💝 Part - 16 💝
◽◽◽◽◽
အခန်းတံခါးခေါက်သံကြောင့် သူ မျက်မှောင်ကုပ်သွားပြီး အသက်ကိုတစ်ချက်လှမ်းကြည့်တော့ အသက်ကလည်း တံခါးကိုလှည့်ကြည့်နေသည်။
ပြီးမှ သူ့ဆီအကြည့်ရောက်လာ၍ ကမန်းကတန်းလက်ကာပြလိုက်ပြီး လုပ်လက်စဒရုန်းတွေကို စက္ကူပုံးလေးထဲထည့်လိုက်သည်။
အလုပ်လုပ်နေချိန်တွေဆို ဘယ်လိုလုပ်ရောက်လာသည့် အနှောက်အယှက်တွေလဲမသိ။
ဘုန်းအာဏာလျှံ အလုပ်လုပ်နေပြီဟေ့၊ သွားရအောင်ဟု တိုင်ပင်ထားကြသလားမသိဘဲ ရောက်လာလျှင်အချိန်ကိုက်…
"အိုလမို!! ငါ့အချစ်ကလေး"
"အိုညီး!!"
ဆူဆူညံညံနှုတ်ဆက်သံတွေနှင့်အတူ ခုန်ပေါက်နေသည့်ခြေသံတွေကြောင့် အခန်းတံခါးကိုအသာဟကာ ခေါင်းထွက်ကြည့်လိုက်တော့ အသက်ကိုဖက်ပြီးအော်ဟစ်နေသည့်ကောင်မလေးတစ်ယောက်။
သူငယ်ချင်းမထားတတ်သော အသက်အတွက် အတော်လေးရင်းနှီးပုံရတာမို့ ထိုမိန်းကလေးဟာ ဘယ်သူများလဲမသိ…
"ကြည့်ဦး အရပ်ကြီးမြင့်လာလိုက်ပုံများ"
"အာ!! ဒါက ဒေါက်စီးထားလို့ပါ ၆လက်မလေ.. အိုက်စ်စ်"
"ချွတ်စမ်း ခုချွတ်"
"မညစ်ပတ်နဲ့နော် အိုညီး"
"နင် ငါ့ထက်အရပ်ရှည်နေတာကို ကြည့်မရလို့"
အသက်ကိုယ်တိုင်က ဆူညံစွာအော်ဟစ်နေတာမို့ ဒီနှစ်ယောက်ဟာ အတော်လေးရင်းနှီးဟန်ရှိသည်။
ထို့ကြောင့် အခန်းအပြင်ထွက်လာခဲ့တော့ ထိုမိန်းကလေးက အသက်ရဲ့ခါးကိုဖက်ပြီး တတွတ်တွတ်နဲ့ဘာတွေပြောနေသလဲမသိ။
"ဟယ်! ဆင်လိုက်တာ"
ဆိုပြီး သူ့ကိုတည့်တည့်ကြည့်ကာ အော်ချပစ်လိုက်သည်မှာ အကျယ်ကြီးဖြစ်၏။
အသက်ကတော့ ရိုးအီနေဟန်ဖြင့်ရယ်မောရင်း ထိုမိန်းကလေးကို ခေါင်းခေါက်နေပေမယ့် သူကတော့မျက်နှာပူသွားမိတာအမှန်ဖြစ်သည်။
ဘယ်လိုဟာလေးမှန်းလဲမသိ…
"ကိုကို မမှတ်မိဘူးလား"
"အင်း မမှတ်မိဘူး"
"ဘဲရီးကလည်း ဉာဏ်ကောင်းမလိုနဲ့ ဒီလောက်လှတဲ့မျက်နှာလေးကိုတောင် မမှတ်မိဘူးတဲ့"
"ဘာ!!"
"တော်ပြီ ရောက်ရောက်ချင်း ငါ့အစ်ကိုကိုလိုက်စမနေနဲ့ ဒါကဘယ်ကလှည့်ဝင်လာလို့ ဒီကိုရောက်လာတာလဲ"
"မမဆီပဲ တည့်တည့်လာတာ ဦးဦးကလွှတ်လိုက်လို့"
"ဖေဖေက"
အသက်မျက်နှာလေးတည်ငြိမ်သွားသလို ပြောင်ချော်ချော်နိုင်သော ထိုကလေးမမျက်နှာကလည်း အရေးကြီးသလိုဖြစ်သွား၏။
ပုံမှန်ဆို ဦးယံက ဖုန်းဆက်နေကျဖြစ်ပါလျက် ဒီတစ်ခါတော့ ဘာကြောင့်လူလွှတ်လိုက်သလဲမသိ။
ထို့အပြင် လွှတ်လိုက်သည့်လူက Leoponမဟုတ်သည့် တခြားမိန်းမငယ်လေးတစ်ဦး…
"ဦးယံက ဘာအရေးကြီးကိစ္စရှိလို့လဲ"
"သခင်လေးက သေချာမှာလိုက်တယ်
နံပါတ် ၁ မမသက်ထက်တစ်ယောက်တည်းရှိနေတဲ့အချိန်မှ သတင်းစကားပြောရမယ်
နံပါတ် ၂ မမသက်ထက်မဟုတ်ဘဲ တခြားဘယ်သူကမေးမေး မသိပါဘူးလို့ပဲပိတ်ငြင်းရမယ်တဲ့
အဲ့ဒီတော့ မသိဘူးရှင့်"
"ဟာ!.. ဒီကလေးမ"
"အမလေး.. အဆင်ကြီးနော် လက်မပါနဲ့ ရိုက်ချင်ရင်နှုတ်ခမ်းနဲ့ရိုက် ပါးထိုးပေးမယ်"
လက်ရွယ်ရုံနှင့် စုံစိနေအောင်ထွက်လာသည့် ဗရုတ်သုတ်ခစကားတွေကြောင့် အသက်ကပြုံးစိစိဖြစ်သွားသည့်အခါ သူပိုပြီးရှက်သွားမိ၏။
ထို့ကြောင့် ထိုကလေးမလေးကိုစူးစူးဝါးဝါးကြည့်ရင်းအသက်ကိုမေးဆတ်ပြလိုက်တော့ အသက်က လျှာတစ်လစ်ကလေးဖြင့် ထိုကလေးမကိုဆွဲခေါ်သွားတော့သည်။
ဒါတောင် အခန်းထဲမဝင်ခင် အော်သွားသေး၏။
"ဒေါသကြီးနေတဲ့မျက်နှာကလည်း ချစ်စရာကြီး"
တဲ့လေ…
💝💝◽◽◽💝💝
"အဲ့ဒါပဲ မမ"
အသက် သက်ပြင်းလေးချမိကာ ခေါင်းညိတ်ပြလိုက်ရင်း မျက်လုံးတွေက ကိုကိုမသိအောင်ခိုးပြီးစုဆောင်းထားသော လဂာ်နက်ဗီရိုလေးဆီ အကြည့်ရောက်သွားသည်။
အသက် မြေပြန့်ကိုဆင်းမလာခင်ကတည်းက ဖေဖေပြောလိုက်သည့်ကိစ္စမို့ အနှေးနဲ့အမြန်ဖြစ်လာမည်ကို ကြိုသိနေခဲ့သည်။
ဒီကိစ္စမှာ Leoponတချို့လည်းပါနေတာမို့ ဆက်သွယ်ရေးမှာ ဖေဖေက အတော်လေးကန့်သတ်ထားပြီး ဖုန်း သို့မဟုတ် စာဖြင့် လုံးဝမဆက်သွယ်။
