အသက်ကို အသက်လိုငြိတွယ်သူမယ်

Від SummerMaung

534K 25.5K 1.7K

ကျွန်တော်ချစ်ရမှာကိုကြောက်တယ် ဘာလို့ဆို ချစ်မိသွားရင် မျက်စိကန်းသွားသလိုပဲ အန္တရာယ်လည်းမသိတော့ဘူး ချောက်ကမ်း... Більше

Intro
2
3
4
5
6
7
Photo
8
9
10
11
12
13
14
15
16
17
18
19
20
21
22
23
24
25
26
27
28
29
30
31
32
33
34
35
36
37
38
39
40
41
42
43
44
45
46
47
48
49
50
51
52
53
54
55
56
57
58
59 (ဇာတ်သိမ်းပိုင်း)
Extra 1
Extra 2
Extra 3
Extra 4

1

13.6K 382 12
Від SummerMaung

💝 Part - 1 💝

◽◽◽◽◽

"ဖေဖေ သမီးကိုခေါ်တယ်ဆို"

ဖေဖေက ခေါင်းညိတ်ပြရုံသာပြပြီး ဆိုဖာကိုမေးဆတ်ပြ၍ ဆိုဖာမှာဝင်ထိုင်ဖို့ပြင်လိုက်သည်။
ဆိုဖာတစ်ဖက်မှာ မေမေလည်းရှိနေကာ မေမေကတော့ သက်ထက်ကို အရယ်အပြုံးကင်းမဲ့သောမျက်နှာဖြင့်ကြည့်လိုက်၊ ဖေဖေ့ဆီအကြည့်ရောက်လိုက်…
သေချာတာတစ်ခုက မေမေ့မျက်နှာပျက်ယွင်းနေသလို ဖေဖေ့မှာလည်း အေးစက်သောအငွှေ့အသက်တွေဖြင့်။

"ခေါ်ခဲ့"

ဖေဖေ့အမိန့်သံအဆုံးမှာ တံခါးနောက်ကွယ်မှာ ဖေဖေ့ကိုယ်ရံတော်တွေထွက်လာပြီး လူတစ်ယောက်ကို တရွတ်တိုက်ဆွဲခေါ်လာသည်။
ဘယ်သူလဲတော့မသိပေမယ့် ဒီပုံစံ၊ ဒီအနေအထားဟာ သစ္စာဖောက်တစ်ယောက်ယောက် ဖြစ်နိုင်လောက်သည်။

"မော့စမ်း"

ဦးနန္ဒက ထိုသူကိုဆံပင်မှဆွဲကာ မျက်နှာမော့စေတော့ ဟန်သူဖြစ်နေ၍ သက်ထက်နှုတ်ခမ်းတွေပွင့်ဟသွားရသည်။
တစ်ဆက်တည်း ဖေဖေ့ရဲ့အေးစက်နေမှုကို သတိရလိုက်ကာ ထိုင်ရာမှထရပ်လိုက်ပြီး ဟန်သူ့ရှေ့မှ ကာဆီးထားလိုက်သည်။

"သက်ထက် ဒီကိုပြန်လာ"

"ဟင့်အင်း မေမေ မေမေတို့ သူ့ကိုအထင်လွဲနေတာ ဘာလို့လဲ ဟန်သူ့မှာဘာအပြစ်ရှိလို့လဲ"

"အပြစ်မရှိဘဲ ဒီနေရာကိုရောက်မလာဘူး သမီး လာ.. မေမေ့ဆီ"

"ဟင့်အင်း ဖေဖေ ဖေဖေပြောတော့ သမီးတို့ကိုလက်ထက်ပေးမယ်ဆို အခုဘာလို့.."

