ခွန်းရဲ့နှောင်ကြိုးငယ်🍀 အပိုင်း- ၃၄
(Unicode)
ခွန်းအိပ်နေသည့်ငယ့်ကိုကြည့်မိတော့ မိုးလင်းနေပြီတောင် အိမ်မက်တွေမက်နေတယ်ထင်ပါသည် နှုတ်ခမ်းလေးကိုဆူလို့ အိမ်မက်ထဲမှာ စိတ်များကောက်နေသည်ဖြစ်မည်။ မနေနိုင်သည့်အဆုံး ကိုယ်လေးကိုင်းညွှတ်၍ နှုတ်ခမ်းဖူးဖူးလေးကို ဖိနမ်းလိုက်တော့အိပ်ရေးပုတ်လေးငယ်က နိုးလာပြီဖြစ်သည်။
ဖြူငယ်အိပ်နေတာကို နှုတ်ခမ်းပေါ်ကျရောက်လာတဲ့ အေးမြတဲ့အထိတွေ့ကြောင့် မျက်လုံးလေးအားယူဖွင့်လိုက်တော့ ကိုကြီးရဲ့ ကြည်လင်နေသည့် မျက်နှာကို ပြုံးလျှက်လေးတွေ့လိုက်ရသည်။
"ဟမ် ကိုကြီးဘယ်လိုဝင်လာတာလဲဖြူငယ့်အခန်းထဲ"
"ဟောဗျာ ကိုကြီးအခန်းလေဒါက"
မျက်လုံးလေးဝေ့ဝိုက်ပြီးကြည့်ပြီး ကိုကြီးကို ပြန်ကြည့်လိုက်တော့ အပေါ်ပိုင်း ဗလာကျင်းနှင့်ဖြစ်နေလေသည်။
"ဟင် ...ကိုကြီး အင်းကျီလဲမပါဘူး"
"ဝတ်မလို့ပဲအခု ငယ်ကနိုးလာတာလေ"
အင်းကျီမပါလို့တဲ့ဗျာ စောင်ကို ခေါင်းမီးခြုံပြီးအော်နေတဲ့ငယ့်ကြောင့် ရယ်ချင်စိတ်ကိုထိန်းနေရသည်။
"ကိုကြီး အင်းကျီဘာလို့မပါတာလဲ"
"ငယ်ဘယ်လိုထင်လဲ"
"ဘာကြီးကိုတုန်း "
"ငယ်က ကိုကြီးအခန်းမှာအိပ်တာလေညက အခု ကိုကြီးက အင်းကျီမပါဘူးဆိုတော့...."
"ဟင် "
မျက်နှာလေးထွက်လာပြီး သူ့ကိုယ်သူပြန်ကြည့်နေသည့်ငယ်က တဂယ်ခလေးပေါက်စလေးလိုဖြစ်နေလေသည်။
"ဒါမယ့် ဖြူငယ့်မှာအင်းကျီပါတယ်လေ"
"ကိုကြီးဝတ်ပေးထားတာဆိုရင်ရော"
ကိုကြီးက တဂယ်ကြီးပြောနေသည်ကြောင့် ဖြူငယ်ထင်တာမှန်နေပြီလားဟုထင်လိုက်၏။ တစ်ဆက်တည်းဝမ်းလဲနည်းလာရသည်။
"အီး သူများကိုဘာတွေလုပ်လိုက်တာလဲ
ကိုကြီးကအကျင့်မကောင်းဘူး သူများကိုမတော်မတရားကျင့်နေတယ် အီး..."
"ငယ့် မငိုနဲ့လေကွာ
စလိုက်တာလေကိုကြီးက"
ငယ့်ပါးစပ်ကိုပြေးအုပ်၍ ဖြေရှင်းချက်ပေးလိုက်တော့လဲ လက်ကိုအတင်းဖယ်နေပြီးဆက်ငိုနေလေသည်။
"ငယ်ကလဲ ကိုကြီးရှင်းပြတာနားထောင်အုံးလေ"
"အွန်း.."
"တဂယ်လို့ကိုကြီးသာ မတော်မတရားကျင့်ရင် ငယ်ဒီအတိုင်း အကောင်းတိုင်းရှိနေပါ့မလားပြော"
"အဲ့လိုလား "
"အင်းလေးဗျာ"
မျက်ရည်လေးတွေသုတ်လိုက်သည့်ငယ် အငိုတိတ်သွားပြီဖြစ်သည်။ ငယ်ကငိုတာလဲလွယ်သလို ချော့ရတာလဲလွယ်သားပဲကွာ။
"ဘာလို့အဲ့ကျရင် အကောင်းတိုင်းမရှိတာလဲဟင်ကိုကြီး"
ငယ့်ကိုပြောလိုက်ချင်သည်က တစ်ခုခုဖြစ်ခဲ့ရင် ကိုကြီးအချစ်ကြမ်းပုံနှင့် ငယ်မေ့လဲနေလောက်ပြီလို့ ဒါမယ့်ငယ်ရှက်နေမည်ဆိုး၍ ပြောမထွက်ခဲ့ပေ။
"ငယ် မေးတတ်တယ်နော် "
"ဖြူငယ် မသိလို့ကို"
"လက်တွေ့ပြရမလားအခု"
"ဗုဒ္ဓေါ လက်တွေ့ပြမယ်ဆိုတာကြည့်ပဲ"
ဖြူငယ်ကမသိလို့မေးတာကို လက်တွေ့ပြမယ်ကြည့်ပဲ ဟီး ကိုကြီးကိုသေချာကြည့်လိုက်တော့ ဗိုက်ကြွက်သားတွေက အမြောင်းလိုက် ရင်ဘက်ကြီးကလဲအကျယ်ကြီး ဖြူငယ်ကိုင်ကြည့်ချင်ပေမယ့် ကိုကြီးအပြောတွေကြောင့် ကိုယ့်အခန်းကိုယ် ပြေးလာခဲ့သည်။
ရင်ဘက်လေးဖိပြီး အစောကအဖြစ်ကို ပြန်တွေးနေခိုက် ဝင်လာသူက တင့်တင့်ဖြစ်နေသည်။
"မမလေး ညက အကိုလေးအခန်းမှာ...."
"တင့်တင့်ဘယ်လိုသိလဲ"
"ဒီအတိုင်းတွေ့လိုက်လို့ပါ"
"ဖြူငယ်တို့ဘာမှမဖြစ်ခဲ့ဘူးနော် တမျိုးမထင်နဲ့ ရိုးရိုးသားသားပဲ ဒီတိုင်းအိပ်ခဲ့တာ "
"ရှင်..."