လူလူချင်းသာ အသက်ဆီသတင်းပါးတတ်တာမို့ ဒီသတင်းဟာအလုံခြုံဆုံးဖြစ်ဖို့ သေသေချာချာစီမံထားမှန်း သိသာ၏။
"ဖေဖေက ဘာလို့နင့်ကိုလွှတ်လိုက်တာလဲ ဒီလောက်အန္တရာယ်များတဲ့သတင်းကို"
"ဦးဦးက မလွှတ်ပါဘူး နေက မမနဲ့လည်းတွေ့ချင်လို့ပါ Leoponတစ်ယောက်ကိုလွှတ်ရင် သတင်းစကားမှန်းလူသိမှာပေါ့ အခု နေ,ရောက်လာတာက ခရီးသွားဟန်လွှဲနဲ့တူတယ်လေ
ပြီးတော့ နေက Leoponမှမဟုတ်တာ"
"ဦးသံလွင်တို့ရော နေကောင်းကြရဲ့လား"
"ဟုတ်.. ကောင်းကြပါတယ်"
"ဒါပြီးရင် နင်ကပြန်တော့မှာလား"
"တစ်ရက်နှစ်ရက်လောက်နေဦးမှာ မာမားက ဖိုးဖိုးဆီဝင်ဖို့မှာလိုက်သေးတယ် ဒါနဲ့လေ အဲ့လိုတွေဖြစ်ကြလို့ မမဒဏ်ရာရရင် ဘယ်လိုလုပ်မလဲ
သမီး မမနဲ့နေပေးရမလား"
"မနေပါနဲ့ နင်ငါ့အနားကြာကြာရှိနေရင် ရိပ်မိသွားကြလိမ့်မယ်"
"မနေစေချင်လည်းပြီးရော သမီးတော့အသည်းကွဲပါပြီ မမရယ် ကိုသားပေါက်က မမှတ်မိဘူးတဲ့"
"မမှတ်မိတာကောင်းတယ် ငါလည်း နင့်လိုဖျတ်ဖျတ်လူးနေတဲ့ဟာကို ယောင်းမ မတော်နိုင်ဘူး"
ထိုအခါ အလွန်ချစ်စရာကောင်းသော နေအဉ္ဇာရာရဲ့မျက်နှာလေး ရှုံ့မဲ့သွားကာ စိတ်ထဲမှာတော့ အသက်ကိုအတင်းအုပ်နေမှာသေချာ၏။
သူမရဲ့အဖေက Leoponရဲ့မိသားစုဆရာဝန်မို့ ငယ်စဥ်ကတည်းက အသက်နဲ့အတူကြီးပြင်းခဲ့ရပြီး သူမလေးကတော့ ကပြားမလေးမို့ ပိုပြီးချစ်စရာကောင်းသည်။
သွက်သွက်လက်လက်လေးလည်း ဖြစ်တာမို့ ကလေးချစ်တတ်သော ဖေဖေက ဒီဟာလေးကို သိပ်ဦးစားပေးတတ်၏။
"ဒါဆိုပြန်တော့မယ် တောင်ကြီးကိုမပြန်ခင် ရည်းစားတစ်ယောက်ရှာသွားဦးမယ် ဒါဆိုပါပါးမျက်လုံးကြီး အကြီးကြီးဖြစ်သွားမှာ"
"ဟယ်!! ဒီကလေးမ"
အသက် အရုပ်နှင့်လှမ်းထုတော့ ပေါက်ကရတွေပြောလွန်းသော ထိုချာတိတ်မက လှစ်ခနဲနေအောင်ထွက်ပြေးသွား၍ အရုပ်ကလေးဟာ ကြမ်းပြင်ပေါ်ကျသွား၏။
ဒီဟာလေးနဲ့လည်း တကယ်မလွယ်ပါ…
💝💝◽◽◽💝💝
သင်တန်းကဆင်းသည်နှင့် ကားရှိရာနေရာကိုလျှောက်လာရင်း သင်တန်းရဲ့တစ်ဖက်က ပလက်ဖောင်းဆီသို့ မျက်လုံးကအလိုလိုရောက်သွား၏။
အသက်ကိုတစ်ခါလာကြိုဖူးသော Pradoကြီးကို အသက်မှတ်မိနေခဲ့တာမို့ ဟိုလူကြီးပဲလားဟု ရင်ထဲဒိတ်ခနဲဖြစ်သွားမိသည်။
ခြေလှမ်းတွေရပ်သွားမိချိန် ဖုန်းဆီကမက်ဆေ့ဝင်သံကြားလိုက်ရ၍ ခေါင်းလေးငုံ့ကာဖုန်းကိုရှာပြီး ထုတ်ကြည့်လိုက်သည်။
Let's go
ဟု တိုတိုတုတ်တုတ်ပို့ထားသော မက်ဆေ့အတိုလေးကြောင့် အသက် ကားဆီကိုတစ်ချက်လှမ်းကြည့်ရင်း လက်မလေးပြန်ပို့လိုက်ကာ ဖုန်းကိုအိတ်ထဲပြန်ထည့်လိုက်သည်။
ကားထဲဝင်ထိုင်ပြီး Pradoအနားမောင်းလာခဲ့တော့ သူက ရှေ့ကထွက်သွားတာမို့ အသက် နောက်ကပဲဖြည်းဖြည်းချင်းလိုက်မောင်းလာခဲ့သည်။
သူ ကားပါကင်ယူတော့ အသက်လည်း သူ့ကားအနားမှာကပ်ရပ်လိုက်ကာ ကားပေါ်ကဆင်းလာခဲ့သည်။
နေရာက သစ်ပင်ရိပ်လေးတွေဖြင့် စိမ်းစိမ်းစိုစိုရှိကာ ပတ်ဝန်းကျင်ကလည်း တိတ်ဆိတ်ငြိမ်သက်နေတာမို့ ကြည်နူးစရာတော့ ကောင်း၏။
"လာလေ"
အသက်ခေါင်းလေးညိတ်ပြပြီး သူ့နောက်က ကပ်လိုက်သွားတော့ bookingယူထားပုံရသည့် နေရာလေးက တသီးတသန့်။
ရေကန်ထဲမှာ စင်လေးကိုခိုင်ခိုင်ခန့်ခန့်ဆောက်ထားပြီး သက်ကယ်တွေမိုးထားကာ သစ်လုံးလေးတွေချည်းသုံးထားတာမို့ ချစ်စဖွယ်လေးဖြစ်သည်။
ထိုင်ဖို့အတွက် ကျူဖြာလေးတစ်ချပ်ခင်းထားပြီး စားပွဲခုံလေးတစ်ခုံချထားကာ ရေခဲသေတ္တာအသေးစားလေးတစ်လုံးလည်းရှိနေ၍ ရှင်းရှင်းလင်းလင်းဖြင့် မျက်စိလည်းအေး၏။
တကယ်အမိုက်စားနေရာလေးပဲ…
"ဘာစားမလဲ"
"မသိဘူးလေ ကိုမင်းနေကဝယ်ကျွေးမှာဆိုတော့ အဆင်ပြေမယ့်ဟာပဲမှာပေးလေ အသက် အစားမရွေးပါဘူး"
"မတည့်တဲ့အသားရှိလား"
"အမဲသား"
"အဲ့ဒါဆို ဒါလေးရယ် ဒါလေးရယ်..."
