးမိႈင္ေနပါလား ဘာျဖစ္လို႔လဲ"
သူလာမည္ဆို၍ အသက္ငိုင္ေတြေနမိတုန္း ေမေမကအခန္းထဲဝင္လာၿပီး brushတစ္ေခ်ာင္းလွမ္းယူကာ အသက္ဆံပင္ေတြကိုၿဖီးေပးသည္။
ေျမျပန႔္မွာကတည္းက ေမေမျပဳျပင္ေပးထားခဲ့သၫ့္ အသက္ရဲ့ဆံပင္ေတြဟာ ခုထိမပ်က္စီးေသးတာမို႔ ႏုအိလွပေနဆဲ။
"သမီး ပစ္မွတ္ေတြမထိေတာ့ဘူး ေမေမ"
"ေဝးသြားလို႔ပါ ေန့တိုင္းျပန႔္ေလ့က်င့္ရင္ အရင္လိုျပန္ျဖစ္လာမွာပဲ အဲ့ဒါအတြက္စိတ္ညစ္ေနတာလား"
"ဟုတ္"
"ဘာမွစိတ္ညစ္မေနနဲ႔ trainingကို ေမေမလည္းလိုက္ခဲ့မယ္ အတူတူပစ္ၾကတာေပါ့ ဟုတ္ၿပီလား"
"ေဖေဖသိရင္ အသက္ကိုအရမ္းစိတ္ပ်က္သြားမလားမသိဘူးေနာ္"
"အို!! သမီးရယ္ ဘာလို႔စိတ္ပ်က္ရမွာလဲ"
ေမေမက စိုးရိမ္သြားသလိုမ်က္ႏွာေလးျဖင့္ အသက္ကိုငံု႔ၾကၫ့္ၿပီး အသက္လည္ပင္းေလးကိုဖက္ကာ…
"သမီးေဖေဖက ေမ်ွာ္လင့္ထားတယ္ဆိုေပမယ့္ အဲ့ဒါကိုစိတ္ထဲသိပ္ထၫ့္မထားပါနဲ႔ သမီးမလုပ္ခ်င္ဘူးလို႔သာ ေျပာပစ္လိုက္
သူ Leoponကိုပါပစ္ထားခဲ့လိမ့္မယ္"
"မဟုတ္တာ ေမေမကလည္း"
"ေမ့သမီးေလးက ဦးထက္ဘုန္းလ်ွံရဲ့အဖိုးတန္ေလးပါ သမီးကိုဘာနဲ႔မဆို သူ လဲယူႏိုင္တယ္ အဲ့ဒါကိုေတာ့ယံု"
ေမေမ့စကားေၾကာင့္ အသက္စိတ္ထဲၾကည္ႏူးသြားရၿပီး ေမေမ့ပါးေလးကိုေမာ့နမ္းပစ္လိုက္မိသည္အထိ။
မယံုႏိုင္စရာမွ မရိွဘဲေလ…
💝💝◽◽◽💝💝
လားရိႈးကိုေရာက္ေတာ့ Leoponရဲ့စံအိမ္ကို တကူးတကႀကီးရွာစရာမလိုဘဲ taxiသမားကိုေျပာလိုက္ရံုျဖင့္ ခ်က္ခ်င္းေခါင္းညိတ္သည္။
ေမွာင္ခိုအဖဲြ႔အစည္းႀကီးတစ္ခုဟုသာ အၾကမ္းဖ်င္းသိထားေပမယ့္ ဘယ္၍ဘယ္မ်ွဩဇာအာဏာႀကီးမားသလဲေတာ့မသိဘဲ taxiသမားရဲ့စူးစမ္းေသာေမးခြန္းက…
"အခုLeoponမွာ သူတို႔ဂိုဏ္းခ်ဳပ္ရဲ့အေမ ဈာပနပဲြလုပ္ေနတယ္ အေရးႀကီးကိစၥမရိွရင္ ေနာက္ရက္မွသြားပါလား"