"ဟုတ်တယ် ဖြူငယ်ဘယ်အချိန်ကအိပ်ပျော်သွားမှန်းတောင်မသိဘူး တင့်တင့်ဘယ်သူ့မှမပြောနဲ့နော်"
"ဟုတ် "
ကိုကြီးနှင့်ကိစ္စတွေကို တင့်တင့်ပဲအမြဲတွေ့နေသည်ကြောင့် ဖြူငယ့်မှာမျက်နှာပူနေရသည်။ တင့်တင့်လဲမိန်းမပျိုလေးဆိုတော့ အနေအထိုင်ဆင်ခြင်မှဖြစ်တော့မည်။
"ငယ့် ဒီနေ့ဘာနေ့လဲသိလား"
"သိတယ်လေ ကြာသာပတေး "
"အဲ့လိုပြောတာမဟုတ်ဘူးလေ"
"အော် စက်တင်ဘာလ 27 ရက်ဟုတ်တယ်မို့လား"
"အင်း ဘာနေ့လဲ"
"ဒီတိုင်းနေ့ပဲလေ ကိုကြီးဘာတွေလာမေးနေတာလဲ ဖုန်းထဲကြည့်လိုက်ပါလား"
"ဟောဗျာ ဟုတ်ကဲ့ပါဗျာ"
"ဟီး တော်တယ်မို့လားဖြူငယ်"
"တော်တာမှအရမ်းကိုပါပဲဗျာ"
ငယ့်မွေးနေ့မို့မေးကြည့်ပါတယ် ကိုယ့်မွေးနေကိုယ်တောင်မေ့နေပုံရသည့်ငယ်က ဘယ်လိုမေးမေး သတိရပုံမပေါ်သည့်အဆုံး ဒီတိုင်းပဲထားလိုက်ရသည်။
"ကိုကြီး မပြန်သေးဘူးလား "
"ကိုကြီးအလုပ်မပြီးသေးဘူးငယ်ရဲ့ ခဏစောင့်အုံးနော်"
"အိပ်တော့မလို့ ကြာမှာဆို "
"အိပ်အိပ် ကိုကြီးပြီးရင်နှိုးမယ်"
ဖြူငယ်အိပ်ရာကထတော့ ကိုကြီးကမနှိုး ညတောင်ရောက်နေပြီဖြစ်သည်။ ဘေးမှာလဲကိုကြီးကမရှိသည်မို့အပြင်ထွက်ကြည့်တော့လဲမတွေ့ တိတ်ဆိတ်၍နေလေသည်။
"Hello ကိုကြီးအခုဘယ်မှာလဲ"
"ကိုကြီးလုပ်စရာလေးရှိလို့ အိမ်ပြန်ရောက်နေတာ ငယ်ကားငှားပြီးပြန်လာခဲ့နော်"
"ဟင် ကိုကြီးဖြူငယ့်ကိုမေ့သွားတာလား"
"ဟာ မဟုတ်ပါဘူးငယ်ကလဲ ကားငှားခဲ့လိုက်နော်"
ကိုကြီးကိုဘာမှပြန်မပြောပဲ ဖြူငယ်ဖုန်းချပစ်လိုက်သည်။ ဖြူငယ့်ကိုမေ့သွားပြီးတော့ အခုမှကားငှားခဲ့တဲ့ ကိုကြီးကိုမလိုပါဘူးနော် ကိုယ့်ဘာသာပြန်လာတတ်တယ်။
"ဦးလေး ကားက ဘာဖြစ်တာလဲဟင်"
"ကားကစက်ရပ်သွားတာပဲ ဦးလေးဆင်းကြည့်ကြည့်မယ်ခဏလေးငါ့တူမ"
"ဟုတ် "
"ငါ့တူမရေ ကားကမရတော့ဘူးကွ ဆိုင်ပို့ရတော့မှာ"
"သမီးအိမ်ကရှေ့လမ်းမှာ ဆင်းလျှောက်လိုက်တော့မယ် ရတယ်ဦးလေး"
"အေးအေးကွယ် အားနာလိုက်တာဦးလေးလဲ"
လမ်းက မီးရှိနေပေမယ့် အရမ်းကြီးလဲမလင်းနေ ဖြူငယ်တစ်ယောက်ထဲသာရှိသည့်လမ်းက ကျောချမ်းစရာကောင်းနေပြီး ဖြူငယ့်နောက်တစ်ယောက်ယောက်လိုက်လာနေသလိုခံစားချက်ကြီးကမကောင်းလှပေ။ နောက်သို့တစ်ချက်မှလှည့်မကြည့်ပဲ ဖြူငယ်ပြေးလာခဲရာ လမ်းထောင့်ချိုးလဲရောက်ရောတစ်ခုခုကိုဝင်တိုက်မိလိုက်သည်။
"အာ့ ..."
"ငယ့်ဘာဖြစ်သွားသေးလဲ"
"ကိုကြီး"
ခွန်း၏ခါးကိုလာဖက်သည့်ငယ်က တုန်လှုပ်နေလေသည်။
"ဘာဖြစ်လို့လဲငယ်"
"ဖြူငယ့်နောက်တစ်ယောက်လိုက်လာတယ်ထင်လို့ပြေးလာတာ တော်သေးတယ်ကိုကြီးနဲ့တွေ့လို့"
"ဟုတ်လား နေအုံးကိုကြီးသွားကြည့်ပေးမယ်"
"မဟုတ်လောက်ဖူး ဖြူငယ်အကြောက်လွန်သွားတာထင်တယ် "
"ငယ်ကလဲ နောက်တစ်ခါ တစ်ယောက်ထဲမလာခဲ့နဲ့"
"ဘယ်သူက ဖြူငယ့်ကိုမေ့သွားပြီးအိမ်ပြန်သွားတာလဲပြော"
"ကိုကြီးအပြစ်ပါကွာ ငယ်ဘာမှမဖြစ်သွားဘူးမို့လား"
"ဟင့် နာတယ်
ကိုကြီးကလဲ ကျောက်တုံးကြီးလား"
"လာလာ အုံဖွလုပ်ပေးမယ် "
ရင်ဘက်ကိုခေါင်းနဲ့လာတိုက်ပြီး မောနေသည့်ငယ်က ကြောက်နေပုံလဲရသည်မို့ နောက်ဘက်လှမ်းကြည့်မိတော့ လူတစ်ယောက်ပြေးသွားသည်ကိုတွေ့သော်လည်း လိုက်ရန်မမှီတော့သည်မို့ လွှတ်ပေးလိုက်သည်။
အရံသင့်ငှားပေးထားသည့်ကားက ရောက်ခါနီပျက်သွားတာကြောင့် ငယ်က လမ်းလျှောက်မယ်ပြောပြီး ထွက်သွားသည်ဟု ကားသမားကဖုန်းဆက်ပြောလို့တော်သေးသည်ဖြစ်သည်။ စိတ်မချလို့ ထွက်လာခေါ်လိုက်တော့ ထင်သည့်အတိုင်းငယ်တစ်ခုခုဖြစ်တော့မလို့လေ။ ငယ့်ကိုတစ်ယောက်ထဲလွှတ်မထားရဲတာအဲ့တာတွေကြောင့် လူမုန်းမများပေမယ့် ခွန်းရဲ့ဘေးရှိနေသည်ကြောင့် ငယ်က အခြားလူတွေရဲ့ ပစ်မှတ် အလွယ်တကူဖြစ်နိုင်သည်မို့လား။
"ကိုကြီး အစောကြီးလေ အိမ်တံခါးကြီးပိတ်ထားတာလား"
"အင်း အိပ်ကုန်ကြပြီ"
"အော် လာတိုးတိုးလေးဖွင့်မယ်"
အိပ်ကုန်ပြီပြောလို့တဲ့လေ တံခါးကိုအသာလေးဖွင့်နေသည်တဲ့ တဂယ်အတွေးလေးကအစ ချစ်စရာကောင်းတာပါဆိုငယ်က။
"Happy birthday to you
Happy birthday to you
Happy birthday Happy birthday
Happy birthday to you
ရေး ...."