သူက Waiterကိုမီနူးပြပြီးမှာနေတော့ အသက် သူ့ကိုခဏပလစ်ကာ စင်ကလေးရဲ့ဘောင်ပေါ်ကို လက်ကလေးထောက်ရင်း အောက်ကိုငုံ့ကြည့်မိသည်။
အောက်မှာလည်း ကြာပန်းလေးတွေရှိနေတာပဲ…
"ခူးလို့ရတယ်"
သူ့ဆီက အသိပေးသလိုပြောလာတော့ အသက်ခေါင်းလေးခါပြလိုက်ပြီး သူ့ရှေ့မှာပဲမတ်မတ်ပြန်ထိုင်လိုက်သည်။
အသက်ကိုယ်တိုင်လည်း လူငယ်တစ်ယောက်ပဲမို့ သူ ဘယ်ကိုခြေလှမ်းနေသလဲ ရိပ်မိပေမယ့် အသက်ကရော သူ့ကိုရင်ခုန်သလား၊ စိတ်ဝင်စားနေမိသလားမသဲကွဲပါ။
သူ့ကိုမြင်နေရသမျှမှာတော့ အသက် ရင်ခုန်မိသလို တစ်ခါတစ်လေဆို ထိုရင်ခုန်သံတွေကိုတောင် မထိန်းနိုင်ခဲ့။
ဒါပေမယ့် ဒါတွေဟာ မဖြစ်သင့်ခဲ့ဘူးမလား…
"သူ့နေရာနဲ့သူရှိတာက အချိန်ကြာကြာပိုလှပါတယ်"
သူ မျက်နှာပျက်သွားတော့၏။
ဒါဟာ အသက်တို့နှစ်ယောက်အတွက် အကောင်းဆုံးဖြစ်သလို အသက်ဟာ သာမာန်ဘဝမျိုးနဲ့ရှင်သန်ခွင့်ရှိသူမဟုတ်။
သူ့လက်ဟာ ကျောက်မြတ်တွေကိုပဲ ထိတွေ့ခဲ့သလို အသက်ရဲ့လက်ဟာ Leopon၏ရန်သူတွေရဲ့သွေးးတွေကို ထိတွေ့ခဲ့ရသည်ပဲ…
"အချစ်ကိုအယုံအကြည်မရှိဘူး အသက်သိတာက အသက်တို့မိသားစု အန္တရာယ်မရှိဖို့ပဲ ချစ်မိတဲ့သူကရှုံးတာပဲတဲ့
အသက် ဘယ်တော့မှအရှုံးမပေးဘူး"
သူဟာ အသက်ကိုမယုံသလိုကြည့်လာပြီး ထိုအကြည့်တွေဟာ ဖွင့်ဟစရာမလိုသော အဓိပ္ပါယ်တွေအများကြီးပျော်ဝင်နေသည်။
ထိုမျက်လုံးတွေကို စူးစိုက်ပြီးကြည့်နေရင်းမှ အသက်မျက်နှာလေးလွှဲလိုက်တော့ ရင်ဘတ်ထဲမှာ နင့်ခနဲဖြစ်သွားမိသည်။
ဒါဟာဖြစ်သင့်ရဲ့လား..
အသက်ဟာ သူနဲ့သိကျွမ်းခဲ့တာ ဘယ်လောက်မှမကြာခဲ့ပါဘဲ ဘာကြောင့်မို့များ ဒီလိုငြိတွယ်နေမိတာလဲ…
"Sorry မင်းကိုအနေခက်အောင်လုပ်မိသွားတယ်"
"ဟုတ်"
"သင်တန်းက အဆင်ပြေရဲ့လား"
"ပြေပါတယ် စိတ်ဝင်စားနေတဲ့ဘာသာရပ်မို့လို့လားမသိဘူး သင်ရတာလွယ်တယ်"
အသက် အပြုံးလေးဖြင့်ပြန်ဖြေလိုက်တော့ သူသည်လည်း စိတ်သက်သာရာရသွားဟန်ဖြင့် ပြုံးပြုံးရွှင်ရွှင်ပြန်ဖြစ်လာတော့သည်။
ထိုနေ့က အသက်တို့ မုန့်စားအပြီးမှာ အေးအေးဆေးဆေးလမ်းခွဲခဲ့ပြီး သူနဲ့အသက်ကြားက ငြိတွယ်ခြင်းတွေကို သွေးအေးအေးဖြင့် ဖြတ်တောက်ပစ်ခဲ့သော နေ့တစ်နေ့လည်းဖြစ်ပါသည်။
💝💝◽◽◽💝💝
"လာစမ်းပါဦး မင်းကိုစောင့်နေတာ"
အိမ်ရှေ့မှာ Z4လေးရပ်ထားကတည်းက ဘယ်သူရောက်နေသလဲဟု သိထားသောကြောင့် မူမပျက်ဘဲနေသည့်အခါ ထိုင်ရာမှမထသောထက်ဘုန်းလျှံက ဂြိုဟ်ကြည့် ကြည့်လာသည်။
ဘာပြဿနာလုပ်ထားမိသလဲ မသိတာမို့ တပည့်တွေကို အိတ်တွေသိမ်းဖို့ပြောပြီး အိမ်ထဲဝင်လာခဲ့သည်။
"ပြောစမ်းပါဦး မယားထိပ်ထားစံကြီးရဲ့ မင်းဘာကိစ္စ ငါ့သမီးဖုန်းနံပါတ်ကို ဟိုလူ့ပေး ဒီလူ့ပေးလုပ်နေတာလဲ"
"မပေးပါဘူးကွာ"
"မင်းမပေးရင် ဟိုကောင်လေးက ဘယ်လိုလုပ်သိမှာလဲ"
"ငါအဲ့ဒီကောင်လေးကို မပေးဘူး သေချာတယ် သားပေါက်ဆီကရသွားတာနေမှာပေါ့"
"မပလီစမ်းပါနဲ့ ဇွဲရာ သားပေါက်က သက်ထက်ကို တွန့်တိုလွန်းလို့ ထွန့်ထွန့်လူးနေတာပဲ အဲ့ဒီကောင်ဆီကတော့ ပေါက်ကြားမှာမဟုတ်ဘူး မင်းပဲ"
"ဘာဆိုင်လို့လဲဟ"
"ငါမေးရင်ဝန်ခံလိုက် သိလို့မေးနေတာ မင်းဝန်မခံရင် မင်းရဲ့သမီးလေးကို ငါခေါ်ထုတ်ပြီးမေးရမလား"
"သူနဲ့မဆိုင်ဘူး"
"မဆိုင်ရင် ငါမေးနေတာကိုပြော"
တကယ်လည်း ထက်ဘုန်းလျှံက အတိအကျသိထားပုံရှိတာမို့ သိမ်မွေ့ဆီမရောက်စေရန် ခပ်တည်တည်ဖြင့်ခေါင်းညိတ်ပြလိုက်သည်။