"ႀကီးတယ္ အခုသြားမျွဖစ္မွာ"
"Aww ဟုတ္ကဲ့ပါ သခင္ေလးက သိပ္ေဒါသႀကီးလို႔ေျပာတာပါ"
မေတာ္ရေသးသၫ့္ေယာကၡထီးအေၾကာင္းပါလာေတာ့ ငလ်ွံ႔အိမ္မွာေတြ့ခဲ့သၫ့္လူႀကီးကို ျပန္သတိရလိုက္ကာ အသက္ကိုေတာ့ ေတာ္ေတာ္ခ်စ္မၫ့္ပံုေပၚသည္။
ေအးစက္ခက္ထန္ေနေသာမ်က္ႏွာဟာ တျခားလူေတြအတြက္သာျဖစ္ၿပီး အသက္ကိုေတာ့ အၾကၫ့္ေတြကအစ ႏူးညံ့ေနသၫ့္လူႀကီး…
"တိုက္ဆိုင္ခ်က္ဗ်ာ ဟိုမွာLeoponရဲ့အိမ္ေရ႔ွမင္းသမီးက ဘယ္သြားမလို႔လဲမသိဘူး"
ဆို၍ ကကမန္းကတန္းလွမ္းၾကၫ့္မိေတာ့ အသက္ကို ၿပိဳင္ကားေလးတစ္စီးျဖင့္ တစ္ဖက္လမ္းေၾကာမွာရိပ္ခနဲေတြ့လိုက္ရသည္။
ကိုယ္က သူမဆီလာကာမွ ဒီဟာေလးက ဘယ္ေတြေဝ့ဦးမလဲမသိ…
"ေနာက္တက္လာမယ့္ေခါင္းေဆာင္ဆိုေတာ့ သူ႔အေဖကိုအမွီလိုက္ႏိုင္မလားလို႔ အားလံုးစိတ္ဝင္စားေနၾကတာ ကေလးမက ထက္မယ့္ပံုပဲ"
"အင္း"
ထက္တာမွ ေတြ့ေတြ့ခ်င္းလက္သီးနဲ႔ထိုးတာဟု စိတ္ထဲကေနေျပာလိုက္မိသည္။
Taxiသမားက စံအိမ္အနားမွာခ်ေပးခဲ့တာမို႔ သူသည္ ထိုေနရာမွာပဲေနခဲ့လိုက္ကာ အသက္ျပန္အလာကိုသာေစာင့္ေနလိုက္သည္။
စံအိမ္ႀကီးကေတာ့ ခမ္းနားလြန္းတာမို႔ သူမဟာတကယ္ပဲေရႊမင္းသမီးေလးျဖစ္ၿပီး တစ္ဦးတည္းေသာသမီးမို႔ ဘယ္ေလာက္ေတာင္အလိုလိုက္ခံရမလဲမသိ…
ဖုန္းဆက္ဖို႔သတိရလိုက္ေပမယ့္ အံ့ဩသြားမည့္မ်က္ႏွာေလးကို ျမင္ခ်င္ေသး၍ စံအိမ္ေရ႔ွမွာပဲ ဇဲြနပဲႏွင့္ထိုင္ေစာင့္ေနလိုက္သည္။
ဒီအနီးတစ္ဝိုက္မွာ လူေနအိမ္သိပ္မရိွပါဘဲ ထင္းရႉးေတာႏွင့္လက္ဖက္ၿခံေတြသာရိွတာမို႔ အသြားအလာလည္းသိပ္မရိွဘဲ သီးသန႔္ဆန္လြန္းသည္။
အေတာ္ေလးၾကာေတာ့ ၿပိဳင္ကားသံၾကားလိုက္ရ၍ အသံၾကားရာဆီလွမ္းၾကၫ့္မိေတာ့ ၿခံက်ယ္က်ယ္ေတြရဲ့လမ္းထိပ္မွာ ေစာေစာကျမင္လိုက္ရေသာ အသက္ရဲ့ကားေလးပဲျဖစ္သည္။