တံခါးလဲဖွင့်ရော မြင်ရကြားရသည်က ဖြူငယ့်အတွက်အသစ်အဆန်းဖြစ်နေ၏။ အကိုတွေလူစုံနေပြီး အိမ်ရှိလူအကုန် မမစမိုင်းပါ ပါသည်ကြောင့် ဖြူငယ့်မှာအကြောင်သားဖြစ်နေရသည်။ မွေးနေ့ပွဲလုပ်ဖို့နေနေသာသာ ကိုယ့်မွေးနေ့ကိုတောင်မေ့နေသည့်ဖြူငယ့်အတွက် ပျော်ရမည်လား ဝမ်းနည်းရမည်လားလဲ မသိတော့ပေ။
"ဟေ့ မွေးနေ့ရှင်က မျက်ရည်မကျရဘူးလေ"
"ဖြူငယ့်မွေးနေ့ကိုမေ့နေတာ ဖြူငယ်အခုကပျော်သွားလို့ပါ"
"သမီးလေးကလဲ အန်တီမေတို့က မမေ့ဘူးလေ "
"လာပါအုံး ဖယောင်းတိုင်မီးလေးမှုတ်လိုက်ပါအုံး "
ငယ်က သူ့မွေးနေ့သူတောင်မေ့နေသည်တဲ့လေ ငယ့်အတွက်လူအရင်းတွေကို ခေါ်မပေးနိုင်ပေမယ့် ခွန်းဘေးက ငယ့်အတွက်အရေးပါသည့်လူတစ်ချို့ကို ခေါ်၍ ငယ့်မွေးနေ့ပွဲကို အိမ်မှာလုပ်ပေးခြင်းဖြစ်သည်။ငယ်ကို ဒီနေ့လေးမှာပျော်စေချင်သည်လေ။
"ဆုတောင်လေသမီးရဲ့"
"ဟုတ် "
လက်အုပ်လေးချီပြီး ဖြူငယ်မွေးနေ့အတွက်ဆုတောင်းလိုက်သည်။ အရင်ရက်တွေကလိုပဲ ပြောင်းလဲမူမရှိသည့်ဆုတောင်းလေးကို ဖြူငယ်ထပ်၍ဆုတောင်းလိုက်တော့သည်။
"ရော့ သမီးလေးအတွက်လက်ဆောင် "
ဧည့်ခန်းအတွင်း ဖြူငယ့်ကိုအလယ်မှာထား၍ အန်တီမေ ထုတ်ပေးသည်က မသေးမကြီး လက်ဆောင်ဘူးလေးဖြစ်၏။
"သမီးအတွက်မလိုပါဘူးအန်တီမေရယ် ဒီလိုလေးသတိရပြီး လုပ်ပေးတာနဲ့တင်လုံလောက်ပါပြီ"
"သားလေးစီစဥ်ထားတာသမီးရဲ့ ဒါကမှအန်တီမေစီစဥ်တာ ယူလိုက်ပါသမီးရယ် "
"အကိုတို့မှာလဲလက်ဆောင်ပါတယ်နော်ဖြူငယ် "
"ဟင်..."
"ဟုတ်တယ်လေ မွေးနေ့ရှင်အတွက် မွေးနေ့လက်ဆောင်မပါပဲမလာပါဘူးအကိုတို့က ရော့... "
ရှိသမျှလူကုန်လက်ဆောင်ပေးနေကြသည်မို့ ဖြူငယ့်မှာမငြင်းသာတော့ပေ။ မွေးနေ့ကိတ်ခွဲပြီးသည်နှင့် ကိုကြီးကိုအရင်ကျွေးမိသည့်ဖြူငယ်က မလွန်ဘူးမို့လားဟင်။ ကိုကြီးကပထမပဲရသင့်တာလေ ဖြူငယ့်ကိုမေ့သွားတာမဟုတ်ပဲ ဒါတွေစီစဥ်ဖို့ပြန်တာသွားကို ဖြူငယ်က စိတ်ဆိုးမိသွားသေးတယ်ကိုကြီးရယ်။
"ဟေ့ကောင် မင်းလက်ဆောင်ရော"
"မင်းတို့ရှိလို့မပေးသေးဘူး ငယ့်ကိုနောက်မှပေးမှာ"
"လဒ စောက်ကျင့်ကိုက ငါတို့ကို ဖဲ့ဖို့များမွေးလာသလားပဲ စော်ရှိကြောင်းသိပ်ကြွားမင်း"
တဂယ်က ငယ့်ကိုပေးဖို့ လည်ဆွဲလေးကို ခွန်းကိုယ်တိုင် design ဆွဲထားသည့်ကို ဆိုင်အပ်ထားပြီးဖြစ်သည်။ ဒီနေ့အပြီးလုပ်ပြီးပို့ပေးဖို့သေချာပြောထားသော်လည်း အခုထိရောက်မလာသည်ကြောင့် နောက်မှပေးမယ်လုပ်လိုက်ရခြင်းဖြစ်သည်။
"ကဲအန်တီမေ ဘုရားရှိခိုးလိုက်အုံးမယ် စကားပြောကြအုံးပေါ့ "
"ဟုတ်ကဲ့အန်တီမေ"
"ဖြူငယ် အကိုတို့ပြန်တော့မယ် "
"ဟုတ်ဖြူငယ့်မွေးနေ့လေးရှိနေပေးလို့ ကျေးဇူးတင်တယ်သိလားသုံးယောက်လုံး"
"ဟုတ်ကဲ့ပါ ဘုရင်မရယ် "
"ဟီး"
စနောက်ပြီး ဟိုသုံးကောင်ပြန်သွားမှ ခွန်းလဲ ငယ့်အတွက်လက်ဆောင်ကို ဆိုင်ကိုကိုယ်တိုင်သွားယူရန်ဆုံးဖြတ်လိုက်တော့သည်။
"စမိုင်း ငယ်နဲ့အတူနေပေးပါအုံးခဏလေးပဲ "
"ဟုတ်ကဲ့ Boss"
"ကိုကြီးက ဘယ်သွားမလို့လဲ "
"အပြင်ခဏလေးပဲ မကြာဘူးငယ်ရဲ့"
"အင်းပါ ဂရုစိုက်သွားအုံးနော်"
"ဟုတ်ကဲ့ပါဗျာ"
ကိုကြီးရောထွက်သွားတော့ ဖြူငယ်နှင့်မမစမိုင်းပဲကျန်ခဲ့၏။ ဦးမျိုးတို့ကြီးကြီးဝိုင်းတို့ကလဲ လုပ်စရာရှိတာသွားလုပ်ကြပြီမို့ နှစ်ယောက်ထဲစကားပြောလိုက် မုန့်စားလိုက်နှင့်အတော်ကြာသွားလေးတော့သည်။
"မမခဏလေးနော် ဘယ်သူ့ဖုန်းလဲမသိဘူး"
"အင်းအင်းညီမလေး ပြောလေ"
"ဟုတ် "
"Hello..."