ထိုအခါ ထက်ဘုန်းလျှံက အသံတိတ်ဆဲရေးပြီး စားပွဲပေါ်ခြေဆန့်ပြီးထိုင်နေရာမှ ခြေထောက်ကိုပြန်ချသည်။
"နောက်တစ်ခါ ငါ့သမီးနဲ့ပတ်သက်လာရင် ဘာလုပ်လုပ်သတိလက်မလွတ်နဲ့ ဇွဲ.. သက်ထက်ကိုငါဘယ်လောက်ထိ မျှော်မှန်းထားသလဲ မင်းတို့အသိဆုံးပဲ ဘာအကြောင်းကြောင်းနဲ့မှ အလွဲချော်မခံနိုင်ဘူး"
"Sorryကွာ ငါက ငါ့တူမကိုယုံလို့ပေးလိုက်တာ"
"ငါလည်းယုံပါတယ် ဒါကြောင့်မို့ ဘာပဲဖြစ်နေနေလွှတ်ပေးထားတာ သက်ထက်ရဲ့အနောက်မှာ သီဟအမြဲတမ်းရှိတယ် သမီးဘာလုပ်လုပ်ငါပြန်သိတယ်
မင်းအဲ့လိုဖုန်းနံပါတ်ပေးလိုက်တာ ဘာဖြစ်သွားလဲသိလား ဟိုကောင်လေးက မင်းတူမကို Restaurantတစ်ခုခေါ်သွားတယ်
ငါတို့လောကသားမဟုတ်တဲ့လူနဲ့ ငြိသွားရင် သမီးက ငါတို့အရိပ်အောက်ကရုန်းထွက်သွားမှာ မင်းမစိုးရိမ်ဘူးလား
မင်းကို နောက်ထပ်မမှားစေချင်ဘူး ဇွဲ"
"အင်းပါ"
"ငါလာတာ တခြားအကြောင်းရှိသေးတယ်"
အရေးကြီးသောကိစ္စဖြစ်ပုံရသလို ထက်ဘုန်းလျှံရဲ့အသံလည်း တိုးဝင်သွားသောကြောင့် ယောက်ဖအနားကပ်ပြီး နားထောင်လိုက်သည်။
ဒီလိုအရေးကြီးသည့်ကိစ္စဆိုတာ ဒီလိုဖွင့်ဟပြောမှအဆင်ပြေသလို နံရံတိုင်းမှာ နားရှိနေတတ်၍ ဖုန်းနဲ့ပြောဖို့လည်းစိတ်မချ…
"Leoponတွေ ရှမ်းရှေ့ကိုသွားတယ်လို့ ငါကြားထားတယ် ငါထင်တာမမှားရင် Blackတို့နဲ့ပူးပေါင်းဖို့ဖြစ်လောက်တယ်"
"အဲ့ဒီတော့.."
"ဒီနှစ်ပတ်အတွင်း သက်ထက်ရဲ့အနားက ကိုယ်ရံတော်တွေလျော့သွားအောင် တန်ခိုးက ဖြုတ်ပေးထားလိမ့်မယ် အဲ့လိုလျော့သွားတာနဲ့ သူတို့ကဝင်ပြီးလုပ်ကြံ,ကြလိမ့်မယ်"
"မင်းဘာကြံစည်နေပြန်ပြီလဲ ထက်ဘုန်းလျှံ"
"ငါ့သမီးကိုဆန့်ကျင်မယ့်Leoponတွေနဲ့ Blackတွေကို အပြတ်ရှင်းဖို့ကြံစည်နေတာ သက်ထက် လုပ်ကြံခံရရင် သားပေါက်က သူ့ဒရုန်းတွေကိုလွှတ်လိုက်လိမ့်မယ် အဲ့ဒီလူတွေနောက်ကိုချက်ချင်းလိုက်မှာ
သားပေါက်ဆက်သွယ်လာတဲ့အချိန် ငါက သွားပူးပေါင်းတဲ့ Leoponတွေကိုရှင်းပစ်မှာ… မင်းက ကျိုင်းတုံက Blackတွေရဲ့စံအိမ်ကိုသွားကျဲဖို့တာဝန်ယူပါ လူအင်အား၊ လဂာ်နက်အင်အားကို ငါဖြည့်ပေးမယ်
တစ်ခုသတိထားဖို့က မင်းရယ် ငါရယ် သားပေါက်ရယ်က တစ်ချိန်တည်းမှာပဲလုပ်ရမှာ အတိအကျပဲ"
"မင်းအစီအစဥ်က အန္တရာယ်များလွန်းတယ် ထက်ဘုန်းလျှံ မတော်လို့ သက်ထက်ထိခိုက်သွားရင်.."
"ငါ့သမီးအဲ့လောက်မညံ့ပါဘူး မင်းအဆင်သင့်ဖြစ်နေဖို့ပဲလိုတယ် ငါ့ရည်ရွယ်ချက်ကတစ်ခုတည်းပဲ ဇွဲ..
ငါ့သမီး ငါ့နေရာကိုဆက်ခံဖို့ဆို သူ့ရှေ့မှာဘယ်သူပဲကာဆီးနေနေရှင်းပစ်မှာ"
💝💝◽◽◽💝💝
Part 17 ဆက်ရန်
စာဖတ်သူတစ်ဦးချင်းစီကိုလေးစားလျက်
#shinthant1141997
~~~~~~~~~~~~~~~~~
💝 Part - 16 💝
◽◽◽◽◽
အခန္းတံခါးေခါက္သံေၾကာင့္ သူ မ်က္ေမွာင္ကုပ္သြားၿပီး အသက္ကိုတစ္ခ်က္လွမ္းၾကၫ့္ေတာ့ အသက္ကလည္း တံခါးကိုလွၫ့္ၾကၫ့္ေနသည္။
ၿပီးမွ သူ႔ဆီအၾကၫ့္ေရာက္လာ၍ ကမန္းကတန္းလက္ကာျပလိုက္ၿပီး လုပ္လက္စဒရုန္းေတြကို စကၠူပံုးေလးထဲထၫ့္လိုက္သည္။
အလုပ္လုပ္ေနခ်ိန္ေတြဆို ဘယ္လိုလုပ္ေရာက္လာသၫ့္ အေနွာက္အယွက္ေတြလဲမသိ။
ဘုန္းအာဏာလ်ွံ အလုပ္လုပ္ေနၿပီေဟ့၊ သြားရေအာင္ဟု တိုင္ပင္ထားၾကသလားမသိဘဲ ေရာက္လာလ်ွင္အခ်ိန္ကိုက္…
"အိုလမို!! ငါ့အခ်စ္ကေလး"
"အိုညီး!!"