သူ တစ္ခ်က္ႃပံုးလိုက္ၿပီး လမ္းမေပၚတက္ကာ အလည္တၫ့္တၫ့္မွာရပ္ေနလိုက္ေတာ့ အမိုးဖြင့္ၿပိဳင္ကားေလးက သူနဲ႔ခပ္ေဝးေဝးမွာရပ္သြား၏။
သူမသည္ မေက်မနပ္ျဖင့္ႏႈတ္ခမ္းေလးကိုက္ကာ ၿဂိဳဟ္ၾကၫ့္ ၾကၫ့္ေနသည္။
"အဲ့ဒါေသခ်င္လို႔လား"
ထိုင္ခံုမွထၿပီး ကားမွန္ကိုကိုင္ကာ ေအာ္ေငါက္လာေသာအသံေလးေၾကာင့္ သူေခါင္းညိတ္ျပလိုက္ၿပီး ေနရာကေနမဖယ္ဘဲ ဆက္ရပ္ေနဆဲ။
အသက္က စိတ္တိုလာသလို မ်က္မွန္ကိုဆဲြျဖဳတ္ပစ္ကာ…
"ေသခ်င္လည္းတျခားေနရာသြားေသ.. ဒီေန့ စိတ္မပါလို႔လူမသဝာ္ခ်င္ဘူး"
"မင္းကိုလည္းမသဝာ္ခိုင္းပါဘူး ကိုယ့္ကားကိုပဲေမာင္းစမ္းပါ ငါ့ဘာသာရပ္ေနတာ"
"ဖယ္လို႔"
"ဖယ္ရင္ငါၾကားခ်င္တဲ့စကားကို ေျပာေပးမွာလား"
"ရွင္မဖယ္ရင္တိုက္ခ်ိဳးပစ္မွာေနာ္ ကိုမင္းေနရာ"
"သေဘာပဲ"
သူမ တကယ္စိတ္ဆိုးသြားပံုျဖင့္ ျပန္ထိုင္ခ်သြားၿပီး အံႀကိတ္ပစ္လိုက္သည္ကို လွမ္းျမင္လိုက္ရ၏။
ထို႔ေနာက္ ကားကိုစက္ႏိႈးကာ လီဗာကိုဖိနင္းပစ္လိုက္၍ ၿပိဳင္ကားေလးသည္ သူ႔ဆီကိုအရိွန္ျဖင့္ေျပးဝင္လာေတာ့သည္။
လမ္းေလးက ကားတစ္စီးသြားရံုသာရိွတာမို႔ သူမေရ႔ွဆက္သြားဖို႔ဆို ကိုယ့္ကိုတိုက္ခ်ိဳးသြားမွ…
လုပ္ပါ မင္းစိတ္ႀကိဳက္…
💝💝◽◽◽💝💝
"ဖယ္လိုက္စမ္းပါ"
အသက္တစ္ေယာက္တည္းတီးတိုးေျပးမိရင္း အရိွန္ကိုလည္းမေလ်ွာ့တာမို႔ နီးသထက္နီးကပ္လာကာ သူသည္ တကယ္ပဲဖယ္မေပးဘဲ လမ္းေလးေပၚမွာေပကပ္ရပ္ေနဆဲျဖစ္သည္။
တျဖည္းျဖည္းပီသလာေသာ သူ႔မ်က္ႏွာဟာ အသက္ဘာလုပ္လုပ္ ၿငိမ္ခံေနမၫ့္ပံုျဖင့္…
ဒါဆိုအသက္ကေရာ တကယ္ပဲ တိုက္ခ်ိဳးပစ္ရမွာလား…
"ဟင့္အင္း"
ေခါင္းေလးခါပစ္လိုက္ရင္း လီဗာကိုလႊတ္ကာ ဘရိတ္ကိုဖိနင္းပစ္လိုက္ေတာ့ အရိွန္မထိန္းႏိုင္သၫ့္ကားေလးက ဟန္ခ်က္ပ်က္သြားၿပီး အရိွန္မေသတာမို႔ အသက္ ေၾကာက္စိတ္ေတြဝင္လာမိေတာ့သည္။