"Baby က ကိုယ့်ကို block ထားတာပဲ"
"ရှင်"
ကြားရတဲ့အသံက မျှော်လင်းမထားသည့်လူဆီကမို့ ဖုန်းချပစ်မယ်ကြံရွယ်တုန်းပင်...
"ဖုန်းချလိုက်ရင် ရင်ခုန်ဖွယ်ရာလေးလွတ်သွားမှာနော်Baby အခုခွန်းစေရာက အပြင်မှာမို့လား..."
"ကိုကြီးကို ဘာလုပ်မို့လဲ ရှင်လွန်မလာနဲ့နော်"
"မလွန်ပါဘူး ယောက်ကျားချင်းရန်ပွဲလေးပဲ လူတစ်ယောက်တော့ သေမယ်ထင်တယ်baby"
"ကိုကြီးကို ဘာမှမလုပ်ပါနဲ့နော် ဖြူငယ်တောင်းပန်ပါတယ်..."
"Baby လာတဲ့ထိဘာမှမလုပ်သေးဘူး အမြန်တော့လာခဲ့နော် ကိုယ့်ကိုအကြာကြီးမစောင့်ခိုင်းနဲ့ နေရာလေးပို့ပေးမယ် အခုလာရင် မှီမယ်ထင်တယ်..."
လက်ဖျားများတုန်နေပြီး မျက်ရည်များကလဲအလိုလိုစီးကျလာရသည်။
"ဖြူငယ်ဒီလိုလုပ်နေလို့မရသေးဘူး ကိုကြီးတစ်ခုခုဖြစ်တော့မယ် ကိုကြီးကအခုထိဘာလို့ပြန်မရောက်သေးတာလဲ"
ကိုကြီးဆီဖုန်းဆက်မိတော့ ဧည့်ခန်းမှအသံမြည်လာသည့်ကိုကြီးဖုန်းကြောင့် ကိုကြီးဖုန်းမပါသွားမှန်းသိလိုက်သည်။
"ကိုကြီးက ဘာလို့ဖုန်းမယူသွားတာလဲ"
"မေ့နေတယ်ထင်တယ် Boss က"
"မမစမိုင်း ကိုကြီးကိုကယ်ပါအုံး ကိုကြီးတစ်ခုခုဖြစ်တော့မယ်နဲ့တူတယ် လုပ်ပါအုံး"
"ဘာဖြစ်လို့လဲ ညီမလေးရယ် သေချာပြောပြပါအုံး"
မျက်ရည်တွေနှင်စမိုင်း၏လက်ကိုလာကိုင်၍ပြောလာသည့်အခါ စမိုင်းပါရင်တုန်ရသည်။
"မမှီမှာဆိုးတယ် မမကားပါလားဟင် ဖြူငယ့်ကိုအပြင်လိုက်ပို့ပါအုံး နော်မမ"
ပြာယာခက်နေပြီး စိတ်နဲ့လူနဲ့မကပ်ပဲ အကူညီတောင်းနေသည့် ညီမလေးကြောင့် ဘာဖြစ်တာလဲမမေးတော့ပဲ လိုက်ပို့ခိုင်းတဲ့နေရာသို့ စမိုင်းတို့ကားလေးနဲ့ထွက်လာခဲ့သည်။ တစ်လမ်းလုံးညီမလေးကငိုနေသလို ကိုကြီးဒုက္ခရောက်တော့မည်ဟုသာ တွင်တွင်ပြောလေသည်။
ခွန်း ဆွဲကြိုးဘူးလေးကိုယူ၍ ပြန်လာခဲ့သော်လည်း လမ်းတွင်ကားကိုတားနေကြသည့်လူတစ်စုကြောင့် ကားပေါ်မှဆင်းလိုက်တော့သည်။ ခွန်းသိလိုက်ပါသည်။ ရန်သူဟောင်းကြီးကို ရှာစရာမလိုပဲ သူကိုယ်တိုင်သာလာ၍ရှာခဲ့ပြီဆိုတာ။
Words 2588
ဆက်လက်ကြိုးစားသွားပါမည်။
(Zawgyi)
ခြန္းရဲ႕ႏွောင္ႀကိဳးငယ္ အပိုင္း- ၃၄
ခြန္းအိပ္ေနသည့္ငယ့္ကိုၾကည့္မိေတာ့ မိုးလင္းေနၿပီေတာင္ အိမ္မက္ေတြမက္ေနတယ္ထင္ပါသည္ ႏႈတ္ခမ္းေလးကိုဆူလို႔ အိမ္မက္ထဲမွာ စိတ္မ်ားေကာက္ေနသည္ျဖစ္မည္။ မေနနိုင္သည့္အဆုံး ကိုယ္ေလးကိုင္းၫႊတ္၍ ႏႈတ္ခမ္းဖူးဖူးေလးကို ဖိနမ္းလိုက္ေတာ့အိပ္ေရးပုတ္ေလးငယ္က နိုးလာၿပီျဖစ္သည္။
ျဖဴငယ္အိပ္ေနတာကို ႏႈတ္ခမ္းေပၚက်ေရာက္လာတဲ့ ေအးျမတဲ့အထိေတြ႕ေၾကာင့္ မ်က္လုံးေလးအားယူဖြင့္လိုက္ေတာ့ ကိုႀကီးရဲ႕ ၾကည္လင္ေနသည့္ မ်က္ႏွာကို ၿပဳံးလွ်က္ေလးေတြ႕လိုက္ရသည္။
"ဟမ္ ကိုႀကီးဘယ္လိုဝင္လာတာလဲျဖဴငယ့္အခန္းထဲ"
"ေဟာဗ်ာ ကိုႀကီးအခန္းေလဒါက"
မ်က္လုံးေလးေဝ့ဝိုက္ၿပီးၾကည့္ၿပီး ကိုႀကီးကို ျပန္ၾကည့္လိုက္ေတာ့ အေပၚပိုင္း ဗလာက်င္းႏွင့္ျဖစ္ေနေလသည္။
"ဟင္ ...ကိုႀကီး အင္းက်ီလဲမပါဘူး"
"ဝတ္မလို႔ပဲအခု ငယ္ကနိုးလာတာေလ"
အင္းက်ီမပါလို႔တဲ့ဗ်ာ ေစာင္ကို ေခါင္းမီးၿခဳံၿပီးေအာ္ေနတဲ့ငယ့္ေၾကာင့္ ရယ္ခ်င္စိတ္ကိုထိန္းေနရသည္။
"ကိုႀကီး အင္းက်ီဘာလို႔မပါတာလဲ"
"ငယ္ဘယ္လိုထင္လဲ"
"ဘာႀကီးကိုတုန္း "
"ငယ္က ကိုႀကီးအခန္းမွာအိပ္တာေလညက အခု ကိုႀကီးက အင္းက်ီမပါဘူးဆိုေတာ့...."