ဆူဆူညံညံႏႈတ္ဆက္သံေတြႏွင့္အတူ ခုန္ေပါက္ေနသၫ့္ေျခသံေတြေၾကာင့္ အခန္းတံခါးကိုအသာဟကာ ေခါင္းထြက္ၾကၫ့္လိုက္ေတာ့ အသက္ကိုဖက္ၿပီးေအာ္ဟစ္ေနသည့္ေကာင္မေလးတစ္ေယာက္။
သူငယ္ခ်င္းမထားတတ္ေသာ အသက္အတြက္ အေတာ္ေလးရင္းႏွီးပံုရတာမို႔ ထိုမိန္းကေလးဟာ ဘယ္သူမ်ားလဲမသိ…
"ၾကၫ့္ဦး အရပ္ႀကီးျမင့္လာလိုက္ပံုမ်ား"
"အာ!! ဒါက ေဒါက္စီးထားလို႔ပါ ၆လက္မေလ.. အိုက္စ္စ္"
"ခၽြတ္စမ္း ခုခၽြတ္"
"မညစ္ပတ္နဲ႔ေနာ္ အိုညီး"
"နင္ ငါ့ထက္အရပ္ရွည္ေနတာကို ၾကၫ့္မရလို႔"
အသက္ကိုယ္တိုင္က ဆူညံစြာေအာ္ဟစ္ေနတာမို႔ ဒီႏွစ္ေယာက္ဟာ အေတာ္ေလးရင္းႏွီးဟန္ရိွသည္။
ထို႔ေၾကာင့္ အခန္းအျပင္ထြက္လာခဲ့ေတာ့ ထိုမိန္းကေလးက အသက္ရဲ့ခါးကိုဖက္ၿပီး တတြတ္တြတ္နဲ႔ဘာေတြေျပာေနသလဲမသိ။
"ဟယ္! ဆင္လိုက္တာ"
ဆိုၿပီး သူ႔ကိုတၫ့္တၫ့္ၾကၫ့္ကာ ေအာ္ခ်ပစ္လိုက္သည္မွာ အက်ယ္ႀကီးျဖစ္၏။
အသက္ကေတာ့ ရိုးအီေနဟန္ျဖင့္ရယ္ေမာရင္း ထိုမိန္းကေလးကို ေခါင္းေခါက္ေနေပမယ့္ သူကေတာ့မ်က္ႏွာပူသြားမိတာအမွန္ျဖစ္သည္။
ဘယ္လိုဟာေလးမွန္းလဲမသိ…
"ကိုကို မမွတ္မိဘူးလား"
"အင္း မမွတ္မိဘူး"
"ဘဲရီးကလည္း ဉာဏ္ေကာင္းမလိုနဲ႔ ဒီေလာက္လွတဲ့မ်က္ႏွာေလးကိုေတာင္ မမွတ္မိဘူးတဲ့"
"ဘာ!!"
"ေတာ္ၿပီ ေရာက္ေရာက္ခ်င္း ငါ့အစ္ကိုကိုလိုက္စမေနနဲ႔ ဒါကဘယ္ကလွၫ့္ဝင္လာလို႔ ဒီကိုေရာက္လာတာလဲ"
"မမဆီပဲ တၫ့္တၫ့္လာတာ ဦးဦးကလႊတ္လိုက္လို႔"
"ေဖေဖက"
အသက္မ်က္ႏွာေလးတည္ၿငိမ္သြားသလို ေျပာင္ေခ်ာ္ေခ်ာ္ႏိုင္ေသာ ထိုကေလးမမ်က္ႏွာကလည္း အေရးႀကီးသလိုျဖစ္သြား၏။
ပံုမွန္ဆို ဦးယံက ဖုန္းဆက္ေနက်ျဖစ္ပါလ်က္ ဒီတစ္ခါေတာ့ ဘာေၾကာင့္လူလႊတ္လိုက္သလဲမသိ။
ထို႔အျပင္ လႊတ္လိုက္သၫ့္လူက Leoponမဟုတ္သၫ့္ တျခားမိန္းမငယ္ေလးတစ္ဦး…
"ဦးယံက ဘာအေရးႀကီးကိစၥရိွလို႔လဲ"
"သခင္ေလးက ေသခ်ာမွာလိုက္တယ္
နံပါတ္ ၁ မမသက္ထက္တစ္ေယာက္တည္းရိွေနတဲ့အခ်ိန္မွ သတင္းစကားေျပာရမယ္
နံပါတ္ ၂ မမသက္ထက္မဟုတ္ဘဲ တျခားဘယ္သူကေမးေမး မသိပါဘူးလို႔ပဲပိတ္ျငင္းရမယ္တဲ့
အဲ့ဒီေတာ့ မသိဘူးရွင့္"
"ဟာ!.. ဒီကေလးမ"
"အမေလး.. အဆင္ႀကီးေနာ္ လက္မပါနဲ႔ ရိုက္ခ်င္ရင္ႏႈတ္ခမ္းနဲ႔ရိုက္ ပါးထိုးေပးမယ္"
လက္ရြယ္ရံုႏွင့္ စံုစိေနေအာင္ထြက္လာသၫ့္ ဗရုတ္သုတ္ခစကားေတြေၾကာင့္ အသက္ကႃပံုးစိစိျဖစ္သြားသည့္အခါ သူပိုၿပီးရွက္သြားမိ၏။
ထို႔ေၾကာင့္ ထိုကေလးမေလးကိုစူးစူးဝါးဝါးၾကၫ့္ရင္းအသက္ကိုေမးဆတ္ျပလိုက္ေတာ့ အသက္က လ်ွာတစ္လစ္ကေလးျဖင့္ ထိုကေလးမကိုဆဲြေခၚသြားေတာ့သည္။
ဒါေတာင္ အခန္းထဲမဝင္ခင္ ေအာ္သြားေသး၏။
"ေဒါသႀကီးေနတဲ့မ်က္ႏွာကလည္း ခ်စ္စရာႀကီး"
တဲ့ေလ…
💝💝◽◽◽💝💝
"အဲ့ဒါပဲ မမ"
အသက္ သက္ျပင္းေလးခ်မိကာ ေခါင္းညိတ္ျပလိုက္ရင္း မ်က္လံုးေတြက ကိုကိုမသိေအာင္ခိုးၿပီးစုေဆာင္းထားေသာ လဂာ္နက္ဗီရိုေလးဆီ အၾကၫ့္ေရာက္သြားသည္။
အသက္ ေျမျပန႔္ကိုဆင္းမလာခင္ကတည္းက ေဖေဖေျပာလိုက္သၫ့္ကိစၥမို႔ အေနွးနဲ႔အျမန္ျဖစ္လာမည္ကို ႀကိဳသိေနခဲ့သည္။
ဒီကိစၥမွာ Leoponတခ်ိဳ႕လည္းပါေနတာမို႔ ဆက္သြယ္ေရးမွာ ေဖေဖက အေတာ္ေလးကန္႔သတ္ထားၿပီး ဖုန္း သို႔မဟုတ္ စာျဖင့္ လံုးဝမဆက္သြယ္။
လူလူခ်င္းသာ အသက္ဆီသတင္းပါးတတ္တာမို႔ ဒီသတင္းဟာအလံုႃခံုဆံုးျဖစ္ဖို႔ ေသေသခ်ာခ်ာစီမံထားမွန္း သိသာ၏။
"ေဖေဖက ဘာလို႔နင့္ကိုလႊတ္လိုက္တာလဲ ဒီေလာက္အႏၲရာယ္မ်ားတဲ့သတင္းကို"