"သက်ထက်ဘုန်းလျှံ"           "ချစ်ခြင်း"

မေမေက စိတ်တိုလာဟန်ဖြင့် ထရပ်တော့ ဖေဖေက မေမေ့ကိုဟန့်တားသည့်အနေဖြင့် တစ်ချက်လှမ်းခေါ်တော့ မေမေက တစ်ချက်ငြိမ်သွား၏။
ဖေဖေသည် Leoponပုံထွင်းထုထားသော ထိုင်ခုံကြီးပေါ်ကဆင်းလာကာ သက်ထက်အနားကိုရောက်လာတော့ အရပ်မြင့်သည့်ဖေဖေ့ကို သက်ထက်မော့ကြည့်မိသည်။

Evil princeဟု နာမည်ကျော်ကြားပြီး မှောင်ခိုလောကသားတိုင်းကို လွှမ်းမိုးချုပ်ကိုင်ထားသည့်ဖေဖေဟာ အမြဲလိုအေးစက်ခက်ထန်နေတတ်ပေမယ့် မေမေနဲ့ သက်ထက်ကိုတော့ အမြဲအလျှော့ပေးခဲ့သည်သာ…

"ဒီကောင် သခင်လေးကိုလုပ်ကြံဖို့ ကြိုးစားနေတယ် အသက်"

သက်ထက်ကို အသက်ဟုသာ အားလုံးကခေါ်ကြပြီး သက်ထက်ဟာ Leoponရဲ့အသက်သွေးကြောဟု တင်စားခေါ်ဝေါ်သည်တဲ့။
သို့သော် သက်ထက်ကြားလိုက်ရသည့်စကားက ယုံနိုင်စရာမရှိ။

"ဟန်သူက ဘာလို့လုပ်ကြံမှာလဲ ဖေဖေ သူ့ကိုမွေးစားထားတာ ဒီအခြေအနေရောက်တဲ့အထိလေ.. တစ်ခုခုတော့မှားနေပြီမဟုတ်လား ဒါမှမဟုတ် သက်ထက်နဲ့ လက်ထပ်မယ့်သူမို့ လုပ်ကြံခံရတာလား"

ဖေဖေက အားလုံးရှေ့မှာလက်ပိုက်ရပ်နေရင်း သက်ထက်ရဲ့အငြင်းစကားတွေကြောင့် အသံထွက်သည်အထိ ညင်ညင်သာသာရယ်၏။
ဦးသီဟက သေနဝာ်တစ်လက်နှင့် ဓားးတစ်ချောင်းကို ဟန်သူ့ရှေ့ပစ်ချလိုက်သလို နောက်ထပ် ထပ်ပစ်ချလိုက်သည်က စာရွက်တချို့ဖြစ်သည်။

ထိုစာရွက်ပေါ်မှာ စံအိမ်ကို မြေပုံအဖြစ်အသေးစိပ်ဆွဲထားကာ သက်ထက်တို့ရဲ့ Biometric lockတွေနှင့်ပိတ်ထားသည့်လျှို့ဝှက်လမ်းတွေက အစ ပါ၏။
တကယ်ဆို ဒီလမ်းတွေဟာ လေးဘုန်းကိုယ်တိုင် စီမံထားသည့်လမ်းတွေဖြစ်ကာ Leoponမိသားစုမှအပ တခြားလူမသိချေ။

"သမီးတို့ရဲ့လက်ဗွေတွေ၊ မျက်စိScanတွေနဲ့မှပဲ ဖွင့်လို့ရတယ် မိသားစုအပြင် သူစိမ်းဆိုလို့ ကိုသီဟနဲ့ကိုနန္ဒပဲရှိတယ် အပြင်လူသိခွင့်မရှိဘူး"

ဟု လေးလေးဘုန်းတန်ခိုးကိုယ်တိုင် အသေအချာပြောသွားခဲ့ကာ ဟန်သူက ဒါတွေကိုဘယ်လိုလုပ်သိနေတာလဲ။
ထို့နောက် နောက်ထပ်မြင်လိုက်ရတာက ဓာတ်ပုံတစ်ပုံဖြစ်ကာ ဟန်သူနှင့်အတူ တွရိုက်ထားသည့် ညှို့အားပြင်းပြင်းမိန်းကလေးတစ်ယောက်။

"သိလား အဲ့ဒီမိန်းကလေးကို"

ဖေဖေ့မေးခွန်းကို ခေါင်းမညိတ်မိပေမယ့် ထိုမိန်းကလေးကို သက်ထက်အသေအချာသိပါသည်။
လွန်ခဲ့သော တစ်နှစ်ကျော်လောက်က လက်နဂာ်တွေကို ဖေဖေမသိအောင် ခိုးယူရောင်းချသည့်ကိစ္စဖြင့် ဦးသီဟကိုယ်တိုင် စံအိမ်ရှေ့မှာပစ်သတ်ခဲ့သူပဲ။