"ဟင္ "
မ်က္ႏွာေလးထြက္လာၿပီး သူ႕ကိုယ္သူျပန္ၾကည့္ေနသည့္ငယ္က တဂယ္ခေလးေပါက္စေလးလိုျဖစ္ေနေလသည္။
"ဒါမယ့္ ျဖဴငယ့္မွာအင္းက်ီပါတယ္ေလ"
"ကိုႀကီးဝတ္ေပးထားတာဆိုရင္ေရာ"
ကိုႀကီးက တဂယ္ႀကီးေျပာေနသည္ေၾကာင့္ ျဖဴငယ္ထင္တာမွန္ေနၿပီလားဟုထင္လိုက္၏။ တစ္ဆက္တည္းဝမ္းလဲနည္းလာရသည္။
"အီး သူမ်ားကိုဘာေတြလုပ္လိုက္တာလဲ
ကိုႀကီးကအက်င့္မေကာင္းဘူး သူမ်ားကိုမေတာ္မတရားက်င့္ေနတယ္ အီး..."
"ငယ့္ မငိုနဲ႕ေလကြာ
စလိုက္တာေလကိုႀကီးက"
ငယ့္ပါးစပ္ကိုေျပးအုပ္၍ ေျဖရွင္းခ်က္ေပးလိုက္ေတာ့လဲ လက္ကိုအတင္းဖယ္ေနၿပီးဆက္ငိုေနေလသည္။
"ငယ္ကလဲ ကိုႀကီးရွင္းျပတာနားေထာင္အုံးေလ"
"အြန္း.."
"တဂယ္လို႔ကိုႀကီးသာ မေတာ္မတရားက်င့္ရင္ ငယ္ဒီအတိုင္း အေကာင္းတိုင္းရွိေနပါ့မလားေျပာ"
"အဲ့လိုလား "
"အင္းေလးဗ်ာ"
မ်က္ရည္ေလးေတြသုတ္လိုက္သည့္ငယ္ အငိုတိတ္သြားၿပီျဖစ္သည္။ ငယ္ကငိုတာလဲလြယ္သလို ေခ်ာ့ရတာလဲလြယ္သားပဲကြာ။
"ဘာလို႔အဲ့က်ရင္ အေကာင္းတိုင္းမရွိတာလဲဟင္ကိုႀကီး"
ငယ့္ကိုေျပာလိုက္ခ်င္သည္က တစ္ခုခုျဖစ္ခဲ့ရင္ ကိုႀကီးအခ်စ္ၾကမ္းပုံႏွင့္ ငယ္ေမ့လဲေနေလာက္ၿပီလို႔ ဒါမယ့္ငယ္ရွက္ေနမည္ဆိုး၍ ေျပာမထြက္ခဲ့ေပ။
"ငယ္ ေမးတတ္တယ္ေနာ္ "
"ျဖဴငယ္ မသိလို႔ကို"
"လက္ေတြ႕ျပရမလားအခု"
"ဗုေဒၶါ လက္ေတြ႕ျပမယ္ဆိုတာၾကည့္ပဲ"
ျဖဴငယ္ကမသိလို႔ေမးတာကို လက္ေတြ႕ျပမယ္ၾကည့္ပဲ ဟီး ကိုႀကီးကိုေသခ်ာၾကည့္လိုက္ေတာ့ ဗိုက္ႂကြက္သားေတြက အေျမာင္းလိုက္ ရင္ဘက္ႀကီးကလဲအက်ယ္ႀကီး ျဖဴငယ္ကိုင္ၾကည့္ခ်င္ေပမယ့္ ကိုႀကီးအေျပာေတြေၾကာင့္ ကိုယ့္အခန္းကိုယ္ ေျပးလာခဲ့သည္။
ရင္ဘက္ေလးဖိၿပီး အေစာကအျဖစ္ကို ျပန္ေတြးေနခိုက္ ဝင္လာသူက တင့္တင့္ျဖစ္ေနသည္။
"မမေလး ညက အကိုေလးအခန္းမွာ...."
"တင့္တင့္ဘယ္လိုသိလဲ"
"ဒီအတိုင္းေတြ႕လိုက္လို႔ပါ"
"ျဖဴငယ္တို႔ဘာမွမျဖစ္ခဲ့ဘူးေနာ္ တမ်ိဳးမထင္နဲ႕ ရိုးရိုးသားသားပဲ ဒီတိုင္းအိပ္ခဲ့တာ "
"ရွင္..."