"ဦးဦးက မလႊတ္ပါဘူး ေနက မမနဲ႔လည္းေတြ့ခ်င္လို႔ပါ Leoponတစ္ေယာက္ကိုလႊတ္ရင္ သတင္းစကားမွန္းလူသိမွာေပါ့ အခု ေန,ေရာက္လာတာက ခရီးသြားဟန္လႊဲနဲ႔တူတယ္ေလ
ၿပီးေတာ့ ေနက Leoponမွမဟုတ္တာ"
"ဦးသံလြင္တို႔ေရာ ေနေကာင္းၾကရဲ့လား"
"ဟုတ္.. ေကာင္းၾကပါတယ္"
"ဒါၿပီးရင္ နင္ကျပန္ေတာ့မွာလား"
"တစ္ရက္ႏွစ္ရက္ေလာက္ေနဦးမွာ မာမားက ဖိုးဖိုးဆီဝင္ဖို႔မွာလိုက္ေသးတယ္ ဒါနဲ႔ေလ အဲ့လိုေတျြဖစ္ၾကလို႔ မမဒဏ္ရာရရင္ ဘယ္လိုလုပ္မလဲ
သမီး မမနဲ႔ေနေပးရမလား"
"မေနပါနဲ႔ နင္ငါ့အနားၾကာၾကာရိွေနရင္ ရိပ္မိသြားၾကလိမ့္မယ္"
"မေနေစခ်င္လည္းၿပီးေရာ သမီးေတာ့အသည္းကဲြပါၿပီ မမရယ္ ကိုသားေပါက္က မမွတ္မိဘူးတဲ့"
"မမွတ္မိတာေကာင္းတယ္ ငါလည္း နင့္လိုဖ်တ္ဖ်တ္လူးေနတဲ့ဟာကို ေယာင္းမ မေတာ္ႏိုင္ဘူး"
ထိုအခါ အလြန္ခ်စ္စရာေကာင္းေသာ ေနအဉၨာရာရဲ့မ်က္ႏွာေလး ရႈံ႔မဲ့သြားကာ စိတ္ထဲမွာေတာ့ အသက္ကိုအတင္းအုပ္ေနမွာေသခ်ာ၏။
သူမရဲ့အေဖက Leoponရဲ့မိသားစုဆရာဝန္မို႔ ငယ္စဥ္ကတည္းက အသက္နဲ႔အတူႀကီးျပင္းခဲ့ရၿပီး သူမေလးကေတာ့ ကျပားမေလးမို႔ ပိုၿပီးခ်စ္စရာေကာင္းသည္။
သြက္သြက္လက္လက္ေလးလည္း ျဖစ္တာမို႔ ကေလးခ်စ္တတ္ေသာ ေဖေဖက ဒီဟာေလးကို သိပ္ဦးစားေပးတတ္၏။
"ဒါဆိုျပန္ေတာ့မယ္ ေတာင္ႀကီးကိုမျပန္ခင္ ရည္းစားတစ္ေယာက္ရွာသြားဦးမယ္ ဒါဆိုပါပါးမ်က္လံုးႀကီး အႀကီးႀကီးျဖစ္သြားမွာ"
"ဟယ္!! ဒီကေလးမ"
အသက္ အရုပ္ႏွင့္လွမ္းထုေတာ့ ေပါက္ကရေတြေျပာလြန္းေသာ ထိုခ်ာတိတ္မက လွစ္ခနဲေနေအာင္ထြက္ေျပးသြား၍ အရုပ္ကေလးဟာ ၾကမ္းျပင္ေပၚက်သြား၏။
ဒီဟာေလးနဲ႔လည္း တကယ္မလြယ္ပါ…
💝💝◽◽◽💝💝
သင္တန္းကဆင္းသည္ႏွင့္ ကားရိွရာေနရာကိုေလ်ွာက္လာရင္း သင္တန္းရဲ့တစ္ဖက္က ပလက္ေဖာင္းဆီသို႔ မ်က္လံုးကအလိုလိုေရာက္သြား၏။
အသက္ကိုတစ္ခါလာႀကိဳဖူးေသာ Pradoႀကီးကို အသက္မွတ္မိေနခဲ့တာမို႔ ဟိုလူႀကီးပဲလားဟု ရင္ထဲဒိတ္ခနဲျဖစ္သြားမိသည္။
ေျခလွမ္းေတြရပ္သြားမိခ်ိန္ ဖုန္းဆီကမက္ေဆ့ဝင္သံၾကားလိုက္ရ၍ ေခါင္းေလးငံု႔ကာဖုန္းကိုရွာၿပီး ထုတ္ၾကည့္လိုက္သည္။
Let's go
ဟု တိုတိုတုတ္တုတ္ပို႔ထားေသာ မက္ေဆ့အတိုေလးေၾကာင့္ အသက္ ကားဆီကိုတစ္ခ်က္လွမ္းၾကၫ့္ရင္း လက္မေလးျပန္ပို႔လိုက္ကာ ဖုန္းကိုအိတ္ထဲျပန္ထၫ့္လိုက္သည္။
ကားထဲဝင္ထိုင္ၿပီး Pradoအနားေမာင္းလာခဲ့ေတာ့ သူက ေရ႔ွကထြက္သြားတာမို႔ အသက္ ေနာက္ကပဲျဖည္းျဖည္းခ်င္းလိုက္ေမာင္းလာခဲ့သည္။
သူ ကားပါကင္ယူေတာ့ အသက္လည္း သူ႔ကားအနားမွာကပ္ရပ္လိုက္ကာ ကားေပၚကဆင္းလာခဲ့သည္။
ေနရာက သစ္ပင္ရိပ္ေလးေတျြဖင့္ စိမ္းစိမ္းစိုစိုရိွကာ ပတ္ဝန္းက်င္ကလည္း တိတ္ဆိတ္ၿငိမ္သက္ေနတာမို႔ ၾကည္ႏူးစရာေတာ့ ေကာင္း၏။
"လာေလ"
အသက္ေခါင္းေလးညိတ္ျပၿပီး သူ႔ေနာက္က ကပ္လိုက္သြားေတာ့ bookingယူထားပံုရသၫ့္ ေနရာေလးက တသီးတသန႔္။
ေရကန္ထဲမွာ စင္ေလးကိုခိုင္ခိုင္ခန႔္ခန႔္ေဆာက္ထားၿပီး သက္ကယ္ေတြမိုးထားကာ သစ္လံုးေလးေတြခ်ည္းသံုးထားတာမို႔ ခ်စ္စဖြယ္ေလးျဖစ္သည္။
ထိုင္ဖို႔အတြက္ က်ူျဖာေလးတစ္ခ်ပ္ခင္းထားၿပီး စားပဲြခံုေလးတစ္ခံုခ်ထားကာ ေရခဲေသတၲာအေသးစားေလးတစ္လံုးလည္းရိွေန၍ ရွင္းရွင္းလင္းလင္းျဖင့္ မ်က္စိလည္းေအး၏။
တကယ္အမိုက္စားေနရာေလးပဲ…
"ဘာစားမလဲ"
"မသိဘူးေလ ကိုမင္းေနကဝယ္ကၽြေးမွာဆိုေတာ့ အဆင္ေျပမယ့္ဟာပဲမွာေပးေလ အသက္ အစားမေရြးပါဘူး"
"မတၫ့္တဲ့အသားရိွလား"
"အမဲသား"
"အဲ့ဒါဆို ဒါေလးရယ္ ဒါေလးရယ္..."