စတီယာရင္ကို တအားဖိကိုင္ၿပီး မ်က္စိစံုမိွတ္ထားလိုက္ကာ အသက္ကိုေအာင့္ရင္း ဘရိတ္ကိုပဲအားကုန္ဖိနင္းထားလိုက္ေတာ့ ဒရစ္ပ္သံေတြဆူညံသြားေတာ့၏။
ကားကတံု႔ခနဲရပ္သြားေတာ့မွ အသက္ အသက္ျပန္ရႈမိသလို မရဲတရဲမ်က္လံုးဖြင့္ၾကၫ့္မိေတာ့ ကားနဲ႔နီးနီးကပ္ကပ္ေလးမွာရိွေနေသးသၫ့္ သူ…
အသက္ ေျခေတြလက္ေတြတုန္ေနေပမယ့္ ကားတံခါးကိုဆဲြဖြင့္ကာ သူ႔အနားေလ်ွာက္လာခဲ့ၿပီး အခုအခ်ိန္ထိၿငိမ္ေနေသးေသာ ထိုလူႀကီးကို စိတ္ရိွလက္ရိွထုရိုက္မိေတာ့သည္။
ဘာကိစၥနဲ႔ ဒီလို ကတ္တီးကတ္ဖဲ့လုပ္ေနတာလဲ…
"ဘာလို႔မဖယ္တာလဲ ရွင္ရူးေနတာလား.. ဟမ္! တကယ္တိုက္မိသြားရင္ဘယ္လိုလုပ္မလဲ တဂာယ္ေသခ်င္ေနတာလား"
ရင္တုန္ေနတာလည္းမေပ်ာက္ေသးသလို ေျခေတြလက္ေတြလည္းတုန္ယင္ဆဲမို႔ ေဒါသျဖစ္ျဖစ္ႏွင့္ထုႏွက္ေနသည့္တိုင္ အားကမပါ..
တကယ္တိုက္မိသြားရင္ ဘယ္လိုလုပ္မလဲဆိုသၫ့္အေတြးျဖင့္ အသက္ ငိုခ်င္လာသလို သူမဟုတ္သလိုၿငိမ္ေနသၫ့္လူႀကီးေၾကာင့္ တကယ္ပဲမ်က္ရည္က်လာေတာ့၏။
အသက္ သူ႔ကိုအမ်ိဳးမ်ိဳးက်ိန္ဆဲေနတာကို ၿငိမ္ခံေနသၫ့္ သူက အသက္ငိုခ်ေတာ့မွ မ်က္ႏွာျပန္ေမာ့လာကာ…
"ေက်နပ္သြားၿပီလား"
"မေက်နပ္ေသးဘူး အရူးႀကီး ရွင္တကယ္ရူးေနတာ"
"အင္း အခုမွသိတာလား"
"မ်က္ႏွာမေျပာင္နဲ႔ ရွင့္ကိုအခုမွတဂာယ္သဝာ္မွာ"
ကေလးေလးလိုငိုခ်ၿပီး သူ႔ကိုထုႏွက္ေနေသာ ထိုကေလးဆိုးေလးေၾကာင့္ ရယ္ခ်င္စိတ္ေတြသာျဖစ္လာရၿပီး သူမခါးေလးကိုဆဲြယူကာ ထိုကိုယ္ေလးေသးေသးကို တင္းတင္းဖက္ထားလိုက္၏။
မေက်မနပ္ထုရိုက္ေနေသးေသာ လက္ကေလးေတြႏွင့္ သူ႔ရင္ခြင္ထဲေခါင္းေလးတိုးလာေသာ အသက္ကေလးေၾကာင့္ စိတ္ထဲေပ်ာ္ေနမိတာက ဘာနဲ႔မွမလဲႏိုင္ေအာင္ပင္…
သူ႔ကိုတိုဂာ္မိမွာစိုးၿပီး၊ ေၾကာက္လန႔္ၿပီး တဂာယ္ငိုေနရွာတာ...