"ဟုတ္တယ္ ျဖဴငယ္ဘယ္အခ်ိန္ကအိပ္ေပ်ာ္သြားမွန္းေတာင္မသိဘူး တင့္တင့္ဘယ္သူ႕မွမေျပာနဲ႕ေနာ္"
"ဟုတ္ "
ကိုႀကီးႏွင့္ကိစၥေတြကို တင့္တင့္ပဲအၿမဲေတြ႕ေနသည္ေၾကာင့္ ျဖဴငယ့္မွာမ်က္ႏွာပူေနရသည္။ တင့္တင့္လဲမိန္းမပ်ိဳေလးဆိုေတာ့ အေနအထိုင္ဆင္ျခင္မွျဖစ္ေတာ့မည္။
"ငယ့္ ဒီေန႕ဘာေန႕လဲသိလား"
"သိတယ္ေလ ၾကာသာပေတး "
"အဲ့လိုေျပာတာမဟုတ္ဘူးေလ"
"ေအာ္ စက္တင္ဘာလ 27 ရက္ဟုတ္တယ္မို႔လား"
"အင္း ဘာေန႕လဲ"
"ဒီတိုင္းေန႕ပဲေလ ကိုႀကီးဘာေတြလာေမးေနတာလဲ ဖုန္းထဲၾကည့္လိုက္ပါလား"
"ေဟာဗ်ာ ဟုတ္ကဲ့ပါဗ်ာ"
"ဟီး ေတာ္တယ္မို႔လားျဖဴငယ္"
"ေတာ္တာမွအရမ္းကိုပါပဲဗ်ာ"
ငယ့္ေမြးေန႕မို႔ေမးၾကည့္ပါတယ္ ကိုယ့္ေမြးေနကိုယ္ေတာင္ေမ့ေနပုံရသည့္ငယ္က ဘယ္လိုေမးေမး သတိရပုံမေပၚသည့္အဆုံး ဒီတိုင္းပဲထားလိုက္ရသည္။
"ကိုႀကီး မျပန္ေသးဘူးလား "
"ကိုႀကီးအလုပ္မၿပီးေသးဘူးငယ္ရဲ႕ ခဏေစာင့္အုံးေနာ္"
"အိပ္ေတာ့မလို႔ ၾကာမွာဆို "
"အိပ္အိပ္ ကိုႀကီးၿပီးရင္ႏွိုးမယ္"
ျဖဴငယ္အိပ္ရာကထေတာ့ ကိုႀကီးကမႏွိုး ညေတာင္ေရာက္ေနၿပီျဖစ္သည္။ ေဘးမွာလဲကိုႀကီးကမရွိသည္မို႔အျပင္ထြက္ၾကည့္ေတာ့လဲမေတြ႕ တိတ္ဆိတ္၍ေနေလသည္။
"Hello ကိုႀကီးအခုဘယ္မွာလဲ"
"ကိုႀကီးလုပ္စရာေလးရွိလို႔ အိမ္ျပန္ေရာက္ေနတာ ငယ္ကားငွားၿပီးျပန္လာခဲ့ေနာ္"
"ဟင္ ကိုႀကီးျဖဴငယ့္ကိုေမ့သြားတာလား"
"ဟာ မဟုတ္ပါဘူးငယ္ကလဲ ကားငွားခဲ့လိုက္ေနာ္"
ကိုႀကီးကိုဘာမွျပန္မေျပာပဲ ျဖဴငယ္ဖုန္းခ်ပစ္လိုက္သည္။ ျဖဴငယ့္ကိုေမ့သြားၿပီးေတာ့ အခုမွကားငွားခဲ့တဲ့ ကိုႀကီးကိုမလိုပါဘူးေနာ္ ကိုယ့္ဘာသာျပန္လာတတ္တယ္။
"ဦးေလး ကားက ဘာျဖစ္တာလဲဟင္"
"ကားကစက္ရပ္သြားတာပဲ ဦးေလးဆင္းၾကည့္ၾကည့္မယ္ခဏေလးငါ့တူမ"
"ဟုတ္ "
"ငါ့တူမေရ ကားကမရေတာ့ဘူးကြ ဆိုင္ပို႔ရေတာ့မွာ"
"သမီးအိမ္ကေရွ႕လမ္းမွာ ဆင္းေလွ်ာက္လိုက္ေတာ့မယ္ ရတယ္ဦးေလး"
"ေအးေအးကြယ္ အားနာလိုက္တာဦးေလးလဲ"
လမ္းက မီးရွိေနေပမယ့္ အရမ္းႀကီးလဲမလင္းေန ျဖဴငယ္တစ္ေယာက္ထဲသာရွိသည့္လမ္းက ေက်ာခ်မ္းစရာေကာင္းေနၿပီး ျဖဴငယ့္ေနာက္တစ္ေယာက္ေယာက္လိုက္လာေနသလိုခံစားခ်က္ႀကီးကမေကာင္းလွေပ။ ေနာက္သို႔တစ္ခ်က္မွလွည့္မၾကည့္ပဲ ျဖဴငယ္ေျပးလာခဲရာ လမ္းေထာင့္ခ်ိဳးလဲေရာက္ေရာတစ္ခုခုကိုဝင္တိုက္မိလိုက္သည္။
"အာ့ ..."
"ငယ့္ဘာျဖစ္သြားေသးလဲ"
"ကိုႀကီး"
ခြန္း၏ခါးကိုလာဖက္သည့္ငယ္က တုန္လႈပ္ေနေလသည္။
"ဘာျဖစ္လို႔လဲငယ္"
"ျဖဴငယ့္ေနာက္တစ္ေယာက္လိုက္လာတယ္ထင္လို႔ေျပးလာတာ ေတာ္ေသးတယ္ကိုႀကီးနဲ႕ေတြ႕လို႔"
"ဟုတ္လား ေနအုံးကိုႀကီးသြားၾကည့္ေပးမယ္"
"မဟုတ္ေလာက္ဖူး ျဖဴငယ္အေၾကာက္လြန္သြားတာထင္တယ္ "
"ငယ္ကလဲ ေနာက္တစ္ခါ တစ္ေယာက္ထဲမလာခဲ့နဲ႕"
"ဘယ္သူက ျဖဴငယ့္ကိုေမ့သြားၿပီးအိမ္ျပန္သြားတာလဲေျပာ"
"ကိုႀကီးအျပစ္ပါကြာ ငယ္ဘာမွမျဖစ္သြားဘူးမို႔လား"
"ဟင့္ နာတယ္
ကိုႀကီးကလဲ ေက်ာက္တုံးႀကီးလား"
"လာလာ အုံဖြလုပ္ေပးမယ္ "
ရင္ဘက္ကိုေခါင္းနဲ႕လာတိုက္ၿပီး ေမာေနသည့္ငယ္က ေၾကာက္ေနပုံလဲရသည္မို႔ ေနာက္ဘက္လွမ္းၾကည့္မိေတာ့ လူတစ္ေယာက္ေျပးသြားသည္ကိုေတြ႕ေသာ္လည္း လိုက္ရန္မမွီေတာ့သည္မို႔ လႊတ္ေပးလိုက္သည္။
အရံသင့္ငွားေပးထားသည့္ကားက ေရာက္ခါနီပ်က္သြားတာေၾကာင့္ ငယ္က လမ္းေလွ်ာက္မယ္ေျပာၿပီး ထြက္သြားသည္ဟု ကားသမားကဖုန္းဆက္ေျပာလို႔ေတာ္ေသးသည္ျဖစ္သည္။ စိတ္မခ်လိဳ႕ ထြက္လာေခၚလိုက္ေတာ့ ထင္သည့္အတိုင္းငယ္တစ္ခုခုျဖစ္ေတာ့မလို႔ေလ။ ငယ့္ကိုတစ္ေယာက္ထဲလႊတ္မထားရဲတာအဲ့တာေတြေၾကာင့္ လူမုန္းမမ်ားေပမယ့္ ခြန္းရဲ႕ေဘးရွိေနသည္ေၾကာင့္ ငယ္က အျခားလူေတြရဲ႕ ပစ္မွတ္ အလြယ္တကူျဖစ္နိုင္သည္မို႔လား။
"ကိုႀကီး အေစာႀကီးေလ အိမ္တံခါးႀကီးပိတ္ထားတာလား"
"အင္း အိပ္ကုန္ၾကၿပီ"
"ေအာ္ လာတိုးတိုးေလးဖြင့္မယ္"
အိပ္ကုန္ၿပီေျပာလို႔တဲ့ေလ တံခါးကိုအသာေလးဖြင့္ေနသည္တဲ့ တဂယ္အေတြးေလးကအစ ခ်စ္စရာေကာင္းတာပါဆိုငယ္က။
"Happy birthday to you
Happy birthday to you
Happy birthday Happy birthday
Happy birthday to you
ေရး ...."