သူက Waiterကိုမီႏူးျပၿပီးမွာေနေတာ့ အသက္ သူ႔ကိုခဏပလစ္ကာ စင္ကေလးရဲ့ေဘာင္ေပၚကို လက္ကေလးေထာက္ရင္း ေအာက္ကိုငံု႔ၾကၫ့္မိသည္။
ေအာက္မွာလည္း ၾကာပန္းေလးေတြရိွေနတာပဲ…
"ခူးလို႔ရတယ္"
သူ႔ဆီက အသိေပးသလိုေျပာလာေတာ့ အသက္ေခါင္းေလးခါျပလိုက္ၿပီး သူ႔ေရ႔ွမွာပဲမတ္မတ္ျပန္ထိုင္လိုက္သည္။
အသက္ကိုယ္တိုင္လည္း လူငယ္တစ္ေယာက္ပဲမို႔ သူ ဘယ္ကိုေျခလွမ္းေနသလဲ ရိပ္မိေပမယ့္ အသက္ကေရာ သူ႔ကိုရင္ခုန္သလား၊ စိတ္ဝင္စားေနမိသလားမသဲကဲြပါ။
သူ႔ကိုျမင္ေနရသမ်ွမွာေတာ့ အသက္ ရင္ခုန္မိသလို တစ္ခါတစ္ေလဆို ထိုရင္ခုန္သံေတြကိုေတာင္ မထိန္းႏိုင္ခဲ့။
ဒါေပမယ့္ ဒါေတြဟာ မျဖစ္သင့္ခဲ့ဘူးမလား…
"သူ႔ေနရာနဲ႔သူရိွတာက အခ်ိန္ၾကာၾကာပိုလွပါတယ္"
သူ မ်က္ႏွာပ်က္သြားေတာ့၏။
ဒါဟာ အသက္တို႔ႏွစ္ေယာက္အတြက္ အေကာင္းဆံုးျဖစ္သလို အသက္ဟာ သာမာန္ဘဝမ်ိဳးနဲ႔ရွင္သန္ခြင့္ရိွသူမဟုတ္။
သူ႔လက္ဟာ ေက်ာက္ျမတ္ေတြကိုပဲ ထိေတြ့ခဲ့သလို အသက္ရဲ့လက္ဟာ Leopon၏ရန္သူေတြရဲ့ေသြးးေတြကို ထိေတြ့ခဲ့ရသည္ပဲ…
"အခ်စ္ကိုအယံုအၾကည္မရိွဘူး အသက္သိတာက အသက္တို႔မိသားစု အႏၲရာယ္မရိွဖို႔ပဲ ခ်စ္မိတဲ့သူကရႈံးတာပဲတဲ့
အသက္ ဘယ္ေတာ့မွအရႈံးမေပးဘူး"
သူဟာ အသက္ကိုမယံုသလိုၾကၫ့္လာၿပီး ထိုအၾကၫ့္ေတြဟာ ဖြင့္ဟစရာမလိုေသာ အဓိပၸါယ္ေတြအမ်ားႀကီးေပ်ာ္ဝင္ေနသည္။
ထိုမ်က္လံုးေတြကို စူးစိုက္ၿပီးၾကၫ့္ေနရင္းမွ အသက္မ်က္ႏွာေလးလႊဲလိုက္ေတာ့ ရင္ဘတ္ထဲမွာ နင့္ခနဲျဖစ္သြားမိသည္။
ဒါဟာျဖစ္သင့္ရဲ့လား..
အသက္ဟာ သူနဲ႔သိကၽြမ္းခဲ့တာ ဘယ္ေလာက္မွမၾကာခဲ့ပါဘဲ ဘာေၾကာင့္မို႔မ်ား ဒီလိုၿငိတြယ္ေနမိတာလဲ…
"Sorry မင္းကိုအေနခက္ေအာင္လုပ္မိသြားတယ္"
"ဟုတ္"
"သင္တန္းက အဆင္ေျပရဲ့လား"
"ေျပပါတယ္ စိတ္ဝင္စားေနတဲ့ဘာသာရပ္မို႔လို႔လားမသိဘူး သင္ရတာလြယ္တယ္"
အသက္ အႃပံုးေလးျဖင့္ျပန္ေျဖလိုက္ေတာ့ သူသည္လည္း စိတ္သက္သာရာရသြားဟန္ျဖင့္ ႃပံုးႃပံုးရႊင္ရႊင္ျပန္ျဖစ္လာေတာ့သည္။
ထိုေန့က အသက္တို႔ မုန႔္စားအၿပီးမွာ ေအးေအးေဆးေဆးလမ္းခဲြခဲ့ၿပီး သူနဲ႔အသက္ၾကားက ၿငိတြယ္ျခင္းေတြကို ေသြးေအးေအးျဖင့္ ျဖတ္ေတာက္ပစ္ခဲ့ေသာ ေန့တစ္ေန့လည္းျဖစ္ပါသည္။
💝💝◽◽◽💝💝
"လာစမ္းပါဦး မင္းကိုေစာင့္ေနတာ"
အိမ္ေရ႔ွမွာ Z4ေလးရပ္ထားကတည္းက ဘယ္သူေရာက္ေနသလဲဟု သိထားေသာေၾကာင့္ မူမပ်က္ဘဲေနသၫ့္အခါ ထိုင္ရာမွမထေသာထက္ဘုန္းလ်ွံက ၿဂိဳဟ္ၾကၫ့္ ၾကည့္လာသည္။
ဘာျပႆနာလုပ္ထားမိသလဲ မသိတာမို႔ တပၫ့္ေတြကို အိတ္ေတြသိမ္းဖို႔ေျပာၿပီး အိမ္ထဲဝင္လာခဲ့သည္။
"ေျပာစမ္းပါဦး မယားထိပ္ထားစံႀကီးရဲ့ မင္းဘာကိစၥ ငါ့သမီးဖုန္းနံပါတ္ကို ဟိုလူ႔ေပး ဒီလူ႔ေပးလုပ္ေနတာလဲ"
"မေပးပါဘူးကြာ"
"မင္းမေပးရင္ ဟိုေကာင္ေလးက ဘယ္လိုလုပ္သိမွာလဲ"
"ငါအဲ့ဒီေကာင္ေလးကို မေပးဘူး ေသခ်ာတယ္ သားေပါက္ဆီကရသြားတာေနမွာေပါ့"
"မပလီစမ္းပါနဲ႔ ဇဲြရာ သားေပါက္က သက္ထက္ကို တြန႔္တိုလြန္းလို႔ ထြန႔္ထြန႔္လူးေနတာပဲ အဲ့ဒီေကာင္ဆီကေတာ့ ေပါက္ၾကားမွာမဟုတ္ဘူး မင္းပဲ"