"ဟန်သူ နင့်ရဲ့သရုပ်အမှန်ကဘာလဲ"

ပါးစပ်ကိုအဝတ်စည်းထားခံရပေမယ့် သက်ထက်အမေးချင်ဆုံးမေးခွန်းကို ထုတ်မေးလိုက်ကာ စည်းထားသည့်အဝတ်ကို ဖြေချပေးလိုက်သည်။
ဟန်သူက ထီမထင်မျက်နှာပေးဖြင့် သက်ထက်ကို သနားစရာသတ္တဝါလေးလို ကြည့်နေခဲ့ပြီး…

"Leoponအရှင်သခင်ကြီးရဲ့ အသည်းနှလုံးက အရည်ဖျော်ရ သိပ်လွယ်တာပဲ"

"တောက်!!"

တက်ခေါက်သံသည် မေမေ့ဆီကဖြစ်ကာ မေမေက ဟန်သူ့အနားထိရောက်လာပြီး ပါးရိုက်ပစ်လိုက်၍ ဟန်သူ့မျက်နှာလည်ထွက်သွား၏။
မေမေ အခုလိုဒေါသကြီးနေတာကို သက်ထက်တစ်ခါမှမမြင်ဖူးခဲ့ပါ…

"သူရည်ရွယ်နေတာက သမီးအဖေကိုလုပ်ကြံဖို့ပဲ ဒီအတွက် သမီးကအသုံးချခံလိုက်ရတာ ဒါကိုနားလည်ဖို့ အချိန်ဘယ်လောက်ယူဦးမှာလဲ သက်ထက်ဘုန်းလျှံ"

"ချစ်ခြင်း တော်ပြီ ဒီနားလာတော့… သမီးအဲ့လောက်မအ,ဘူး ဘာလုပ်ရမလဲဆိုတာ သူသိတယ်"

ဖေဖေ့စကားက သက်ထက်ကို အလင်းပေးလိုက်သလို ခံစားလိုက်ရပြီး ပြန့်ကျဲနေသောစာရွက်တွေနှင့် ဓာတ်ပုံကိုကောက်ယူကြည့်မိသည်။
အချစ်ဦးတဲ့။
ဟန်သူက သက်ထက်ရဲ့အချစ်ဦးတဲ့လေ…

"ဒါတကယ်ပဲလား"

"မေးဖို့လိုသေးလို့လား သက်ထက်ရယ် မင်းအဖေက ငါ့မိသားစုကိုဖျက်ဆီးခဲ့တယ် ပြီးမှသဘောကောင်းချင်ယောင်ဆောင်ပြီး ငါ့ကိုမွေးစားခဲ့တာ ကျောင်းထားပေး၊ နေစရာပေးရုံနဲ့ ငါ့အဖေနဲ့အမေ အသဝာ်ခံလိုက်ရတဲ့အဖြစ်ကို ငါကမေ့ပစ်ရမှာလား"

"Awww"

သက်ထက်ရင်ထဲ ဝမ်းနည်းသွားမိကာ ဆို့ဆို့နင့်နင့်ကြီးဖြစ်လာပေမယ့် မျက်နှာကိုမော့ပြီး သဘောတကျရယ်လိုက်မိ၏။

"အခု နင့်အဖေကို ငါလုပ်ကြံလို့မရလည်း နောင်တစ်ချိန် လုပ်ကြံမယ့်သူပေါ်လာမှာပဲ ငါမသေသေးသ၍ ထက်ဘုန်းလျှံကိုလုပ်ကြံဖို့ ကြိုးစားနေဦးမှာ"

"အဲ့ဒါဆိုလည်း သေလိူက်တော့"