တံခါးလဲဖြင့္ေရာ ျမင္ရၾကားရသည္က ျဖဴငယ့္အတြက္အသစ္အဆန္းျဖစ္ေန၏။ အကိုေတြလူစုံေနၿပီး အိမ္ရွိလူအကုန္ မမစမိုင္းပါ ပါသည္ေၾကာင့္ ျဖဴငယ့္မွာအေၾကာင္သားျဖစ္ေနရသည္။ ေမြးေန႕ပြဲလုပ္ဖို႔ေနေနသာသာ ကိုယ့္ေမြးေန႕ကိုေတာင္ေမ့ေနသည့္ျဖဴငယ့္အတြက္ ေပ်ာ္ရမည္လား ဝမ္းနည္းရမည္လားလဲ မသိေတာ့ေပ။
"ေဟ့ ေမြးေန႕ရွင္က မ်က္ရည္မက်ရဘူးေလ"
"ျဖဴငယ့္ေမြးေန႕ကိုေမ့ေနတာ ျဖဴငယ္အခုကေပ်ာ္သြားလို႔ပါ"
"သမီးေလးကလဲ အန္တီေမတို႔က မေမ့ဘူးေလ "
"လာပါအုံး ဖေယာင္းတိုင္မီးေလးမႈတ္လိုက္ပါအုံး "
ငယ္က သူ႕ေမြးေန႕သူေတာင္ေမ့ေနသည္တဲ့ေလ ငယ့္အတြက္လူအရင္းေတြကို ေခၚမေပးနိုင္ေပမယ့္ ခြန္းေဘးက ငယ့္အတြက္အေရးပါသည့္လူတစ္ခ်ိဳ႕ကို ေခၚ၍ ငယ့္ေမြးေန႕ပြဲကို အိမ္မွာလုပ္ေပးျခင္းျဖစ္သည္။ငယ္ကို ဒီေန႕ေလးမွာေပ်ာ္ေစခ်င္သည္ေလ။
"ဆုေတာင္ေလသမီးရဲ႕"
"ဟုတ္ "
လက္အုပ္ေလးခ်ီၿပီး ျဖဴငယ္ေမြးေန႕အတြက္ဆုေတာင္းလိုက္သည္။ အရင္ရက္ေတြကလိုပဲ ေျပာင္းလဲမူမရွိသည့္ဆုေတာင္းေလးကို ျဖဴငယ္ထပ္၍ဆုေတာင္းလိုက္ေတာ့သည္။
"ေရာ့ သမီးေလးအတြက္လက္ေဆာင္ "
ဧည့္ခန္းအတြင္း ျဖဴငယ့္ကိုအလယ္မွာထား၍ အန္တီေမ ထုတ္ေပးသည္က မေသးမႀကီး လက္ေဆာင္ဘူးေလးျဖစ္၏။
"သမီးအတြက္မလိုပါဘူးအန္တီေမရယ္ ဒီလိုေလးသတိရၿပီး လုပ္ေပးတာနဲ႕တင္လုံေလာက္ပါၿပီ"
"သားေလးစီစဥ္ထားတာသမီးရဲ႕ ဒါကမွအန္တီေမစီစဥ္တာ ယူလိုက္ပါသမီးရယ္ "
"အကိုတို႔မွာလဲလက္ေဆာင္ပါတယ္ေနာ္ျဖဴငယ္ "
"ဟင္..."