"ဘာဆိုင္လို႔လဲဟ"
"ငါေမးရင္ဝန္ခံလိုက္ သိလို႔ေမးေနတာ မင္းဝန္မခံရင္ မင္းရဲ့သမီးေလးကို ငါေခၚထုတ္ၿပီးေမးရမလား"
"သူနဲ႔မဆိုင္ဘူး"
"မဆိုင္ရင္ ငါေမးေနတာကိုေျပာ"
တကယ္လည္း ထက္ဘုန္းလ်ွံက အတိအက်သိထားပံုရိွတာမို႔ သိမ္ေမြ့ဆီမေရာက္ေစရန္ ခပ္တည္တည္ျဖင့္ေခါင္းညိတ္ျပလိုက္သည္။
ထိုအခါ ထက္ဘုန္းလ်ွံက အသံတိတ္ဆဲေရးၿပီး စားပဲြေပၚေျခဆန႔္ၿပီးထိုင္ေနရာမွ ေျခေထာက္ကိုျပန္ခ်သည္။
"ေနာက္တစ္ခါ ငါ့သမီးနဲ႔ပတ္သက္လာရင္ ဘာလုပ္လုပ္သတိလက္မလြတ္နဲ႔ ဇဲြ.. သက္ထက္ကိုငါဘယ္ေလာက္ထိ ေမ်ွာ္မွန္းထားသလဲ မင္းတို႔အသိဆံုးပဲ ဘာအေၾကာင္းေၾကာင္းနဲ႔မွ အလဲြေခ်ာ္မခံႏိုင္ဘူး"
"Sorryကြာ ငါက ငါ့တူမကိုယံုလို႔ေပးလိုက္တာ"
"ငါလည္းယံုပါတယ္ ဒါေၾကာင့္မို႔ ဘာပဲျဖစ္ေနေနလႊတ္ေပးထားတာ သက္ထက္ရဲ့အေနာက္မွာ သီဟအၿမဲတမ္းရိွတယ္ သမီးဘာလုပ္လုပ္ငါျပန္သိတယ္
မင္းအဲ့လိုဖုန္းနံပါတ္ေပးလိုက္တာ ဘာျဖစ္သြားလဲသိလား ဟိုေကာင္ေလးက မင္းတူမကို Restaurantတစ္ခုေခၚသြားတယ္
ငါတို႔ေလာကသားမဟုတ္တဲ့လူနဲ႔ ၿငိသြားရင္ သမီးက ငါတို႔အရိပ္ေအာက္ကရုန္းထြက္သြားမွာ မင္းမစိုးရိမ္ဘူးလား
မင္းကို ေနာက္ထပ္မမွားေစခ်င္ဘူး ဇဲြ"
"အင္းပါ"
"ငါလာတာ တျခားအေၾကာင္းရိွေသးတယ္"
အေရးႀကီးေသာကိႁစၥဖစ္ပံုရသလို ထက္ဘုန္းလ်ွံရဲ့အသံလည္း တိုးဝင္သြားေသာေၾကာင့္ ေယာက္ဖအနားကပ္ၿပီး နားေထာင္လိုက္သည္။
ဒီလိုအေရးႀကီးသၫ့္ကိစၥဆိုတာ ဒီလိုဖြင့္ဟေျပာမွအဆင္ေျပသလို နံရံတိုင္းမွာ နားရိွေနတတ္၍ ဖုန္းနဲ႔ေျပာဖို႔လည္းစိတ္မခ်…
"Leoponေတြ ရွမ္းေရ႔ွကိုသြားတယ္လို႔ ငါၾကားထားတယ္ ငါထင္တာမမွားရင္ Blackတို႔နဲ႔ပူးေပါင္းဖို႔ျဖစ္ေလာက္တယ္"
"အဲ့ဒီေတာ့.."
"ဒီႏွစ္ပတ္အတြင္း သက္ထက္ရဲ့အနားက ကိုယ္ရံေတာ္ေတြေလ်ာ့သြားေအာင္ တန္ခိုးက ျဖဳတ္ေပးထားလိမ့္မယ္ အဲ့လိုေလ်ာ့သြားတာနဲ႔ သူတို႔ကဝင္ၿပီးလုပ္ႀကံ,ၾကလိမ့္မယ္"
"မင္းဘာႀကံစည္ေနျပန္ၿပီလဲ ထက္ဘုန္းလ်ွံ"
"ငါ့သမီးကိုဆန႔္က်င္မယ့္Leoponေတြနဲ႔ Blackေတြကို အျပတ္ရွင္းဖို႔ႀကံစည္ေနတာ သက္ထက္ လုပ္ႀကံခံရရင္ သားေပါက္က သူ႔ဒရုန္းေတြကိုလႊတ္လိုက္လိမ့္မယ္ အဲ့ဒီလူေတြေနာက္ကိုခ်က္ခ်င္းလိုက္မွာ
သားေပါက္ဆက္သြယ္လာတဲ့အခ်ိန္ ငါက သြားပူးေပါင္းတဲ့ Leoponေတြကိုရွင္းပစ္မွာ… မင္းက က်ိဳင္းတံုက Blackေတြရဲ့စံအိမ္ကိုသြားက်ဲဖို႔တာဝန္ယူပါ လူအင္အား၊ လဂာ္နက္အင္အားကို ငါျဖၫ့္ေပးမယ္
တစ္ခုသတိထားဖို႔က မင္းရယ္ ငါရယ္ သားေပါက္ရယ္က တစ္ခ်ိန္တည္းမွာပဲလုပ္ရမွာ အတိအက်ပဲ"
"မင္းအစီအစဥ္က အႏၲရာယ္မ်ားလြန္းတယ္ ထက္ဘုန္းလ်ွံ မေတာ္လို႔ သက္ထက္ထိခိုက္သြားရင္.."
"ငါ့သမီးအဲ့ေလာက္မညံ့ပါဘူး မင္းအဆင္သင့္ျဖစ္ေနဖို႔ပဲလိုတယ္ ငါ့ရည္ရြယ္ခ်က္ကတစ္ခုတည္းပဲ ဇဲြ..
ငါ့သမီး ငါ့ေနရာကိုဆက္ခံဖို႔ဆို သူ႔ေရ႔ွမွာဘယ္သူပဲကာဆီးေနေနရွင္းပစ္မွာ"
💝💝◽◽◽💝💝
Part 17 ဆက္ရန္
စာဖတ္သူတစ္ဦးခ်င္းစီကိုေလးစားလ်က္
#shinthant1141997