ဘောင်းဘီကျောဘက် ခါးကြားမှာ အမြဲလိုလိုပါသော သေနဝာ်ကိုထုတ်ယူကာ မောင်းထိန်းခလုပ်ကိုဖွင့်ပြီး လက်ညှိုးဖြင့် ခလုပ်ကိုဆွဲညှစ်လိုက်သည်။
ဒိုင်းခနဲအသံနှင့်အတူ ဟန်သူ့ကိုယ်ကြီး ကြမ်းပြင်ပေါ်လဲကျသွားတော့ သက်ထက်မှအပ အားလုံးဟာ လန့်ဖြန့်သွားကြတော့သည်။
သက်ထက်ကတော့ နေရာမှာပဲခြေစုံရပ်ကာ အသက်မဲ့သွားသည့် ခန္ဓာကိုယ်ကြီးကို တစ်ချက်စိုက်ကြည့်ရင်း…

"အဲ့ဒီခန္ဓာကိုယ်ကြီးကို ဆွဲထုတ်သွားတော့ မီးသဂြိုဟ်စက်ထဲထည့်ရင် လက်မတစ်ချောင်းဖြတ်ယူထားလိုက်
နောက်ဘဝမကူးနိုင်အောင်လို့"

သက်ထက်စကားကို Leoponတွေက ခေါင်းညိတ်တုံ့ပြန်ကြ၍ သက်ထက် ဖေဖေ့ဘက်လှည့်ကာ မျက်နှာချင်းဆိုင်ရပ်လိုက်၏။
ဖေဖေက သက်ထက်ကို စူးစိုက်ကြည့်နေပေမယ့် မေမေကတော့ သက်ထက်ရဲ့လက်တွေကို ဆွဲယူကာ ဖေဖေ့ကိုမျက်စောင်းထိုးနေ၏။

"ကိုကို့ဘာသာ ရှင်းလိုက်လို့ရရဲ့သားနဲ့ သမီးလက်ကို သွေးစွန်းအောင်လုပ်လိုက်သေးတယ်"

"မဟုတ်ဘူး မေမေ ဒါကသမီးလုပ်ရမယ့်အရာပါ
ရန်သူကိုရန်သူမှန်းမသိသေးတာက သမီးလေ့ကျင့်ဖို့လိုအပ်နေသေးတာကို မီးမောင်းထိုးပြလိုက်သလိုပဲ ပြီးတော့…
ဖေဖေ သက်ထက်ကိုခွင့်လွှတ်နိုင်ရဲ့လား"

"ဘာလို့ခွင့်မလွှတ်နိုင်ရမှာလဲ လူတွေကိုအယုံလွယ်တတ်တဲ့သမီးကို သင်ခန်းစာပေးချင်လို့ ဖေဖေက ဒီလိုစီစဥ်လိုက်မိတာ မှတ်ထား ငါ့သမီး
လောကမှာ လူတစ်ယောက်ကို ယုံသင့်သလောက်ပဲယုံပေးရတယ် ကိုယ်ယုံကြည်ရတဲ့လူက ကိုယ့်အပေါ်သစ္စာဖောက်သွားရင်လည်း လုပ်သင့်တဲ့ကိစ္စကို ရဲရဲရင့်ရင့်လုပ်တတ်ရတယ်"

"အခု သက်ထက်လုပ်တာမှန်ရဲ့လားဟင်"

"မှန်ပါတယ် ဖေဖေ့သမီးတော်တယ်"

သက်ထက် ခေါင်းလေးညိတ်ကာ ဖေဖေ့ရင်ခွင်ထဲတိုးဝင်ပြီး ဖေဖေ့ကိုဖက်ထားရင်း ငြိမ်သက်နေမိသည်။
တကယ်တမ်း မှားတယ် ဖေဖေ
ကိုယ်ချစ်တဲ့သူက ကိုယ့်အပေါ်သစ္စာဖောက်တယ်ဆိုတာ ဒုတိယအမှား…
အဲ့ဒီသစ္စာဖောက်တဲ့သူကို ချစ်မိတာကမှ အကြီးဆုံးသောပထမအမှား…

သက်ထက် နောက်ထပ်ဘယ်သူ့ကိုမှမချစ်ချင်တော့ဘူး။
ချစ်ဖို့လည်း မဝံ့ရဲတော့ဘူး။
သက်ထက် ကြောက်မိတယ် ဖေဖေ…

💝💝◽◽◽💝💝

Part 2 ဆက်ရန်

Playersတွေက Heavyတွေချည်းဖြစ်ခဲ့တော့ ဒီမောင်နှမကို ပေါ့ပေါ့ပါးပါးလေးပဲ ရေးထားပါတယ်
September 1မှာ စတင်ပေးပါ့မယ် ၃ရက် ၁ပိုင်း Upမှာပါ စာရေးတာအပြင် တခြားအလုပ်လည်းရှိလို့ပါနော်😘😘