"ဟုတ္တယ္ေလ ေမြးေန႕ရွင္အတြက္ ေမြးေန႕လက္ေဆာင္မပါပဲမလာပါဘူးအကိုတို႔က ေရာ့... "
ရွိသမွ်လူကုန္လက္ေဆာင္ေပးေနၾကသည္မို႔ ျဖဴငယ့္မွာမျငင္းသာေတာ့ေပ။ ေမြးေန႕ကိတ္ခြဲၿပီးသည္ႏွင့္ ကိုႀကီးကိုအရင္ေကြၽးမိသည့္ျဖဴငယ္က မလြန္ဘူးမို႔လားဟင္။ ကိုႀကီးကပထမပဲရသင့္တာေလ ျဖဴငယ့္ကိုေမ့သြားတာမဟုတ္ပဲ ဒါေတြစီစဥ္ဖို႔ျပန္တာသြားကို ျဖဴငယ္က စိတ္ဆိုးမိသြားေသးတယ္ကိုႀကီးရယ္။
"ေဟ့ေကာင္ မင္းလက္ေဆာင္ေရာ"
"မင္းတို႔ရွိလို႔မေပးေသးဘူး ငယ့္ကိုေနာက္မွေပးမွာ"
"လဒ ေစာက္က်င့္ကိုက ငါတို႔ကို ဖဲ့ဖို႔မ်ားေမြးလာသလားပဲ ေစာ္ရွိေၾကာင္းသိပ္ႂကြားမင္း"
တဂယ္က ငယ့္ကိုေပးဖို႔ လည္ဆြဲေလးကို ခြန္းကိုယ္တိုင္ design ဆြဲထားသည့္ကို ဆိုင္အပ္ထားၿပီးျဖစ္သည္။ ဒီေန႕အၿပီးလုပ္ၿပီးပို႔ေပးဖို႔ေသခ်ာေျပာထားေသာ္လည္း အခုထိေရာက္မလာသည္ေၾကာင့္ ေနာက္မွေပးမယ္လုပ္လိုက္ရျခင္းျဖစ္သည္။
"ကဲအန္တီေမ ဘုရားရွိခိုးလိုက္အုံးမယ္ စကားေျပာၾကအုံးေပါ့ "
"ဟုတ္ကဲ့အန္တီေမ"
"ျဖဴငယ္ အကိုတို႔ျပန္ေတာ့မယ္ "
"ဟုတ္ျဖဴငယ့္ေမြးေန႕ေလးရွိေနေပးလို႔ ေက်းဇူးတင္တယ္သိလားသုံးေယာက္လုံး"
"ဟုတ္ကဲ့ပါ ဘုရင္မရယ္ "
"ဟီး"
စေနာက္ၿပီး ဟိုသုံးေကာင္ျပန္သြားမွ ခြန္းလဲ ငယ့္အတြက္လက္ေဆာင္ကို ဆိုင္ကိုကိုယ္တိုင္သြားယူရန္ဆုံးျဖတ္လိုက္ေတာ့သည္။
"စမိုင္း ငယ္နဲ႕အတူေနေပးပါအုံးခဏေလးပဲ "
"ဟုတ္ကဲ့ Boss"
"ကိုႀကီးက ဘယ္သြားမလို႔လဲ "
"အျပင္ခဏေလးပဲ မၾကာဘူးငယ္ရဲ႕"
"အင္းပါ ဂ႐ုစိုက္သြားအုံးေနာ္"
"ဟုတ္ကဲ့ပါဗ်ာ"
ကိုႀကီးေရာထြက္သြားေတာ့ ျဖဴငယ္ႏွင့္မမစမိုင္းပဲက်န္ခဲ့၏။ ဦးမ်ိဳးတို႔ႀကီးႀကီးဝိုင္းတို႔ကလဲ လုပ္စရာရွိတာသြားလုပ္ၾကၿပီမို႔ ႏွစ္ေယာက္ထဲစကားေျပာလိုက္ မုန့္စားလိုက္ႏွင့္အေတာ္ၾကာသြားေလးေတာ့သည္။
"မမခဏေလးေနာ္ ဘယ္သူ႕ဖုန္းလဲမသိဘူး"
"အင္းအင္းညီမေလး ေျပာေလ"
"ဟုတ္ "
"Hello..."
"Baby က ကိုယ့္ကို block ထားတာပဲ"
"ရွင္"
ၾကားရတဲ့အသံက ေမွ်ာ္လင္းမထားသည့္လူဆီကမို႔ ဖုန္းခ်ပစ္မယ္ႀကံ႐ြယ္တုန္းပင္...
"ဖုန္းခ်လိဳက္ရင္ ရင္ခုန္ဖြယ္ရာေလးလြတ္သြားမွာေနာ္Baby အခုခြန္းေစရာက အျပင္မွာမို႔လား..."
"ကိုႀကီးကို ဘာလုပ္မို႔လဲ ရွင္လြန္မလာနဲ႕ေနာ္"
"မလြန္ပါဘူး ေယာက္က်ားခ်င္းရန္ပြဲေလးပဲ လူတစ္ေယာက္ေတာ့ ေသမယ္ထင္တယ္baby"
"ကိုႀကီးကို ဘာမွမလုပ္ပါနဲ႕ေနာ္ ျဖဴငယ္ေတာင္းပန္ပါတယ္..."
"Baby လာတဲ့ထိဘာမွမလုပ္ေသးဘူး အျမန္ေတာ့လာခဲ့ေနာ္ ကိုယ့္ကိုအၾကာႀကီးမေစာင့္ခိုင္းနဲ႕ ေနရာေလးပို႔ေပးမယ္ အခုလာရင္ မွီမယ္ထင္တယ္..."
လက္ဖ်ားမ်ားတုန္ေနၿပီး မ်က္ရည္မ်ားကလဲအလိုလိုစီးက်လာရသည္။
"ျဖဴငယ္ဒီလိုလုပ္ေနလို႔မရေသးဘူး ကိုႀကီးတစ္ခုခုျဖစ္ေတာ့မယ္ ကိုႀကီးကအခုထိဘာလို႔ျပန္မေရာက္ေသးတာလဲ"
ကိုႀကီးဆီဖုန္းဆက္မိေတာ့ ဧည့္ခန္းမွအသံျမည္လာသည့္ကိုႀကီးဖုန္းေၾကာင့္ ကိုႀကီးဖုန္းမပါသြားမွန္းသိလိုက္သည္။
"ကိုႀကီးက ဘာလို႔ဖုန္းမယူသြားတာလဲ"
"ေမ့ေနတယ္ထင္တယ္ Boss က"
"မမစမိုင္း ကိုႀကီးကိုကယ္ပါအုံး ကိုႀကီးတစ္ခုခုျဖစ္ေတာ့မယ္နဲ႕တူတယ္ လုပ္ပါအုံး"
"ဘာျဖစ္လို႔လဲ ညီမေလးရယ္ ေသခ်ာေျပာျပပါအုံး"
မ်က္ရည္ေတြႏွင္စမိုင္း၏လက္ကိုလာကိုင္၍ေျပာလာသည့္အခါ စမိုင္းပါရင္တုန္ရသည္။
"မမွီမွာဆိုးတယ္ မမကားပါလားဟင္ ျဖဴငယ့္ကိုအျပင္လိုက္ပို႔ပါအုံး ေနာ္မမ"
ျပာယာခက္ေနၿပီး စိတ္နဲ႕လူနဲ႕မကပ္ပဲ အကူညီေတာင္းေနသည့္ ညီမေလးေၾကာင့္ ဘာျဖစ္တာလဲမေမးေတာ့ပဲ လိုက္ပို႔ခိုင္းတဲ့ေနရာသို႔ စမိုင္းတို႔ကားေလးနဲ႕ထြက္လာခဲ့သည္။ တစ္လမ္းလုံးညီမေလးကငိုေနသလို ကိုႀကီးဒုကၡေရာက္ေတာ့မည္ဟုသာ တြင္တြင္ေျပာေလသည္။
ခြန္း ဆြဲႀကိဳးဘူးေလးကိုယူ၍ ျပန္လာခဲ့ေသာ္လည္း လမ္းတြင္ကားကိုတားေနၾကသည့္လူတစ္စုေၾကာင့္ ကားေပၚမွဆင္းလိုက္ေတာ့သည္။ ခြန္းသိလိုက္ပါသည္။ ရန္သူေဟာင္းႀကီးကို ရွာစရာမလိုပဲ သူကိုယ္တိုင္သာလာ၍ရွာခဲ့ၿပီဆိုတာ။
Words 2588
ဆက္လက္ႀကိဳးစားသြားပါမည္။