သူ ႃပံုးလိုက္မိကာ တစ္ခါနမ္းခဲ့ဖူးေသာ လည္ဂုတ္ျဖဴႁဖူဥဥေလးကို ထပ္နမ္းမိရင္း သူမနားရြက္ဖ်ားေလးကိုပါ ဖြဖြေလးကိုက္ပစ္လိုက္၏။
"အဟင့္!! ေခြးစိတ္ေပါက္ေနတာ ကၽဲြႀကီးမဟုတ္ဘူး"
"ဟုတ္တယ္ ေခြးျဖစ္ေနၿပီ"
"တကယ္တိုက္မိသြားရင္ ဘယ္လိုလုပ္မလဲလို႔"
ဒါကိုပဲ ကေလးေလးသဖြယ္ျပန္ေျပာၿပီး ရစ္ေနေသာ သူမေလးကို မ်က္ႏွာေလးျပန္ငံု႔ၾကၫ့္မိေတာ့ သူမက စိတ္ရိွလက္ရိွငိုခ်ေနဆဲ။
"မင္းမတိုက္ပါဘူး ႀကိဳသိေနတယ္ေလ"
"ေနာက္တစ္ခါ တကယ္ဝင္တိုက္မွာ"
ႏႈတ္ခမ္းေလးေထာ္ၿပီး ရန္ေတြ့ေနေသာ သူမသည္ အရည္ေပ်ာ္က်ထားသၫ့္ eyelinerေတျြဖင့္ သရဲမေလးႏွင့္တူေနကာ သူ႔မ်က္လံုးထဲမွာေတာ့ အသည္းယားစရာအတိ။
ထိုlinerေတြကို လက္မႏွင့္သုတ္ဖယ္ေပးေတာ့ သူမက မ်က္ႏွာေလးေမာ့ေပးၿပီးၿငိမ္ေန၍ နဖူးေလးကိုငံု႔နမ္းပစ္လိုက္သည္။
"ႏွာဘူးမက်နဲ႔ ေစာေစာကလည္း သူမ်ားကိုခိုးနမ္းေနတာ"
"နမ္းလို႔ရတယ္ေလ အခုရည္းစားျဖစ္ေနၿပီပဲဥစၥာ"
"မျဖစ္ပါဘူး ကားနဲ႔တိုက္မိေသးလားလို႔ လာၾကၫ့္တာ အသက္ရဲ့ကား တစ္ခုခုျဖစ္သြားမွာစိုးလို႔"
"မင္းရဲ့ကားက မင္းရဲ့ေက်ာဘက္မွာေနာ္"
အခုမွ ရွက္ဖို႔သတိရသြားသၫ့္ အသက္ကေလးသည္ ပါးျပင္ေလးေတြရဲတက္လာ၍ ပိုၿပီးအသည္းယားသြားကာ ထိုပါးႏုႏုေလးေတြကို နမ္းပစ္မိတာ ႏွစ္ႏွစ္ၿခိဳက္ၿခိဳက္။
ဒီေနရာက Leoponအပိုင္ နယ္ေျမေတျြဖစ္ပံုရၿပီး အသြားအလာသိပ္မရိွတာမို႔ ကဲခ်င္တိုင္းကဲခြင့္ရေနကာ ဒါကိုပဲ မ်က္ေစာင္းေလးခ်ီလို႔မဆံုး…
"ကိုကိုသိရင္ ဘယ္လိုလုပ္မလဲဟင္ သူက အသက္ရည္းစားထားတာကိုမႀကိဳက္ဘူး"
"မသိေအာင္ခိုးတဲြမယ္ေလ မင္းရဲ့ဦးဇဲြေတာင္ မမသိမ္ေမြ့နဲ႔တဲြေနတာ မင္းသိလို႔လား"
"သိဘူး"
"အင္း အဲ့လိုေပါ့ ခိုးတဲြရေအာင္ပါ အသက္ရယ္ ႀကိတ္မcrushခ်င္ေတာ့ဘူး.. ေနာ္!"
"Omm"
အခုမွႃပံုးရယ္လာသည့္ ထိုမ်က္ႏွာေလးကို ၾကၫ့္လို႔မဝေသာေၾကာင့္ တစိမ့္စိမ့္ၾကၫ့္ေနမိကာ ဒါကိုပဲ အသက္ကေလးက ရွက္ေနပံုရၿပီး မ်က္ႏွာေလးလႊဲသြားသည္။
တကယ္ပါ…
သူ႔ရင္ဘတ္ႀကီးကို မရိုးမရျြဖစ္ေစသူဆိုလို႔ ဒါေလးတစ္ေယာက္သာရိွၿပီး ဒါေလးသည္လည္း သူ႔အသက္လိုၿငိတြယ္ရမၫ့္ မိန္းကေလးသာျဖစ္ပါ၏။
💝💝◽◽◽💝💝
Part 27ဆက္ရန္
စာဖတ္သူတစ္ဦးခ်င္းစီကိုေလးစားလ်က္
#shinthant1141997