စာဖတ်သူတစ်ဦးချင်းစီကိုလေးစားလျက်
#shinthant1141997

~~~~~~~~~~~~~~~

💝 Part - 1 💝

◽◽◽◽◽


သေချာတာတစ်ခုက မေမေ့မျက်နှာပျက်ယွင်းနေသလို ဖေဖေ့မှာလည်း အေးစက်သောအငွှေ့အသက်တြွေဖင့်။

"ခေါ်ခဲ့"


"မော့စမ်း"


"သက်ထက် ဒီကိုပြန်လာ"










ဦးသီဟက သေနဝ်ာတစ်လက်နှင့် ဓားးတစ်ချောင်းကို ဟန်သူ့ရှေ့ပစ်ချလိုက်သလို နောက်ထပ် ထပ်ပစ်ချလိုက်သည်က စာရွက်တချို့ဖြစ်သည်။

တကယ်ဆို ဒီလမ်းတွေဟာ လေးဘုန်းကိုယ်တိုင် စီမံထားသည့်လမ်းတြွေဖစ်ကာ Leoponမိသားစုမှအပ တခြားလူမသိချေ။




လွန်ခဲ့သော တစ်နှစ်ကျော်လောက်က လက်နဂ်ာတွေကို ဖေဖေမသိအောင် ခိုးယူရောင်းချသည့်ကိစ္စြဖင့် ဦးသီဟကိုယ်တိုင် စံအိမ်ရှေ့မှာပစ်သတ်ခဲ့သူပဲ။




"တောက်!!"


"သူရည်ရွယ်နေတာက သမီးအဖေကိုလုပ်ကြံဖို့ပဲ ဒီအတွက် သမီးကအသုံးချခံလိုက်ရတာ ဒါကိုနားလည်ဖို့ အချိန်ဘယ်လောက်ယူဉီးမှာလဲ သက်ထက်ဘုန်းလျှံ"


အချစ်ဦးတဲ့။

"ဒါတကယ်ပဲလား"

"မေးဖို့လိုသေးလို့လား သက်ထက်ရယ် မင်းအဖေက ငါ့မိသားစုကိုဖျက်ဆီးခဲ့တယ် ပြီးမှသဘောကောင်းချင်ယောင်ဆောင်ပြီး ငါ့ကိုမွေးစားခဲ့တာ ကျောင်းထားပေး၊ နေစရာပေးရုံနဲ့ ငါ့အဖေနဲ့အမေ အသဝ်ာခံလိုက်ရတဲ့အဖြစ်ကို ငါကမေ့ပစ်ရမှာလား"

"Awww"



"အဲ့ဒါဆိုလည်း သေလိုက်တော့"

ဘောင်းဘီကျောဘက် ခါးကြားမှာ အမြဲလိုလိုပါသော သေနဝ်ာကိုထုတ်ယူကာ မောင်းထိန်းခလုပ်ကိုဖွင့်ပြီး လက်ညှိုးဖြင့် ခလုပ်ကိုဆွဲညှစ်လိုက်သည်။








တကယ်တမ်း မှားတယ် ဖေဖေ


💝💝◽◽◽💝💝

Part 2 ဆက်ရန်


#shinthant1141997

Продовжити читання

Вам також сподобається

55.1M 1.8M 66
Henley agrees to pretend to date millionaire Bennett Calloway for a fee, falling in love as she wonders - how is he involved in her brother's false c...
46.5K 2K 20
Sana is a runway model, actress and singer. She's dating a notorious mob leader Chou Tzuyu known as Ziyu. After years of dating, Sana started asking...
1.2M 15.2K 52
NOT EDITED YET Gracie Owen's a headstrong journalist major rooms with her childhood best friend JJ Anderson for junior year, little does she know she...
Her healer Від Monika

Романтика

9.8M 643K 75
Yaduvanshi series #1 An Arranged Marriage Story. POWER!!!!! That's what he always wanted. He is king of a small kingdom of Madhya Pradesh but his pow...